Sunday, June 21, 2020

ရှီးပဒီး (Cordycpes) မှတ်စု (အပိုင်း တစ်)


ရှီးပဒီးသည် အပင်နှင့် သတ္တဝါ (၂) မျိုးပေါင်းစပ်ထားသောသဘာဝဆေးဖက်ဝင် ပစ္စည်းတစ်ခု ဖြစ်ပါသည်။ Cordycpes ဟု သိပ္ပံနည်းကျ ခေါ်ကြပြီး အင်္ဂလိပ်အမည်မှာ Caterpillar fungus  ဖြစ်ပါသည်။ မြန်မာပြည်ရှိ ဒေသအလိုက် ခေါ်ဆိုသောအမည်များမှာ ရှီးပဒီး၊ ပိုးဆေးနွယ်ရှင်၊ ဆောင်းပိုး‌နွေမြက် တို့ဖြစ်သည်။

ရှီးပဒီးသည် ပေတစ်သောင်းကျော်ရှိသည့် ရေခဲတောင်များ၌သာ ရှင်သန်ပေါက်ပွားနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ယင်းတို့ အများဆုံးရှင်သန်သည့်ဒေသမှာ တိဘက်ကုန်းမြင့်ဒေသနှင့် ဟိမဝန္တာ ရေခဲတောင်တန်းဒေသများဖြစ်သည်။ ယင်းဒေသများမှာ တိဘက်၊ နီပေါနိုင်ငံမြောက်ပိုင်း၊ ဘူတန်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ဒေသနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ရေခဲတောင်ဒေသတို့တွင်သာ တွေ့ရပါသည်။ ကျန်ကမ္ဘာ့နိုင်ငံများတွင် ရေခဲတောင်များရှိသော်လည်း ရှီးပဒီးကို မတွေ့ရပါ။ မြန်မာနိုင်ငံတွင် ပူတာအိုမြို့၏ မြောက်ဘက် ရေခဲတောင်ရှိရာအရပ်များတွင်သာ သဘာဝအလျောက် တွေ့ရလေ့ရှိသည်။

ယင်းတို့ရှင်သန်ပေါက်ပွားရန် ရေခဲမှတ်အောက်အေးနေရန် လိုအပ်ခြင်း၊ အောက်ဆီဂျင်လျော့နည်းသော ပတ်ဝန်းကျင်တွင်သာ နေနိုင်ခြင်းတို့ကြောင့် တော်ရုံနေရာတွင် မပေါက်ပွားနိုင်၍ ရှားပါးအဖိုးတန်ရခြင်းဖြစ်သည်။

ရှီးပဒီးကို ရိုးရာတိုင်းရင်းဆေး၌အသုံးပြုပုံ
===========================
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် ရှီးပဒီးကို တရုတ်ရိုးရာတိုင်းရင်းဆေးပညာ၌ အသုံးပြုခဲ့သည်ဟု ယူဆခဲ့ကြသည်။ သို့ရာတွင် အစောဆုံး စာပေအထောက်အထားအနေနှင့် ၁၇၅၇ ခုနှစ် ချင်မင်းဆက် (Qing Dynasty) လက်ထက်မှသာ စတင်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ထိုအချိန်ကာလက ရေးသားထုတ်ဝေခဲ့သော Ben-Cao-Cong-Xin (New Compilation of Materia Medica) စာအုပ်တွင် ရှီးပဒီးသည် ရောဂါအများစုကို ပျောက်ကင်းစေနိုင်သည့် အလွန်ရှားပါးပြီး တန်ဖိုးကြီးမြင့်သော သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယင်း၏ ရှားပါးခြင်း၊ တန်ဖိုးကြီးမြင့်ခြင်းနှင့် အစွမ်းအာနိသင် ထက်မြက်ခြင်းတို့ကြောင့် ဧကရာဇ်ဘုရင်ကိုသာ ကုသပေးရန်အတွက် သီးခြားထားရှိခဲ့ကြောင်းကို ရေးသားဖော်ပြထားပါသည်။

ယင်းသို့ကုသရာတွင် ကျောက်ကပ်ရောဂါအမျိုးမျိုး၊ အဆုတ်ရောဂါအမျိုးမျိုး၊ နှလုံးအားနည်းခြင်း၊ အသည်းရောဂါနှင့် အဆီများသောရောဂါများအတွက် အဓိကအသုံးပြုခဲ့ကြသည်။ ထူးခြားမှုအနေနှင့် လိင်စိတ်တက်ကြွစေရန် လှုံ့ဆော်ရာတွင်လည်းကောင်း၊ သားသမီးမရသူများ သန္ဓေအောင်စေရန်လည်းကောင်း အသုံးပြုရာ၌ ထိရောက်မှုရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။ ရှေးခေတ်ကပင်ရှိခဲ့သည့် အလုံးအကျိတ် ကင်ဆာအမျိုးမျိုးကိုပါ သက်သာပျောက်ကင်းစေကြောင်းလည်း သိရပါသည်။

ရှီးပဒီးကို ဖြည့်စွက်အာဟာရအဖြစ်အသုံးပြုပုံ
==============================
ရှီးပဒီးသည် ရောဂါအများစုကို သက်သာပျောက်ကင်းစေရန် ကုသရာတွင် အသုံးပြုနိုင်သည့်အပြင် ကျန်းမာရေးပုံမှန်ကောင်းမွန်စေရန်အတွက် ဖြည့်စွက်အာဟာရအဖြစ်လည်း သုံးစွဲနိုင်ပါသည်။ ထိုကဲ့သို့သုံးစွဲခြင်းဖြင့် ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း၊ မောပန်းမှုကို ပြေပျောက်စေခြင်းနှင့် သက်လုံကောင်းစေခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေပါသည်။

ရှီးပဒီးကို ဖြည့်စွက်အာဟာရအဖြစ် အသုံးပြုရာတွင် ရေနွေးကြမ်းသောက်သကဲ့သို့ ရေနွေးပူပူထဲ၌ စိမ်၍သောက်ခြင်းဖြင့် ထူးခြားသော ဆေးဖက်ဝင်အာနိသင်များကို ရရှိစေပါသည်။ ရှီးပဒီး လက်ဖက်ရည်ကြမ်းကို  တရုတ်ပြည်၊ တိဘက်နှင့်  ဘူတန်နိုင်ငံတို့တွင် အထူးဧည့်သည်များကို  ကြိုဆိုသည့်အနေနှင့် အသုံးပြုလေ့ရှိသည်။


ရှီးပဒီးသည် လူစား၍ရသော မှိုတစ်မျိုးဖြစ်သောကြောင့် ဒေသခံများက ဟင်းလျာအဖြစ်လည်း (Culinary uses) ချက်ပြုတ်စားသောက်လေ့ရှိသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ကြက်သား၊ ဘဲသား၊ ဝက်သား၊ ပုစွန်တို့နှင့် ချက်ပြုတ်ပါက လွန်စွာအရသာရှိကြောင်း သိရပါသည်။ ထူးကဲသောအရသာရှိသည့်အပြင် ကျန်းမာရေးကို  အထောက်အကူပြုသည်ဟု ယုံကြည်ကြသဖြင့် ဈေးကြီးပေးပြီး ဝယ်ယူစားသုံးလေ့ရှိပါသည်။

#Cordyceps

ရှီးပဒီးနှင့် ကျောက်ကပ်ရောဂါ
====================
တရုတ်ရိုးရာတိုင်းရင်းဆေး (Traditional Chinese Medicine) စာအုပ်များတွင် ဖော်ပြချက်အရ ရှီးပဒီးသည် နာတာရှည်ကျောက်ကပ်ရောဂါ အမျိုးမျိုးကိုလည်း ကာကွယ်ကုသနိုင်ကြောင်း သိရှိရပါသည်။ နာတာရှည်ကျောက်ကပ်ရောဂါများမှာ-

💥 နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း (Chronic renal failure/CRF)
💥 နာတာရှည်ကျောက်ကပ်ရောင်ရမ်းခြင်းရောဂါများ  (Chronic glomerulonephritis)
💥 ကျောက်ကပ်ပျက်စီးမှုကြောင့် သွေးအတွင်းပရိုတင်းဓာတ်များ လျော့နည်းလာခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း စသည့်လက္ခဏာများ (Nephrotic syndrome) ဖြစ်သည်။

ကျောက်ကပ်ပျက်စီးမှုကြောင့် ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ ဖောရောင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း အစရှိသော ရောဂါဝေဒနာများ ခံစားရလေ့ရှိပါသည်။

တရုတ်သုတေသီများသည် ထိုကျောက်ကပ်ရောဂါများကို ကာကွယ်၊ ကုသနိုင်ရန် ရှီးပဒီးကိုအသုံးပြု၍ လူနှင့်တိရစ္ဆာန်တို့တွင် သိပ္ပ္ပံနည်းကျစမ်းသပ်လေ့လာမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့လေ့လာရာတွင် ကျောက်ကပ်၏စွမ်းဆောင်ရည် ကောင်းမွန်လာစေရန် နှင့် ဓာတုဆေးများသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ကျောက်ကပ်ပျက်စီးမှုများကို တားဆီးနိုင်ရန် အဓိကထားဆောင်ရွက်ခဲ့ကြသည်။

ကျောက်ကပ်၏လုပ်ဆောင်မှု သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်း၊ သွေးရည်ကြည်အတွင်းမှ ခရီရေတနင်းဓာတ်များကို ဖယ်ရှားနိုင်ခြင်း၊ ဆီးနှင့် သွေးအတွင်း အညစ်အကြေးပါဝင်မှု လျော့နည်းလာခြင်း၊ သွေးစီးဆင်းလည်ပတ်မှု ကောင်းမွန်လာခြင်းတို့ကို တွေ့ရှိရပါသည်။ ထို့ကြောင့် တိရစ္ဆာန်နှင့်လူများတွင် လေ့လာတွေ့ရှိချက်များအရ ရှီးပဒီးသည် နာတာရှည်ကျောက်ကပ်ရောဂါများကို ကာကွယ်၊ ကုသရာတွင် များစွာအထောက်အကူပြုကြောင်း သိရှိရပါသည်။

ရှီးပဒီး (Cordycpes) နှင့် သုံးစွဲနိုင်သောရောဂါများ (၁)



မျိုးပွားစနစ်ဆိုင်ရာရောဂါများ
===================
အမျိုးသားများပုံမှန်သောက်သုံးပါက မျိုးပွားအင်္ဂါအရွယ်အစား ပိုမိုကြီးထွားစေရန် အထောက်အကူပြုခြင်း၊ သုက်လွှတ်စောခြင်းကို ပျောက်ကင်းစေခြင်း၊ ပန်းသေပန်းညှိုးရောဂါကို သက်သာပျောက်ကင်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။ အမျိုးသမီးများတွင် ရာသီသွေးမှန်စေပြီး မျိုးပွားအင်္ဂါခြောက်သွေ့ခြင်းမဖြစ်စေရန် ကာကွယ်ပေးပါသည်။

နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ
========================
နှလုံးသွေးကြောကျဉ်းရောဂါသည်များ၊ သွေးတိုးရောဂါကြောင့် နှလုံးအလုပ်များများလုပ်နေရသူများ၊ နှလုံးခုန်မမှန်သူများ၊ နှလုံးကြွက်သားအားနည်းသူများ စားသုံးပါက များစွာအကျိုးရှိပါသည်။ နှလုံးကြွက်သားများ၏ အောက်ဆီဂျင်ဓာတ်လိုအပ်ချက်ကို လျော့နည်းအောင် ပြုလုပ်ပေးသဖြင့် ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်းတို့ကို သက်သာစေပါသည်။ နှလုံးသွေးကြောမပိတ်စေရန် ကာကွယ်ပေးပါသည်။

အသည်းနှင့် သည်းခြေအိတ်အဖွဲ့ဆိုင်ရာရောဂါများ
================================
အသည်းအဆီဖုံးရောဂါများ၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။ ထူခြားမှုအနေနှင့် အသည်းရောင်အသားဝါ ဘီပိုး၏အခွံ (HBsAg) ပျောက်ကင်းစေကြောင်း သုတေသနစာတမ်းတစ်ခုက တွေ့ရှိချက်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ နာတာရှည်ဘီပိုးရောဂါ ပျောက်ကင်းအောင်ကုသရာ၌ များစွာအစွမ်းထက်သော သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်သည်။

#Cordyceps

ရှီးပဒီး (Cordycpes) နှင့် သုံးစွဲနိုင်သောရောဂါများ (၂)

ကင်ဆာရောဂါအမျိုးမျိုး
================
ရှီးပဒီးတွင်ပါဝင်သော ကော်ဒီဆက်ပင် (Cordycepin) များကြောင့် ကင်ဆာဆဲလ်များ ပွားများမှုကို ထိန်းချုပ်ပေးပါသည်။ အထူးသဖြင့် သွေးကင်ဆာတစ်မျိုးဖြစ်သည့် လူကီးမီးယား (Leukaemia) ရောဂါကိုကုသရာ၌ များစွာအထောက်အကူပြုပါသည်။ အခြားကင်ဆာများဖြစ်သည့်လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အရေပြားကင်ဆာတို့တွင်လည်း ထိရောက်မှုရှိပါသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
===========================
သလိပ်ကိုပျော်စေပြီး ချွဲများအဖြစ်သို့ အလွယ်တကူထွက်စေရန်
လှုံ့ဆော်နိုင်စွမ်းရှိပါသည်။ အထူးသဖြင့် ပန်းနာရင်ကျပ်လူနာများ၊ နာတာရှည် အဆုတ်လေပြွန်ရောင်ရမ်းသောရောဂါများ (Chronic bronchitis) ပုံမှန်သောက်သုံးပါက များစွာအကျိုးရှိပါသည်။

ခန္ဓာကိုယ်ခုခံအားကျဆင်းနေသူများ
=======================
ခုခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်သောအာနိသင်ရှိပြီး အင်တာဖရွန် (Interferon) ထွက်ရှိအောင်ဆောင်ရွက်ပေးသည်။ သွေးဖြူဥများ၏ ဘတ်တီးရီးယားကို တိုက်ခိုက်ဖျက်ဆီးနိုင်မှုကို တိုးတက်မြင့်မားစေသည်။ ထို့ကြောင့် ခုခံအားကျဆင်းနေသူများ၊ မကြာခဏဖျားနာလေ့ရှိသူများအတွက် အထူးသင့်လျော်ပါသည်။

ဆီးချိုသွေးချိုဝေဒနာရှင်များ
===================
ရှီးပဒီးသည် သွေးတွင်းရှိ ဂလူးကို့စ်ကို ကျဆင်းစေသဖြင့် ဆီးချိုသွေးချိုရောဂါသည်များသောက်သုံးပါက များစွာအကျိုးရှိပါသည်။ ယင်း၏လုပ်ငန်းဆောင်ရွက်မှုမှာ မက်ဖော်မင် (Metformin) ဆေးနှင့်အာနိသင်တူသဖြင့် ကျောက်ကပ်မကောင်းသည့်သူများတွင် မက်ဖော်မင်အစား သောက်သုံးနိုင်ပါသည်။

နာလန်ထစလူမမာများ
===============
ရှီးပဒီးသည် ခွန်အားကိုဖြစ်စေသဖြင့် အသက်ကြီးသူများ၊ နာလန်ထစလူမမာများအတွက် အထူးသင့်လျော်သည်။ အားကစားသမားများ စားသုံးပါက အမောခံနိုင်ပြီး သက်လုံကောင်းစေသောကြောင့် စံချိန်များတက်စေရန် အထောက်အကူပြုပါသည်။

သွေးတွင်းအဆီများခြင်း
================
သွေးတွင်းကိုလက်စထရော များနေသူများ၊ မကောင်းသောအဆီဓာတ် (LDL)  များနေသူများသုံးပါက ထိရောက်စွာ ကျဆင်းစေသည့်အပြင် ကောင်းသောအဆီဓာတ်ဖြစ်သည့် HDL များ တစ်ခဏချင်းမြင့်တက်လာသည်ကို တွေ့ရပါသည်။

#Cordycpes

Credit: ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals)

(Zawgyi)


ရွီးပဒီးသည္ အပင္ႏွင့္ သတၱဝါ (၂) မ်ိဳးေပါင္းစပ္ထားေသာသဘာ၀ေဆးဖက္ဝင္ ပစၥည္းတစ္ခု ျဖစ္ပါသည္။ Cordycpes ဟု သိပၸံနည္းက် ေခၚၾကၿပီး အဂၤလိပ္အမည္မွာ Caterpillar fungus  ျဖစ္ပါသည္။ ျမန္မာျပည္ရွိ ေဒသအလိုက္ ေခၚဆိုေသာအမည္မ်ားမွာ ရွီးပဒီး၊ ပိုးေဆးႏြယ္ရွင္၊ ေဆာင္းပိုး‌ေႏြျမက္ တို့ျဖစ္သည္။

ရွီးပဒီးသည္ ေပတစ္ေသာင္းေက်ာ္ရွိသည့္ ေရခဲေတာင္မ်ား၌သာ ရွင္သန္ေပါက္ပြားနိုင္ပါသည္။ ကမၻာေပၚတြင္ ယင္းတို့ အမ်ားဆုံးရွင္သန္သည့္ေဒသမွာ တိဘက္ကုန္းျမင့္ေဒသႏွင့္ ဟိမဝႏၲာ ေရခဲေတာင္တန္းေဒသမ်ားျဖစ္သည္။ ယင္းေဒသမ်ားမွာ တိဘက္၊ နီေပါနိုင္ငံေျမာက္ပိုင္း၊ ဘူတန္နိုင္ငံ၊ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ အေနာက္ေတာင္ေဒသႏွင့္ ျမန္မာနိုင္ငံေျမာက္ပိုင္း ကခ်င္ျပည္နယ္ ေရခဲေတာင္ေဒသတို့တြင္သာ ေတြ႕ရပါသည္။ က်န္ကမၻာ့နိုင္ငံမ်ားတြင္ ေရခဲေတာင္မ်ားရွိေသာ္လည္း ရွီးပဒီးကို မေတြ႕ရပါ။ ျမန္မာနိုင္ငံတြင္ ပူတာအိုၿမိဳ့၏ ေျမာက္ဘက္ ေရခဲေတာင္ရွိရာအရပ္မ်ားတြင္သာ သဘာဝအေလ်ာက္ ေတြ႕ရေလ့ရွိသည္။

ယင္းတို့ရွင္သန္ေပါက္ပြားရန္ ေရခဲမွတ္ေအာက္ေအးေနရန္ လိုအပ္ျခင္း၊ ေအာက္ဆီဂ်င္ေလ်ာ့နည္းေသာ ပတ္ဝန္းက်င္တြင္သာ ေနနိုင္ျခင္းတို့ေၾကာင့္ ေတာ္႐ုံေနရာတြင္ မေပါက္ပြားနိုင္၍ ရွားပါးအဖိုးတန္ရျခင္းျဖစ္သည္။

ရွီးပဒီးကို ရိုးရာတိုင္းရင္းေဆး၌အသုံးျပဳပုံ
===========================
လြန္ခဲ့ေသာ ႏွစ္ေထာင္ေပါင္းမ်ားစြာကပင္ ရွီးပဒီးကို တ႐ုတ္ရိုးရာတိုင္းရင္းေဆးပညာ၌ အသုံးျပဳခဲ့သည္ဟု ယူဆခဲ့ၾကသည္။ သို့ရာတြင္ အေစာဆုံး စာေပအေထာက္အထားအေနႏွင့္ ၁၇၅၇ ခုႏွစ္ ခ်င္မင္းဆက္ (Qing Dynasty) လက္ထက္မွသာ စတင္ေဖာ္ျပထားသည္ကို ေတြ႕ရွိရပါသည္။ ထိုအခ်ိန္ကာလက ေရးသားထုတ္ေဝခဲ့ေသာ Ben-Cao-Cong-Xin (New Compilation of Materia Medica) စာအုပ္တြင္ ရွီးပဒီးသည္ ေရာဂါအမ်ားစုကို ေပ်ာက္ကင္းေစနိုင္သည့္ အလြန္ရွားပါးၿပီး တန္ဖိုးႀကီးျမင့္ေသာ သဘာဝေဆးစြမ္းေကာင္းတစ္လက္ျဖစ္ေၾကာင္း ေဖာ္ျပထားပါသည္။ ယင္း၏ ရွားပါးျခင္း၊ တန္ဖိုးႀကီးျမင့္ျခင္းႏွင့္ အစြမ္းအာနိသင္ ထက္ျမက္ျခင္းတို့ေၾကာင့္ ဧကရာဇ္ဘုရင္ကိုသာ ကုသေပးရန္အတြက္ သီးျခားထားရွိခဲ့ေၾကာင္းကို ေရးသားေဖာ္ျပထားပါသည္။

ယင္းသို့ကုသရာတြင္ ေက်ာက္ကပ္ေရာဂါအမ်ိဳးမ်ိဳး၊ အဆုတ္ေရာဂါအမ်ိဳးမ်ိဳး၊ ႏွလုံးအားနည္းျခင္း၊ အသည္းေရာဂါႏွင့္ အဆီမ်ားေသာေရာဂါမ်ားအတြက္ အဓိကအသုံးျပဳခဲ့ၾကသည္။ ထူးျခားမွုအေနႏွင့္ လိင္စိတ္တက္ႂကြေစရန္ လွုံ႔ေဆာ္ရာတြင္လည္းေကာင္း၊ သားသမီးမရသူမ်ား သေႏၶေအာင္ေစရန္လည္းေကာင္း အသုံးျပဳရာ၌ ထိေရာက္မွုရွိေၾကာင္း မွတ္တမ္းမ်ားအရ သိရပါသည္။ ေရွးေခတ္ကပင္ရွိခဲ့သည့္ အလုံးအက်ိတ္ ကင္ဆာအမ်ိဳးမ်ိဳးကိုပါ သက္သာေပ်ာက္ကင္းေစေၾကာင္းလည္း သိရပါသည္။

ရွီးပဒီးကို ျဖည့္စြက္အာဟာရအျဖစ္အသုံးျပဳပုံ
==============================
ရွီးပဒီးသည္ ေရာဂါအမ်ားစုကို သက္သာေပ်ာက္ကင္းေစရန္ ကုသရာတြင္ အသုံးျပဳနိုင္သည့္အျပင္ က်န္းမာေရးပုံမွန္ေကာင္းမြန္ေစရန္အတြက္ ျဖည့္စြက္အာဟာရအျဖစ္လည္း သုံးစြဲနိုင္ပါသည္။ ထိုကဲ့သို့သုံးစြဲျခင္းျဖင့္ ကိုယ္ခံအားစနစ္ေကာင္းမြန္ေစျခင္း၊ ေမာပန္းမွုကို ေျပေပ်ာက္ေစျခင္းႏွင့္ သက္လုံေကာင္းေစျခင္းစသည့္ ေကာင္းက်ိဳးမ်ားစြာ ရရွိေစပါသည္။

ရွီးပဒီးကို ျဖည့္စြက္အာဟာရအျဖစ္ အသုံးျပဳရာတြင္ ေရေႏြးၾကမ္းေသာက္သကဲ့သို့ ေရေႏြးပူပူထဲ၌ စိမ္၍ေသာက္ျခင္းျဖင့္ ထူးျခားေသာ ေဆးဖက္ဝင္အာနိသင္မ်ားကို ရရွိေစပါသည္။ ရွီးပဒီး လက္ဖက္ရည္ၾကမ္းကို  တ႐ုတ္ျပည္၊ တိဘက္ႏွင့္  ဘူတန္နိုင္ငံတို့တြင္ အထူးဧည့္သည္မ်ားကို  ႀကိဳဆိုသည့္အေနႏွင့္ အသုံးျပဳေလ့ရွိသည္။


ရွီးပဒီးသည္ လူစား၍ရေသာ မွိုတစ္မ်ိဳးျဖစ္ေသာေၾကာင့္ ေဒသခံမ်ားက ဟင္းလ်ာအျဖစ္လည္း (Culinary uses) ခ်က္ျပဳတ္စားေသာက္ေလ့ရွိသည္ကို ေတြ႕ရွိရပါသည္။ အထူးသျဖင့္ ၾကက္သား၊ ဘဲသား၊ ဝက္သား၊ ပုစြန္တို့ႏွင့္ ခ်က္ျပဳတ္ပါက လြန္စြာအရသာရွိေၾကာင္း သိရပါသည္။ ထူးကဲေသာအရသာရွိသည့္အျပင္ က်န္းမာေရးကို  အေထာက္အကူျပဳသည္ဟု ယုံၾကည္ၾကသျဖင့္ ေဈးႀကီးေပးၿပီး ဝယ္ယူစားသုံးေလ့ရွိပါသည္။

#Cordyceps

ရွီးပဒီးႏွင့္ ေက်ာက္ကပ္ေရာဂါ
====================
တ႐ုတ္ရိုးရာတိုင္းရင္းေဆး (Traditional Chinese Medicine) စာအုပ္မ်ားတြင္ ေဖာ္ျပခ်က္အရ ရွီးပဒီးသည္ နာတာရွည္ေက်ာက္ကပ္ေရာဂါ အမ်ိဳးမ်ိဳးကိုလည္း ကာကြယ္ကုသနိုင္ေၾကာင္း သိရွိရပါသည္။ နာတာရွည္ေက်ာက္ကပ္ေရာဂါမ်ားမွာ-

💥 နာတာရွည္ေက်ာက္ကပ္ပ်က္စီးျခင္း (Chronic renal failure/CRF)
💥 နာတာရွည္ေက်ာက္ကပ္ေရာင္ရမ္းျခင္းေရာဂါမ်ား  (Chronic glomerulonephritis)
💥 ေက်ာက္ကပ္ပ်က္စီးမွုေၾကာင့္ ေသြးအတြင္းပရိုတင္းဓာတ္မ်ား ေလ်ာ့နည္းလာျခင္း၊ ခႏၶာကိုယ္ေဖာေရာင္ျခင္း စသည့္လကၡဏာမ်ား (Nephrotic syndrome) ျဖစ္သည္။

ေက်ာက္ကပ္ပ်က္စီးမွုေၾကာင့္ ခႏၶာကိုယ္နာက်င္ကိုက္ခဲျခင္း၊ ေဖာေရာင္ျခင္း၊ ေမာပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ဖ်ားနာျခင္း၊ ႏွာရည္ယိုျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ လည္ေခ်ာင္းနာျခင္း အစရွိေသာ ေရာဂါေဝဒနာမ်ား ခံစားရေလ့ရွိပါသည္။

တ႐ုတ္သုေတသီမ်ားသည္ ထိုေက်ာက္ကပ္ေရာဂါမ်ားကို ကာကြယ္၊ ကုသနိုင္ရန္ ရွီးပဒီးကိုအသုံးျပဳ၍ လူႏွင့္တိရစၧာန္တို့တြင္ သိပၸၸံနည္းက်စမ္းသပ္ေလ့လာမွုမ်ား ျပဳလုပ္ခဲ့ၾကပါသည္။ ထိုသို့ေလ့လာရာတြင္ ေက်ာက္ကပ္၏စြမ္းေဆာင္ရည္ ေကာင္းမြန္လာေစရန္ ႏွင့္ ဓာတုေဆးမ်ားသုံးစြဲျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ ေက်ာက္ကပ္ပ်က္စီးမွုမ်ားကို တားဆီးနိုင္ရန္ အဓိကထားေဆာင္ရြက္ခဲ့ၾကသည္။

ေက်ာက္ကပ္၏လုပ္ေဆာင္မွု သိသိသာသာ တိုးတက္ေကာင္းမြန္လာျခင္း၊ ေသြးရည္ၾကည္အတြင္းမွ ခရီေရတနင္းဓာတ္မ်ားကို ဖယ္ရွားနိုင္ျခင္း၊ ဆီးႏွင့္ ေသြးအတြင္း အညစ္အေၾကးပါဝင္မွု ေလ်ာ့နည္းလာျခင္း၊ ေသြးစီးဆင္းလည္ပတ္မွု ေကာင္းမြန္လာျခင္းတို့ကို ေတြ႕ရွိရပါသည္။ ထို့ေၾကာင့္ တိရစၧာန္ႏွင့္လူမ်ားတြင္ ေလ့လာေတြ႕ရွိခ်က္မ်ားအရ ရွီးပဒီးသည္ နာတာရွည္ေက်ာက္ကပ္ေရာဂါမ်ားကို ကာကြယ္၊ ကုသရာတြင္ မ်ားစြာအေထာက္အကူျပဳေၾကာင္း သိရွိရပါသည္။


ရွီးပဒီး (Cordycpes) ႏွင့္ သုံးစြဲနိုင္ေသာေရာဂါမ်ား (၁)

မ်ိဳးပြားစနစ္ဆိုင္ရာေရာဂါမ်ား
===================
အမ်ိဳးသားမ်ားပုံမွန္ေသာက္သုံးပါက မ်ိဳးပြားအဂၤါအရြယ္အစား ပိုမိုႀကီးထြားေစရန္ အေထာက္အကူျပဳျခင္း၊ သုက္လႊတ္ေစာျခင္းကို ေပ်ာက္ကင္းေစျခင္း၊ ပန္းေသပန္းညႇိုးေရာဂါကို သက္သာေပ်ာက္ကင္းေစျခင္း စသည့္အက်ိဳးေက်းဇူးမ်ား ရရွိေစပါသည္။ အမ်ိဳးသမီးမ်ားတြင္ ရာသီေသြးမွန္ေစၿပီး မ်ိဳးပြားအဂၤါေျခာက္ေသြ႕ျခင္းမျဖစ္ေစရန္ ကာကြယ္ေပးပါသည္။

ႏွလုံးႏွင့္ ေသြးေၾကာဆိုင္ရာေရာဂါမ်ား
========================
ႏွလုံးေသြးေၾကာက်ဥ္းေရာဂါသည္မ်ား၊ ေသြးတိုးေရာဂါေၾကာင့္ ႏွလုံးအလုပ္မ်ားမ်ားလုပ္ေနရသူမ်ား၊ ႏွလုံးခုန္မမွန္သူမ်ား၊ ႏွလုံးႂကြက္သားအားနည္းသူမ်ား စားသုံးပါက မ်ားစြာအက်ိဳးရွိပါသည္။ ႏွလုံးႂကြက္သားမ်ား၏ ေအာက္ဆီဂ်င္ဓာတ္လိုအပ္ခ်က္ကို ေလ်ာ့နည္းေအာင္ ျပဳလုပ္ေပးသျဖင့္ ရင္ဘတ္ေအာင့္ျခင္း၊ ေမာပန္းျခင္းတို့ကို သက္သာေစပါသည္။ ႏွလုံးေသြးေၾကာမပိတ္ေစရန္ ကာကြယ္ေပးပါသည္။

အသည္းႏွင့္ သည္းေျခအိတ္အဖြဲ႕ဆိုင္ရာေရာဂါမ်ား
================================
အသည္းအဆီဖုံးေရာဂါမ်ား၊ အသည္းေရာင္ျခင္း၊ အသည္းေျခာက္ျခင္းတို့ကို သက္သာေပ်ာက္ကင္းေစသည္။ ထူျခားမွုအေနႏွင့္ အသည္းေရာင္အသားဝါ ဘီပိုး၏အခြံ (HBsAg) ေပ်ာက္ကင္းေစေၾကာင္း သုေတသနစာတမ္းတစ္ခုက ေတြ႕ရွိခ်က္မွာ စိတ္ဝင္စားဖြယ္ေကာင္းလွပါသည္။ နာတာရွည္ဘီပိုးေရာဂါ ေပ်ာက္ကင္းေအာင္ကုသရာ၌ မ်ားစြာအစြမ္းထက္ေသာ သဘာဝေဆးစြမ္းေကာင္းတစ္လက္ျဖစ္သည္။

#Cordyceps

ရွီးပဒီး (Cordycpes) ႏွင့္ သုံးစြဲနိုင္ေသာေရာဂါမ်ား (၂)

ကင္ဆာေရာဂါအမ်ိဳးမ်ိဳး
================
ရွီးပဒီးတြင္ပါဝင္ေသာ ေကာ္ဒီဆက္ပင္ (Cordycepin) မ်ားေၾကာင့္ ကင္ဆာဆဲလ္မ်ား ပြားမ်ားမွုကို ထိန္းခ်ဳပ္ေပးပါသည္။ အထူးသျဖင့္ ေသြးကင္ဆာတစ္မ်ိဳးျဖစ္သည့္ လူကီးမီးယား (Leukaemia) ေရာဂါကိုကုသရာ၌ မ်ားစြာအေထာက္အကူျပဳပါသည္။ အျခားကင္ဆာမ်ားျဖစ္သည့္လည္ေခ်ာင္းကင္ဆာ၊ အဆုတ္ကင္ဆာႏွင့္ အေရျပားကင္ဆာတို့တြင္လည္း ထိေရာက္မွုရွိပါသည္။

အသက္ရွူလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ား
===========================
သလိပ္ကိုေပ်ာ္ေစၿပီး ခၽြဲမ်ားအျဖစ္သို့ အလြယ္တကူထြက္ေစရန္
လွုံ႔ေဆာ္နိုင္စြမ္းရွိပါသည္။ အထူးသျဖင့္ ပန္းနာရင္က်ပ္လူနာမ်ား၊ နာတာရွည္ အဆုတ္ေလႁပြန္ေရာင္ရမ္းေသာေရာဂါမ်ား (Chronic bronchitis) ပုံမွန္ေသာက္သုံးပါက မ်ားစြာအက်ိဳးရွိပါသည္။

ခႏၶာကိုယ္ခုခံအားက်ဆင္းေနသူမ်ား
=======================
ခုခံအားစနစ္ကို လွုံ႔ေဆာ္ေပးနိုင္ေသာအာနိသင္ရွိၿပီး အင္တာဖရြန္ (Interferon) ထြက္ရွိေအာင္ေဆာင္ရြက္ေပးသည္။ ေသြးျဖဴဥမ်ား၏ ဘတ္တီးရီးယားကို တိုက္ခိုက္ဖ်က္ဆီးနိုင္မွုကို တိုးတက္ျမင့္မားေစသည္။ ထို့ေၾကာင့္ ခုခံအားက်ဆင္းေနသူမ်ား၊ မၾကာခဏဖ်ားနာေလ့ရွိသူမ်ားအတြက္ အထူးသင့္ေလ်ာ္ပါသည္။

ဆီးခ်ိဳေသြးခ်ိဳေဝဒနာရွင္မ်ား
===================
ရွီးပဒီးသည္ ေသြးတြင္းရွိ ဂလူးကို့စ္ကို က်ဆင္းေစသျဖင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါသည္မ်ားေသာက္သုံးပါက မ်ားစြာအက်ိဳးရွိပါသည္။ ယင္း၏လုပ္ငန္းေဆာင္ရြက္မွုမွာ မက္ေဖာ္မင္ (Metformin) ေဆးႏွင့္အာနိသင္တူသျဖင့္ ေက်ာက္ကပ္မေကာင္းသည့္သူမ်ားတြင္ မက္ေဖာ္မင္အစား ေသာက္သုံးနိုင္ပါသည္။

နာလန္ထစလူမမာမ်ား
===============
ရွီးပဒီးသည္ ခြန္အားကိုျဖစ္ေစသျဖင့္ အသက္ႀကီးသူမ်ား၊ နာလန္ထစလူမမာမ်ားအတြက္ အထူးသင့္ေလ်ာ္သည္။ အားကစားသမားမ်ား စားသုံးပါက အေမာခံနိုင္ၿပီး သက္လုံေကာင္းေစေသာေၾကာင့္ စံခ်ိန္မ်ားတက္ေစရန္ အေထာက္အကူျပဳပါသည္။

ေသြးတြင္းအဆီမ်ားျခင္း
================
ေသြးတြင္းကိုလက္စထေရာ မ်ားေနသူမ်ား၊ မေကာင္းေသာအဆီဓာတ္ (LDL)  မ်ားေနသူမ်ားသုံးပါက ထိေရာက္စြာ က်ဆင္းေစသည့္အျပင္ ေကာင္းေသာအဆီဓာတ္ျဖစ္သည့္ HDL မ်ား တစ္ခဏခ်င္းျမင့္တက္လာသည္ကို ေတြ႕ရပါသည္။

#Cordycpes

Credit: ေဒါက္တာ ခင္ေမာင္လြင္ (FAME Pharmaceuticals) 

No comments: