Monday, March 7, 2022

အာဏာရှင်စနစ် ဘယ်လိုလည်ပတ်သလဲ

 အာဏာရှင်စနစ် ဘယ်လိုလည်ပတ်သလဲ

...............




နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံတော် အာဏာကို ထိန်းပေးထားတယ်လို့ ဘယ်လိုပဲ ပြောပြော၊ ပြည်သူအပေါ်ဆက်ဆံတဲ့ပုံစံကတော့ အာဏာရှင်တို့ ပြုမူပုံနဲ့ တထေရာတည်းပါပဲ။ နောက်တကျော့ပြန်ပြီး အသက်၀င်လာတဲ့ အာဏာရှင်စနစ်ဟာ ရုပ်လုံးတော့ ပေါ်လာပါပြီ၊ ဒါပေမဲ့ ခုခံတော်လှန်မှုတွေ ရှိနေတဲ့အတွက် ယန္တရားက သေချာမလည်ပတ်နိုင်သေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အာဏာရှင်စနစ် ဘယ်လိုလည်ပတ်သလဲ ဆိုတာကို ရှင်းပြထားတဲ့ How Dictatorships Work: Power, Personalization and Collapse စာအုပ်အကြောင်း မျှဝေပေးချင်ပါတယ်။ ဒီစာအုပ်ကို ဖတ်ရင်း အာဏာရှင်စနစ်ကို ကောင်းကောင်းထိန်းကျောင်း လည်ပတ်နိုင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးခေတ်နဲ့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်တွေကို နှိုင်းယှဉ်ပြီး လေ့လာနိုင်ပါတယ်။ 

.

ဒီစာအုပ်ထဲမှာ အာဏာရှင်စနစ် ဘယ်လိုအလုပ်လုပ်သလဲ၊ လည်ပတ်သလဲ၊ အာဏာပါဝါဘယ်လို ထူထောင်ကြသလဲ၊ ပုဂ္ဂိုလ်အခြေပြုစိတ်ကြိုက် ဘယ်လိုခြယ်လှယ်သလဲနဲ့ အာဏာရှင်စနစ် ဘယ်လိုပြိုကျသွားသလဲဆိုတာတွေ ရေးထားပါတယ်။ ရေးတဲ့သူတွေက Barbara Geddes, Joseph Wright နဲ့ Erica Frantz တို့ပါ။ ဒီစာအုပ်ကို ဖတ်ဖြစ်သွားတာက Barbara Geddes ကို လေးစားသဘောကျမိလို့ပါ။ အာဏာရှင်စနစ်လေ့လာရေးမှာ သူဟာ အတော်လေး လက်တွေ့ကျကျ သုံးသပ်ပြနိုင်တယ်လို့ ခံစားမိပါတယ်။ သူ့ရဲ့ ရှေ့ကထွက်ထားပြီးသား နိုင်ငံတော်တည်ဆောက်ရေးနဲ့ နှိုင်းယှဉ်နိုင်ငံရေးဆိုင်ရာ စာအုပ်နဲ့ စာတမ်းတွေမှာလည်း Rational Choice နဲ့ဆက်နွှယ်ပြီး တော်တော်လေး ရေးထားပါတယ်၊ အခုစာအုပ်မှာလည်း အာဏာရှင်တို့ရဲ့ နိုင်ခြေယုတ္တိအပေါ် ရွေးချယ်မှုပြုတတ်ကြတဲ့အကြောင်း စောင်းပေးရေးပါတယ်။

.

ဒီစာအုပ်ကို ၁၉၄၆ ကနေ ၂၀၁၀ ခုနှစ်အထိ ကမ္ဘာ့နိုင်ငံအသီးသီးက အာဏာရှင်စနစ်အမျိုးမျိုး (တပါတီအာဏာရှင်၊ စစ်အာဏာရှင်၊ ပုဂ္ဂိုလ်အခြေပြုစိတ်ကြိုက်ခြယ်လှယ်သူ အာဏာရှင်) ကို အခြေခံလေ့လာပြီး ရေးထားပါတယ်။ အာဏာရှင်စနစ် စပြီးသန္ဓေတည် သက်၀င်ကျင့်သုံးချိန်ကနေ နောက်ဆုံးပြိုကျသွားတဲ့အချိန်၊ သို့မဟုတ် အသွင်ကူးပြောင်းလိုက်ရတဲ့အထိ အဆင့်ဆင့်ဖော်ပြထားပါတယ်။ သေချာတာကတော့ အာဏာရှင်စနစ်ဟာ အများစုထင်ကြသလို အမြဲတည်တံ့နေတာမျိုး မဟုတ်ပါဘူး၊ တချိန်ချိန်မှာ ပြိုကျသွားတယ်၊ သို့မဟုတ် အုပ်ချုပ်သူတွေက သူတို့အာဏာ သက်ဆိုးရှည်ရေးအတွက် ၀တျစုံပွောငျးပေးတတျကွပါတယျ။ 

.

ပထမဆုံးအဆင့်။ အာဏာရှင်စနစ် ဘယ်လိုအစပြုသလဲဆိုတော့ အာဏာသိမ်းမှုကြောင့်၊ နိုင်ငံခြားက ၀ငျရောကျကြူးကြောျမှုကွောငျ့၊ လူထုအုံကြွမှုကြောင့်၊ အုပ်ချုပ်သူအေလိထ်(elite) အပြောင်းအလဲကြောင့်၊ လက်နက်ကိုင်ပုန်ကန်မှုတို့ကြောင့်ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ စစ်တပ်အာဏာသိမ်းမှုဟာ အာဏာရှင်စနစ်ဖြစ်ပေါ်လာရခြင်းအတွက် အတော်လေး အကျုံး၀င်သက်ဆိုင်ပြီး လူထုအုံကြွမှုနဲ့ အုပ်ချုပ်သူအေလိထ်အပြောင်းအလဲကြောင့် အာဏာရှင်စနစ် ဖြစ်ပေါ်လာဖို့တော့ ရာခိုင်နှုန်းနည်းပါတယ်။ 

.

စာအုပ်ထဲမှာ မပါပေမယ့် အာဏာရှင်စနစ်နဲ့ အာဏာသိမ်းမှုတွေအကြောင်း ရေးထားတဲ့ တချို့စာအုပ်တွေမှာတော့ (ဥပမာ - ဆင်မြူရယ်လ်ဟန်တင်တန်ရဲ့ Political Order in Changing Societies စာအုပ်) အာဏာသိမ်းမှုတွေမှာ အကြောင်းပြချက် သုံးမျိုးရှိတတ်တယ်လို့ ဆိုကြပါတယ်။ ပထမက နိုင်ငံရေးအကွဲအပြဲတွေ၊ ပဋိပက္ခတွေကြောင့် နိုင်ငံတော်ကို ကယ်တင်ကာကွယ် စောင့်ရှောက်ဖို့ဆိုတဲ့ အကြောင်းပြချက်ပါ။ ဒုတိယအချက်ကတော့ နိုင်ငံရေးအခင်းအကျင်းအသစ် ဖန်တီးဖို့ ရာထူးအငယ်ပိုင်းမှာ တာ၀န်ထမ်းဆောင်နေသူတွေက အာဏာသိမ်းဖို့ ကြိုးစားကြတာပါ။ နောက်ဆုံးတခုက လူထုအုံကြွမှုတွေကို နှိမ်နင်းဖို့အတွက် အထက်တန်းလွှာ အသိုင်းအဝိုင်းတွေရဲ့ ထောက်ခံမှုနဲ့ အာဏာသိမ်းတာမျိုးပေါ့။ အကျဉ်းရုံးပြောရရင် အုပ်ချုပ်သူခေါင်းဆောင် ပြောင်းလဲဖို့ (လူပြောင်းဖို့) အာဏာသိမ်းတတ်သလို၊ အုပ်ချုပ်ရေးစနစ် ပြောင်းဖို့ (မူပြောင်းဖို့) လည်း အာဏာသိမ်းကြတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အာဏာသိမ်းမှု သုံးကြိမ်ဟာ ဘယ်လိုအမျိုးအစားထဲမှာ ပါသလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။

.

တခုသတိထားစရာက အာဏာသိမ်းတဲ့ ဖြစ်စဉ်ကို တဦးတယောက်တည်း ကြံစည်လုပ်ဆောင်လို့ မရပါဘူးဆိုတာကိုပါ။ တဦးတည်း ကောင်းစားဖို့အတွက် ကျန်တဲ့သူတွေက နောက်လိုက် လုပ်ရတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ စွန့်စားရတဲ့ကိစ္စမို့ နဂိုကတည်းက ကြိုတင်စီမံ အကွက်ချပြီး၊ ထောက်ခံသူလူတစုနဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။ ဒါကြောင့်လည်း အာဏာသိမ်းပြီးသွားလို့ အာဏာရလာတဲ့အခါ အတူပူးပေါင်းပါ၀င်ခဲ့တဲ့ အာဏာသိမ်းအုပ်စု အဖွဲ့၀င်တွေကြားမှာ အချင်းချင်း ပွတ်တိုက်မှုမရှိအောင် စဉ်းစားကြရပါတယ်။ ဒီအခါမှာ အဖွဲ့၀င်လူတစုဟာ ရာထူး၊ အာဏာ၊ စီးပွားဥစ္စာကို ဝေစားမျှစားဖို့ သဘောတူကြရတော့တာပဲ။ ဒီအဆင့်ကို အာဏာရှင်စနစ် ခိုင်မာအောင် ပြုလုပ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။ 

.

ဒီအဆင့်မှာ အာဏာရှင်အတွက် အကြပ်အတည်းတခု ရှိပါတယ်။ အဲဒါက သူ့အဖွဲ့၀င်တွေဟာ အချင်းချင်း မသင့်မြတ်၊ အပြိုင်အဆိုင်ဖြစ်နေကြရင် သူ့အတွက် အာဏာတည်မြဲဖို့ ခက်ခဲစေပါတယ်။ ဒါမှမဟုတ် အချင်းချင်း အရမ်းစည်းလုံးနေရင်လည်း အားလုံးစုစည်းပြီး သူ့ကို ပြန်ဖြုတ်ချမှာကို စိုးရိမ်ရပြန်တယ်။ အာဏာရှင်ဟာ ဒီနှစ်ခုကို သတိကြီးကြီးထားပြီး ကိုင်တွယ်ရပါတယ်။ နောက်တခုက လူမျိုးစုတွေနဲ့ ပတ်သက်ပြီးတော့လည်း စာအုပ်ထဲမှာ ရှင်းပြထားပါသေးတယ်။ လူမျိုးစုတွေကြားမှာ သပ်လျှိုပြီး အလွမ်းသင့်သူတချို့ကိုသာ အာဏာရှင်ဟာ အာဏာခွဲဝေပေးပါတယ်။ ဒီနည်းနဲ့ လူမျိုးစုတွေရဲ့ အင်အားကို ချိနဲ့စေပြီး သူ့ကို ပုန်ကန်မယ့်အခြေအနေတွေကိုလည်း အာဏာရှင်ဟာ ထိန်းချုပ်ထားလိုက်ပါတယ်။ ဒါ့အပြင် မျိုးနွယ်စုတွေကြားမှာ အချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်လာအောင်လည်း မီးမွေးတတ်ပါသေးတယ်။ ဥပမာ- ဥဘက်ကစ္စတန်နိုင်ငံမှာ ဆမားကန်းမျိုးနွယ်စုတို့ရဲ့ အကြီးအကဲ အစ္စမေးလ်ဂျူရာဘီကော့ရဲ့ ထောက်ခံမှုနဲ့ သမ္မတဖြစ်လာတဲ့ ကာရာမော့ဟာ အာဏာရလာပြီးနောက်ပိုင်းမှာ မျိုးနွယ်စုတွေအချင်းချင်းကြား ပွတ်တိုက်ပြိုင်ဆိုင်မှုတွေ များလာစေတဲ့နည်းနဲ့ သူ့အာဏာကို တည်မြဲစေခဲ့ပါတယ်။

.

အာဏာခိုင်မြဲအောင် တည်ဆောက်ခြင်းအဆင့်မှာ နောက်ထပ်စိတ်၀င်စားစရာကောင်းတဲ့ အချက်တချက် ရှိပါသေးတယ်။ ခုနက ပြောခဲ့သလို အာဏာသိမ်းတုန်းက ကြံရာပါအဖွဲ့ထဲက ခေါင်းဆောင်ဟာ အာဏာရှင်ဖြစ်လာပေမဲ့ သူ့အဖွဲ့သားတွေဟာ သူ့ကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့အနေအထား ရှိပါတယ်။ အဖွဲ့၀င်တွေဟာ ခေါင်းဆောင်ဖြစ်သူကို သူတို့ရဲ့  ကိုယ်ကျိုးစီးပွားကို အဓိက ဖော်ဆောင်ပေးဖို့ မျှော်လင့်ကြပါတယ်။ ခေါင်းဆောင်ကို ဖိအားပေးတဲ့အခါမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီအခါမှာ အာဏာရှင်ဟာ အဲဒီအဖွဲ့၀င်တွေရဲ့ သြဇာကနေ လွတ်အောင် ပုဂ္ဂိုလ်အခြေပြုစိတ်ကြိုက် အနေအထားကို ဖော်ဆောင်ဖို့ တဖြည်းဖြည်းအကဲစမ်း လာတော့တာပါပဲ။ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေမှာ သူ့သြဇာကို ချဲ့လာပါတယ်။ တပ်ဖွဲ့၀င်အသစ်တွေခန့်တာ၊ ရာထူးအသစ်တွေ ဖန်တီးတာ၊ လူခန့်တာတွေမှာ သူ့စိတ်ကြိုက် ခန့်နိုင်အောင်၊ ဒါမှမဟုတ် သူ့သဘောအတိုင်း ရာထူးအပြောင်းအလွဲတွေ လုပ်ပြီး တစတစ ချုပ်ကိုင်လာပါတော့တယ်။ အဲဒီလိုနည်းနဲ့ သူ့ကို သစ္စာခံတဲ့ အမာခံပဉ္စမံတပ်ဖွဲ့ကို ခါးပိုက်ဆောင်ထားလိုက်ပါတယ်။ 

.

နောက်ထပ်တနည်းကတော့ ပါတီထောင်တဲ့နည်းပါ။ အထူးသဖြင့် ပုဂ္ဂိုလ်အခြေပြု စိတ်ကြိုက်အာဏာထူထောင်တဲ့ အာဏာရှင်စနစ်မှာ ဒါမျိုး ရှိတတ်ပါတယ်။ ပါတီထောင်ပြီး တချို့တွေကို ပါတီဘက်ကို ကူးပြောင်းပေးတဲ့နည်းမျိုးနဲ့ အာဏာယန္တရားထဲမှာတောင် အာဏာရှင်လက်ထဲက လွဲပြီး တခြားနေရာမှာ အာဏာ စုစည်းမနေအောင် ဖန်တီးလိုက်ပါတယ်။ ပါတီထောင်ရခြင်း နောက်ထပ်အကြောင်းအရင်းတခုက သူတို့တွေဟာ အာဏာသိမ်းပြီးမှ အာဏာရလာသူတွေပါ။ လူထုထောက်ခံမှုနဲ့ ခေါင်းဆောင်ဖြစ်လာသူမဟုတ်တဲ့အတွက် တရား၀င်အစိုးရ မဟုတ်ပါဘူး။ ဒါကြောင့် တရား၀င်မှုရှိအောင် တချိန်မှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် အာဏာရှင်ဟာ ပါတီကို တည်ထောင်တာမျိုး လုပ်တတ်ပါတယ်။

.

နောက်တဆင့်ကတော့ အာဏာရှင်သန်ရေးအတွက် လုပ်ဆောင်ရတာပါ။ အာဏာခိုင်မြဲအောင် တည်ဆောက်ပြီးသွားရင် ဆက်လက်ပြီး ရှင်သန်အောင်၊ အာဏာအဓွန့်ရှည်တည်တံ့အောင် အာဏာရှင်တွေဟာ သူတို့ ဆိုးသက်ကို ဆွဲဆန့်ကြပါတယ်။ ဒီအဆင့်မှာ သူတို့ရင်ဆိုင်ရတာ နှစ်ခုရှိပါတယ်။ ပထမအချက်က သတင်းအချက်အလက် မှန်မှန်ကန်ကန် မရရှိနိုင်တာနဲ့ တန်ပြန်တော်လှန်မှုတွေ ဖြစ်မလာအောင် ဘယ်လိုဖိနှိပ်ထားမလဲဆိုတာပေါ့။ အာဏာရှင်ကို ကြောက်တဲ့အတွက် အောက်လက်ငယ်သာတွေဟာ အမှန်အတိုင်း မတင်ပြရဲကြတော့ဘူး။ ဒီအခါမှာ အာဏာရှင်ဟာ သူ့ရဲ့အကြွင်းမဲ့ပါဝါကို အထင်ကြီးစိတ် ၀ငျလာတာနဲ့အမြှ လူထုနဲ့ပိုမိုကင်းကွာလာပြီး ဆုံးဖြတ်ချက်တွေဟာလည်း တိုင်းပြည်ရဲ့ အနာနဲ့ ဆေး လွဲသလို လွဲချော်လာနိုင်ပါတယ်။ နောက်တခုက အဲဒီလိုသတင်းအချက်အလက် သေချာမရတဲ့အတွက် ဘယ်လောက်အတိုင်းအတာအထိ ဖိနှိပ်ထားရမလဲဆိုတာ မပေါ်လွင်တော့ပါဘူး။ အထူးသဖြင့် သူ့ပါဝါကို လှုပ်ကိုင်ပြီး အာဏာသိမ်းနိုင်ခြေရှိတဲ့ အုပ်စုတွေအကြောင်း သူ သိပ်မသိနိုင်တော့တာပေါ့။ အဲဒါကြောင့် အာဏာရှင်ဟာ အထူးလျှို့ဝှက်စုံစမ်းရေးအဖွဲ့တို့၊ ထောက်လှမ်းရေးအဖွဲ့တို့ကို ဖွဲ့စည်းပြီး တန်ပြန်ထောက်လှမ်းစုံစမ်းစေပါတယ်။

.

နောက်ဆုံးအဆင့်ကတော့ အာဏာရှင်ပြိုကျသွားတဲ့အဆင့်ပါ။ နောက်ထပ်အာဏာသိမ်းမှုကြောင့်၊ ရွေးကောက်ပွဲကြောင့်၊ လူထုအုံကြွမှုကြောင့်၊ ပြည်တွင်းစစ်ကြောင့်၊ အုပ်ချုပ်ရေးအဖွဲ့ထဲက အပြောင်းအလဲကြောင့်၊ နိုင်ငံခြားက ကျူးကျော်၀င်ရောက်မှုကြောင့် စတဲ့အချက်တွေကြောင့် အာဏာရှင်ဟာ ပြုတ်ကျသွားနိုင်သလို အာဏာရှင်စနစ်ကလည်း ချုပ်ငြိမ်းသွား၊ သို့မဟုတ် ပုံပြောင်းသွားနိုင်ပါတယ်။ အာဏာရှင်စနစ် ပြိုကျတာမဟုတ်ဘဲ အာဏာရှင်သာ ပြုတ်ကျတာဆိုရင်တော့ နောက်အသစ်လာမယ့် အာဏာရှင်ဟာ အထက်ကနည်းတွေအတိုင်း သူ့ပါဝါကို ပြန်တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့် အာဏာရှင်တချို့ဟာ အသေမထွက်ရရေးအတွက် ရွေးကောက်ပွဲ လုပ်ပေးတဲ့နည်းမျိုးနဲ့ အရေခွံပြောင်းပြီး တနည်းတဖုံ အာဏာသက်ကို ဆွဲဆန့်ကြပါတယ်။ 

.

တကယ်တော့ အာဏာရှင်ဟာ သူ့အာဏာသက်တည်မြဲရေးအတွက် ရာထူးခန့်အပ်တာ၊ ဖြုတ်ချတာ၊ လူမျိုးစု အထက်တန်းလွှာတွေနဲ့ ပေါင်းပြီးအာဏာခွဲဝေတာ၊ ပါတီထောင်တာ၊ အထူးလျှို့ဝှက် စုံစမ်းရေးတပ်ဖွဲ့ဖွဲ့တာ စတဲ့ နိင်ခြေအတွက် ယုတ္တိကျတဲ့ ရွေးချယ်မှုတွေ လုပ်တတ်သလို၊ သူ့အနီးအနားက လူတွေကလည်း အာဏာရှင်ကို ဆက်လက်ထောက်ခံရေး၊ မထောက်ခံရေးကိစ္စမှာ သူတို့ရဲ့ အကျိုးစီးပွားကို အမြဲတွက်ချက်နေတတ်ပါတယ်။ အဓိကကတော့ ဒီစာအုပ်ထဲမှာ အုပ်ချုပ်သူ အာဏာရှင်နဲ့ ပြည်သူတွေအကြားက အကြောင်းအရာထက်၊ အုပ်စိုးသူအလွှာမှာ အချင်းချင်းအကြားက အပြိုင်အဆိုင်တွေနဲ့ ယန္တရားတည်ဆောက်ပုံကိုသာ အဓိက ရေးထားပါတယ်။ ဒါကိုဖတ်ပြီး မြန်မာပြည်အခြေအနေနဲ့ နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်။ ဘယ်အချက်တွေနဲ့ အကျုံး၀င်ကိုက်ညီခဲ့သလဲ၊ ကိုက်ညီနေသလဲဆိုတာကိုပေါ့။

.

သော်တာအေးလဲ့

Dec 21, 2021



(Zawgyi)

အာဏာရွင္စနစ္ ဘယ္လိုလည္ပတ္သလဲ

...............




နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕ကစလို႔ နိုင္ငံေတာ္ အာဏာကို ထိန္းေပးထားတယ္လို႔ ဘယ္လိုပဲ ေျပာေျပာ၊ ျပည္သူအေပၚဆက္ဆံတဲ့ပုံစံကေတာ့ အာဏာရွင္တို႔ ျပဳမူပုံနဲ႕ တေထရာတည္းပါပဲ။ ေနာက္တေက်ာ့ျပန္ၿပီး အသက္၀င္လာတဲ့ အာဏာရွင္စနစ္ဟာ ႐ုပ္လုံးေတာ့ ေပၚလာပါၿပီ၊ ဒါေပမဲ့ ခုခံေတာ္လွန္မႈေတြ ရွိေနတဲ့အတြက္ ယႏၱရားက ေသခ်ာမလည္ပတ္နိုင္ေသးဘူးလို႔ ဆိုနိုင္ပါတယ္။ ဒါနဲ႕ပတ္သက္ၿပီး အာဏာရွင္စနစ္ ဘယ္လိုလည္ပတ္သလဲ ဆိုတာကို ရွင္းျပထားတဲ့ How Dictatorships Work: Power, Personalization and Collapse စာအုပ္အေၾကာင္း မွ်ေဝေပးခ်င္ပါတယ္။ ဒီစာအုပ္ကို ဖတ္ရင္း အာဏာရွင္စနစ္ကို ေကာင္းေကာင္းထိန္းေက်ာင္း လည္ပတ္နိုင္ခဲ့တဲ့ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီေခတ္၊ နိုင္ငံေတာ္ ၿငိမ္၀ပ္ပိျပားမႈ တည္ေဆာက္ေရးေခတ္နဲ႕ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီေခတ္ေတြကို ႏွိုင္းယွဥ္ၿပီး ေလ့လာနိုင္ပါတယ္။ 

.

ဒီစာအုပ္ထဲမွာ အာဏာရွင္စနစ္ ဘယ္လိုအလုပ္လုပ္သလဲ၊ လည္ပတ္သလဲ၊ အာဏာပါဝါဘယ္လို ထူေထာင္ၾကသလဲ၊ ပုဂၢိုလ္အေျချပဳစိတ္ႀကိဳက္ ဘယ္လိုျခယ္လွယ္သလဲနဲ႕ အာဏာရွင္စနစ္ ဘယ္လိုၿပိဳက်သြားသလဲဆိုတာေတြ ေရးထားပါတယ္။ ေရးတဲ့သူေတြက Barbara Geddes, Joseph Wright နဲ႕ Erica Frantz တို႔ပါ။ ဒီစာအုပ္ကို ဖတ္ျဖစ္သြားတာက Barbara Geddes ကို ေလးစားသေဘာက်မိလို႔ပါ။ အာဏာရွင္စနစ္ေလ့လာေရးမွာ သူဟာ အေတာ္ေလး လက္ေတြ႕က်က် သုံးသပ္ျပနိုင္တယ္လို႔ ခံစားမိပါတယ္။ သူ႕ရဲ႕ ေရွ႕ကထြက္ထားၿပီးသား နိုင္ငံေတာ္တည္ေဆာက္ေရးနဲ႕ ႏွိုင္းယွဥ္နိုင္ငံေရးဆိုင္ရာ စာအုပ္နဲ႕ စာတမ္းေတြမွာလည္း Rational Choice နဲ႕ဆက္ႏႊယ္ၿပီး ေတာ္ေတာ္ေလး ေရးထားပါတယ္၊ အခုစာအုပ္မွာလည္း အာဏာရွင္တို႔ရဲ႕ နိုင္ေျခယုတၱိအေပၚ ေ႐ြးခ်ယ္မႈျပဳတတ္ၾကတဲ့အေၾကာင္း ေစာင္းေပးေရးပါတယ္။

.

ဒီစာအုပ္ကို ၁၉၄၆ ကေန ၂၀၁၀ ခုႏွစ္အထိ ကမၻာ့နိုင္ငံအသီးသီးက အာဏာရွင္စနစ္အမ်ိဳးမ်ိဳး (တပါတီအာဏာရွင္၊ စစ္အာဏာရွင္၊ ပုဂၢိုလ္အေျချပဳစိတ္ႀကိဳက္ျခယ္လွယ္သူ အာဏာရွင္) ကို အေျခခံေလ့လာၿပီး ေရးထားပါတယ္။ အာဏာရွင္စနစ္ စၿပီးသႏၶေတည္ သက္၀င္က်င့္သုံးခ်ိန္ကေန ေနာက္ဆုံးၿပိဳက်သြားတဲ့အခ်ိန္၊ သို႔မဟုတ္ အသြင္ကူးေျပာင္းလိုက္ရတဲ့အထိ အဆင့္ဆင့္ေဖာ္ျပထားပါတယ္။ ေသခ်ာတာကေတာ့ အာဏာရွင္စနစ္ဟာ အမ်ားစုထင္ၾကသလို အၿမဲတည္တံ့ေနတာမ်ိဳး မဟုတ္ပါဘူး၊ တခ်ိန္ခ်ိန္မွာ ၿပိဳက်သြားတယ္၊ သို႔မဟုတ္ အုပ္ခ်ဳပ္သူေတြက သူတို႔အာဏာ သက္ဆိုးရွည္ေရးအတြက္ ၀တျစုံပွောငျးပေးတတျကွပါတယျ။ 

.

ပထမဆုံးအဆင့္။ အာဏာရွင္စနစ္ ဘယ္လိုအစျပဳသလဲဆိုေတာ့ အာဏာသိမ္းမႈေၾကာင့္၊ နိုင္ငံျခားက ၀ငျရောကျကြူးကြောျမှုကွောငျ့၊ လူထုအုံႂကြမႈေၾကာင့္၊ အုပ္ခ်ဳပ္သူေအလိထ္(elite) အေျပာင္းအလဲေၾကာင့္၊ လက္နက္ကိုင္ပုန္ကန္မႈတို႔ေၾကာင့္ျဖစ္တယ္လို႔ ရွင္းျပထားပါတယ္။ စစ္တပ္အာဏာသိမ္းမႈဟာ အာဏာရွင္စနစ္ျဖစ္ေပၚလာရျခင္းအတြက္ အေတာ္ေလး အက်ဳံး၀င္သက္ဆိုင္ၿပီး လူထုအုံႂကြမႈနဲ႕ အုပ္ခ်ဳပ္သူေအလိထ္အေျပာင္းအလဲေၾကာင့္ အာဏာရွင္စနစ္ ျဖစ္ေပၚလာဖို႔ေတာ့ ရာခိုင္ႏႈန္းနည္းပါတယ္။ 

.

စာအုပ္ထဲမွာ မပါေပမယ့္ အာဏာရွင္စနစ္နဲ႕ အာဏာသိမ္းမႈေတြအေၾကာင္း ေရးထားတဲ့ တခ်ိဳ႕စာအုပ္ေတြမွာေတာ့ (ဥပမာ - ဆင္ျမဴရယ္လ္ဟန္တင္တန္ရဲ႕ Political Order in Changing Societies စာအုပ္) အာဏာသိမ္းမႈေတြမွာ အေၾကာင္းျပခ်က္ သုံးမ်ိဳးရွိတတ္တယ္လို႔ ဆိုၾကပါတယ္။ ပထမက နိုင္ငံေရးအကြဲအၿပဲေတြ၊ ပဋိပကၡေတြေၾကာင့္ နိုင္ငံေတာ္ကို ကယ္တင္ကာကြယ္ ေစာင့္ေရွာက္ဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္ပါ။ ဒုတိယအခ်က္ကေတာ့ နိုင္ငံေရးအခင္းအက်င္းအသစ္ ဖန္တီးဖို႔ ရာထူးအငယ္ပိုင္းမွာ တာ၀န္ထမ္းေဆာင္ေနသူေတြက အာဏာသိမ္းဖို႔ ႀကိဳးစားၾကတာပါ။ ေနာက္ဆုံးတခုက လူထုအုံႂကြမႈေတြကို ႏွိမ္နင္းဖို႔အတြက္ အထက္တန္းလႊာ အသိုင္းအဝိုင္းေတြရဲ႕ ေထာက္ခံမႈနဲ႕ အာဏာသိမ္းတာမ်ိဳးေပါ့။ အက်ဥ္း႐ုံးေျပာရရင္ အုပ္ခ်ဳပ္သူေခါင္းေဆာင္ ေျပာင္းလဲဖို႔ (လူေျပာင္းဖို႔) အာဏာသိမ္းတတ္သလို၊ အုပ္ခ်ဳပ္ေရးစနစ္ ေျပာင္းဖို႔ (မူေျပာင္းဖို႔) လည္း အာဏာသိမ္းၾကတဲ့ ျဖစ္စဥ္ေတြရွိပါတယ္။ ျမန္မာနိုင္ငံမွာ ႀကဳံေတြ႕ခဲ့ရတဲ့ အာဏာသိမ္းမႈ သုံးႀကိမ္ဟာ ဘယ္လိုအမ်ိဳးအစားထဲမွာ ပါသလဲဆိုတာ စဥ္းစားၾကည့္နိုင္ပါတယ္။

.

တခုသတိထားစရာက အာဏာသိမ္းတဲ့ ျဖစ္စဥ္ကို တဦးတေယာက္တည္း ႀကံစည္လုပ္ေဆာင္လို႔ မရပါဘူးဆိုတာကိုပါ။ တဦးတည္း ေကာင္းစားဖို႔အတြက္ က်န္တဲ့သူေတြက ေနာက္လိုက္ လုပ္ရတယ္ဆိုတာမ်ိဳး မဟုတ္ပါဘူး။ စြန့္စားရတဲ့ကိစၥမို႔ နဂိုကတည္းက ႀကိဳတင္စီမံ အကြက္ခ်ၿပီး၊ ေထာက္ခံသူလူတစုနဲ႕ ပူးေပါင္းေဆာင္႐ြက္ရပါတယ္။ ဒါေၾကာင့္လည္း အာဏာသိမ္းၿပီးသြားလို႔ အာဏာရလာတဲ့အခါ အတူပူးေပါင္းပါ၀င္ခဲ့တဲ့ အာဏာသိမ္းအုပ္စု အဖြဲ႕၀င္ေတြၾကားမွာ အခ်င္းခ်င္း ပြတ္တိုက္မႈမရွိေအာင္ စဥ္းစားၾကရပါတယ္။ ဒီအခါမွာ အဖြဲ႕၀င္လူတစုဟာ ရာထူး၊ အာဏာ၊ စီးပြားဥစၥာကို ေဝစားမွ်စားဖို႔ သေဘာတူၾကရေတာ့တာပဲ။ ဒီအဆင့္ကို အာဏာရွင္စနစ္ ခိုင္မာေအာင္ ျပဳလုပ္ျခင္းလို႔ အဓိပၸာယ္ဖြင့္ထားပါတယ္။ 

.

ဒီအဆင့္မွာ အာဏာရွင္အတြက္ အၾကပ္အတည္းတခု ရွိပါတယ္။ အဲဒါက သူ႕အဖြဲ႕၀င္ေတြဟာ အခ်င္းခ်င္း မသင့္ျမတ္၊ အၿပိဳင္အဆိုင္ျဖစ္ေနၾကရင္ သူ႕အတြက္ အာဏာတည္ၿမဲဖို႔ ခက္ခဲေစပါတယ္။ ဒါမွမဟုတ္ အခ်င္းခ်င္း အရမ္းစည္းလုံးေနရင္လည္း အားလုံးစုစည္းၿပီး သူ႕ကို ျပန္ျဖဳတ္ခ်မွာကို စိုးရိမ္ရျပန္တယ္။ အာဏာရွင္ဟာ ဒီႏွစ္ခုကို သတိႀကီးႀကီးထားၿပီး ကိုင္တြယ္ရပါတယ္။ ေနာက္တခုက လူမ်ိဳးစုေတြနဲ႕ ပတ္သက္ၿပီးေတာ့လည္း စာအုပ္ထဲမွာ ရွင္းျပထားပါေသးတယ္။ လူမ်ိဳးစုေတြၾကားမွာ သပ္လွ်ိုၿပီး အလြမ္းသင့္သူတခ်ိဳ႕ကိုသာ အာဏာရွင္ဟာ အာဏာခြဲေဝေပးပါတယ္။ ဒီနည္းနဲ႕ လူမ်ိဳးစုေတြရဲ႕ အင္အားကို ခ်ိနဲ႕ေစၿပီး သူ႕ကို ပုန္ကန္မယ့္အေျခအေနေတြကိုလည္း အာဏာရွင္ဟာ ထိန္းခ်ဳပ္ထားလိုက္ပါတယ္။ ဒါ့အျပင္ မ်ိဳးႏြယ္စုေတြၾကားမွာ အခ်င္းခ်င္း ၿပိဳင္ဆိုင္မႈျပင္းထန္လာေအာင္လည္း မီးေမြးတတ္ပါေသးတယ္။ ဥပမာ- ဥဘက္ကစၥတန္နိုင္ငံမွာ ဆမားကန္းမ်ိဳးႏြယ္စုတို႔ရဲ႕ အႀကီးအကဲ အစၥေမးလ္ဂ်ဴရာဘီေကာ့ရဲ႕ ေထာက္ခံမႈနဲ႕ သမၼတျဖစ္လာတဲ့ ကာရာေမာ့ဟာ အာဏာရလာၿပီးေနာက္ပိုင္းမွာ မ်ိဳးႏြယ္စုေတြအခ်င္းခ်င္းၾကား ပြတ္တိုက္ၿပိဳင္ဆိုင္မႈေတြ မ်ားလာေစတဲ့နည္းနဲ႕ သူ႕အာဏာကို တည္ၿမဲေစခဲ့ပါတယ္။

.

အာဏာခိုင္ၿမဲေအာင္ တည္ေဆာက္ျခင္းအဆင့္မွာ ေနာက္ထပ္စိတ္၀င္စားစရာေကာင္းတဲ့ အခ်က္တခ်က္ ရွိပါေသးတယ္။ ခုနက ေျပာခဲ့သလို အာဏာသိမ္းတုန္းက ႀကံရာပါအဖြဲ႕ထဲက ေခါင္းေဆာင္ဟာ အာဏာရွင္ျဖစ္လာေပမဲ့ သူ႕အဖြဲ႕သားေတြဟာ သူ႕ကို အခ်ိန္မေ႐ြး ဒုကၡေပးနိုင္တဲ့အေနအထား ရွိပါတယ္။ အဖြဲ႕၀င္ေတြဟာ ေခါင္းေဆာင္ျဖစ္သူကို သူတို႔ရဲ႕ ကိုယ္က်ိဳးစီးပြားကို အဓိက ေဖာ္ေဆာင္ေပးဖို႔ ေမွ်ာ္လင့္ၾကပါတယ္။ ေခါင္းေဆာင္ကို ဖိအားေပးတဲ့အခါမ်ိဳးေတြလည္း ရွိနိုင္ပါတယ္။ ဒီအခါမွာ အာဏာရွင္ဟာ အဲဒီအဖြဲ႕၀င္ေတြရဲ႕ ၾသဇာကေန လြတ္ေအာင္ ပုဂၢိုလ္အေျချပဳစိတ္ႀကိဳက္ အေနအထားကို ေဖာ္ေဆာင္ဖို႔ တျဖည္းျဖည္းအကဲစမ္း လာေတာ့တာပါပဲ။ စီးပြားေရး၊ နိုင္ငံေရးနယ္ပယ္ေတြမွာ သူ႕ၾသဇာကို ခ်ဲ့လာပါတယ္။ တပ္ဖြဲ႕၀င္အသစ္ေတြခန့္တာ၊ ရာထူးအသစ္ေတြ ဖန္တီးတာ၊ လူခန့္တာေတြမွာ သူ႕စိတ္ႀကိဳက္ ခန့္နိုင္ေအာင္၊ ဒါမွမဟုတ္ သူ႕သေဘာအတိုင္း ရာထူးအေျပာင္းအလြဲေတြ လုပ္ၿပီး တစတစ ခ်ဳပ္ကိုင္လာပါေတာ့တယ္။ အဲဒီလိုနည္းနဲ႕ သူ႕ကို သစၥာခံတဲ့ အမာခံပၪၥမံတပ္ဖြဲ႕ကို ခါးပိုက္ေဆာင္ထားလိုက္ပါတယ္။ 

.

ေနာက္ထပ္တနည္းကေတာ့ ပါတီေထာင္တဲ့နည္းပါ။ အထူးသျဖင့္ ပုဂၢိုလ္အေျချပဳ စိတ္ႀကိဳက္အာဏာထူေထာင္တဲ့ အာဏာရွင္စနစ္မွာ ဒါမ်ိဳး ရွိတတ္ပါတယ္။ ပါတီေထာင္ၿပီး တခ်ိဳ႕ေတြကို ပါတီဘက္ကို ကူးေျပာင္းေပးတဲ့နည္းမ်ိဳးနဲ႕ အာဏာယႏၱရားထဲမွာေတာင္ အာဏာရွင္လက္ထဲက လြဲၿပီး တျခားေနရာမွာ အာဏာ စုစည္းမေနေအာင္ ဖန္တီးလိုက္ပါတယ္။ ပါတီေထာင္ရျခင္း ေနာက္ထပ္အေၾကာင္းအရင္းတခုက သူတို႔ေတြဟာ အာဏာသိမ္းၿပီးမွ အာဏာရလာသူေတြပါ။ လူထုေထာက္ခံမႈနဲ႕ ေခါင္းေဆာင္ျဖစ္လာသူမဟုတ္တဲ့အတြက္ တရား၀င္အစိုးရ မဟုတ္ပါဘူး။ ဒါေၾကာင့္ တရား၀င္မႈရွိေအာင္ တခ်ိန္မွာ ေ႐ြးေကာက္ပြဲလုပ္ဖို႔အတြက္ အာဏာရွင္ဟာ ပါတီကို တည္ေထာင္တာမ်ိဳး လုပ္တတ္ပါတယ္။

.

ေနာက္တဆင့္ကေတာ့ အာဏာရွင္သန္ေရးအတြက္ လုပ္ေဆာင္ရတာပါ။ အာဏာခိုင္ၿမဲေအာင္ တည္ေဆာက္ၿပီးသြားရင္ ဆက္လက္ၿပီး ရွင္သန္ေအာင္၊ အာဏာအဓြန့္ရွည္တည္တံ့ေအာင္ အာဏာရွင္ေတြဟာ သူတို႔ ဆိုးသက္ကို ဆြဲဆန့္ၾကပါတယ္။ ဒီအဆင့္မွာ သူတို႔ရင္ဆိုင္ရတာ ႏွစ္ခုရွိပါတယ္။ ပထမအခ်က္က သတင္းအခ်က္အလက္ မွန္မွန္ကန္ကန္ မရရွိနိုင္တာနဲ႕ တန္ျပန္ေတာ္လွန္မႈေတြ ျဖစ္မလာေအာင္ ဘယ္လိုဖိႏွိပ္ထားမလဲဆိုတာေပါ့။ အာဏာရွင္ကို ေၾကာက္တဲ့အတြက္ ေအာက္လက္ငယ္သာေတြဟာ အမွန္အတိုင္း မတင္ျပရဲၾကေတာ့ဘူး။ ဒီအခါမွာ အာဏာရွင္ဟာ သူ႕ရဲ႕အႂကြင္းမဲ့ပါဝါကို အထင္ႀကီးစိတ္ ၀ငျလာတာနဲ့အမြှ လူထုနဲ႕ပိုမိုကင္းကြာလာၿပီး ဆုံးျဖတ္ခ်က္ေတြဟာလည္း တိုင္းျပည္ရဲ႕ အနာနဲ႕ ေဆး လြဲသလို လြဲေခ်ာ္လာနိုင္ပါတယ္။ ေနာက္တခုက အဲဒီလိုသတင္းအခ်က္အလက္ ေသခ်ာမရတဲ့အတြက္ ဘယ္ေလာက္အတိုင္းအတာအထိ ဖိႏွိပ္ထားရမလဲဆိုတာ မေပၚလြင္ေတာ့ပါဘူး။ အထူးသျဖင့္ သူ႕ပါဝါကို လႈပ္ကိုင္ၿပီး အာဏာသိမ္းနိုင္ေျခရွိတဲ့ အုပ္စုေတြအေၾကာင္း သူ သိပ္မသိနိုင္ေတာ့တာေပါ့။ အဲဒါေၾကာင့္ အာဏာရွင္ဟာ အထူးလွ်ို႔ဝွက္စုံစမ္းေရးအဖြဲ႕တို႔၊ ေထာက္လွမ္းေရးအဖြဲ႕တို႔ကို ဖြဲ႕စည္းၿပီး တန္ျပန္ေထာက္လွမ္းစုံစမ္းေစပါတယ္။

.

ေနာက္ဆုံးအဆင့္ကေတာ့ အာဏာရွင္ၿပိဳက်သြားတဲ့အဆင့္ပါ။ ေနာက္ထပ္အာဏာသိမ္းမႈေၾကာင့္၊ ေ႐ြးေကာက္ပြဲေၾကာင့္၊ လူထုအုံႂကြမႈေၾကာင့္၊ ျပည္တြင္းစစ္ေၾကာင့္၊ အုပ္ခ်ဳပ္ေရးအဖြဲ႕ထဲက အေျပာင္းအလဲေၾကာင့္၊ နိုင္ငံျခားက က်ဴးေက်ာ္၀င္ေရာက္မႈေၾကာင့္ စတဲ့အခ်က္ေတြေၾကာင့္ အာဏာရွင္ဟာ ျပဳတ္က်သြားနိုင္သလို အာဏာရွင္စနစ္ကလည္း ခ်ဳပ္ၿငိမ္းသြား၊ သို႔မဟုတ္ ပုံေျပာင္းသြားနိုင္ပါတယ္။ အာဏာရွင္စနစ္ ၿပိဳက်တာမဟုတ္ဘဲ အာဏာရွင္သာ ျပဳတ္က်တာဆိုရင္ေတာ့ ေနာက္အသစ္လာမယ့္ အာဏာရွင္ဟာ အထက္ကနည္းေတြအတိုင္း သူ႕ပါဝါကို ျပန္တည္ေဆာက္နိုင္ပါတယ္။ ဒါေၾကာင့္ အာဏာရွင္တခ်ိဳ႕ဟာ အေသမထြက္ရေရးအတြက္ ေ႐ြးေကာက္ပြဲ လုပ္ေပးတဲ့နည္းမ်ိဳးနဲ႕ အေရခြံေျပာင္းၿပီး တနည္းတဖုံ အာဏာသက္ကို ဆြဲဆန့္ၾကပါတယ္။ 

.

တကယ္ေတာ့ အာဏာရွင္ဟာ သူ႕အာဏာသက္တည္ၿမဲေရးအတြက္ ရာထူးခန့္အပ္တာ၊ ျဖဳတ္ခ်တာ၊ လူမ်ိဳးစု အထက္တန္းလႊာေတြနဲ႕ ေပါင္းၿပီးအာဏာခြဲေဝတာ၊ ပါတီေထာင္တာ၊ အထူးလွ်ို႔ဝွက္ စုံစမ္းေရးတပ္ဖြဲ႕ဖြဲ႕တာ စတဲ့ နိင္ေျခအတြက္ ယုတၱိက်တဲ့ ေ႐ြးခ်ယ္မႈေတြ လုပ္တတ္သလို၊ သူ႕အနီးအနားက လူေတြကလည္း အာဏာရွင္ကို ဆက္လက္ေထာက္ခံေရး၊ မေထာက္ခံေရးကိစၥမွာ သူတို႔ရဲ႕ အက်ိဳးစီးပြားကို အၿမဲတြက္ခ်က္ေနတတ္ပါတယ္။ အဓိကကေတာ့ ဒီစာအုပ္ထဲမွာ အုပ္ခ်ဳပ္သူ အာဏာရွင္နဲ႕ ျပည္သူေတြအၾကားက အေၾကာင္းအရာထက္၊ အုပ္စိုးသူအလႊာမွာ အခ်င္းခ်င္းအၾကားက အၿပိဳင္အဆိုင္ေတြနဲ႕ ယႏၱရားတည္ေဆာက္ပုံကိုသာ အဓိက ေရးထားပါတယ္။ ဒါကိုဖတ္ၿပီး ျမန္မာျပည္အေျခအေနနဲ႕ ႏွိုင္းယွဥ္သုံးသပ္နိုင္ပါတယ္။ ဘယ္အခ်က္ေတြနဲ႕ အက်ဳံး၀င္ကိုက္ညီခဲ့သလဲ၊ ကိုက္ညီေနသလဲဆိုတာကိုေပါ့။

.

ေသာ္တာေအးလဲ့

Dec 21, 2021

No comments: