Tuesday, March 22, 2011

ဘယ်လို Hair Dryer မျိုးသုံးမလဲ

အခုခေတ်မှာ ဆံပင်အမျိုးအစား တစ်ခုချင်းစီအတွက် Shampoo အမျိုးအစားအမျိုးမျိုး ရှိပါတယ်။ Hair dryer လည်းထိုနည်းလည်း ကောင်းပါပဲ။ ပုံစံအမျိုးစုံ အမျိုးအစားမျိုးစုံရှိတဲ့အထဲက ကိုယ်နဲ့သင့်တော်တဲ့ Hair dryer ကိုရှာသုံးတတ်ဖို့လိုပါတယ်။ မ၀ယ်ခင်မှာ မိမိဆံပင် အမျိုးအစားနဲ့ ဘယ်လောက် မကြာခဏသုံးဖြစ်မလဲဆိုတာ အရင်သုံးသပ်ပါ။ ပြီးလျှင် Hair dryer ရဲ့ Setting စက်မှာတွဲ လျက်ပါမယ့်ပစ္စည်း၊ ဆံပင်သား ချောမွေ့စေမယ့် ionic properties ပါတဲ့ အမျိုးအစား...စသည်ဖြင့် မိမိအတွက် လိုအပ်မယ်ထင်တာကို အရင်စဉ်းစားပါ။

 

(၁) Hair dryer ကိုနေ့စဉ် အသုံးပြုမယ့်သူလား။

Hair dryer ကိုနေ့စဉ်အသုံးပြုတတ်သူဆိုရင်တော့ အမျိုးအစားကောင်းတဲ့ Professional model ကိုသုံးသင့်ပါတယ်။ အမျိုးအစား ကောင်းတဲ့ model များမှာ အပူရှိန် level ကိုအမျိုးမျိုး ညှိပေးနိုင်ပြီး ခေတ်မီနည်းပညာများနဲ့ ထုတ်လုပ်ထားပါတယ်။ အမျိုးအစား ကောင်းတဲ့အတွက် ဈေးလည်းကြီးမှာပါပဲ။ ဈေးပေါတဲ့ model တွေကတော့ တစ်ခါတစ်ရံ သုံးဖို့အတွက်ရယ် ဒါမှမဟုတ် ဆံပင်တိုပြီး မြန်မြန်ခြောက်လွယ်တဲ့ သူအတွက်ဆိုရင်တော့ အဆင်ပြေပါတယ်။

 

(၂) အသုံးပြု ၀ပ် (Watt) အားကလည်း အရေးပါတယ်။

ဝပ်အားနည်းတဲ့ dryer များဟာ ဆံပင်ခြောက်အောင် လေမှုတ်တဲ့အခါပဲဖြစ်ဖြစ်၊ ပုံသွင်းတဲ့အခါမှာပဲဖြစ်ဖြစ် အချိန်အတော်တော်ယူရပါ တယ်။ ဒါကြောင့် အနည်းဆုံး ၀ပ်အား ၁၇၅၀ ရှိတဲ့ dryer မျိုးသာသုံးသင့်ပါတယ်။ ဆံပင်ထူတဲ့သူတွေအတွက်ဆိုရင် မြန်မြန်ခြောက်ဖို့ ၀ပ်အား ၁၉၀၀မှ ၂၀၀၀အတွင်းရှိတဲ့ dryer အမျိုးအစားသုံးနိုင်ရင် ပိုကောင်းပါတယ်။

 

(၃) ဆံပင်ကောက်သူတွေအတွက်ဆိုရင်

diffuser ပါတဲ့ Hair dryer မျိုးသုံးသင့်လှပါတယ်။ diffuser တပ်ပြီး အသုံးပြုခြင်းအားဖြင့် ပိုမိုညင်သာတဲ့လေအားကို မှုတ်ပေးတဲ့အပြင် ဆံပင်ရှုပ်ထွေးခြင်းကိုလည်း လျော့ပါးစေပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ Volumizing hair gel (သို့မဟုတ်) mousse ကိုလိမ်းပြီး diffuser နဲ့လေမှုတ်ပေးရင် ဆံပင်အုံ ခပ်ထူထူရမှာဖြစ်ပါတယ်။

 

(၄) အပူချိန် Setting ခပ်များများပါသည့် Hair dryer

ဆံပင်ပုံသွင်းရာမှာ ရွေးချယ်စရာ heat setting များလေ ကောင်းလေပါပဲ။ ဥပမာ အပူရှိန်ကိုအမြင့်မှာထားပြီး လေမှုတ်ရင် ဆံပင်မြန်မြန် ခြောက်သလို လေအေးအေး ၂ချက် ၃ချက်လောက်မှုတ်ပေးပြီး ပုံသွင်းထားတဲ့ဆံပင်ကို ပိုပြီး သပ်ရပ်သွားစေတာမျိုးပေါ့။

 

(၅) လေမှုတ် nozzle ခေါင်းတွဲလျက်ပါတာမျိုး ရွေးသုံးပါ။

ဖြောင့်စင်းတဲ့ ဆံပင်ပုံစံလိုချင်တဲ့အခါမျိုးမှာ nozzle ခေါင်းတပ်ပြီး မှုတ်ပေးပါ။ စက်ကထွက်တဲ့လေက မိမိလိုချင်တဲ့နေရာကို တိုက်ရိုက် ရောက်တဲ့အတွက် blow dry လုပ်ရာမှာ ပိုပြီး လွယ်ကူချောမွေ့စေပါတယ်။

 

ဆံပင်နှင့်ပတ်သက်သည့် အယူအဆများ

(၁) ဆံပင်မကြာခဏ ညှပ်ပေးလျှင် ပိုပြီး အရှည်မြန်ပါတယ်။

အဲဒီ ထင်မြင်မှုက မှားပါတယ်။ ညှပ်သည်ဖြစ်စေ၊ မညှပ်သည်ဖြစ်စေ ဆံပင်ဟာ ပုံမှန် တစ်လကို တစ်စင်တီမီတာ ရှည်ပါတယ်။

 

(၂) ဆံပင်ကို တစ်နေ့ အကြိမ်တစ်ရာလောက် ဖြီးပေးရင် ဆံပင်ပိုပြီးသန်ပါတယ်။

ဒီအချက်ကလည်း မှားပါတယ်။ ဆံပင်ကို လိုတာထက်ပိုပြီး ဖြီးတဲ့အခါ ဆံပင်သား ကျိုးပဲ့ပြီး နှစ်ခွတွေ ဖြစ်တတ်ပါတယ်။ အကောင်း ဆုံးကတော့ ဘီးဖြင့် ဆံပင်ကို အရင်ဖြီးပေးပါ။ ပြီးလျှင် ပုံစံတကျဖြစ်အောင် brush ဖြင့်ဖြီးပြီး ပုံသွင်းပါ။ ၃ ချက် ၄ချက်လောက်ဆို လုံ လောက်ပါတယ်။

 

(၃) ဆံပင်အခွတွေကို အနည်းငယ်စီ တိပေးချင်းအားဖြင့် ပြုပြင်ပေးနိုင်ပါတယ်။

ဆံပင်အခွတွေရှိနေရင် ညှပ်ပေးရပါတယ်။ ၄င်းဆံပင်အခွကို Serum လိမ်းပြီး ကပ်ပေးနိုင်ပေမဲ့ ခေါင်းလျှော်တဲ့အခါ ပြန်ပြီး ပျက်သွား မှာမို့ပါ။

 

(၄) ပိုနီတေးဆံပင် ခပ်တင်းတင်းစည်းရင် ထိပ်ပြောင်တတ်ပါတယ်။

မှန်ပါတယ်။ ဆံပင်ခပ်တင်းတင်းစည်းတာမျိုးက ကြာလာရင် ဆံပင်ကျွတ်ပြီးပါးလာတတ်ပါတယ်။ ဒါကြောင့် ဦးရေပြား သိပ်မတင်းတဲ့ Loose ဖြစ်တဲ့ ဆံပင်ပုံစံမျိုးထားပါ။



No comments: