Thursday, June 18, 2020

Redmi 10X 4G နှင့် ၁၀ ရက်တာခရီး

 Redmi 10X 4G နှင့် ၁၀ ရက်တာခရီး



မနှစ်က ဈေးတန်း ၂ သိန်းဝန်းကျင်ဖုန်းတစ်လုံးဝယ်ချင်တယ် ဘာဖုန်းဝယ်ရမလဲလို့ မေးတဲ့သူတော်တော်များများကို Redmi Note 8 သာ ဝယ်ဗျာဆိုပြီး ညွှန်းပေးရလောက်တဲ့အထိ Redmi ရဲ့ Note 8 series က အတော်လေးကို အောင်မြင်ခဲ့တယ်လို့ ပြောရမယ်။

ဒီနှစ် 2020 အတွက်တော့ မျိုးဆက်သစ်အနေနဲ့ Global မှာဆိုရင် Redmi Note 9, China Model မှာ ဆိုရင် Redmi 10X 4G ဆိုပြီး 4/128GB ကို 209000 ဝန်းကျင်နဲ့ 6/128GB ကို 230000 ဝန်းကျင်ဈေးနဲ့ ထွက်ရှိလာခဲ့ပါပြီ။

ဆိုတော့ Redmi 10X 4G ကို ကျွန်တော် ၁၀ ရက်လောက် သုံးပြီးသွားတဲ့နောက် ၂ သိန်း ဝန်းကျင်မှာ ရွေးချယ်လို့ အဆင်ပြေနိုင်မဲ့ ဖုန်းတစ်လုံးဖြစ်နေမလားဆိုတာကို ကျွန်‌တော့် review တွေရဲ့ ထုံးစံအတိုင်း အစပိုင်းမှာ သဘောကျတဲ့အချက်တွေ၊ အလယ်မှာ အားမရမိတဲ့ အချက်တွေနဲ့ အဆုံးမှာတော့ Final Thoughts ဆိုတဲ့ ပုံစံလေးအတိုင်း သွားပါမယ်။ So, let’s start!

1. Display

၂ သိန်းဆိုတဲ့ ဈေးနဲ့ ထင်ရက်စရာ မရှိအောင် Redmi 10X 4G ရဲ့ Display က မိုက်လွန်းအားကြီးပါတယ်။ ဘယ်ဘက်အပေါ်ထောင့်မှာ အရွယ်တော်တော်လေး သေးတဲ့ Punch-Hole Selfie Camera လေးနဲ့ 1080p LCD Display က သူ့ဈေးတန်းမှာ ဘယ်နေရာမှ မှားမနေအောင်ကို အဆင်ပြေလွန်းနေတယ်။ အခြား Budget ဖုန်းတွေမှာတွေ့ရလေ့ရှိတဲ့ 720p အစား Full HD+ Display ဖြစ်သွားတဲ့အပြင် ppi ကလဲ 395 အထိ ရှိပါတယ်။

LCD ဆိုပေမဲ့ မွဲခြောက်ခြောက်ဖြစ်မနေသလို Color Accuracy အစ Viewing angle အဆုံး အဆင်ပြေသလို နေရောင်အောက်မှာလဲ ကြည့်လို့ အနေတော်တဲ့ Display တစ်ခုပါ။ မုန်းစရာကောင်းတဲ့ 2019 တုန်းက Notch တွေ အစား Punch-Hole လေး ကို ဒီဈေးနဲ့ရတာတော့ အပိုဆုပေါ့။ အောက်ဘက်က Chin ကတော့ Budget ဖုန်းတွေရဲ့ ထုံးစံအတိုင်း ထူပစ်ပစ်နဲ့ နည်းနည်းလေးရုပ်ဆိုးတုန်းပါပဲ။

2.Performance

ကျွန်တော်က Performance ကို ဒုတိယ သဘောအကျမိဆုံး အချက်ထဲမှာ ထည့်ထားတယ်ဆိုပေမဲ့ ဒီ ၁၀ ရက်အတွင်း SoC အသစ်တွေရဲ့ ပြသနာ တစ်ချို့ကိုတော့ သတိထားမိခဲ့တယ်။ ပြသနာကို မပြောခင် Helio G85 က Budget Level မှာ တကယ်ကို မိုက်တဲ့ Performance ရှိတာကိုတော့ Benchmarks ရမှတ်တွေအရ လက်ခံရပါလိမ့်မယ်။ မနှစ်က Mid-range လောက ကို လှုပ်ခတ်သွားတဲ့ G90T ရဲ့ ညီငယ်လေးပေါ့။

AnTuTu နဲ့ GeekBench ရမှတ်တွေအရတော့ Raw Performance မှာ မနှစ်က Mid-range Snapdragon 712, 710 တို့လောက်ကို ကြမ်းပါတယ်။ (Gaming Performance မှာ ပိုတောင် သာတယ်လို့ ထင်မိပါတယ်။)

Gaming မဟုတ်တဲ့ Social Media, Browsing နဲ့ အခြား ဘယ်လို ကိစ္စမျိုးမဆို Lag တာ၊ ဟမ်းတာ ပြသနာ တစ်ခုမှ မကြုံရပဲ သုံးရတာ အတော်အဆင်ပြေတယ်။ PUBG မှာ Graphics High/Frame Rate High အထိ အမြင့်ဆုံးနဲ့ အနိမ့်ဆုံး smooth/Ultra အထိ ရပါမယ်။ ML ကတော့ SD 665 တောင် အဆင်ပြေနေတာဆိုတော့ G85 က သာသာယာယာပါပဲ။

ဒါပေမဲ့ ဖုန်းစပြီးရရချင်းတုန်းက China ROM ကို update မလုပ်သေးပဲ PUBG ဆော့ကြည့်တာ လေးနေသလိုလို၊ Frame Rate တွေ တစ်ချက်တစ်ချက် ကျသွားသလိုမျိုးတွေ ကြုံရပါတယ်။ ‌မိတ်ဆွေက အခုမှ Redmi 10X 4G ကို ဝယ်ပြီး Gaming ပိုင်း ဒီလို ပြသနာလေးတွေ ကြုံခဲ့မယ်ဆိုရင် သိပ်ပြီး စိတ်မပူပါနဲ့။ ဒါမျိုးက SoC အသစ်တစ်ခုမှာ အစပိုင်း ကြုံလေ့ရှိတာမျိုးမလို့ နောက်ပိုင်းမှာ အဆင်ပြေသွားပါလိမ့်မယ်။ ကျွန်တော်အခု Global ROM ပြောင်းပြီး Factory Reset တစ်ခါလုပ်ပြီးတဲ့နောက် PUBG ပြသနာ လုံးဝ ok သွားပါပြီ။

G85 မှာ MTK Chips တွေရဲ့ ထုံးစံအတိုင်း အပူပြသနာကတော့ အနည်းငယ်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ လက်မခံနိုင်လောက်တဲ့ အပူမျိုးမဟုတ်ပဲ သာမန်ထက်နည်းနည်းပူတယ်ဆိုတာမျိုးပါ။

လောလောဆယ် ၂ သိန်းကျော်ဈေးမှာ Gaming အတွက် Redmi Note 8 Pro ပြီးရင် ဒီကောင် Redmi 10X 4G က ဆရာတစ်ဆူလို ဖြစ်နေပါလိမ့်မယ်။ အချုပ်ပြောရရင် G85 ရဲ့ Raw Performance ကတော့ ဒီ‌ဈေးမှာ တန်လွန်းတယ်လို့ပဲ ပြောပါရစေ။


3.Battery

မနှစ်က Redmi Note 8 ရဲ့ 4000mAh Battery ကနေ ဒီနှစ် Redmi 10X 4G မှာတော့ 5020 mAh အထိ တိုးပေးလိုက်ပါတယ်။ Heavy Gaming မဟုတ်ပဲ သာမန် အသုံးပြုမှူတွေအတွက် Screen on time ၉ နာရီကျော် ၁၀ နာရီ နီးပါးအထိ ရတယ်ဆိုတော့ ကိုယ်တွေလို သာမန် Youtube, Browsing နဲ့ Social Media အဓိက သုံးတဲ့သူတွေအတွက်တော့ ၂ ရက်လောက် အားမသွင်းပဲ အေးဆေးသာယာလို့ ရပါတယ်။

Over 2 days, Hell yeah!
ဒါပေမဲ့ Battery Size နည်းနည်းတိုးလိုက်တာကြောင့် Redmi Note 8 ထက် နည်းနည်းပိုလေးသွားသလို Fast Charging ကလဲ အရင်လို 18W ပဲ မလို့ အားသွင်းရတာ အသေကြာပါတယ်။ 0 to 100% ကို ၂ နာရီခွဲနီးနီးထိ အချိန်ပေးလိုက်ရပါတယ်။ ဒါကတော့ Battery ကြီးလာရခြင်းရဲ့ Downside ပေါ့။ (Charging port က Type C ပါ)

တစ်ခုသတိထားမိတာက 18W ပဲ support ရပေမဲ့ ဖုန်းဘူးထဲမှာ 22.5W Fast Charger ကို ထည့်ပေးထားပါတယ်။ Redmi က မေတ္တာလက်ဆောင်နဲ့ 22.5W adapter ပေးလိုက်မယ် ယူသွားချေ ဆိုတဲ့ အကွက်ကြီး… တချို့ဖုန်းတွေလို 18W Fast Charging ရပေမဲ့ ဖုန်းဘူးထဲမှာ 5W Adapter ပဲ ထည့်ပေးတာမျိုးကို မျက်နှာပြောင်ထားလေသလားပဲ… :3

4.Storage Options

လောလောဆယ်မှာ… ရွေးချယ်စရာ Storage အနေနဲ့ 4 GB RAM, 128GB ROM ရယ်၊ 6GB RAM, 128GB ROM ရယ်ဆိုပြီး ပြည်တွင်းမှာ ၂ မျိုးရွေးလို့ ရပါမယ်။ (ဈေး ၂ သောင်းလောက်ပဲ ကွာတာကြောင့် Feature Proof ဖြစ်မဲ့ RAM 6GB ကို ပိုရွေးစေချင်ပါတယ်။) ဒီဈေးမှာ 128GB အထိ Storage နဲ့ RAM 6GB အထိ ရတယ်ဆိုတာတော့ တန်လွန်းနေပါပြီ။ 128GB နဲ့ မကျေနပ်သေးရင် SD Card ထည့်ဖို့ Slot ပါပါသေးတယ်။ Hell yeah…

5.Design and Built Quality

Ok…စာပိုဒ်ရဲ့ အလယ်ကိုရောက်လာပါပြီ ဆိုလိုတာ အားမရမိတဲ့နေရာတွေပေါ့။ Plastic Back, Plastic Frame နဲ့ ၂ သိန်းဆိုတဲ့ ဈေးမှာ Redmi 10X 4G ရဲ့ Design က Redmi Note 9 Pro series တွေနဲ့ ခပ်ဆင်ဆင်… အနောက်ဘက် Body က Frame နဲ့ တစ်ဆက်တည်းလိုမျိုးလေး လုပ်ပေးထားလို့ ကိုင်ရတာ လုံးနေသလိုလို၊ လွတ်ကျတော့မလိုလိုနဲ့ Grip တော့ သိပ်မကောင်းလှပါဘူး။ ကိုင်ရတာလဲ အဆင်ပြေပြီး သူ့ဈေးတန်းမှာ Design ပိုင်းနဲ့ ပတ်သက်လို့ မှားယွင်းနေတဲ့နေရာ မရှိပါဘူး။

ဒါပေမဲ့…. မနှစ်က Redmi Note 8 ရဲ့ အနောက်ဘက် Glass Body နဲ့ Camera Arrangement, ကိုင်ရတဲ့ Hand Feeling က အခု 10X 4G ထက် ပိုပြီး Premium ဆန်တယ်လို့ ထင်မိ။ ဒီနေရာမှာ Budget ဖုန်းတစ်လုံး Plastic Body သုံးထားရင် လွတ်ကျတာမျိုးမှာ Glass ထက် ပိုပြီး အထိခိုက်သက်သာတာမျိုးတော့ ရှိပါတယ်။ ဒါပေသိ Glass Body ကနေ Plastic Body ကို Downgrade ဖြစ်သွားတာမျိုးတော့ Personal အရ သိပ်ပြီး သဘောမတွေ့လှ…

6.Camera

မနှစ်က Redmi Note 8 ရဲ့ Camera တွေနဲ့ အခု 10X 4G မှာ sensor ချင်းရော၊ Megapixel အရေအတွက်ရော အကုန်အတူတူပါပဲ။ Picture Quality ကလဲ သိပ်ပြီး မထူးလှတာကြောင့် ကင်မရာပိုင်းမှာ အရင်တိုင်းကနေ တိုးတက်မလာတာကိုတော့ နည်းနည်းလေး အားမလို အားမရဖြစ်မိ…

ဒါပေသိ 2020 အတွက် ၂ သိန်းတန် ဖုန်းတွေကြားမှာတော့ လူလူသူသူ Quality နဲ့ ဓာတ်ပုံတွေကို ထုတ်ပေးနိုင်ပါတယ်။ 48 Main, 8MP Ultra-wide ဓာတ်ပုံ‌တွေ၊ 2MP Depth Sensor ရဲ့ Portrait ဓာတ်ပုံတွေက ဒီဈေးမှာတော့ ပေးရတာနဲ့ တန်တဲ့ ဓာတ်ပုံတွေကို ပြန်ရပါလိမ့်မယ်။ (နမူနာလေးတွေသာ ကြည့်လိုက်ပါဗျို့…)

7.Audio

Audio ပိုင်းမှာတော့ Budget ဖုန်းတွေရဲ့ ထုံးစံအတိုင်း Stereo speakers မဟုတ်ပဲ Mono speaker ပါပဲ။ Clarity လေးကောင်းပေမဲ့ အသံကျယ် (loudness) ပိုင်းမှာတော့ နည်းနည်းအားနည်းသလို Bass, Treble တွေလဲ သိပ်မပေါ်ပါ Flat ဖြစ်တဲ့ အသံ Quality ပါပဲ။ But… Come on, ဒီဈေးမှာတော့ ဒီလောက် Quality ပဲ ရမှာပေါ့ အပြစ်ရယ်လို့ ပြောတာမျိုးမဟုတ်ပဲ အသံ Quality ကို ‘just a quick’ ရေးလိုက်တာမျိုးပါ။ အော်… 3.5mm headphone jack လေး ဆက်ပါနေတုန်းပါပဲ။ Thumbs up ပါ။

8.Others

Security ပိုင်းအတွက် အနောက်ဘက် ကင်မရာတွေအောက်မှာ Fingerprint scanner ပါပါတယ်။ Unlock time လဲ မြန်သလို မှန်လဲ မှန်တယ်။ ကောင်းတာတွေချည်းများနေလို့ အပြစ်ထည့်ပြောရမယ်ဆိုရင် Fingerprint နေရာက နည်းနည်းအရွယ်သေးသလို ဖုန်းက ရှည်‌‌တော့အပေါ်ကို ရောက်နေတော့ လက်သေးရင် သိပ်မမှီသလိုဖြစ်တာရယ်၊ တစ်ချက်တစ်ချက် လက်နဲ့ စမ်းလို့ မမိတာမျိုးရယ်တော့ ကြုံကောင်းကြုံရပါလိမ့်မယ်။

Redmi Note 8 ကနေ စာနဲ့ရေးပြလို့ မရတဲ့ အခြားတိုးတက်လာတဲ့ နောက်တစ်ခုက Bluetooth 4.2 ကနေ Bluetooth 5.0 ဖြစ်လာတာကြောင့် Bluetooth 5.0 supported device တွေနဲ့ဆိုရင် အရင်ထက် နေရာပိုဝေးဝေး အသုံးပြုလို့ရလာပါတယ်။

နောက်တစ်ချက်က ရေစင်တာမျိုးကို ခံနိုင်တဲ့ Splash Proof လို ဟာမျိုးလေးတွေ ရှိမယ်။ ဒီလောက်ပါပဲ ဒီလောက်ဆိုရင် ပြည့်စုံနေပြီလို့ ယူဆမိပါတယ်။ So,.. အဆုံးသတ်ကြပါစို့။

9.Final Thoughts

အခု Review ကို ဖတ်ပြီးတဲ့နောက် Redmi 10X 4G မှာ အပြစ်တွေများနေတယ်လို့ မတွေးလိုက်ပါနဲ့။ ကိုယ်တွေကို ခုအချိန် ပိုက်ဆံ ၂ သိန်းကျော်နဲ့ ဘာဖုန်းဝယ်ရမလဲလို့ လာမေးရင် Redmi 10X 4G ကို သာဝယ်ဗျာလို့ ညွှန်းပေးလိုက်မှာပါ။ Redmi Note 9 ရဲ့ Global ROM ကိုလဲ ပြောင်းလို့ရတယ်ဗျာ…

So, why there are bad things? Review တစ်ခုဆိုတာ ဖုန်းဝယ်မဲ့သူ‌တစ်ယောက်အတွက် အကောင်းတွေချည်းပြော‌ပေးနေလို့မရပဲ အားနည်းတဲ့ နေရာတွေကိုလဲ ထောက်ပြသင့်ပါတယ်။ ကိုယ်တွေရဲ့ Review တွေမှာတော့ ဒီလိုပဲ ခံယူထားမိ ဒါမှလဲ ဝယ်မဲ့သူတွေက အားနည်းချက်အချို့ကို ယှဉ်ထိုးချင့်ချိန်နိုင်မှာပါ။

မနှစ်က Redmi Note 8 ကနေ Performance ပိုင်း နဲ့ အခြားနေရာတွေ တိုးတက်လာသလို နည်းနည်း ဝိတ်လျှော့ထားသလို ဖြစ်တဲ့နေရာတွေနဲ့ ကင်မရာပိုင်း မတိုးတက်လာတာမျိုးတွေ ရှိပါမယ်။ ဒါပေသိ 2020 အတွက်တော့ လောလောဆယ်မှာ ပိုက်ဆံ ၂ သိန်း ၁ သောင်းလောက်ပဲ သုံးချင်ပါတယ်ဆိုရင် Redmi 10X 4G 4/128GB က အရွေးချယ်သင့်ဆုံး ဖုန်းတစ်လုံး ဖြစ်နေပါလိမ့်မယ်။

တစ်ခုတော့ရှိမယ်… အခု Redmi Note 8 Pro ရဲ့ 6/64 ဈေးက ၂ သိန်း ၃ သောင်းပဲ ရှိတော့တာမလို့ 128GB storage နဲ့ 2020 Design, Punch-Hole Display တွေကို စွန့်လွှတ်နိုင်ရင် Performance ပိုကောင်းတဲ့ G90T, 64MP Camera တွေနဲ့ Redmi Note 8 Pro ကလဲ ရွေးချယ်မှူကောင်းတစ်ခု ဖြစ်သွားနိုင်ပါတယ်လို့ ပြောရင်း…

Redmi 10X 4G Full Review by Tech Corner
Written by Shine Htet Aung

(Zawgyi)

 Redmi 10X 4G ႏွင့္ ၁၀ ရက္တာခရီး



မႏွစ္က ေဈးတန္း ၂ သိန္းဝန္းက်င္ဖုန္းတစ္လုံးဝယ္ခ်င္တယ္ ဘာဖုန္းဝယ္ရမလဲလို႔ ေမးတဲ့သူေတာ္ေတာ္မ်ားမ်ားကို Redmi Note 8 သာ ဝယ္ဗ်ာဆိုၿပီး ညႊန္းေပးရေလာက္တဲ့အထိ Redmi ရဲ့ Note 8 series က အေတာ္ေလးကို ေအာင္ျမင္ခဲ့တယ္လို႔ ေျပာရမယ္။

ဒီႏွစ္ 2020 အတြက္ေတာ့ မ်ိဳးဆက္သစ္အေနနဲ႔ Global မွာဆိုရင္ Redmi Note 9, China Model မွာ ဆိုရင္ Redmi 10X 4G ဆိုၿပီး 4/128GB ကို 209000 ဝန္းက်င္နဲ႔ 6/128GB ကို 230000 ဝန္းက်င္ေဈးနဲ႔ ထြက္ရွိလာခဲ့ပါၿပီ။

ဆိုေတာ့ Redmi 10X 4G ကို ကၽြန္ေတာ္ ၁၀ ရက္ေလာက္ သုံးၿပီးသြားတဲ့ေနာက္ ၂ သိန္း ဝန္းက်င္မွာ ေရြးခ်ယ္လို႔ အဆင္ေျပနိုင္မဲ့ ဖုန္းတစ္လုံးျဖစ္ေနမလားဆိုတာကို ကၽြန္‌ေတာ့္ review ေတြရဲ့ ထုံးစံအတိုင္း အစပိုင္းမွာ သေဘာက်တဲ့အခ်က္ေတြ၊ အလယ္မွာ အားမရမိတဲ့ အခ်က္ေတြနဲ႔ အဆုံးမွာေတာ့ Final Thoughts ဆိုတဲ့ ပုံစံေလးအတိုင္း သြားပါမယ္။ So, let’s start!

1. Display

၂ သိန္းဆိုတဲ့ ေဈးနဲ႔ ထင္ရက္စရာ မရွိေအာင္ Redmi 10X 4G ရဲ့ Display က မိုက္လြန္းအားႀကီးပါတယ္။ ဘယ္ဘက္အေပၚေထာင့္မွာ အရြယ္ေတာ္ေတာ္ေလး ေသးတဲ့ Punch-Hole Selfie Camera ေလးနဲ႔ 1080p LCD Display က သူ႔ေဈးတန္းမွာ ဘယ္ေနရာမွ မွားမေနေအာင္ကို အဆင္ေျပလြန္းေနတယ္။ အျခား Budget ဖုန္းေတြမွာေတြ႕ရေလ့ရွိတဲ့ 720p အစား Full HD+ Display ျဖစ္သြားတဲ့အျပင္ ppi ကလဲ 395 အထိ ရွိပါတယ္။

LCD ဆိုေပမဲ့ မြဲေျခာက္ေျခာက္ျဖစ္မေနသလို Color Accuracy အစ Viewing angle အဆုံး အဆင္ေျပသလို ေနေရာင္ေအာက္မွာလဲ ၾကည့္လို႔ အေနေတာ္တဲ့ Display တစ္ခုပါ။ မုန္းစရာေကာင္းတဲ့ 2019 တုန္းက Notch ေတြ အစား Punch-Hole ေလး ကို ဒီေဈးနဲ႔ရတာေတာ့ အပိုဆုေပါ့။ ေအာက္ဘက္က Chin ကေတာ့ Budget ဖုန္းေတြရဲ့ ထုံးစံအတိုင္း ထူပစ္ပစ္နဲ႔ နည္းနည္းေလး႐ုပ္ဆိုးတုန္းပါပဲ။


2.Performance

ကၽြန္ေတာ္က Performance ကို ဒုတိယ သေဘာအက်မိဆုံး အခ်က္ထဲမွာ ထည့္ထားတယ္ဆိုေပမဲ့ ဒီ ၁၀ ရက္အတြင္း SoC အသစ္ေတြရဲ့ ျပသနာ တစ္ခ်ိဳ႕ကိုေတာ့ သတိထားမိခဲ့တယ္။ ျပသနာကို မေျပာခင္ Helio G85 က Budget Level မွာ တကယ္ကို မိုက္တဲ့ Performance ရွိတာကိုေတာ့ Benchmarks ရမွတ္ေတြအရ လက္ခံရပါလိမ့္မယ္။ မႏွစ္က Mid-range ေလာက ကို လႈပ္ခတ္သြားတဲ့ G90T ရဲ့ ညီငယ္ေလးေပါ့။

AnTuTu နဲ႔ GeekBench ရမွတ္ေတြအရေတာ့ Raw Performance မွာ မႏွစ္က Mid-range Snapdragon 712, 710 တို႔ေလာက္ကို ၾကမ္းပါတယ္။ (Gaming Performance မွာ ပိုေတာင္ သာတယ္လို႔ ထင္မိပါတယ္။)

Gaming မဟုတ္တဲ့ Social Media, Browsing နဲ႔ အျခား ဘယ္လို ကိစၥမ်ိဳးမဆို Lag တာ၊ ဟမ္းတာ ျပသနာ တစ္ခုမွ မၾကဳံရပဲ သုံးရတာ အေတာ္အဆင္ေျပတယ္။ PUBG မွာ Graphics High/Frame Rate High အထိ အျမင့္ဆုံးနဲ႔ အနိမ့္ဆုံး smooth/Ultra အထိ ရပါမယ္။ ML ကေတာ့ SD 665 ေတာင္ အဆင္ေျပေနတာဆိုေတာ့ G85 က သာသာယာယာပါပဲ။

ဒါေပမဲ့ ဖုန္းစၿပီးရရခ်င္းတုန္းက China ROM ကို update မလုပ္ေသးပဲ PUBG ေဆာ့ၾကည့္တာ ေလးေနသလိုလို၊ Frame Rate ေတြ တစ္ခ်က္တစ္ခ်က္ က်သြားသလိုမ်ိဳးေတြ ၾကဳံရပါတယ္။ ‌မိတ္ေဆြက အခုမွ Redmi 10X 4G ကို ဝယ္ၿပီး Gaming ပိုင္း ဒီလို ျပသနာေလးေတြ ၾကဳံခဲ့မယ္ဆိုရင္ သိပ္ၿပီး စိတ္မပူပါနဲ႔။ ဒါမ်ိဳးက SoC အသစ္တစ္ခုမွာ အစပိုင္း ၾကဳံေလ့ရွိတာမ်ိဳးမလို႔ ေနာက္ပိုင္းမွာ အဆင္ေျပသြားပါလိမ့္မယ္။ ကၽြန္ေတာ္အခု Global ROM ေျပာင္းၿပီး Factory Reset တစ္ခါလုပ္ၿပီးတဲ့ေနာက္ PUBG ျပသနာ လုံးဝ ok သြားပါၿပီ။

G85 မွာ MTK Chips ေတြရဲ့ ထုံးစံအတိုင္း အပူျပသနာကေတာ့ အနည္းငယ္ရွိေနတုန္းပါပဲ။ ဒါေပမဲ့ လက္မခံနိုင္ေလာက္တဲ့ အပူမ်ိဳးမဟုတ္ပဲ သာမန္ထက္နည္းနည္းပူတယ္ဆိုတာမ်ိဳးပါ။

ေလာေလာဆယ္ ၂ သိန္းေက်ာ္ေဈးမွာ Gaming အတြက္ Redmi Note 8 Pro ၿပီးရင္ ဒီေကာင္ Redmi 10X 4G က ဆရာတစ္ဆူလို ျဖစ္ေနပါလိမ့္မယ္။ အခ်ဳပ္ေျပာရရင္ G85 ရဲ့ Raw Performance ကေတာ့ ဒီ‌ေဈးမွာ တန္လြန္းတယ္လို႔ပဲ ေျပာပါရေစ။


3.Battery

မႏွစ္က Redmi Note 8 ရဲ့ 4000mAh Battery ကေန ဒီႏွစ္ Redmi 10X 4G မွာေတာ့ 5020 mAh အထိ တိုးေပးလိုက္ပါတယ္။ Heavy Gaming မဟုတ္ပဲ သာမန္ အသုံးျပဳမႉေတြအတြက္ Screen on time ၉ နာရီေက်ာ္ ၁၀ နာရီ နီးပါးအထိ ရတယ္ဆိုေတာ့ ကိုယ္ေတြလို သာမန္ Youtube, Browsing နဲ႔ Social Media အဓိက သုံးတဲ့သူေတြအတြက္ေတာ့ ၂ ရက္ေလာက္ အားမသြင္းပဲ ေအးေဆးသာယာလို႔ ရပါတယ္။

Over 2 days, Hell yeah!
ဒါေပမဲ့ Battery Size နည္းနည္းတိုးလိုက္တာေၾကာင့္ Redmi Note 8 ထက္ နည္းနည္းပိုေလးသြားသလို Fast Charging ကလဲ အရင္လို 18W ပဲ မလို႔ အားသြင္းရတာ အေသၾကာပါတယ္။ 0 to 100% ကို ၂ နာရီခြဲနီးနီးထိ အခ်ိန္ေပးလိုက္ရပါတယ္။ ဒါကေတာ့ Battery ႀကီးလာရျခင္းရဲ့ Downside ေပါ့။ (Charging port က Type C ပါ)

တစ္ခုသတိထားမိတာက 18W ပဲ support ရေပမဲ့ ဖုန္းဘူးထဲမွာ 22.5W Fast Charger ကို ထည့္ေပးထားပါတယ္။ Redmi က ေမတၱာလက္ေဆာင္နဲ႔ 22.5W adapter ေပးလိုက္မယ္ ယူသြားေခ် ဆိုတဲ့ အကြက္ႀကီး… တခ်ိဳ႕ဖုန္းေတြလို 18W Fast Charging ရေပမဲ့ ဖုန္းဘူးထဲမွာ 5W Adapter ပဲ ထည့္ေပးတာမ်ိဳးကို မ်က္ႏွာေျပာင္ထားေလသလားပဲ… :3

4.Storage Options

ေလာေလာဆယ္မွာ… ေရြးခ်ယ္စရာ Storage အေနနဲ႔ 4 GB RAM, 128GB ROM ရယ္၊ 6GB RAM, 128GB ROM ရယ္ဆိုၿပီး ျပည္တြင္းမွာ ၂ မ်ိဳးေရြးလို႔ ရပါမယ္။ (ေဈး ၂ ေသာင္းေလာက္ပဲ ကြာတာေၾကာင့္ Feature Proof ျဖစ္မဲ့ RAM 6GB ကို ပိုေရြးေစခ်င္ပါတယ္။) ဒီေဈးမွာ 128GB အထိ Storage နဲ႔ RAM 6GB အထိ ရတယ္ဆိုတာေတာ့ တန္လြန္းေနပါၿပီ။ 128GB နဲ႔ မေက်နပ္ေသးရင္ SD Card ထည့္ဖို႔ Slot ပါပါေသးတယ္။ Hell yeah…


5.Design and Built Quality

Ok…စာပိုဒ္ရဲ့ အလယ္ကိုေရာက္လာပါၿပီ ဆိုလိုတာ အားမရမိတဲ့ေနရာေတြေပါ့။ Plastic Back, Plastic Frame နဲ႔ ၂ သိန္းဆိုတဲ့ ေဈးမွာ Redmi 10X 4G ရဲ့ Design က Redmi Note 9 Pro series ေတြနဲ႔ ခပ္ဆင္ဆင္… အေနာက္ဘက္ Body က Frame နဲ႔ တစ္ဆက္တည္းလိုမ်ိဳးေလး လုပ္ေပးထားလို႔ ကိုင္ရတာ လုံးေနသလိုလို၊ လြတ္က်ေတာ့မလိုလိုနဲ႔ Grip ေတာ့ သိပ္မေကာင္းလွပါဘူး။ ကိုင္ရတာလဲ အဆင္ေျပၿပီး သူ႔ေဈးတန္းမွာ Design ပိုင္းနဲ႔ ပတ္သက္လို႔ မွားယြင္းေနတဲ့ေနရာ မရွိပါဘူး။

ဒါေပမဲ့…. မႏွစ္က Redmi Note 8 ရဲ့ အေနာက္ဘက္ Glass Body နဲ႔ Camera Arrangement, ကိုင္ရတဲ့ Hand Feeling က အခု 10X 4G ထက္ ပိုၿပီး Premium ဆန္တယ္လို႔ ထင္မိ။ ဒီေနရာမွာ Budget ဖုန္းတစ္လုံး Plastic Body သုံးထားရင္ လြတ္က်တာမ်ိဳးမွာ Glass ထက္ ပိုၿပီး အထိခိုက္သက္သာတာမ်ိဳးေတာ့ ရွိပါတယ္။ ဒါေပသိ Glass Body ကေန Plastic Body ကို Downgrade ျဖစ္သြားတာမ်ိဳးေတာ့ Personal အရ သိပ္ၿပီး သေဘာမေတြ႕လွ…

6.Camera

မႏွစ္က Redmi Note 8 ရဲ့ Camera ေတြနဲ႔ အခု 10X 4G မွာ sensor ခ်င္းေရာ၊ Megapixel အေရအတြက္ေရာ အကုန္အတူတူပါပဲ။ Picture Quality ကလဲ သိပ္ၿပီး မထူးလွတာေၾကာင့္ ကင္မရာပိုင္းမွာ အရင္တိုင္းကေန တိုးတက္မလာတာကိုေတာ့ နည္းနည္းေလး အားမလို အားမရျဖစ္မိ…

ဒါေပသိ 2020 အတြက္ ၂ သိန္းတန္ ဖုန္းေတြၾကားမွာေတာ့ လူလူသူသူ Quality နဲ႔ ဓာတ္ပုံေတြကို ထုတ္ေပးနိုင္ပါတယ္။ 48 Main, 8MP Ultra-wide ဓာတ္ပုံ‌ေတြ၊ 2MP Depth Sensor ရဲ့ Portrait ဓာတ္ပုံေတြက ဒီေဈးမွာေတာ့ ေပးရတာနဲ႔ တန္တဲ့ ဓာတ္ပုံေတြကို ျပန္ရပါလိမ့္မယ္။ (နမူနာေလးေတြသာ ၾကည့္လိုက္ပါဗ်ိဳ႕…)

7.Audio

Audio ပိုင္းမွာေတာ့ Budget ဖုန္းေတြရဲ့ ထုံးစံအတိုင္း Stereo speakers မဟုတ္ပဲ Mono speaker ပါပဲ။ Clarity ေလးေကာင္းေပမဲ့ အသံက်ယ္ (loudness) ပိုင္းမွာေတာ့ နည္းနည္းအားနည္းသလို Bass, Treble ေတြလဲ သိပ္မေပၚပါ Flat ျဖစ္တဲ့ အသံ Quality ပါပဲ။ But… Come on, ဒီေဈးမွာေတာ့ ဒီေလာက္ Quality ပဲ ရမွာေပါ့ အျပစ္ရယ္လို႔ ေျပာတာမ်ိဳးမဟုတ္ပဲ အသံ Quality ကို ‘just a quick’ ေရးလိုက္တာမ်ိဳးပါ။ ေအာ္… 3.5mm headphone jack ေလး ဆက္ပါေနတုန္းပါပဲ။ Thumbs up ပါ။

8.Others

Security ပိုင္းအတြက္ အေနာက္ဘက္ ကင္မရာေတြေအာက္မွာ Fingerprint scanner ပါပါတယ္။ Unlock time လဲ ျမန္သလို မွန္လဲ မွန္တယ္။ ေကာင္းတာေတြခ်ည္းမ်ားေနလို႔ အျပစ္ထည့္ေျပာရမယ္ဆိုရင္ Fingerprint ေနရာက နည္းနည္းအရြယ္ေသးသလို ဖုန္းက ရွည္‌‌ေတာ့အေပၚကို ေရာက္ေနေတာ့ လက္ေသးရင္ သိပ္မမွီသလိုျဖစ္တာရယ္၊ တစ္ခ်က္တစ္ခ်က္ လက္နဲ႔ စမ္းလို႔ မမိတာမ်ိဳးရယ္ေတာ့ ၾကဳံေကာင္းၾကဳံရပါလိမ့္မယ္။

Redmi Note 8 ကေန စာနဲ႔ေရးျပလို႔ မရတဲ့ အျခားတိုးတက္လာတဲ့ ေနာက္တစ္ခုက Bluetooth 4.2 ကေန Bluetooth 5.0 ျဖစ္လာတာေၾကာင့္ Bluetooth 5.0 supported device ေတြနဲ႔ဆိုရင္ အရင္ထက္ ေနရာပိုေဝးေဝး အသုံးျပဳလို႔ရလာပါတယ္။

ေနာက္တစ္ခ်က္က ေရစင္တာမ်ိဳးကို ခံနိုင္တဲ့ Splash Proof လို ဟာမ်ိဳးေလးေတြ ရွိမယ္။ ဒီေလာက္ပါပဲ ဒီေလာက္ဆိုရင္ ျပည့္စုံေနၿပီလို႔ ယူဆမိပါတယ္။ So,.. အဆုံးသတ္ၾကပါစို႔။

9.Final Thoughts

အခု Review ကို ဖတ္ၿပီးတဲ့ေနာက္ Redmi 10X 4G မွာ အျပစ္ေတြမ်ားေနတယ္လို႔ မေတြးလိုက္ပါနဲ႔။ ကိုယ္ေတြကို ခုအခ်ိန္ ပိုက္ဆံ ၂ သိန္းေက်ာ္နဲ႔ ဘာဖုန္းဝယ္ရမလဲလို႔ လာေမးရင္ Redmi 10X 4G ကို သာဝယ္ဗ်ာလို႔ ညႊန္းေပးလိုက္မွာပါ။ Redmi Note 9 ရဲ့ Global ROM ကိုလဲ ေျပာင္းလို႔ရတယ္ဗ်ာ…

So, why there are bad things? Review တစ္ခုဆိုတာ ဖုန္းဝယ္မဲ့သူ‌တစ္ေယာက္အတြက္ အေကာင္းေတြခ်ည္းေျပာ‌ေပးေနလို႔မရပဲ အားနည္းတဲ့ ေနရာေတြကိုလဲ ေထာက္ျပသင့္ပါတယ္။ ကိုယ္ေတြရဲ့ Review ေတြမွာေတာ့ ဒီလိုပဲ ခံယူထားမိ ဒါမွလဲ ဝယ္မဲ့သူေတြက အားနည္းခ်က္အခ်ိဳ႕ကို ယွဥ္ထိုးခ်င့္ခ်ိန္နိုင္မွာပါ။

မႏွစ္က Redmi Note 8 ကေန Performance ပိုင္း နဲ႔ အျခားေနရာေတြ တိုးတက္လာသလို နည္းနည္း ဝိတ္ေလၽွာ့ထားသလို ျဖစ္တဲ့ေနရာေတြနဲ႔ ကင္မရာပိုင္း မတိုးတက္လာတာမ်ိဳးေတြ ရွိပါမယ္။ ဒါေပသိ 2020 အတြက္ေတာ့ ေလာေလာဆယ္မွာ ပိုက္ဆံ ၂ သိန္း ၁ ေသာင္းေလာက္ပဲ သုံးခ်င္ပါတယ္ဆိုရင္ Redmi 10X 4G 4/128GB က အေရြးခ်ယ္သင့္ဆုံး ဖုန္းတစ္လုံး ျဖစ္ေနပါလိမ့္မယ္။

တစ္ခုေတာ့ရွိမယ္… အခု Redmi Note 8 Pro ရဲ့ 6/64 ေဈးက ၂ သိန္း ၃ ေသာင္းပဲ ရွိေတာ့တာမလို႔ 128GB storage နဲ႔ 2020 Design, Punch-Hole Display ေတြကို စြန႔္လႊတ္နိုင္ရင္ Performance ပိုေကာင္းတဲ့ G90T, 64MP Camera ေတြနဲ႔ Redmi Note 8 Pro ကလဲ ေရြးခ်ယ္မႉေကာင္းတစ္ခု ျဖစ္သြားနိုင္ပါတယ္လို႔ ေျပာရင္း…

Redmi 10X 4G Full Review by Tech Corner
Written by Shine Htet Aung

No comments: