Tuesday, March 8, 2011

လေ့ကျင့်ခန်းလုပ်သူများအတွက် အကောင်းဆုံး သရေစာများ

ပရိုတင်းကို စားသင့်သောအချိန်

အားကစားမလုပ်ခင် မိနစ် ၃၀ အလိုနဲ့ အားကစားလုပ်ပြီး မိနစ် ၃၀ ကြာတဲ့အချိန်မှာ စားပေးရမှာ ဖြစ်ပါတယ်။ စားသင့်တဲ့ ပရိုတင်းပမာဏဟာ ၁၀-၂၀ ဂရမ်လောက် စားသင့်ပါတယ်။ စားသင့်တဲ့ ပရိုတင်း ပါတဲ့ သရေစာတွေကို အောက်မှာ ဖော်ပြပေး လိုက်ပါတယ်။

(၁) ကြက်သားနှင့် တူနာငါး

ပေါင်မုန့်ပါးပါးနှစ်ချက်ကြားမှာ ကြက်သား ဒါမှမဟုတ် တူနာငါး ညှပ်ပြီး စားပေးနိုင် ပါတယ်။ ကြက်သားပြားလေးချပ်မှာ ပရိုတင်းဓာတ် ၁၄ ဂရမ်ပါဝင်ပြီး ငါးသေတ္တာဘူးထဲက တူနာငါးတစ်ဝက်မှာ ပရိုတင်းဓာတ် ၂၂ ဂရမ်ပါဝင်နေပါတယ်။

(၂) ကြက်ဥပြုတ်၊ ဘဲဥပြုတ်

ပြုတ်ထားတဲ့ ကြက်ဥဒါမှမဟုတ်ဘဲဥဟာ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အစားသင့်ဆုံး ဖြစ်ပါတယ်။

(၃) ချောကလက်နို့

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ချောကလက်နို့ကို သောက်ပေးတာဟာ လန်းဆန်း အမောပြေစေပြီး ကြွက်သားထုကိုပါ သန်စွမ်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ချောကလက်နို့သောက်တာဟာ ကြွက်သားဖွံ့ဖြိုးရေးအတွက် အများကြီးအထောက်အပံ့ ပေးနိုင်ကြောင်း အမေရိကန် အာဟာရဂျာနယ်က ဆိုပါတယ်။

(၄) ဒိန်ချဉ်

ဒိန်ချဉ်ဟာ အလေးမသူတွေအတွက် အကောင်းဆုံးအာဟာရပါ။ ဒိန်ချဉ်မှာ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေ များပြားစွာ ပါဝင်နေတာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သောက်သင့်တာ ဖြစ်ပါတယ်။ သစ်သီးတွေ၊ သကြားတွေနဲ့ ရောထားတဲ့ ဒိန်ချဉ်ကို မသောက်ပါနဲ့။ အရသာကောင်းချင်ရင် အခွံမာသီးနဲ့ စတော်ဘယ်ရီသီး ဒါမှမဟုတ် ဘလူးဘယ်ရီသီးရောထည့်ပြီး သောက်ပေးနိုင်ပါတယ်။

Ref : Good Health

No comments: