Wednesday, August 7, 2019

Samsung Galaxy A70 Review



By Aung Khant Min

[Zawgyi]



Design


Display


Performance



Camera


Battery & Audio Quality





ဈေးနှုန်းအနေနဲ့က 599,000 ဝန်းကျင်ရှိတယ်Samsung Galaxy A70 ကိုရွေးချယ်သင့်တဲ့ သူတွေက ဖုန်းနဲ့ ရုပ်ရှင်အကြည့်များတဲ့ သူတွေ အနေနဲ့က ရွေးချယ်သင့်တယ် သူ့မှာပါဝင်တဲ့ AMOLED Display က Video တွေ ကြည့်မယ်ဆိုရင် တော်တော်လေးမိုက်တယ် Battery ကလည်း 4500 mAh ဖြစ်တဲ့ အတွက် အဆင်ပြေပါတယ် Camera ကိုအသုံးများတဲ့ သူတွေ အနေနဲ့လည်း ရွေးချယ်သင့်ပါတယ် Game အတွင် ရွေးချယ်မဲ့သူတွေ အနေနဲ့ Graphic အနေအထားကအရမ်းမလိုဘူး Screen ကြီးရမယ် Battery ကလည်း ကြာကြာခံရမယ်ဆိုရင်တော့ A 70 ကို ရွေးချယ်သင့်ပါတယ် လို့ပြောရင်းနဲ့ Review ကို အဆူံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် xD


[Unicode]

Samsung က 2019 ပိုင်းမှာ Mid Range ဖုန်းတွေ ဘက်ကိုလည်း အားစိုက်လာတာကိုတွေ့ရတယ် Samsung ရဲ့ A Series အနွယ် ဝင်ဖြစ်တဲ့Galaxy A 70 ကလည်း တော်တော်လေးသဘောကျစရာကောင်းတဲ့ Feature တွေပါဝင်ပါတယ် ဒီတော့ Galaxy A 70 က ဘယ်လို အနေအထားမျိုးရှိလဲ ဆိုတာ Review မှာတစ်ချက်ကြည့်လိုက်ကြတာပေါ့

Design

A70 ရဲ့ Design ပိုင်းကိုစပြော ရမယ်ဆိုရင် A50 နဲ့ သိပ်မကွာတဲ့ အနေအထားမှာရှိတယ် A50 နဲ့ကွာခြားသွားတာဆိုလို့ Size ပိုကြီးသွားတာပဲရှိပါတယ်

Screen ရဲ့ Ascept Ratio ကြောင့် ဖုန်းက ကိုင်ရတာ နည်းနည်း ပိန်ရှည်ရှည်ဖြစ်နေတယ်လို့ထင်မိတယ် ကိုင်ရတာ တော့ လက်ထဲတော့ Grid ကောင်းတဲ့ အနေအထားမှာရှိတယ် One-Handed အတွက် ကတော့ အဆင်ပြေတဲ့ အနေအထားမျိုးတော့ မဟုတ်လှပါဘူးရှေ့ဘက် Display ကတော့ Glass ဖြစ်ပြီးတော့ ကျောဖက်ကတော့ “3D Glasstic” လို့ခေါ်တဲ့ Plastic ကိုပဲသုံးပေးထားတယ် ကျောဘက် Plastic က Gradient အရောင် တွေကလည်း တော်တော်လေးလှတယ် ဒါပေမဲ့ Plastic ဖြစ်တဲ့ အတွက် အစင်းရာတွေကတော့ ထင်လွယ်ပါတယ်

ဖုန်းရဲ့ကျောဘက်မှာတော့ Triple Camera, Flash တို့ပဲပါဝင်တယ် ဖုန်းရဲ့ အောက်ဘက်မှာတော့ Headphone Jack, Charging Port, Speaker တို့ပါဝင်ပြီးတော့ ညာဘက်မှာတော့ Power Button, Volume Key တို့ ပါဝင်ပါတယ် ခလုတ်တွေက နှိပ်ရတာ Clicky ဖြစ်တဲ့ အနေအထားမှာရှိပါတယ်

Display

A70 မှာသဘောအကျ ဆုံးအချက်ဆိုရင်တော့ Display ကိုပဲပြောရမှာပါပဲ 6.7 inch ရှိတဲ့ FHD+ Super AMOLED Display ကိုအသုံးပြုပေးထားပြီးတော့ 20:9 Ascept Ratio ကိုအသုံးပြုပေးထားတာက တော်တော်လေးသဘောကျစရာကောင်းပါတယ်

20:9 Ascept Ratio ကြောင့် Video ကြည့်တဲ အချိန်တွေမှာ တော်တော် လေးအဆင်ပြေ သွားတာကိုတွေ့ရပါတယ် Display အနေနဲ့ကတော့ Color, Viewing Angle တွေ က မဆိုးဘူး Color တွေကလည်း Vivid ဖြစ်တယ်လို့ပြောလို့ရတယ် Brightness ကလည်း ကောင်းတယ် နေရောင်အောက်မှာ စမ်းသုံးကြည့်ရမှာလည်းအဆင်ပြေပါတယ် Notch ကတော့ ဆက်လက်ပါဝင်နေတုန်းပဲ Bazel ကတော့ သေးတဲ အထဲမှာ ပါဝင်တယ် Chin ကတော့ Ascept Ratioကြောင့် သေးတယ် လို့ ထင်ရပေမဲ့ နည်းနည်းထူတဲ့ အနေအထားမှာရှိပါတယ်

Performance

Snapdragon 675 SOC ကိုအသုံးပြုပေးထားတယ်

ပုံမှန် Daily Usage တွေ ဖြစ်တဲ့ Facebook, Viber, Browsing တွေအတွက်ကတော့ No Lag ပဲ RAM ကလည်း 6GB ပါဝင်တဲ့အတွက် Multitaksing ပိုင်းကတော့ Smooth ဖြစ်တဲ့ အနေအထားပါပဲ Storage အနေနဲ့ကတော့ 128GB ပါဝင်တယ် MicroSD Card ကိုလည်း ထပ်ပြီးအသုံးပြုနိုင်ပါသေးတယ် PUBG တို့လို ဂိမ်းတွေမှာတော့ High Setting ထိထားဆော့လို့ရတယ် ဒါပေမဲ့ အချိန်ကြာလာမယ်ဆိုရင်တော့ Heat တက်လာမှာပါပဲ Android 9 ပေါ်မှာ အခြေခံထားတဲ့ One UI ကလည်း တော်တော်လေး Optimized ဖြစ်တာကိုတွေ့ရတယ်


Camera

ဖုန်းရဲ့ ကျောဘက်မှာပါဝင်တဲ့ Triple Camera တွေက 32 MP, f/1.7 (primary camera), 8 MP,f/2.2(ultrawide),5 MP, f/2.2(depth sensor) တို့ပါ

Ultra Wide Camera ပါတာကိုတော့ သဘောကျမိတယ် 2019 မှာထွက်တဲ့ ဖုန်းတွေ အနေနဲ့ Ultra Wide Camera တော့ ပါဝင်သင့်တယ်လို့လည်း မြင်မိတယ် ကင်မရာကို စမ်းကြည့်ရသလောက် Outdoor Shooting အတွက်ကတော့ တော်တော်လေး အဆင်ပြေတဲ့ အနေအထားပါပဲ Night Mode လို Feature တွေတော့ ပါဝင်ခြင်းမရှိဘူး ဒါပေမဲ့ Low Light မှာလည်း မဆိုးဘူး Noise တွေ ကို ကောင်းကောင်း Control နိုင်တဲ့ အနေအထားမှာရှိတာကိုတွေ့ရပါတယ် ဒါပေမဲ့ အရမ်းကြီးကောင်းတဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး Live Focus, နဲ့ Ultra Wide Camera ကလည်းအသူံးပြုလို့ အဆင်ပြေတဲ့ အနေအထားပါပဲ Video Recording အနေနဲ့ 4K Video ကို 30fps အထိလည်း ရိုက်ကူးနိုင်ပါတယ် Front Camera ကတော့ 32MP ပါဝင်ပါတယ်

Battery & Audio Quality

Battery အနေနဲ့ကတော့ 4500mAh ထိပါဝင်တယ် Battery ပမာဏ များပေမဲ့ ဖုန်းကအရမ်းလေးတဲ့ အထဲမပါဝင်ဘူး ကျနော် စမ်းသုံးကြည့်ရသလောက်ကတော့ 2 Day ကတော့အေးဆေးအသုံးပြုနိုင်တဲ့ ဖုန်းတစ်လုံးပါ 25W Fast Charge စနစ်လည်း ပါဝင်ပါသေးတယ် Charging Port ကတော့ USVB Type C ကိုအသုံးပြုပေးထားပါတယ်

Speaker ကတော့ ဖုန်းရဲ့ အောက်ဘက်က Mono Speaker ပဲပါဝင်တယ် ကျနော် စမ်းကြည့်ရသလောက် အသံထွက်က တော်တော် လေးကျယ်တယ် ကြည်လင် တဲ့ အနေအထားမှာရှိတယ် 3.5 HeadPhone Jack ပါဝင်နေသေးတာကလည်း A70 ရဲ့ အားသာချက်တစ်ခုပါပဲ

Face Unlock & UnderDisplay FingerPrint Sensor

Face Unlock စနစ်လည်း ပါဝင်တယ် သူံးရတာတော့ တော်တော်လေးမြန်တဲ့ အထဲ ပါဝင်တယ် Optical Sensor ကိုအသုံးပြုထားတဲ့ Under Display Fingerprint Sensor လည်း ပါဝင်ပါသေးတယ် ဒါပေမဲ့ A70 ရဲ့ Under Display Fingerprint Sensor ကတော့ ကျနော့်ကို စိတ်ပျက်စေခဲ့ပါတယ် တစ်ခါဖွင့်ဖို့အတွက် Scan တာက 1-2 Second လောက်ထိ ကြာတယ် တစ်ခါတစ်လေ ကျရင် တော့ Not Match ဖြစ်ဖြစ်သွားတာက တော့ စိတ်ပျက်စရာပါပဲ Software Update တွေမှာတော့ ဒီပြသာနာကပိုကောင်းလာမယ်လို့ မျော်လင့်ရမှာပါပဲ

Samsung Galaxy A 70 က ဘယ်သူတွေ အတွက် သင့်တော်မလဲ?

Samsung Galaxy A70 ကိုရွေးချယ်သင့်တဲ့ သူတွေက ဖုန်းနဲ့ ရုပ်ရှင်အကြည့်များတဲ့ သူတွေ အနေနဲ့က ရွေးချယ်သင့်တယ် သူ့မှာပါဝင်တဲ့ AMOLED Display က Video တွေ ကြည့်မယ်ဆိုရင် တော်တော်လေးမိုက်တယ် Battery ကလည်း 4500 mAh ဖြစ်တဲ့ အတွက် အဆင်ပြေပါတယ် Camera ကိုအသုံးများတဲ့ သူတွေ အနေနဲ့လည်း ရွေးချယ်သင့်ပါတယ် Game အတွင် ရွေးချယ်မဲ့သူတွေ အနေနဲ့ Graphic အနေအထားကအရမ်းမလိုဘူး Screen ကြီးရမယ် Battery ကလည်း ကြာကြာခံရမယ်ဆိုရင်တော့ A 70 ကို ရွေးချယ်သင့်ပါတယ် လို့ပြောရင်းနဲ့ Review ကို အဆူံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် xD

No comments: