Tuesday, June 2, 2020

စိတ္ထင္တိုင္း မေသာက္သင့္တဲ့ 'ၾကာေဆး'ေတြ


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
|
ရေးသားသူ Dr. Thiha Phyo Myint

စိတ်ထင်တိုင်း မသောက်သင့်တဲ့ 'ကြာဆေး'တွေ

ပုံမှန်အားဖြင့် ကိစ္စတခုခုကို ဆောင်ရွက်ရတဲ့အခါ နှောင့်နှေးကြန့်ကြာတာကို လူတွေမကြိုက်ကြပေမယ့် ကြာလေပိုကြိုက်လေဆိုတဲ့ ကိစ္စတခုလည်း ရှိနေပါသေးတယ်။ ဒါကတော့ အားလုံး သိကြတဲ့အတိုင်း ချစ်မှုရေးရာ လိင်ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အစားအသောက်၊အနေအထိုင်၊လေ့ကျင့်မှု စတာတွေ အများကြီးနဲ့ သက်ဆိုင်ပေမယ့် အလွယ်ကူဆုံး နည်းလမ်းဖြစ်တဲ့ သောက်ဆေးသုံးစွဲခြင်းကို လူအများစုက ရွေးချယ်လိုက်ကြပါတော့တယ်။ ယေဘုယျအားဖြင့် ဒီလိုဆေးတွေဟာ ဆရာဝန်ဆေးစာပါမှ ဝယ်ယူခွင့်ရှိတဲ့ ဆေးတွေဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ ကြိုက်တဲ့လမ်းဘေးဆေးဆိုင်မှာ အလွယ်တကူ ပျော်ပျော်ကြီး ဝယ်လို့ရပါတယ်။ ဒီလိုဝယ်ယူနိုင်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ များစွာ ဖြစ်ပေါ်လာရပါတယ်။ ဘယ်လိုမျိုး ဆိုးကျိုးတွေ ပေါ်ပေါက်လာသလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

‘ကြာဆေး’တွေ ဘယ်လို အလုပ်လုပ်သလဲ

ဒီဆေးတွေရဲ့ ဆိုးကျိုးအကြောင်း မပြောခင် သူတို့တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ဦးဆုံးပြောဖို့ လိုပါလိမ့်မယ်။ လိင်တံထောင်မတ်နိုင်ဖို့အတွက် လိင်တံမှာ ရှိတဲ့ တစ်ရှူးတွေဆီကို သွေးများများရောက်ဖို့ လိုပါတယ်။ ဒီဆေးတွေဟာ သွေးကြောတွေကို ကျယ်စေခြင်းအားဖြင့် လိင်တံဆီ သွေးများများ ရောက်စေပါတယ်။ ဒါပေမယ့် ပြဿနာက ဆေးရဲ့အာနိသင်ဟာ လိင်တံဆီသွားတဲ့ သွေးကြောတွေကိုသာမက ခန္ဓါကိုယ်တခုလုံးမှာ ရှိတဲ့ သွေးကြောတွေကို ကျယ်စေပါတယ်။ ဒီမှာ ဇာတ်လမ်းစ,ပါတယ်။

‘ကြာဆေး’တွေက ဘယ်လိုအန္တရာယ်ရှိနိုင်သလဲ

ဗိုင်ယာဂရာ၊ဆီဒီရာ၊ကာဗာတာ၊မက်စ်မိတ် အစရှိတဲ့ နာမည်အမျိုးမျိုးနဲ့ ဝယ်ယူရရှိနိုင်တဲ့ ဆေးတွေဟာ Sildenafil ၅၀ မီလီဂရမ်၊၁၀၀ မီလီဂရမ် စသဖြင့် အစားစားပါဝင်ပြီး သင့်ခန္ဓါကိုယ်ရဲ့ သွေးကြောတွေကို ကျယ်စေတာမို့ သွေးပေါင်ချိန်ကိုပါ ကျသွားစေပါတယ်။ သွေးပေါင်ချိန် အလွန်အကျွံကျဆင်းရင် သင် သတိလစ်သွားနိုင်ပြီး ဦးနှောက်ဆီသွားတဲ့ သွေးကြောတွေမှာပါ သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းလို့ ဦးနှောက်ဆီ အောက်ဆီဂျင်မရောက်တော့ဘူးဆိုရင် လေးငါးမိနစ်အတွင်းမှာကို သင်သေသွားနိုင်ပါတယ်။

အသက်အရွယ်ကြီးရင့်သူတွေ၊အခြားသော ဆေးဝါးများ သုံးစွဲနေရသူတွေမှာ ပိုအန္တရာယ်ရှိပါတယ်။ဥပမာ ရင်ဘတ်အောင့်ဝေဒနာကြောင့် နိုက်ထရိတ်ဆေးဝါးတမျိုးမျိုး သုံးစွဲနေရသူတွေမှာ ‘ကြာဆေး’ရဲ့ ဘေးထွက်ဆိုးကျိုးတွေ အဖြစ်အများဆုံးပါပဲ။ ဘာလို့လဲဆိုတော့ နိုက်ထရိတ်ဆေးတွေရဲ့ အာနိသင်ကလည်း သွေးကြောတွေကို ကျယ်စေတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဆရာဝန်ရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ဒီဆေးတွေကို ဆရာဝန်ဆေးစာနဲ့မှ ဘာလို့ရောင်းရတာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေပါပဲ။ ဗိုင်ယာဂရာကဲ့သို့သော ဆေးတွေကို သုံးစွဲတော့မယ်ဆိုရင် သွေးတိုး၊နှလုံး၊ဆီးချို စတဲ့ ရောဂါတွေ ရှိမနေဖို့ လိုအပ်သလို အထက်မှာဖော်ပြခဲ့တဲ့ နိုက်ထရိတ်လိုဆေးမျိုးကို သုံးစွဲနေသူ မဟုတ်ဖို့လည်း အထူးလိုအပ်ပါတယ်။ ဆရာဝန်က ဒီအခြေအနေတွေကို စမ်းသပ်စစ်ဆေး တွက်ချက် အဖြေရှာပေးနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ရောဂါတွေရှိနေပေမယ့် ‘ကြာဆေး’တွေကို အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ သုံးစွဲရတော့မယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်အောင် ဆရာဝန်က ကူညီလမ်းညွှန်ပေးပါလိမ့်မယ်။ ဆေးပမာဏကို ချိန်ဆပေးပါလိမ့်မယ်။ ကိုယ့်ဖာသာ ဆေးဆိုင်က စိတ်ထင်သလို ဝယ်သောက်ရင် အသက်အန္တရာယ်နဲ့ အင်မတန် နီးစပ်ပါတယ်။

ဒါ့အပြင် ပန်းသေပန်းညှိုးခြင်း (လိင်တံလုံးဝ/ကောင်းစွာ မထောင်မတ်နိုင်ခြင်း)ဟာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နေနိုင်ပါသေးတယ်။ ဒါဟာလည်း အရေးကြီးတဲ့ အချက်တချက်ပါ။ ဗြိတိန်နိုင်ငံမှာ ၂၀၁၃ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတခုအရ နှလုံးရုတ်တရက် ထိခိုက်ခြင်း ဒါမှမဟုတ် လေဖြတ်ခြင်း ဝေဒနာမခံစားရမီ ၃ – ၅ နှစ်အတွင်းမှာ ပန်းသေပန်းညှိုး ဖြစ်လာတတ်တယ်လို့ သိရပါတယ်။ ဘာလို့လဲဆိုတော့ သင့်လိင်တံဆီသွားတဲ့ သွေးကြောတွေမှာ နှလုံးသွေးကြောတွေထက် ၂ – ၄ ဆလောက်ထိ ပိုသေးငယ်တာမို့ သွေးကြောကျဉ်း၊သွေးကြောပိတ်တဲ့ ပြဿနာကို ဦးစွာခံစားရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ နှလုံးဆီသွားတဲ့ သွေးကြောအကြီးတွေပါ ပြဿနာတက်လာပြီး လေဖြတ်တာ၊ရုတ်တရက် နှလုံးရပ်တာမျိုး ဖြစ်ပေါ်လာပါတယ်။

‘ကြာဆေး’ကို သုံးစွဲကြသူ အမျိုးကောင်းသားတွေဟာ အမှန်တကယ် စိတ်သွားတိုင်း ကိုယ်မပါဖြစ်တာကြောင့် သုံးစွဲကြသူတွေရှိသလို ပို’ကဲ’ချင်လို့ သုံးစွဲကြသူတွေလည်း ဒုနဲ့ဒေးပါ။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ အခန့်မသင့်ရင် အသက်ပါ ပါသွားနိုင်တဲ့အပြင် ပန်းသေပန်းညှိုးခြင်းဟာလည်း နှလုံးပြဿနာတခုခုကို ကြိုတင်ညွှန်းဆိုနေတဲ့ နိမိတ်ပြလက္ခဏာတခု ဖြစ်နေနိုင်တာမို့ ဒီဆေးတွေကို သုံးစွဲကြတော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲတာ အကောင်းဆုံး ဖြစ်ပါကြောင်း မျှဝေလိုက်ရပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi)



ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
|
ေရးသားသူ Dr. Thiha Phyo Myint

စိတ္ထင္တိုင္း မေသာက္သင့္တဲ့ 'ၾကာေဆး'ေတြ

ပုံမွန္အားျဖင့္ ကိစၥတခုခုကို ေဆာင္ရြက္ရတဲ့အခါ ေႏွာင့္ေႏွးၾကန႔္ၾကာတာကို လူေတြမႀကိဳက္ၾကေပမယ့္ ၾကာေလပိုႀကိဳက္ေလဆိုတဲ့ ကိစၥတခုလည္း ရွိေနပါေသးတယ္။ ဒါကေတာ့ အားလုံး သိၾကတဲ့အတိုင္း ခ်စ္မႈေရးရာ လိင္ကိစၥပဲ ျဖစ္ပါတယ္။ ဒီကိစၥဟာ အစားအေသာက္၊အေနအထိုင္၊ေလ့က်င့္မႈ စတာေတြ အမ်ားႀကီးနဲ႔ သက္ဆိုင္ေပမယ့္ အလြယ္ကူဆုံး နည္းလမ္းျဖစ္တဲ့ ေသာက္ေဆးသုံးစြဲျခင္းကို လူအမ်ားစုက ေရြးခ်ယ္လိုက္ၾကပါေတာ့တယ္။ ေယဘုယ်အားျဖင့္ ဒီလိုေဆးေတြဟာ ဆရာဝန္ေဆးစာပါမွ ဝယ္ယူခြင့္ရွိတဲ့ ေဆးေတြျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔နိုင္ငံမွာေတာ့ ႀကိဳက္တဲ့လမ္းေဘးေဆးဆိုင္မွာ အလြယ္တကူ ေပ်ာ္ေပ်ာ္ႀကီး ဝယ္လို႔ရပါတယ္။ ဒီလိုဝယ္ယူနိုင္ျခင္းေၾကာင့္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ မ်ားစြာ ျဖစ္ေပၚလာရပါတယ္။ ဘယ္လိုမ်ိဳး ဆိုးက်ိဳးေတြ ေပၚေပါက္လာသလဲဆိုတာကို ၾကည့္လိုက္ၾကရေအာင္။

‘ၾကာေဆး’ေတြ ဘယ္လို အလုပ္လုပ္သလဲ

ဒီေဆးေတြရဲ့ ဆိုးက်ိဳးအေၾကာင္း မေျပာခင္ သူတို႔ေတြ ဘယ္လို အလုပ္လုပ္သလဲဆိုတာကို ဦးဆုံးေျပာဖို႔ လိုပါလိမ့္မယ္။ လိင္တံေထာင္မတ္နိုင္ဖို႔အတြက္ လိင္တံမွာ ရွိတဲ့ တစ္ရႉးေတြဆီကို ေသြးမ်ားမ်ားေရာက္ဖို႔ လိုပါတယ္။ ဒီေဆးေတြဟာ ေသြးေၾကာေတြကို က်ယ္ေစျခင္းအားျဖင့္ လိင္တံဆီ ေသြးမ်ားမ်ား ေရာက္ေစပါတယ္။ ဒါေပမယ့္ ျပႆနာက ေဆးရဲ့အာနိသင္ဟာ လိင္တံဆီသြားတဲ့ ေသြးေၾကာေတြကိုသာမက ခႏၶါကိုယ္တခုလုံးမွာ ရွိတဲ့ ေသြးေၾကာေတြကို က်ယ္ေစပါတယ္။ ဒီမွာ ဇာတ္လမ္းစ,ပါတယ္။

‘ၾကာေဆး’ေတြက ဘယ္လိုအႏၲရာယ္ရွိနိုင္သလဲ

ဗိုင္ယာဂရာ၊ဆီဒီရာ၊ကာဗာတာ၊မက္စ္မိတ္ အစရွိတဲ့ နာမည္အမ်ိဳးမ်ိဳးနဲ႔ ဝယ္ယူရရွိနိုင္တဲ့ ေဆးေတြဟာ Sildenafil ၅၀ မီလီဂရမ္၊၁၀၀ မီလီဂရမ္ စသျဖင့္ အစားစားပါဝင္ၿပီး သင့္ခႏၶါကိုယ္ရဲ့ ေသြးေၾကာေတြကို က်ယ္ေစတာမို႔ ေသြးေပါင္ခ်ိန္ကိုပါ က်သြားေစပါတယ္။ ေသြးေပါင္ခ်ိန္ အလြန္အကၽြံက်ဆင္းရင္ သင္ သတိလစ္သြားနိုင္ၿပီး ဦးေႏွာက္ဆီသြားတဲ့ ေသြးေၾကာေတြမွာပါ ေသြးေပါင္ခ်ိန္ အလြန္အမင္း က်ဆင္းလို႔ ဦးေႏွာက္ဆီ ေအာက္ဆီဂ်င္မေရာက္ေတာ့ဘူးဆိုရင္ ေလးငါးမိနစ္အတြင္းမွာကို သင္ေသသြားနိုင္ပါတယ္။

အသက္အရြယ္ႀကီးရင့္သူေတြ၊အျခားေသာ ေဆးဝါးမ်ား သုံးစြဲေနရသူေတြမွာ ပိုအႏၲရာယ္ရွိပါတယ္။ဥပမာ ရင္ဘတ္ေအာင့္ေဝဒနာေၾကာင့္ နိုက္ထရိတ္ေဆးဝါးတမ်ိဳးမ်ိဳး သုံးစြဲေနရသူေတြမွာ ‘ၾကာေဆး’ရဲ့ ေဘးထြက္ဆိုးက်ိဳးေတြ အျဖစ္အမ်ားဆုံးပါပဲ။ ဘာလို႔လဲဆိုေတာ့ နိုက္ထရိတ္ေဆးေတြရဲ့ အာနိသင္ကလည္း ေသြးေၾကာေတြကို က်ယ္ေစတဲ့အတြက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေနရာမွာ ဆရာဝန္ရဲ့ အခန္းက႑က အေရးပါလာပါတယ္။ ဒီေဆးေတြကို ဆရာဝန္ေဆးစာနဲ႔မွ ဘာလို႔ေရာင္းရတာလဲဆိုတဲ့ ေမးခြန္းအတြက္ အေျဖပါပဲ။ ဗိုင္ယာဂရာကဲ့သို႔ေသာ ေဆးေတြကို သုံးစြဲေတာ့မယ္ဆိုရင္ ေသြးတိုး၊ႏွလုံး၊ဆီးခ်ိဳ စတဲ့ ေရာဂါေတြ ရွိမေနဖို႔ လိုအပ္သလို အထက္မွာေဖာ္ျပခဲ့တဲ့ နိုက္ထရိတ္လိုေဆးမ်ိဳးကို သုံးစြဲေနသူ မဟုတ္ဖို႔လည္း အထူးလိုအပ္ပါတယ္။ ဆရာဝန္က ဒီအေျခအေနေတြကို စမ္းသပ္စစ္ေဆး တြက္ခ်က္ အေျဖရွာေပးနိုင္ပါတယ္။ ဒါ့အျပင္ အဆိုပါ ေရာဂါေတြရွိေနေပမယ့္ ‘ၾကာေဆး’ေတြကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မျဖစ္မေန သုံးစြဲရေတာ့မယ္ဆိုရင္လည္း ေဘးထြက္ဆိုးက်ိဳး အနည္းဆုံးျဖစ္ေအာင္ ဆရာဝန္က ကူညီလမ္းညႊန္ေပးပါလိမ့္မယ္။ ေဆးပမာဏကို ခ်ိန္ဆေပးပါလိမ့္မယ္။ ကိုယ့္ဖာသာ ေဆးဆိုင္က စိတ္ထင္သလို ဝယ္ေသာက္ရင္ အသက္အႏၲရာယ္နဲ႔ အင္မတန္ နီးစပ္ပါတယ္။

ဒါ့အျပင္ ပန္းေသပန္းညႇိုးျခင္း (လိင္တံလုံးဝ/ေကာင္းစြာ မေထာင္မတ္နိုင္ျခင္း)ဟာ ျပင္းထန္ဆိုးရြားတဲ့ ေရာဂါေတြရဲ့ ေရွ႕ေျပးလကၡဏာလည္း ျဖစ္ေနနိုင္ပါေသးတယ္။ ဒါဟာလည္း အေရးႀကီးတဲ့ အခ်က္တခ်က္ပါ။ ၿဗိတိန္နိုင္ငံမွာ ၂၀၁၃ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ သုေတသန စစ္တမ္းတခုအရ ႏွလုံး႐ုတ္တရက္ ထိခိုက္ျခင္း ဒါမွမဟုတ္ ေလျဖတ္ျခင္း ေဝဒနာမခံစားရမီ ၃ – ၅ ႏွစ္အတြင္းမွာ ပန္းေသပန္းညႇိုး ျဖစ္လာတတ္တယ္လို႔ သိရပါတယ္။ ဘာလို႔လဲဆိုေတာ့ သင့္လိင္တံဆီသြားတဲ့ ေသြးေၾကာေတြမွာ ႏွလုံးေသြးေၾကာေတြထက္ ၂ – ၄ ဆေလာက္ထိ ပိုေသးငယ္တာမို႔ ေသြးေၾကာက်ဥ္း၊ေသြးေၾကာပိတ္တဲ့ ျပႆနာကို ဦးစြာခံစားရတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ႏွလုံးဆီသြားတဲ့ ေသြးေၾကာအႀကီးေတြပါ ျပႆနာတက္လာၿပီး ေလျဖတ္တာ၊႐ုတ္တရက္ ႏွလုံးရပ္တာမ်ိဳး ျဖစ္ေပၚလာပါတယ္။

‘ၾကာေဆး’ကို သုံးစြဲၾကသူ အမ်ိဳးေကာင္းသားေတြဟာ အမွန္တကယ္ စိတ္သြားတိုင္း ကိုယ္မပါျဖစ္တာေၾကာင့္ သုံးစြဲၾကသူေတြရွိသလို ပို’ကဲ’ခ်င္လို႔ သုံးစြဲၾကသူေတြလည္း ဒုနဲ႔ေဒးပါ။ အထက္မွာ ေဖာ္ျပခဲ့တဲ့အတိုင္း ဒီေဆးေတြရဲ့ ေဘးထြက္ဆိုးက်ိဳးေတြဟာ အခန႔္မသင့္ရင္ အသက္ပါ ပါသြားနိုင္တဲ့အျပင္ ပန္းေသပန္းညႇိုးျခင္းဟာလည္း ႏွလုံးျပႆနာတခုခုကို ႀကိဳတင္ညႊန္းဆိုေနတဲ့ နိမိတ္ျပလကၡဏာတခု ျဖစ္ေနနိုင္တာမို႔ ဒီေဆးေတြကို သုံးစြဲၾကေတာ့မယ္ဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွ သုံးစြဲတာ အေကာင္းဆုံး ျဖစ္ပါေၾကာင္း မၽွေဝလိုက္ရပါတယ္။

Hello Health Groupသည္ေဆးပညာအႀကံျပဳခ်က္မ်ား၊ ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

မူလေရးသားတင္ဆက္သူ - Hello ဆရာ၀န္​ 

No comments: