Saturday, August 17, 2019

လျှပ်စစ်အသားပေါင်းအိုး အသုံးပြုမည့်သူများ သိဖို့

⚠️လျှပ်စစ်အသားပေါင်းအိုး အသုံးပြုမည့်သူများ သိထားရမည့် အချက် (၁၂)ချက်⚠️


၁)✔ပထမဦးစွာ ဘာမှ မချက်မကိုင် ပလပ်မထိုးမှီ အိုးအဖုံး ဖွင့်နည်းလေးအရင်ပြောချင်ပါတယ်... (လွယ်ပေမယ့် သေချာစေချင်လို့ပါ) အိုးအဖုံး ကိုင်းကိုကိုင်ပြီး နာရီလက်တံသွားတဲ့ အတိုင်း (ညာဘက်ကို) အရစ်ဆုံးသွားတဲ့အထိလှည့်ပါ...ပြီးရင် ကိုင်းကနေ "မ"လိုက်တာနဲ့ ပွင့်သွားပါပြီ✔

၂)✔ပြီးမှ အိုးအတွင်းသားကိုအပြင်ထုတ်ပြီး မိမိချက်ချင်တဲ့ အစားအစာ, အသားငါး အနှစ်အစာပလာကို လိုအပ်သလို ထည့်ပါ✔

၃)✔ထည့်ပြီးလို့ အိုးအတွင်းသားကို ပြန်ထည့်တော့မယ်ဆိုရင် အိုးရဲ့ အတွင်းကွိုင်ပတ်လည်ကို အဝတ်ခြောက်နဲ့ အမှိုက်မရှိရလေအောင် မညစ်ပတ်လေအောင်သေချာသုတ်ပေးပါ.. အဝတ်စတွေ မကျကျန်အောင်လည်း ဂရုစိုက်ပါ (အမှိုက်ခြောက်တို့ အဝတ်စတို့က ကွိုင်ပူလာရင် လောင်ကျွမ်းနိုင်လို့ပါ အန္တရာယ်ရယ်လို့မရှိပေမယ့် ကြာရှည်ခံအောင် အသုံးပြုနိုင်ရန်ပါ)✔

၎)✔ပြီးတာနဲ့ အိုးအတွင်းသားကိုပြန်ထည့်ပါ... နောက်တစ်ခုက အရေးကြီးတဲ့ အဖုံးပိတ်ခြင်းပါ✔

၅)✔အဖုံးကို ဖွင့်တုန်းက အတိုင်း ကျအောင်ဖိပိတ်ပြီးနာရီလက်တံ ပြောင်းပြန် အတိုင်းလှည့်၍ အထစ်ကလေး အဆုံးထိ ရောက်တဲ့အထိ (ကလစ်)လို့ အသံမည်အောင်ပိတ်ပါ... အဖုံးကျမကျသေချာချင်ရင် ကိုင်းကနေဆွဲပြီး အိုးကိုမကြည့်ပါ...
(အိုးတစ်ခုနဲ့ တစ်ခုတော့ မြည်တဲ့ အသံမတူနိုင်ဘူးပေါ့နော်... ယေဘူယျအားဖြင့် အသုံးများတဲ့ Brandနဲ့ ပစ္စည်းကို ဦးစားပေးပြောထားတာပါ)✔


၆)✔အခုကတော့ လေထွက်ဘုလေးထားရမယ့် အနေအထားလေးပြောပြပါ့မယ်...လေထွက်ဘုလေးကို အမြင့်မတင်ထားပဲ(ဆွဲမထုတ်ထားပဲ) ပိတ်တဲ့ကလစ်ရှိတဲ့ဘက် အိုးရဲ့ဘယ်ဘက်ကို လှည့်ထားပေးရပါ့မယ်
အဓိကပြောချင်တာက လေမထွက်အောင်ပိတ်ရပါမယ်
(အိုးတစ်ခုနဲ့ တစ်ခုဒီဇိုင်းမတူတဲ့အတွက်... ယေဘူယျအားဖြင့် အသုံးများတဲ့ Brandနဲ့ ပစ္စည်းကို ဦးစားပေးပြောထားတာပါ)✔

၇)✔အခုကတော့ မီးကြိုးကိုအိုးအထိုင်မှာတစ်ဖက် သေချာတပ်ပြီး မီးပလပ်ကို မီးပလပ်ပေါက်မှာသေချာတပ်ပါ (နှစ်ဖက်စလုံး ချောင်မနေ looseမဖြစ်ဖို့ သတိထားပါ) မီးပလပ်တပ်လိုက်ပြီး မီးဝင်သွားတာနဲ့ Heatingဆိုတဲ့ အကွက်က မီးလင်းလာပါလိမ့်မယ်✔

၈)✔တစ်ချို့အိုးတွေက ဒီဂျစ်တယ်အကွက်ပါပြီး တစ်ချို့က ဘုလုံးလှည့်ရတာပါ(analogပေါ့) ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ အချိန်အတိုင်းအတာ ၁နာရီဆို ၁နာရီ၊ ၄၅မိနစ်ဆို ၄၅မိနစ် လှည့်ရုံ နှိပ်ရုံချိန်ရုံပါပဲ✔

၉)✔အချိန်ပေးလိုက်တာနဲ့ ဘုလုံးလှည့်လိုက်တာနဲ့ Heatingဆိုတဲ့ နေရာမှာ မီးဆက်ပြနေပြီး နောက်အချိန်ကြာလာတာနဲ့အမျှ အထဲမှာ လိုအပ်တဲ့ pressure ဖိအား ရလာပြီဆိုရင် Holding Pressure ဆိုတဲ့ မီးစိမ်းလေးကိုပြောင်းလင်းလာပါလိမ့်မယ်...

၁၀)✔အချိန်ပြည့်လို့ တက်သွားရင် Keep Warmဆိုတဲ့ အကွက်ကမီးလေး လင်းလာပါလိမ့်မယ်...အိုးတော်တော်များများမှာ ("ကလစ်" "ကလင်") ဆိုတဲ့ အချက်ပေးအသံလေးတွေပါမြည်ကြပါတယ်...(မခက်ပါဘူး ထမင်းပေါင်းအိုးတည်သလိုမျိုးပါပဲ)✔

၁၁)🔴 ဒါကအရေးကြီးဆုံးအပိုင်းပါ🔴
Keep Warmမီးလင်းလာပြီး တက်သွား အချိန်ပြည့်သွားကြောင်းပြတာနဲ့ တန်းပြီး ထမင်းပေါင်းအိုးလို ကျက်ပြီဆိုပြီးလည်း မဖွင့်ပါနဲ့ ...ကျက်လားမကျက်လား ရေလိုလား ခန်းလားကြည့်ချင်စိတ်နဲ့ ချက်ချင်း ဖွင့်မကြည့်ပါနဲ့ 🚫 ဖွင့်ကြည့်လည်းဖွင့်လို့မရပါဘူး
အထဲမှာ လေဖိအားအပြည့်ရှိလို့ အဖုံးကို အိုးက စုပ်ယူထားသလိုဖြစ်နေလို့ပါ(အတင်းအဓမ္မတော့ဆောက်နဲ့ထွင်းဖွင့်စရာမလိုအပ်ပါဘူး)🚫


🔹️ဒီလိုလေးလုပ်ပါ
အချိန်ပြည့်သွားပြီဆိုတာနဲ့ ကျွန်တော်တို့ အပေါ်မှာ လှည့်ခဲ့တဲ့ ဘုလေးကို အပေါ်ကိုဆွဲတင်ပေးတာပဲဖြစ်ဖြစ် (ဆန့်ကျင်ဖက်ဘက်)တစ်ခြားဘက်ကိုလှည့်ပေးလိုက်ရင် "ရှူး" ဆိုပြီး အသံနဲ့တကွ လေများစွာ ထွက်လာပါလိမ့်မယ်🔹️

❎ဒီနေရာမှာအဓိကပြောချင်တာက လေထုတ်ပေးတဲ့ဘုကို သွားလှည့်တဲ့အခါ ဘုကိုကိုင်တဲ့အခါ အပေါ်ကနေသွားမကိုင်ပါနဲ့ အငွေ့ထွက်ရင် ပူမှာဆိုးလို့ပါ... ဖြည်းဖြည်းလေး တို့ကနဲ ဆိတ်ကနဲ မဝံ့မရဲလည်း မကိုင်ပါနဲ့ (ဘာအန္တရယ်မှ မရှိပေမယ့် ကိုယ်က ကြောက်တတ် လန့်တတ်သူဆို ရှူးဆိုတဲ့ အသံနဲ့ အငွေ့ကြောင့် လန့်သွားနိုင်လို့ပါ)❎

🔹️ဒီလိုကိုင်ပါ
ဘုဘေးနားကို ထိထိမိမိကိုင်ပြီး ဆန့်ကျင်ဖက် ဘက်ကိုလှည့်လိုက်ပါ.. လက်လည်းမပူ လန့်လည်းလန့်စရာမလိုတော့ပါဘူး🔹️

၁၂)✔အငွေ့များကုန်တဲ့ အထိစောင့်ပြီးတဲ့ အခါကျမှ ခလုတ်ပိတ် မီးပလပ်ဖြုတ်ပြီး ပုံမှန်ဖွင့်နေကျအတိုင်း (နာရီလက်တံသွားတဲ့အတိုင်း) ဖွင့်ပြီး ကျက်မကျက် နူးမနူး ရေလိုမလို သေချာကြည့်ပြီး Readyဆိုစားဖို့ပြင်ပြီး လိုအပ်တာရှိရင် ပုံမှန်အတိုင်း ပိတ် ပလပ်ပြန်တပ် အချိန်ပြန်ပေးပြီး keep warmဖြစ်တဲ့ အထိစောင့်ပါ✔

ကိုယ်ကနူးလောက်ပြီ ထင်လို့ offလိုက်လဲရပါတယ်

✴အဓိကက ပိတ်ပြီးချိန်တိုင်း အဖုံးမဖွင့်ခင် လေထုတ်ဖို့ပါပဲ✴

ဒီလောက်ဆို အိမ်ရှင်မ👩‍🍳 အိမ်ရှင်ထီး👨‍🍳များ ကြောက်တယ်ဆိုတဲ့အရာနဲ့ မဖြစ်သင့် မလုပ်သင့်တာတွေ အတွက် ပြည့်စုံမယ်လို့ ယုံကြည်ပါတယ်...🤩🤩🤩

➡️ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ်ဆွေ သူငယ်ချင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲကျေနပ်ပါပြီ... မိတ်ဆွေလိုပဲ အခြားသူများလည်း သိခွင့်ရအောင် share လုပ်ပေးစေချင်ပါတယ် ...➡️➡️➡️
ကျေးဇူးအထူး

🌐 New World Wholesale 🌐

No comments: