Tuesday, July 15, 2008

When you brought Wine.....you can ask this questions

ဝိုင်အရက် အ၀ယ်မှန်စေရန်
“၀ိုင်”ကိုဝယ်တော့မည်ဆိုလျှင် သင်ရွေးချယ်ထားသည့်အထဲမှ အကြိုက်နှစ်သက်ဆုံး အမျိုးအစားကို ရွေးချယ်ဝယ်ယူဖို့သင့်ပါတယ်။ ဖြစ်နိုင်လျှင်’၀ိုင်’ကိုမ၀ယ်ယူခင် မြည်းစမ်းကြည့်ပါ။သို့မှသာ သင့်အကြိုက်ဆုံး စတိုင်လ်ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ သင်ဈေးကြီးပေးဝယ်ထားရမည့် ၀ိုင်အကြောင်းမွေးခွန်းတွေမေးဖို့ပါပဲ။ ၀ိုင်တစ်ပုလင်း ရွေးချယ်ဝယ်သည့်အခါ သိသင့်သိထိုက်သည့်အချက်များ၊ မေးသင့်သည့် မေးခွန်းများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
- ၀ိုင်ရဲ့အရသာဟာ ဘာနဲ့တူပါသလဲ။
- မည်သည့် စပျစ်အမျိုးအစားနှင့်ပြုလုပ်ထားပါသလဲ။ (အကယ်၍ လေဘယ်မှာ မဖော်ပြထားလျှင်။)
- ၀ိုင်ဟာ နှစ်ဘယ်လောက်ကြာကြာထား ပြီးရင်သောက်သုံး ဖို့အသင့်တော်ဆုံးဖြစ်ပြီလဲ။
- ၀ိုင်ကို ဘယ်လောက်ကြာအောင်သိမ်းထားနိုင်ပါသလဲ။
- မည်သည့်နေရာ၊မည်သို့ သိမ်းဆည်းရမည်လဲ။
- ရေခဲမှတ်အမြင့်ဆုံးနှင့် အေးခဲထားသင့်သလား။
- အခြားပုလင်းတစ်လုံး(သို့မဟုတ်) သိမ်းဆည်းစရာပုံး၊ခွက် စသည်ထဲ သို့ ပြောင်း၍ထည့်သင့်သလား။
- ၀ိုင်အရက် သောက်သုံးရန်ထည့်သည့် ဖန်ခွက်၏ပုံသဏ္ဍာန်သည် အရသာကို အကျိုးသက်ရောက်မှုရှိစေနိုင်သလား။
- မည်သည့် အမြည်းစားစရာနှင့် လိုက်ဖက်ညီပါသလဲ။ မည်သည့် အမြည်းအမျိုးအစားက ၀ိုင်အရသာကိုပျက်စီးစေသလဲ(သို့မဟုတ်) ၀ိုင်ကို သူ့ချည်းသက်သက်ပဲသောက်သင့်သလား။

No comments: