Sunday, June 7, 2020

Skin Care အသုံးပြုပြီးအသားအရေထိန်းသိမ်းမယ်

Skin Care အသုံးပြုပြီးအသားအရေထိန်းသိမ်းမယ်



#Alex_Aung

(အမျိုးသမီးကော အမျိုးသားကော လှပချင်တယ်ဆိုရာမှာ အသားအရေလှပဖို့အရင်ကြိုးစားတတ်ကြတာ ယခုခေတ်ရဲ့ပြယုဂ်ပါ။ ဒုတိယကတော့ အဝတ်အစားဖက်ရှင်ပေါ့။ ယခင်ခေတ်ကလို မျက်နှာတစ်ခုတည်းကွက်လှနေဖို့မဟုတ်ကြတော့ဘူး။ လောလောဆယ် တော့ မျက်နှာအသားအရေလေး Glow နေစေဖို့ Skin Care ပစ္စည်းတွေကို ဘယ်လိုသုံးရမယ်ဆိုတာသိရအောင် ဒေါက်တာအေးမင်းထူး ရဲ့ ပို့စ်လေးတွေကိုပြန်လည်ဝေမျှလိုက်ပါတယ်။ ကိုယ့်အသားအရေအမျိုးအစားက ဘာဆိုတာကိုသိဖို့တော့လိုပါတယ်။ များသောအားဖြင့် မြန်မာတွေရဲ့အသားအရေက Oily to Combination ဆိုတဲ့ ပေါင်းစပ်အသားအရေအမျိုးအစားကများပါတယ်။ အလှကုန်တွေမှာ အဲသည် စာသားလေးပါမပါကြည့်ဝယ်ရမှာပေါ့။)


<<အသားအရေစနစ်တကျထိန်းသိမ်းခြင်း>>

ဒီနေ့ခေတ်မှာ အလှအပထိန်းသိမ်းတဲ့ပစ္စည်းမျိုးစုံ ထွက်လာပါတယ်။ Skin Care ကုမ္ပဏီတွေ အပြိုင်အဆိုင် ပေါ်လာသလို ပစ္စည်း အခေါ်အဝေါ်တွေကလည်း မနည်းလှပါ။ serum , essence , ampoule , facial foam , body scrub , lotion , toner , moisturizer , sun screen , make up, foundation စသည်ဖြင့် နာမည် မျိုးစုံနဲ့ ထွက်လာတယ်။ဒီလို ခေတ်နဲ့အပြိုင် ထွက်လာတဲ့ အလှအပ ပစ္စည်းတွေ အသုံးပြုတဲ့အခါ ကိုယ့်ဖက်က သေချာနားလည်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေ့ခေတ်ထွက်လာတဲ့ skin care ပစ္စည်းတန်ဖ်ိုးတွေက မသေးလို့ဖြစ်ပါတယ်။

Skin care ဥပဒေသအရ စျေးအကြီးဆုံးပစ္စည်းတိုင်း ကိုယ်နဲ့ကိုက်ညီချင်မှ ကိုက်ညီမယ်၊ တချို့ ပိုဆိုးလာတာမျိုးတောင် ရှိတယ်။ ကောင်းကောင်း အသုံးမပြုတတ်ရင် အာနိသင်လည်း နည်းသွားတတ်သေးတယ်။ ကိုယ်က ဘယ်ပစ္စည်းနဲ့ ကိုက်ညီသလဲ၊ ဘာအတွက် သုံးချင်တာလဲ၊ ဘယ်ပစ္စည်းက ကိုယ့်အတွက် အသုံးဝင်နိုင်မလဲ ဆိုတာ သေချာနားလည်ဖို့လိုပါတယ်။ ကိုယ့်အရေပြားကိုယ်သေချာ နားမလည်၊ သူများကောင်းတယ် ဆိုတိုင်း လိုက်သုံးနေတာလည်း သိပ်မှားတယ်။ အဲလိုမဖြစ်အောင် skin care တွေအကြောင်း အသေးစိတ်နားလည်နေဖို့ လိုပါတယ်။

ဒီနေ့ Skin care တွေမှာ အခြေခံအကျဆုံးဖြစ်တဲ့ အသုံးပြုပုံ အဆင့်ဆင့်ကို အရင်ဆုံး ဖော်ပြပါမယ်။ နောက်ရက်တွေကျမှသာ skin care တခုချင်းစီရဲ့ နာမည်၊ အသုံးဝင်ပုံ၊ အာနိသင်နဲ့ အရေပြားအလိုက် ရွေးချယ်အသုံးပြုပုံတွေက်ု အသေးစိတ် ဆက်လက်ဖော်ပြပေး သွားပါ့မယ်။ နေ့စဉ် နည်းနည်းစီ တင်ပေးမယ့် အဆိုပါ ဆောင်းပါးတွေကို နားလည်သဘောပေါက်လာတာနဲ့အမျှ သိပ်မကြာခင် အလှအပရေးရာ ပစ္စည်းတွေကို ကောင်းကောင်း ရွေးချယ်အသုံးပြုတတ်သွားပါလိမ့်မယ်။

မျက်နှာလိမ်းဆေး သုံးစွဲပုံ အဆင့်ဆင့် ==>
(၁) မျက်နှာသစ်ဆပ်ပြာအရင် သုံးပါ။
(၂) Toner တခုခု ဆက်လိမ်းပါ။ သန့်စင်တဲ့ ဂွမ်းစနဲ့ လိမ်းရပါတယ်။
(၃) ပြီးရင် အပေါ်က serums (သို့) gels တခုခုထပ်သုံးပါ။
(၄) အစိုဓာတ်ထိန်း Moisturizer ဆက်သုံးနိုင်ပါတယ်။ (အများစုက နို့နှစ်ရည်ဖြစ်တယ်)
(၅) ပြီးရင် နေလောင်ကာလိမ်းဆေး sunscreen ဆက်သုံးချင် သုံးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

(skin care တွေကို အထက်ပါအတိုင်း အစီစဉ်တကျ သုံးပါ။ ယေဘုယျအားဖြင့် အရည်ကြည်တွေကို အရင်သုံးပြီး အရည်ပျစ်တာတွေကို နောက်ဆုံးမှ လိမ်းရမယ်လို့ မှတ်ထားသင့်တယ်)

ညပိုင်းအသုံးပြုနည်း ==>
ညဖက် အရေပြားလိမ်းဆေး သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။ ဒါပေမယ့် sunscreen နဲ့ makeup မျိုး လုံးဝမသုံးသင့်ပါ။ အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။ အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။ အကယ်၍ ညပိုင်း bleaching creams(အရောင်ချွတ်ခရင်မ်) တခုခုလိမ်းချင်ရင် မအိပ်ခင် တနာရီလိုမှာ ကြိုလိမ်းထားဖို့ လိုပါတယ်။ ဒါမှသာ မျက်လုံးထဲ မရောက်အောင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်တယ်။

<<သတိပြုစရာ အချက်များ>>
(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ တခြားလိမ်းဆေးတွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ  moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။ (ဂျပန်လူမျိုးတွေကတော့ face mask ထပ်အုပ်တာမျိုးရှိပါတယ်)
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် အပေါ်မှာ ဘာမှမသုံးပဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်တယ်။

<<လိမ်းဆေး ရွေးချယ်နည်း>>
• skin care တွေ သုံးတဲ့အခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံပစ္စည်းတွေသာ ရွေးချယ်သုံးစွဲသင့်တယ်။ cream type တွေ မသုံးသင့်ပါ။ အထူးသဖြင့် နွေရာသီလိုမျိုးမှာပါ။မျက်နှာ အဆီပြန်တာ၊ဝက်ခြံထွက်တာ ပိုဖြစ်နိုင်တယ်။
• ခြောက်သွေ့တဲ့အသားရေအတွက် moisturizer နဲ့ serum လိုပစ္စည်းမျိုး သုံးသင့်ပါတယ်။ cream typeပုံစံသုံးနိုင်တယ်။
• အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်သူဖြစ်ဖြစ် moisturizer တမျိုးမျိုး သုံးဖို့ လိုပါတယ်။ ဒါမှသာ ရေဓာတ်ကြောင့် မျက်နှာက အမြဲ ကြည်လင်သန့်စင်နေမှာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၂၀.၄.၂၀


<<< Skin Care ပမာဏ ဘယ်လောက်သုံးမလဲ>>>

Cleanser - ဟေဇယ်သီး(ကွမ်းသီးလုံးငယ်)ပမာဏလောက် သုံးရမယ်။
Moisturizer - စပျစ်သီးခြောက်ပမာဏလောက် သုံးပါ။
Serum - ပဲလုံးစိမ်းစေ့သာ သုံးပါ။
Eye cream - မျက်လုံးတဖက် ထင်းရှုးစေ့ပမာဏသာသုံးပါ။
Shampoo - စတော်ဘယ်ရီသီး ပမာဏလောက် သုံးပါ။
Night cream - ဘလူးဘယ်ရီသီးပမာဏလောက် လိမ်းပါ။
Conditioner - ဆံပင်တိုသူအတွက် ချယ်ရီသီးလောက်သာ သုံးပါ။ အကယ်၍ ဆံပင်ရှည်ရင် စတော်ဘယ်ရီသီး နှစ်လုံးစာ ပမာဏလောက် သုံးပါ။
Styling cream - ဖရုံစေ့လောက်သာ သုံးပါ။
Mousse - တောင်ဝှေးသီး ပမာဏသာသုံးပါ။
Wax - ဗာဒံစေ့ပမာဏသာ သုံးပါ။

ဒေါက်တာ အေးမင်းထူး
၂၀.၄.၂၀

<>

(မနက်ပိုင်း)
_________
(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) moisturizer (Lotion or emulsion )
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup


(ညပိုင်း)
_______
(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမှန်အားဖြင့် toner သုံးပြီးမှသာ လိမ်းရတယ်)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက်ပိုပြစ်ရင်နောက်မှသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၉) moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask
အသားအရေအတွက်သောက်ဆေးတွေဖြစ်တဲ့ ဗီတာမင်အီး၊ ဗီတာမင် စီ၊ အသားဖြူဆေး၊ ကိုလာဂျင် စတာတွေကို ညပိုင်းမှ သောက်သင့်တယ်။

ဒေါက်တာ အေးမင်းထူး
၂၀.၄.၂၀

*** Skin Type မသိဘူးဆိုရင်တော့ အချို့သော အလှကုန်ရောင်းတဲ့ ကောင်တာတွေမှာ အရေပြားအမျိုးအစားစမ်းသပ်ပေးတဲ့ စက်ကလေးတွေရှိတတ်ကြလို့ စမ်းသပ်ထားသင့်ပါတယ်။ ဒါမှ မိမိအသားအရေနဲ့လိုက်ဖက်တဲ့ အလှကုန်ပစ္စည်းအမျိုးအစားကို ဝယ်သုံးလို့ရပြီး အာနိသင်ထိရောက်မှာပါ။ ဥပမာ - Oily Skin အမျိုးအစားက Gel Type အလှကုန်တွေကိုပိုမိုရွေးသင့်ပြီး Cream Type အလှကုန်ပစ္စည်းတွေဝယ်မသုံးသင့်ဘူးဆိုတာမျိုးပေါ့။

(Zawgyi)

Skin Care အသံုးျပဳျပီးအသားအေရထိန္းသိမ္းမယ္


#Alex_Aung

(အမ်ိဳးသမီးေကာ အမ်ိဳးသားေကာ လွပခ်င္တယ္ဆိုရာမွာ အသားအေရလွပဖို႔အရင္ၾကိဳးစားတတ္ၾကတာ ယခုေခတ္ရဲ႕ျပယုဂ္ပါ။ ဒုတိယကေတာ့ အ၀တ္အစားဖက္ရွင္ေပါ့။ ယခင္ေခတ္ကလို မ်က္ႏွာတစ္ခုတည္းကြက္လွေနဖို႔မဟုတ္ၾကေတာ့ဘူး။ ေလာေလာဆယ္ ေတာ့ မ်က္ႏွာအသားအေရေလး Glow ေနေစဖို႔ Skin Care ပစၥည္းေတြကို ဘယ္လိုသံုးရမယ္ဆိုတာသိရေအာင္ ေဒါက္တာေအးမင္းထူး ရဲ႕ ပို႔စ္ေလးေတြကိုျပန္လည္ေ၀မွ်လိုက္ပါတယ္။ ကိုယ့္အသားအေရအမ်ိဳးအစားက ဘာဆိုတာကိုသိဖို႔ေတာ့လိုပါတယ္။ မ်ားေသာအားျဖင့္ ျမန္မာေတြရဲ႕အသားအေရက Oily to Combination ဆိုတဲ့ ေပါင္းစပ္အသားအေရအမ်ိဳးအစားကမ်ားပါတယ္။ အလွကုန္ေတြမွာ အဲသည္ စာသားေလးပါမပါၾကည့္၀ယ္ရမွာေပါ့။)


<<အသားအေရစနစ္တက်ထိန္းသိမ္းျခင္း>>

ဒီေန႔ေခတ္မွာ အလွအပထိန္းသိမ္းတဲ့ပစၥည္းမ်ိဳးစုံ ထြက္လာပါတယ္။ Skin Care ကုမၸဏီေတြ အၿပိဳင္အဆိုင္ ေပၚလာသလို ပစၥည္း အေခၚအေဝၚေတြကလည္း မနည္းလွပါ။ serum , essence , ampoule , facial foam , body scrub , lotion , toner , moisturizer , sun screen , make up, foundation စသည္ျဖင့္ နာမည္ မ်ိဳးစုံနဲ႔ ထြက္လာတယ္။ဒီလို ေခတ္နဲ႔အၿပိဳင္ ထြက္လာတဲ့ အလွအပ ပစၥည္းေတြ အသုံးျပဳတဲ့အခါ ကိုယ့္ဖက္က ေသခ်ာနားလည္ဖို့လိုပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဒီေန႔ေခတ္ထြက္လာတဲ့ skin care ပစၥည္းတန္ဖ္ိုးေတြက မေသးလို့ျဖစ္ပါတယ္။

Skin care ဥပေဒသအရ ေစ်းအႀကီးဆုံးပစၥည္းတိုင္း ကိုယ္နဲ႔ကိုက္ညီခ်င္မွ ကိုက္ညီမယ္၊ တခ်ိဳ့ ပိုဆိုးလာတာမ်ိဳးေတာင္ ရွိတယ္။ ေကာင္းေကာင္း အသုံးမျပဳတတ္ရင္ အာနိသင္လည္း နည္းသြားတတ္ေသးတယ္။ ကိုယ္က ဘယ္ပစၥည္းနဲ႔ ကိုက္ညီသလဲ၊ ဘာအတြက္ သုံးခ်င္တာလဲ၊ ဘယ္ပစၥည္းက ကိုယ့္အတြက္ အသုံးဝင္နိုင္မလဲ ဆိုတာ ေသခ်ာနားလည္ဖို့လိုပါတယ္။ ကိုယ့္အေရျပားကိုယ္ေသခ်ာ နားမလည္၊ သူမ်ားေကာင္းတယ္ ဆိုတိုင္း လိုက္သုံးေနတာလည္း သိပ္မွားတယ္။ အဲလိုမျဖစ္ေအာင္ skin care ေတြအေၾကာင္း အေသးစိတ္နားလည္ေနဖို့ လိုပါတယ္။

ဒီေန႔ Skin care ေတြမွာ အေျခခံအက်ဆုံးျဖစ္တဲ့ အသုံးျပဳပုံ အဆင့္ဆင့္ကို အရင္ဆုံး ေဖာ္ျပပါမယ္။ ေနာက္ရက္ေတြက်မွသာ skin care တခုခ်င္းစီရဲ့ နာမည္၊ အသုံးဝင္ပုံ၊ အာနိသင္နဲ႔ အေရျပားအလိုက္ ေရြးခ်ယ္အသုံးျပဳပုံေတြက္ု အေသးစိတ္ ဆက္လက္ေဖာ္ျပေပး သြားပါ့မယ္။ ေန႔စဥ္ နည္းနည္းစီ တင္ေပးမယ့္ အဆိုပါ ေဆာင္းပါးေတြကို နားလည္သေဘာေပါက္လာတာနဲ႔အမၽွ သိပ္မၾကာခင္ အလွအပေရးရာ ပစၥည္းေတြကို ေကာင္းေကာင္း ေရြးခ်ယ္အသုံးျပဳတတ္သြားပါလိမ့္မယ္။


မ်က္ႏွာလိမ္းေဆး သုံးစြဲပုံ အဆင့္ဆင့္ ==>
(၁) မ်က္ႏွာသစ္ဆပ္ျပာအရင္ သုံးပါ။
(၂) Toner တခုခု ဆက္လိမ္းပါ။ သန္႔စင္တဲ့ ဂြမ္းစနဲ႔ လိမ္းရပါတယ္။
(၃) ၿပီးရင္ အေပၚက serums (သို့) gels တခုခုထပ္သုံးပါ။
(၄) အစိုဓာတ္ထိန္း Moisturizer ဆက္သုံးနိုင္ပါတယ္။ (အမ်ားစုက နို့ႏွစ္ရည္ျဖစ္တယ္)
(၅) ၿပီးရင္ ေနေလာင္ကာလိမ္းေဆး sunscreen ဆက္သုံးခ်င္ သုံးပါ။
(၆) ေနာက္ဆုံးေရာက္မွသာ makeup primer (သို့) foundation တခုခုသုံးရပါတယ္။

(skin care ေတြကို အထက္ပါအတိုင္း အစီစဥ္တက် သုံးပါ။ ေယဘုယ်အားျဖင့္ အရည္ၾကည္ေတြကို အရင္သုံးၿပီး အရည္ပ်စ္တာေတြကို ေနာက္ဆုံးမွ လိမ္းရမယ္လို့ မွတ္ထားသင့္တယ္)

ညပိုင္းအသုံးျပဳနည္း ==>
ညဖက္ အေရျပားလိမ္းေဆး သုံးတဲ့အခါ နံပါတ္(၄)ထိ အစဥ္တိုင္းသုံးနိုင္တယ္။ ဒါေပမယ့္ sunscreen နဲ႔ makeup မ်ိဳး လုံးဝမသုံးသင့္ပါ။ အဆိုပါပစၥည္းေတြက အဆီဂလင္း၊ေခၽြးဂလင္းေတြကို ပိတ္ဆို့ေစတယ္။ အဆီျပန္ေစၿပီး ဝက္ၿခံကို ျဖစ္ေစတယ္။ အကယ္၍ ညပိုင္း bleaching creams(အေရာင္ခၽြတ္ခရင္မ္) တခုခုလိမ္းခ်င္ရင္ မအိပ္ခင္ တနာရီလိုမွာ ႀကိဳလိမ္းထားဖို့ လိုပါတယ္။ ဒါမွသာ မ်က္လုံးထဲ မေရာက္ေအာင္ ႀကိဳတင္ကာကြယ္နိုင္မွာ ျဖစ္တယ္။

<<သတိျပဳစရာ အခ်က္မ်ား>>
(၁) တိုနာသုံးတဲ့အခါ ေျခာက္ေသြ႕ေအာင္အရင္ ထားၿပီးမွ တျခားလိမ္းေဆးေတြဆက္သုံးပါ။
(၂) ညဖက္လိမ္းတဲ့အခါ  moisturizer ကို ေနာက္ဆုံးမွလိမ္းရပါတယ္။ အဲဒီေပၚမွာ ဘာမွ ထပ္မလိမ္းပါနဲ႔။ (ဂ်ပန္လူမ်ိဳးေတြကေတာ့ face mask ထပ္အုပ္တာမ်ိဳးရွိပါတယ္)
(၃) မ်က္ႏွာသစ္ဆပ္ျပာေတြေၾကာင့္ အေရျပားရဲလာရင္ အေပၚမွာ ဘာမွမသုံးပဲ ခဏေစာင့္ပါ။ ရဲတာ သက္သာမွ skin care ေတြ ဆက္သုံးသင့္တယ္။

<<လိမ္းေဆး ေရြးခ်ယ္နည္း>>
• skin care ေတြ သုံးတဲ့အခါ အဆီျပန္တဲ့အသားအေရမွာ ေရဓာတ္အေျခခံပစၥည္းေတြသာ ေရြးခ်ယ္သုံးစြဲသင့္တယ္။ cream type ေတြ မသုံးသင့္ပါ။ အထူးသျဖင့္ ေႏြရာသီလိုမ်ိဳးမွာပါ။မ်က္ႏွာ အဆီျပန္တာ၊ဝက္ၿခံထြက္တာ ပိုျဖစ္နိုင္တယ္။
• ေျခာက္ေသြ႕တဲ့အသားေရအတြက္ moisturizer နဲ႔ serum လိုပစၥည္းမ်ိဳး သုံးသင့္ပါတယ္။ cream typeပုံစံသုံးနိုင္တယ္။
• အေရျပားေျခာက္ေသြ႕သူျဖစ္ျဖစ္၊ အဆီျပန္သူျဖစ္ျဖစ္ moisturizer တမ်ိဳးမ်ိဳး သုံးဖို့ လိုပါတယ္။ ဒါမွသာ ေရဓာတ္ေၾကာင့္ မ်က္ႏွာက အျမဲ ၾကည္လင္သန႔္စင္ေနမွာ ျဖစ္ပါတယ္။
ေဒါက္တာ ေအးမင္းထူး
၂၀.၄.၂၀

<<< Skin Care ပမာဏ ဘယ္ေလာက္သုံးမလဲ>>>
Cleanser - ေဟဇယ္သီး(ကြမ္းသီးလုံးငယ္)ပမာဏေလာက္ သုံးရမယ္။
Moisturizer - စပ်စ္သီးေျခာက္ပမာဏေလာက္ သုံးပါ။
Serum - ပဲလုံးစိမ္းေစ့သာ သုံးပါ။
Eye cream - မ်က္လုံးတဖက္ ထင္းရွုးေစ့ပမာဏသာသုံးပါ။
Shampoo - စေတာ္ဘယ္ရီသီး ပမာဏေလာက္ သုံးပါ။
Night cream - ဘလူးဘယ္ရီသီးပမာဏေလာက္ လိမ္းပါ။
Conditioner - ဆံပင္တိုသူအတြက္ ခ်ယ္ရီသီးေလာက္သာ သုံးပါ။ အကယ္၍ ဆံပင္ရွည္ရင္ စေတာ္ဘယ္ရီသီး ႏွစ္လုံးစာ ပမာဏေလာက္ သုံးပါ။
Styling cream - ဖ႐ုံေစ့ေလာက္သာ သုံးပါ။
Mousse - ေတာင္ေဝွးသီး ပမာဏသာသုံးပါ။
Wax - ဗာဒံေစ့ပမာဏသာ သုံးပါ။
ေဒါက္တာ ေအးမင္းထူး
၂၀.၄.၂၀

<>



(မနက္ပိုင္း)
_________
(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) moisturizer (Lotion or emulsion )
(၅) Cream (ေႏြရာသီမွာေရွာင္ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup

(ညပိုင္း)
_______
(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမွန္အားျဖင့္ toner သုံးၿပီးမွသာ လိမ္းရတယ္)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက္ပိုျပစ္ရင္ေနာက္မွသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (ေအးတဲ့ရာသီမွာေန႔စဥ္သုံးပါ)
(၉) moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask

အသားအေရအတြက္ေသာက္ေဆးေတြျဖစ္တဲ့ ဗီတာမင္အီး၊ ဗီတာမင္ စီ၊ အသားျဖဴေဆး၊ ကိုလာဂ်င္ စတာေတြကို ညပိုင္းမွ ေသာက္သင့္တယ္။

ေဒါက္တာ ေအးမင္းထူး
၂၀.၄.၂၀

*** Skin Type မသိဘူးဆိုရင္ေတာ့ အခ်ိဳ႕ေသာ အလွကုန္ေရာင္းတဲ့ ေကာင္တာေတြမွာ အေရျပားအမ်ိဳးအစားစမ္းသပ္ေပးတဲ့ စက္ကေလးေတြရွိတတ္ၾကလို႔ စမ္းသပ္ထားသင့္ပါတယ္။ ဒါမွ မိမိအသားအေရနဲ႔လိုက္ဖက္တဲ့ အလွကုန္ပစၥည္းအမ်ိဳးအစားကို ၀ယ္သံုးလို႔ရျပီး အာနိသင္ထိေရာက္မွာပါ။ ဥပမာ - Oily Skin အမ်ိဳးအစားက Gel Type အလွကုန္ေတြကိုပိုမိုေရြးသင့္ျပီး Cream Type အလွကုန္ပစၥည္းေတြ၀ယ္မသံုးသင့္ဘူးဆိုတာမ်ိဳးေပါ့။

No comments: