Wednesday, July 23, 2008

Shy kids

အရှက်အကြောက်ကြီးတဲ့ ကလေးတစ်ယောက်ဆိုတာ
တချို့ကလေးတွေဟာ အပေါင်းအသင်းကလည်း သိပ်မရှိ၊ နေရာတကာ လူကြောက်ပြီးနေ တတ်ကြတဲ့အခါ လူကြီးတွေက အဲဒီကလေးတွေကို အရှက်အကြောက်ကြီးတဲ့ ကလေးတွေ ပဲလို့ပေါ့ပေါ့ဆဆ သတ်မှတ်လိုက်ရင် လွန်စွာမှားပါလိမ့်မယ်။တကယ်တော့ အဲဒီကလေးတွေ ရင်ဆိုင်နေရတဲ့ တကယ့်လက်တွေ့ပြဿနာဟာ အရှက်အကြောက်ကြီးတယ်ဆိုတာထက် ပိုဆိုးနေတတ်လို့ပါပဲ။
အဲဒါတွေကတော့ -
(၁) အထီးကျန်ဆန်ဝေဒနာခံစားနေရခြင်း၊ အပေါင်းအသင်း သူငယ်ချင်းတွေ မရှိဘဲ တစ်ဦးတည်း အထီးကျန်နေရမှုဟာ မိဘတွေကို ကြေကွဲဖွယ်မြင်ကွင်း တစ်ခုဖြစ်စေပါတယ်။
(၂) သူတို့ဟာ သူတို့ကို ဂရုစိုက်မှု၊သူတို့ကို ချစ်ခင်ယုယမှုတွေကို လိုချင်တာကြောင့် သူတို့ရဲ့လိုချင်အတ္တကို သဘာဝမကျတဲ့ အပြုအမူအမျိုးမျိုးနဲ့ ပုံဖော်တောင်းဆိုတတ်ကြပါတယ်။ အဲဒီလိုအခြေအနေကို ဆေးပညာ၌ လှုပ်ရှားတက်ကြွလွန်အဆင့်ဟုခေါ်ပါတယ်။
(၃) ဒါ့အပြင် သူတို့ရဲ့လိုချင် အတ္တတွေကို တစ်စုံတစ်ဦးကမျှကူညီ ဖေးမဖြည့်ဆည်းပေးနိုင်မှု မရှိလျှင် သူတို့ဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေပျက်သုဉ်းသွားပြီး လိမ်ညာပြောဆိုခြင်း၊ သူများပစ္စည်းခိုးဝှက်ခြင်း၊အားနည်းသူကိုအနိုင်ကျင့်ခြင်း၊ အရွယ်ရောက်တဲ့အခါ အပေါင်းအသင်းမှားပြီး အရက်စွဲ၊မူးယစ်ဆေးဝါးစွဲခြင်းတွေအထိ ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် မိဘတွေအဖို့ ကိုယ့်သားသမီးတွေကို ငယ်စဉ်ကတည်းက သူကရှက်တတ်တယ်၊ ကြောက်တတ်တာပဲလို့ ပေါ့ပေါ့လေးတွေးမနေတတ်ဘဲ တကယ်ပဲ သူဟာ သူ့ကိုယ်သူ ယုံကြည်မှု တွေ ကင်းနေတာလားဆိုတာ သေချာဆန်းစစ်ဝေဖန်ပြီး ကိုယ့်ဘာသာကိုယ် ယုံကြည်ချက်တွေ ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားပြုပြင်ထိန်းကျောင်းစောင့်ရှောက်သွားဖို့လိုပါတယ်။

No comments: