Thursday, August 22, 2019

အတင္စီးခံရတဲ့အခါ




(Zawgyi)

ကၽြန္ေတာ္တုိ႕ဘ၀မွာ တစ္ေယာက္ေယာက္က အႏုိင္က်င့္တာ၊ ေစာ္ကားတာ၊ ဗိုလ္က်တာ၊ တင္စီးတာ၊ တည္႕တည္႕ေျပာရရင္ လူပါး၀တာမ်ိဳးေတြ ၾကံဳဖူးၾကမွာပါ။ ေက်ာင္းမွာျဖစ္ျဖစ္၊ လုပ္ငန္းခြင္မွာျဖစ္ျဖစ္၊ ေနာက္ဆံုး သြားရင္းလာရင္းျဖစ္ျဖစ္ေပါ့။ ကုိယ့္အခ်င္းခ်င္းလည္း ရွိမယ္၊ လူမ်ိဳးျခားက လုပ္တာလည္း ရွိမယ္။ ျဖတ္သန္းတဲ့ လုပ္ငန္းနယ္ပယ္၊ ၾကံဳေတြ႕ရတဲ့သူေတြေပၚ မူတည္ျပီး အနည္းနဲ႕အမ်ားသာ ကြာမယ္၊ လူတုိင္းေတာ့ တစ္ခါမဟုတ္တစ္ခါ ၾကံဳဖူးၾကလိမ့္မယ္။

နည္းနည္းေလာက္ ျပန္စဥ္းစားၾကည္႕ၾကည္႕ပါ။ အဲ့လိုၾကံဳရတဲ့အခါ ဘယ္လိုခံစားရသလဲ၊ ဘယ္လိုတံု႕ျပန္ခဲ့မိသလဲ။ မ်ားေသာအားျဖင့္ေတာ့ စိတ္တုိမယ္၊ ငိုမိမယ္၊ ျပင္းျပင္းထန္ထန္ တံု႕ျပန္မိခ်င္လည္းမိမယ္။ ဒီကေနမွတဆင့္ အလုပ္ထြက္လိုက္တာ၊ အလုပ္ျပဳတ္တာ၊ အမုန္းပြားတာေတြ ျဖစ္ရင္လည္း ျဖစ္ခဲ့မယ္။ ဒီေဆာင္းပါးေလးမွာေတာ့ ကၽြန္ေတာ္ကိုယ္တုိင္ ၾကံဳခဲ့ရတုန္းက ေတြးမိခဲ့တာေလးေတြအေပၚ အေျခခံျပီး ေ၀မွ်ခ်င္ပါတယ္။

၁။ စိတ္ထိန္းႏုိင္ဖုိ႕ လိုပါတယ္။

ဘယ္သူမဆုိ ျဖစ္ျဖစ္ခ်င္းေတာ့ စိတ္တုိတာပဲ။ အဲဒါကို မထိန္းႏုိင္လုိက္တဲ့အခါ ေနာက္ဆက္တြဲ ျပႆနာေတြ ျဖစ္လာႏုိင္တယ္။ လူမႈကြန္ရက္ေတြမွာလည္း ေတြ႕ဖူးတယ္၊ ကားပါကင္လုရင္း ျပႆနာျဖစ္ၾကရာကတဆင့္ ကုိယ္ထိလက္ေရာက္ လုပ္ၾကတယ္ ဆုိတာမ်ိဳး။ ရံုးေတြ၊ အလုပ္ေတြမွာဆုိရင္ေတာ့ ေနာက္ပုိင္းအလုပ္လုပ္သမွ် တစ္ေယာက္နဲ႕တစ္ေယာက္ ဘယ္လုိမွ အဆင္မေျပေတာ့တာမိ်ဳး၊ စကားေတြလြန္၊ ႏႈတ္ေတြကၽြံသြားလုိ႕ အလုပ္ထြက္လုိက္ရတာမ်ိဳးေတြထိ ျဖစ္တတ္တာေပါ့။ ျပန္စဥ္းစားၾကည္႕ရင္ မတန္ဘူးဆုိတာ သတိထားမိလိမ့္မယ္။ ဒါေၾကာင့္ ျဖစ္ျဖစ္ခ်င္းမွာ စိတ္ထိန္းဖုိ႕ လိုတယ္ ေျပာတာပါ။

ၾကားဖူးတာေလးတစ္ခုရွိတယ္၊ 90/10 principle တဲ့။ ဘာလဲဆုိေတာ့ ဘ၀မွာ ၾကံဳေတြ႕ရသမွ် အရာေတြအားလံုးရဲ႕ ၁၀ ရာခိုင္ႏႈန္းဟာ သူ႕အလိုလိုျဖစ္လာတာ ျဖစ္ျပီးေတာ့ က်န္တဲ့ ၉၀ ရာခိုင္ႏႈန္းကေတာ့ အဲဒီ ၁၀ ရာခုိင္ႏႈန္းကို ဘယ္လုိတံု႕ျပန္လုိက္သလဲ ဆုိတာရဲ႕ အက်ိဳးဆက္ပါတဲ့။ ဥပမာေျပာရရင္ လမ္းမွာ ကားပိတ္လို႕ စိတ္တုိတုိနဲ႕ အလုပ္ကိုေရာက္သြားတယ္ ဆုိပါေတာ့။ ကားပိတ္တာက ကုိယ့္ေၾကာင့္မဟုတ္ဘူး၊ ကုိယ္ထိန္းခ်ဳပ္လို႕လည္း မရဘူး။ ဒါေပမယ့္ အဲဒါကုိ စိတ္တုိတယ္၊ တုိတဲ့စိတ္ကုိ အလုပ္သယ္သြားေတာ့ ဟုိမွာ လုပ္ေဖာ္ကုိင္ဖက္ေတြ၊ Customer ေတြနဲ႕ ျပႆနာတက္ျပီး တစ္ေနကုန္ အဆင္မေျပေတာ့ဘူး။ ဒီေတာ့ ကားပိတ္တာဟာ ေရွာင္လႊဲလို႕မရတဲ့ ၁၀ ရာခုိင္ႏႈန္း၊ က်န္တဲ့ ၉၀ ရာခုိင္ႏႈန္းကေတာ့ ကားပိတ္တဲ့အေပၚ တံု႕ျပန္လိုက္တဲ့ ကုိယ့္လုပ္ရပ္ရဲ႕ အက်ိဳးဆက္ေတြ ျဖစ္ပါတယ္။

ဒီလိုေလးျမင္ၾကည္႕လုိက္တဲ့အခါ တခုခုတံု႕ျပန္ေတာ့မယ္ ဆုိတဲ့အခါတုိင္း ကုိယ့္စိတ္ကုိကုိယ္ ပုိျပီး ထိန္းခ်ဳပ္ႏုိင္လာတယ္။ ခဏေလးပဲ စိတ္က လြတ္ထြက္သြားတာပဲ၊ ဒါေပမယ့္ ေနာက္မွာ ဆက္လိုက္လာမယ့္ ျပႆနာက အမ်ားၾကီး။ ဒီအတြက္ မလဲသင့္ဘူးလုိ႕ ျမင္လာတယ္။ ေနာက္ပံုျပင္တစ္ခုလည္း ရွိေသးတယ္။ ေျမြတစ္ေကာင္ဟာ သူ႕ေခါင္းေပၚမွာ ပ်ားလာနားလို႕ စိတ္ေတြတုိရင္း တုိရင္း ေနာက္ဆံုး ေမာင္းလာေနတဲ့ လွည္းရဲ႕ ဘီးေအာက္ကို ေခါင္း၀င္ခံလိုက္တယ္တဲ့။ နားေနတဲ့ပ်ားလည္း ေသ၊ သူကုိယ္တုိင္လည္း ေသ။ ဒါေၾကာင့္ ဒီစိတ္တိုစရာေလးတစ္ခုအတြက္နဲ႕ ကိုယ့္ရဲ႕ တျခားအရာေတြကို အဆံုးရံႈးမခံပါနဲ႕။ မလဲပစ္ပါနဲ႕။ ဒီထက္ပုိေကာင္းတဲ့ ေျဖရွင္းနည္းကို ေခါင္းေအးေအးနဲ႕ ရွာေဖြပါ။

၂။ ျပတ္သားတဲ့သူတစ္ေယာက္ ျဖစ္ပါေစ။

စိတ္ကိုထိန္းရမယ္လို႕ ေျပာလိုက္တာဟာ အရာအားလံုး ငံု႕ခံလာရမယ္လုိ႕ မဆုိလိုပါဘူး။ ျပတ္ျပတ္သားသား ေျပာရဲဆုိရဲဖုိ႕ လိုပါတယ္။ ဘာလုိ႕ဆုိေတာ့ လူရဲ႕သေဘာက သည္းခံတဲ့သူဆုိ ပုိျပီး အႏုိင္ယူတတ္လို႕ပါပဲ။

လူေတြကို ၃ မ်ိဳး ၃ စားခြဲလုိ႕ရပါတယ္။ ကုိယ့္တစ္ဖက္တည္းသိျပီး သူတစ္ပါးကို နစ္နစ္နာနာ ေျပာတတ္၊ အႏုိင္ယူတတ္တဲ့ Aggressive type သမားေတြရယ္၊ ျပိဳင္လာရင္ အရံႈးေပး၊ ႏွလံုးေအးတဲ့ေဆး ဆုိျပီး ဘာလုပ္လုပ္ ျငိမ္ခံေနတတ္တဲ့ Passive type သမားေတြရယ္၊ ေနာက္ဆံုးတစ္ခုကေတာ့ သူတစ္ပါးကိုလည္း ေလးစားသလို၊ ကုိယ့္အခြင့္အေရးလည္း ကုိယ္သိတယ္၊ ေတာင္းဆုိရဲတယ္၊ ျပီးေတာ့ ကုိယ့္တာ၀န္လည္း ကုိယ္ေက်ေအာင္လုပ္တယ္၊ ဒီလိုလူမ်ိဳးကိုေတာ့ Assertive type လို႕ေခၚပါတယ္။ ခိုင္မာျပတ္သားတဲ့သူလို႕ ျမန္မာလို ျပန္ခ်င္တယ္။ ကၽြန္ေတာ္တို႕ အဲဒီပံုစံအတုိင္း ျဖစ္ဖုိ႕ လိုပါတယ္။ တစ္ဖက္က အႏုိင္ယူသမွ် သည္းခံေနရင္ ကုိယ္ဟာ အႏုိင္ယူလို႕ရတဲ့သူလုိ႕ ထင္သြားေတာ့မွာပါ။ ရန္ျပန္ျဖစ္ဖုိ႕မဟုတ္ဘဲ ကုိယ္ေျပာစရာရွိတာကိုေတာ့ ရဲရဲတင္းတင္း ေျပာႏုိင္ဖုိ႕ လိုပါတယ္။

၃။ တႏံု႕ႏံု႕ ခံစားမေနပါနဲ႕။

အဲ့လိုအႏုိ္င္ယူခံလိုက္ရျပီးရင္ အမ်ားစု စိတ္ထဲမွာ တႏံု႕ႏံု႕နဲ႕ ခံစားေနရတတ္ပါတယ္။ သူက ငါ့ကို ဒီလိုလုပ္ရသလားေပါ့။ ဘာမွျပန္မေျပာ၊ မလုပ္ခဲ့ရရင္ ပိုလုိ႕ေတာင္ ခံစားေနရတတ္တယ္။ တကယ္ဆုိ စဥ္းစားၾကည္႕၊ ဟုိလူက ေျပာျပီး ျပီးသြားျပီ။ ေမ့ေတာင္ေမ့ေနျပီ။ ကုိယ့္မွာသာ တႏံု႕ႏံု႕နဲ႕ ျဖစ္က်န္ခဲ့တာ။ နာက်ည္းလို႕မဆံုး၊ ၀မ္းနည္းလို႕မဆံုး၊ ခံစားလို႔မဆံုး ျဖစ္ေနတာ။ တြက္ၾကည္႕ရင္ ဘယ္ေလာက္ရံႈးသလဲ။ အေျပာလည္း ခံရတယ္။ ဒဏ္ရာကလည္း တစ္သက္လံုး က်န္ေနခဲ့တယ္။ ငယ္ငယ္က သင္ရတဲ့ စာတစ္ပုဒ္လိုပဲ၊ တုိက္ပြဲမွာ ထိသြားလို႕ နဖူးမွာ က်န္ခဲ့တဲ့ အမာရြတ္ကုိ မွန္ထဲမွာၾကည္႕တုိင္း ရံႈးနိမ့္ေနရေတာ့မယ့္ စစ္သူၾကီးလို ျဖစ္ေနတယ္။ ဒါေၾကာင့္ ထပ္ကာထပ္ကာ အရံႈးမခံပါနဲ႕။ အဲဒီခံစားခ်က္ကုိ တတ္ႏုိင္သေလာက္ စိတ္ထဲက ဖယ္ထုတ္ၾကည္႕ပါ။ မဖယ္ထုတ္ႏုိင္ေသးသေရြ႕ ရံႈးေနရတယ္ဆုိတာကုိ မေမ့ပါနဲ႕။

၄။ ကုိယ့္အဆင့္နဲ႕ကိုယ္ ေနပါ။

တစ္ခါတစ္ေလလည္း ေတြးမိတတ္ၾကတယ္၊ ငါ သူေျပာတဲ့အတုိင္း ျပန္ေျပာလိုက္ရမလား၊ သူလုပ္တဲ့အတုိင္း ျပန္လုပ္လိုက္ရမလား ဆုိျပီးေတာ့ေပ့ါ။ ကၽြန္ေတာ္ကုိယ္တုိင္လည္း အဲ့လိုေတြးဖူးတာပဲ။ ဒါေပမယ့္ အဲ့လိုလက္တံု႕ျပန္ေတာ့မယ္ဆုိတဲ့အခါတုိင္း အဆင့္အတန္း ဆုိတဲ့ စကားလံုးက ကၽြန္ေတာ့္ေခါင္းထဲ ၀င္လာတယ္။ တကယ္ေတာ့ အဆင့္အတန္းဆုိတာ ဘယ္ေလာက္ခ်မ္းသာတယ္၊ ဘာေတြ ၀တ္စားထားတယ္ ဆိုတာထက္ ကုိယ့္ရဲ႕ ကုိယ္အမူအရာ၊ ႏႈတ္အမူအရာ၊ စိတ္ေနစိတ္ထားေတြကသာ အဓိက ကုိယ္စားျပဳတာ ျဖစ္ပါတယ္။ သူေျပာသလို ျပန္ေျပာလိုက္ရလုိ႕ အားရတာထက္ အဲ့ဒီအဆင့္အတန္း ဆံုးရံႈးသြားမွာကုိ ပုိႏွေျမာမိပါတယ္။ ဒါေၾကာင့္ ကုိယ့္စိတ္ကုိယ္ထိန္းတယ္။ ရိုင္းရုိင္းစိုင္းစုိင္း မတံု႕ျပန္မိေအာင္ေနတယ္။ ေဘးပတ္၀န္းက်င္က တစ္ေယာက္ေယာက္ ျမင္လိုက္ရရင္လည္း ကုိယ္ဟာ အထင္ေသးစရာ ျဖစ္မေနေတာ့ဘူးေပါ့။

၅။ ပန္းခ်ီကားလုိက်င့္ပါ။

မွန္တစ္ခ်ပ္ဟာ သူ႕ေရွ႕ကို ေရာက္လာတဲ့လူရဲ႕ မ်က္ႏွာေပၚ မူတည္ၿပီး တူညီတဲ့ ပံုရိပ္ကို ျပန္ထုတ္ေပးပါတယ္။ ၿပံဳးရင္ ျပန္ၿပံဳးျပတယ္၊ မဲ့ရင္လည္း ျပန္မဲ့ျပတယ္။ သူ႕ဘ၀က သူ႕ေရွ႕ လာရပ္တဲ့သူအေပၚမွာ မူတည္ေနတယ္။ တခ်ိဳ႕ေတြ ခံယူထားတဲ့ သင္ေကာင္းလွ်င္ ကၽြႏု္ပ္မဆုိးပါ ဆုိတာ ဒါမ်ိဳးေပါ့။ ဒါေပမဲ့ သိပ္လွပတဲ့ ပန္းခ်ီကားတစ္ခ်ပ္က်ေတာ့ ဒီလိုမဟုတ္ဘူး။ သူ႕ေရွ႕လာၿပီး ၿပံဳးပဲျပျပ၊ မဲ့ပဲျပျပ၊ သူကေတာ့ လွပတဲ့ ရုပ္ပံုေလးကို အၿမဲျပေနမွာ ျဖစ္ပါတယ္။

ကၽြန္ေတာ္တုိ႕လည္း အဲဒီ ပန္းခ်ီကားလို ခံယူႏုိင္ဖုိ႕ လိုတယ္။ သူေကာင္းလုိ႕ ကုိယ္ေကာင္းတာ၊ သူ မေကာင္းလို႕ ကုိယ္ကလည္း ျပန္မေကာင္းတာေတြက စိတ္ဓါတ္ျမင့္ျမတ္သူေတြ လုပ္ေလ့မရွိပါဘူး။ သူတို႕ဟာ သူတုိ႕ပံုစံအတုိင္းပဲ ေနပါတယ္။ ကုိယ့္ေရွ႕ ဘယ္လုိလာလုပ္ျပေနသလဲ ဆုိတာနဲ႔ မဆုိင္ဘူး၊ သူတုိ႕ရဲ႕ ကိုယ္ပုိင္မူနဲ႕ပဲ ဆုိင္တယ္။ လက္စားေခ်တယ္၊ တံု႕ျပန္တယ္ ဆုိတာမ်ိဳးေတြ သူတုိ႕ဆီမွာမရွိဘူး။ ဒါေတြအတြက္နဲ႔လည္း တန္ဖုိးရွိတဲ့ အခ်ိန္ေတြကို အလဟႆ အကုန္မခံဘူး။

၆။ သူတို႕ကုိ ေျပာင္းလဲမေပးပါနဲ႕၊ ကုိယ္ မေျပာင္းလဲသြားေအာင္သာ ထိန္းပါ။

ၾကည္႕ဖူးတဲ့ ဇာတ္ကားတစ္ခုရွိတယ္။ မတရားမႈေတြကို ကုိယ္က်ိဳးစြန္႕ အနစ္နာခံရင္း တိုက္ဖ်က္ေပမယ့္လည္း ေနာက္ဆံုးမွာ မတရားသူေတြကသာ ပန္းပန္သြားတယ္ဆုိတာကုိ ရုိက္ျပထားတဲ့ ဇာတ္ကားေလးေပါ့။ အဲဒီကားအဆံုးသတ္မွာ ဇာတ္ေကာင္တစ္ေယာက္ ေျပာသြားတဲ့ စကားေလး သိပ္လွပါတယ္။ “တကယ္ေတာ့ ကၽြန္မတုိ႕ဟာ ေလာကၾကီးကို ေျပာင္းလဲႏုိင္မလားလုိ႕ ၾကိဳးစားခဲ့ၾကတယ္၊ တကယ္တမ္း ကၽြန္မတုိ႕ရုန္းကန္လႈပ္ရွားခဲ့ၾကတာဟာ ေလာကၾကီးကုိ ကၽြန္မတုိ႕က ေျပာင္းလဲႏုိင္ဖုိ႕မဟုတ္ဘဲ ေလာကၾကီးက ကၽြန္မတုိ႕ကို မေျပာင္းလဲပစ္ႏုိင္ဖို႕ပဲ ျဖစ္တယ္” တဲ့။

ဟုတ္တယ္၊ အရင္ကေတာ့ အဲ့လိုပဲ၊ ေလာကၾကီးကုိ ေျပာင္းလဲဖုိ႕၊ ကုိယ့္ပတ္၀န္းက်င္က လူေတြကုိ ေျပာင္းလဲဖုိ႕ စိတ္ကူးခဲ့ဖူးတယ္။ ဒါေပမယ့္ တကယ့္လက္ေတြ႕မွာ အင္မတန္ခက္ခဲတာကုိ ေတြ႕ရတယ္။ တစ္ခ်ိန္လံုး ဆုိးလာခဲ့တဲ့ လူတစ္ေယာက္ဟာ ေနာင္တေတြရျပီး ေျပာင္းလဲသြားတယ္ဆုိတာ ဇာတ္ကားေတြထဲေလာက္ပဲ ရွိတယ္။ အျပင္မွာကေတာ့ သူတို႕ေတြဟာ ေနာင္တလည္း မရဘူး၊ မွားမွန္းလည္း မသိၾကဘူး။ ဒါေၾကာင့္ သူတုိ႕ကုိ မွားမွန္းသိေအာင္၊ ေနာင္တရေအာင္ ၾကိဳးစားေနမယ့္အစား ကုိယ္က သူတို႕လို ျဖစ္မသြားေအာင္ပဲ ထိန္းသိမ္းတာက ပုိလက္ေတြ႕က်ပါလိမ့္မယ္။

ေဒါက္တာ ျဖိဳးသီဟ

(၈.၁၂.၂၀၁၈ ထုတ္ Voice Weekly ပါ ေဆာင္းပါး)


(Unicode)

ကျွန်တော်တို့ဘဝမှာ တစ်ယောက်ယောက်က အနိုင်ကျင့်တာ၊ စော်ကားတာ၊ ဗိုလ်ကျတာ၊ တင်စီးတာ၊ တည့်တည့်ပြောရရင် လူပါးဝတာမျိုးတွေ ကြုံဖူးကြမှာပါ။ ကျောင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ နောက်ဆုံး သွားရင်းလာရင်းဖြစ်ဖြစ်ပေါ့။ ကိုယ့်အချင်းချင်းလည်း ရှိမယ်၊ လူမျိုးခြားက လုပ်တာလည်း ရှိမယ်။ ဖြတ်သန်းတဲ့ လုပ်ငန်းနယ်ပယ်၊ ကြုံတွေ့ရတဲ့သူတွေပေါ် မူတည်ပြီး အနည်းနဲ့အများသာ ကွာမယ်၊ လူတိုင်းတော့ တစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြလိမ့်မယ်။

နည်းနည်းလောက် ပြန်စဉ်းစားကြည့်ကြည့်ပါ။ အဲ့လိုကြုံရတဲ့အခါ ဘယ်လိုခံစားရသလဲ၊ ဘယ်လိုတုံ့ပြန်ခဲ့မိသလဲ။ များသောအားဖြင့်တော့ စိတ်တိုမယ်၊ ငိုမိမယ်၊ ပြင်းပြင်းထန်ထန် တုံ့ပြန်မိချင်လည်းမိမယ်။ ဒီကနေမှတဆင့် အလုပ်ထွက်လိုက်တာ၊ အလုပ်ပြုတ်တာ၊ အမုန်းပွားတာတွေ ဖြစ်ရင်လည်း ဖြစ်ခဲ့မယ်။ ဒီဆောင်းပါးလေးမှာတော့ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတုန်းက တွေးမိခဲ့တာလေးတွေအပေါ် အခြေခံပြီး ဝေမျှချင်ပါတယ်။

၁။ စိတ်ထိန်းနိုင်ဖို့ လိုပါတယ်။

ဘယ်သူမဆို ဖြစ်ဖြစ်ချင်းတော့ စိတ်တိုတာပဲ။ အဲဒါကို မထိန်းနိုင်လိုက်တဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ လူမှုကွန်ရက်တွေမှာလည်း တွေ့ဖူးတယ်၊ ကားပါကင်လုရင်း ပြဿနာဖြစ်ကြရာကတဆင့် ကိုယ်ထိလက်ရောက် လုပ်ကြတယ် ဆိုတာမျိုး။ ရုံးတွေ၊ အလုပ်တွေမှာဆိုရင်တော့ နောက်ပိုင်းအလုပ်လုပ်သမျှ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ အဆင်မပြေတော့တာမျိုး၊ စကားတွေလွန်၊ နှုတ်တွေကျွံသွားလို့ အလုပ်ထွက်လိုက်ရတာမျိုးတွေထိ ဖြစ်တတ်တာပေါ့။ ပြန်စဉ်းစားကြည့်ရင် မတန်ဘူးဆိုတာ သတိထားမိလိမ့်မယ်။ ဒါကြောင့် ဖြစ်ဖြစ်ချင်းမှာ စိတ်ထိန်းဖို့ လိုတယ် ပြောတာပါ။

ကြားဖူးတာလေးတစ်ခုရှိတယ်၊ 90/10 principle တဲ့။ ဘာလဲဆိုတော့ ဘဝမှာ ကြုံတွေ့ရသမျှ အရာတွေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ သူ့အလိုလိုဖြစ်လာတာ ဖြစ်ပြီးတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ အဲဒီ ၁၀ ရာခိုင်နှုန်းကို ဘယ်လိုတုံ့ပြန်လိုက်သလဲ ဆိုတာရဲ့ အကျိုးဆက်ပါတဲ့။ ဥပမာပြောရရင် လမ်းမှာ ကားပိတ်လို့ စိတ်တိုတိုနဲ့ အလုပ်ကိုရောက်သွားတယ် ဆိုပါတော့။ ကားပိတ်တာက ကိုယ့်ကြောင့်မဟုတ်ဘူး၊ ကိုယ်ထိန်းချုပ်လို့လည်း မရဘူး။ ဒါပေမယ့် အဲဒါကို စိတ်တိုတယ်၊ တိုတဲ့စိတ်ကို အလုပ်သယ်သွားတော့ ဟိုမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ Customer တွေနဲ့ ပြဿနာတက်ပြီး တစ်နေကုန် အဆင်မပြေတော့ဘူး။ ဒီတော့ ကားပိတ်တာဟာ ရှောင်လွှဲလို့မရတဲ့ ၁၀ ရာခိုင်နှုန်း၊ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ ကားပိတ်တဲ့အပေါ် တုံ့ပြန်လိုက်တဲ့ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။

ဒီလိုလေးမြင်ကြည့်လိုက်တဲ့အခါ တခုခုတုံ့ပြန်တော့မယ် ဆိုတဲ့အခါတိုင်း ကိုယ့်စိတ်ကိုကိုယ် ပိုပြီး ထိန်းချုပ်နိုင်လာတယ်။ ခဏလေးပဲ စိတ်က လွတ်ထွက်သွားတာပဲ၊ ဒါပေမယ့် နောက်မှာ ဆက်လိုက်လာမယ့် ပြဿနာက အများကြီး။ ဒီအတွက် မလဲသင့်ဘူးလို့ မြင်လာတယ်။ နောက်ပုံပြင်တစ်ခုလည်း ရှိသေးတယ်။ မြွေတစ်ကောင်ဟာ သူ့ခေါင်းပေါ်မှာ ပျားလာနားလို့ စိတ်တွေတိုရင်း တိုရင်း နောက်ဆုံး မောင်းလာနေတဲ့ လှည်းရဲ့ ဘီးအောက်ကို ခေါင်းဝင်ခံလိုက်တယ်တဲ့။ နားနေတဲ့ပျားလည်း သေ၊ သူကိုယ်တိုင်လည်း သေ။ ဒါကြောင့် ဒီစိတ်တိုစရာလေးတစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ တခြားအရာတွေကို အဆုံးရှုံးမခံပါနဲ့။ မလဲပစ်ပါနဲ့။ ဒီထက်ပိုကောင်းတဲ့ ဖြေရှင်းနည်းကို ခေါင်းအေးအေးနဲ့ ရှာဖွေပါ။

၂။ ပြတ်သားတဲ့သူတစ်ယောက် ဖြစ်ပါစေ။

စိတ်ကိုထိန်းရမယ်လို့ ပြောလိုက်တာဟာ အရာအားလုံး ငုံ့ခံလာရမယ်လို့ မဆိုလိုပါဘူး။ ပြတ်ပြတ်သားသား ပြောရဲဆိုရဲဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ လူရဲ့သဘောက သည်းခံတဲ့သူဆို ပိုပြီး အနိုင်ယူတတ်လို့ပါပဲ။

လူတွေကို ၃ မျိုး ၃ စားခွဲလို့ရပါတယ်။ ကိုယ့်တစ်ဖက်တည်းသိပြီး သူတစ်ပါးကို နစ်နစ်နာနာ ပြောတတ်၊ အနိုင်ယူတတ်တဲ့ Aggressive type သမားတွေရယ်၊ ပြိုင်လာရင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး ဆိုပြီး ဘာလုပ်လုပ် ငြိမ်ခံနေတတ်တဲ့ Passive type သမားတွေရယ်၊ နောက်ဆုံးတစ်ခုကတော့ သူတစ်ပါးကိုလည်း လေးစားသလို၊ ကိုယ့်အခွင့်အရေးလည်း ကိုယ်သိတယ်၊ တောင်းဆိုရဲတယ်၊ ပြီးတော့ ကိုယ့်တာဝန်လည်း ကိုယ်ကျေအောင်လုပ်တယ်၊ ဒီလိုလူမျိုးကိုတော့ Assertive type လို့ခေါ်ပါတယ်။ ခိုင်မာပြတ်သားတဲ့သူလို့ မြန်မာလို ပြန်ချင်တယ်။ ကျွန်တော်တို့ အဲဒီပုံစံအတိုင်း ဖြစ်ဖို့ လိုပါတယ်။ တစ်ဖက်က အနိုင်ယူသမျှ သည်းခံနေရင် ကိုယ်ဟာ အနိုင်ယူလို့ရတဲ့သူလို့ ထင်သွားတော့မှာပါ။ ရန်ပြန်ဖြစ်ဖို့မဟုတ်ဘဲ ကိုယ်ပြောစရာရှိတာကိုတော့ ရဲရဲတင်းတင်း ပြောနိုင်ဖို့ လိုပါတယ်။

၃။ တနုံ့နုံ့ ခံစားမနေပါနဲ့။

အဲ့လိုအနိုင်ယူခံလိုက်ရပြီးရင် အများစု စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေရတတ်ပါတယ်။ သူက ငါ့ကို ဒီလိုလုပ်ရသလားပေါ့။ ဘာမှပြန်မပြော၊ မလုပ်ခဲ့ရရင် ပိုလို့တောင် ခံစားနေရတတ်တယ်။ တကယ်ဆို စဉ်းစားကြည့်၊ ဟိုလူက ပြောပြီး ပြီးသွားပြီ။ မေ့တောင်မေ့နေပြီ။ ကိုယ့်မှာသာ တနုံ့နုံ့နဲ့ ဖြစ်ကျန်ခဲ့တာ။ နာကျည်းလို့မဆုံး၊ ဝမ်းနည်းလို့မဆုံး၊ ခံစားလို့မဆုံး ဖြစ်နေတာ။ တွက်ကြည့်ရင် ဘယ်လောက်ရှုံးသလဲ။ အပြောလည်း ခံရတယ်။ ဒဏ်ရာကလည်း တစ်သက်လုံး ကျန်နေခဲ့တယ်။ ငယ်ငယ်က သင်ရတဲ့ စာတစ်ပုဒ်လိုပဲ၊ တိုက်ပွဲမှာ ထိသွားလို့ နဖူးမှာ ကျန်ခဲ့တဲ့ အမာရွတ်ကို မှန်ထဲမှာကြည့်တိုင်း ရှုံးနိမ့်နေရတော့မယ့် စစ်သူကြီးလို ဖြစ်နေတယ်။ ဒါကြောင့် ထပ်ကာထပ်ကာ အရှုံးမခံပါနဲ့။ အဲဒီခံစားချက်ကို တတ်နိုင်သလောက် စိတ်ထဲက ဖယ်ထုတ်ကြည့်ပါ။ မဖယ်ထုတ်နိုင်သေးသရွေ့ ရှုံးနေရတယ်ဆိုတာကို မမေ့ပါနဲ့။

၄။ ကိုယ့်အဆင့်နဲ့ကိုယ် နေပါ။

တစ်ခါတစ်လေလည်း တွေးမိတတ်ကြတယ်၊ ငါ သူပြောတဲ့အတိုင်း ပြန်ပြောလိုက်ရမလား၊ သူလုပ်တဲ့အတိုင်း ပြန်လုပ်လိုက်ရမလား ဆိုပြီးတော့ပေ့ါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုတွေးဖူးတာပဲ။ ဒါပေမယ့် အဲ့လိုလက်တုံ့ပြန်တော့မယ်ဆိုတဲ့အခါတိုင်း အဆင့်အတန်း ဆိုတဲ့ စကားလုံးက ကျွန်တော့်ခေါင်းထဲ ဝင်လာတယ်။ တကယ်တော့ အဆင့်အတန်းဆိုတာ ဘယ်လောက်ချမ်းသာတယ်၊ ဘာတွေ ဝတ်စားထားတယ် ဆိုတာထက် ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်နေစိတ်ထားတွေကသာ အဓိက ကိုယ်စားပြုတာ ဖြစ်ပါတယ်။ သူပြောသလို ပြန်ပြောလိုက်ရလို့ အားရတာထက် အဲ့ဒီအဆင့်အတန်း ဆုံးရှုံးသွားမှာကို ပိုနှမြောမိပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းတယ်။ ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်မိအောင်နေတယ်။ ဘေးပတ်ဝန်းကျင်က တစ်ယောက်ယောက် မြင်လိုက်ရရင်လည်း ကိုယ်ဟာ အထင်သေးစရာ ဖြစ်မနေတော့ဘူးပေါ့။

၅။ ပန်းချီကားလိုကျင့်ပါ။

မှန်တစ်ချပ်ဟာ သူ့ရှေ့ကို ရောက်လာတဲ့လူရဲ့ မျက်နှာပေါ် မူတည်ပြီး တူညီတဲ့ ပုံရိပ်ကို ပြန်ထုတ်ပေးပါတယ်။ ပြုံးရင် ပြန်ပြုံးပြတယ်၊ မဲ့ရင်လည်း ပြန်မဲ့ပြတယ်။ သူ့ဘဝက သူ့ရှေ့ လာရပ်တဲ့သူအပေါ်မှာ မူတည်နေတယ်။ တချို့တွေ ခံယူထားတဲ့ သင်ကောင်းလျှင် ကျွနု်ပ်မဆိုးပါ ဆိုတာ ဒါမျိုးပေါ့။ ဒါပေမဲ့ သိပ်လှပတဲ့ ပန်းချီကားတစ်ချပ်ကျတော့ ဒီလိုမဟုတ်ဘူး။ သူ့ရှေ့လာပြီး ပြုံးပဲပြပြ၊ မဲ့ပဲပြပြ၊ သူကတော့ လှပတဲ့ ရုပ်ပုံလေးကို အမြဲပြနေမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့လည်း အဲဒီ ပန်းချီကားလို ခံယူနိုင်ဖို့ လိုတယ်။ သူကောင်းလို့ ကိုယ်ကောင်းတာ၊ သူ မကောင်းလို့ ကိုယ်ကလည်း ပြန်မကောင်းတာတွေက စိတ်ဓါတ်မြင့်မြတ်သူတွေ လုပ်လေ့မရှိပါဘူး။ သူတို့ဟာ သူတို့ပုံစံအတိုင်းပဲ နေပါတယ်။ ကိုယ့်ရှေ့ ဘယ်လိုလာလုပ်ပြနေသလဲ ဆိုတာနဲ့ မဆိုင်ဘူး၊ သူတို့ရဲ့ ကိုယ်ပိုင်မူနဲ့ပဲ ဆိုင်တယ်။ လက်စားချေတယ်၊ တုံ့ပြန်တယ် ဆိုတာမျိုးတွေ သူတို့ဆီမှာမရှိဘူး။ ဒါတွေအတွက်နဲ့လည်း တန်ဖိုးရှိတဲ့ အချိန်တွေကို အလဟဿ အကုန်မခံဘူး။

၆။ သူတို့ကို ပြောင်းလဲမပေးပါနဲ့၊ ကိုယ် မပြောင်းလဲသွားအောင်သာ ထိန်းပါ။

ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ခုရှိတယ်။ မတရားမှုတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံရင်း တိုက်ဖျက်ပေမယ့်လည်း နောက်ဆုံးမှာ မတရားသူတွေကသာ ပန်းပန်သွားတယ်ဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပေါ့။ အဲဒီကားအဆုံးသတ်မှာ ဇာတ်ကောင်တစ်ယောက် ပြောသွားတဲ့ စကားလေး သိပ်လှပါတယ်။ “တကယ်တော့ ကျွန်မတို့ဟာ လောကကြီးကို ပြောင်းလဲနိုင်မလားလို့ ကြိုးစားခဲ့ကြတယ်၊ တကယ်တမ်း ကျွန်မတို့ရုန်းကန်လှုပ်ရှားခဲ့ကြတာဟာ လောကကြီးကို ကျွန်မတို့က ပြောင်းလဲနိုင်ဖို့မဟုတ်ဘဲ လောကကြီးက ကျွန်မတို့ကို မပြောင်းလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်” တဲ့။

ဟုတ်တယ်၊ အရင်ကတော့ အဲ့လိုပဲ၊ လောကကြီးကို ပြောင်းလဲဖို့၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ပြောင်းလဲဖို့ စိတ်ကူးခဲ့ဖူးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အင်မတန်ခက်ခဲတာကို တွေ့ရတယ်။ တစ်ချိန်လုံး ဆိုးလာခဲ့တဲ့ လူတစ်ယောက်ဟာ နောင်တတွေရပြီး ပြောင်းလဲသွားတယ်ဆိုတာ ဇာတ်ကားတွေထဲလောက်ပဲ ရှိတယ်။ အပြင်မှာကတော့ သူတို့တွေဟာ နောင်တလည်း မရဘူး၊ မှားမှန်းလည်း မသိကြဘူး။ ဒါကြောင့် သူတို့ကို မှားမှန်းသိအောင်၊ နောင်တရအောင် ကြိုးစားနေမယ့်အစား ကိုယ်က သူတို့လို ဖြစ်မသွားအောင်ပဲ ထိန်းသိမ်းတာက ပိုလက်တွေ့ကျပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ

(၈.၁၂.၂၀၁၈ ထုတ် Voice Weekly ပါ ဆောင်းပါး)

No comments: