Monday, June 8, 2020

"Indoor Plantလေးတွေ စိုက်တော့မယ်ဆိုရင် ဒီအချက်တွေသိထားဖို့လို"

"Indoor Plantလေးတွေ စိုက်တော့မယ်ဆိုရင် ဒီအချက်တွေသိထားဖို့လို"
---------------------------------------------------------


မင်္ဂလာပါ ချစ်တို့ရေ။ ဒီနေ့တော့ မေသော်က အပင်ချစ်တဲ့သူတွေ၊ ကိုယ့်အိမ်လေးမှာ အပင်လေးတွေ စိုက်ချင်နေတဲ့သူတွေ၊ အိမ်ထဲမှာအပင်လေးတွေ စစိုက်ဖို့စဉ်းစားနေတဲ့သူတွေနဲ့ ကိုယ့်အိမ်ကိုအပင်လေးတွေနဲ့ အလှဆင်ဖို့ စိတ်ကူးနေသူတွေအတွက် Indoor Plantလေးတွေ စစိုက်တော့မယ်ဆိုရင် ဘယ်အချက်တွေကို အခြေခံသိထားသင့်တယ်၊ ဘယ်လိုအချက်တွေကိုတော့ ဖြင့် ရှောင်ရမယ်ဆိုတာလေး ရေးပေးချင်တာပါ။

ဒီအကြောင်းလေးရေးမယ်စဉ်းစားတော့ ဒီအတိုင်းစာတွေဖတ်ပြီး ပြန် sharing လုပ်တာထက်စာရင် Indoor Plant လေးတွေ တကယ်စိုက်နေပြီး အပင်လေးတွေကို ကိုယ့်သားသမီးလိုချစ်တဲ့၊ စိုက်လာခဲ့တဲ့အချိန်တစ်ခုလည်း ရောက်လာပြီဖြစ်တဲ့ အသိအစ်မ Shwe Zin Aye ရွှေဇင်အေးကို မေးပြီး သေချာလေး ပြန်ရေးပေးလိုက်ပါတယ်။

စစချင်း ချစ်ရတဲ့အစ်မ ဒီအပင်လေးတွေ စစိုက်ဖြစ်ခဲ့ပုံနဲ့ Beginner တစ်ယောက်အနေနဲ့ ဘာလေးတွေကြုံခဲ့ရတယ်ဆိုတာလေး စမေးဖြစ်တော့ သူမက ခုလို ပြောပြပါတယ်။ "စစိုက်တုန်းကတော့ အိမ်နားမှာ အလွယ်တကူ ပွားလို့ရတဲ့ အပင်လေးတွေကို စိုက်ဖြစ်တယ်။ Indoor ဆိုတော့ အပင်တိုင်း စိုက်လို့ကမရပြန်ဘူး။ အဲ့ဒီတော့ စာတွေရှာဖတ်ရင်း ဘယ်လိုအပင်လေးတွေကတော့ အိမ်ထဲမှာ အဆင်ပြေတယ်။ အလင်းရောင်ဘယ်လိုလေးပေးရတယ်။ ရေဘယ်လိုလောင်းရတယ် မှတ်ရတာပေါ့နော်။

အပင်ဆိုင်တွေကနေဝယ်တော့ သူတို့မှာတဲ့အတိုင်း စိုက်ပေမယ့်ကိုယ့်အိမ်ရဲ့ အလင်းရောင်၊နေရောင်၊ လေဘယ်လိုရလဲ၊ စိုထိုင်းစ ဘယ်လိုရှိလဲပေါ်မူတည်ပြီး အပင်တွေမသန်တာ၊ ညှိုးတာသေတာတွေဖြစ်လာတယ်။ အပင်ဆိုင်ကနေ လှတယ်ဆိုတဲ့ အပင်လေးတွေရွေးလာပြီး ကိုယ့်လက်ထဲရောက်လို့ တစ်လလောက်ကြာတော့သေတယ်။ စိတ်ထဲ မပျော်ဘူးပေါ့နော်။ ငါဘာမှားနေလဲ မှားနေလဲ တွေးတယ်။Google မှာ စာတွေရှာဖတ်တယ်။
စစိုက်ကာက ၁နှစ်ခွဲလောက်ထိက လုံးလည်ချာလည်ပါပဲ။

တစ်ခုရှိတာက အပင်စိုက်ပြီဟေ့ဆိုပြီး ကိုယ့်အိမ်ထဲအပင်ရောက်လာရင် လူ ၁ဝယောက်မှာ ၉ ယောက် လုပ်လေ့ရှိတဲ့အမှားက နေ့တိုင်းရေလောင်းတာပဲ။ 😂😂
ပြီးတော့ အပင်ကိုနေရာခဏခဏရွှေ့တာလည်း အဆင်မပြေပါဘူး။" လို့ ရယ်မောရင်း ပြန်လည်ပြောပြပါတယ်။

ခုထိ သူမစိုက်ပျိုးခဲ့တဲ့ Indoor အပင်သီးသန့်အမျိုး ၂ဝလောက်ရှိပါပြီ။ Cactus နဲ့ succulent လေးတွေကတော့
အိုး ၂၅ လောက်ရှိတယ်လို့ သိရပါတယ်။ အပင်စိုက်သက် ၃နှစ်ကျော်လာပြီမို့ အစ်မဆီကနေ ဆောင်ရန်ရှောင်ရန်လေးတွေ အတိအကျ ထပ်ပြောပါရစေရှင်။


 Indoor plant တွေစိုက်တော့မယ်ဆိုရင်

🌵 နေရာ
မိမိအိမ်ရဲ့နေရောင်ရမှုအနေအထား၊ အပင်တွေဘယ်နေရာမှာထားမယ်၊ ချိတ်မယ် စသဖြင့် လျာကြည့်ပါ။ အပင်တွေဝယ်လာပြီး ကြုံရာနေရာမှာထားလိုက်တာ အဆင်မပြေနိုင်ပါဘူး ။ Indoor အပင်အများစုက အလင်းရောင်ကြိုက်ပါတယ်။ မနက်နေ(နေ့လည်၁၂မကျော်ခင်ထိ) ကြိုက်ပါတယ်၊နေပြင်းတာမကြိုက်ပါဘူး။ ဒါ့ကြောင့် မိမိနေထိုင်ရာအိမ်က ဘယ်အရပ်ကိုမျက်နှာမူလဲဆိုတာကြည့်ပါ။နေစထွက်တဲ့အချိန်ကနေ နေ့လည် ၁၂ နာရီလောက်ထိ နေရောင်ရနေတဲ့နေရာမျိုးက အပင်တွေထားဖို့ အသင့်တော်ဆုံးပါပဲ ။ မွန်းလွဲနေရောင်ရှောင်ပါ။ ဒါ့အပြင် နေရောင်လုံးဝမရ၊ လေအဝင်အထွက်သိပ်မရှိတဲ့ အခန်းထဲ မှာရှင်နိုင်တဲ့ indoor plant က ရှားတယ်ဆိုတာလည်း သိထားရမယ့်အချက်ပါပဲ။

 ပြင်ပအလင်းရောင် (အခန်းထဲမှာ စာအုပ်တစ်အုပ်ဖွင့်ဖတ်ရင် မြင်ရလောက်တဲ့အနေအထားရှိတဲ့ )အနည်းငယ်မျှသော အလင်းရောင်မှာ စိုက်နိုင်တဲ့အပင်လေးတွေကတော့ နဂါးဂမုန်း ( Snake plant )၊ ရွှေလာငွေလာပင် (Golden pothos @ money plants) ၊ကျောက်စိမ်းဧက္ကရာဇ် (ZZ plants) နဲ့ ရှင်သီဝလိဂမုန်း (Peace lily) စတာတွေပဲ ဖြစ်ပါတယ်။

🌵မိမိစိုက်မယ့်အပင်အကြောင်း လေ့လာခြင်း
အင်တာနက်မှာ Google photo search နဲ့ မိမိ အပင်ပုံ upload လုပ်ပြီး ရှာလို့ရပါတယ်။ အနည်းဆုံးတော့ ကိုယ်ဝယ်ခဲ့တဲ့ဆိုင်မှာသေချာမေးခဲ့ပါ။ ရေလောင်းပုံလောင်းနည်း ၊ ဘယ်နှစ်ရက်ကြာမှရေလောင်းရမယ်၊ ဘယ်လိုပုံလောင်းရမယ် စသဖြင့်ပေါ့။ တချို့အပင်အမျိုးအစားတွေက အရွက်မထိ ပင်စည်ကိုပဲလောင်းရတာမျိုး ရှိတာကြောင့် ကိုယ့်ရဲ့အပင်က ရေကြိုက်တာလား။ ရေမကြိုက်တာလား။ ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ စသဖြင့်လေ့လာဖို့ကလည်း အရေးကြီးပါတယ်။

🌵 စိုက်မယ့်အိုးကို သေချာရွေးချယ်ခြင်း
အပင်ဝယ်ပြီးတဲ့အခါ အိုးလှလှလေးတွေနဲ့ စိုက်ချင်ကြပါတယ် ။ အဲ့နေရာမှာ သတိထားရမယ့်နှစ်ချက်က မိမိရွေးချယ် တဲ့ အိုးမှာ ရေဆင်းပေါက်ပါပါစေ။ ရေဆင်းဖို့အပေါက်မရှိရင် အမြစ်ပုပ်သေတတ်လို့ပါ။ နောက်ထပ်သတိထားရမှာက အပင်ဝယ်တုန်းက ပါလာတဲ့ ပျိုးအိုး(ကော်အိုး) ထက် ကြီးလွန်းတဲ့ အိုး ဒါမှမဟုတ်သေးလွန်းသောအိုးနဲ့ မစိုက်ပါနဲ့။

🌵 မြေသတိထားခြင်း
Indoor plant တွေက အိုးနဲ့စိုက်ရတာမို့ စိုက်မယ့်မြေကလည်း အရေးကြီးပါတယ်။မြေကြီးပေါ်တိုက်ရိုက်စိုက်တဲ့အပင်တွေမှာ ရေလောင်းလွန်လို့အမြစ်ပုပ်သေတယ် ဆိုတာရှားပါတယ် ။ အိုးနဲ့အခန်းတွင်းစိုက်ရတဲ့ အပင်တွေကျတော့ အိုးထဲမှာ အစိုဓာတ်မကုန်သေးဘဲထပ်ကာထပ်ကာလောင်း နေတော့ ရေများပြီး သေကုန်တော့တာပါပဲ ။ အခန်းအပူချိန် ၊ မြေကြီးရဲ့ ရေစုပ်ယူထားမှု ၊ရေငွေ့ပြန်မှုတွေက indoor အပင်စိုက်ရာမှာ အရေးကြီးပါတယ် ။ရေဆင်းကောင်းတဲ့ မြေဖြစ်ဖို့ဆို ဖွဲသဲ စပ်မြေသုံးရုံနဲ့ အဆင်မပြေပါဘူး ။

🌵 ရေသတိထားပြီးလောင်းပေးခြင်း
Indoor plant တွေခဏခဏသေတာ ရေများလို့ပါပဲ။
ရေကို သတိထားလောင်းပါ ။ များသောအားဖြင့် ရေဆင်းကောင်းတဲ့မြေကိုသုံးထားမယ်။ အလင်းနဲ့လေ ကောင်းကောင်းရမယ် ဆိုရင်တောင် သာမန် indoor plant တွေဆို သုံးရက်တစ်ခါလောက်ဘဲရေလောင်းသင့်ပါတယ် ။မိမိရဲ့ နေထိုင်ရာ အရပ်ဒေသ ရာသီဥတု၊ အပူအအေး ၊ ရေငွေ့ပြန်မှု ၊ လေ နဲ့ အလင်းရောင်တွေပေါ်မူတည်ပြီး တစ်အိမ်နဲ့တစ်အိမ် မတူညီနိုင်ကြပါဘူး။ ဒီနေရာမှာ အမှန်ကန်ဆုံးနည်းလမ်းကတော့ အပင်စိုက်ထားတဲ့ အိုးထဲလက်နှိုက်ကြည့်ပါ။ လက်တစ်ဆစ် စာလောက်အနက်နှိုက်ကြည့်တဲ့အခါခြောက်သွေ့နေပြီဆိုမှ ရေအဝလောင်းတာ အကောင်းဆုံး နည်းလမ်းပါပဲ ။

ဒီအချက်လေးတွေ သိထားပြီဆိုရင် နောက်ထပ် ဖြည့်စွက်ပြီး လုပ်ဆောင်ရမယ့်အရာလေးတွေ ရှိပါသေးတယ်။ အဲ့ဒါတွေကတော့


☘️ အထူးအဆန်း အရောင်တွေ ၊ ပုံစံတွေ၊ မျိုးစိတ်တွေထက် သာမန် စိုက်လွယ် ရှင်လွယ် အပင်မျိုးတွေ ကိုရွေးချယ်ပြီးစစိုက်ပါ ။

☘️ အပင်တစ်ပင် လှပကျန်းမာဖို့ အရွက်တွေသန့်ရှင်း
တောင်ပြောင်နေဖို့လည်း လိုပါတယ်။ နှစ်ပတ်တစ်ကြိမ် သို့မဟုတ် အနည်းဆုံး တစ်လတစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်ပါ။ အစ်မရွှေဇင်အေး လုပ်တဲ့နည်းကတော့  ပထမအဆင့်အနေနဲ့ အရွက်တွေကို wet tissue နဲ့ သုတ်ပါတယ်။ ခဏအခြောက်ထားပြီးရင် (အုန်းဆီ၊ဗီနီဂါ၊ရေဆတူရောထားတဲ့) အရည်ကို စွတ်ကျယ်စုတ်လေးမှာ တို့ပြီး အရွက်တွေကိုပွတ်ပေးတာပဲ ဖြစ်ပါတယ်။

☘️ Indoor plant လေးတွေအကြောင်း တတ်ကျွမ်းနားလည်လို့ မဟုတ်ပဲ ရောင်းရပြီးရောဆိုတဲ့စိတ်နဲ့ ရောင်းတဲ့ဆိုင်မျိုးကိုရှောင်ပါ။ ဘာလို့လဲဆိုတော့ ကိုယ့်အပင်အခြေအနေဆိုးလာတဲ့အခါ အနည်းဆုံးတော့ အပင်ဝယ်လာတဲ့ဆိုင်ကို လှမ်းမေးနိုင်မယ် မဟုတ်လား။

အပင်တွေရဲ့ သဘာဝကိုက အပြင်မှာစိုက်မယ်ဆိုရင်တော့ ကရိကထပိုနည်းပြီး ရှင်သန်ကြီးထွားဖို့ကလည်း ပိုရာခိုင်နှုန်းများမှာ ဖြစ်တာကြောင့် အိမ်ထဲမှာ စိုက်တဲ့အခါ အခက်အခဲလေးတွေ ရှိနိုင်ပါတယ်။ စိုက်ရင်း လေ့လာရင်းနဲ့မှသာ ပိုအဆင်ပြေလာပါလိမ့်မယ်။

🟢  Indoor Plant စိုက်တဲ့အခါ ကောင်းကျိုးတွေကတော့

✨အခန်းအနံ့အသက် ကောင်းသွားပါတယ်။ မှိုနံ့လိုအောက်သိုးသိုး အနံ့တွေ မရှိတော့ပါဘူး။

✨ စိတ်ကိုကြည်လင်နေစေပါတယ်။ ကွန်ပြူတာနဲ ဖုန်းနဲ့ တောက်လျှောက်အချိန်ကုန်နေသူတွေ၊ screen time များတဲ့သူတွေဆိုရင် အပင်လေးတွေ မြင်ရတာနဲ့တင် မျက်လုံးအတွက်သာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိုးတွေ များတာပါ။

✨ တစ်ချို့ indoor plant တွေကကျတော့ ညဘက်မှာ လူကိုနှစ်ခြိုက်စွာအိပ်ပျော်စေနိုင်တာမို့ bedroom plant ရယ်လို့တောင် အိပ်ယာဘေးထားပြီး အိပ်ကြပါတယ်။

✨ အိမ်မှာ စိမ်းစ်ိမ်းစိုစိုလေးနဲ့မို ကိုယ့်အိမ်မှာပဲ ကိုယ်နေချင်လာတယ်။ ကိုယ့်အိမ် ကိုယ့်အိပ်ခန်းဟာ ကိုယ့်အတွက် paradise လေး ဆိုတဲ့ခံစားချက်ရသွားစေပါတယ်။

✨ အပင်လေးတွေ ကောင်းကောင်းမွန်မွန်ရှင်သန်တဲ့အခါ ရရှိလာမယ့် ပျော်ရွှင်မှုဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။

🟢 ထူးခြားတဲ့အချက်ကတော့ တခါတလေမှာ indoor plant တွေကို ပန်ကာဖွင့်ပေးရတာမျိုး၊သီချင်းဖွင့်ပေးရတာမျိုးတွေ ရှိတယ်ဆိုတာပါပဲ။ အဲ့ဒီအတွက် Youtube မှာ အပင်တွေအတွက် တင်ထားပေးတဲ့ Music လေးတွေ ရှာကြည့်ပါနော်။

🟢 ကိုယိ့အိမ်မှာ ကလေးငယ်လေးတွေရှိတယ်၊ အိမ်မွေးတိရစ္ဆာန်လေးတွေ ရှိတယ်ဆိုရင်တော့ တစ်ချက်ပြန်စဉ်းစားပါ။ ကလေးရှိတယ်ဆိုရင်တော့ သူတို့ ၅နှစ်အရွယ်လောက်ရောက်မှ စစိုက်ဖို့ အကြံပေးချင်ပါတယ်။ ကြောင်နဲခွေးတွေမှာဆိုရင်လည်း သူတို့နဲ ဓာတ်မတည့်တဲ့ အပင်လေးတွေရှိတတ်ပါတယ်။ ဒါလေးတွေကို သတိထားရွေးချယ်စိုက်ပျိုးဖို့ လိုပါတယ်ရှင်။

ကဲ ဒီလောက်ဆိုရင်တော့ Indoor Plant လေးတွေ စပြီး စိုက်မယ့်သူတွေအတွက် အခြေခံအချက်လေးတွေ နားလည်သွားပြီလို့ မျှော်လင့်ပါတယ်ရှင်။ ကိုယ်ပိုင် Paradise လေး ဖန်တီးဖို့ ဘာတွေများအချိန်ဆွဲနေဦးမလဲ။ ခုပဲ ပုံလေးတွေကြည့်ပြီး ကိုယ့်အိမ်လေးကို အပင်လေးတွေနဲ့ အလှဆင်ရင်း စိတ်တွင်း အကြည်ဓာတ်လေးဖန်တီးလိုက်ကြပါလို့။

အချစ်တွေနဲ့မေ :-)

photo credit : @Shwe Zin Aye  Pinterest

#indoorplantsforbeginners
#howtocareforindoorplants

=============================

"Indoor Plantေလးေတြ စိုက္ေတာ့မယ္ဆိုရင္ ဒီအခ်က္ေတြသိထားဖို႔လို"
---------------------------------------------------------


မဂၤလာပါ ခ်စ္တို႔ေရ။ ဒီေန႔ေတာ့ ေမေသာ္က အပင္ခ်စ္တဲ့သူေတြ၊ ကိုယ့္အိမ္ေလးမွာ အပင္ေလးေတြ စိုက္ခ်င္ေနတဲ့သူေတြ၊ အိမ္ထဲမွာအပင္ေလးေတြ စစိုက္ဖို႔စဥ္းစားေနတဲ့သူေတြနဲ႔ ကိုယ့္အိမ္ကိုအပင္ေလးေတြနဲ႔ အလွဆင္ဖို႔ စိတ္ကူးေနသူေတြအတြက္ Indoor Plantေလးေတြ စစိုက္ေတာ့မယ္ဆိုရင္ ဘယ္အခ်က္ေတြကို အေျခခံသိထားသင့္တယ္၊ ဘယ္လိုအခ်က္ေတြကိုေတာ့ ျဖင့္ ေ႐ွာင္ရမယ္ဆိုတာေလး ေရးေပးခ်င္တာပါ။

ဒီအေၾကာင္းေလးေရးမယ္စဥ္းစားေတာ့ ဒီအတိုင္းစာေတြဖတ္ၿပီး ျပန္ sharing လုပ္တာထက္စာရင္ Indoor Plant ေလးေတြ တကယ္စိုက္ေနၿပီး အပင္ေလးေတြကို ကိုယ့္သားသမီးလိုခ်စ္တဲ့၊ စိုက္လာခဲ့တဲ့အခ်ိန္တစ္ခုလည္း ေရာက္လာၿပီျဖစ္တဲ့ အသိအစ္မ ေ႐ႊဇင္ေအးကို ေမးၿပီး ေသခ်ာေလး ျပန္ေရးေပးလိုက္ပါတယ္။

စစခ်င္း ခ်စ္ရတဲ့အစ္မ ဒီအပင္ေလးေတြ စစိုက္ျဖစ္ခဲ့ပုံနဲ႔ Beginner တစ္ေယာက္အေနနဲ႔ ဘာေလးေတြၾကဳံခဲ့ရတယ္ဆိုတာေလး စေမးျဖစ္ေတာ့ သူမက ခုလို ေျပာျပပါတယ္။ "စစိုက္တုန္းကေတာ့ အိမ္နားမွာ အလြယ္တကူ ပြားလို႔ရတဲ့ အပင္ေလးေတြကို စိုက္ျဖစ္တယ္။ Indoor ဆိုေတာ့ အပင္တိုင္း စိုက္လို႔ကမရျပန္ဘူး။ အဲ့ဒီေတာ့ စာေတြ႐ွာဖတ္ရင္း ဘယ္လိုအပင္ေလးေတြကေတာ့ အိမ္ထဲမွာ အဆင္ေျပတယ္။ အလင္းေရာင္ဘယ္လိုေလးေပးရတယ္။ ေရဘယ္လိုေလာင္းရတယ္ မွတ္ရတာေပါ့ေနာ္။

အပင္ဆိုင္ေတြကေနဝယ္ေတာ့ သူတို႔မွာတဲ့အတိုင္း စိုက္ေပမယ့္ကိုယ့္အိမ္ရဲ႕ အလင္းေရာင္၊ေနေရာင္၊ ေလဘယ္လိုရလဲ၊ စိုထိုင္းစ ဘယ္လို႐ွိလဲေပၚမူတည္ၿပီး အပင္ေတြမသန္တာ၊ ညိႇဳးတာေသတာေတြျဖစ္လာတယ္။ အပင္ဆိုင္ကေန လွတယ္ဆိုတဲ့ အပင္ေလးေတြေ႐ြးလာၿပီး ကိုယ့္လက္ထဲေရာက္လို႔ တစ္လေလာက္ၾကာေတာ့ေသတယ္။ စိတ္ထဲ မေပ်ာ္ဘူးေပါ့ေနာ္။ ငါဘာမွားေနလဲ မွားေနလဲ ေတြးတယ္။Google မွာ စာေတြ႐ွာဖတ္တယ္။
စစိုက္ကာက ၁ႏွစ္ခြဲေလာက္ထိက လုံးလည္ခ်ာလည္ပါပဲ။

တစ္ခု႐ွိတာက အပင္စိုက္ၿပီေဟ့ဆိုၿပီး ကိုယ့္အိမ္ထဲအပင္ေရာက္လာရင္ လူ ၁၀ေယာက္မွာ ၉ ေယာက္ လုပ္ေလ့႐ွိတဲ့အမွားက ေန႔တိုင္းေရေလာင္းတာပဲ။ 😂😂
ၿပီးေတာ့ အပင္ကိုေနရာခဏခဏေ႐ႊ႕တာလည္း အဆင္မေျပပါဘူး။" လို႔ ရယ္ေမာရင္း ျပန္လည္ေျပာျပပါတယ္။

ခုထိ သူမစိုက္ပ်ိဳးခဲ့တဲ့ Indoor အပင္သီးသန္႔အမ်ိဳး ၂၀ေလာက္႐ွိပါၿပီ။ Cactus နဲ႔ succulent ေလးေတြကေတာ့
အိုး ၂၅ ေလာက္႐ွိတယ္လို႔ သိရပါတယ္။ အပင္စိုက္သက္ ၃ႏွစ္ေက်ာ္လာၿပီမို႔ အစ္မဆီကေန ေဆာင္ရန္ေ႐ွာင္ရန္ေလးေတြ အတိအက် ထပ္ေျပာပါရေစ႐ွင္။


 Indoor plant ေတြစိုက္ေတာ့မယ္ဆိုရင္

🌵 ေနရာ
မိမိအိမ္ရဲ႕ေနေရာင္ရမႈအေနအထား၊ အပင္ေတြဘယ္ေနရာမွာထားမယ္၊ ခ်ိတ္မယ္ စသျဖင့္ လ်ာၾကည့္ပါ။ အပင္ေတြဝယ္လာၿပီး ၾကဳံရာေနရာမွာထားလိုက္တာ အဆင္မေျပႏိုင္ပါဘူး ။ Indoor အပင္အမ်ားစုက အလင္းေရာင္ႀကိဳက္ပါတယ္။ မနက္ေန(ေန႔လည္၁၂မေက်ာ္ခင္ထိ) ႀကိဳက္ပါတယ္၊ေနျပင္းတာမႀကိဳက္ပါဘူး။ ဒါ့ေၾကာင့္ မိမိေနထိုင္ရာအိမ္က ဘယ္အရပ္ကိုမ်က္ႏွာမူလဲဆိုတာ
ၾကည့္ပါ။ေနစထြက္တဲ့အခ်ိန္ကေန ေန႔လည္ ၁၂ နာရီေလာက္ထိ ေနေရာင္ရေနတဲ့ေနရာမ်ိဳးက အပင္ေတြထားဖို႔
အသင့္ေတာ္ဆုံးပါပဲ ။ မြန္းလြဲေနေရာင္ေ႐ွာင္ပါ။ ဒါ့အျပင္ ေနေရာင္လုံးဝမရ၊ ေလအဝင္အထြက္သိပ္မ႐ွိတဲ့ အခန္းထဲ မွာ႐ွင္ႏိုင္တဲ့ indoor plant က ႐ွားတယ္ဆိုတာလည္း သိထားရမယ့္အခ်က္ပါပဲ။

 ျပင္ပအလင္းေရာင္ (အခန္းထဲမွာ စာအုပ္တစ္အုပ္ဖြင့္ဖတ္ရင္ ျမင္ရေလာက္တဲ့အေနအထား႐ွိတဲ့ )အနည္းငယ္မွ်ေသာ အလင္းေရာင္မွာ စိုက္ႏိုင္တဲ့အပင္ေလးေတြကေတာ့ နဂါးဂမုန္း ( Snake plant )၊ ေ႐ႊလာေငြလာပင္ (Golden pothos @ money plants) ၊ေက်ာက္စိမ္းဧကၠရာဇ္ (ZZ plants) နဲ႔ ႐ွင္သီဝလိဂမုန္း (Peace lily) စတာေတြပဲ ျဖစ္ပါတယ္။

🌵မိမိစိုက္မယ့္အပင္အေၾကာင္း ေလ့လာျခင္း
အင္တာနက္မွာ Google photo search နဲ႔ မိမိ အပင္ပုံ upload လုပ္ၿပီး ႐ွာလို႔ရပါတယ္။ အနည္းဆုံးေတာ့ ကိုယ္ဝယ္ခဲ့တဲ့ဆိုင္မွာေသခ်ာေမးခဲ့ပါ။ ေရေလာင္းပုံေလာင္းနည္း ၊ ဘယ္ႏွစ္ရက္ၾကာမွေရေလာင္းရမယ္၊ ဘယ္လိုပုံေလာင္းရမယ္ စသျဖင့္ေပါ့။ တခ်ိဳ႕အပင္အမ်ိဳးအစားေတြက အ႐ြက္မထိ ပင္စည္ကိုပဲေလာင္းရတာမ်ိဳး ႐ွိတာေၾကာင့္ ကိုယ့္ရဲ႕အပင္က ေရႀကိဳက္တာလား။ ေရမႀကိဳက္တာလား။ ဘယ္လိုျပဳစုေစာင့္ေ႐ွာက္ရမလဲ စသျဖင့္ေလ့လာဖို႔ကလည္း အေရးႀကီးပါတယ္။

🌵 စိုက္မယ့္အိုးကို ေသခ်ာေ႐ြးခ်ယ္ျခင္း
အပင္ဝယ္ၿပီးတဲ့အခါ အိုးလွလွေလးေတြနဲ႔ စိုက္ခ်င္ၾကပါတယ္ ။ အဲ့ေနရာမွာ သတိထားရမယ့္ႏွစ္ခ်က္က
မိမိေ႐ြးခ်ယ္တဲ့ အိုးမွာ ေရဆင္းေပါက္ပါပါေစ။ ေရဆင္းဖို႔အေပါက္မ႐ွိရင္ အျမစ္ပုပ္ေသတတ္လို႔ပါ။ ေနာက္ထပ္သတိထားရမွာက အပင္ဝယ္တုန္းက ပါလာတဲ့ ပ်ိဳးအိုး(ေကာ္အိုး) ထက္ ႀကီးလြန္းတဲ့ အိုး ဒါမွမဟုတ္
ေသးလြန္းေသာအိုးနဲ႔ မစိုက္ပါနဲ႔။

🌵 ေျမသတိထားျခင္း
Indoor plant ေတြက အိုးနဲ႔စိုက္ရတာမို႔ စိုက္မယ့္ေျမကလည္း အေရးႀကီးပါတယ္။ေျမႀကီးေပၚတိုက္႐ိုက္စိုက္တဲ့အပင္ေတြမွာ ေရေလာင္းလြန္လို႔အျမစ္ပုပ္ေသတယ္ ဆိုတာ႐ွားပါတယ္ ။ အိုးနဲ႔အခန္းတြင္းစိုက္ရတဲ့ အပင္ေတြက်ေတာ့ အိုးထဲမွာ အစိုဓာတ္မကုန္ေသးဘဲ
ထပ္ကာထပ္ကာေလာင္း ေနေတာ့ ေရမ်ားၿပီး ေသကုန္ေတာ့တာပါပဲ ။ အခန္းအပူခ်ိန္ ၊ ေျမႀကီးရဲ႕ ေရစုပ္ယူထားမႈ ၊ေရေငြ႕ျပန္မႈေတြက indoor အပင္စိုက္ရာမွာ အေရးႀကီးပါတယ္ ။ေရဆင္းေကာင္းတဲ့ ေျမျဖစ္ဖို႔ဆို ဖြဲသဲ စပ္ေျမသုံး႐ုံနဲ႔ အဆင္မေျပပါဘူး ။

🌵 ေရသတိထားၿပီးေလာင္းေပးျခင္း
Indoor plant ေတြခဏခဏေသတာ ေရမ်ားလို႔ပါပဲ။
ေရကို သတိထားေလာင္းပါ ။ မ်ားေသာအားျဖင့္ ေရဆင္းေကာင္းတဲ့ေျမကိုသုံးထားမယ္။ အလင္းနဲ႔ေလ ေကာင္းေကာင္းရမယ္ ဆိုရင္ေတာင္ သာမန္ indoor plant ေတြဆို သုံးရက္တစ္ခါေလာက္ဘဲေရေလာင္းသင့္ပါတယ္ ။မိမိရဲ႕ ေနထိုင္ရာ အရပ္ေဒသ ရာသီဥတု၊ အပူအေအး ၊ ေရေငြ႕ျပန္မႈ ၊ ေလ နဲ႔ အလင္းေရာင္ေတြေပၚမူတည္ၿပီး တစ္အိမ္နဲ႔တစ္အိမ္ မတူညီႏိုင္ၾကပါဘူး။ ဒီေနရာမွာ အမွန္ကန္ဆုံးနည္းလမ္းကေတာ့ အပင္စိုက္ထားတဲ့ အိုးထဲလက္ႏိႈက္ၾကည့္ပါ။ လက္တစ္ဆစ္ စာေလာက္အနက္ႏိႈက္ၾကည့္တဲ့အခါေျခာက္ေသြ႕ေနၿပီဆိုမွ ေရအဝေလာင္းတာ အေကာင္းဆုံး နည္းလမ္းပါပဲ ။

ဒီအခ်က္ေလးေတြ သိထားၿပီဆိုရင္ ေနာက္ထပ္ ျဖည့္စြက္ၿပီး လုပ္ေဆာင္ရမယ့္အရာေလးေတြ ႐ွိပါေသးတယ္။ အဲ့ဒါေတြကေတာ့

☘️ အထူးအဆန္း အေရာင္ေတြ ၊ ပုံစံေတြ၊ မ်ိဳးစိတ္ေတြထက္ သာမန္ စိုက္လြယ္ ႐ွင္လြယ္ အပင္မ်ိဳးေတြ ကိုေ႐ြးခ်ယ္ၿပီးစစိုက္ပါ ။

☘️ အပင္တစ္ပင္ လွပက်န္းမာဖို႔ အ႐ြက္ေတြသန္႔႐ွင္း
ေတာင္ေျပာင္ေနဖို႔လည္း လိုပါတယ္။ ႏွစ္ပတ္တစ္ႀကိမ္ သို႔မဟုတ္ အနည္းဆုံး တစ္လတစ္ႀကိမ္ခန္႔ သန္႔႐ွင္းေရးလုပ္ပါ။ အစ္မေ႐ႊဇင္ေအး လုပ္တဲ့နည္းကေတာ့  ပထမအဆင့္အေနနဲ႔ အ႐ြက္ေတြကို wet tissue နဲ႔ သုတ္ပါတယ္။ ခဏအေျခာက္ထားၿပီးရင္ (အုန္းဆီ၊ဗီနီဂါ၊ေရဆတူေရာထားတဲ့) အရည္ကို စြတ္က်ယ္စုတ္ေလးမွာ တို႔ၿပီး အ႐ြက္ေတြကိုပြတ္ေပးတာပဲ ျဖစ္ပါတယ္။

☘️ Indoor plant ေလးေတြအေၾကာင္း တတ္ကြၽမ္းနားလည္လို႔ မဟုတ္ပဲ ေရာင္းရၿပီးေရာဆိုတဲ့စိတ္နဲ႔ ေရာင္းတဲ့ဆိုင္မ်ိဳးကိုေ႐ွာင္ပါ။ ဘာလို႔လဲဆိုေတာ့ ကိုယ့္အပင္အေျခအေနဆိုးလာတဲ့အခါ အနည္းဆုံးေတာ့ အပင္ဝယ္လာတဲ့ဆိုင္ကို လွမ္းေမးႏိုင္မယ္ မဟုတ္လား။

အပင္ေတြရဲ႕ သဘာဝကိုက အျပင္မွာစိုက္မယ္ဆိုရင္ေတာ့ ကရိကထပိုနည္းၿပီး ႐ွင္သန္ႀကီးထြားဖို႔ကလည္း ပိုရာခိုင္ႏႈန္းမ်ားမွာ ျဖစ္တာေၾကာင့္ အိမ္ထဲမွာ စိုက္တဲ့အခါ အခက္အခဲေလးေတြ ႐ွိႏိုင္ပါတယ္။ စိုက္ရင္း ေလ့လာရင္းနဲ႔မွသာ ပိုအဆင္ေျပလာပါလိမ့္မယ္။


🟢  Indoor Plant စိုက္တဲ့အခါ ေကာင္းက်ိဳးေတြကေတာ့

✨အခန္းအနံ႔အသက္ ေကာင္းသြားပါတယ္။ မိႈနံ႔လိုေအာက္သိုးသိုး အနံ႔ေတြ မ႐ွိေတာ့ပါဘူး။

✨ စိတ္ကိုၾကည္လင္ေနေစပါတယ္။ ကြန္ျပဴတာနဲ ဖုန္းနဲ႔ ေတာက္ေလွ်ာက္အခ်ိန္ကုန္ေနသူေတြ၊ screen time မ်ားတဲ့သူေတြဆိုရင္ အပင္ေလးေတြ ျမင္ရတာနဲ႔တင္ မ်က္လုံးအတြက္သာမက စိတ္ပိုင္းဆိုင္ရာအတြက္ပါ ေကာင္းက်ိဳးေတြ မ်ားတာပါ။

✨ တစ္ခ်ိဳ႕ indoor plant ေတြကက်ေတာ့ ညဘက္မွာ လူကိုႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေစႏိုင္တာမို႔ bedroom plant ရယ္လို႔ေတာင္ အိပ္ယာေဘးထားၿပီး အိပ္ၾကပါတယ္။

✨ အိမ္မွာ စိမ္းစ္ိမ္းစိုစိုေလးနဲ႔မို ကိုယ့္အိမ္မွာပဲ ကိုယ္ေနခ်င္လာတယ္။ ကိုယ့္အိမ္ ကိုယ့္အိပ္ခန္းဟာ ကိုယ့္အတြက္ paradise ေလး ဆိုတဲ့ခံစားခ်က္ရသြားေစပါတယ္။

✨ အပင္ေလးေတြ ေကာင္းေကာင္းမြန္မြန္႐ွင္သန္တဲ့အခါ ရ႐ွိလာမယ့္ ေပ်ာ္႐ႊင္မႈဟာ ဘာနဲ႔မွမလဲႏိုင္ပါဘူး။

🟢 ထူးျခားတဲ့အခ်က္ကေတာ့ တခါတေလမွာ indoor plant ေတြကို ပန္ကာဖြင့္ေပးရတာမ်ိဳး၊သီခ်င္းဖြင့္ေပးရတာမ်ိဳးေတြ ႐ွိတယ္ဆိုတာပါပဲ။ အဲ့ဒီအတြက္ Youtube မွာ အပင္ေတြအတြက္ တင္ထားေပးတဲ့ Music ေလးေတြ ႐ွာၾကည့္ပါေနာ္။

🟢 ကိုယိ့အိမ္မွာ ကေလးငယ္ေလးေတြရွိတယ္၊ အိမ္ေမြးတိရစၦာန္ေလးေတြ ရွိတယ္ဆိုရင္ေတာ့ တစ္ခ်က္ျပန္စဥ္းစားပါ။ ကေလးရွိတယ္ဆိုရင္ေတာ့ သူတို႕ ၅ႏွစ္အရြယ္ေလာက္ေရာက္မွ စစိုက္ဖို႕ အႀကံေပးခ်င္ပါတယ္။ ေၾကာင္နဲေခြးေတြမွာဆိုရင္လည္း သူတို႕နဲဲ ဓာတ္မတည့္တဲ့ အပင္ေလးေတြရွိတတ္ပါတယ္။ ဒါေလးေတြကို သတိထားေရြးခ်ယ္စိုက္ပ်ိဳးဖို႕ လိုပါတယ္ရွင္။

ကဲ ဒီေလာက္ဆိုရင္ေတာ့ Indoor Plant ေလးေတြ စၿပီး စိုက္မယ့္သူေတြအတြက္ အေျခခံအခ်က္ေလးေတြ နားလည္သြားၿပီလို႔ ေမွ်ာ္လင့္ပါတယ္႐ွင္။ ကိုယ္ပိုင္ Paradise ေလး ဖန္တီးဖို႔ ဘာေတြမ်ားအခ်ိန္ဆြဲေနဦးမလဲ။ ခုပဲ ပုံေလးေတြၾကည့္ၿပီး ကိုယ့္အိမ္ေလးကို အပင္ေလးေတြနဲ႔ အလွဆင္ရင္း စိတ္တြင္း အၾကည္ဓာတ္ေလးဖန္တီးလိုက္ၾကပါလို႔။

အခ်စ္ေတြနဲ႔ေမ

#indoorplantsforbeginners
#howtocareforindoorplants
#howtokeephouseplantsalive

No comments: