Thursday, March 10, 2011

လေဖြတ်ခြင်း ကို အနိုင်ယူပါ။

လေဖြတ်ခြင်းဟာ ဦးနှောက်ကြွက်သားတွေကိုထောက်ပံ့နေတဲ့သွေးကြော ပေါက်ခြင်း(သို့ )ပိတ်ခြင်းကြောင့်ဖြစ်ရပါတယ်။

လေဖြတ်ခြင်းရဲ့  ဆိုးကျိုးတွေနောက်ဆက်တွဲတွေကို အားလုံးသိကြမှာပါ။ လူတစ်ယောက်ဟာ ပုံမှန်မသန်စွမ်းတော့ဘဲ အိပ်ရာပေါ်မှာနေသွားရဖို့ များပါတယ်။ အိပ်ရာပေါ်မလဲတောင် ပုံပျက်ပန်းပျက်နဲ့  အသက်ရှင်သွားရမှာပါ။ ဖြစ်ပြီးမကြာခင်မှာလဲ အသက်ဆုံးနိုင်ပါတယ်။ ဒါကြောင့်လေဖြတ်မှန်းသိပြီး ချက်ချင်းကုနိုင်ရင်ဖို့  အောက်ပါရိုးရှင်းတဲ့  အချက်ကလေးတွေကို မှတ်ထားစေချင်ပါတယ်။

ဖြစ်ရပ်တစ်ခု။
ဧည့်ခံပွဲတစ်ခုမှာ ကျွန်တော်  သူငယ်ချင်းမတစ်ယောက်ဟာ ခလုတ်တိုက်ပြီး လဲကျသွားပါတယ်။ အားလုံးကဆေးရုံကားခေါ်ပေးမယ်လုပ်တော့ သူမက ဘာမှမဖြစ်ပါဘူး ၊အုတ်ခဲကိုခလုတ်တိုက်မိလို့  လဲသွားတာပါလို့ ပြောပြီး စားစရာဆက်စားပါတယ်။ သူမကြည့်ရတာ မူပျက်နေတယ်ထင်ရပေမယ့် ဧည့်ခံပွဲပြီးတဲ့ အထိနေသွားပါတယ်။
ညကျမှ သူ့ အမျိုးသားလှမ်းဖုန်းလို့  ကျွန်တော်တို့ သိလိုက်ရတာက သူမကို ညနေ ၆ နာရီမှာဆေးရုံတင်လိုက်ရပြီး ဘာမှမလုပ်ရသေးခင်မှာပဲ ဆုံးသွားပြီဆိုတာပါပဲ။ တကယ်ဝမ်းနည်းစရာကောင်းတဲ့  အဖြစ်ပါ။
တကယ်တော့ – သူမဟာဧည့်ခံပွဲမှာကတည်းက လေဖြတ်ခြင်းကို စတင်ခံစားခဲ့ရတာဖြစ်ပါတယ်။ ဘေးနားကလူတွေကသာ လေဖြတ်ခြင်းရဲ့  လက္ခဏာတွေကို  ခွဲခြားသိနိုင်ခဲ့ မယ်ဆိုရင် သူမဟာဒီနေ့ ထိလူ့ လောကမှာရှိနေဦးမှာ ဖြစ်ပါတယ်။

အချိန်မှီ သိနိုင်မယ်ဆိုရင်
ဦးနှောက်နဲ့  အာရုံကြော အထူးကုဆရာဝန်ကြီး တစ်ယောက်ကတော့ လေဖြတ်တယ်လို့  သိသိရခြင်း ၃ နာရီအတွင်းလူနာဟာ ဆရာဝန်နဲ့ တွေ့ ခွင့်ရမယ်ဆိုရင် ပြန်ကောင်းနိုင်ပါတယ်လို့  ပြောပါတယ်။

လေဖြတ်တာလို့ ချက်ချင်းစမ်းသပ် အတည်ပြုနိုင်ပါမယ် ဆိုရင် -
ဖြစ်ဖြစ်ချင်း အနည်းဆုံး ၃ နာရီအတွင်းမှာ လူနာကို ဆေးကုသမှု ခံယူစေနိုင်ရင် -

အခြေအနေတွေ အများကြီးကောင်းလာနိုင်ပါတယ်

လေဖြတ်ခြင်းရဲ့  ရုတ်တရက်လက္ခဏာများ
Stroke လို့ ခေါ်တဲ့  လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းပိုင်း သွေးကြော တစ်ခုခုပေါက်လို့ ၊ ဒါမှမဟုတ် ပိတ်သွားလို့  ဦးနှောက်တစ်နေရာမှာ သွေးမရတော့ဘဲ အလုပ်မလုပ်နိုင်တဲ့  အတွက် ခန္ဒာကိုယ် ထိခိုက်သွားတာ ဖြစ်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ အတွက် လေဖြတ်ခြင်းရဲ့ လက္ခဏာတွေက တစ်ခါတစ်လေမှာ ခွဲခြားရခက်ပါတယ်။
ကံဆိုးချင်လို့ ဘေးလူတွေက မသိ နားမလည်ရင်တော့- အခြေအနေတွေ ဆိုးလာနိုင်တာပေါ့။

လေဖြတ်ခြင်းခံနေရတယ် ဆိုတာ ဘယ်လို သိနိုင်ပါသလဲ။

အရင်ဆုံး လူနာကို
(S=Smile) လူနာကိုပြုံးခိုင်းပါ။ (ပုံမှန်ပြုံးသလိုဖြစ်ရဲ့ လား၊ရွဲ့ နေစောင်းနေလားကြည့်ပါ)
(T=Talk) စကားပြောခိုင်းပါ။ လူနာကို လျှာထုတ်ခိုင်းပါ။ (လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို စောင်းနေမယ်ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။)
(R=Raise both arms) လက်နှစ်ဖက်မြှောက်ခိုင်းပါ။
ဒီလို STR ဒါတွေအကုန် ချောချောမွေ့ မွေ့ လုပ်နိုင်တယ်ဆိုရင်တော့ – လေဖြတ်ခြင်းမခံရဘူးပေါ့။
တစ်ခုခုကို မလုပ်နိုင်ခဲ့ ဘူးဆိုရင်တော့ (E=Emergency) အရေးပေါ်ဖြစ်လို့  ဆေးရုံတင်မှရပါမယ်

မှတ်ချက်- emailမှရထားသော အကြောင်းအရာတစ်ခုကို မျှဝေထားတာပါ။ အမှန်အမှား သိတတ်နားလည်တဲ့သူက ထောက်ပြပေးပါ။ လေဖြတ်ချင်း ဟုတ်မဟုတ် စစ်ဆေးရမယ့် အချက်က ရိုးစင်းသလို  အန္တရယ်မရှိတာကြောင့် မျှဝေပေးလိုက်ပါတယ်။

No comments: