Thursday, July 31, 2008

Adventure of Kids

ကလေးရဲ့ စွန့်စားခန်းများ
ကလေးကို စွန့်စားခန်းများပြုလုပ်ခွင့်ပေးရန် အားပေးမြှင့်တင်တဲ့ အလုပ်ကတော့ တကယ်ကိုတန်ဖိုးပေးဆပ်ရပါတယ်။ အနည်းဆုံး သူ့ကိုယ်သူ ဘယ်ဘောက်အတိုင်းအတာအထိ လုပ်ရမယ်ဆိုတာ သိလာစေရန်နှင့်စွန့်စားလိုစိတ် ဖွံ့ဖြိုးလာအောင် လုပ်ပေးရမှာဖြစ်ပါတယ်။ဒီနည်းဟာ သူ့ကိုယ်သူ့ ယုံကြည်မှုရရှိစေသော အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။
မိဘကောင်းတစ်ယောက်အနေနဲ့ မိမိကလေးငယ်ရဲ့ ကြောက်စိတ်တွေကို ဖယ်ရှားပေးခြင်းဟာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုပါပဲ။ ကလေးရဲ့ကြောက်ရွံ့မှုတွေဟာ သူ့အတွက် ခံစားနိုင်ဖို့နှင့် သတိထားနိုင်ဖို့ လုံလောက်ပါတယ်။
မိမိကလေးကို အကာအကွယ်ပေးလွန်းသော မိဘတွေဟာ ကလေးတွေရဲ့ စွမ်းရည်ကိုစမ်းသပ်ခွင့် မပေးကြ ပါဘူး။ ကျွမ်းကျင်မှုအသစ်တွေကို လုပ်ကြည့်ရန်လည်းခွင့်မပေးပါဘူး။စွမ်းဆောင်မှုအသစ်တွေကိုလည်း လုပ်ခွင့်မရပါဘူး။ အဲဒီမိဘတွေဟာ ကလေးအားထိန်းချုပ်လွန်းတဲ့အတွက် အဲဒီကလေးငယ်ဟာ ပူးပေါင်းညှိ နှိုင်းဆောင်ရွက်မှုနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေပါတယ်။ ကလေးငယ်အနေနဲ့လည်း သူတို့ခန္ဓာ ကိုယ်အား ဂုဏ်ယူတတ်ခြင်း၊ယုံကြည်မှုရှိခြင်းနှင့် ကိုယ်ပိုင်စွမ်းရည်ရှိခြင်းတို့မှ ကင်းဝေးစေပါတယ်။
၎နှစ်အရွယ် ကလေးတစ်ယောက်ဟာ သူ့ခန္ဓာကိုယ်ရဲ့ လုပ်နိုင်စွမ်းရှိမှုတွေကို ရှင်းရှင်းလင်းလင်းခံစားသိရှိနိုင် ပြီး ဖြစ်နိုင်စွမ်းရှိ၊မရှိ၊ဘေးကင်းစိတ်ချမှုရှိ မရှိ အန္တရာယ်ရှိ မရှိကိုလည်း စမ်းသပ်ကြည့်နိုင်သော အရွယ်ဖြစ်ပါ တယ်။။ ကစားကွင်းထဲမှာ သံဘားတန်းများကိုတွယ်၍ တက်သောကစားနည်းဟာ သူတို့အတွက် စမ်းသပ်လုပ်ဆောင်မှုအတွေ့အကြုံများရရှိစေပါတယ်။ သုတေသနပြုချက်များအရ အဲဒီအရွယ်ကလေးငယ် တွေကို သူတို့ကိုယ်ပိုင်ကိရိယာတန်ဆာပလာများနဲ့ လွှတ်ပေးထားတဲ့အခါ ကန့်သတ်ချက်ထက်ကျော်လွန် ပြီးလုပ်ဆောင်တာမျိုးရှားတယ်လို့ သိရပါတယ်။
၎နှစ်အရွယ်ကလေးတွေမှာ စွမ်းအင်တွေ အကန့်အသတ်မဲ့ရှိပါတယ်။ ဒါ့အပြင် တွယ်တက်ခြင်း၊ စက်ဘီးခြေနင်းကိုနင်းခြင်း၊ လျှောစီးခြင်း စတဲ့အလုပ်မျိုးကို လုပ်ဆောင်နိုင်စွမ်းရှိလာပါပြီ။ မိဘများရဲ့ အခန်းကဏ္ဍကတော့ အဲဒီလိုပစ္စည်းမျိုးတွေ အိမ်အတွင်းမှာထားပေးဖို့ပါပဲ။ အလွယ်တကူ ကြီးကြပ်ပေးနိုင်တဲ့မြင်ကွင်းမှာ ထားပေးရပါမယ်။
လိုအပ်ရင် ခက်ခဲတဲ့အလုပ်မျိုးတွေ့ပါက လမ်းညွှန်ပြသပေးပါ။ ဒါမှမဟုတ်စက်ဘီးဆိုရင် ငြိမ်သွားအောင် ဘီးအပိုတတ်ပေးတာမျိုးလုပ်ပေးပါ။ ကလေးကိုမလုပ်ရဘူးလို့ မတားဆီးသင့်ပါ။ ဒီနည်းအားဖြင့် ကလေးအတွက် သူ့ဘ၀တစ်လျှောက်မှာ အဲဒီပစ္စည်းနဲ့ပတ်သက်ပြီး နှစ်သက်ခံစားနိုင်သော အခြေခံချပေးရာရောက်ပါတယ်။ ပြီးတော့ကလေးကို ကျွမ်းကျင်မှု ပိုမိုရရှိလာစေလိုသော ဆန္ဒဖြစ်ပေါ်လာအောင် အားပေးရပါမယ်။ မသိသေးတဲ့နယ်ပယ်အတွင်းမှာ ထိုးဖောက်ဝင်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေနိုင်မှာဖြစ်ပါတယ်။ ကလေးကိုကောင်းစွာ ထိန်းသိမ်းတတ်ပြီး ယုံကြည်မှုရှိသောလူတစ်ယောက်ဖြစ်လာအောင် ကူညီပေးရမှာဖြစ်ပါတယ်။

သားငယ်များအား စွန့်စားရဲတဲ့သတ္တိရှိလာစေရန် ဘာတွေလုပ်ပေးရမလဲ
(၁) လှုပ်ရှားကစားရသော ကစားနည်းများကို ကူရှင်ခံထားသည့် ပျော့ပျောင်းသော ကြမ်းပြင်အကျယ်ပေါ်တွင်ကစားနိုင်ရန် ကူညီပေးပါ။
(၂) အကွာအဝေး အကျဉ်းအကျယ်ကိုမှန်းဆရသော ကစားနည်းမျိုးနဲ့ မိတ်ဆက်ပေးပါ။ ထိုကစားနည်းမျိုးက စွန့်စားတွေးခေါ်မှုကို လှုံ့ဆော် ပေးနိုင်ပါတယ်။
(၃) မုန့်ထည့်သည့် ကတ်ဘူးဟောင်းကဲ့သို့သော ပစ္စည်းအခွံများကိုပေး၍ကစားစေခြင်းဖြင့် ဘာပစ္စည်းလဲဟု စူးစမ်းစပ်စုချင်စိတ်ပေါ်ပေါက် လာအောင်ပြုလုပ်ပေးပါ။
(၄) ကြိုးလှေကား၊ဒါန်းစင်၊ စက်ဘီး၊ စကိတ်၊ဘောလုံး စသည့်ကစားစရာပစ္စည်းများ ၀ယ်ပေးပါ။

သမီးငယ်များအား စွန့်စားရဲတဲ့ သတ္တိရှိလာစေရန် ဘာတွေလုပ်ပေးရမလဲ
(၁) စွန့်စားခြင်းကြောင့် ညစ်ပတ်ပေရေသွားခြင်းကို ဘယ်တော့မှဇာချဲ့ပြီး မဆူမငေါက်ပါနဲ့။
(၂) စွမ်းအင်ထုတ်သုံး၍ကစားရသောကစားနည်းများကိုအားပေးပါ။
(၃) သမီးငယ်အား သားလေးတစ်ယောက်သဖွယ် စဉ်းစားကြည့်ပါ။ ယောက်ျားလေးတွေ ကစားလေ့ရှိသော အမြင့်တက်ခြင်း၊ခိုစီးခြင်း၊ ဟန်ချက်ထိန်းညှိရသောကစားနည်းများကစားခြင်း၊ ဘောလုံးကန်ခြင်းစသည့် ကစားနည်းများကိုကစားခိုင်းပါ။
(၄) စက်ဘီးကဲ့သို့သော ကစားစရာများကို စောစောစီးစီးဝယ်ပေးပါ။

No comments: