Thursday, July 31, 2008

Insect bites to someone

အကောင်အကိုက်ခံရလျှင်
ဒေါက်တာ ရည်ညွန့်မေ
ကလေးအများစုဟာ တိရစ္ဆာန်လေးတွေကို ချစ်တတ်ပါတယ်။ အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်တဲ့ ခွေး၊ကြောင်တို့ကို အိမ်မှာကလေးတွေနဲ့ အမှတ်တမဲ့ထားရင် ၄င်းတိရစ္ဆာန်လေးတွေရဲ့ အကိုက်ခံရတတ်ပါတယ်။ကလေးအချင်းချင်း သို့မဟုတ် ကြောင်အကိုက်ခံရတာဆိုရင် ကိုက်ထားတဲ့ နေရာမှာ သွားအပေါက်လေးတွေကျန်ရစ်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ ခွေးသန်း၊ကြောင်သန်း သို့မဟုတ် အင်းဆက်ပိုးအကိုက်ခံရတာဆိုရင် အပိန့်အနီရောင်၊ပန်းရောင် အကြီးကြီးထလာတာကို တွေ့ရမှာဖြစ်ပါတယ်။

၎င်း အဖုအပိန့်ကြီးရဲ့ အလယ်မှာဖြူနေပြီးဘေးအခြေမှာ နီနေတာတွေ့ရ ပါလိမ့်မယ်။အဲဒီလို အင်းဆက်ပိုးအကိုက်ခံရတဲ့နေရာဟာ အလွန်ယားယံပြီး ကလေးဟာမကုတ်ရမနေနိုင်ဖြစ်လာတာကို တွေ့နိုင်ပါတယ်။
(၁) ဘာလုပ်ပေးရမလဲ
အကိုက်ခံရတဲ့ ကလေးဟာ လန့်ပြီးအော်ငိုတတ်ပါတယ်။လူကြီးတစ်ယောက်ယောက်က သိလိုက်ရင် ကလေးကိုငြိမ်သွားအောင် ချော့မော့ပြီး ဘာအကိုက်ခံရတာလဲဆိုတာ သေချာစွာမေးပါ။ကလေးကလေးချင်းသို့မဟုတ် ခွေးသို့မဟုတ်ကြောင်ကိုက်ခံရတာဆိုရင် ကိုက်ထားတဲ့နေရာမှာ သွားရာလေးတွေ တွေ့ရလိမ့်မယ်။ အနာကိုဆပ်ပြာနဲ့ရေဖြင့် သန့်စင်သွားအောင်ဆေးပါ။သွေးသို့မဟုတ် သွားရည် သို့မဟုတ် ဖုန်အမှိုက်များပေနေရင် ပြောင်အောင်ဆေးပါ။ ပြီးလျှင်ပိုးသတ်ဆေးရည်လိမ်းပေးပြီး အနာကိုဆေးထည့်ပါ။ အင်းဆက်အကိုက်ခံရတာဆိုရင် ယားယံတာသက်သာစေသော လိမ်းဆေးလိမ်းပေးနိုင်ပါတယ်။အကယ်၍ အနာမှသွေးထွက်များလျှင် ၊နီရဲရောင်ရမ်းတာပိုများလျှင် ဆရာဝန်နှင့်ပြပါ။
ခွေးသန်းသို့မဟုတ် ကြောင်သန်းသို့မဟုတ် ပျားသို့မဟုတ် အင်းဆက်ပိုးလေးတွေကိုက်ခံရရင်တော့ အဖုအပိန့်များထလာပြီးအလွန်ယားတတ်ပါတယ်။ ပျားတုပ်ခံရတာဆိုရင် အလွန်နာတတ်ပါတယ်။ ဓာတ်မတည့်ပျောက်ဆေး တစ်ခုခုကို တိုက်ပေးနိုင်ပါတယ်။
အိမ်မွေးတိရစ္ဆာန်လေးတွေ ကလေးတွေနဲ့ အင်းဆက်ပိုးအကိုက်ခံရမှုတွေဟာ ဆိုးဝါးခဲပါတယ်။သို့သော် ၄င်းအနာဟာ တစ်ခါတစ်ရံ ပိုဆိုးတတ်ပါတယ်။
(၂) အဲဒီအခါ ဘာလုပ်ရမလဲ
အကယ်၍ အကိုက်ခံရတဲ့ အနာဟာပိုကြီးလာမယ်ဆိုရင် မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်ပါလိမ့်မယ်။ သင့်မိသားစု ဆရာဝန်နှင့်အနာကိုပြပြီး လိုအပ်ပါက ဆရာဝန်က မေးခိုင်ကာကွယ်ဆေးထိုးပေးပါလိမ့်မည်။
အနာမှာ ပိုးဝင်တယ်ဆိုလျှင် ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေးလည်းပေးပါလိမ့်မယ်။
(၃) မိဘအနေဖြင့် ကလေးအား ဘာတွေအကူအညီပေးနိုင်လဲ
မိဘများအနေဖြင့် အိမ်မွေးတိရစ္ဆာန်လေးများနှင့်ကလေးငယ် အားမကျီစယ်သင့်ပါ။တိရစ္ဆာန်လေးများကို သေချာစွာပြုစုထိန်းသိမ်းထားပါ။ ကလေးငယ်များနှင့် လွှတ်မထားရပါ။ သို့မဟုတ်ပါက ကလေးငယ်များက၄င်း တို့၏အမွေးသို့မဟုတ် အမြီးများကိုဆွဲကိုင်ခြင်း၊ ပွတ်သပ်ခြင်းမပြုလုပ် နိုင်အောင် သတိထားစောင့်ကြည့်ပါ။ခွေး၊ကြောင်တို့အား တိရစ္ဆာန်ကုဆရာဝန်နှင့် တိုင်ပင်၍ ခွေးရူးပြန်ကာကွယ်ဆေးကို ထိုးပေးပါ။
အိမ်ရှိကော်ဇော၊ခန်းစီး၊ ပြတင်းပေါက် လိုက်ကာစသည်တို့ကို တစ်ပတ်တစ်ခါသန့်ရှင်းပေးပါ။ ခွေးသန်း၊ကြောင်သန်းများ ကလေးကို ကိုက်တယ်လို့ သံသယရှိပါက ၄င်းတို့ကိုဖွပ်လျှော်ပေးရန်လိုပါသည်။၎င်း တိရစ္ဆာန်လေးများကိုလည်းရေချိုး သန့်စင်ပေးဖို့လိုပါသည်။ တိရစ္ဆာန်ဆေးကုခန်းများမှ အထူးစီမံထားသော ခွေးသန်း၊ကြောင်သန်း သက်သာစေသော ပေါင်ဒါမှုန့်များ ၀ယ်ပြီးအသုံးပြုနိုင်ပါသည်။ ဒါမှမဟုတ် တိရစ္ဆာန်ဆေးကုဆရာဝန် အားသင့်တိရစ္ဆာန်လေးများအားခေါ်ယူပြီးပြသင့်ပါတယ်။
ကလေးငယ်အား ခြင်ကိုက်ခံရတာဆိုရင် ခြင်မကိုက်အောင် ခြင်ထောင်ခပ်ကြီးကြီးထောင်ထားပြီး အထဲမှာ ဆော့ပါစေ။လူကြီးကစောင့်ကြည့်ထားပါ။

No comments: