Wednesday, March 9, 2022

ရောင်းအားကျလာတဲ့အခါ ဘာတွေလုပ်နိုင်မလဲ

ရောင်းအားကျလာတဲ့အခါ ဘာတွေလုပ်နိုင်မလဲ။




ရေးသားသူ - Ywun Shwe Yi Win   

#Sale_Strategy

#Sale_Target

#Bu


အရောင်းပိုင်းကိုစီမံခန့်ခွဲနေရသူတစ်ယောက်အနေနဲ့ ရောင်းအားတွေကျလာတဲ့အခါ ဘာတွေလုပ်နိုင်မလဲ။


အရောင်းမန်နေဂျာတွေ၊ အရောင်းကြီးကြပ် (Sales Supervisors) တွေအနေနဲ့ goal တွေချ၊ strategy တွေဆွဲ၊ plan တွေပြင်ပြီး လုပ်နေတယ်။ ရလဒ်ကိုကြည့်တဲ့အခါကြတော့ ထင်သလောက် တိုးတက်လာတာမတွေ့ရဘူး။ 


Target မထိတဲ့လကလည်း ၂ လ၊ ၃ လဖြစ်လာပြီ။ ဒါဆိုရင် ဘာတွေလုပ်ဖို့ လိုနေပြီလဲ။ ဦးဆောင်နေရသူတစ်ယောက် အနေနဲ့ဘာတွေလုပ်နိုင်မလဲ လေ့လာကြည့်ရအောင်။


၁) ခ်မွတ္ထားတဲ့ Goal တွေ Target တွေကိုပြန် လေ့လာဆန်းစစ်ပါ။


အရောင်းသမားတစ်ယောက်ချင်းစီရဲ့ Individual Target, Team Target တွေကို ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ sales forecasting (အရောင်းရနိုင်ချေခန့်မှန်းချက်) လုပ်ပြီး Target တွေချလိုက်ပေမယ့် သင့်အဖွဲ့ရဲ့ လုပ်နိုင်စွမ်းအား ထက်ကျော်သွားတာမျိုးများ ဖြစ်နေပြီလား။ ဒီနေရာမှာ သင့်ချမှတ်လိုက်တဲ့ Goals တွေဟာ SMART goal setting နဲ့ align ဖြစ်ဖို့လိုပါတယ်။ SMART goal setting အကြောင်းလဲ ဒီ page မွာ ရှဲပေးခဲ့ဖူးပါတယ်။ 


ဆိုတော့ ပြီးခဲ့တဲ့နှစ်က ဒီလိုလမျိုးမှာရခဲ့တဲ့ data တွေ၊ သင့်အရောင်းအဖွဲ့ရဲ့ လူအင်အားနဲ့ တစ်ယောက်ချင်းစီ လုပ်နိုင်စွမ်းအားတွေကို ပြန်လေ့လာဖို့ လိုပါပြီ။ လူထပ်ခန့်ရမှာလား၊ training ပေးရမှာလား၊ Target တွေပြန် အလျော့အတင်းလုပ်ရမှာလား စသည်ဖြင့် action ယူရမွာပါ။


၂) သင့်အရောင်းသမားတွေ တက်တက်ကြွကြွ အလုပ်လုပ်ကြရဲ့လားလို့ ဆန်းစစ်ပါ။


 Motivation effort Performance Reward Motivation


သင့်အရောင်းသမားတွေ အလုပ်အပေါ်မှာ motivation ဖြစ်နေမှ အားစိုက်ထုတ်မှု (effort) ရွိလာမွာပါ။ effort ရွိမွ အရောင်းတွေပိုတိုးလာခြင်း ဆိုတဲ့ performance တွေ ကောင်းလာမယ်။ အရောင်းတွေ တက်လာတော့ ဆုပေးတာ၊ commission ရတာစတဲ့ rewards တွေရမယ်။ ဒီလို တွေရတော့ အလုပ်လုပ်ရတာ တက်တက်ကြွကြွ (motive) ဖြစ်မယ်။ စက်ဝိုင်းလို သံသရာလည်နေတာပါပဲ။ ဒါကြောင့် စီမံခန့်ခွဲနေရသူ တစ်ယောက်အနေနဲ့ သင့်တော်တဲ့ reward plan တွေ Motivation techniques တွေကို သင်လုပ်ထားရဲ့လား၊လုပ်ဖို့လိုနေပြီလား ဆန်းစစ်ဖို့လိုပါတယ်။


ဒီနေရာမှာ Sales commission တစ္ခုထဲ သာမဟုတ်ဘဲနဲ့ ငွေကုန်ကြေးကျလည်း အရမ်းအများ သင့်အဖွဲ့သားတွေလည်းပျော်ရွင် ကျေနပ်ကြစေမယ့် monthly target ထိအောင်ရောင်းနိုင်သူကို small gifts လေးတွေ အမှတ်တရလက်ဆောင်ပေးတာမျိုး၊ ရောင်းအားအများဆုံး ၃ယောက်ကို ဆုတံဆိပ်လေးတွေပေးတာမျိုး စသည်ဖြင့် လုပ်ပေးလိုက်ခြင်းအားဖြင့် အရောင်းသမားတွေက ပိုပြီးစိတ်အားထက်သန်လာပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ကြိုးစားကြမှာဖြစ်ပါတယ်။


၃) သင့်အရောင်းသမားတွေ အလုပ်တွေပို၊ ဝန်တွေပိနေလားဆိုတာကို သေချာစစ်ဆေးပါ။


တစ်ခါတစ်လေကြတော့သင်က အချက်အလက်တွေသိချင်လို့ အရောင်းသမားတွေစီကဟို customer data ပေးပါ၊ ဒီ information အသေးစိတ်ပေးပါ စသည်ဖြင့် report တွေလုပ်ခိုင်းတယ်၊ data တွေတောင်းလိုက်တယ်။ အဲ့ဒီအချိန် သူတို့တွေ မှာလည်းသွားတွေ့ရမယ့် ဝယ်သူတွေ၊ ဖုန်းခေါ်ရမှာတွေ၊ email ပို့ရမှာတွေကလည်း ရှိနေတယ်။ ဒါဆိုရင် သူတို့မှာ အလုပ်တွေပိပြီး ဝယ်သူပြောတာတွေ သေချာနားမထောင်နိုင်လိုက်လို့ လွတ်သွားတာမျိုးတွေ၊ သေချာစဉ်းစားချိန်မရလို့ ပြောလိုက်ရပါတယ်ဆိုတဲ့ အမှားတွေ ဖြစ်လာတာပေါ့။ ရလဒ္ကေတာ့ အရောင်းတွေ က်လာတာပါပဲ။ 


ဒါဆိုရင် ဒီလို task တွေ overload မဖြစ်ရလေအောင် စီမံခန့်ခွဲနေရတဲ့ သင်က အားလုံးအဆင်ပြေစေဖို့ Task management software တွေသုံးဖို့စဉ်းစားဖို့လိုပါပြီ။ Asana လိုမျိုး application တွေကိုသုံးခြင်းအားဖြင့် ဘယ်သူတွေ ဘယ်ရက်မှာ ဘယ်အလုပ်တွေရှိနေလဲ၊ ဘယ္လို တာဝန်ခွဲဝေပေးမှုတွေ (delication) လုပ်ပေးလို့ရမလဲဆိုတာ စီမံခန့်ခွဲလို့ရလို့ရသွားတော့ သူတို့အတွက်လည်း အလုပ်တွေပို၊ ဝန်တွေ မပိစေတော့ဘူးပေါ့။


၄) ဈေးကွက် အခြေအနေ နဲ့ ပြိုင်ဘက်တွေရဲ့ အနေအထားကိုလေ့လာပါ။


 ယှဉ်ပြိုင်မှုတွေများပြီး အမြဲတမ်းပြောင်းလဲနေတဲ့ဈေးကွက်ထဲမှာ သင့်အနေနဲ့လည်း အမြဲတမ်း မျက်ခြေမပြတ်လေ့လာနေဖို့လိုပါတယ်။ သင့်ရဲ့ product ကလည်း ဈေးနှုန်းအနေနဲ့ရော၊ အရည်အသွေးအနေနဲ့ရောကောင်းတယ်။ အရောင်းသမားတွေကလည်း ကျွမ်းကျင်တယ်။ ဒါပေမယ့် ထင်သလောက် အရောင်းကမရဘူးဆိုရင် အရောင်းသမားတွေကိုပဲ pressure ပေးတာမျိုး၊ action ယူတာမျိုးလုပ်လို့မရပါဘူး။ 


ဈေးကွက်အနေအထား၊ အသစ်ဝင်လာတဲ့ ပြိုင်ဘက်တွေ မ်ားလာတာလား၊ PESTLE analysis  လိုမျိုး နိုင်ငံရေးအခြေအနေ၊နည်းပညာအပြောင်းအလဲတွေ၊ target customer တွေရဲ့ ဝယ်လိုအားနဲ့ ငွေကြေးသုံးစွဲနိုင်မှု အခြေအနေအပြောင်းအလဲတွေကို သင်ပြန်လေ့လာသုံးသပ်ပြီး သင့်တော်တဲ့ strategy ကို ပြောင်းလဲအသုံးပြုဖို့ စဉ်းစားရမှာပါ။


၅) သင့်ရဲ့ ခေါင်းဆောင်မှုပုံစံကို ပြန်သုံးသပ်ပါ။


နောက်ဆုံးကတော့ သင့်ကိုယ်သင်လည်း ပြန်သုံးသပ်ဖို့လိုပါတယ်။ အခြားသူတွေရဲ့ အမှားတွေ၊လိုအပ်ချက်တွေကြတော့ လွယ်လွယ်ကူကူမြင်တတ်ပေမယ့် သင်ကိုယ်တိုင်ရဲ့ အမှားကြတော့ လွယ်လွယ်ကူကူမြင်တတ်ဖို့၊ လက်ခံဖို့ ခက်ခဲပါတယ်တဲ့ ဒါ့ကြောင့်


သင့်အနေနဲ့ရော သင့်တော်တဲ့ စီမံခန့်ခွဲမှုပုံစံတွေ၊ ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ အသစ်အသစ်တွေ ကိုလေ့လာပြီးအသုံးချနေရဲ့လား၊ စာအုပ်ကြီးအတိုင်း သွားနေတာမျိုးလား ပြန်ဆန်းစစ်ဖို့လိုပါတယ်။


ခေါင်းဆောင်တစ်ယောက်အနေနဲ့ လေ့လာထားသင့်တဲ့ Leardership and Management Style တွေကိုလေ့လာပြီး၊ သင့်အဖွဲ့ထဲက လူတွေရဲ့ အခြေအနေတွေ၊ ဖြစ်နေတဲ့ အနေအထားတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို မူတည်ပြီးတော့ သင့်တော်တဲ့ ခေါင်းဆောင်မှု ပုံစံကို ပြောင်းလဲ အသုံးပြုဖို့ ကြိုးစားမှသာလျှင် လိုချင်တဲ့ target ရတဲ့၊ ကြိုးစားတဲ့ team တစ္ခုကို တည်ဆောက်နိုင်မှာပါ။


ဒီလောက်ဆိုရင်တော့ အရောင်းပိုင်းကို စီမံခန့်ခွဲနေရသူတွေ အနေနဲ့ Sales performance တွေကျလာတယ်ဆိုတဲ့ အခြေအနေမျိုးမှာ ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းဖို့ idea တစ်ခုခုရမယ်လို့မျှော်လင့်ပါတယ်။

အရောင်းပိုင်းမှာ ရလာဒ်ကောင်းတွေပိုင်ဆိုင်ဖို့ သင်အဆင်သင့်ဖြစ်ပြီလား။


(Zawgyi) 

 ေရာင္းအားက်လာတဲ့အခါ ဘာေတြလုပ္နိုင္မလဲ။




ေရးသားသူ - Ywun Shwe Yi Win   

#Sale_Strategy

#Sale_Target

#Business 


အေရာင္းပိုင္းကိုစီမံခန႔္ခြဲေနရသူတစ္ေယာက္အေနနဲ႕ ေရာင္းအားေတြက်လာတဲ့အခါ ဘာေတြလုပ္နိုင္မလဲ။


အေရာင္းမန္ေနဂ်ာေတြ၊ အေရာင္းႀကီးၾကပ္ (Sales Supervisors) ေတြအေနနဲ႕ goal ေတြခ်၊ strategy ေတြဆြဲ၊ plan ေတြျပင္ၿပီး လုပ္ေနတယ္။ ရလဒ္ကိုၾကည့္တဲ့အခါၾကေတာ့ ထင္သေလာက္ တိုးတက္လာတာမေတြ႕ရဘူး။ 


Target မထိတဲ့လကလည္း ၂ လ၊ ၃ လျဖစ္လာၿပီ။ ဒါဆိုရင္ ဘာေတြလုပ္ဖို႔ လိုေနၿပီလဲ။ ဦးေဆာင္ေနရသူတစ္ေယာက္ အေနနဲ႕ဘာေတြလုပ္နိုင္မလဲ ေလ့လာၾကည့္ရေအာင္။


၁) ခ်မွတ္ထားတဲ့ Goal ေတြ Target ေတြကိုျပန္ ေလ့လာဆန္းစစ္ပါ။


အေရာင္းသမားတစ္ေယာက္ခ်င္းစီရဲ႕ Individual Target, Team Target ေတြကို ျပန္ၾကည့္ရမွာ ျဖစ္ပါတယ္။ သင့္အေနနဲ႕ sales forecasting (အေရာင္းရနိုင္ေခ်ခန႔္မွန္းခ်က္) လုပ္ၿပီး Target ေတြခ်လိဳက္ေပမယ့္ သင့္အဖြဲ႕ရဲ႕ လုပ္နိုင္စြမ္းအား ထက္ေက်ာ္သြားတာမ်ိဳးမ်ား ျဖစ္ေနၿပီလား။ ဒီေနရာမွာ သင့္ခ်မွတ္လိုက္တဲ့ Goals ေတြဟာ SMART goal setting နဲ႕ align ျဖစ္ဖို႔လိုပါတယ္။ SMART goal setting အေၾကာင္းလဲ ဒီ page မွာ ရွဲေပးခဲ့ဖူးပါတယ္။ 


ဆိုေတာ့ ၿပီးခဲ့တဲ့ႏွစ္က ဒီလိုလမ်ိဳးမွာရခဲ့တဲ့ data ေတြ၊ သင့္အေရာင္းအဖြဲ႕ရဲ႕ လူအင္အားနဲ႕ တစ္ေယာက္ခ်င္းစီ လုပ္နိုင္စြမ္းအားေတြကို ျပန္ေလ့လာဖို႔ လိုပါၿပီ။ လူထပ္ခန႔္ရမွာလား၊ training ေပးရမွာလား၊ Target ေတြျပန္ အေလ်ာ့အတင္းလုပ္ရမွာလား စသည္ျဖင့္ action ယူရမွာပါ။


၂) သင့္အေရာင္းသမားေတြ တက္တက္ႂကြႂကြ အလုပ္လုပ္ၾကရဲ႕လားလို႔ ဆန္းစစ္ပါ။


 Motivation effort Performance Reward Motivation


သင့္အေရာင္းသမားေတြ အလုပ္အေပၚမွာ motivation ျဖစ္ေနမွ အားစိုက္ထုတ္မႈ (effort) ရွိလာမွာပါ။ effort ရွိမွ အေရာင္းေတြပိုတိုးလာျခင္း ဆိုတဲ့ performance ေတြ ေကာင္းလာမယ္။ အေရာင္းေတြ တက္လာေတာ့ ဆုေပးတာ၊ commission ရတာစတဲ့ rewards ေတြရမယ္။ ဒီလို ေတြရေတာ့ အလုပ္လုပ္ရတာ တက္တက္ႂကြႂကြ (motive) ျဖစ္မယ္။ စက္ဝိုင္းလို သံသရာလည္ေနတာပါပဲ။ ဒါေၾကာင့္ စီမံခန႔္ခြဲေနရသူ တစ္ေယာက္အေနနဲ႕ သင့္ေတာ္တဲ့ reward plan ေတြ Motivation techniques ေတြကို သင္လုပ္ထားရဲ႕လား၊လုပ္ဖို႔လိုေနၿပီလား ဆန္းစစ္ဖို႔လိုပါတယ္။


ဒီေနရာမွာ Sales commission တစ္ခုထဲ သာမဟုတ္ဘဲနဲ႕ ေငြကုန္ေၾကးက်လည္း အရမ္းအမ်ား သင့္အဖြဲ႕သားေတြလည္းေပ်ာ္႐ြင္ ေက်နပ္ၾကေစမယ့္ monthly target ထိေအာင္ေရာင္းနိုင္သူကို small gifts ေလးေတြ အမွတ္တရလက္ေဆာင္ေပးတာမ်ိဳး၊ ေရာင္းအားအမ်ားဆုံး ၃ေယာက္ကို ဆုတံဆိပ္ေလးေတြေပးတာမ်ိဳး စသည္ျဖင့္ လုပ္ေပးလိုက္ျခင္းအားျဖင့္ အေရာင္းသမားေတြက ပိုၿပီးစိတ္အားထက္သန္လာၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ႀကိဳးစားၾကမွာျဖစ္ပါတယ္။


၃) သင့္အေရာင္းသမားေတြ အလုပ္ေတြပို၊ ဝန္ေတြပိေနလားဆိုတာကို ေသခ်ာစစ္ေဆးပါ။


တစ္ခါတစ္ေလၾကေတာ့သင္က အခ်က္အလက္ေတြသိခ်င္လို႔ အေရာင္းသမားေတြစီကဟို customer data ေပးပါ၊ ဒီ information အေသးစိတ္ေပးပါ စသည္ျဖင့္ report ေတြလုပ္ခိုင္းတယ္၊ data ေတြေတာင္းလိုက္တယ္။ အဲ့ဒီအခ်ိန္ သူတို႔ေတြ မွာလည္းသြားေတြ႕ရမယ့္ ဝယ္သူေတြ၊ ဖုန္းေခၚရမွာေတြ၊ email ပို႔ရမွာေတြကလည္း ရွိေနတယ္။ ဒါဆိုရင္ သူတို႔မွာ အလုပ္ေတြပိၿပီး ဝယ္သူေျပာတာေတြ ေသခ်ာနားမေထာင္နိုင္လိုက္လို႔ လြတ္သြားတာမ်ိဳးေတြ၊ ေသခ်ာစဥ္းစားခ်ိန္မရလို႔ ေျပာလိုက္ရပါတယ္ဆိုတဲ့ အမွားေတြ ျဖစ္လာတာေပါ့။ ရလဒ္ကေတာ့ အေရာင္းေတြ က်လာတာပါပဲ။ 


ဒါဆိုရင္ ဒီလို task ေတြ overload မျဖစ္ရေလေအာင္ စီမံခန႔္ခြဲေနရတဲ့ သင္က အားလုံးအဆင္ေျပေစဖို႔ Task management software ေတြသုံးဖို႔စဥ္းစားဖို႔လိုပါၿပီ။ Asana လိုမ်ိဳး application ေတြကိုသုံးျခင္းအားျဖင့္ ဘယ္သူေတြ ဘယ္ရက္မွာ ဘယ္အလုပ္ေတြရွိေနလဲ၊ ဘယ္လို တာဝန္ခြဲေဝေပးမႈေတြ (delication) လုပ္ေပးလို႔ရမလဲဆိုတာ စီမံခန့္ခြဲလို႔ရလို႔ရသြားေတာ့ သူတို႔အတြက္လည္း အလုပ္ေတြပို၊ ဝန္ေတြ မပိေစေတာ့ဘူးေပါ့။


၄) ေဈးကြက္ အေျခအေန နဲ႕ ၿပိဳင္ဘက္ေတြရဲ႕ အေနအထားကိုေလ့လာပါ။


 ယွဥ္ၿပိဳင္မႈေတြမ်ားၿပီး အၿမဲတမ္းေျပာင္းလဲေနတဲ့ေဈးကြက္ထဲမွာ သင့္အေနနဲ႕လည္း အၿမဲတမ္း မ်က္ေျခမျပတ္ေလ့လာေနဖို႔လိုပါတယ္။ သင့္ရဲ႕ product ကလည္း ေဈးႏႈန္းအေနနဲ႕ေရာ၊ အရည္အေသြးအေနနဲ႕ေရာေကာင္းတယ္။ အေရာင္းသမားေတြကလည္း ကြၽမ္းက်င္တယ္။ ဒါေပမယ့္ ထင္သေလာက္ အေရာင္းကမရဘူးဆိုရင္ အေရာင္းသမားေတြကိုပဲ pressure ေပးတာမ်ိဳး၊ action ယူတာမ်ိဳးလုပ္လို႔မရပါဘူး။ 


ေဈးကြက္အေနအထား၊ အသစ္ဝင္လာတဲ့ ၿပိဳင္ဘက္ေတြ မ်ားလာတာလား၊ PESTLE analysis  လိုမ်ိဳး နိုင္ငံေရးအေျခအေန၊နည္းပညာအေျပာင္းအလဲေတြ၊ target customer ေတြရဲ႕ ဝယ္လိုအားနဲ႕ ေငြေၾကးသုံးစြဲနိုင္မႈ အေျခအေနအေျပာင္းအလဲေတြကို သင္ျပန္ေလ့လာသုံးသပ္ၿပီး သင့္ေတာ္တဲ့ strategy ကို ေျပာင္းလဲအသုံးျပဳဖို႔ စဥ္းစားရမွာပါ။


၅) သင့္ရဲ႕ ေခါင္းေဆာင္မႈပုံစံကို ျပန္သုံးသပ္ပါ။


ေနာက္ဆုံးကေတာ့ သင့္ကိုယ္သင္လည္း ျပန္သုံးသပ္ဖို႔လိုပါတယ္။ အျခားသူေတြရဲ႕ အမွားေတြ၊လိုအပ္ခ်က္ေတြၾကေတာ့ လြယ္လြယ္ကူကူျမင္တတ္ေပမယ့္ သင္ကိုယ္တိုင္ရဲ႕ အမွားၾကေတာ့ လြယ္လြယ္ကူကူျမင္တတ္ဖို႔၊ လက္ခံဖို႔ ခက္ခဲပါတယ္တဲ့ ဒါ့ေၾကာင့္


သင့္အေနနဲ႕ေရာ သင့္ေတာ္တဲ့ စီမံခန႔္ခြဲမႈပုံစံေတြ၊ ေျပာင္းလဲေနတဲ့ ေခတ္နဲ႕အညီ အသစ္အသစ္ေတြ ကိုေလ့လာၿပီးအသုံးခ်ေနရဲ႕လား၊ စာအုပ္ႀကီးအတိုင္း သြားေနတာမ်ိဳးလား ျပန္ဆန္းစစ္ဖို႔လိုပါတယ္။


ေခါင္းေဆာင္တစ္ေယာက္အေနနဲ႕ ေလ့လာထားသင့္တဲ့ Leardership and Management Style ေတြကိုေလ့လာၿပီး၊ သင့္အဖြဲ႕ထဲက လူေတြရဲ႕ အေျခအေနေတြ၊ ျဖစ္ေနတဲ့ အေနအထားေတြ၊ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြကို မူတည္ၿပီးေတာ့ သင့္ေတာ္တဲ့ ေခါင္းေဆာင္မႈ ပုံစံကို ေျပာင္းလဲ အသုံးျပဳဖို႔ ႀကိဳးစားမွသာလွ်င္ လိုခ်င္တဲ့ target ရတဲ့၊ ႀကိဳးစားတဲ့ team တစ္ခုကို တည္ေဆာက္နိုင္မွာပါ။


ဒီေလာက္ဆိုရင္ေတာ့ အေရာင္းပိုင္းကို စီမံခန႔္ခြဲေနရသူေတြ အေနနဲ႕ Sales performance ေတြက်လာတယ္ဆိုတဲ့ အေျခအေနမ်ိဳးမွာ ထိထိေရာက္ေရာက္ကိုင္တြယ္ ေျဖရွင္းဖို႔ idea တစ္ခုခုရမယ္လို႔ေမွ်ာ္လင့္ပါတယ္။

အေရာင္းပိုင္းမွာ ရလာဒ္ေကာင္းေတြပိုင္ဆိုင္ဖို႔ သင္အဆင္သင့္ျဖစ္ၿပီလား။

Monday, March 7, 2022

အာဏာရှင်စနစ် ဘယ်လိုလည်ပတ်သလဲ

 အာဏာရှင်စနစ် ဘယ်လိုလည်ပတ်သလဲ

...............




နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံတော် အာဏာကို ထိန်းပေးထားတယ်လို့ ဘယ်လိုပဲ ပြောပြော၊ ပြည်သူအပေါ်ဆက်ဆံတဲ့ပုံစံကတော့ အာဏာရှင်တို့ ပြုမူပုံနဲ့ တထေရာတည်းပါပဲ။ နောက်တကျော့ပြန်ပြီး အသက်၀င်လာတဲ့ အာဏာရှင်စနစ်ဟာ ရုပ်လုံးတော့ ပေါ်လာပါပြီ၊ ဒါပေမဲ့ ခုခံတော်လှန်မှုတွေ ရှိနေတဲ့အတွက် ယန္တရားက သေချာမလည်ပတ်နိုင်သေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အာဏာရှင်စနစ် ဘယ်လိုလည်ပတ်သလဲ ဆိုတာကို ရှင်းပြထားတဲ့ How Dictatorships Work: Power, Personalization and Collapse စာအုပ်အကြောင်း မျှဝေပေးချင်ပါတယ်။ ဒီစာအုပ်ကို ဖတ်ရင်း အာဏာရှင်စနစ်ကို ကောင်းကောင်းထိန်းကျောင်း လည်ပတ်နိုင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးခေတ်နဲ့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်တွေကို နှိုင်းယှဉ်ပြီး လေ့လာနိုင်ပါတယ်။ 

.

ဒီစာအုပ်ထဲမှာ အာဏာရှင်စနစ် ဘယ်လိုအလုပ်လုပ်သလဲ၊ လည်ပတ်သလဲ၊ အာဏာပါဝါဘယ်လို ထူထောင်ကြသလဲ၊ ပုဂ္ဂိုလ်အခြေပြုစိတ်ကြိုက် ဘယ်လိုခြယ်လှယ်သလဲနဲ့ အာဏာရှင်စနစ် ဘယ်လိုပြိုကျသွားသလဲဆိုတာတွေ ရေးထားပါတယ်။ ရေးတဲ့သူတွေက Barbara Geddes, Joseph Wright နဲ့ Erica Frantz တို့ပါ။ ဒီစာအုပ်ကို ဖတ်ဖြစ်သွားတာက Barbara Geddes ကို လေးစားသဘောကျမိလို့ပါ။ အာဏာရှင်စနစ်လေ့လာရေးမှာ သူဟာ အတော်လေး လက်တွေ့ကျကျ သုံးသပ်ပြနိုင်တယ်လို့ ခံစားမိပါတယ်။ သူ့ရဲ့ ရှေ့ကထွက်ထားပြီးသား နိုင်ငံတော်တည်ဆောက်ရေးနဲ့ နှိုင်းယှဉ်နိုင်ငံရေးဆိုင်ရာ စာအုပ်နဲ့ စာတမ်းတွေမှာလည်း Rational Choice နဲ့ဆက်နွှယ်ပြီး တော်တော်လေး ရေးထားပါတယ်၊ အခုစာအုပ်မှာလည်း အာဏာရှင်တို့ရဲ့ နိုင်ခြေယုတ္တိအပေါ် ရွေးချယ်မှုပြုတတ်ကြတဲ့အကြောင်း စောင်းပေးရေးပါတယ်။

.

ဒီစာအုပ်ကို ၁၉၄၆ ကနေ ၂၀၁၀ ခုနှစ်အထိ ကမ္ဘာ့နိုင်ငံအသီးသီးက အာဏာရှင်စနစ်အမျိုးမျိုး (တပါတီအာဏာရှင်၊ စစ်အာဏာရှင်၊ ပုဂ္ဂိုလ်အခြေပြုစိတ်ကြိုက်ခြယ်လှယ်သူ အာဏာရှင်) ကို အခြေခံလေ့လာပြီး ရေးထားပါတယ်။ အာဏာရှင်စနစ် စပြီးသန္ဓေတည် သက်၀င်ကျင့်သုံးချိန်ကနေ နောက်ဆုံးပြိုကျသွားတဲ့အချိန်၊ သို့မဟုတ် အသွင်ကူးပြောင်းလိုက်ရတဲ့အထိ အဆင့်ဆင့်ဖော်ပြထားပါတယ်။ သေချာတာကတော့ အာဏာရှင်စနစ်ဟာ အများစုထင်ကြသလို အမြဲတည်တံ့နေတာမျိုး မဟုတ်ပါဘူး၊ တချိန်ချိန်မှာ ပြိုကျသွားတယ်၊ သို့မဟုတ် အုပ်ချုပ်သူတွေက သူတို့အာဏာ သက်ဆိုးရှည်ရေးအတွက် ၀တျစုံပွောငျးပေးတတျကွပါတယျ။ 

.

ပထမဆုံးအဆင့်။ အာဏာရှင်စနစ် ဘယ်လိုအစပြုသလဲဆိုတော့ အာဏာသိမ်းမှုကြောင့်၊ နိုင်ငံခြားက ၀ငျရောကျကြူးကြောျမှုကွောငျ့၊ လူထုအုံကြွမှုကြောင့်၊ အုပ်ချုပ်သူအေလိထ်(elite) အပြောင်းအလဲကြောင့်၊ လက်နက်ကိုင်ပုန်ကန်မှုတို့ကြောင့်ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ စစ်တပ်အာဏာသိမ်းမှုဟာ အာဏာရှင်စနစ်ဖြစ်ပေါ်လာရခြင်းအတွက် အတော်လေး အကျုံး၀င်သက်ဆိုင်ပြီး လူထုအုံကြွမှုနဲ့ အုပ်ချုပ်သူအေလိထ်အပြောင်းအလဲကြောင့် အာဏာရှင်စနစ် ဖြစ်ပေါ်လာဖို့တော့ ရာခိုင်နှုန်းနည်းပါတယ်။ 

.

စာအုပ်ထဲမှာ မပါပေမယ့် အာဏာရှင်စနစ်နဲ့ အာဏာသိမ်းမှုတွေအကြောင်း ရေးထားတဲ့ တချို့စာအုပ်တွေမှာတော့ (ဥပမာ - ဆင်မြူရယ်လ်ဟန်တင်တန်ရဲ့ Political Order in Changing Societies စာအုပ်) အာဏာသိမ်းမှုတွေမှာ အကြောင်းပြချက် သုံးမျိုးရှိတတ်တယ်လို့ ဆိုကြပါတယ်။ ပထမက နိုင်ငံရေးအကွဲအပြဲတွေ၊ ပဋိပက္ခတွေကြောင့် နိုင်ငံတော်ကို ကယ်တင်ကာကွယ် စောင့်ရှောက်ဖို့ဆိုတဲ့ အကြောင်းပြချက်ပါ။ ဒုတိယအချက်ကတော့ နိုင်ငံရေးအခင်းအကျင်းအသစ် ဖန်တီးဖို့ ရာထူးအငယ်ပိုင်းမှာ တာ၀န်ထမ်းဆောင်နေသူတွေက အာဏာသိမ်းဖို့ ကြိုးစားကြတာပါ။ နောက်ဆုံးတခုက လူထုအုံကြွမှုတွေကို နှိမ်နင်းဖို့အတွက် အထက်တန်းလွှာ အသိုင်းအဝိုင်းတွေရဲ့ ထောက်ခံမှုနဲ့ အာဏာသိမ်းတာမျိုးပေါ့။ အကျဉ်းရုံးပြောရရင် အုပ်ချုပ်သူခေါင်းဆောင် ပြောင်းလဲဖို့ (လူပြောင်းဖို့) အာဏာသိမ်းတတ်သလို၊ အုပ်ချုပ်ရေးစနစ် ပြောင်းဖို့ (မူပြောင်းဖို့) လည်း အာဏာသိမ်းကြတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အာဏာသိမ်းမှု သုံးကြိမ်ဟာ ဘယ်လိုအမျိုးအစားထဲမှာ ပါသလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။

.

တခုသတိထားစရာက အာဏာသိမ်းတဲ့ ဖြစ်စဉ်ကို တဦးတယောက်တည်း ကြံစည်လုပ်ဆောင်လို့ မရပါဘူးဆိုတာကိုပါ။ တဦးတည်း ကောင်းစားဖို့အတွက် ကျန်တဲ့သူတွေက နောက်လိုက် လုပ်ရတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ စွန့်စားရတဲ့ကိစ္စမို့ နဂိုကတည်းက ကြိုတင်စီမံ အကွက်ချပြီး၊ ထောက်ခံသူလူတစုနဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။ ဒါကြောင့်လည်း အာဏာသိမ်းပြီးသွားလို့ အာဏာရလာတဲ့အခါ အတူပူးပေါင်းပါ၀င်ခဲ့တဲ့ အာဏာသိမ်းအုပ်စု အဖွဲ့၀င်တွေကြားမှာ အချင်းချင်း ပွတ်တိုက်မှုမရှိအောင် စဉ်းစားကြရပါတယ်။ ဒီအခါမှာ အဖွဲ့၀င်လူတစုဟာ ရာထူး၊ အာဏာ၊ စီးပွားဥစ္စာကို ဝေစားမျှစားဖို့ သဘောတူကြရတော့တာပဲ။ ဒီအဆင့်ကို အာဏာရှင်စနစ် ခိုင်မာအောင် ပြုလုပ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။ 

.

ဒီအဆင့်မှာ အာဏာရှင်အတွက် အကြပ်အတည်းတခု ရှိပါတယ်။ အဲဒါက သူ့အဖွဲ့၀င်တွေဟာ အချင်းချင်း မသင့်မြတ်၊ အပြိုင်အဆိုင်ဖြစ်နေကြရင် သူ့အတွက် အာဏာတည်မြဲဖို့ ခက်ခဲစေပါတယ်။ ဒါမှမဟုတ် အချင်းချင်း အရမ်းစည်းလုံးနေရင်လည်း အားလုံးစုစည်းပြီး သူ့ကို ပြန်ဖြုတ်ချမှာကို စိုးရိမ်ရပြန်တယ်။ အာဏာရှင်ဟာ ဒီနှစ်ခုကို သတိကြီးကြီးထားပြီး ကိုင်တွယ်ရပါတယ်။ နောက်တခုက လူမျိုးစုတွေနဲ့ ပတ်သက်ပြီးတော့လည်း စာအုပ်ထဲမှာ ရှင်းပြထားပါသေးတယ်။ လူမျိုးစုတွေကြားမှာ သပ်လျှိုပြီး အလွမ်းသင့်သူတချို့ကိုသာ အာဏာရှင်ဟာ အာဏာခွဲဝေပေးပါတယ်။ ဒီနည်းနဲ့ လူမျိုးစုတွေရဲ့ အင်အားကို ချိနဲ့စေပြီး သူ့ကို ပုန်ကန်မယ့်အခြေအနေတွေကိုလည်း အာဏာရှင်ဟာ ထိန်းချုပ်ထားလိုက်ပါတယ်။ ဒါ့အပြင် မျိုးနွယ်စုတွေကြားမှာ အချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်လာအောင်လည်း မီးမွေးတတ်ပါသေးတယ်။ ဥပမာ- ဥဘက်ကစ္စတန်နိုင်ငံမှာ ဆမားကန်းမျိုးနွယ်စုတို့ရဲ့ အကြီးအကဲ အစ္စမေးလ်ဂျူရာဘီကော့ရဲ့ ထောက်ခံမှုနဲ့ သမ္မတဖြစ်လာတဲ့ ကာရာမော့ဟာ အာဏာရလာပြီးနောက်ပိုင်းမှာ မျိုးနွယ်စုတွေအချင်းချင်းကြား ပွတ်တိုက်ပြိုင်ဆိုင်မှုတွေ များလာစေတဲ့နည်းနဲ့ သူ့အာဏာကို တည်မြဲစေခဲ့ပါတယ်။

.

အာဏာခိုင်မြဲအောင် တည်ဆောက်ခြင်းအဆင့်မှာ နောက်ထပ်စိတ်၀င်စားစရာကောင်းတဲ့ အချက်တချက် ရှိပါသေးတယ်။ ခုနက ပြောခဲ့သလို အာဏာသိမ်းတုန်းက ကြံရာပါအဖွဲ့ထဲက ခေါင်းဆောင်ဟာ အာဏာရှင်ဖြစ်လာပေမဲ့ သူ့အဖွဲ့သားတွေဟာ သူ့ကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့အနေအထား ရှိပါတယ်။ အဖွဲ့၀င်တွေဟာ ခေါင်းဆောင်ဖြစ်သူကို သူတို့ရဲ့  ကိုယ်ကျိုးစီးပွားကို အဓိက ဖော်ဆောင်ပေးဖို့ မျှော်လင့်ကြပါတယ်။ ခေါင်းဆောင်ကို ဖိအားပေးတဲ့အခါမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီအခါမှာ အာဏာရှင်ဟာ အဲဒီအဖွဲ့၀င်တွေရဲ့ သြဇာကနေ လွတ်အောင် ပုဂ္ဂိုလ်အခြေပြုစိတ်ကြိုက် အနေအထားကို ဖော်ဆောင်ဖို့ တဖြည်းဖြည်းအကဲစမ်း လာတော့တာပါပဲ။ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေမှာ သူ့သြဇာကို ချဲ့လာပါတယ်။ တပ်ဖွဲ့၀င်အသစ်တွေခန့်တာ၊ ရာထူးအသစ်တွေ ဖန်တီးတာ၊ လူခန့်တာတွေမှာ သူ့စိတ်ကြိုက် ခန့်နိုင်အောင်၊ ဒါမှမဟုတ် သူ့သဘောအတိုင်း ရာထူးအပြောင်းအလွဲတွေ လုပ်ပြီး တစတစ ချုပ်ကိုင်လာပါတော့တယ်။ အဲဒီလိုနည်းနဲ့ သူ့ကို သစ္စာခံတဲ့ အမာခံပဉ္စမံတပ်ဖွဲ့ကို ခါးပိုက်ဆောင်ထားလိုက်ပါတယ်။ 

.

နောက်ထပ်တနည်းကတော့ ပါတီထောင်တဲ့နည်းပါ။ အထူးသဖြင့် ပုဂ္ဂိုလ်အခြေပြု စိတ်ကြိုက်အာဏာထူထောင်တဲ့ အာဏာရှင်စနစ်မှာ ဒါမျိုး ရှိတတ်ပါတယ်။ ပါတီထောင်ပြီး တချို့တွေကို ပါတီဘက်ကို ကူးပြောင်းပေးတဲ့နည်းမျိုးနဲ့ အာဏာယန္တရားထဲမှာတောင် အာဏာရှင်လက်ထဲက လွဲပြီး တခြားနေရာမှာ အာဏာ စုစည်းမနေအောင် ဖန်တီးလိုက်ပါတယ်။ ပါတီထောင်ရခြင်း နောက်ထပ်အကြောင်းအရင်းတခုက သူတို့တွေဟာ အာဏာသိမ်းပြီးမှ အာဏာရလာသူတွေပါ။ လူထုထောက်ခံမှုနဲ့ ခေါင်းဆောင်ဖြစ်လာသူမဟုတ်တဲ့အတွက် တရား၀င်အစိုးရ မဟုတ်ပါဘူး။ ဒါကြောင့် တရား၀င်မှုရှိအောင် တချိန်မှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် အာဏာရှင်ဟာ ပါတီကို တည်ထောင်တာမျိုး လုပ်တတ်ပါတယ်။

.

နောက်တဆင့်ကတော့ အာဏာရှင်သန်ရေးအတွက် လုပ်ဆောင်ရတာပါ။ အာဏာခိုင်မြဲအောင် တည်ဆောက်ပြီးသွားရင် ဆက်လက်ပြီး ရှင်သန်အောင်၊ အာဏာအဓွန့်ရှည်တည်တံ့အောင် အာဏာရှင်တွေဟာ သူတို့ ဆိုးသက်ကို ဆွဲဆန့်ကြပါတယ်။ ဒီအဆင့်မှာ သူတို့ရင်ဆိုင်ရတာ နှစ်ခုရှိပါတယ်။ ပထမအချက်က သတင်းအချက်အလက် မှန်မှန်ကန်ကန် မရရှိနိုင်တာနဲ့ တန်ပြန်တော်လှန်မှုတွေ ဖြစ်မလာအောင် ဘယ်လိုဖိနှိပ်ထားမလဲဆိုတာပေါ့။ အာဏာရှင်ကို ကြောက်တဲ့အတွက် အောက်လက်ငယ်သာတွေဟာ အမှန်အတိုင်း မတင်ပြရဲကြတော့ဘူး။ ဒီအခါမှာ အာဏာရှင်ဟာ သူ့ရဲ့အကြွင်းမဲ့ပါဝါကို အထင်ကြီးစိတ် ၀ငျလာတာနဲ့အမြှ လူထုနဲ့ပိုမိုကင်းကွာလာပြီး ဆုံးဖြတ်ချက်တွေဟာလည်း တိုင်းပြည်ရဲ့ အနာနဲ့ ဆေး လွဲသလို လွဲချော်လာနိုင်ပါတယ်။ နောက်တခုက အဲဒီလိုသတင်းအချက်အလက် သေချာမရတဲ့အတွက် ဘယ်လောက်အတိုင်းအတာအထိ ဖိနှိပ်ထားရမလဲဆိုတာ မပေါ်လွင်တော့ပါဘူး။ အထူးသဖြင့် သူ့ပါဝါကို လှုပ်ကိုင်ပြီး အာဏာသိမ်းနိုင်ခြေရှိတဲ့ အုပ်စုတွေအကြောင်း သူ သိပ်မသိနိုင်တော့တာပေါ့။ အဲဒါကြောင့် အာဏာရှင်ဟာ အထူးလျှို့ဝှက်စုံစမ်းရေးအဖွဲ့တို့၊ ထောက်လှမ်းရေးအဖွဲ့တို့ကို ဖွဲ့စည်းပြီး တန်ပြန်ထောက်လှမ်းစုံစမ်းစေပါတယ်။

.

နောက်ဆုံးအဆင့်ကတော့ အာဏာရှင်ပြိုကျသွားတဲ့အဆင့်ပါ။ နောက်ထပ်အာဏာသိမ်းမှုကြောင့်၊ ရွေးကောက်ပွဲကြောင့်၊ လူထုအုံကြွမှုကြောင့်၊ ပြည်တွင်းစစ်ကြောင့်၊ အုပ်ချုပ်ရေးအဖွဲ့ထဲက အပြောင်းအလဲကြောင့်၊ နိုင်ငံခြားက ကျူးကျော်၀င်ရောက်မှုကြောင့် စတဲ့အချက်တွေကြောင့် အာဏာရှင်ဟာ ပြုတ်ကျသွားနိုင်သလို အာဏာရှင်စနစ်ကလည်း ချုပ်ငြိမ်းသွား၊ သို့မဟုတ် ပုံပြောင်းသွားနိုင်ပါတယ်။ အာဏာရှင်စနစ် ပြိုကျတာမဟုတ်ဘဲ အာဏာရှင်သာ ပြုတ်ကျတာဆိုရင်တော့ နောက်အသစ်လာမယ့် အာဏာရှင်ဟာ အထက်ကနည်းတွေအတိုင်း သူ့ပါဝါကို ပြန်တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့် အာဏာရှင်တချို့ဟာ အသေမထွက်ရရေးအတွက် ရွေးကောက်ပွဲ လုပ်ပေးတဲ့နည်းမျိုးနဲ့ အရေခွံပြောင်းပြီး တနည်းတဖုံ အာဏာသက်ကို ဆွဲဆန့်ကြပါတယ်။ 

.

တကယ်တော့ အာဏာရှင်ဟာ သူ့အာဏာသက်တည်မြဲရေးအတွက် ရာထူးခန့်အပ်တာ၊ ဖြုတ်ချတာ၊ လူမျိုးစု အထက်တန်းလွှာတွေနဲ့ ပေါင်းပြီးအာဏာခွဲဝေတာ၊ ပါတီထောင်တာ၊ အထူးလျှို့ဝှက် စုံစမ်းရေးတပ်ဖွဲ့ဖွဲ့တာ စတဲ့ နိင်ခြေအတွက် ယုတ္တိကျတဲ့ ရွေးချယ်မှုတွေ လုပ်တတ်သလို၊ သူ့အနီးအနားက လူတွေကလည်း အာဏာရှင်ကို ဆက်လက်ထောက်ခံရေး၊ မထောက်ခံရေးကိစ္စမှာ သူတို့ရဲ့ အကျိုးစီးပွားကို အမြဲတွက်ချက်နေတတ်ပါတယ်။ အဓိကကတော့ ဒီစာအုပ်ထဲမှာ အုပ်ချုပ်သူ အာဏာရှင်နဲ့ ပြည်သူတွေအကြားက အကြောင်းအရာထက်၊ အုပ်စိုးသူအလွှာမှာ အချင်းချင်းအကြားက အပြိုင်အဆိုင်တွေနဲ့ ယန္တရားတည်ဆောက်ပုံကိုသာ အဓိက ရေးထားပါတယ်။ ဒါကိုဖတ်ပြီး မြန်မာပြည်အခြေအနေနဲ့ နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်။ ဘယ်အချက်တွေနဲ့ အကျုံး၀င်ကိုက်ညီခဲ့သလဲ၊ ကိုက်ညီနေသလဲဆိုတာကိုပေါ့။

.

သော်တာအေးလဲ့

Dec 21, 2021



(Zawgyi)

အာဏာရွင္စနစ္ ဘယ္လိုလည္ပတ္သလဲ

...............




နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕ကစလို႔ နိုင္ငံေတာ္ အာဏာကို ထိန္းေပးထားတယ္လို႔ ဘယ္လိုပဲ ေျပာေျပာ၊ ျပည္သူအေပၚဆက္ဆံတဲ့ပုံစံကေတာ့ အာဏာရွင္တို႔ ျပဳမူပုံနဲ႕ တေထရာတည္းပါပဲ။ ေနာက္တေက်ာ့ျပန္ၿပီး အသက္၀င္လာတဲ့ အာဏာရွင္စနစ္ဟာ ႐ုပ္လုံးေတာ့ ေပၚလာပါၿပီ၊ ဒါေပမဲ့ ခုခံေတာ္လွန္မႈေတြ ရွိေနတဲ့အတြက္ ယႏၱရားက ေသခ်ာမလည္ပတ္နိုင္ေသးဘူးလို႔ ဆိုနိုင္ပါတယ္။ ဒါနဲ႕ပတ္သက္ၿပီး အာဏာရွင္စနစ္ ဘယ္လိုလည္ပတ္သလဲ ဆိုတာကို ရွင္းျပထားတဲ့ How Dictatorships Work: Power, Personalization and Collapse စာအုပ္အေၾကာင္း မွ်ေဝေပးခ်င္ပါတယ္။ ဒီစာအုပ္ကို ဖတ္ရင္း အာဏာရွင္စနစ္ကို ေကာင္းေကာင္းထိန္းေက်ာင္း လည္ပတ္နိုင္ခဲ့တဲ့ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီေခတ္၊ နိုင္ငံေတာ္ ၿငိမ္၀ပ္ပိျပားမႈ တည္ေဆာက္ေရးေခတ္နဲ႕ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီေခတ္ေတြကို ႏွိုင္းယွဥ္ၿပီး ေလ့လာနိုင္ပါတယ္။ 

.

ဒီစာအုပ္ထဲမွာ အာဏာရွင္စနစ္ ဘယ္လိုအလုပ္လုပ္သလဲ၊ လည္ပတ္သလဲ၊ အာဏာပါဝါဘယ္လို ထူေထာင္ၾကသလဲ၊ ပုဂၢိုလ္အေျချပဳစိတ္ႀကိဳက္ ဘယ္လိုျခယ္လွယ္သလဲနဲ႕ အာဏာရွင္စနစ္ ဘယ္လိုၿပိဳက်သြားသလဲဆိုတာေတြ ေရးထားပါတယ္။ ေရးတဲ့သူေတြက Barbara Geddes, Joseph Wright နဲ႕ Erica Frantz တို႔ပါ။ ဒီစာအုပ္ကို ဖတ္ျဖစ္သြားတာက Barbara Geddes ကို ေလးစားသေဘာက်မိလို႔ပါ။ အာဏာရွင္စနစ္ေလ့လာေရးမွာ သူဟာ အေတာ္ေလး လက္ေတြ႕က်က် သုံးသပ္ျပနိုင္တယ္လို႔ ခံစားမိပါတယ္။ သူ႕ရဲ႕ ေရွ႕ကထြက္ထားၿပီးသား နိုင္ငံေတာ္တည္ေဆာက္ေရးနဲ႕ ႏွိုင္းယွဥ္နိုင္ငံေရးဆိုင္ရာ စာအုပ္နဲ႕ စာတမ္းေတြမွာလည္း Rational Choice နဲ႕ဆက္ႏႊယ္ၿပီး ေတာ္ေတာ္ေလး ေရးထားပါတယ္၊ အခုစာအုပ္မွာလည္း အာဏာရွင္တို႔ရဲ႕ နိုင္ေျခယုတၱိအေပၚ ေ႐ြးခ်ယ္မႈျပဳတတ္ၾကတဲ့အေၾကာင္း ေစာင္းေပးေရးပါတယ္။

.

ဒီစာအုပ္ကို ၁၉၄၆ ကေန ၂၀၁၀ ခုႏွစ္အထိ ကမၻာ့နိုင္ငံအသီးသီးက အာဏာရွင္စနစ္အမ်ိဳးမ်ိဳး (တပါတီအာဏာရွင္၊ စစ္အာဏာရွင္၊ ပုဂၢိုလ္အေျချပဳစိတ္ႀကိဳက္ျခယ္လွယ္သူ အာဏာရွင္) ကို အေျခခံေလ့လာၿပီး ေရးထားပါတယ္။ အာဏာရွင္စနစ္ စၿပီးသႏၶေတည္ သက္၀င္က်င့္သုံးခ်ိန္ကေန ေနာက္ဆုံးၿပိဳက်သြားတဲ့အခ်ိန္၊ သို႔မဟုတ္ အသြင္ကူးေျပာင္းလိုက္ရတဲ့အထိ အဆင့္ဆင့္ေဖာ္ျပထားပါတယ္။ ေသခ်ာတာကေတာ့ အာဏာရွင္စနစ္ဟာ အမ်ားစုထင္ၾကသလို အၿမဲတည္တံ့ေနတာမ်ိဳး မဟုတ္ပါဘူး၊ တခ်ိန္ခ်ိန္မွာ ၿပိဳက်သြားတယ္၊ သို႔မဟုတ္ အုပ္ခ်ဳပ္သူေတြက သူတို႔အာဏာ သက္ဆိုးရွည္ေရးအတြက္ ၀တျစုံပွောငျးပေးတတျကွပါတယျ။ 

.

ပထမဆုံးအဆင့္။ အာဏာရွင္စနစ္ ဘယ္လိုအစျပဳသလဲဆိုေတာ့ အာဏာသိမ္းမႈေၾကာင့္၊ နိုင္ငံျခားက ၀ငျရောကျကြူးကြောျမှုကွောငျ့၊ လူထုအုံႂကြမႈေၾကာင့္၊ အုပ္ခ်ဳပ္သူေအလိထ္(elite) အေျပာင္းအလဲေၾကာင့္၊ လက္နက္ကိုင္ပုန္ကန္မႈတို႔ေၾကာင့္ျဖစ္တယ္လို႔ ရွင္းျပထားပါတယ္။ စစ္တပ္အာဏာသိမ္းမႈဟာ အာဏာရွင္စနစ္ျဖစ္ေပၚလာရျခင္းအတြက္ အေတာ္ေလး အက်ဳံး၀င္သက္ဆိုင္ၿပီး လူထုအုံႂကြမႈနဲ႕ အုပ္ခ်ဳပ္သူေအလိထ္အေျပာင္းအလဲေၾကာင့္ အာဏာရွင္စနစ္ ျဖစ္ေပၚလာဖို႔ေတာ့ ရာခိုင္ႏႈန္းနည္းပါတယ္။ 

.

စာအုပ္ထဲမွာ မပါေပမယ့္ အာဏာရွင္စနစ္နဲ႕ အာဏာသိမ္းမႈေတြအေၾကာင္း ေရးထားတဲ့ တခ်ိဳ႕စာအုပ္ေတြမွာေတာ့ (ဥပမာ - ဆင္ျမဴရယ္လ္ဟန္တင္တန္ရဲ႕ Political Order in Changing Societies စာအုပ္) အာဏာသိမ္းမႈေတြမွာ အေၾကာင္းျပခ်က္ သုံးမ်ိဳးရွိတတ္တယ္လို႔ ဆိုၾကပါတယ္။ ပထမက နိုင္ငံေရးအကြဲအၿပဲေတြ၊ ပဋိပကၡေတြေၾကာင့္ နိုင္ငံေတာ္ကို ကယ္တင္ကာကြယ္ ေစာင့္ေရွာက္ဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္ပါ။ ဒုတိယအခ်က္ကေတာ့ နိုင္ငံေရးအခင္းအက်င္းအသစ္ ဖန္တီးဖို႔ ရာထူးအငယ္ပိုင္းမွာ တာ၀န္ထမ္းေဆာင္ေနသူေတြက အာဏာသိမ္းဖို႔ ႀကိဳးစားၾကတာပါ။ ေနာက္ဆုံးတခုက လူထုအုံႂကြမႈေတြကို ႏွိမ္နင္းဖို႔အတြက္ အထက္တန္းလႊာ အသိုင္းအဝိုင္းေတြရဲ႕ ေထာက္ခံမႈနဲ႕ အာဏာသိမ္းတာမ်ိဳးေပါ့။ အက်ဥ္း႐ုံးေျပာရရင္ အုပ္ခ်ဳပ္သူေခါင္းေဆာင္ ေျပာင္းလဲဖို႔ (လူေျပာင္းဖို႔) အာဏာသိမ္းတတ္သလို၊ အုပ္ခ်ဳပ္ေရးစနစ္ ေျပာင္းဖို႔ (မူေျပာင္းဖို႔) လည္း အာဏာသိမ္းၾကတဲ့ ျဖစ္စဥ္ေတြရွိပါတယ္။ ျမန္မာနိုင္ငံမွာ ႀကဳံေတြ႕ခဲ့ရတဲ့ အာဏာသိမ္းမႈ သုံးႀကိမ္ဟာ ဘယ္လိုအမ်ိဳးအစားထဲမွာ ပါသလဲဆိုတာ စဥ္းစားၾကည့္နိုင္ပါတယ္။

.

တခုသတိထားစရာက အာဏာသိမ္းတဲ့ ျဖစ္စဥ္ကို တဦးတေယာက္တည္း ႀကံစည္လုပ္ေဆာင္လို႔ မရပါဘူးဆိုတာကိုပါ။ တဦးတည္း ေကာင္းစားဖို႔အတြက္ က်န္တဲ့သူေတြက ေနာက္လိုက္ လုပ္ရတယ္ဆိုတာမ်ိဳး မဟုတ္ပါဘူး။ စြန့္စားရတဲ့ကိစၥမို႔ နဂိုကတည္းက ႀကိဳတင္စီမံ အကြက္ခ်ၿပီး၊ ေထာက္ခံသူလူတစုနဲ႕ ပူးေပါင္းေဆာင္႐ြက္ရပါတယ္။ ဒါေၾကာင့္လည္း အာဏာသိမ္းၿပီးသြားလို႔ အာဏာရလာတဲ့အခါ အတူပူးေပါင္းပါ၀င္ခဲ့တဲ့ အာဏာသိမ္းအုပ္စု အဖြဲ႕၀င္ေတြၾကားမွာ အခ်င္းခ်င္း ပြတ္တိုက္မႈမရွိေအာင္ စဥ္းစားၾကရပါတယ္။ ဒီအခါမွာ အဖြဲ႕၀င္လူတစုဟာ ရာထူး၊ အာဏာ၊ စီးပြားဥစၥာကို ေဝစားမွ်စားဖို႔ သေဘာတူၾကရေတာ့တာပဲ။ ဒီအဆင့္ကို အာဏာရွင္စနစ္ ခိုင္မာေအာင္ ျပဳလုပ္ျခင္းလို႔ အဓိပၸာယ္ဖြင့္ထားပါတယ္။ 

.

ဒီအဆင့္မွာ အာဏာရွင္အတြက္ အၾကပ္အတည္းတခု ရွိပါတယ္။ အဲဒါက သူ႕အဖြဲ႕၀င္ေတြဟာ အခ်င္းခ်င္း မသင့္ျမတ္၊ အၿပိဳင္အဆိုင္ျဖစ္ေနၾကရင္ သူ႕အတြက္ အာဏာတည္ၿမဲဖို႔ ခက္ခဲေစပါတယ္။ ဒါမွမဟုတ္ အခ်င္းခ်င္း အရမ္းစည္းလုံးေနရင္လည္း အားလုံးစုစည္းၿပီး သူ႕ကို ျပန္ျဖဳတ္ခ်မွာကို စိုးရိမ္ရျပန္တယ္။ အာဏာရွင္ဟာ ဒီႏွစ္ခုကို သတိႀကီးႀကီးထားၿပီး ကိုင္တြယ္ရပါတယ္။ ေနာက္တခုက လူမ်ိဳးစုေတြနဲ႕ ပတ္သက္ၿပီးေတာ့လည္း စာအုပ္ထဲမွာ ရွင္းျပထားပါေသးတယ္။ လူမ်ိဳးစုေတြၾကားမွာ သပ္လွ်ိုၿပီး အလြမ္းသင့္သူတခ်ိဳ႕ကိုသာ အာဏာရွင္ဟာ အာဏာခြဲေဝေပးပါတယ္။ ဒီနည္းနဲ႕ လူမ်ိဳးစုေတြရဲ႕ အင္အားကို ခ်ိနဲ႕ေစၿပီး သူ႕ကို ပုန္ကန္မယ့္အေျခအေနေတြကိုလည္း အာဏာရွင္ဟာ ထိန္းခ်ဳပ္ထားလိုက္ပါတယ္။ ဒါ့အျပင္ မ်ိဳးႏြယ္စုေတြၾကားမွာ အခ်င္းခ်င္း ၿပိဳင္ဆိုင္မႈျပင္းထန္လာေအာင္လည္း မီးေမြးတတ္ပါေသးတယ္။ ဥပမာ- ဥဘက္ကစၥတန္နိုင္ငံမွာ ဆမားကန္းမ်ိဳးႏြယ္စုတို႔ရဲ႕ အႀကီးအကဲ အစၥေမးလ္ဂ်ဴရာဘီေကာ့ရဲ႕ ေထာက္ခံမႈနဲ႕ သမၼတျဖစ္လာတဲ့ ကာရာေမာ့ဟာ အာဏာရလာၿပီးေနာက္ပိုင္းမွာ မ်ိဳးႏြယ္စုေတြအခ်င္းခ်င္းၾကား ပြတ္တိုက္ၿပိဳင္ဆိုင္မႈေတြ မ်ားလာေစတဲ့နည္းနဲ႕ သူ႕အာဏာကို တည္ၿမဲေစခဲ့ပါတယ္။

.

အာဏာခိုင္ၿမဲေအာင္ တည္ေဆာက္ျခင္းအဆင့္မွာ ေနာက္ထပ္စိတ္၀င္စားစရာေကာင္းတဲ့ အခ်က္တခ်က္ ရွိပါေသးတယ္။ ခုနက ေျပာခဲ့သလို အာဏာသိမ္းတုန္းက ႀကံရာပါအဖြဲ႕ထဲက ေခါင္းေဆာင္ဟာ အာဏာရွင္ျဖစ္လာေပမဲ့ သူ႕အဖြဲ႕သားေတြဟာ သူ႕ကို အခ်ိန္မေ႐ြး ဒုကၡေပးနိုင္တဲ့အေနအထား ရွိပါတယ္။ အဖြဲ႕၀င္ေတြဟာ ေခါင္းေဆာင္ျဖစ္သူကို သူတို႔ရဲ႕ ကိုယ္က်ိဳးစီးပြားကို အဓိက ေဖာ္ေဆာင္ေပးဖို႔ ေမွ်ာ္လင့္ၾကပါတယ္။ ေခါင္းေဆာင္ကို ဖိအားေပးတဲ့အခါမ်ိဳးေတြလည္း ရွိနိုင္ပါတယ္။ ဒီအခါမွာ အာဏာရွင္ဟာ အဲဒီအဖြဲ႕၀င္ေတြရဲ႕ ၾသဇာကေန လြတ္ေအာင္ ပုဂၢိုလ္အေျချပဳစိတ္ႀကိဳက္ အေနအထားကို ေဖာ္ေဆာင္ဖို႔ တျဖည္းျဖည္းအကဲစမ္း လာေတာ့တာပါပဲ။ စီးပြားေရး၊ နိုင္ငံေရးနယ္ပယ္ေတြမွာ သူ႕ၾသဇာကို ခ်ဲ့လာပါတယ္။ တပ္ဖြဲ႕၀င္အသစ္ေတြခန့္တာ၊ ရာထူးအသစ္ေတြ ဖန္တီးတာ၊ လူခန့္တာေတြမွာ သူ႕စိတ္ႀကိဳက္ ခန့္နိုင္ေအာင္၊ ဒါမွမဟုတ္ သူ႕သေဘာအတိုင္း ရာထူးအေျပာင္းအလြဲေတြ လုပ္ၿပီး တစတစ ခ်ဳပ္ကိုင္လာပါေတာ့တယ္။ အဲဒီလိုနည္းနဲ႕ သူ႕ကို သစၥာခံတဲ့ အမာခံပၪၥမံတပ္ဖြဲ႕ကို ခါးပိုက္ေဆာင္ထားလိုက္ပါတယ္။ 

.

ေနာက္ထပ္တနည္းကေတာ့ ပါတီေထာင္တဲ့နည္းပါ။ အထူးသျဖင့္ ပုဂၢိုလ္အေျချပဳ စိတ္ႀကိဳက္အာဏာထူေထာင္တဲ့ အာဏာရွင္စနစ္မွာ ဒါမ်ိဳး ရွိတတ္ပါတယ္။ ပါတီေထာင္ၿပီး တခ်ိဳ႕ေတြကို ပါတီဘက္ကို ကူးေျပာင္းေပးတဲ့နည္းမ်ိဳးနဲ႕ အာဏာယႏၱရားထဲမွာေတာင္ အာဏာရွင္လက္ထဲက လြဲၿပီး တျခားေနရာမွာ အာဏာ စုစည္းမေနေအာင္ ဖန္တီးလိုက္ပါတယ္။ ပါတီေထာင္ရျခင္း ေနာက္ထပ္အေၾကာင္းအရင္းတခုက သူတို႔ေတြဟာ အာဏာသိမ္းၿပီးမွ အာဏာရလာသူေတြပါ။ လူထုေထာက္ခံမႈနဲ႕ ေခါင္းေဆာင္ျဖစ္လာသူမဟုတ္တဲ့အတြက္ တရား၀င္အစိုးရ မဟုတ္ပါဘူး။ ဒါေၾကာင့္ တရား၀င္မႈရွိေအာင္ တခ်ိန္မွာ ေ႐ြးေကာက္ပြဲလုပ္ဖို႔အတြက္ အာဏာရွင္ဟာ ပါတီကို တည္ေထာင္တာမ်ိဳး လုပ္တတ္ပါတယ္။

.

ေနာက္တဆင့္ကေတာ့ အာဏာရွင္သန္ေရးအတြက္ လုပ္ေဆာင္ရတာပါ။ အာဏာခိုင္ၿမဲေအာင္ တည္ေဆာက္ၿပီးသြားရင္ ဆက္လက္ၿပီး ရွင္သန္ေအာင္၊ အာဏာအဓြန့္ရွည္တည္တံ့ေအာင္ အာဏာရွင္ေတြဟာ သူတို႔ ဆိုးသက္ကို ဆြဲဆန့္ၾကပါတယ္။ ဒီအဆင့္မွာ သူတို႔ရင္ဆိုင္ရတာ ႏွစ္ခုရွိပါတယ္။ ပထမအခ်က္က သတင္းအခ်က္အလက္ မွန္မွန္ကန္ကန္ မရရွိနိုင္တာနဲ႕ တန္ျပန္ေတာ္လွန္မႈေတြ ျဖစ္မလာေအာင္ ဘယ္လိုဖိႏွိပ္ထားမလဲဆိုတာေပါ့။ အာဏာရွင္ကို ေၾကာက္တဲ့အတြက္ ေအာက္လက္ငယ္သာေတြဟာ အမွန္အတိုင္း မတင္ျပရဲၾကေတာ့ဘူး။ ဒီအခါမွာ အာဏာရွင္ဟာ သူ႕ရဲ႕အႂကြင္းမဲ့ပါဝါကို အထင္ႀကီးစိတ္ ၀ငျလာတာနဲ့အမြှ လူထုနဲ႕ပိုမိုကင္းကြာလာၿပီး ဆုံးျဖတ္ခ်က္ေတြဟာလည္း တိုင္းျပည္ရဲ႕ အနာနဲ႕ ေဆး လြဲသလို လြဲေခ်ာ္လာနိုင္ပါတယ္။ ေနာက္တခုက အဲဒီလိုသတင္းအခ်က္အလက္ ေသခ်ာမရတဲ့အတြက္ ဘယ္ေလာက္အတိုင္းအတာအထိ ဖိႏွိပ္ထားရမလဲဆိုတာ မေပၚလြင္ေတာ့ပါဘူး။ အထူးသျဖင့္ သူ႕ပါဝါကို လႈပ္ကိုင္ၿပီး အာဏာသိမ္းနိုင္ေျခရွိတဲ့ အုပ္စုေတြအေၾကာင္း သူ သိပ္မသိနိုင္ေတာ့တာေပါ့။ အဲဒါေၾကာင့္ အာဏာရွင္ဟာ အထူးလွ်ို႔ဝွက္စုံစမ္းေရးအဖြဲ႕တို႔၊ ေထာက္လွမ္းေရးအဖြဲ႕တို႔ကို ဖြဲ႕စည္းၿပီး တန္ျပန္ေထာက္လွမ္းစုံစမ္းေစပါတယ္။

.

ေနာက္ဆုံးအဆင့္ကေတာ့ အာဏာရွင္ၿပိဳက်သြားတဲ့အဆင့္ပါ။ ေနာက္ထပ္အာဏာသိမ္းမႈေၾကာင့္၊ ေ႐ြးေကာက္ပြဲေၾကာင့္၊ လူထုအုံႂကြမႈေၾကာင့္၊ ျပည္တြင္းစစ္ေၾကာင့္၊ အုပ္ခ်ဳပ္ေရးအဖြဲ႕ထဲက အေျပာင္းအလဲေၾကာင့္၊ နိုင္ငံျခားက က်ဴးေက်ာ္၀င္ေရာက္မႈေၾကာင့္ စတဲ့အခ်က္ေတြေၾကာင့္ အာဏာရွင္ဟာ ျပဳတ္က်သြားနိုင္သလို အာဏာရွင္စနစ္ကလည္း ခ်ဳပ္ၿငိမ္းသြား၊ သို႔မဟုတ္ ပုံေျပာင္းသြားနိုင္ပါတယ္။ အာဏာရွင္စနစ္ ၿပိဳက်တာမဟုတ္ဘဲ အာဏာရွင္သာ ျပဳတ္က်တာဆိုရင္ေတာ့ ေနာက္အသစ္လာမယ့္ အာဏာရွင္ဟာ အထက္ကနည္းေတြအတိုင္း သူ႕ပါဝါကို ျပန္တည္ေဆာက္နိုင္ပါတယ္။ ဒါေၾကာင့္ အာဏာရွင္တခ်ိဳ႕ဟာ အေသမထြက္ရေရးအတြက္ ေ႐ြးေကာက္ပြဲ လုပ္ေပးတဲ့နည္းမ်ိဳးနဲ႕ အေရခြံေျပာင္းၿပီး တနည္းတဖုံ အာဏာသက္ကို ဆြဲဆန့္ၾကပါတယ္။ 

.

တကယ္ေတာ့ အာဏာရွင္ဟာ သူ႕အာဏာသက္တည္ၿမဲေရးအတြက္ ရာထူးခန့္အပ္တာ၊ ျဖဳတ္ခ်တာ၊ လူမ်ိဳးစု အထက္တန္းလႊာေတြနဲ႕ ေပါင္းၿပီးအာဏာခြဲေဝတာ၊ ပါတီေထာင္တာ၊ အထူးလွ်ို႔ဝွက္ စုံစမ္းေရးတပ္ဖြဲ႕ဖြဲ႕တာ စတဲ့ နိင္ေျခအတြက္ ယုတၱိက်တဲ့ ေ႐ြးခ်ယ္မႈေတြ လုပ္တတ္သလို၊ သူ႕အနီးအနားက လူေတြကလည္း အာဏာရွင္ကို ဆက္လက္ေထာက္ခံေရး၊ မေထာက္ခံေရးကိစၥမွာ သူတို႔ရဲ႕ အက်ိဳးစီးပြားကို အၿမဲတြက္ခ်က္ေနတတ္ပါတယ္။ အဓိကကေတာ့ ဒီစာအုပ္ထဲမွာ အုပ္ခ်ဳပ္သူ အာဏာရွင္နဲ႕ ျပည္သူေတြအၾကားက အေၾကာင္းအရာထက္၊ အုပ္စိုးသူအလႊာမွာ အခ်င္းခ်င္းအၾကားက အၿပိဳင္အဆိုင္ေတြနဲ႕ ယႏၱရားတည္ေဆာက္ပုံကိုသာ အဓိက ေရးထားပါတယ္။ ဒါကိုဖတ္ၿပီး ျမန္မာျပည္အေျခအေနနဲ႕ ႏွိုင္းယွဥ္သုံးသပ္နိုင္ပါတယ္။ ဘယ္အခ်က္ေတြနဲ႕ အက်ဳံး၀င္ကိုက္ညီခဲ့သလဲ၊ ကိုက္ညီေနသလဲဆိုတာကိုေပါ့။

.

ေသာ္တာေအးလဲ့

Dec 21, 2021

Saturday, March 5, 2022

P-Shot ဆေးထိုးသင့်သလား

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား




စာရေးသူ Ye Zon Aung မှ ရေးသားသည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။

#ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

အမျိုးသားတိုင်းမှာ စွမ်းဆောင်ရည်ပြည့်ဝပြီး အရွယ်အစားလည်း မသေးငယ်လှတဲ့ လိင်အင်္ဂါမျိုးကို ပိုင်ဆိုင်လိုကြတဲ့ ဆန္ဒအာသီသ ရှိတတ်ကြပါတယ်။ အိပ်ယာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတာ၊ စွဲမက်ဖွယ်လို့ သူတို့ဟာ သူတို့ ထင်မြင်ယူဆကြတဲ့ ကျားအင်္ဂါမျိုးကို ပိုင်ဆိုင်ထားတာမျိုးကို သိပ်ကို ဂုဏ်ယူတတ်ကြသူတွေဆိုပါတော့။

ဒီတော့ သူတို့ရဲ့ ဖွားဘက်တော်လေးကို ရှိနေတဲ့အခြေအနေထက် ပိုပြီးကြီးထွားအောင် အချိန်ကြာကြာစွမ်းဆောင်နိုင်စေအောင် ကူညီပေးနိုင်မယ့် နည်းလမ်းမျိုးတွေဆိုရင် အမြဲစိတ်ဝင်စားတတ်ကြပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတွေ ဓာတ်စာတွေ ဆေးမြီးတိုတွေကလည်း ဒီခေတ်မှာ ပေါ်ပေါက်လာကြတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သမိုင်းဦးခေတ်တွေကတည်းက ဒီလို နည်းလမ်းတွေ ရှိခဲ့ကြတာပါ။

ဒီကနေ့ခေတ် ခေတ်မှီဆေးဝါးတွေ ပေါ်ထွက်လာတဲ့ ခေတ်မှာလည်း အမျိုးသားအင်္ဂါကြီးဆေးတွေ၊ ကြာဆေးတွေက အမျိုးမျိုး ပေါ်ထွက်လာနေဆဲပါပဲ။ ရောင်းအားတွေလည်း ကောင်းနေဆဲပါပဲ။

နည်းလမ်းပေါင်းမြောက်များစွာထဲမှာ ဒီဘက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ လူသိများလာပြီး အသုံးလည်းများလာတာက P-Shot လို့ခေါ်တဲ့ ဆေးထိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။ P-Shot ဆိုတာက သွေးတွင်းက platelet-rich plasma (PRP) ကိုရယူပြီး လိင်အင်္ဂါဆီ ထိုးသွင်းတာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါပိုမိုဖွံ့ထွားစေနိုင်ပြီး စွမ်းဆောင်ရည်လည်း မြင့်တက်စေတယ်လို့ ဆိုပါတယ်။

#P-Shot ကုထုံးဆိုတာ ဘာလဲ

P-Shot Treatment တွေဟာ နိုင်ငံတကာမှာတော့ အရမ်းကို ခေတ်စားနေတဲ့ ကုထုံးတစ်မျိုးပါ။ ဆီလီကွန်တွေ ဟော်မုန်းဆေးတွေထိုးပေးတာမျိုးတော့ မဟုတ်ပါဘူး။

လူနာရဲ့ သွေးကိုထုတ်ယူပေါင်းခံပြီး သွေးရည်ကြည်ထုတ်ယူကာ Stem Cell နဲ့ ပေါင်းစပ်ပြီး ထိုးနှံပေးတာဖြစ်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့တော့

လိင်အင်္ဂါ တုတ်ခိုင်ကြီးထွားပြီး ရှည်လာမယ်
လိင်ဆက်ဆံတဲ့အခါ တောင်မတ်နိုင်တဲ့စွမ်း မြင့်မားလာမယ်
လိင်အင်္ဂါမှာ သွေးလည်ပတ်မှုအား ပိုကောင်းလာတာကြောင့် လိင်ဆက်ဆံတဲ့အခါ ခံစားမှုအား အရမ်းကောင်းလာမယ်
ပန်းသေပန်းညှိုးဖြစ်နေမယ်ဆိုရင် ပြန်လည်သန်စွမ်းလာစေနိုင်မယ်
Lichen sclerosus၊ Peyronie’s disease တွေလိုမျိုး လိင်အင်္ဂါနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို ကုစားပေးနိုင်တယ်
Rejuvenation Effect ပါပါတဲ့အတွက် လိင်အင်္ဂါအရောင်အဆင်း ကြည့်ကောင်းလာစေမယ် လို့ ဆိုပါတယ်။

ဒါတွေကတော့ P-Shot ရဲ့ ကောင်းကျိုးတွေဆိုပါတော့။ အဓိက အကျိုးကျေးဇူးက ကြီးထွားပြီး တောင်မတ်နိုင်စွမ်း အားကောင်းလာတာလို့ ပညာရှင်တွေကတော့ ဆိုထားပါတယ်။

ဆေးထိုးတာက မြန်သလို ချက်ခြင်းသာမန်လူလိုနေထိုင်သွားလာလို့ ရတယ်ဆိုတာပါပဲ။ ဆေးထိုးကြရာမှာလည်း အပ်သေးသေးနဲ့ထိုးတာမို့ သိသိသာသာနာကျင်တာမျိုး ဖြစ်တာနည်းပါတယ်။

ကနဦး ရလဒ်ကို ၂၄ နာရီတွင်း မြင်နိုင်သလို ၃ ကြိမ်ကနေ ၆ ကြိမ်လောက်အထိ ထိုးနှံပြီးချိန်မှာတော့ သိသာထင်ရှားတဲ့ရလဒ်တွေ ရလာမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။ ၁ လ ဒါမှမဟုတ် ၂ လ ဝန်းကျင်အကြာမှာ အကောင်းဆုံး အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်လာမှာပါတဲ့။

#P-Shot မှာ ဘေးထွက်ဆိုးကျိုးရှိသလား

P-Shot ဟာ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ဆိုကြပေမယ့် တကယ်တမ်းတော့ ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတာထက် နည်းပါးတာသာဖြစ်ပါတယ်။ P-Shot Treatment ခံယူကြသူတွေမှာ အနည်းအကျဉ်းအားဖြင့် ဘေးထွက်ဆိုးကျိုး ခံစားကြရတာမျိုး ကြုံရတတ်ပါတယ်။ လူတိုင်းမဟုတ်ပေမယ့် တချို့တွေမှာ ခံစားကြရတာပါ။

Treatment ယူပြီး ၄ ရက်နဲ့ ၆ ရက်ဝန်းကျင်လောက်အထိ ဘေးထွက်ဆိုးကျိုးတချို့ကို ခံစားရတတ်ပါတယ်။ အများဆုံးဖြစ်တာကတော့

လိင်အင်္ဂါမှာ အနီစက်တွေ အနီကွက်တွေ ထွက်လာတာ၊
ဆေးထိုးထားတဲ့နေရာမှာ အညိုအမဲတွေစွဲလာတာ၊
ဖွားဘက်တော် ဖောရောင်တာ၊
ပိုးဝင်တာ၊
အမာရွတ်ကြီး ကျန်ခဲ့တာ၊
ရေယုန်ရောဂါပိုး (Herpes simplex virus) ရှိရင် သို့ ရေယုန်ပေါက်ဖူးရင် ပိုဆိုးစေတာတွေပါပဲ။
P-Shot Treatment ယူသင့်/မယူသင့်

P-Shot Treatment ယူမယ်ဆိုရင် စဉ်းစားသင့်တာတွေ ရှိပါတယ်။ အထက်မှာပြောခဲ့သလို ရေယုန်ပေါက်ဖူးတယ်ဆိုရင် သတိထားဖို့ လိုတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုကို တိတိကျကျလုပ်ဖို့လည်း လိုအပ်ပါတယ်။ သွေး၊ ပလက်စမာနဲ့ Platelets တို့ကို အဓိက စစ်ဆေးရမှာပါ။

အဓိကအားဖြင့် ဆရာဝန်တွေက ညွှန်ကြားတာကတော့ P-Shot မထိုးခင် ဆန်းစစ်ရမှာက ကိုယ်တိုင်သာမက ကိုယ်ဆေးထိုးမယ့် ဆေးခန်း၊ လုပ်ငန်းဌာနရဲ့ စိတ်ချရမှုပါတဲ့။ စိတ်ချရမှုမရှိရင် ကိုယ့်အတွက် အန္တရာယ်အလွန်များပါတယ်တဲ့။ ဘာကြောင့်လဲဆိုရင်တော့ စနစ်တကျမလုပ်ဆောင်ရင် ပိုးကူးစက်မှုတွေ အများဆုံးဖြစ်တတ်လို့ပါပဲ။

P-Shot နဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြနေတာက ပိုပြီးတိကျခိုင်မာတဲ့ အထောက်အထားတွေ လိုအပ်နေသေးတယ်ဆိုတဲ့ အချက်ပါ။
ဒါနဲ့ပတ်သတ်လို့ သုတေသနတွေလည်း တော်တော်နည်းပါးနေပါသေးတယ်။

စိတ်ဝင်စားမှုရှိတယ်ဆိုရင် စမ်းသပ်နိုင်ပေမယ့် ကျွမ်းကျင်သူတွေနဲ့ ကနဦးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သီးခြားလွတ်လပ်ပြီး ကိုယ်ဆေးထိုးမယ့် နေရာကမဟုတ်တဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

နောက်တစ်ချက်ကတော့ လိင်အင်္ဂါတောင်မတ်မှုနဲ့ လိင်စိတ်ခံစားချက်ဟာ ဟိုမုန်း၊ သွေးစီးဆင်းမှု၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ စိတ်ကျန်းမာရေးနဲ့ စိတ်ခံစားချက်တွေနဲ့ တိုက်ရိုက်ပတ်သက်နေတတ်တာဖြစ်တာမို့ တစ်ခါတစ်ရံမှာ မလိုအပ်ပဲ ထိုးနှံတာမျိုးမဖြစ်စေဖို့ ဖြစ်ပါတယ်။

တကယ်လို့ P-Shot ထိုးပြီးတာတောင်မှာ သင့်မှာ ဘာအကျိုးရလဒ်မှမပြဘူးဆိုရင်တော့ လိင်ဆေးပညာကျွမ်းကျင်သူတွေ၊ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်နှီးနှောဖို့ မဖြစ်မနေလိုအပ်နေပြီဆိုတာကိုလည်း သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

ဖြားဘက္ေတာ္ေလး ထြားဖို႔ သန္ဖို႔ P-Shot ေဆးထိုးသင့္သလား




စာေရးသူ Ye Zon Aung မွ ေရးသားသည္။ 

Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#ဖြားဘက္ေတာ္ေလး ထြားဖို႔ သန္ဖို႔ P-Shot ေဆးထိုးသင့္သလား


 အမ်ိဳးသားတိုင္းမွာ စြမ္းေဆာင္ရည္ျပည့္ဝၿပီး အ႐ြယ္အစားလည္း မေသးငယ္လွတဲ့ လိင္အဂၤါမ်ိဳးကို ပိုင္ဆိုင္လိုၾကတဲ့ ဆႏၵအာသီသ ရွိတတ္ၾကပါတယ္။ အိပ္ယာေပၚမွာ စြမ္းေဆာင္ရည္ေကာင္းတာ၊ စြဲမက္ဖြယ္လို႔ သူတို႔ဟာ သူတို႔ ထင္ျမင္ယူဆၾကတဲ့ က်ားအဂၤါမ်ိဳးကို ပိုင္ဆိုင္ထားတာမ်ိဳးကို သိပ္ကို ဂုဏ္ယူတတ္ၾကသူေတြဆိုပါေတာ့။


 ဒီေတာ့ သူတို႔ရဲ႕ ဖြားဘက္ေတာ္ေလးကို ရွိေနတဲ့အေျခအေနထက္ ပိုၿပီးႀကီးထြားေအာင္ အခ်ိန္ၾကာၾကာစြမ္းေဆာင္နိုင္ေစေအာင္ ကူညီေပးနိုင္မယ့္ နည္းလမ္းမ်ိဳးေတြဆိုရင္ အၿမဲစိတ္ဝင္စားတတ္ၾကပါတယ္။ ဒီလိုျဖစ္ေအာင္ လုပ္ေပးနိုင္တယ္ဆိုတဲ့ ေဆးဝါးေတြ ဓာတ္စာေတြ ေဆးၿမီးတိုေတြကလည္း ဒီေခတ္မွာ ေပၚေပါက္လာၾကတာမဟုတ္ပါဘူး။ လြန္ခဲ့တဲ့ သမိုင္းဦးေခတ္ေတြကတည္းက ဒီလို နည္းလမ္းေတြ ရွိခဲ့ၾကတာပါ။


 ဒီကေန႕ေခတ္ ေခတ္မွီေဆးဝါးေတြ ေပၚထြက္လာတဲ့ ေခတ္မွာလည္း အမ်ိဳးသားအဂၤါႀကီးေဆးေတြ၊ ၾကာေဆးေတြက အမ်ိဳးမ်ိဳး ေပၚထြက္လာေနဆဲပါပဲ။ ေရာင္းအားေတြလည္း ေကာင္းေနဆဲပါပဲ။


 နည္းလမ္းေပါင္းေျမာက္မ်ားစြာထဲမွာ ဒီဘက္ပိုင္းႏွစ္အနည္းငယ္အတြင္းမွာ လူသိမ်ားလာၿပီး အသုံးလည္းမ်ားလာတာက P-Shot လို႔ေခၚတဲ့ ေဆးထိုးတဲ့ နည္းလမ္းျဖစ္ပါတယ္။ P-Shot ဆိုတာက ေသြးတြင္းက platelet-rich plasma (PRP) ကိုရယူၿပီး လိင္အဂၤါဆီ ထိုးသြင္းတာျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ အမ်ိဳးသားေတြရဲ႕ လိင္အဂၤါပိုမိုဖြံ႕ထြားေစနိုင္ၿပီး စြမ္းေဆာင္ရည္လည္း ျမင့္တက္ေစတယ္လို႔ ဆိုပါတယ္။


 #P-Shot ကုထုံးဆိုတာ ဘာလဲ


 P-Shot Treatment ေတြဟာ နိုင္ငံတကာမွာေတာ့ အရမ္းကို ေခတ္စားေနတဲ့ ကုထုံးတစ္မ်ိဳးပါ။ ဆီလီကြန္ေတြ ေဟာ္မုန္းေဆးေတြထိုးေပးတာမ်ိဳးေတာ့ မဟုတ္ပါဘူး။


 လူနာရဲ႕ ေသြးကိုထုတ္ယူေပါင္းခံၿပီး ေသြးရည္ၾကည္ထုတ္ယူကာ Stem Cell နဲ႕ ေပါင္းစပ္ၿပီး ထိုးႏွံေပးတာျဖစ္ပါတယ္။ အက်ိဳးေက်းဇူးအေနနဲ႕ေတာ့


လိင္အဂၤါ တုတ္ခိုင္ႀကီးထြားၿပီး ရွည္လာမယ္

လိင္ဆက္ဆံတဲ့အခါ ေတာင္မတ္နိုင္တဲ့စြမ္း ျမင့္မားလာမယ္

လိင္အဂၤါမွာ ေသြးလည္ပတ္မႈအား ပိုေကာင္းလာတာေၾကာင့္ လိင္ဆက္ဆံတဲ့အခါ ခံစားမႈအား အရမ္းေကာင္းလာမယ္

ပန္းေသပန္းညွိုးျဖစ္ေနမယ္ဆိုရင္ ျပန္လည္သန္စြမ္းလာေစနိုင္မယ္

Lichen sclerosus၊ Peyronies disease ေတြလိုမ်ိဳး လိင္အဂၤါနဲ႕သက္ဆိုင္တဲ့ ေရာဂါေတြကို ကုစားေပးနိုင္တယ္

Rejuvenation Effect ပါပါတဲ့အတြက္ လိင္အဂၤါအေရာင္အဆင္း ၾကည့္ေကာင္းလာေစမယ္ လို႔ ဆိုပါတယ္။


 ဒါေတြကေတာ့ P-Shot ရဲ႕ ေကာင္းက်ိဳးေတြဆိုပါေတာ့။ အဓိက အက်ိဳးေက်းဇူးက ႀကီးထြားၿပီး ေတာင္မတ္နိုင္စြမ္း အားေကာင္းလာတာလို႔ ပညာရွင္ေတြကေတာ့ ဆိုထားပါတယ္။


 ေဆးထိုးတာက ျမန္သလို ခ်က္ျခင္းသာမန္လူလိုေနထိုင္သြားလာလို႔ ရတယ္ဆိုတာပါပဲ။ ေဆးထိုးၾကရာမွာလည္း အပ္ေသးေသးနဲ႕ထိုးတာမို႔ သိသိသာသာနာက်င္တာမ်ိဳး ျဖစ္တာနည္းပါတယ္။


 ကနဦး ရလဒ္ကို ၂၄ နာရီတြင္း ျမင္နိုင္သလို ၃ ႀကိမ္ကေန ၆ ႀကိမ္ေလာက္အထိ ထိုးႏွံၿပီးခ်ိန္မွာေတာ့ သိသာထင္ရွားတဲ့ရလဒ္ေတြ ရလာမွာျဖစ္ပါတယ္လို႔ ဆိုပါတယ္။ ၁ လ ဒါမွမဟုတ္ ၂ လ ဝန္းက်င္အၾကာမွာ အေကာင္းဆုံး အေျခအေနတစ္ရပ္ကို ပိုင္ဆိုင္လာမွာပါတဲ့။


 #P-Shot မွာ ေဘးထြက္ဆိုးက်ိဳးရွိသလား


 P-Shot ဟာ ေဘးထြက္ဆိုးက်ိဳးမရွိဘူးလို႔ ဆိုၾကေပမယ့္ တကယ္တမ္းေတာ့ ရွိပါတယ္။ ေဘးထြက္ဆိုးက်ိဳးမရွိတာထက္ နည္းပါးတာသာျဖစ္ပါတယ္။ P-Shot Treatment ခံယူၾကသူေတြမွာ အနည္းအက်ဥ္းအားျဖင့္ ေဘးထြက္ဆိုးက်ိဳး ခံစားၾကရတာမ်ိဳး ႀကဳံရတတ္ပါတယ္။ လူတိုင္းမဟုတ္ေပမယ့္ တခ်ိဳ႕ေတြမွာ ခံစားၾကရတာပါ။


 Treatment ယူၿပီး ၄ ရက္နဲ႕ ၆ ရက္ဝန္းက်င္ေလာက္အထိ ေဘးထြက္ဆိုးက်ိဳးတခ်ိဳ႕ကို ခံစားရတတ္ပါတယ္။ အမ်ားဆုံးျဖစ္တာကေတာ့


လိင္အဂၤါမွာ အနီစက္ေတြ အနီကြက္ေတြ ထြက္လာတာ၊

ေဆးထိုးထားတဲ့ေနရာမွာ အညိုအမဲေတြစြဲလာတာ၊

ဖြားဘက္ေတာ္ ေဖာေရာင္တာ၊

ပိုးဝင္တာ၊

အမာ႐ြတ္ႀကီး က်န္ခဲ့တာ၊

ေရယုန္ေရာဂါပိုး (Herpes simplex virus) ရွိရင္ သို႔ ေရယုန္ေပါက္ဖူးရင္ ပိုဆိုးေစတာေတြပါပဲ။

 P-Shot Treatment ယူသင့္/မယူသင့္


 P-Shot Treatment ယူမယ္ဆိုရင္ စဥ္းစားသင့္တာေတြ ရွိပါတယ္။ အထက္မွာေျပာခဲ့သလို ေရယုန္ေပါက္ဖူးတယ္ဆိုရင္ သတိထားဖို႔ လိုတယ္ဆိုတာမ်ိဳးေပါ့။ ဒါေၾကာင့္ က်န္းမာေရးစစ္ေဆးမႈကို တိတိက်က်လဳပ္ဖို႔လည္း လိုအပ္ပါတယ္။ ေသြး၊ ပလက္စမာနဲ႕ Platelets တို႔ကို အဓိက စစ္ေဆးရမွာပါ။


 အဓိကအားျဖင့္ ဆရာဝန္ေတြက ၫႊန္ၾကားတာကေတာ့ P-Shot မထိုးခင္ ဆန္းစစ္ရမွာက ကိုယ္တိုင္သာမက ကိုယ္ေဆးထိုးမယ့္ ေဆးခန္း၊ လုပ္ငန္းဌာနရဲ႕ စိတ္ခ်ရမႈပါတဲ့။ စိတ္ခ်ရမႈမရွိရင္ ကိုယ့္အတြက္ အႏၱရာယ္အလြန္မ်ားပါတယ္တဲ့။ ဘာေၾကာင့္လဲဆိုရင္ေတာ့ စနစ္တက်မလုပ္ေဆာင္ရင္ ပိုးကူးစက္မႈေတြ အမ်ားဆုံးျဖစ္တတ္လို႔ပါပဲ။


 P-Shot နဲ႕ ပတ္သက္ၿပီး က်န္းမာေရးအသိုင္းအဝိုင္းက ေထာက္ျပေနတာက ပိုၿပီးတိက်ခိဳင္မာတဲ့ အေထာက္အထားေတြ လိုအပ္ေနေသးတယ္ဆိုတဲ့ အခ်က္ပါ။

 ဒါနဲ႕ပတ္သတ္လို႔ သုေတသနေတြလည္း ေတာ္ေတာ္နည္းပါးေနပါေသးတယ္။


 စိတ္ဝင္စားမႈရွိတယ္ဆိုရင္ စမ္းသပ္နိုင္ေပမယ့္ ကြၽမ္းက်င္သူေတြနဲ႕ ကနဦးတိုင္ပင္ဖို႔ လိုအပ္ပါတယ္။ အထူးသျဖင့္ သီးျခားလြတ္လပ္ၿပီး ကိုယ္ေဆးထိုးမယ့္ ေနရာကမဟုတ္တဲ့ ကြၽမ္းက်င္သူေတြနဲ႕ တိုင္ပင္ဖို႔ လိုအပ္ပါတယ္။


 ေနာက္တစ္ခ်က္ကေတာ့ လိင္အဂၤါေတာင္မတ္မႈနဲ႕ လိင္စိတ္ခံစားခ်က္ဟာ ဟိုမုန္း၊ ေသြးစီးဆင္းမႈ၊ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေန၊ စိတ္က်န္းမာေရးနဲ႕ စိတ္ခံစားခ်က္ေတြနဲ႕ တိုက္ရိုက္ပတ္သက္ေနတတ္တာျဖစ္တာမို႔ တစ္ခါတစ္ရံမွာ မလိုအပ္ပဲ ထိုးႏွံတာမ်ိဳးမျဖစ္ေစဖို႔ ျဖစ္ပါတယ္။


 တကယ္လို႔ P-Shot ထိုးၿပီးတာေတာင္မွာ သင့္မွာ ဘာအက်ိဳးရလဒ္မွမျပဘူးဆိုရင္ေတာ့ လိင္ေဆးပညာကြၽမ္းက်င္သူေတြ၊ စိတ္ပညာရွင္ေတြနဲ႕ တိုင္ပင္ႏွီးႏွောဖို႔ မျဖစ္မေနလိုအပ္ေနၿပီဆိုတာကိုလည္း သိထားဖို႔ လိုအပ္မွာျဖစ္ပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


Thursday, March 3, 2022

နားလည်စေချင်ပါသည် စာစု (၃)

နားလည်စေချင်ပါသည် (၁၁) 

==================




ဘုန်းတော်ကြီးများရဲ့ အလုပ်ဟာ ပရိယတ်နဲ့ ပဋိပတ္သာ မူရင်း ဖြစ်တယ်ဆိုတာ ပြောပြနေတာပါ။ ဘုရားလက္ထက္ကစ ယနေ့အထိ ဘုရားဟောတဲ့အတိုင်း လက်တွေ့ကျင့်ကြံနေတဲ့ ဘုန်းတော်ကြီးတွေ မြောက်များစွာရှိနေပါတယ်။ မြင်အောင် ကြည့်ဖို့တော့ လိုမယ်ပေါ့ ။


ဘာသာဋီကာ ကျမ်းပေါင်းများစွာရေးပြီး စာသင်ပေးတဲ့ကျောင်းခွဲများစွာ မျိုးဆက်သစ်သံဃာများစွာ ထားတော်မူခဲ့တဲ့ အမရပူရဂန္ဓာရုံဆရာတော်ကြီးလို ပရိယတ်အာဇာနည်ဆရာတော်ကြီးတွေရှိသလို 


ဒီပနီကျမ်းပေါင်းများစွာရေးပြီး ကိုယ်တိုင်လဲကျင့် တပည့်တွေကိုလည်း အကျင့်ဖက်ပါလာအောင် လမ်းညွှန်တော်မူခဲ့တဲ့ လယ်တီဆရာတော်ကြီးလို ပဋိပတ်အာဇာနည် ဆရာတော်ကြီးတွေ ရွိခဲ့တာဟာ ဗုဒ္ဓဘာသာအတွက် အားတက်ဂုဏ်ယူဖွယ်ရာ မဟုတ္လား ။ 


လယ်တီဆရာတော်ကြီးရဲ့ခေတ်မှာ သာသနာဟာ ဥေရာပအထိ ပျံ့နှံ့ခဲ့တယ်။ အကျင့်ပဋိပတ်နဲ့ပတ်သက်လို့ ဆရာတော်ရေးတဲ့စာအုပ်တွေဟာ မျိုးဆက်သစ်များစွာ လူမ်ားစြာကို အကျိုးပြုခဲ့တယ်။ 


လယ်တီဆရာတော်ကြီးရဲ့ တပည့် အနာဂါမ်ဆရာသက်ကြီး ။ ဆရာသက်ကြီးရဲ့တပည့် ဆရာကြီး ဦးဘခင်၊ ဆရာကြီးဦးဘခင်ရဲ့ တပည့် ဆရာကြီး ဦးဂိုအင်ကာနဲ့ ပဋိပတ်ဆောင် လယ်တီသံဃာများစွာကြောင့် ကမ်ဘာအရပ်ရပ်မှာ တရားကျင့်လိုရတဲ့ ရိပ်သာပေါင်း ၁၅၀ ခန့်အထိ အားရဖွယ် လမ်းပြတော်မူခဲ့ကြတယ်။


မျက်မှောက်ခေတ်မှာ စာပေရော အကျင့်ပါ ပြည့်စုံတော်မူတဲ့ မဟာစည်ဆရာတော်ကြီးနဲ့သူ းရေးသားတော်မူခဲ့တဲ့ ကျမ်းစာတွေဟာ တရားရွာမွီးလိုသူ ရဟန်း ရှင် လူတွေအတွက် အကျိုးတွေရှိနေတာ အားလုံးအသိ။


 ပြည်တွင်း ပြည်ပမှာ ရိပ်သာခွဲပေါင်းများစွာ ထွန်းညှိအလင်းရောင်ပေးတော်မူခဲ့တာလည်း လက်တွေ့မျက်မြင်တွေပါ။ 


မဟာစည်ဆရာတော်ကြီးရဲ့ တပည့်များစွာထဲက ရွှေတောင်ကုန်းဆရာတော်ကြီးနဲ့ ချမ်းမြေ့ဆရာတော်ကြီးတို့ရဲ့ ပဋိပတ် သာသနာအတွက် အားထုတ်ခဲ့မှုတွေကလည်း လေးစားမြတ်နိုး အတုယူဖွယ်ကောင်းလှပါတယ်။


 ဒီနေ့ခေတ်မှာ ရဟန္တာလို့ လူအမ်ားက ကြည်ညိုစိတ်ဖြင့် ယူဆပူဇော်နေကြတဲ့ ဗောဓိမြိုင်ဆရာတော်ကြီးဟာ ရွှေတောင်ကုန်းဆရာတော်ကြီးရဲ့ တပည့်ပါ။ မဟာစည်ပဋိပတ်ရဲ့ အသီးအပွင့်တွေပေါ့ ။


ဖားအောက်တောရဆရာတော်ကြီးနဲ့ တပည့် ပဋိပတ်ဝန်ဆောင် သံဃာတော်များရဲ့ သာသနာအေရး ကြိုးစားမှုတွေဟာလည်း အတုယူဖွယ်ရာပါ။ မော်လမြိုင် ဖားအောက်တောရ တောင်တန်းကြီးတွေပေါ်မှာ သီတင်းသုံးပြီး တရားကျင့်နေတဲ့ နိုင်ငံခြားသားများစွာကိုလဲ တွေ့မြင်နိုင်သလို နိုင်ငံပေါင်းများစွာမှာလည်း ဖားအောက်ရိပ်သာခွဲတွေ မနည်းမနော။ 


ကိုယ်တိုင်ကျင့်ချင်စိတ် ရှိဖို့ပဲ လိုတော့တာ။ အကျင့်ဟာ လေ့လာရုံနဲ့ မရနိုင်ဘူး။ အကျင့်ဟာ လက်တွေ့ကျင့်မှ သိတာ။  လက်တွေ့တရားမထိုင်ဘူးတဲ့ ဘုန်းတော်ကြီးတွေ အများကြီးရှိနေတယ်လို့ပြောရင် ယုံချင်မှ ယုံမယ်။ မယုံမရှိနဲ့ ။ တကယ်အပြင်မှာ လက်တွေ့ ။


ပြီးတော့ မိုးကုတ်ဆရာတော်ကြီး၊ မြေဇင်းဆရာတော်ကြီး၊ သဲအင်းဂူဆရာတော်ကြီး စတဲ့ ဆရာတော်ကြီးတွေဟာ အကျင့်ဖက်က စံပြ ဆရာတော်တွေကြီးလို့ ပြောနိုင်ပါတယ်။


တိပိဋကယောဆရာတော်ကြီးလို ကိုယ်တိုင်လည်း ပိဋကတ်သုံးပုံအောင်၊ စာသင် စာခ်၊ အကျင့်အနေနဲ့လည်း စံပြ ။ မျက်မှောက်ခေတ်မှာ စာပေရော အကျင့်ရောတွဲပြီး ကျင့်သုံးနေထိုင်ပြတဲ့နေရာမှာ တိပိဋကယောဆရာတော်ဟာ စံပြ အာဇာနည်တစ်ပါးလို့ ပြောနိုင်မယ်။


ယောနွယ်ရဲ့ ဆရာများဟာလည်း တောရကျင့်သုံးဆောက်တည်တော်မူခဲ့ကြတယ်။ ပထမ အုံ့တုံးတောင်ဆရာတော်ကြီးဟာ သက်တော် (၆၀)ကျော်တာနဲ့ မဟာမြိုင်တောကို တောထွက်တော်မူတယ်။ ပြီးတော့ ယခုလက်ရှိ ချင်းတောင်တန်းပေါ် မေးတင်နေတဲ့ တောရနေရာမှာ ပျံလွန်တော်မူသည်အထိ သီတင်းသုံးသွားတယ်။ 

ဒုတိယ အုံ့တုံးတောင်တောရဆရာတော် သွားရောက် နည်းယူခဲ့တဲ့ ရမည်းသင်းမြို့နားက နဗူးကျင်းတောရ ဆရာတော်ကြီးဟာ ဓုတင် ၁၃ ပါးလုံး ကျင့်တော်မူတယ်။ ညဖက္ဆို သင်္ချိုင်းထဲသွားပြီး တရားဟောတယ်။ ဆရာတော်ကြီးတရားကို သရဲဘဝနဲ့နာရလို့ လူပြန်ဖြစ်လာတဲ့ ဒကာမတစ်ယောက်အကြောင်း မဂ္ဂဇင်းတွေမှာ တွေ့ဖူးမှာပေါ့ ။


ယောနွယ်တို့ မမှီလိုက်ဘဲ စာတွေဖတ်ပြီး သိရတဲ့ ပဋိပတ်ဝန်ဆောင် ဘုန်းတော်ကြီးပေါင်းများစွာလဲ ရှိနေပါတယ်။ ယခုအချိန်အထိ တောတောင်တွေမှာ သူတော်စင်အကျင့်ကို ကျင့်နေတဲ့ သံဃာတော်တွေများစွာ ရှိနေပါတယ်။ အကျင့်သီလပြည့်စုံတဲ့ သာသနာဟာ အားရစရာများစွာရှိနေတယ်။ 


လူတွေဆိုတာ တူရာ တူရာပေါင်းစုလေ့ရှိတာ မဟုတ္လား ။ ကိုယ်သိတာလောက်ပဲ ဝေဖန်ရေး လေကန်ရေးလုပ်နေရင် အမှန်နဲ့ ဝေးမှာပေါ့။ ပုထုဇဉ် သဘာဝအရ ကိုယ့်စိတ်နဲ့ကိုက်ရင် ကောင်းတယ်။ ကိုယ့်စိတ်နဲ့မကိုက်ရင် ဘုရားတောင်အပြစ်တင်ကြသေး သကိုးဗ်။


 ကိုယ့်စရိုက်နဲ့ကိုက်ညီတဲ့ ပတ်ဝန်းကျင်ကိုသာ မြင်လေ့ရှိတော့ ကိုယ်တွေ့မြင် ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်သာ အကောင်းဆုံးလို့လဲ ထင်တတ်တယ်။ မင်းဘာလဲဆိုတာ မင်းဘယ်သူနဲ့ပေါင်းနေလဲဆိုတာကို ကြည့်တာနဲ့ သိတယ် ဆိုတဲ့ စကားလိုပေါ့လေ။


စာသင် စာချအရှင်မြတ်များကလည်း သူတို့သာ သာသနာအတွက် အလုပ် လုပ်နေတယ်လို့ ထင်မြင်လေ့ရှိသလို 


ပဋိပတ်သံဃာတော်များကလည်း နွားကျောင်းသား ဥပမာနဲ့ စာသင် စာချနေသူတွေက နွားကျောင်းသူတွေ ၊ သူတို့က နွားနို့အရသာကို ကိုယ်တိုင်သောက်သုံးသူလို့ ပြောတတ်ကြပြန်တယ်။ 


တကယ်တော့ နွားမရှိရင် နွားနို့မရှိနိုင်ဘူး။ အဲဒီအတွက် နွားမွေးသူ နွားကိုဂရုစိုက်သူလည်း လိုအပ်တယ်။

နွားမွေးသူများဖက်ကလည်း နွားရှိပြီး နွားနို့ကို သောက်ဖို့ မမေ့သင့်ဘူးလို့ ယူဆမိပါတယ်။ 


ဘုရားရှင်ရဲ့ သာသနာကို သာသနာတွင်း ဘုန်းတော်ကြီးများကသာ တည်တံ့အောင် ပျက်စီးအောင် လုပ်နိုင်ကြတယ်လို့ ဘုရားရှင် လမ်းညွှန်တော်မူတယ်။ 


သာသနာကိုလေးစားပြီး သာသနာ့ကျင့်စဉ်ကို ကျင့်သုံးသူရှိနေသမျှ လောကကြီးမှာ သာသနာရှိနေအုံးမှာပါ။ လေပေါ်ဝဲတဲ့ စကားတွေထက် လက်တွေ့ကျင့်ကြံသူတွေ ရှိနေသေးရင် သာသနာမကွယ်သေးဘူး။


ယောနွယ်

Jan,25,2022

#YNNote 


#နားလည်စေချင်ပါသည် (၁၂) 

==================


ခံယူချက်မတူရင် ရပ်တည်မှုလည်းကွာတယ်။ လုပ်ဆောင်ချက်မတူရင် တန်ဖိုးလည်းကွာမယ်။ ကျောက်ချင်းတူပေမယ့် လမ်းဘေးကျောက်တန်ဖိုးနဲ့ တွင်းထွက်ကျောက်တန်ဖိုးက မတူဘူး။

သစ်သားချင်းတူပေမယ့် ထင်းဆိုက်ခံရတဲ့သစ်သားနဲ့ ပန်းပုဆရာရဲ့ စနစ္တက် ထွင်းထုခံရတဲ့သစ်သား တန်ဖိုးတွေ မတူနိုင်ဘူး။ 


ဘုန်းတော်ကြီးများနဲ့ ပရဟိတ

==================


 ငါကဲ့သို့ စွမ်းအားနှင့်ပြည့်စုံသော ယောင်္ကျားအတွက် တကိုယ်တည်း ကူးမြောက်၍ အဘယ်အကျိုးရှိအံ့နည်း။ ငါသည် သဗ္ဗညုတဉာဏ်ကို ရပြီးနောက် နတ်နှင့်တကွသော လူအပေါင်းကို ကူးမြောက်စေအံ့  (ကျမ်းညွှန်း-ဇာတကနိဒါန်း)။


ဒီစကားက ဘုရားပြောတဲ့ စကားပါ။ ငါတယောက်ထဲ အဆင်ပြေနေလို့ မဖြစ်သေးဘူး။ ငါ့လောက် အဆင်မပြေတဲ့လူတွေကို ငါကူညီအုံးမယ်..တဲ့။ ဟုတ်ပါတယ် ။


လူဟာ အသိဉာဏ်ရှိလေလေ အများအတွက် ထည့်စဉ်းစားလေလေ။ 

အတ္တကြီးလေလေ နေရာတကာ ပေကပ်ကပ်လုပ်လေလေ လို့ ပြောရမယ်။ 


ဘုရားရှင်ကိုယ်တိုင် လယ်တောထဲဆင်းပြီး အသိဉာဏ်မျှဝေတာ၊ အာဠာဝကဘီလူးကို အမှန်မြင်အောင် လမ်းညွှန်ပြတာတွေ၊ အင်္ဂုလိမာလလို လူကြမ်းကြီးကို တောထဲအထိသွားပြီး လမ်းမှန်ပြတာတွေဟာ ဘုရားရဲ့ ပရဟိတေတြပါ ။ 


ဘုရားဟာ တနေ့ကို အိပ်ချိန် တနာရီကျော်ကျော်သာ ကျိန်းစက်ပြီး အသိဉာဏ်ဖြန့်ဝေတဲ့ လုပ်ငန်းကြီးကို မနားမေန ဆောင်ရွက်တော်မူခဲ့တာ ပြန်စဉ်းစားကြည့်ရင် ကြက်သီးထစရာ ကြည်နူးစရာကြီးပါ ။


ဒုက္ခရောက်နေတဲ့ သောပါက ကေလးကို စားစရာကျွေးပြီး ဘဝသက္သာရာ ရေစခဲ့သလို အသိအမှတ်ပြုသူမရှိတဲ့ ရာဓပုဏ္ဏားကို ဘဝရဲ့ခိုကိုးရာနေရာတစ်ခုပေးတဲ့ အရှင်သာရိပုတြာမထေရ်မြတ်ရဲ့ လုပ်ဆောင်ချက်တွေကလည်း သာသနာဝင် ဘုန်းတော်ကြီးများအတွက် အတုယူစရာ မဟုတ္လား။


ခေတ်အဆက်ဆက် ဘုန်းကြီးတွေအပေါ် လူတွေမြင်တဲ့ အမြင်က အမျိုးမျိုးရှိခဲ့ကြတယ်။ ဘုရားသက်ရှိထင်ရှား ရှိနေတုန်းကစ အမြင်တွေ အယူဝါဒေတြ မတူညီခဲ့ကြဘူး။ 


တနေ့ သင်္ဂါရဝပုဏ္ဏားက ဘုရားဆီ ရောက်လာပြီး 


"တပည့်တော်တို့က ကိုယ်တိုင်လည်း ယဇ်ပူဇော်တယ်။ 

လူအများကိုလည်း ယဇ်ပူဇော်စေတယ်။ အဲဒီအတွက် 

တပည့်တော်တို့ဟာ ကိုယ့်အကျိုးရော အများအကျိုးရော လုပ်ကြတယ်။ 

အရှင်ဘုရားရဲ့ တပည့်တွေကြ ငြိမ်းချမ်းမှုနဲ့ ကိုယ်တိုင်လွတ်မြောက်မှုကိုဘဲ 

လုပ်တာမို့ ဘုန်းကြီးတွေဟာ အတ္တသမားတွေ"လို့ ပုဏ္ဏား..က သူ့အမြင်ကို လျှောက်တော့....


ပုဏ္ဏားကြီးရေ..

ဘုန်းကြီးတွေဟာ ကိုယ်တိုင်လဲ ငြိမ်းချမ်းအောင်ကျင့်၊ 

ဓမ္မဘက်မှာရပ်တည်ပြီး လူအများကိုလည်း ငြိမ်းချမ်းမှုမျှဝေ၊

ဓမ္မဘက်မှာရပ်တည်အောင် ပြောပေးခြင်းဖြင့် ကိုယ့်အကျိုး သူ့အကျိုး အတ္တဟိတ ပရဟိတ မျှအောင်ဆောက်ရွက်ကြတာပါလို့ ပြန်ရှင်းပြခဲ့တယ်။ (ကျမ်းညွှန်း၊ အင်္ဂုတ္တိုရ်၊ တိကနိပါတ်၊ သင်္ဂါရဝသုတ်)


ဒီနေရာမှာ တကိုယ်တည်းလွတ်မြောက်မှုအတွက် ကြိုးစားတဲ့ဘုန်းတော်ကြီးတွေရှိသလို အများအတွက် ထည့်တွက်စဉ်းစားပြီး အလုပ်လုပ်တဲ့ ဘုန်းတော်ကြီးတွေရှိပါတယ်။ တကိုယ်တည်းလွတ်မြောက်မှုကျင့်တာကို ရဟန္တာဝါဒလို့ ခေါ်မယ်။ အများအကျိုးအတွက် ထည့်သွင်းစဉ်းစားပြီး လုပ်နေတာကို ဘုရားလောင်းဝါဒလို့ ခေါ်ကြစို့ ။ 


ထင်ရှားအောင်ပြောရရင်.. 

ဗောဓိမြိုင်ဆရာတော်ကြီးလို ဒီဘဝမှာတင် ဘဝပြတ်အောင် တရားကျင့်တာကို ရဟန္တာဝါဒ ခေါ်မှာပေါ့ ။ ပါချုပ်ဆရာတော်ကြီးလို ဘုရားဆုပန်ပြီး သူသိသမွ် မျှဝေတယ်၊ မျိုးဆက်သစ်သံဃာများစွာအတွက် စာသင်တိုက်တွေ ထူထောင်တယ်၊ ဒကာ ဒကာမတွေအတွက် အသိဉာဏ်တွေ မျှဝေနေတဲ့ ဘုန်းတော်ကြီးတွေကိုတော့ ဘုရားလောင်းဝါဒ သမားတွေလို့ ပြောရမှာ။ 


လယ်တီဆရာတော်ကြီးတို့ လက်ထက်တုန်းက တနိုင်ငံလုံး ပလိပ်ရောဂါတွေဖြစ်တယ်။ ဆရာတော်ကြီးက တနိုင်ငံလုံး ပရိတ်ရွတ်ပေးတယ်။ ဆရာတော်ကြွပြီး ပရိတ်ရွတ်တဲ့ မြို့ရွာတွေမှာ ရောဂါတွေပျောက်ကင်းကုန်တယ်။ ဆရာတော်ကြီးကိုယ်တိုင်ရေးတဲ့ ရောဂန္တရဒီပနီမှာ သူ့ကျောင်းထဲမှာနေတဲ့ ရုက္ခစိုးနတ်ကြီးက ဆရာတော်ကြွမယ့် မြို့ရွာတွေကို အရင်သွား၊ အဲဒီမွ ကပ်ဆိုက်လို့ အချိန်ကိုက်ရောက်လာတဲ့ သရဲ့တွေ ဘီလူးတွေကို မောင်းထုတ်တာတွေ အရင်လုပ်သတဲ့။


ဒီနေရာမှာ ဆရာတော်ကြီးရဲ့ ကိုယ်ကျင့်သိက္ခာမြင့်မားမှု ဆရာတော်ကြီးရဲ့ မေတ္တာအင်အားကောင်းမှုနဲ့ ရုက္ခစိုးနတ်ကြီးရဲ့ အကူအညီတွေကြောင့် ရောဂါတွေ သက်သာပျောက်ကင်းကုန်တယ်လို့ နားလည်ရပါတယ်။ (ကျမ်းညွှန်း-ရောဂန္တရဒီပနီ)


ဒီအထိ ဘုရားရဲ့ ပရဟိတ ရဟန္တာတွေရဲ့ ပရဟိတ ဘုရားလောင်းဝါဒသမားတွေရဲ့ ပရဟိတ..က ကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာ မြင့်မားအောင်ကျင့်တယ်။ ငြိမ်းချမ်းအောင် တည်ဆောက်တယ်၊ ဓမ္မကိုမြတ်နိုးတယ်။ ကိုယ့်ရဲ့ ငြိမ်းချမ်းမှု ဓမ္မကိုမြတ်နိုးမှု Dhamma power တွေနဲ့ ဒုက္ခရောက်သူတွေကို ကူညီခဲ့တာ တွေ့ရတယ်။ မြင့်မားတဲ့ကိုယ်ကျင့်သိက္ခာနဲ့ Dhamma power တွေဟာ သံဃာအဖွဲ့အစည်း ဘုန်းတော်ကြီးလောက..ရဲ့ ဖြူစင်တဲ့ ပရဟိတေတြ ဖြစ်လာတယ်။


ဘုန်းကြီးတိုင်း လူတိုင်း ငွေကြေးမရှိလဲ လုပ်နိုင်တဲ့ ပရဟိတ.ကေတာ့ နာညမညဿ ဒုက္ခမိစ်ဆေယျ.. ကိုယ့်အကြောင့် လူတွေဒုက္ခမရောက်အောင် နေပေးရင် ၊ (ဒုက္ခရောက်အောင် လုပ်တဲ့သူတွေကို အားမပေးဘဲနေရင်)ကို ပရဟိတလုပ်သူလို့ ဆိုနိုင်ပါပြီ ။ 


ဘုရား ရဟန္တာ သူတော်စင်တွေရဲ့ ကျူးရင့်သန် ပရဟိတဟန္က ငါလွတ်မြောက်သလို လူအများကိုလည်း လွတ်မြောက်စေမယ် တဲ့ ။


မျက်မှောက်ခေတ် ပရဟိတ ဘုန်းကြီးတွေအကြောင်း ဆက်ရေးအုံးမယ်


ယောနွယ်

Jan,26,2022

#YNNote


#နားလည်စေချင်ပါသည် (၁၃)

==================


မနေ့ကပြောတဲ့ ပရဟိတအကြောင်း ဆက်ပြောပါရစေ။ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ပရဟိတလုပ်ငန်းဟာ မြတ်နိုးဖွယ်ပါ။ ကိုဗစ္ကာလမွာ ဘုန်းတော်ကြီးကျောင်းတွေကို ကွာရန်တင်းစင်တာတွေအဖြစ် အရင်ဦးဆုံး ကူညီခဲ့ကြတာ လေးစားစရာ ကောင်းပါတယ်။ 


ဒီနေရာမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးနဲ့ အခြားဘာသာဝင်ဘုန်းတော်ကြီးများရဲ့ ဘဝက မတူညီဘူး။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက စီးပွားရေးလုပ်ခွင့်မရှိဘူး၊ ဗုဒ္ဓ ဥပေဒက တားမြစ်ထားတယ်။ အလှူခံခွင့်ပဲ ရှိတယ်။ 


ဒါပေမယ့် အတိုင်းအတာ ပမာဏနဲ့ဘဲ အလှူခံရမယ်လို့ ဘုရားက လမ်းညွှန်ထားတယ်။ 

 ပန်းဝတ်ရည်ကို စုပ်ယူတဲ့ ပ်ားဟာ ပွင့်ချပ်ရဲ့ အလွ ပွင်းလွှာရဲ့ ရနံ့တွေကို မပျက်စီးစေဘဲ ဝတ်ရည်ကို စုပ်ယူပြီး ပျံသန်းသွားသလို၊


 အလှူခံတဲ့ ဘုန်းတော်ကြီးဟာလည်း လူတွေရဲ့ သဒ်ဓါပနျး ၊

ပစ္စည်း ဥစ္စာအဆင်းအနံကို ထိခိုက်မှုမရှိအောင် ကျင့်သုံးရမယ် တဲ့ ။ 

အလှူခံများအတွက် မှတ်သားဖွယ်ရာပေါ့ ။ 


လူတွေတာဝန်ပိမှာကို ဘုရားမလိုလားဘူး။ အဲဒီအတွက် ဘုန်းကြီးများရဲ့ စားဝတ်နေရေး ကိစ္စ တာဝန်ယူရတဲ့ လူတွေဖက်က ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ဆွမ်းခံစားပါလို့ မှာတော်မူတယ်။ ဦးဦးဖျားဖျားလှူတာပဲ စားပါလို့ ဘုရားမပြောဘူး။ 


"ယဒဂ္ဂတော မစ္ဇျတော သေသတောဝါ 

ပိဏ္႑ံ လေဘထ ပရဒတ္တူဇီဝိ."တဲ့ 


"စားဦးပဲဖြစ်ဖြစ် စားနေတဲ့ဟာဘဲဖြစ်ဖြစ် 

စားပြီးလို့ ပိုနေတဲ့ဟာဖြစ်ဖြစ် လောင်းလှူကောင်းတယ်"။ မင်းတို့ ဘဝင် မမြင့်ကြတဲ့ မင်းတို့ဟာ လူတွေကို မှီပြီး အသက်မွေးရတဲ့သူတွေတဲ့သူတွေ။ 


ဘုရားပြောတဲ့ ဒီစကားကို သိပ်သဘောကျတယ်။ ဘုန်းကြီးတွေရဲ့ ဘဝအမွန္ကို သိအောင် ဘုရားက ဦးချိုးထားတဲ့ သေဘာပဲ ။ မာန်တွေကို ချခိုင်းထားတဲ့ သဘောပေါ့ ။ ကျောင်းကောင်းမှ ကားကောင်းမှ ဟိုတယ်လ်တက်ပြီးစားရမှ ဆိုတဲ့ စိတ်မျိုးတွေ မဝင်စေဖို့ ဦးချိုးထားတယ်လို့ မြင်တယ်။ ဒါပေမယ့် ဘုန်းကံကြီးလို့ ဖြစ်ပေါ်လာတယ်ဆိုရင်တော့ လက်ခံကောင်းပါတယ်တဲ့ ။


ဒီနေရာမှာ ဘုန်းကံကြီးတာကလဲ တွေးစရာရှိတယ်။ ဘုန်းကြီးက ဘုန်းကြီးလို မေနဘဲ( စာသင် စာခ်၊ တရားပြ တရားကျင့် အလုပ္ကို မလုပ်ဘဲ) 


လူတွေအထင်ကြီးအောင် အခါပေး ဓာတ်ပေး ဗေဒင်တွက် ရာထူးတက်အောင် ဘာလုပ်ပေးမယ် စီးပွားတက်အောင် ဘယ်လိုလုပ်ရတယ်လို့ ပြောနေတဲ့ ဘုန်းကြီးတွေဟာ ဗုဒ္ဓအလိုကျတော့ မဟုတ်ဘူးပေါ့ ။


 ဒါပေမယ့် သူတို့က လူသိပိုများတယ်။ လူသိများတော့ လှူတဲ့သူများတယ် ဒီလိုဘုန့်းကံကြီးတာကတော့ လုပ်ဘုန်း လို့ ခေါ်တာပေါ့ ။ (အရှက်အကြောက်မဲ့စွာ အလှူခံလို့ ရတဲ့ ဘုန်းကံမို့ လုပ်ဘုန်း လို့ခေါ်တယ်၊ ကာကသူရပေါ့လေ)


တချို့ကျတော့လဲ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်လို့ ဆိုကြတယ်။ တကယ္က ရေရှိရာကို လက်ညှိုးညွှန်တတ်တာလဲ ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို လုံရင် ဆက်လုပ်ပေါ့။

သိက္ခာကို ရိက္ခာနဲ့ လှဲပြီး စားချင်တယ်ဆိုရင် စားကြပေါ့ တဘဝပါပဲ ။


တချို့ဆရာတော်ကြီးတွေကျတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို လူတွေက လက်ခံကြည်ညိုလို့ ပေးလှူကြတာမျိုးပေါ့။ အလုပ်ဘုန်းကံ အကျင့်ဘုန်းကံ စာပေဘုန်းကံမျိုးကတော့ လေးစားစရာ ကောင်းတယ်။ 


ခရစ်ယာန်ဘုန်းကြီး အစ္စလာမ်ဘုန်းတော်ကြီးများက သူတို့ရဲ့ အသင်းအဖွဲ့တွေ ဗဟိုထောက်ပံ့မှုတွေနဲ့ ပရဟိတ လူမှုရေး လုပ်ငန်းတွေ လုပ်ကြတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက အလှူခံပြီး လုပ်ကြရတယ်။


ဒုက္ခရောက်သူတွေ ကူညီတာကို ဘုရားချီးမွမ်းပါတယ်။ မနိုင်ဝန်မထမ်းမိဖို့ဘဲ လိုတာ။ လူမ်ားကို ကူညီလို့ ဒုက္ခရောက်သူဆိုတာ မရွိလွပါဘူး။ စေတနာမှန်တဲ့ ပရဟိတသမားတိုင်းဟာ လေးစားဖွယ်ရာပါ။ 


မြန်မာပြည် သာသနာလောကမှာ ထင်ရှားတဲ့ သီတဂူဆရာတော်ကြီးရဲ့  ရေစီမံကိန်း ဆေးရုံစီမံကိန်း ၄၀ကျော်၊ တက္ကသိုလ်စီမံကိန်းတွေဟာ အတုယူလောက်တဲ့ လုပ်ဆောင်ချက်တွေဆိုတာ ငြင်းမရဘူး။ ဝါးခင်းကုန်းဆရာတော်ကြီးရဲ့ ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းတွေ ၊ တောင်တန်းသာသနာပြု ဆင်းရဲနွမ်းပါးတဲ့ ရဟန်းတော်တွေကို ထောက်ပံ့ကူညီမှုတွေဟာလဲ လေးစားဖွယ်ရာ ။


ကိုဗစ္ကာလမွာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ကျောင်းဝန်းတွေဟာ ကိုဗစ်စင်တာ အဖြစ် ကူညီနိုင်ခဲ့တာလဲ သမိုင်းမှတ်တမ်း တင်ရမယ့် ကိစ္စပါ ။ 


တခါတရံ လူတွေရဲ့အမြင်မှာ (အထူးသဖြင့် မြန်မာတွေပေါ့လေ) ဆေးရုံ ဆေးခန်းတွေ စာသင်ကျောင်းတွေ လိုက္လံ တည်ဆောက်ကူညီတဲ့ ဘုန်းကြီးတွေကို တွေ့ရင် သူတို့နဲ့ ဘာဆိုင်လဲ ဘုန်းကြီးက ဘုန်းကြီးအလုပ် လုပ်ပေါ့ဆိုတာမျိုး ဖြစ်ကြတယ်။ 


ဘုရား ကျောင်းကန်တွေ တည်ဆောက်တာ မြင်ပြန်တော့လဲ ဘုရားတွေ ဒီလောက်ပေါနေတာ မလိုတော့ဘူး။ စာသင်ကျောင်း ဆေးရုံ စသည်ဆောက်ပေါ့..တဲ့ ။ (ခင်ဗျားတို့က ဘာဖြစ်ချင်တာလဲလို့သာ မေးလိုက်ချင်တော့တာ)


တကယ်တော့.. အလုပ် တကယ်လုပ်တဲ့သူက မပြောဘူး။ တကယ်မလုပ်တဲ့ လက်တွေ့မကျသူတွေက ပြောတာများပါတယ်။ ဘုန်းကြီးဆိုတာ သူတို့ကို မွီခိုရတာ သူတို့က လှူရတာဆိုတဲ့ အသိနဲ့ ဘုန်းကြီးတွေအပေါ် အနိုင်ကျင့်ရင် ရမယ္ဆိုတဲ့ အာဏာရှင်စိတ်က သူတို့ကိုယ်တိုင် ဝင်နေတာ သူတို့ မသိကြဘူး။  

တစ္ခု စဉ်းစားမိတာက မြန်မာ့လူ့အဖွဲ့အစည်းမှာက တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ပေါ်ပြူလာရတီနဲ့ ပရဟိတ လုပ်ကြတာ သတိထားမိတယ်။ စနစ်ကျတဲ့အဖွဲ့အစည်းဖွဲ့ပြီး တဗိုလ်ကျရင် တဗိုလ်တက် စနစ်နဲ့ ပူပေါင်းလုပ်မယ်ဆိုတဲ့ စနစ်ရှိမနေဘူး။ စွမ်းနိုင်သူ မရှိတော့ရင် ဒီအဖွဲ့အစည်းက ပျက်သွားတယ်။ 


ဥပမာ.. လယ်တီဆရာတော်ကြီး ပျံလွန်တော်မူတော့ လယ္တီသာသနာဟာ မှေးမှိန်သွားတယ်။  မန္တလေး မစိုးရိမ်တိုက်သစ် ဖွဲ့စည်းပုံ၊ အမရပူရ-မဟာဂန္ဓာရုံ ဖွဲ့စည်းပုံတွေကတော့ ကျေနပ်စရာ ကောင်းတယ်လို့ ပြောရမှာ ။ အရည်အသွေးရှိသူတွေကို ခေါင်းဆောင်တင်ပြီး လွတ်လပ်တဲ့မူဝါဒတွေချမှတ်ထားတာ အတုယူစရာလို့ မြင်ပါတယ်။

 

မြန်မာမှာ လူ ငါးယောက်ရှိရင် တဖွဲ့ ဖွဲ့တာပဲ။ အဖွဲ့ဆုံးကလည်း မြန်မာပဲ။ အကြဲဆုံးကလဲ မြန်မာပဲ။ ဘာဖြစ်လို့လဲ.. တယောက်နဲ့တယောက် မယုံဘူး။ တေယာက္လုပ္တာကို တေယာက္က အသိအမှတ်မပြုဘူး။ ငါ့လောက် မတော်ဘူးဘဲ ထင်တယ်။ ဆရာကလဲ တပည့်ကို မယုံဘူး၊ သွေးခွဲအုပ်ချုပ်တယ်။ တပည့်ကလဲ ဆရာ့လုပ်ရပ်ကို မယုံဘူး။ ဒီလိုဖြစ်နေတယ်လို့ သုံးသပ်မိတယ်။


ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနဲ့ တကိုယ်တော် ပရဟိတ ဟာ ရေရှည် မခံဘူးဆိုတာ သေချာပါတယ်။


ဒီနေရာမှာ ဘုန်းတော်ကြီးများဟာ အလှူခံပြီး ပရဟိတ လုပ်ရတာမို့ ပျားပိတုန်း ဥပမာလို လူတို့ရဲ့ သဒ်ဓါ လူတို့ရဲ့ ပစ္စည်းဥစ္စာတွေ မထိခိုက်စေဘဲ စေတနာမှန်နဲ့ ပရဟိတလုပ်တဲ့ ဘုန်းတော်ကြီးတိုင်းဟာ မြတ်နိုးဖွယ်ရာပါ။လေးစားစရာ ကောင်းလှပါတယ်။


အဲလိုမွ မဟုတ်ရင်လဲ ဘုရား ရဟန္တာတွေလို ကိုယ်ကျင့်တရားမြင့်မားအောင်တည်ဆောက် Dhamma Power နဲ့ လူတွေကို ကူညီ (သို့မဟုတ် )လူတွေဒုက္ခမရောက်အောင်နေပေးခြင်းဖြင့် ကူညီ ...စသည်အားလုံးဟာ ဘုန်းတော်ကြီးများ လုပ်လို့ရတဲ့ ပရဟိတေတြပါ ။ 


ယောနွယ်

Jan,27,2022

#YNNote 


မနက်ဖြန် နိုင်ငံရေးကြားက ဘုန်းကြီးဘဝ ရေးအုံးမယ်


ရေးသားသူ -အရှင်တိက္ခ


နားလည်စေချင်ပါသည် (၁၄)

==================


နိုင်ငံရေးကြားက ဘုန်းကြီးဘဝ


လူတစ်ယောက်ရဲ့ ဘဝရပ်တည်မှုဟာ ပတ်ဝန်ကျင်နဲ့ ကင်းလို့မရ။ ယောနွယ်တို့ ဘုန်းတော်ကြီးများလည်း ဒီလူထဲက လူတွေမို့ အလှူရှင် ဒကာ ဒကာမမ်ားဆိုတဲ့ ပတ်ဝန်းကျင်ကို မှီခိုရပ်တည်ရပါတယ်။ ကိုယ်နဲ့ဆက်စပ်သူတွေ ခံစားရတဲ့ ဒုက္ခဟာ ကိုယ့်ဒုက္ခလို့ မှတ်ယူကြတယ်။


ခေတ်အဆက်ဆက် ဘုန်းတော်ကြီးများဟာ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ခဲ့ကြတယ်။ လွတ်လပ်ရေးခေတ်ဦးမှာ လူတွေရဲ့ အသိကို ဖွင့်ပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမ.က စလို့ ယနေ့အထိ ဆိုပါတော့။ 


၂၀၂၁ရာစု ခေတ်ဦးမှာတော့ ကံမကောင်း အကြောင်းမလှစွာ ဘုန်းတော်ကြီးများဖက်မှာ ဘက်နှစ်ဘက်ဖြစ်နေတယ်လို့ မြင်တယ်။ ဘက်တဘက်မှာတော့ အမျိုး ဘာသာ သာသနာကိုသာ ဦးစားပေးမယ် ကျန်တဲ့အယူဝါဒတွေကို အားပေးရင် လက်မခံဘူးဆိုတဲ့ Conservative သမားနဲ့


တဘက်မှာတော့ နှလုံးသားကို ကျယ်ကျယ်ဖွင့် မျက်စိကိုတဆုံးဖွင့်ပြီး လေးစားလောက်တဲ့ ဥပဒေရှိရင် အတူယှဉ်တွဲနေထိုင်ကြမယ်ဆိုတဲ့ Democrat ဘက္ကို သေဘာက်တဲ့ ဘုန်းတော်ကြီးများက တဖက်လို့ ဆိုနိုင်ပါတယ်။ 


ဒီမိုခရက္သေဘာတရားအရ အစိုးရဟာ ဥပဒေပြုရေးနဲ့သာ ထိန်းကျောင်းနိုင်ပြီး ပဒေသရာဇ်ခေတ်မှာလို ဘုရင်သဘောကျရင် သူကိုးကွယ်တဲ့ ဘာသာကို အားပေးစေဆိုတာမျိုးတော့ မရှိတော့ဘူးပေါ့ ။  တချို့ကလည်း ကိုးကားကြတာပေါ့လေ.. ဘုရားက ပြောတော့ ရာဇာ ပဓာနံ..အုပ်ချုပ်သူ လူတန်းစားသာအဓိက.. အုပ်ချုပ်သူ လူတန်းစားက ငါတို့ဘာသာကို အားပေးရင် ငါတို့ သာသနာတိုးတက်မယ်။ ဒီမိုခရက်လက်ထက်မှာ ဗုဒ္ဓဘာသာကို အားမပေးဘူးဆိုတာမျိုး ကွန်ဆာဗေးတစ်တွေထောက်ပြနေတာကိုလဲ ကြားရတယ်။


ဒီမိုခရက်တွေကလဲ အမေရိကန်ကိုကြည့် အင်္ဂလန်ကိုကြည့် ဥပဒေအတိုင်းနေရင် ဘယ္သူမဆို ဘယ္ဘာသာမဆို ကိုယ့်ဘာသာ သာသနာကို တိုးတက်အောင် လုပ်လို့ရတယ်လို့ ဆိုတယ်။


မတူညီကြတဲ့ အယူအဆ နိုင်ငံရေးတွေကြားမှာ ဘုန်းတော်ကြီးတွေလဲ ဘက်နှစ်ဘက် ဖြစ်သွားတယ်။ အလားတူဘဲ လှူဒါန်းကြတဲ့ ဒကာ ဒကာမေတြကလဲ ဘက်နှစ်ဘက်ပဲ ။ 


ဒီမိုခရက္ကို ယုံကြည်သူတွေက ဓမ္မဘက်က ရပ်တည်သင့်တယ်၊ ရပ်တည်ရမယ်လို့ မြင်တယ်။  တဖက်မှာလဲ မင်းတို့က နိုင်ငံခြားအထင်ကြီးရောဂါ ရေနတာ ပုံတူကူးချလို့ မရဘူးကြ ဒီနိုင်ငံနဲ့ သင့်တော်တဲ့ ပုံစံပဲ ဖြစ်ရမယ်လို့ တင်းတယ်။  ကြားထဲမှာ စစ္တပ္က အာဏာထ သိမ်းရော.. အကုန် ကေမာက္ကမ ဖြစ်ကုန်တော့တာဘဲ။ အကြောင်းတွေ ဘယ်လိုပြပြ လက်ခံသူက အနည်းစု၊ လက်မခံနိုင်သူက အမ်ားစုဆိုတာ ငြင်းမရဘူး။ အာဏာသိမ်းတာကို ဝမ်းသာတဲ့ ဘုန်းကြီးတွေလဲ ရှိတယ်။ ဝမ်းနည်းဖွယ်ဘဲပေါ့ဗျာ။ ( သူတို့ကလဲ သူတို့အကြောင်းပြတွေနဲ့ သူတို့ဘဲ )။ 


ယောနွယ်အမြင်ကတော့ ရှင်းတယ်.. အနိုင်ကျင့်မှုမှန်သမျှ ဆန့်ကျင်တယ်။ မတရားမှုမှန်သမျှ ကန့်ကွက်တယ်။ ဘုန်းကြီးတွေမှာ ကိုယ့်ကို လှူနေတဲ့ လူတွေအတွက် ပေးနိုင်တာက ဓမ္မ ဘဲ ။

(ဒီလိုရေးလို့ မင်းက ဘာကောင်လဲ မေးမနေကြနဲ့။ ဘာကောင်မှ မဟုတ္ဘူး။ ဒါပေမယ့် အနိုင်ကျင့်တာကိုတော့ မကြိုက်ဘူး။ ဆန့်ကျင်တယ်။


ယောနွယ်တို့ ဆရာတွေလဲ ၁၉၉၀ သပိတ်ကြောင့် ထောင်နန်းစံခဲ့ရသူတွေပါ။ အာဏာရှင်ဟာ လိုရင်သုံးမယ် မလိုရင် ဘေးချိတ်လိုက်မယ်ဆိုတဲ့ မူမမှန်တဲ့စိတ်ရှိတာတော့ သေချာတယ်။


အထူးသဖြင့် လက်ရှိအာဏာသိမ်းပြီးချိန်မှာ တိုင်းပြည်ဟာ အရှိန်အဟုန်နဲ့ တိုးတက်မှု နောက်ဆုတ်နေတာ အားလုံးအမြင်ပါ။ လူတွေရဲ့ ဒုက္ခတွေဟာ ပင်လယ်ရေထက်များနေပါပြီ။ လူတွေဒုက္ခရောက်လေ သူတို့ကိုးကွယ်တဲ့ ဘာသာ သာသနာကို အားပေးမှုလဲ ဆုတ်ယုတ်လေဘဲ။


ဘုန်းကြီးတွေစိတ်က ရှင်းရှင်းလေးရယ်။ သူတို့ဟာ နိုင်ငံရေးသိပ္ပံတွေ နိုင်ငံရေးဘောဂဗေဒတွေ သင်ယူဖူးသူတွေ မဟုတ်တဲ့အတွက် နိုင်ငံရေးနဲ့ ပတ်သက်လာရင် သူတို့မှာ မခံချင်စိတ်ဘဲ ရွိတာ( လက်တွေ့ ထောင်ထဲနေခဲ့ရတဲ့ ဘုန်းကြီးအချို့တော့ ထောင်ထဲမှာ နိုင်ငံရေးဆရာကြီးတွေက သင်ပေးကြလို့ သိနားလည်တာလဲ ရှိပါတယ်) ။


အမ်ားစုကေတာ့ မဟုတ်ရင် မခံဘူး။ အနိုင်ကျင့်တာကို မခံချင်ဘူး။ အဲဒီအတွက် ပြည်သူတွေတန်းတူ ရပ်တည်ခဲ့ကြတာ အားလုံးအသိပါ။ ယောနွယ်တို့ မှီလိုက်တဲ့ ၈၈၊ ၂၀၀၇။ တွေမှာ ဘုန်းကြီးတွေဟာ ဒကာ ဒကာမများရဲ့ ရှေ့က သို့မဟုတ် တန်းတူ လမ်းပေါ်ထွက်ပြီး သူတို့ရဲ့ ဆန္ဒတွေပြခဲ့ကြတယ်။ 


၂၀၂၁ မှာတော့ ဘက်နှစ်ဘက် ဖြစ်နေကြတယ်။ တဘက္က ဒီမိုခရက်ဟာ ဗုဒ္ဓဘာသာကို အားမေပးဘူး။ ဘာသာခြားကိုဦးစားပေးတယ် ၊ သူတို့အုပ်ချုပ်ရင် ဘာသာခြားနိုင်ငံဖြစ်လိမ့်မယ်ဆိုတဲ့ အယူဝါဒေရးရာကို သူတို့လက်ခံပြီး အမျိုး ဘာသာ သာသနာဘက်မှာ ရပ်တည်မယ်ဆိုပြီး ဖြစ်ကြတယ်။


တဘက္ကေတာ့ လေးစားလောက်တဲ့ ဥပေဒသာရွိ။ ကိစ္စမရှိဘူး ။ အားလုံးနဲ့ တန်းတူညီမျှ နေမယ် ။ ယှဉ်ပြိုင်ရဲတယ်ဆိုတဲ့ ဘုန်းတော်ကြီးတွေကျတော့ အနိုင်ကျင့်မှုမှန်သမျှ ဆန့်ကျင်နေကြဆဲ ပါ။


ယောနွယ်က အမေရိကန်မှာနေတော့ ဒီကအတွေ့အကြုံအရ ကိုယ်မြင်တာ ကိုယ်ပြောရရင်.. 


အမေရိကန်ရဲ့ လူနေမှုစနစ်မှာ ယောနွယ်တို့လို ဗုဒ္ဓဘာသာဘုန်းကြီးတွေကို မတိုက္ခိုက္ဘူး။ ကိုယ်တိုင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း လုပ်တယ်။ ကိုယ့်ယဉ်ကျေးမှုကို မျိုးဆက်သစ်တွေကို သင်ပေးတယ်။ ကိုယ့်ကျမ်းစာတွေကို ဖြန့်ဝေတယ်။ အေးဆေးဘဲ ဘယ္သူမွ မကန့်ကွက်ဘူး။  


နောက်ဆုံးပြောရရင် ဘာသာရေးနယ်မြေဖြစ်တဲ့အတွက် နှစ်စဉ်ပေးရတဲ့ အိမ်ခွန် ကျောင်းခွန် ဒေါ်လာ ၂ ထောင်ကျော် ကင်းလွတ်ခွင့်ရတယ်။ ဘာပစ္စည်းဝယ်ဝယ် အခွန်ကင်းလွတ်ခွင့်ရတဲ့ စာရွက်လေး ထုတ်ပေးထားတယ်။

လေးစားလောက်တဲ့ ခိုင်မာတဲ့ ဥပဒေရှိနေရင် လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် နေလို့ရတယ်ဆိုတာတော့ သိတယ်။ ( ကိုယ်မြင်တာ ကိုယ့်တွေ့တာ ပြောပြတာ) 


ဘုန်းတော်ကြီးတွေရဲ့ ဘက်နှစ်ဘက်မှာ ဆရာနဲ့တပည့်တွေ တဂိုဏ်းနဲ့ တဂိုဏ်း စတာတွေ ရပ်တည်ချက်တွေကွဲသွားတယ်။ ဆရာတွေနဲ့ အယူအဆေတြ ကွဲသွားတယ်။ တချို့တပည့်တွေနဲ့ အယူအဆေတြ ကွဲသွားတယ်။ လူ့စိတ်ရဲ့ မူလလွတ်လပ်ခွင့်အရ ကွဲလွဲခွင့်ရှိပါတယ်။ ( ကြားထဲမှာ ဖုန်းဆက်ဆဲသူတွေ။ မင်းတို့က ဘယ်သူ့တပည့်ပါဆိုပြီး ရန်လိုတဲ့အပြုအမူတွေ၊ မြန်မာပြည်ဖက်မှာလဲ ကိုယ့်ကျောင်းထဲ စစ်ကားတွေနဲ့လာပြီး သေနတ် သုံးချက်ဖောက်တာတွေ ကြုံရတာပါပဲ။ )


ကိုယ့်သက်တမ်းတလျှောက် ကြုံခဲ့ရတဲ့  ကိုယ့်ပတ်ဝန်းကျင်က အနေအထားနဲ့ ကိုယ်ကြုံရတာပဲ ပြောတာပါ။ ကိုယ်သင်ယူခဲ့ရတဲ့ ဘာသာရပ္က ဘာသာရေးသက်သက်မို့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ပြောရင် ကိုယ်တိုင်လဲ သေချာမသိဘူး။ ဒီနေရာကနေ ဒီလောက်လေး ပြောလို့လဲ မပြည့်စုံနိုင်ဘူး။ 


သေချာတာက အနိုင်ကျင့်မှုမှန်သမျှ မကြိုက်ဘူး။ မတရားဘူးလို့ ကိုယ္ဉာဏ္က သိတဲ့အရာမွန္သမွ် ဆန့်ကျင်တယ်။  ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် ကြီးပွားတိုးတက်ရေး တရားမျှတမှုရရှိရေး တန်းတူညီမျှရေးတွေအတွက် ကိုယ်လုပ်နိုင်တဲ့နေရာကနေ လုပ်နေမယ် ဆိုတာပါပဲ ။ အင်း ဘုန်းကြီးဆိုတော့လဲ ဘုန်းကြီးလိုလေး ပြောတာပဲ ကောင်းပါတယ်လေ။ နိုင်ငံရေးကြားက ဘုန်းကြီးဘဝက ဒီလိုပါပဲ ။


ယောနွယ်

Jan-28-2022

#YNNote

နားလည်စေချင်ပါသည် (၁၅)


နိုင်ငံခြားနေ ဘုန်းတော်ကြီးများဘဝနဲ့ သာသနာ့ရှူ့မျှော်ခင်း

========================


အထူးသဖြင့် အမေရိကန်နေ ဘုန်းတော်ကြီးများ ဘဝအကြောင်း ပြောပြလိုတယ်။ မတူညီတဲ့အရပ်ဒေသကနေ ပုံစံမျိုးနဲ့ အေမရိကန္ကို ရောက်လာကြတယ်။ အမေရိကန်မှာ အမြဲနေထိုင်ခွင့်ရဖို့ လိုအပ်တာတွေ လုပ်ကြရတယ်။ 


အလည်အပတ်ဗီဇာနဲ့ ရောက်လာပြီး Religious Visa ဘာသာရေး ဗီဇာ ပြောင်းတဲ့သူလည်းရှိတယ်။ 

တချို့ကျတော့လဲ တခါထဲ ဘာသာရေးဗီဇာကို လုပ်ခဲ့ကြတယ်။ 

ဘာသာရေးဗီဇာရပြီး တနှစ်ခွဲလောက်နေရင် အမြဲနေထိုင်ခွင့် Green Card လျှောက်လို့ရပြီ၊ ဂရင်းကဒ်ရပြီး ငါးနှစ်နေရင် အမေရိကန်နိုင်ငံသား လျှောက်လို့ရပြီ ။


တချို့ကျတော့လည်း အလည်အပတ် ဗီဇာနဲ့ ရောက်လာတယ်။ နိုင်ငံရေးခိုလှုံခွင့် Asylum ခံကြတယ်။ တခါထဲ အဆင်ပြေတဲ့သူတွေရှိသလို အဆင်မပြေလို့ နှစ်ချီကြာနေတဲ့သူတွေလည်း ရှိတယ်။ နိုင်ငံရေးခိုလှုံခွင့်ရပြီး တနှစ်ကျော်ကြာရင် ဂရင်းကဒ်ကိုလျှောက်လို့ရပြီ ။


တချို့ကျတော့ Refugee Camp ဒုက္ခသည်စခန်းတွေက လာတယ်။ ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေ အတွက် အမေရိကန်မှာ ရေရှည်နေထိုင်ဖို့ ပိုလွယ်ကူတယ်။ ဘာသာရေးဗီဇာ လျှောက်လို့ရသွားပြီးရင်လဲ အမေရိကန်မှာ အမြဲနေခွင့် လွယ်ကူတယ်။ 


ဒီကိစ္စတွေကို ဒကာ ဒကာမေတြက ကူညီလုပ်ပေးတာရှိသလို အမ်ားစု ဘုန်းကြီးအများစုက ကိုယ့်နေထိုင်ခွင့် ကိုယ်တိုင် ကြိုးစားရတယ်။


အမေရိကန်မှာ ဘုန်းကြီးကျောင်းတည်ထောင်မယ်ဆိုရင်

========================


အမေရိကန်မှာ ဘုန်းတော်ကြီးတကျောင်းဖွင့်မယ်ဆိုရင် 501C လို့ခေါ်တဲ့ အသင်းအဖွဲ့ ဖွဲ့ရတယ်။ ကိုယ့်အသင်းမှာ အဖွဲ့ဝင်ဘယ်လောက်၊ ငွေဘယ်လောက်၊ ဖွဲ့စည်းပုံက ဘယ်လိုဆိုတာမျိုး စနစ်တကျလုပ်ရတယ်။ 


501C ရထားတဲ့ အသင်းကပဲ ဘာသာရေးဗီဇာအတွက် ဂရင်းကဒ်အတွက် ထောက်ခံချက်ပေးနိုင်တယ်။ ပြည်နယ်အစိုးရက တရားဝင်အသိအမှတ် ပြုမထားဘဲ (501C ရမထားဘဲ ဘုန်းကြီးကျောင်းလုပ်ထားရင် အဲဒီကျောင်းက ဘာသာရေးဗီဇာလျှောက်မရဘူး၊ ဂရင်းကဒ်အတွက်ထောက်ခံချက်ပေးလို့မရဘူး)။


ဘုန်းကြီးနဲ့ ဒကာ ဒကာမ ပြဿနာ

===================== 


မြန်မာအများစုဟာ အေမရိကန္ကို ၁၉၈၈ နောက်ပိုင်း ရောက်လာကြတာ ပိုများတယ်။ ဘုန်းတော်ကြီးတွေက ၁၉၉၅ ဝန်းကျင်လောက်မှာ စရောက်လာကြတယ်။ အဲဒီတော့ ဘာဖြစ်လဲ.. 


ဘုန်းတော်ကြီးကျောင်း တည်ထောင်ဖို့အတွက် အရင်ရောက်နေတဲ့ မြန်မာဒကာ ဒကာမေတြက ငွေကြေးစိုက်ထုတ်တာ( တချို့က လှူတာ၊ တချို့ကျ ပြန်ပေးရတာ) ။ ငွေကြေးစိုက်ထုတ်တဲ့ ဒကာ ဒကာမက သူဦးဆောင်တဲ့ အဖွဲ့အစည်းကို ဦးဆောင်တယ်။ ဆရာလုပ်တယ်ဆိုပါတော့။ 


သူတို့မကြိုက်တဲ့ဘုန်းကြီးကို အမြဲနေထိုင်ခွင့် ဂရင်းကဒ် သက်တမ်းတိုးမပေးတာ။ အဲဒီမွာ ဘုန်းကြီးက ဂွမ်းတာပဲ ။ ဘာသာရေး သာသနာရေး ဆောင်ရွက်ကြတယ်ဆိုတဲ့ အသိထက် သူတို့ငွေ သူတို့မာနတွေနဲ့ ဘုန်းတော်ကြီးတွေကို အနိုင်ကျင့်ကြတာ အေမရိကားမွာ မကြာမကြာ ကြားရတယ်။ 


လိုရင်းပြဿနာပြောရရင်တော့ လူတွေဦးဆောင်တဲ့ အသင်းအဖွဲ့မှာ လူတွေအလိုကြ ဘုန်းကြီးတွေက နေရတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကောင်းကောင်း မကောင်းကောင်း သည်းခံပြီး နေကြရတယ်။ 

ဒကာ ဒကာမေတြဖက္ကလဲ ခပ္မာမာဘဲ.. မနေချင်ရင် ကြွ ဆိုတဲ့ အချိုးပေါ့လေ။ 


သိပ်မကြာခင်က ဖလော်ရီဒါဖက်မှာ ဖြစ်တဲ့ပြဿနာ၊ လင်ကွန်းမှာ ဖြစ်တဲ့ပြဿနာ အိုဟိုင်းယိုးမှာဖြစ်တဲ့ ပြဿနာတွေဟာ ဒကာ ဒကာမေတြက မကြည်ညိုတဲ့ ပြဿနာတွေလို့ အတိုချုံးပြောနိုင်တယ်။ ဒီနေရာမှာ ဘုန်းတော်ကြီးတွေဖက်က အားနည်းချက်တွေလည်းများစွာပါ။ 


အဆင်ပြေနေတုန်းက ဒကာ ဒကာမတွေအကြိုက် အထူးသဖြင့် လှူတဲ့ဒကာ ဒကာမေတြဘဲ ဦးစားပေးတယ်။ နေ့စဉ် Report တင်တယ်။ ငွေကြေးစီမံခန့်ခွဲမှုကအစ ပုံပြီး အပ်လိုက်တယ်။ ပြဿနာလဲတက်ရော ကျောင်းပါ တက်သိမ်းတာပဲ။( တကယ္က နိုင်ငံရေးရပ်တည်ချက်တွေကြောင့်မဟုတ်ဘူး။ မကြည်ညိုတဲ့ ပြဿနာ။ ဘာကို မကြည်ညိုတာလဲဆိုတော့ ကျောင်းတိုးတက်အောင် မလုပ်နိုင်ဘူးဆိုတဲ့ အကြောင်းတွေထက် ပိုတဲ့ အကြောင်းတွေပေါ့လေ)


တနေရာမှာဆိုရင် ဝါဆိုသင်္ကန်းကပ်ပွဲလုပ်တာကို ကျောင်းဒကာမက သူ့ကို အသိမပေးလို့တဲ့။ ခက်တော့လဲ ခက္သား ။ 


ယောနွယ်အမြင်

===========


အမေရိကန်ရောက်ပြီး မကြာခင် အော်ရီဂွန်ဖက်..က ကျောင်းတကျောင်းက ကျောင်းထိုင်ပင့်ပါတယ်။

ယောနွယ် သူတို့ကို မေးခွန်းတွေ မေးခဲ့တယ်--


က) အဲဒီမြို့မှာ ဘုန်းကြီးကျောင်းရှိပြီး ဖြစ်ပါလျက် 

ဘာကြောင့် ထပ်လုပ်ချင်တာလဲ ?

ခ ) သာသနာရေး ဆောင်ရွက်တဲ့အခါမှာ ဆရာ ဒကာ လမ်းစဉ်ကို 

လက်ခံပါသလား?

ဂ )ဆရာလုပ်တဲ့ ဘုန်းကြီးဟာ ငွေကြေးကိစ္စ မိန်းမကိစ္စမရှုပ်သမျှ 

ဘာသာရေးကိစ္စမှာ ဦးဆောင်သူဆိုတာ လက်ခံနိုင်ပါသလား?

ဃ) ဘုန်းတော်ကြီးရဲ့ လုပ်ရပ်မှားနေရင် ဝိုင်းဝန်းပြုပြင် ဆွေးနွေးညှိုနှိုင်းလုပ်ကြမယ်ဆိုတာကို လက်ခံပါသလား စသည်ပေါ့လေ။ မေးခွန်းတွေ မေးခဲ့တယ်။


 သူတို့က ဆရာကြီး ဦးဂိုအင်ကာပုံစံအတိုင်း လူတွေက ဦးဆောင်မယ်။ ဘုန်းကြီးက အရုပ်လိုနေ ဆိုတဲ့ သေဘာ အဖြေရတယ်။ အဲဒီအတွက် ယောနွယ် အဲဒီနေရာကပင့်တာကို မသြားခဲ့ဘူး ။ 


ဒီနေရာမှာ ယောနွယ်အမြင်က.. ကောင်းပြီ နေရာတစ်ခု အတူလက်တွဲပြီး တိုးတက်အောင်လုပ်ကြမယ်။ ကိုယ့်ကိုယ် လှူနေသူပါဆိုပြီး နေရာတိုင်းဆရာလုပ်ခွင့်မပေးနိုင်ဘူး။(အပြန်အလှန် လေးစားတဲ့ စနစ္ကိုပဲ ကြိုက်တယ်)


 နေရာတိုင်း ကျွမ်းကျင်ရာ လိမ္မာဘဲ။ ဘာသာရေးသမားက ဘာသာရေးကိစ္စမှာ တဘဝလုံး သင်ယူလာရတဲ့အတွက် ဘာသာရေးကိစ္စကို ဦးဆောင်မယ်။ လမ်းမှာရင် ပြင်ပေး၊ ညှိုနှိုင်းပြီး လုပ်မယ်။ 


ဒကာ ဒကာမအပိုင်းက တတ်နိုင်တာ ကူညီပေး။ မှားနေရင်ထောက်ပြ၊ 

လှူတာ တခုထဲနဲ့ အနိုင်ယူလာရင် ယောနွယ်က လက်မခံဘူး။ 


ပြန်ပြောနေကျ စကားတစ္ခုက.. 


ဟုတ်ပြီ ဒကာ ဒကာမတို့က မိသားစုလိုက်နေတယ်။ အေပ်ာ္အပါး အပေါင်းအသင်းနဲ့နေတယ်။ အလုပ် လုပ်တယ်။ ကျောင်းမှာနေတဲ့ ဘုန်းကြီးက တပါးထဲ ကျောင်းစောင့်နတ်ကြီးလို နေတယ်။ ဒကာ ဒကာမေတြက သာရေး နာရေးကိစ္စရှိမှ ကျောင်းကို ရောက်တယ်။ 


ဘုန်းတော်ကြီးတွေလဲ သူတို့ဘဝကို ဒီ ဒကာ ဒကာမေတြ ဘာသာရေးကိစ္စလုပ်နိုင်ဖို့ ဆွေမျိုးစွန့် မိသားစုစွန့် သူတို့ရဲ့ အချိန်တွေ အသက်တွေကို စွန့်ပြီး နေနေကြတာဖြစ်လို့ အပြန်အလှန်ကျေးဇူးရှိတယ်လို့ ခံယူတယ်။ ( ကိုယ်ကြိုက်လို့ ကိုယ်ရွေးထားတဲ့ လမ်းမှန်း သိပါတယ်။ အပြန်အလှန် နားလည်မှု ရှိစေချင်တာ)


တာဝန်ယူမှု

=======


ခရစ်ယာန်ဘုန်းတော်ကြီးတပါးကို သူတို့ဘုရားကျောင်းက ပင့်ရင်.. 

အဲဒီဘုန်းကြီးရဲ့ ကျန်းမာရေးအာမခံ၊နေဖို့ ထိုင်ဖို့ကိစ္စ ၊ သူတို့မိသားစုအတွက် ပြီးတော့ လစဉ်အသုံးစရိတ် အကုန်တာဝန်ယူရတယ်။


ဗုဒ္ဓဘာသာမှာ ဘုန်းကြီးတွေရဲ့ ကျန်းမာရေးအတွက် တာဝန်ယူလား၊ 

ဘုန်းတော်ကြီးတွေရဲ့ လိုအပ်ချက်တွေ ၊ နေစဉ်လူနေမှုဘဝအတွက် သုံးနေရတာတွေ တာဝန်ယူလား စဉ်းစားစရာ ။


အပြစ်ပြောနေတာ မဟုတ္ဘူး။ တာဝန်ယူမှုအပိုင်းမှာသာ အားမထည့်တာ။ 

သူတို့မျှော်လင့်တဲ့ ဘုန်းတော်ကြီးကျတော့ ခြောက်ပစ်ကင်း သဲလဲစင် မျှော်လင့်တတ်လို့ ။


ဒါပေမယ့် ဗုဒ္ဓဘာသာနဲ့ အခြားဘာသာဝင် ဘုန်းတော်ကြီးတွေ မတူညီကြတာက ဗုဒ္ဓဘာသာက သဒ်ဓါတရားကို အခြေခံတယ်။ သူတို့ရဲ့ မွေးနေ့ သာရေး နာရေးကြုံလာရင် လာလှူတယ်။ ခရစ်ယာန်မှာက ဆယ်ဖို့ တဖို့လှူကြတယ်။ 


ဘုန်းတော်ကြီးများတာဝန်က ဘာလဲ

======================


နိုင်ငံခြားနေတဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ အမေရိကန်တွေ အဖြူတွေ ဘာသာခြားတွေကို တရားဟောဖို့ နေနေသာသာ ကိုယ့်လူကိုယ်တောင် မနည်းထိန်းရတယ်။ 


(ဟိုဖက္ဘာသာက ငွေပေး ထောက်ပံ့ ကူညီတာကို လိုချင်လို့ ဟိုဘာသာကိုပြောင်းတယ်။ ဟိုဘာသာမွာ ဆယ်ဖို့ တစ်ဖို့လှူရရင် ဒီဖက္ကို ပြန်ပြောင်းလာတယ် "ဗုဒ် ခရစ်"လို့ ချစ်စနိုးနဲ့ ရယ်စရာပြောရတယ်)


ဆိုတော့..  ဘုန်းကြီးတာဝန်က--


က) ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပွဲတွေ ဦးဆောင်ကျင်းပရတယ်၊

ခ) သူတို့နဲ့ သင့်လျော်တဲ့ တရားဟောပေးရတယ်၊

ဂ) သူတို့ရဲ့ လူမှုရေးကိစ္စအချို့ကို အကူအညီပေးတယ်၊

ဃ)မျိုးဆက်သစ် ကလေးတွေ မြန်မာစကားပြောတတ်အောင် သင်တန်းတွေလုပ်ပေးတယ်

င) လူကြီးတွေအတွက် တရားထိုင်နည်းတွေ(အဘိဓမ္မာသန်တန်းတွေ)

 သင်ပေးတယ်။

စ) ကျောင်းတိုက် တိုးတက်မှုအတွက် အားထည့်ပြီး လုပ်ကြရတယ်။

ဆ) အကြွေးနဲ့ဝယ်ယူထားတဲ့ ဘုန်းကြီးကျောင်းကို အကြွေးကျေအောင် ဦးဆောင်မှုပေးတယ်။

ဈ) ရံခါ အမေရိကန်တွေ စာသင်ကျောင်းတွေ ဆေးရုံတွေကို သွားပြီး ဟောပြောရတယ်။ 

ဒါဟာ မြန်မာပြည်က လာတဲ့ ဘုန်းတော်ကြီးတွေ လုပ်ရတဲ့ အလုပ်ပဲ ။


ကိုယ်ရွေးချယ်ထားတဲ့ နေရာ၊ ကိုယ်ယုံကြည်တဲ့လမ်းမို့ ရဲရဲလျှောက်တယ်။ ရဲရဲလုပ်တယ်။ ဘုန်းကြီးတွေအပေါ် အနိုင်ကျင့်တာတွေ ဘုန်းကြီးတွေကို အလုပ်သမားလို သဘောထားတာတွေတွေ့ရရင် စိတ်မကောင်းဘူး။ 


တခုတော့ ရှိတာပေါ့ဗျာ.. ဘုန်းကြီးက ဦးဆောင်မှုမပေးနိုင်တာ၊ အရည်အသွေး ညံ့ဖျင်းလွန်းတာများရင်တော့ ဒကာ ဒကာမေတြက ဝေဖန် လေကန်မှာဘဲ ။ 


ကြိုက်ပါတယ် ၊ ခေတ်သစ်ကမ်ဘာရဲ့ တောင်းဆိုမှုအရ--

 ဒကာ ဒကာမဖက္ကလဲ ပွင့်ပွင့်လင်းလင်းပြော၊ 

ဘုန်းတော်ကြီးဘက်ကလဲ ပွင့်ပွင့်လင်းလင်းပြောရတာ ပိုသဘောကျတယ်။ 

ဒါမွ ဘုန်းတော်ကြီးတွေဘဝ၊ လူတွေဖက်က အခက်အခဲကို အပြန်အလှန် နားလည်လာမယ် မဟုတ္လား ။


ငါပြောတာ နားထောင်ရမယ်။ ငါ့ပြန်မပြောရဘူးဆိုတဲ့မူ ယောနွယ်မှာ မရွိဘူး ။ စောစောက ပြောသလိုပေါ့ ဒကာ ဒကာမဘက္ကလဲ ယုံကြည်ရာ ဘာသာတရားအတွက် ဘုန်းတော်ကြီးတွေကို မှီတယ်။ 


ဘုန်းကြီးဖက်ကလဲ ကိုယ်တိုင် ငွေထွက်ရှာခွင့်မရှိတာမို့ ပစ္စည်းလေးပါးအတွက် ဒကာ ဒကာမကို မှီတယ်။ အပြန်အလှန်ဘဲ ။


တာဝန်ယူမှု တာဝန်ခံမှုကလည်း နှစ်ဖက်လုံးမှာ ရှိနေရမယ်။  

ဘယ်ဘုန်းကြီးမှ ငါတေကာ ကောခွင့်မရှိဘူး။ ဘယ္ဒကာ ဒကာမမွ လက်လွတ်စပယ် ပြောခွင့်မရှိဘူး။ ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ယူ။ ကိုယ့်စကားကို ကိုယ်တာဝန်ယူကြရမှာဘဲ ။ 


ဘာသာရေးဟာ ငြိမ်းချမ်းမှုဆီ ဦးတည်တာဘဲ ဖြစ်ရမယ်။ ဘာသာရေးအောက်မှာ လူမျိုးရေး မခွဲခြားနဲ့။ သူ့တာဝန် ကိုယ့်တာဝန်ကျေပြီး ညီညီညွတ်ညွတ် လက်တွဲလုပ်ရင် အမေရိကန်မြေပေါ်မှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ ရေရှည်တည်တံ့နေလိမ့်မယ်။ 


နိုင်ငံရပ်ခြားမှာ ရွှေ့ပြောင်းဖြစ်တဲ့ ဒကာ ဒကာမတွေရဲ့ မိသားစုတာဝန်၊ လူမှုရေးတာဝန်ကလည်း မလြယ္ကူလွဘူး။ 

ကိုယ်ယုံကြည်ရာ ဘာသာရေးကျောင်းတစ်ခု ဖြစ်ဖို့ဆိုတာ ပိုလို့တောင် ခက်ခဲပါတယ်။  ဘေးကနေ လေနဲ့ ဝေဖန်မနေနဲ့။ လက်တွေ့လုပ်ကြည့် သိလိမ့်မယ်။ 


ဖေ့စ်ဘုတ်ပေါ်မှာ အလှူအတန်းပုံလေးပဲမြင်ပြီး "သာယာလှပေသည်"လို့ချည်းလဲ မထင်သင့်ဘူး။ ထမင်းဟင်းကိုယ်တိုင်ချက်ရတယ်။ မြက်ရိတ်ရတယ်။ အဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းတွေ ကိုယ်တိုင်ဦးဆောင်ရတယ်။ကားကိုယ်တိုင်မောင်းရတယ်။ ကျောင်းတိုက်သန့်ရှင်းရေး ကိုယ်တိုင်လုပ်ကြရတယ်။ 


ယောနွယ်လက်ရှိနေတဲ့ မာရှယ်တောင်းမှာတော့ လူညီတယ်။ 

အတင်းအဖျင်းပြောသူမရှိဘူး။ ပူးပေါင်းပါဝင်ကြတယ်။ ကျောင်းတိုက်တိုးတက်ရေး ဝိုင်းလုပ်ကြတယ်။ ပျော်စရာပါပဲ။ 


နောက်မျိုးဆက်သစ် ဗုဒ္ဓဘာသာ ကလေးငယ်များနဲ့ ယောနွယ်တို့ရဲ့ မျိုးဆက်သစ် သံဃာများလက်ထက်မှာ ဆက်လက်ထိန်းသိမ်းပြီး ရေရှည်တည်တံအောင် ကြိုးစားနေလိမ့်မယ်လို့ မျှော်လင့်မိတယ်။ 


အဲဒီအတွက် နိုင်ငံခြားနေတဲ့ ဘုန်းကြီးတွေလဲ ရှိနေရမယ်။ တိုးပွားလာရမယ်။ ဒါမွ ကိုယ့်ဘာသာဝင်တွေ သူတို့ယုံကြည်ရာ ဘာသာတရားကို နားလည်လိမ့်မယ်။ မျိုးဆက်သစ်ကလေးများ ယဉ်ကျေးမှုလွန်ဆွဲပွဲမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး နားလည်လက်ခံလိမ့်ကြလိမ့်မယ်။  အဲလို နိုင်ငံရပ်ခြားနေတဲ့ ဘုန်းကြီးတွေမရှိရင် ဘုန်းကြီးကျောင်းမရှိရင် လွယ်လင့်တကူ ဘာသာပြောင်းကြလိမ့်မယ်ဆိုတာ သံသယျဖစ္စရာ မလိုဘူးလေ။ 


ဒါက အမေရိကန်နေ ဘုန်းတော်ကြီးများနဲ့ ဒကာ ဒကာမများရဲ့ သာသနာ့ရှူ့မျှော်ခင်း အခင်းအကျင်း ကိုယ်တွေ့တွေပါ ။


ယောနွယ်

Jan,29,2022

#YNNote

ရေးသားမျှေ၀သူ - အရှင်တိက္ခ (ခေတ္တ USA)


(Zawgyi) 

နားလည္ေစခ်င္ပါသည္ စာစု (၃)




နားလည္ေစခ်င္ပါသည္ (၁၁) 

==================


ဘုန္းေတာ္ႀကီးမ်ားရဲ႕ အလုပ္ဟာ ပရိယတ္နဲ႕ ပဋိပတ္သာ မူရင္း ျဖစ္တယ္ဆိုတာ ေျပာျပေနတာပါ။ ဘုရားလက္ထက္ကစ ယေန႕အထိ ဘုရားေဟာတဲ့အတိုင္း လက္ေတြ႕က်င့္ႀကံေနတဲ့ ဘုန္းေတာ္ႀကီးေတြ ေျမာက္မ်ားစြာရွိေနပါတယ္။ ျမင္ေအာင္ ၾကည့္ဖို႔ေတာ့ လိုမယ္ေပါ့ ။


ဘာသာဋီကာ က်မ္းေပါင္းမ်ားစြာေရးၿပီး စာသင္ေပးတဲ့ေက်ာင္းခြဲမ်ားစြာ မ်ိဳးဆက္သစ္သံဃာမ်ားစြာ ထားေတာ္မူခဲ့တဲ့ အမရပူရဂႏၶာ႐ုံဆရာေတာ္ႀကီးလို ပရိယတ္အာဇာနည္ဆရာေတာ္ႀကီးေတြရွိသလို 


ဒီပနီက်မ္းေပါင္းမ်ားစြာေရးၿပီး ကိုယ္တိုင္လဲက်င့္ တပည့္ေတြကိုလည္း အက်င့္ဖက္ပါလာေအာင္ လမ္းၫႊန္ေတာ္မူခဲ့တဲ့ လယ္တီဆရာေတာ္ႀကီးလို ပဋိပတ္အာဇာနည္ ဆရာေတာ္ႀကီးေတြ ရွိခဲ့တာဟာ ဗုဒၶဘာသာအတြက္ အားတက္ဂုဏ္ယူဖြယ္ရာ မဟုတ္လား ။ 


လယ္တီဆရာေတာ္ႀကီးရဲ႕ေခတ္မွာ သာသနာဟာ ဥေရာပအထိ ပ်ံ့ႏွံ႕ခဲ့တယ္။ အက်င့္ပဋိပတ္နဲ႕ပတ္သက္လို႔ ဆရာေတာ္ေရးတဲ့စာအုပ္ေတြဟာ မ်ိဳးဆက္သစ္မ်ားစြာ လူမ်ားစြာကို အက်ိဳးျပဳခဲ့တယ္။ 


လယ္တီဆရာေတာ္ႀကီးရဲ႕ တပည့္ အနာဂါမ္ဆရာသက္ႀကီး ။ ဆရာသက္ႀကီးရဲ႕တပည့္ ဆရာႀကီး ဦးဘခင္၊ ဆရာႀကီးဦးဘခင္ရဲ႕ တပည့္ ဆရာႀကီး ဦးဂိုအင္ကာနဲ႕ ပဋိပတ္ေဆာင္ လယ္တီသံဃာမ်ားစြာေၾကာင့္ ကမၻာအရပ္ရပ္မွာ တရားက်င့္လိုရတဲ့ ရိပ္သာေပါင္း ၁၅၀ ခန႔္အထိ အားရဖြယ္ လမ္းျပေတာ္မူခဲ့ၾကတယ္။


မ်က္ေမွာက္ေခတ္မွာ စာေပေရာ အက်င့္ပါ ျပည့္စုံေတာ္မူတဲ့ မဟာစည္ဆရာေတာ္ႀကီးနဲ႕သူ းေရးသားေတာ္မူခဲ့တဲ့ က်မ္းစာေတြဟာ တရားရွာမွီးလိုသူ ရဟန္း ရွင္ လူေတြအတြက္ အက်ိဳးေတြရွိေနတာ အားလုံးအသိ။


 ျပည္တြင္း ျပည္ပမွာ ရိပ္သာခြဲေပါင္းမ်ားစြာ ထြန္းညွိအလင္းေရာင္ေပးေတာ္မူခဲ့တာလည္း လက္ေတြ႕မ်က္ျမင္ေတြပါ။ 


မဟာစည္ဆရာေတာ္ႀကီးရဲ႕ တပည့္မ်ားစြာထဲက ေ႐ႊေတာင္ကုန္းဆရာေတာ္ႀကီးနဲ႕ ခ်မ္းေျမ့ဆရာေတာ္ႀကီးတို႔ရဲ႕ ပဋိပတ္ သာသနာအတြက္ အားထုတ္ခဲ့မႈေတြကလည္း ေလးစားျမတ္နိုး အတုယူဖြယ္ေကာင္းလွပါတယ္။


 ဒီေန႕ေခတ္မွာ ရဟႏၱာလို႔ လူအမ်ားက ၾကည္ညိုစိတ္ျဖင့္ ယူဆပူေဇာ္ေနၾကတဲ့ ေဗာဓိၿမိဳင္ဆရာေတာ္ႀကီးဟာ ေ႐ႊေတာင္ကုန္းဆရာေတာ္ႀကီးရဲ႕ တပည့္ပါ။ မဟာစည္ပဋိပတ္ရဲ႕ အသီးအပြင့္ေတြေပါ့ ။


ဖားေအာက္ေတာရဆရာေတာ္ႀကီးနဲ႕ တပည့္ ပဋိပတ္ဝန္ေဆာင္ သံဃာေတာ္မ်ားရဲ႕ သာသနာအေရး ႀကိဳးစားမႈေတြဟာလည္း အတုယူဖြယ္ရာပါ။ ေမာ္လၿမိဳင္ ဖားေအာက္ေတာရ ေတာင္တန္းႀကီးေတြေပၚမွာ သီတင္းသုံးၿပီး တရားက်င့္ေနတဲ့ နိုင္ငံျခားသားမ်ားစြာကိုလဲ ေတြ႕ျမင္နိုင္သလို နိုင္ငံေပါင္းမ်ားစြာမွာလည္း ဖားေအာက္ရိပ္သာခြဲေတြ မနည္းမေနာ။ 


ကိုယ္တိုင္က်င့္ခ်င္စိတ္ ရွိဖို႔ပဲ လိုေတာ့တာ။ အက်င့္ဟာ ေလ့လာ႐ုံနဲ႕ မရနိုင္ဘူး။ အက်င့္ဟာ လက္ေတြ႕က်င့္မွ သိတာ။ လက္ေတြ႕တရားမထိုင္ဘူးတဲ့ ဘုန္းေတာ္ႀကီးေတြ အမ်ားႀကီးရွိေနတယ္လို႔ေျပာရင္ ယုံခ်င္မွ ယုံမယ္။ မယုံမရွိနဲ႕ ။ တကယ္အျပင္မွာ လက္ေတြ႕ ။


ၿပီးေတာ့ မိုးကုတ္ဆရာေတာ္ႀကီး၊ ေျမဇင္းဆရာေတာ္ႀကီး၊ သဲအင္းဂူဆရာေတာ္ႀကီး စတဲ့ ဆရာေတာ္ႀကီးေတြဟာ အက်င့္ဖက္က စံျပ ဆရာေတာ္ေတြႀကီးလို႔ ေျပာနိုင္ပါတယ္။


တိပိဋကေယာဆရာေတာ္ႀကီးလို ကိုယ္တိုင္လည္း ပိဋကတ္သုံးပုံေအာင္၊ စာသင္ စာခ်၊ အက်င့္အေနနဲ႕လည္း စံျပ ။ မ်က္ေမွာက္ေခတ္မွာ စာေပေရာ အက်င့္ေရာတြဲၿပီး က်င့္သုံးေနထိုင္ျပတဲ့ေနရာမွာ တိပိဋကေယာဆရာေတာ္ဟာ စံျပ အာဇာနည္တစ္ပါးလို႔ ေျပာနိုင္မယ္။


ေယာႏြယ္ရဲ႕ ဆရာမ်ားဟာလည္း ေတာရက်င့္သုံးေဆာက္တည္ေတာ္မူခဲ့ၾကတယ္။ ပထမ အုံ႕တုံးေတာင္ဆရာေတာ္ႀကီးဟာ သက္ေတာ္ (၆၀)ေက်ာ္တာနဲ႕ မဟာၿမိဳင္ေတာကို ေတာထြက္ေတာ္မူတယ္။ ၿပီးေတာ့ ယခုလက္ရွိ ခ်င္းေတာင္တန္းေပၚ ေမးတင္ေနတဲ့ ေတာရေနရာမွာ ပ်ံလြန္ေတာ္မူသည္အထိ သီတင္းသုံးသြားတယ္။ 

ဒုတိယ အုံ႕တုံးေတာင္ေတာရဆရာေတာ္ သြားေရာက္ နည္းယူခဲ့တဲ့ ရမည္းသင္းၿမိဳ႕နားက နဗူးက်င္းေတာရ ဆရာေတာ္ႀကီးဟာ ဓုတင္ ၁၃ ပါးလုံး က်င့္ေတာ္မူတယ္။ ညဖက္ဆို သခၤ်ိဳင္းထဲသြားၿပီး တရားေဟာတယ္။ ဆရာေတာ္ႀကီးတရားကို သရဲဘဝနဲ႕နာရလို႔ လူျပန္ျဖစ္လာတဲ့ ဒကာမတစ္ေယာက္အေၾကာင္း မဂၢဇင္းေတြမွာ ေတြ႕ဖူးမွာေပါ့ ။


ေယာႏြယ္တို႔ မမွီလိုက္ဘဲ စာေတြဖတ္ၿပီး သိရတဲ့ ပဋိပတ္ဝန္ေဆာင္ ဘုန္းေတာ္ႀကီးေပါင္းမ်ားစြာလဲ ရွိေနပါတယ္။ ယခုအခ်ိန္အထိ ေတာေတာင္ေတြမွာ သူေတာ္စင္အက်င့္ကို က်င့္ေနတဲ့ သံဃာေတာ္ေတြမ်ားစြာ ရွိေနပါတယ္။ အက်င့္သီလျပည့္စုံတဲ့ သာသနာဟာ အားရစရာမ်ားစြာရွိေနတယ္။ 


လူေတြဆိုတာ တူရာ တူရာေပါင္းစုေလ့ရွိတာ မဟုတ္လား ။ ကိုယ္သိတာေလာက္ပဲ ေဝဖန္ေရး ေလကန္ေရးလုပ္ေနရင္ အမွန္နဲ႕ ေဝးမွာေပါ့။ ပုထုဇဥ္ သဘာဝအရ ကိုယ့္စိတ္နဲ႕ကိုက္ရင္ ေကာင္းတယ္။ ကိုယ့္စိတ္နဲ႕မကိုက္ရင္ ဘုရားေတာင္အျပစ္တင္ၾကေသး သကိုးဗ်။


 ကိုယ့္စရိုက္နဲ႕ကိုက္ညီတဲ့ ပတ္ဝန္းက်င္ကိုသာ ျမင္ေလ့ရွိေတာ့ ကိုယ္ေတြ႕ျမင္ ကိုယ္က်င္လည္ရတဲ့ ပတ္ဝန္းက်င္သာ အေကာင္းဆုံးလို႔လဲ ထင္တတ္တယ္။ မင္းဘာလဲဆိုတာ မင္းဘယ္သူနဲ႕ေပါင္းေနလဲဆိုတာကို ၾကည့္တာနဲ႕ သိတယ္ ဆိုတဲ့ စကားလိုေပါ့ေလ။


စာသင္ စာခ်အရွင္ျမတ္မ်ားကလည္း သူတို႔သာ သာသနာအတြက္ အလုပ္ လုပ္ေနတယ္လို႔ ထင္ျမင္ေလ့ရွိသလို 


ပဋိပတ္သံဃာေတာ္မ်ားကလည္း ႏြားေက်ာင္းသား ဥပမာနဲ႕ စာသင္ စာခ်ေနသူေတြက ႏြားေက်ာင္းသူေတြ ၊ သူတို႔က ႏြားနို႔အရသာကို ကိုယ္တိုင္ေသာက္သုံးသူလို႔ ေျပာတတ္ၾကျပန္တယ္။ 


တကယ္ေတာ့ ႏြားမရွိရင္ ႏြားနို႔မရွိနိုင္ဘူး။ အဲဒီအတြက္ ႏြားေမြးသူ ႏြားကိုဂ႐ုစိုက္သူလည္း လိုအပ္တယ္။

ႏြားေမြးသူမ်ားဖက္ကလည္း ႏြားရွိၿပီး ႏြားနို႔ကို ေသာက္ဖို႔ မေမ့သင့္ဘူးလို႔ ယူဆမိပါတယ္။ 


ဘုရားရွင္ရဲ႕ သာသနာကို သာသနာတြင္း ဘုန္းေတာ္ႀကီးမ်ားကသာ တည္တံ့ေအာင္ ပ်က္စီးေအာင္ လုပ္နိုင္ၾကတယ္လို႔ ဘုရားရွင္ လမ္းၫႊန္ေတာ္မူတယ္။ 


သာသနာကိုေလးစားၿပီး သာသနာ့က်င့္စဥ္ကို က်င့္သုံးသူရွိေနသမွ် ေလာကႀကီးမွာ သာသနာရွိေနအုံးမွာပါ။ ေလေပၚဝဲတဲ့ စကားေတြထက္ လက္ေတြ႕က်င့္ႀကံသူေတြ ရွိေနေသးရင္ သာသနာမကြယ္ေသးဘူး။


ေယာႏြယ္

Jan,25,2022

#YNNote 


#နားလည္ေစခ်င္ပါသည္ (၁၂) 

==================


ခံယူခ်က္မတူရင္ ရပ္တည္မႈလည္းကြာတယ္။ လုပ္ေဆာင္ခ်က္မတူရင္ တန္ဖိုးလည္းကြာမယ္။ ေက်ာက္ခ်င္းတူေပမယ့္ လမ္းေဘးေက်ာက္တန္ဖိုးနဲ႕ တြင္းထြက္ေက်ာက္တန္ဖိုးက မတူဘူး။

သစ္သားခ်င္းတူေပမယ့္ ထင္းဆိုက္ခံရတဲ့သစ္သားနဲ႕ ပန္းပုဆရာရဲ႕ စနစ္တက် ထြင္းထုခံရတဲ့သစ္သား တန္ဖိုးေတြ မတူနိုင္ဘူး။ 


ဘုန္းေတာ္ႀကီးမ်ားနဲ႕ ပရဟိတ

==================


 ငါကဲ့သို႔ စြမ္းအားႏွင့္ျပည့္စုံေသာ ေယာကၤ်ားအတြက္ တကိုယ္တည္း ကူးေျမာက္၍ အဘယ္အက်ိဳးရွိအံ့နည္း။ ငါသည္ သဗၺၫုတဉာဏ္ကို ရၿပီးေနာက္ နတ္ႏွင့္တကြေသာ လူအေပါင္းကို ကူးေျမာက္ေစအံ့ (က်မ္းၫႊန္း-ဇာတကနိဒါန္း)။


ဒီစကားက ဘုရားေျပာတဲ့ စကားပါ။ ငါတေယာက္ထဲ အဆင္ေျပေနလို႔ မျဖစ္ေသးဘူး။ ငါ့ေလာက္ အဆင္မေျပတဲ့လူေတြကို ငါကူညီအုံးမယ္..တဲ့။ ဟုတ္ပါတယ္ ။


လူဟာ အသိဉာဏ္ရွိေလေလ အမ်ားအတြက္ ထည့္စဥ္းစားေလေလ။ 

အတၱႀကီးေလေလ ေနရာတကာ ေပကပ္ကပ္လုပ္ေလေလ လို႔ ေျပာရမယ္။ 


ဘုရားရွင္ကိုယ္တိုင္ လယ္ေတာထဲဆင္းၿပီး အသိဉာဏ္မွ်ေဝတာ၊ အာဠာဝကဘီလူးကို အမွန္ျမင္ေအာင္ လမ္းၫႊန္ျပတာေတြ၊ အဂၤုလိမာလလို လူၾကမ္းႀကီးကို ေတာထဲအထိသြားၿပီး လမ္းမွန္ျပတာေတြဟာ ဘုရားရဲ႕ ပရဟိတေတြပါ ။ 


ဘုရားဟာ တေန႕ကို အိပ္ခ်ိန္ တနာရီေက်ာ္ေက်ာ္သာ က်ိန္းစက္ၿပီး အသိဉာဏ္ျဖန႔္ေဝတဲ့ လုပ္ငန္းႀကီးကို မနားမေန ေဆာင္႐ြက္ေတာ္မူခဲ့တာ ျပန္စဥ္းစားၾကည့္ရင္ ၾကက္သီးထစရာ ၾကည္ႏူးစရာႀကီးပါ ။


ဒုကၡေရာက္ေနတဲ့ ေသာပါက ကေလးကို စားစရာေကြၽးၿပီး ဘဝသက္သာရာ ရေစခဲ့သလို အသိအမွတ္ျပဳသူမရွိတဲ့ ရာဓပုဏၰားကို ဘဝရဲ႕ခိုကိုးရာေနရာတစ္ခုေပးတဲ့ အရွင္သာရိပုၾတာမေထရ္ျမတ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကလည္း သာသနာဝင္ ဘုန္းေတာ္ႀကီးမ်ားအတြက္ အတုယူစရာ မဟုတ္လား။


ေခတ္အဆက္ဆက္ ဘုန္းႀကီးေတြအေပၚ လူေတြျမင္တဲ့ အျမင္က အမ်ိဳးမ်ိဳးရွိခဲ့ၾကတယ္။ ဘုရားသက္ရွိထင္ရွား ရွိေနတုန္းကစ အျမင္ေတြ အယူဝါဒေတြ မတူညီခဲ့ၾကဘူး။ 


တေန႕ သဂၤါရဝပုဏၰားက ဘုရားဆီ ေရာက္လာၿပီး 


"တပည့္ေတာ္တို႔က ကိုယ္တိုင္လည္း ယဇ္ပူေဇာ္တယ္။ 

လူအမ်ားကိုလည္း ယဇ္ပူေဇာ္ေစတယ္။ အဲဒီအတြက္ 

တပည့္ေတာ္တို႔ဟာ ကိုယ့္အက်ိဳးေရာ အမ်ားအက်ိဳးေရာ လုပ္ၾကတယ္။ 

အရွင္ဘုရားရဲ႕ တပည့္ေတြၾက ၿငိမ္းခ်မ္းမႈနဲ႕ ကိုယ္တိုင္လြတ္ေျမာက္မႈကိုဘဲ 

လုပ္တာမို႔ ဘုန္းႀကီးေတြဟာ အတၱသမားေတြ"လို႔ ပုဏၰား..က သူ႕အျမင္ကို ေလွ်ာက္ေတာ့....


ပုဏၰားႀကီးေရ..

ဘုန္းႀကီးေတြဟာ ကိုယ္တိုင္လဲ ၿငိမ္းခ်မ္းေအာင္က်င့္၊ 

ဓမၼဘက္မွာရပ္တည္ၿပီး လူအမ်ားကိုလည္း ၿငိမ္းခ်မ္းမႈမွ်ေဝ၊

ဓမၼဘက္မွာရပ္တည္ေအာင္ ေျပာေပးျခင္းျဖင့္ ကိုယ့္အက်ိဳး သူ႕အက်ိဳး အတၱဟိတ ပရဟိတ မွ်ေအာင္ေဆာက္႐ြက္ၾကတာပါလို႔ ျပန္ရွင္းျပခဲ့တယ္။ (က်မ္းၫႊန္း၊ အဂၤုတၱိုရ္၊ တိကနိပါတ္၊ သဂၤါရဝသုတ္)


ဒီေနရာမွာ တကိုယ္တည္းလြတ္ေျမာက္မႈအတြက္ ႀကိဳးစားတဲ့ဘုန္းေတာ္ႀကီးေတြရွိသလို အမ်ားအတြက္ ထည့္တြက္စဥ္းစားၿပီး အလုပ္လုပ္တဲ့ ဘုန္းေတာ္ႀကီးေတြရွိပါတယ္။ တကိုယ္တည္းလြတ္ေျမာက္မႈက်င့္တာကို ရဟႏၱာဝါဒလို႔ ေခၚမယ္။ အမ်ားအက်ိဳးအတြက္ ထည့္သြင္းစဥ္းစားၿပီး လုပ္ေနတာကို ဘုရားေလာင္းဝါဒလို႔ ေခၚၾကစို႔ ။ 


ထင္ရွားေအာင္ေျပာရရင္.. 

ေဗာဓိၿမိဳင္ဆရာေတာ္ႀကီးလို ဒီဘဝမွာတင္ ဘဝျပတ္ေအာင္ တရားက်င့္တာကို ရဟႏၱာဝါဒ ေခၚမွာေပါ့ ။ ပါခ်ဳပ္ဆရာေတာ္ႀကီးလို ဘုရားဆုပန္ၿပီး သူသိသမွ် မွ်ေဝတယ္၊ မ်ိဳးဆက္သစ္သံဃာမ်ားစြာအတြက္ စာသင္တိုက္ေတြ ထူေထာင္တယ္၊ ဒကာ ဒကာမေတြအတြက္ အသိဉာဏ္ေတြ မွ်ေဝေနတဲ့ ဘုန္းေတာ္ႀကီးေတြကိုေတာ့ ဘုရားေလာင္းဝါဒ သမားေတြလို႔ ေျပာရမွာ။ 


လယ္တီဆရာေတာ္ႀကီးတို႔ လက္ထက္တုန္းက တနိုင္ငံလုံး ပလိပ္ေရာဂါေတြျဖစ္တယ္။ ဆရာေတာ္ႀကီးက တနိုင္ငံလုံး ပရိတ္႐ြတ္ေပးတယ္။ ဆရာေတာ္ႂကြၿပီး ပရိတ္႐ြတ္တဲ့ ၿမိဳ႕႐ြာေတြမွာ ေရာဂါေတြေပ်ာက္ကင္းကုန္တယ္။ ဆရာေတာ္ႀကီးကိုယ္တိုင္ေရးတဲ့ ေရာဂႏၱရဒီပနီမွာ သူ႕ေက်ာင္းထဲမွာေနတဲ့ ႐ုကၡစိုးနတ္ႀကီးက ဆရာေတာ္ႂကြမယ့္ ၿမိဳ႕႐ြာေတြကို အရင္သြား၊ အဲဒီမွ ကပ္ဆိုက္လို႔ အခ်ိန္ကိုက္ေရာက္လာတဲ့ သရဲ႕ေတြ ဘီလူးေတြကို ေမာင္းထုတ္တာေတြ အရင္လုပ္သတဲ့။


ဒီေနရာမွာ ဆရာေတာ္ႀကီးရဲ႕ ကိုယ္က်င့္သိကၡာျမင့္မားမႈ ဆရာေတာ္ႀကီးရဲ႕ ေမတၱာအင္အားေကာင္းမႈနဲ႕ ႐ုကၡစိုးနတ္ႀကီးရဲ႕ အကူအညီေတြေၾကာင့္ ေရာဂါေတြ သက္သာေပ်ာက္ကင္းကုန္တယ္လို႔ နားလည္ရပါတယ္။ (က်မ္းၫႊန္း-ေရာဂႏၱရဒီပနီ)


ဒီအထိ ဘုရားရဲ႕ ပရဟိတ ရဟႏၱာေတြရဲ႕ ပရဟိတ ဘုရားေလာင္းဝါဒသမားေတြရဲ႕ ပရဟိတ..က ကိုယ္တိုင္စိတ္ပိုင္းဆိုင္ရာ ျမင့္မားေအာင္က်င့္တယ္။ ၿငိမ္းခ်မ္းေအာင္ တည္ေဆာက္တယ္၊ ဓမၼကိုျမတ္နိုးတယ္။ ကိုယ့္ရဲ႕ ၿငိမ္းခ်မ္းမႈ ဓမၼကိုျမတ္နိုးမႈ Dhamma power ေတြနဲ႕ ဒုကၡေရာက္သူေတြကို ကူညီခဲ့တာ ေတြ႕ရတယ္။ ျမင့္မားတဲ့ကိုယ္က်င့္သိကၡာနဲ႕ Dhamma power ေတြဟာ သံဃာအဖြဲ႕အစည္း ဘုန္းေတာ္ႀကီးေလာက..ရဲ႕ ျဖဴစင္တဲ့ ပရဟိတေတြ ျဖစ္လာတယ္။


ဘုန္းႀကီးတိုင္း လူတိုင္း ေငြေၾကးမရွိလဲ လုပ္နိုင္တဲ့ ပရဟိတ.ကေတာ့ နာညမညႆ ဒုကၡမိစ္ေဆယ်.. ကိုယ့္အေၾကာင့္ လူေတြဒုကၡမေရာက္ေအာင္ ေနေပးရင္ ၊ (ဒုကၡေရာက္ေအာင္ လုပ္တဲ့သူေတြကို အားမေပးဘဲေနရင္)ကို ပရဟိတလုပ္သူလို႔ ဆိုနိုင္ပါၿပီ ။ 


ဘုရား ရဟႏၱာ သူေတာ္စင္ေတြရဲ႕ က်ဴးရင့္သန္ ပရဟိတဟန္က ငါလြတ္ေျမာက္သလို လူအမ်ားကိုလည္း လြတ္ေျမာက္ေစမယ္ တဲ့ ။


မ်က္ေမွာက္ေခတ္ ပရဟိတ ဘုန္းႀကီးေတြအေၾကာင္း ဆက္ေရးအုံးမယ္


ေယာႏြယ္

Jan,26,2022

#YNNote


#နားလည္ေစခ်င္ပါသည္ (၁၃)

==================


မေန႕ကေျပာတဲ့ ပရဟိတအေၾကာင္း ဆက္ေျပာပါရေစ။ ဘုန္းေတာ္ႀကီးေတြ ဦးေဆာင္တဲ့ ပရဟိတလုပ္ငန္းဟာ ျမတ္နိုးဖြယ္ပါ။ ကိုဗစ္ကာလမွာ ဘုန္းေတာ္ႀကီးေက်ာင္းေတြကို ကြာရန္တင္းစင္တာေတြအျဖစ္ အရင္ဦးဆုံး ကူညီခဲ့ၾကတာ ေလးစားစရာ ေကာင္းပါတယ္။ 


ဒီေနရာမွာ ဗုဒၶဘာသာဘုန္းေတာ္ႀကီးနဲ႕ အျခားဘာသာဝင္ဘုန္းေတာ္ႀကီးမ်ားရဲ႕ ဘဝက မတူညီဘူး။ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးေတြက စီးပြားေရးလုပ္ခြင့္မရွိဘူး၊ ဗုဒၶ ဥပေဒက တားျမစ္ထားတယ္။ အလႉခံခြင့္ပဲ ရွိတယ္။ 


ဒါေပမယ့္ အတိုင္းအတာ ပမာဏနဲ႕ဘဲ အလႉခံရမယ္လို႔ ဘုရားက လမ္းၫႊန္ထားတယ္။ 

 ပန္းဝတ္ရည္ကို စုပ္ယူတဲ့ ပ်ားဟာ ပြင့္ခ်ပ္ရဲ႕ အလွ ပြင္းလႊာရဲ႕ ရနံ႕ေတြကို မပ်က္စီးေစဘဲ ဝတ္ရည္ကို စုပ္ယူၿပီး ပ်ံသန္းသြားသလို၊


 အလႉခံတဲ့ ဘုန္းေတာ္ႀကီးဟာလည္း လူေတြရဲ႕ သဒ္ဓါပန်း ၊

ပစၥည္း ဥစၥာအဆင္းအနံကို ထိခိုက္မႈမရွိေအာင္ က်င့္သုံးရမယ္ တဲ့ ။ 

အလႉခံမ်ားအတြက္ မွတ္သားဖြယ္ရာေပါ့ ။ 


လူေတြတာဝန္ပိမွာကို ဘုရားမလိုလားဘူး။ အဲဒီအတြက္ ဘုန္းႀကီးမ်ားရဲ႕ စားဝတ္ေနေရး ကိစၥ တာဝန္ယူရတဲ့ လူေတြဖက္က ဝန္ထုပ္ဝန္ပိုး မျဖစ္ေအာင္ ဆြမ္းခံစားပါလို႔ မွာေတာ္မူတယ္။ ဦးဦးဖ်ားဖ်ားလႉတာပဲ စားပါလို႔ ဘုရားမေျပာဘူး။ 


"ယဒဂၢေတာ မစၨ်ေတာ ေသသေတာဝါ 

ပိ႑ံ လေဘထ ပရဒတၱဴဇီဝိ."တဲ့ 


"စားဦးပဲျဖစ္ျဖစ္ စားေနတဲ့ဟာဘဲျဖစ္ျဖစ္ 

စားၿပီးလို႔ ပိုေနတဲ့ဟာျဖစ္ျဖစ္ ေလာင္းလႉေကာင္းတယ္"။ မင္းတို႔ ဘဝင္ မျမင့္ၾကတဲ့ မင္းတို႔ဟာ လူေတြကို မွီၿပီး အသက္ေမြးရတဲ့သူေတြတဲ့သူေတြ။ 


ဘုရားေျပာတဲ့ ဒီစကားကို သိပ္သေဘာက်တယ္။ ဘုန္းႀကီးေတြရဲ႕ ဘဝအမွန္ကို သိေအာင္ ဘုရားက ဦးခ်ိဳးထားတဲ့ သေဘာပဲ ။ မာန္ေတြကို ခ်ခိဳင္းထားတဲ့ သေဘာေပါ့ ။ ေက်ာင္းေကာင္းမွ ကားေကာင္းမွ ဟိုတယ္လ္တက္ၿပီးစားရမွ ဆိုတဲ့ စိတ္မ်ိဳးေတြ မဝင္ေစဖို႔ ဦးခ်ိဳးထားတယ္လို႔ ျမင္တယ္။ ဒါေပမယ့္ ဘုန္းကံႀကီးလို႔ ျဖစ္ေပၚလာတယ္ဆိုရင္ေတာ့ လက္ခံေကာင္းပါတယ္တဲ့ ။


ဒီေနရာမွာ ဘုန္းကံႀကီးတာကလဲ ေတြးစရာရွိတယ္။ ဘုန္းႀကီးက ဘုန္းႀကီးလို မေနဘဲ( စာသင္ စာခ်၊ တရားျပ တရားက်င့္ အလုပ္ကို မလုပ္ဘဲ) 


လူေတြအထင္ႀကီးေအာင္ အခါေပး ဓာတ္ေပး ေဗဒင္တြက္ ရာထူးတက္ေအာင္ ဘာလုပ္ေပးမယ္ စီးပြားတက္ေအာင္ ဘယ္လိုလုပ္ရတယ္လို႔ ေျပာေနတဲ့ ဘုန္းႀကီးေတြဟာ ဗုဒၶအလိုက်ေတာ့ မဟုတ္ဘူးေပါ့ ။


 ဒါေပမယ့္ သူတို႔က လူသိပိုမ်ားတယ္။ လူသိမ်ားေတာ့ လႉတဲ့သူမ်ားတယ္ ဒီလိုဘုန့္းကံႀကီးတာကေတာ့ လုပ္ဘုန္း လို႔ ေခၚတာေပါ့ ။ (အရွက္အေၾကာက္မဲ့စြာ အလႉခံလို႔ ရတဲ့ ဘုန္းကံမို႔ လုပ္ဘုန္း လို႔ေခၚတယ္၊ ကာကသူရေပါ့ေလ)


တခ်ိဳ႕က်ေတာ့လဲ လက္ညွိုးၫႊန္ရာ ေရျဖစ္တယ္လို႔ ဆိုၾကတယ္။ တကယ္က ေရရွိရာကို လက္ညွိုးၫႊန္တတ္တာလဲ ျဖစ္နိုင္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္စိတ္ကို လုံရင္ ဆက္လုပ္ေပါ့။

သိကၡာကို ရိကၡာနဲ႕ လွဲၿပီး စားခ်င္တယ္ဆိုရင္ စားၾကေပါ့ တဘဝပါပဲ ။


တခ်ိဳ႕ဆရာေတာ္ႀကီးေတြက်ေတာ့ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို လူေတြက လက္ခံၾကည္ညိုလို႔ ေပးလႉၾကတာမ်ိဳးေပါ့။ အလုပ္ဘုန္းကံ အက်င့္ဘုန္းကံ စာေပဘုန္းကံမ်ိဳးကေတာ့ ေလးစားစရာ ေကာင္းတယ္။ 


ခရစ္ယာန္ဘုန္းႀကီး အစၥလာမ္ဘုန္းေတာ္ႀကီးမ်ားက သူတို႔ရဲ႕ အသင္းအဖြဲ႕ေတြ ဗဟိုေထာက္ပံ့မႈေတြနဲ႕ ပရဟိတ လူမႈေရး လုပ္ငန္းေတြ လုပ္ၾကတယ္။ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးမ်ားက အလႉခံၿပီး လုပ္ၾကရတယ္။


ဒုကၡေရာက္သူေတြ ကူညီတာကို ဘုရားခ်ီးမြမ္းပါတယ္။ မနိုင္ဝန္မထမ္းမိဖို႔ဘဲ လိုတာ။ လူမ်ားကို ကူညီလို႔ ဒုကၡေရာက္သူဆိုတာ မရွိလွပါဘူး။ ေစတနာမွန္တဲ့ ပရဟိတသမားတိုင္းဟာ ေလးစားဖြယ္ရာပါ။ 


ျမန္မာျပည္ သာသနာေလာကမွာ ထင္ရွားတဲ့ သီတဂူဆရာေတာ္ႀကီးရဲ႕ ေရစီမံကိန္း ေဆး႐ုံစီမံကိန္း ၄၀ေက်ာ္၊ တကၠသိုလ္စီမံကိန္းေတြဟာ အတုယူေလာက္တဲ့ လုပ္ေဆာင္ခ်က္ေတြဆိုတာ ျငင္းမရဘူး။ ဝါးခင္းကုန္းဆရာေတာ္ႀကီးရဲ႕ ျဗဟၼစိုရ္လူမႈကူညီေရး အသင္းေတြ ၊ ေတာင္တန္းသာသနာျပဳ ဆင္းရဲႏြမ္းပါးတဲ့ ရဟန္းေတာ္ေတြကို ေထာက္ပံ့ကူညီမႈေတြဟာလဲ ေလးစားဖြယ္ရာ ။


ကိုဗစ္ကာလမွာ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးေတြရဲ႕ ေက်ာင္းဝန္းေတြဟာ ကိုဗစ္စင္တာ အျဖစ္ ကူညီနိုင္ခဲ့တာလဲ သမိုင္းမွတ္တမ္း တင္ရမယ့္ ကိစၥပါ ။ 


တခါတရံ လူေတြရဲ႕အျမင္မွာ (အထူးသျဖင့္ ျမန္မာေတြေပါ့ေလ) ေဆး႐ုံ ေဆးခန္းေတြ စာသင္ေက်ာင္းေတြ လိုက္လံ တည္ေဆာက္ကူညီတဲ့ ဘုန္းႀကီးေတြကို ေတြ႕ရင္ သူတို႔နဲ႕ ဘာဆိုင္လဲ ဘုန္းႀကီးက ဘုန္းႀကီးအလုပ္ လုပ္ေပါ့ဆိုတာမ်ိဳး ျဖစ္ၾကတယ္။ 


ဘုရား ေက်ာင္းကန္ေတြ တည္ေဆာက္တာ ျမင္ျပန္ေတာ့လဲ ဘုရားေတြ ဒီေလာက္ေပါေနတာ မလိုေတာ့ဘူး။ စာသင္ေက်ာင္း ေဆး႐ုံ စသည္ေဆာက္ေပါ့..တဲ့ ။ (ခင္ဗ်ားတို႔က ဘာျဖစ္ခ်င္တာလဲလို႔သာ ေမးလိုက္ခ်င္ေတာ့တာ)


တကယ္ေတာ့.. အလုပ္ တကယ္လုပ္တဲ့သူက မေျပာဘူး။ တကယ္မလုပ္တဲ့ လက္ေတြ႕မက်သဴေတြက ေျပာတာမ်ားပါတယ္။ ဘုန္းႀကီးဆိုတာ သူတို႔ကို မွီခိုရတာ သူတို႔က လႉရတာဆိုတဲ့ အသိနဲ႕ ဘုန္းႀကီးေတြအေပၚ အနိုင္က်င့္ရင္ ရမယ္ဆိုတဲ့ အာဏာရွင္စိတ္က သူတို႔ကိုယ္တိုင္ ဝင္ေနတာ သူတို႔ မသိၾကဘူး။  

တစ္ခု စဥ္းစားမိတာက ျမန္မာ့လူ႕အဖြဲ႕အစည္းမွာက တစ္ဦးေကာင္း တစ္ေယာက္ေကာင္းနဲ႕ ပုဂၢိုလ္ေရးကိုးကြယ္မႈ ေပၚျပဴလာရတီနဲ႕ ပရဟိတ လုပ္ၾကတာ သတိထားမိတယ္။ စနစ္က်တဲ့အဖြဲ႕အစည္းဖြဲ႕ၿပီး တဗိုလ္က်ရင္ တဗိုလ္တက္ စနစ္နဲ႕ ပူေပါင္းလုပ္မယ္ဆိုတဲ့ စနစ္ရွိမေနဘူး။ စြမ္းနိုင္သူ မရွိေတာ့ရင္ ဒီအဖြဲ႕အစည္းက ပ်က္သြားတယ္။ 


ဥပမာ.. လယ္တီဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူေတာ့ လယ္တီသာသနာဟာ ေမွးမွိန္သြားတယ္။ မႏၱေလး မစိုးရိမ္တိုက္သစ္ ဖြဲ႕စည္းပုံ၊ အမရပူရ-မဟာဂႏၶာ႐ုံ ဖြဲ႕စည္းပုံေတြကေတာ့ ေက်နပ္စရာ ေကာင္းတယ္လို႔ ေျပာရမွာ ။ အရည္အေသြးရွိသူေတြကို ေခါင္းေဆာင္တင္ၿပီး လြတ္လပ္တဲ့မူဝါဒေတြခ်မွတ္ထားတာ အတုယူစရာလို႔ ျမင္ပါတယ္။

 

ျမန္မာမွာ လူ ငါးေယာက္ရွိရင္ တဖြဲ႕ ဖြဲ႕တာပဲ။ အဖြဲ႕ဆုံးကလည္း ျမန္မာပဲ။ အကြဲဆုံးကလဲ ျမန္မာပဲ။ ဘာျဖစ္လို႔လဲ.. တေယာက္နဲ႕တေယာက္ မယုံဘူး။ တေယာက္လုပ္တာကို တေယာက္က အသိအမွတ္မျပဳဘူး။ ငါ့ေလာက္ မေတာ္ဘူးဘဲ ထင္တယ္။ ဆရာကလဲ တပည့္ကို မယုံဘူး၊ ေသြးခြဲအုပ္ခ်ဳပ္တယ္။ တပည့္ကလဲ ဆရာ့လုပ္ရပ္ကို မယုံဘူး။ ဒီလိုျဖစ္ေနတယ္လို႔ သုံးသပ္မိတယ္။


ပုဂၢိုလ္ေရး ကိုးကြယ္မႈနဲ႕ တကိုယ္ေတာ္ ပရဟိတ ဟာ ေရရွည္ မခံဘူးဆိုတာ ေသခ်ာပါတယ္။


ဒီေနရာမွာ ဘုန္းေတာ္ႀကီးမ်ားဟာ အလႉခံၿပီး ပရဟိတ လုပ္ရတာမို႔ ပ်ားပိတုန္း ဥပမာလို လူတို႔ရဲ႕ သဒ္ဓါ လူတို႔ရဲ႕ ပစၥည္းဥစၥာေတြ မထိခိုက္ေစဘဲ ေစတနာမွန္နဲ႕ ပရဟိတလုပ္တဲ့ ဘုန္းေတာ္ႀကီးတိုင္းဟာ ျမတ္နိုးဖြယ္ရာပါ။ေလးစားစရာ ေကာင္းလွပါတယ္။


အဲလိုမွ မဟုတ္ရင္လဲ ဘုရား ရဟႏၱာေတြလို ကိုယ္က်င့္တရားျမင့္မားေအာင္တည္ေဆာက္ Dhamma Power နဲ႕ လူေတြကို ကူညီ (သို႔မဟုတ္ )လူေတြဒုကၡမေရာက္ေအာင္ေနေပးျခင္းျဖင့္ ကူညီ ...စသည္အားလုံးဟာ ဘုန္းေတာ္ႀကီးမ်ား လုပ္လို႔ရတဲ့ ပရဟိတေတြပါ ။ 


ေယာႏြယ္

Jan,27,2022

#YNNote 


မနက္ျဖန္ နိုင္ငံေရးၾကားက ဘုန္းႀကီးဘဝ ေရးအုံးမယ္


ေရးသားသူ -အရွင္တိကၡ


နားလည္ေစခ်င္ပါသည္ (၁၄)

==================


နိုင္ငံေရးၾကားက ဘုန္းႀကီးဘဝ


လူတစ္ေယာက္ရဲ႕ ဘဝရပ္တည္မႈဟာ ပတ္ဝန္က်င္နဲ႕ ကင္းလို႔မရ။ ေယာႏြယ္တို႔ ဘုန္းေတာ္ႀကီးမ်ားလည္း ဒီလူထဲက လူေတြမို႔ အလႉရွင္ ဒကာ ဒကာမမ်ားဆိုတဲ့ ပတ္ဝန္းက်င္ကို မွီခိုရပ္တည္ရပါတယ္။ ကိုယ္နဲ႕ဆက္စပ္သူေတြ ခံစားရတဲ့ ဒုကၡဟာ ကိုယ့္ဒုကၡလို႔ မွတ္ယူၾကတယ္။


ေခတ္အဆက္ဆက္ ဘုန္းေတာ္ႀကီးမ်ားဟာ ျပည္သူေတြနဲ႕ တသားတည္း ရပ္တည္ခဲ့ၾကတယ္။ လြတ္လပ္ေရးေခတ္ဦးမွာ လူေတြရဲ႕ အသိကို ဖြင့္ေပးခဲ့တဲ့ ဆရာေတာ္ဦးဥတၱမ.က စလို႔ ယေန႕အထိ ဆိုပါေတာ့။ 


၂၀၂၁ရာစု ေခတ္ဦးမွာေတာ့ ကံမေကာင္း အေၾကာင္းမလွစြာ ဘုန္းေတာ္ႀကီးမ်ားဖက္မွာ ဘက္ႏွစ္ဘက္ျဖစ္ေနတယ္လို႔ ျမင္တယ္။ ဘက္တဘက္မွာေတာ့ အမ်ိဳး ဘာသာ သာသနာကိုသာ ဦးစားေပးမယ္ က်န္တဲ့အယူဝါဒေတြကို အားေပးရင္ လက္မခံဘူးဆိုတဲ့ Conservative သမားနဲ႕


တဘက္မွာေတာ့ ႏွလုံးသားကို က်ယ္က်ယ္ဖြင့္ မ်က္စိကိုတဆုံးဖြင့္ၿပီး ေလးစားေလာက္တဲ့ ဥပေဒရွိရင္ အတူယွဥ္တြဲေနထိုင္ၾကမယ္ဆိုတဲ့ Democrat ဘက္ကို သေဘာက်တဲ့ ဘုန္းေတာ္ႀကီးမ်ားက တဖက္လို႔ ဆိုနိုင္ပါတယ္။ 


ဒီမိုခရက္သေဘာတရားအရ အစိုးရဟာ ဥပေဒျပဳေရးနဲ႕သာ ထိန္းေက်ာင္းနိုင္ၿပီး ပေဒသရာဇ္ေခတ္မွာလို ဘုရင္သေဘာက်ရင္ သူကိုးကြယ္တဲ့ ဘာသာကို အားေပးေစဆိုတာမ်ိဳးေတာ့ မရွိေတာ့ဘူးေပါ့ ။ တခ်ိဳ႕ကလည္း ကိုးကားၾကတာေပါ့ေလ.. ဘုရားက ေျပာေတာ့ ရာဇာ ပဓာနံ..အုပ္ခ်ဳပ္သူ လူတန္းစားသာအဓိက.. အုပ္ခ်ဳပ္သူ လူတန္းစားက ငါတို႔ဘာသာကို အားေပးရင္ ငါတို႔ သာသနာတိုးတက္မယ္။ ဒီမိုခရက္လက္ထက္မွာ ဗုဒၶဘာသာကို အားမေပးဘူးဆိုတာမ်ိဳး ကြန္ဆာေဗးတစ္ေတြေထာက္ျပေနတာကိုလဲ ၾကားရတယ္။


ဒီမိုခရက္ေတြကလဲ အေမရိကန္ကိုၾကည့္ အဂၤလန္ကိုၾကည့္ ဥပေဒအတိုင္းေနရင္ ဘယ္သူမဆို ဘယ္ဘာသာမဆို ကိုယ့္ဘာသာ သာသနာကို တိုးတက္ေအာင္ လုပ္လို႔ရတယ္လို႔ ဆိုတယ္။


မတူညီၾကတဲ့ အယူအဆ နိုင္ငံေရးေတြၾကားမွာ ဘုန္းေတာ္ႀကီးေတြလဲ ဘက္ႏွစ္ဘက္ ျဖစ္သြားတယ္။ အလားတူဘဲ လႉဒါန္းၾကတဲ့ ဒကာ ဒကာမေတြကလဲ ဘက္ႏွစ္ဘက္ပဲ ။ 


ဒီမိုခရက္ကို ယုံၾကည္သူေတြက ဓမၼဘက္က ရပ္တည္သင့္တယ္၊ ရပ္တည္ရမယ္လို႔ ျမင္တယ္။ တဖက္မွာလဲ မင္းတို႔က နိုင္ငံျခားအထင္ႀကီးေရာဂါ ရေနတာ ပုံတူကူးခ်လိဳ႕ မရဘူးကြ ဒီနိုင္ငံနဲ႕ သင့္ေတာ္တဲ့ ပုံစံပဲ ျဖစ္ရမယ္လို႔ တင္းတယ္။ ၾကားထဲမွာ စစ္တပ္က အာဏာထ သိမ္းေရာ.. အကုန္ ကေမာက္ကမ ျဖစ္ကုန္ေတာ့တာဘဲ။ အေၾကာင္းေတြ ဘယ္လိုျပျပ လက္ခံသူက အနည္းစု၊ လက္မခံနိုင္သူက အမ်ားစုဆိုတာ ျငင္းမရဘူး။ အာဏာသိမ္းတာကို ဝမ္းသာတဲ့ ဘုန္းႀကီးေတြလဲ ရွိတယ္။ ဝမ္းနည္းဖြယ္ဘဲေပါ့ဗ်ာ။ ( သူတို႔ကလဲ သူတို႔အေၾကာင္းျပေတြနဲ႕ သူတို႔ဘဲ )။ 


ေယာႏြယ္အျမင္ကေတာ့ ရွင္းတယ္.. အနိုင္က်င့္မႈမွန္သမွ် ဆန႔္က်င္တယ္။ မတရားမႈမွန္သမွ် ကန႔္ကြက္တယ္။ ဘုန္းႀကီးေတြမွာ ကိုယ့္ကို လႉေနတဲ့ လူေတြအတြက္ ေပးနိုင္တာက ဓမၼ ဘဲ ။

(ဒီလိုေရးလို႔ မင္းက ဘာေကာင္လဲ ေမးမေနၾကနဲ႕။ ဘာေကာင္မွ မဟုတ္ဘူး။ ဒါေပမယ့္ အနိုင္က်င့္တာကိုေတာ့ မႀကိဳက္ဘူး။ ဆန႔္က်င္တယ္။


ေယာႏြယ္တို႔ ဆရာေတြလဲ ၁၉၉၀ သပိတ္ေၾကာင့္ ေထာင္နန္းစံခဲ့ရသူေတြပါ။ အာဏာရွင္ဟာ လိုရင္သုံးမယ္ မလိုရင္ ေဘးခ်ိတ္လိုက္မယ္ဆိုတဲ့ မူမမွန္တဲ့စိတ္ရွိတာေတာ့ ေသခ်ာတယ္။


အထူးသျဖင့္ လက္ရွိအာဏာသိမ္းၿပီးခ်ိန္မွာ တိုင္းျပည္ဟာ အရွိန္အဟုန္နဲ႕ တိုးတက္မႈ ေနာက္ဆုတ္ေနတာ အားလုံးအျမင္ပါ။ လူေတြရဲ႕ ဒုကၡေတြဟာ ပင္လယ္ေရထက္မ်ားေနပါၿပီ။ လူေတြဒုကၡေရာက္ေလ သူတို႔ကိုးကြယ္တဲ့ ဘာသာ သာသနာကို အားေပးမႈလဲ ဆုတ္ယုတ္ေလဘဲ။


ဘုန္းႀကီးေတြစိတ္က ရွင္းရွင္းေလးရယ္။ သူတို႔ဟာ နိုင္ငံေရးသိပၸံေတြ နိုင္ငံေရးေဘာဂေဗဒေတြ သင္ယူဖူးသူေတြ မဟုတ္တဲ့အတြက္ နိုင္ငံေရးနဲ႕ ပတ္သက္လာရင္ သူတို႔မွာ မခံခ်င္စိတ္ဘဲ ရွိတာ( လက္ေတြ႕ ေထာင္ထဲေနခဲ့ရတဲ့ ဘုန္းႀကီးအခ်ိဳ႕ေတာ့ ေထာင္ထဲမွာ နိုင္ငံေရးဆရာႀကီးေတြက သင္ေပးၾကလို႔ သိနားလည္တာလဲ ရွိပါတယ္) ။


အမ်ားစုကေတာ့ မဟုတ္ရင္ မခံဘူး။ အနိုင္က်င့္တာကို မခံခ်င္ဘူး။ အဲဒီအတြက္ ျပည္သူေတြတန္းတူ ရပ္တည္ခဲ့ၾကတာ အားလုံးအသိပါ။ ေယာႏြယ္တို႔ မွီလိုက္တဲ့ ၈၈၊ ၂၀၀၇။ ေတြမွာ ဘုန္းႀကီးေတြဟာ ဒကာ ဒကာမမ်ားရဲ႕ ေရွ႕က သို႔မဟုတ္ တန္းတူ လမ္းေပၚထြက္ၿပီး သူတို႔ရဲ႕ ဆႏၵေတြျပခဲ့ၾကတယ္။ 


၂၀၂၁ မွာေတာ့ ဘက္ႏွစ္ဘက္ ျဖစ္ေနၾကတယ္။ တဘက္က ဒီမိုခရက္ဟာ ဗုဒၶဘာသာကို အားမေပးဘူး။ ဘာသာျခားကိုဦးစားေပးတယ္ ၊ သူတို႔အုပ္ခ်ဳပ္ရင္ ဘာသာျခားနိုင္ငံျဖစ္လိမ့္မယ္ဆိုတဲ့ အယူဝါဒေရးရာကို သူတို႔လက္ခံၿပီး အမ်ိဳး ဘာသာ သာသနာဘက္မွာ ရပ္တည္မယ္ဆိုၿပီး ျဖစ္ၾကတယ္။


တဘက္ကေတာ့ ေလးစားေလာက္တဲ့ ဥပေဒသာရွိ။ ကိစၥမရွိဘူး ။ အားလုံးနဲ႕ တန္းတူညီမွ် ေနမယ္ ။ ယွဥ္ၿပိဳင္ရဲတယ္ဆိုတဲ့ ဘုန္းေတာ္ႀကီးေတြက်ေတာ့ အနိုင္က်င့္မႈမွန္သမွ် ဆန႔္က်င္ေနၾကဆဲ ပါ။


ေယာႏြယ္က အေမရိကန္မွာေနေတာ့ ဒီကအေတြ႕အႀကဳံအရ ကိုယ္ျမင္တာ ကိုယ္ေျပာရရင္.. 


အေမရိကန္ရဲ႕ လူေနမႈစနစ္မွာ ေယာႏြယ္တို႔လို ဗုဒၶဘာသာဘုန္းႀကီးေတြကို မတိုက္ခိုက္ဘူး။ ကိုယ္တိုင္ ဗုဒၶဘာသာဘုန္းႀကီးေက်ာင္း လုပ္တယ္။ ကိုယ့္ယဥ္ေက်းမႈကို မ်ိဳးဆက္သစ္ေတြကို သင္ေပးတယ္။ ကိုယ့္က်မ္းစာေတြကို ျဖန႔္ေဝတယ္။ ေအးေဆးဘဲ ဘယ္သူမွ မကန႔္ကြက္ဘူး။  


ေနာက္ဆုံးေျပာရရင္ ဘာသာေရးနယ္ေျမျဖစ္တဲ့အတြက္ ႏွစ္စဥ္ေပးရတဲ့ အိမ္ခြန္ ေက်ာင္းခြန္ ေဒၚလာ ၂ ေထာင္ေက်ာ္ ကင္းလြတ္ခြင့္ရတယ္။ ဘာပစၥည္းဝယ္ဝယ္ အခြန္ကင္းလြတ္ခြင့္ရတဲ့ စာ႐ြက္ေလး ထုတ္ေပးထားတယ္။

ေလးစားေလာက္တဲ့ ခိုင္မာတဲ့ ဥပေဒရွိေနရင္ လုံလုံၿခဳံၿခဳံ လြတ္လြတ္လပ္လပ္ ေနလို႔ရတယ္ဆိုတာေတာ့ သိတယ္။ ( ကိုယ္ျမင္တာ ကိုယ့္ေတြ႕တာ ေျပာျပတာ) 


ဘုန္းေတာ္ႀကီးေတြရဲ႕ ဘက္ႏွစ္ဘက္မွာ ဆရာနဲ႕တပည့္ေတြ တဂိုဏ္းနဲ႕ တဂိုဏ္း စတာေတြ ရပ္တည္ခ်က္ေတြကြဲသြားတယ္။ ဆရာေတြနဲ႕ အယူအဆေတြ ကြဲသြားတယ္။ တခ်ိဳ႕တပည့္ေတြနဲ႕ အယူအဆေတြ ကြဲသြားတယ္။ လူ႕စိတ္ရဲ႕ မူလလြတ္လပ္ခြင့္အရ ကြဲလြဲခြင့္ရွိပါတယ္။ ( ၾကားထဲမွာ ဖုန္းဆက္ဆဲသူေတြ။ မင္းတို႔က ဘယ္သူ႕တပည့္ပါဆိုၿပီး ရန္လိုတဲ့အျပဳအမူေတြ၊ ျမန္မာျပည္ဖက္မွာလဲ ကိုယ့္ေက်ာင္းထဲ စစ္ကားေတြနဲ႕လာၿပီး ေသနတ္ သုံးခ်က္ေဖာက္တာေတြ ႀကဳံရတာပါပဲ။ )


ကိုယ့္သက္တမ္းတေလွ်ာက္ ႀကဳံခဲ့ရတဲ့ ကိုယ့္ပတ္ဝန္းက်င္က အေနအထားနဲ႕ ကိုယ္ႀကဳံရတာပဲ ေျပာတာပါ။ ကိုယ္သင္ယူခဲ့ရတဲ့ ဘာသာရပ္က ဘာသာေရးသက္သက္မို႔ နိုင္ငံေရးနဲ႕ ပတ္သက္တာေတြ ေျပာရင္ ကိုယ္တိုင္လဲ ေသခ်ာမသိဘူး။ ဒီေနရာကေန ဒီေလာက္ေလး ေျပာလို႔လဲ မျပည့္စုံနိုင္ဘူး။ 


ေသခ်ာတာက အနိုင္က်င့္မႈမွန္သမွ် မႀကိဳက္ဘူး။ မတရားဘူးလို႔ ကိုယ္ဉာဏ္က သိတဲ့အရာမွန္သမွ် ဆန႔္က်င္တယ္။ ကိုယ့္လူမ်ိဳး ကိုယ့္တိုင္းျပည္ ႀကီးပြားတိုးတက္ေရး တရားမွ်တမႈရရွိေရး တန္းတူညီမွ်ေရးေတြအတြက္ ကိုယ္လုပ္နိုင္တဲ့ေနရာကေန လုပ္ေနမယ္ ဆိုတာပါပဲ ။ အင္း ဘုန္းႀကီးဆိုေတာ့လဲ ဘုန္းႀကီးလိုေလး ေျပာတာပဲ ေကာင္းပါတယ္ေလ။ နိုင္ငံေရးၾကားက ဘုန္းႀကီးဘဝက ဒီလိုပါပဲ ။


ေယာႏြယ္

Jan-28-2022

#YNNote

နားလည္ေစခ်င္ပါသည္ (၁၅)


နိုင္ငံျခားေန ဘုန္းေတာ္ႀကီးမ်ားဘဝနဲ႕ သာသနာ့ရႉ႕ေမွ်ာ္ခင္း

========================


အထူးသျဖင့္ အေမရိကန္ေန ဘုန္းေတာ္ႀကီးမ်ား ဘဝအေၾကာင္း ေျပာျပလိုတယ္။ မတူညီတဲ့အရပ္ေဒသကေန ပုံစံမ်ိဳးနဲ႕ အေမရိကန္ကို ေရာက္လာၾကတယ္။ အေမရိကန္မွာ အၿမဲေနထိုင္ခြင့္ရဖို႔ လိုအပ္တာေတြ လုပ္ၾကရတယ္။ 


အလည္အပတ္ဗီဇာနဲ႕ ေရာက္လာၿပီး Religious Visa ဘာသာေရး ဗီဇာ ေျပာင္းတဲ့သူလည္းရွိတယ္။ 

တခ်ိဳ႕က်ေတာ့လဲ တခါထဲ ဘာသာေရးဗီဇာကို လုပ္ခဲ့ၾကတယ္။ 

ဘာသာေရးဗီဇာရၿပီး တႏွစ္ခြဲေလာက္ေနရင္ အၿမဲေနထိုင္ခြင့္ Green Card ေလွ်ာက္လို႔ရၿပီ၊ ဂရင္းကဒ္ရၿပီး ငါးႏွစ္ေနရင္ အေမရိကန္နိုင္ငံသား ေလွ်ာက္လို႔ရၿပီ ။


တခ်ိဳ႕က်ေတာ့လည္း အလည္အပတ္ ဗီဇာနဲ႕ ေရာက္လာတယ္။ နိုင္ငံေရးခိုလႈံခြင့္ Asylum ခံၾကတယ္။ တခါထဲ အဆင္ေျပတဲ့သူေတြရွိသလို အဆင္မေျပလို႔ ႏွစ္ခ်ီၾကာေနတဲ့သူေတြလည္း ရွိတယ္။ နိုင္ငံေရးခိုလႈံခြင့္ရၿပီး တႏွစ္ေက်ာ္ၾကာရင္ ဂရင္းကဒ္ကိုေလွ်ာက္လို႔ရၿပီ ။


တခ်ိဳ႕က်ေတာ့ Refugee Camp ဒုကၡသည္စခန္းေတြက လာတယ္။ ဒုကၡသည္နဲ႕ နိုင္ငံေရးခိုလႈံခြင့္ေတာင္းသူေတြ အတြက္ အေမရိကန္မွာ ေရရွည္ေနထိုင္ဖို႔ ပိုလြယ္ကူတယ္။ ဘာသာေရးဗီဇာ ေလွ်ာက္လို႔ရသြားၿပီးရင္လဲ အေမရိကန္မွာ အၿမဲေနခြင့္ လြယ္ကူတယ္။ 


ဒီကိစၥေတြကို ဒကာ ဒကာမေတြက ကူညီလုပ္ေပးတာရွိသလို အမ်ားစု ဘုန္းႀကီးအမ်ားစုက ကိုယ့္ေနထိုင္ခြင့္ ကိုယ္တိုင္ ႀကိဳးစားရတယ္။


အေမရိကန္မွာ ဘုန္းႀကီးေက်ာင္းတည္ေထာင္မယ္ဆိုရင္

========================


အေမရိကန္မွာ ဘုန္းေတာ္ႀကီးတေက်ာင္းဖြင့္မယ္ဆိုရင္ 501C လို႔ေခၚတဲ့ အသင္းအဖြဲ႕ ဖြဲ႕ရတယ္။ ကိုယ့္အသင္းမွာ အဖြဲ႕ဝင္ဘယ္ေလာက္၊ ေငြဘယ္ေလာက္၊ ဖြဲ႕စည္းပုံက ဘယ္လိုဆိုတာမ်ိဳး စနစ္တက်လဳပ္ရတယ္။ 


501C ရထားတဲ့ အသင္းကပဲ ဘာသာေရးဗီဇာအတြက္ ဂရင္းကဒ္အတြက္ ေထာက္ခံခ်က္ေပးနိုင္တယ္။ ျပည္နယ္အစိုးရက တရားဝင္အသိအမွတ္ ျပဳမထားဘဲ (501C ရမထားဘဲ ဘုန္းႀကီးေက်ာင္းလုပ္ထားရင္ အဲဒီေက်ာင္းက ဘာသာေရးဗီဇာေလွ်ာက္မရဘူး၊ ဂရင္းကဒ္အတြက္ေထာက္ခံခ်က္ေပးလို႔မရဘူး)။


ဘုန္းႀကီးနဲ႕ ဒကာ ဒကာမ ျပႆနာ

===================== 


ျမန္မာအမ်ားစုဟာ အေမရိကန္ကို ၁၉၈၈ ေနာက္ပိုင္း ေရာက္လာၾကတာ ပိုမ်ားတယ္။ ဘုန္းေတာ္ႀကီးေတြက ၁၉၉၅ ဝန္းက်င္ေလာက္မွာ စေရာက္လာၾကတယ္။ အဲဒီေတာ့ ဘာျဖစ္လဲ.. 


ဘုန္းေတာ္ႀကီးေက်ာင္း တည္ေထာင္ဖို႔အတြက္ အရင္ေရာက္ေနတဲ့ ျမန္မာဒကာ ဒကာမေတြက ေငြေၾကးစိုက္ထုတ္တာ( တခ်ိဳ႕က လႉတာ၊ တခ်ိဳ႕က် ျပန္ေပးရတာ) ။ ေငြေၾကးစိုက္ထုတ္တဲ့ ဒကာ ဒကာမက သူဦးေဆာင္တဲ့ အဖြဲ႕အစည္းကို ဦးေဆာင္တယ္။ ဆရာလုပ္တယ္ဆိုပါေတာ့။ 


သူတို႔မႀကိဳက္တဲ့ဘုန္းႀကီးကို အၿမဲေနထိုင္ခြင့္ ဂရင္းကဒ္ သက္တမ္းတိုးမေပးတာ။ အဲဒီမွာ ဘုန္းႀကီးက ဂြမ္းတာပဲ ။ ဘာသာေရး သာသနာေရး ေဆာင္႐ြက္ၾကတယ္ဆိုတဲ့ အသိထက္ သူတို႔ေငြ သူတို႔မာနေတြနဲ႕ ဘုန္းေတာ္ႀကီးေတြကို အနိုင္က်င့္ၾကတာ အေမရိကားမွာ မၾကာမၾကာ ၾကားရတယ္။ 


လိုရင္းျပႆနာေျပာရရင္ေတာ့ လူေတြဦးေဆာင္တဲ့ အသင္းအဖြဲ႕မွာ လူေတြအလိုၾက ဘုန္းႀကီးေတြက ေနရတယ္။ ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္၊ ေကာင္းေကာင္း မေကာင္းေကာင္း သည္းခံၿပီး ေနၾကရတယ္။ 

ဒကာ ဒကာမေတြဖက္ကလဲ ခပ္မာမာဘဲ.. မေနခ်င္ရင္ ႂကြ ဆိုတဲ့ အခ်ိဳးေပါ့ေလ။ 


သိပ္မၾကာခင္က ဖေလာ္ရီဒါဖက္မွာ ျဖစ္တဲ့ျပႆနာ၊ လင္ကြန္းမွာ ျဖစ္တဲ့ျပႆနာ အိုဟိုင္းယိုးမွာျဖစ္တဲ့ ျပႆနာေတြဟာ ဒကာ ဒကာမေတြက မၾကည္ညိုတဲ့ ျပႆနာေတြလို႔ အတိုခ်ဳံးေျပာနိုင္တယ္။ ဒီေနရာမွာ ဘုန္းေတာ္ႀကီးေတြဖက္က အားနည္းခ်က္ေတြလည္းမ်ားစြာပါ။ 


အဆင္ေျပေနတုန္းက ဒကာ ဒကာမေတြအႀကိဳက္ အထူးသျဖင့္ လႉတဲ့ဒကာ ဒကာမေတြဘဲ ဦးစားေပးတယ္။ ေန႕စဥ္ Report တင္တယ္။ ေငြေၾကးစီမံခန႔္ခြဲမႈကအစ ပုံၿပီး အပ္လိုက္တယ္။ ျပႆနာလဲတက္ေရာ ေက်ာင္းပါ တက္သိမ္းတာပဲ။( တကယ္က နိုင္ငံေရးရပ္တည္ခ်က္ေတြေၾကာင့္မဟုတ္ဘူး။ မၾကည္ညိုတဲ့ ျပႆနာ။ ဘာကို မၾကည္ညိုတာလဲဆိုေတာ့ ေက်ာင္းတိုးတက္ေအာင္ မလုပ္နိုင္ဘူးဆိုတဲ့ အေၾကာင္းေတြထက္ ပိုတဲ့ အေၾကာင္းေတြေပါ့ေလ)


တေနရာမွာဆိုရင္ ဝါဆိုသကၤန္းကပ္ပြဲလုပ္တာကို ေက်ာင္းဒကာမက သူ႕ကို အသိမေပးလို႔တဲ့။ ခက္ေတာ့လဲ ခက္သား ။ 


ေယာႏြယ္အျမင္

===========


အေမရိကန္ေရာက္ၿပီး မၾကာခင္ ေအာ္ရီဂြန္ဖက္..က ေက်ာင္းတေက်ာင္းက ေက်ာင္းထိုင္ပင့္ပါတယ္။

ေယာႏြယ္ သူတို႔ကို ေမးခြန္းေတြ ေမးခဲ့တယ္--


က) အဲဒီၿမိဳ႕မွာ ဘုန္းႀကီးေက်ာင္းရွိၿပီး ျဖစ္ပါလ်က္ 

ဘာေၾကာင့္ ထပ္လုပ္ခ်င္တာလဲ ?

ခ ) သာသနာေရး ေဆာင္႐ြက္တဲ့အခါမွာ ဆရာ ဒကာ လမ္းစဥ္ကို 

လက္ခံပါသလား?

ဂ )ဆရာလုပ္တဲ့ ဘုန္းႀကီးဟာ ေငြေၾကးကိစၥ မိန္းမကိစၥမရႈပ္သမွ် 

ဘာသာေရးကိစၥမွာ ဦးေဆာင္သူဆိုတာ လက္ခံနိုင္ပါသလား?

ဃ) ဘုန္းေတာ္ႀကီးရဲ႕ လုပ္ရပ္မွားေနရင္ ဝိုင္းဝန္းျပဳျပင္ ေဆြးႏြေးညွိုႏွိုင္းလုပ္ၾကမယ္ဆိုတာကို လက္ခံပါသလား စသည္ေပါ့ေလ။ ေမးခြန္းေတြ ေမးခဲ့တယ္။


 သူတို႔က ဆရာႀကီး ဦးဂိုအင္ကာပုံစံအတိုင္း လူေတြက ဦးေဆာင္မယ္။ ဘုန္းႀကီးက အ႐ုပ္လိုေန ဆိုတဲ့ သေဘာ အေျဖရတယ္။ အဲဒီအတြက္ ေယာႏြယ္ အဲဒီေနရာကပင့္တာကို မသြားခဲ့ဘူး ။ 


ဒီေနရာမွာ ေယာႏြယ္အျမင္က.. ေကာင္းၿပီ ေနရာတစ္ခု အတူလက္တြဲၿပီး တိုးတက္ေအာင္လုပ္ၾကမယ္။ ကိုယ့္ကိုယ္ လႉေနသူပါဆိုၿပီး ေနရာတိုင္းဆရာလုပ္ခြင့္မေပးနိုင္ဘူး။(အျပန္အလွန္ ေလးစားတဲ့ စနစ္ကိုပဲ ႀကိဳက္တယ္)


 ေနရာတိုင္း ကြၽမ္းက်င္ရာ လိမ္မာဘဲ။ ဘာသာေရးသမားက ဘာသာေရးကိစၥမွာ တဘဝလုံး သင္ယူလာရတဲ့အတြက္ ဘာသာေရးကိစၥကို ဦးေဆာင္မယ္။ လမ္းမွာရင္ ျပင္ေပး၊ ညွိုႏွိုင္းၿပီး လုပ္မယ္။ 


ဒကာ ဒကာမအပိုင္းက တတ္နိုင္တာ ကူညီေပး။ မွားေနရင္ေထာက္ျပ၊ 

လႉတာ တခုထဲနဲ႕ အနိုင္ယူလာရင္ ေယာႏြယ္က လက္မခံဘူး။ 


ျပန္ေျပာေနက် စကားတစ္ခုက.. 


ဟုတ္ၿပီ ဒကာ ဒကာမတို႔က မိသားစုလိုက္ေနတယ္။ အေပ်ာ္အပါး အေပါင္းအသင္းနဲ႕ေနတယ္။ အလုပ္ လုပ္တယ္။ ေက်ာင္းမွာေနတဲ့ ဘုန္းႀကီးက တပါးထဲ ေက်ာင္းေစာင့္နတ္ႀကီးလို ေနတယ္။ ဒကာ ဒကာမေတြက သာေရး နာေရးကိစၥရွိမွ ေက်ာင္းကို ေရာက္တယ္။ 


ဘုန္းေတာ္ႀကီးေတြလဲ သူတို႔ဘဝကို ဒီ ဒကာ ဒကာမေတြ ဘာသာေရးကိစၥလုပ္နိုင္ဖို႔ ေဆြမ်ိဳးစြန႔္ မိသားစုစြန႔္ သူတို႔ရဲ႕ အခ်ိန္ေတြ အသက္ေတြကို စြန႔္ၿပီး ေနေနၾကတာျဖစ္လို႔ အျပန္အလွန္ေက်းဇူးရွိတယ္လို႔ ခံယူတယ္။ ( ကိုယ္ႀကိဳက္လို႔ ကိုယ္ေ႐ြးထားတဲ့ လမ္းမွန္း သိပါတယ္။ အျပန္အလွန္ နားလည္မႈ ရွိေစခ်င္တာ)


တာဝန္ယူမႈ

=======


ခရစ္ယာန္ဘုန္းေတာ္ႀကီးတပါးကို သူတို႔ဘုရားေက်ာင္းက ပင့္ရင္.. 

အဲဒီဘုန္းႀကီးရဲ႕ က်န္းမာေရးအာမခံ၊ေနဖို႔ ထိုင္ဖို႔ကိစၥ ၊ သူတို႔မိသားစုအတြက္ ၿပီးေတာ့ လစဥ္အသုံးစရိတ္ အကုန္တာဝန္ယူရတယ္။


ဗုဒၶဘာသာမွာ ဘုန္းႀကီးေတြရဲ႕ က်န္းမာေရးအတြက္ တာဝန္ယူလား၊ 

ဘုန္းေတာ္ႀကီးေတြရဲ႕ လိုအပ္ခ်က္ေတြ ၊ ေနစဥ္လူေနမႈဘဝအတြက္ သုံးေနရတာေတြ တာဝန္ယူလား စဥ္းစားစရာ ။


အျပစ္ေျပာေနတာ မဟုတ္ဘူး။ တာဝန္ယူမႈအပိုင္းမွာသာ အားမထည့္တာ။ 

သူတို႔ေမွ်ာ္လင့္တဲ့ ဘုန္းေတာ္ႀကီးက်ေတာ့ ေျခာက္ပစ္ကင္း သဲလဲစင္ ေမွ်ာ္လင့္တတ္လို႔ ။


ဒါေပမယ့္ ဗုဒၶဘာသာနဲ႕ အျခားဘာသာဝင္ ဘုန္းေတာ္ႀကီးေတြ မတူညီၾကတာက ဗုဒၶဘာသာက သဒ္ဓါတရားကို အေျခခံတယ္။ သူတို႔ရဲ႕ ေမြးေန႕ သာေရး နာေရးႀကဳံလာရင္ လာလႉတယ္။ ခရစ္ယာန္မွာက ဆယ္ဖို႔ တဖို႔လႉၾကတယ္။ 


ဘုန္းေတာ္ႀကီးမ်ားတာဝန္က ဘာလဲ

======================


နိုင္ငံျခားေနတဲ့ ဘုန္းေတာ္ႀကီးတစ္ပါးဟာ အေမရိကန္ေတြ အျဖဴေတြ ဘာသာျခားေတြကို တရားေဟာဖို႔ ေနေနသာသာ ကိုယ့္လူကိုယ္ေတာင္ မနည္းထိန္းရတယ္။ 


(ဟိုဖက္ဘာသာက ေငြေပး ေထာက္ပံ့ ကူညီတာကို လိုခ်င္လို႔ ဟိုဘာသာကိုေျပာင္းတယ္။ ဟိုဘာသာမွာ ဆယ္ဖို႔ တစ္ဖို႔လႉရရင္ ဒီဖက္ကို ျပန္ေျပာင္းလာတယ္ "ဗုဒ္ ခရစ္"လို႔ ခ်စ္စနိုးနဲ႕ ရယ္စရာေျပာရတယ္)


ဆိုေတာ့.. ဘုန္းႀကီးတာဝန္က--


က) ဗုဒၶဘာသာ ယဥ္ေက်းမႈပြဲေတြ ဦးေဆာင္က်င္းပရတယ္၊

ခ) သူတို႔နဲ႕ သင့္ေလ်ာ္တဲ့ တရားေဟာေပးရတယ္၊

ဂ) သူတို႔ရဲ႕ လူမႈေရးကိစၥအခ်ိဳ႕ကို အကူအညီေပးတယ္၊

ဃ)မ်ိဳးဆက္သစ္ ကေလးေတြ ျမန္မာစကားေျပာတတ္ေအာင္ သင္တန္းေတြလုပ္ေပးတယ္

င) လူႀကီးေတြအတြက္ တရားထိုင္နည္းေတြ(အဘိဓမၼာသန္တန္းေတြ)

 သင္ေပးတယ္။

စ) ေက်ာင္းတိုက္ တိုးတက္မႈအတြက္ အားထည့္ၿပီး လုပ္ၾကရတယ္။

ဆ) အေႂကြးနဲ႕ဝယ္ယူထားတဲ့ ဘုန္းႀကီးေက်ာင္းကို အေႂကြးေက်ေအာင္ ဦးေဆာင္မႈေပးတယ္။

ဈ) ရံခါ အေမရိကန္ေတြ စာသင္ေက်ာင္းေတြ ေဆး႐ုံေတြကို သြားၿပီး ေဟာေျပာရတယ္။ 

ဒါဟာ ျမန္မာျပည္က လာတဲ့ ဘုန္းေတာ္ႀကီးေတြ လုပ္ရတဲ့ အလုပ္ပဲ ။


ကိုယ္ေ႐ြးခ်ယ္ထားတဲ့ ေနရာ၊ ကိုယ္ယုံၾကည္တဲ့လမ္းမို႔ ရဲရဲေလွ်ာက္တယ္။ ရဲရဲလုပ္တယ္။ ဘုန္းႀကီးေတြအေပၚ အနိုင္က်င့္တာေတြ ဘုန္းႀကီးေတြကို အလုပ္သမားလို သေဘာထားတာေတြေတြ႕ရရင္ စိတ္မေကာင္းဘူး။ 


တခုေတာ့ ရွိတာေပါ့ဗ်ာ.. ဘုန္းႀကီးက ဦးေဆာင္မႈမေပးနိုင္တာ၊ အရည္အေသြး ညံ့ဖ်င္းလြန္းတာမ်ားရင္ေတာ့ ဒကာ ဒကာမေတြက ေဝဖန္ ေလကန္မွာဘဲ ။ 


ႀကိဳက္ပါတယ္ ၊ ေခတ္သစ္ကမၻာရဲ႕ ေတာင္းဆိုမႈအရ--

 ဒကာ ဒကာမဖက္ကလဲ ပြင့္ပြင့္လင္းလင္းေျပာ၊ 

ဘုန္းေတာ္ႀကီးဘက္ကလဲ ပြင့္ပြင့္လင္းလင္းေျပာရတာ ပိုသေဘာက်တယ္။ 

ဒါမွ ဘုန္းေတာ္ႀကီးေတြဘဝ၊ လူေတြဖက္က အခက္အခဲကို အျပန္အလွန္ နားလည္လာမယ္ မဟုတ္လား ။


ငါေျပာတာ နားေထာင္ရမယ္။ ငါ့ျပန္မေျပာရဘူးဆိုတဲ့မူ ေယာႏြယ္မွာ မရွိဘူး ။ ေစာေစာက ေျပာသလိုေပါ့ ဒကာ ဒကာမဘက္ကလဲ ယုံၾကည္ရာ ဘာသာတရားအတြက္ ဘုန္းေတာ္ႀကီးေတြကို မွီတယ္။ 


ဘုန္းႀကီးဖက္ကလဲ ကိုယ္တိုင္ ေငြထြက္ရွာခြင့္မရွိတာမို႔ ပစၥည္းေလးပါးအတြက္ ဒကာ ဒကာမကို မွီတယ္။ အျပန္အလွန္ဘဲ ။


တာဝန္ယူမႈ တာဝန္ခံမႈကလည္း ႏွစ္ဖက္လုံးမွာ ရွိေနရမယ္။  

ဘယ္ဘုန္းႀကီးမွ ငါတေကာ ေကာခြင့္မရွိဘူး။ ဘယ္ဒကာ ဒကာမမွ လက္လြတ္စပယ္ ေျပာခြင့္မရွိဘူး။ ကိုယ့္လုပ္ရပ္ ကိုယ္တာဝန္ယူ။ ကိုယ့္စကားကို ကိုယ္တာဝန္ယူၾကရမွာဘဲ ။ 


ဘာသာေရးဟာ ၿငိမ္းခ်မ္းမႈဆီ ဦးတည္တာဘဲ ျဖစ္ရမယ္။ ဘာသာေရးေအာက္မွာ လူမ်ိဳးေရး မခြဲျခားနဲ႕။ သူ႕တာဝန္ ကိုယ့္တာဝန္ေက်ၿပီး ညီညီၫြတ္ၫြတ္ လက္တြဲလုပ္ရင္ အေမရိကန္ေျမေပၚမွာ ဗုဒၶဘာသာဘုန္းႀကီးေက်ာင္းေတြ ေရရွည္တည္တံ့ေနလိမ့္မယ္။ 


နိုင္ငံရပ္ျခားမွာ ေ႐ႊ႕ေျပာင္းျဖစ္တဲ့ ဒကာ ဒကာမေတြရဲ႕ မိသားစုတာဝန္၊ လူမႈေရးတာဝန္ကလည္း မလြယ္ကူလွဘူး။ 

ကိုယ္ယုံၾကည္ရာ ဘာသာေရးေက်ာင္းတစ္ခု ျဖစ္ဖို႔ဆိုတာ ပိုလို႔ေတာင္ ခက္ခဲပါတယ္။ ေဘးကေန ေလနဲ႕ ေဝဖန္မေနနဲ႕။ လက္ေတြ႕လုပ္ၾကည့္ သိလိမ့္မယ္။ 


ေဖ့စ္ဘုတ္ေပၚမွာ အလႉအတန္းပုံေလးပဲျမင္ၿပီး "သာယာလွေပသည္"လို႔ခ်ည္းလဲ မထင္သင့္ဘူး။ ထမင္းဟင္းကိုယ္တိုင္ခ်က္ရတယ္။ ျမက္ရိတ္ရတယ္။ အေဆာက္အဦး တည္ေဆာက္ေရးလုပ္ငန္းေတြ ကိုယ္တိုင္ဦးေဆာင္ရတယ္။ကားကိုယ္တိုင္ေမာင္းရတယ္။ ေက်ာင္းတိုက္သန႔္ရွင္းေရး ကိုယ္တိုင္လုပ္ၾကရတယ္။ 


ေယာႏြယ္လက္ရွိေနတဲ့ မာရွယ္ေတာင္းမွာေတာ့ လူညီတယ္။ 

အတင္းအဖ်င္းေျပာသူမရွိဘူး။ ပူးေပါင္းပါဝင္ၾကတယ္။ ေက်ာင္းတိုက္တိုးတက္ေရး ဝိုင္းလုပ္ၾကတယ္။ ေပ်ာ္စရာပါပဲ။ 


ေနာက္မ်ိဳးဆက္သစ္ ဗုဒၶဘာသာ ကေလးငယ္မ်ားနဲ႕ ေယာႏြယ္တို႔ရဲ႕ မ်ိဳးဆက္သစ္ သံဃာမ်ားလက္ထက္မွာ ဆက္လက္ထိန္းသိမ္းၿပီး ေရရွည္တည္တံေအာင္ ႀကိဳးစားေနလိမ့္မယ္လို႔ ေမွ်ာ္လင့္မိတယ္။ 


အဲဒီအတြက္ နိုင္ငံျခားေနတဲ့ ဘုန္းႀကီးေတြလဲ ရွိေနရမယ္။ တိုးပြားလာရမယ္။ ဒါမွ ကိုယ့္ဘာသာဝင္ေတြ သူတို႔ယုံၾကည္ရာ ဘာသာတရားကို နားလည္လိမ့္မယ္။ မ်ိဳးဆက္သစ္ကေလးမ်ား ယဥ္ေက်းမႈလြန္ဆြဲပြဲမွာ ဗုဒၶဘာသာနဲ႕ပတ္သက္ၿပီး နားလည္လက္ခံလိမ့္ၾကလိမ့္မယ္။ အဲလို နိုင္ငံရပ္ျခားေနတဲ့ ဘုန္းႀကီးေတြမရွိရင္ ဘုန္းႀကီးေက်ာင္းမရွိရင္ လြယ္လင့္တကူ ဘာသာေျပာင္းၾကလိမ့္မယ္ဆိုတာ သံသယျဖစ္စရာ မလိုဘူးေလ။ 


ဒါက အေမရိကန္ေန ဘုန္းေတာ္ႀကီးမ်ားနဲ႕ ဒကာ ဒကာမမ်ားရဲ႕ သာသနာ့ရႉ႕ေမွ်ာ္ခင္း အခင္းအက်င္း ကိုယ္ေတြ႕ေတြပါ ။


ေယာႏြယ္

Jan,29,2022

#YNNote

ေရးသားမွ်ေ၀သူ - အရွင္တိကၡ (ေခတၱ USA)