Tuesday, March 29, 2022

ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .

ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .




#စိတ်ပိုင်းဆိုင်ရာပြဿနာများ

#စိတ်ကျန်းမာရေး


#စာရေးသူ Dr. Htet Htet Zaw Win မှ ရေးသားသည်။

#Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။


ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .


ဖေ့ဘွတ်မှာ ပို့စ်လေးတစ်ခုပေါ်လာလို့ ဖတ်မိတာ

ကလေးမလေးက ဘုရားရှိခိုးတိုင်း ဘုရားကို စေ့စေ့ကြည့်မိရင် ပြစ်မှားလိုစိတ်ပေါ်လာလို့တဲ့။ တခြားအချိန်တွေ သောက်တော်ရေကပ်၊ ပန်းလဲဆိုအကောင်း။ ဘုရားရှိခိုးမယ်။ တရားထိုင်မယ်လို့ အာရုံပြုလိုက်တာနဲ့ စပြီ။ စိတ်ထဲမှာ အလိုလိုနေရင်း ပြစ်မှားချင်စိတ်တွေ ပေါ်လာတယ်။


နောက်တစ်ယောက်ကတော့ ဆေးခန်းလာပြတာ။ ဘုရားပုံတော်ကို မြင်လိုက်တာနဲ့ မဟုတ်တဲ့ စိတ်တွေ ပေါ်လာလို့တဲ့။ မမြင်ရင်အကောင်းအတိုင်းပဲ။ တခြားလူတွေလိုပဲ နေထိုင်သွားလာလို့ရတယ်။


ဒီကိစ္စတွေကို တွေးကြည့်ရင် ဒီလူတွေကို ဝဋ်နာ ကံနာတွေ၊ အကုသိုလ်ကြီးလိုက်တဲ့သူတွေ၊ ပေါက်ကရတွေးတတ်တဲ့သူတွေ၊ ငရဲကြီးမယ့်သူတွေလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါတကယ်ပဲလား။


OCD (Obsessive-Compulsive Disorder)ဆို ကြားဖူးကြလားမသိ။ စိတ်စွဲလမ်းလွန်ရောဂါလို့ ခေါ်တာပေါ့။ တစ်ခုခုကို မထိန်းချုပ်နိုင်ဘဲ ထပ်ခါထပ်ခါ လုပ်မိနေတာ (Compulsion)၊ မသင့်တော်မှန်း သိပါရက်နဲ့ မတွေးနိုင်အောင်၊ မလုပ်နိုင်အောင် စွဲလမ်းနေတာမျိုးပေါ့ (Obsession)။


သန့်ပြီးသားလက်ကို ခဏခဏဆေးနေမိတာ၊ ပိတ်ပြီးသားမီးကို ခဏခဏ ထစစ်နေတာ စတာမျိုးပေါ့။ သန့်နေမှန်းလည်း သိတယ်၊ ပိတ်ပြီးသားမှန်းလည်း သိပေမယ့် မထိန်းနိုင်ဘဲ ခဏခဏ လုပ်နေမိတာမျိုးပေါ့။ ဒါတွေကလည်း OCDအမျိုးအစားပါပဲ။


ခုဖြစ်နေတဲ့ ဘုရားပုံတော်တွေမြင်တိုင်း ပြစ်မှားနေမိတာလည်း OCDပေါင်းများစွာထဲက တစ်ခုပါပဲ။ OCDထဲမှာ လိင်စိတ်နဲ့ သက်ဆိုင်တဲ့ OCD (Sexual OCD)ဆိုတာမျိုးလည်း ရှိပါတယ်။ တားမြစ်ထားတဲ့၊ မဖြစ်သင့်တဲ့ အရာကိုမှ လုပ်ချင်နေတာမျိုးပေါ့။ ဥပမာ တိရစ္ဆာန်နဲ့ ဆက်ဆံချင်တာ၊ ဖောက်ပြန်ချင်တာ၊ လိင်ကျွန်တစ်ယောက်လိုဆက်ဆံခံချင်တာ၊ ခုပြောတဲ့ ဘုရားပုံတော်တွေကို မြင်တိုင်း စိတ်ဖောက်ပြန်နေတာမျိုးပေါ့။


Sexual OCDနဲ့ Sexual fantasies (ထူးဆန်းတဲ့ လိင်မှုကိစ္စတွေကို လုပ်တာ)နဲ့ မတူပါဘူး။ Sexual OCDတွေက သူတို့မှာ ဒီစိတ်ပေါ်လာတာ မသင့်တော်မှန်းသိတယ်။ သိတော့ စိတ်ကို အတင်းဖျောက်ပစ်တယ်။ ဒါပေမယ့် မထိန်းချုပ်နိုင်ဘဲ ခဏခဏတွေးနေမိတာပါ။ သူတို့အနေနဲ့ ဒီလိုတွေးနေရာကနေ ဘယ်တော့များ တကယ်လုပ်မိသွားမလဲဆိုပြီး အမြဲတမ်း စိုးရိမ်နေရပါတယ်။ တကယ်မလုပ်မိအောင် ထိန်းနေကြပါတယ်။ အရင်းခံစိတ်က လုပ်ချင်နေတာ မဟုတ်ပါဘူး။ ဒီလို စိတ်တွေ ပေါ်လာတာကို ဖွင့်ထုတ်နိုင်ဖို့ အပြာကားတွေ ကြည့်ပစ်တာ၊ ကိုယ့်ကိုယ်ကို အာသာဖြေတာတွေ လုပ်တတ်ကြပါတယ်။


Sexual fantasiesကတော့ လိင်မှုကိစ္စအထူးအဆန်းတွေကို ကြိုက်လို့ကို လုပ်နေတာမျိုးပါ။ ဒီနှစ်ခု မတူပါဘူး။ ဒါဆို မုဒိန်းသမားတိုင်းက Sexual OCDရှိနေတာလား။ ဒီလို မဟုတ်ပါဘူး။ စိတ်ရောဂါကြောင့်လား။ လုပ်ချင်လိူ့ လုပ်နေတာလားဆိုတာ သေချာဆန်းစစ်ပြီး ခွဲခြားလို့ရပါတယ်။


လေ့လာချက်တွေအရတော့ OCDရောဂါရှိတဲ့သူတွေရဲ့ ၆-၂၄% လောက်က Sexual OCDကို ခံစားရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒါထက်ပိုများနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဖွင့်ပြောတဲ့သူက ရှားတာကိုး။ အမျိုးသားတွေ ပိုဖြစ်တယ်လို့ စာရင်းတွေမှာ တွေ့ရပေမယ့် အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ ဖွင့်မပြောလို့သာ မသိတာပါ။


နောက်ဆက်တွဲဆိုးကျိုးတွေက

တကယ်တော့ စိတ်ရောဂါသက်သက်ပဲ ဖြစ်ပြီး ကုလိုက်တော့လည်း သက်သာသွားတာပါပဲ။ ဒါပေမယ့် ဒါကို ရောဂါလို့ မသိတဲ့အတွက် ထုတ်ဖော်မပြောကြပါဘူး။ ဘယ်သူ့ကိုမှ မပြောဘဲ တစ်ယောက်တည်းကျိတ်ပြီး စိတ်ဒုက္ခရောက်နေတာမျိုးပါ။


ပြောပြလိုက်ရင် အထင်သေးခံရမလား။ လိင်ကိစ္စပဲ ခေါင်းထဲရှိနေတဲ့သူလို့ ပြောမလား။ ဘာသာရေးနဲ့လည်း ဆက်နွယ်နေတော့ ငရဲကြီးတော့မှာပဲ။ အပြစ်တွေ ဖြစ်လာတော့မှာပဲ။ပတ်ဝန်းကျင်က ကျဉ်တော့မှာပဲဆိုပြီး မပြောကြပါဘူး။


နောက်ဆက်တွဲအနေနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ အာရုံပျောက်အောင် အပြာကားတွေ ကြည့်ရာက စွဲလမ်းသွားတာတွေ၊ နောက်ဆုံး မခံနိုင်တော့ဘဲ အဆုံးစီရင်သွားတာတွေအထိ ဖြစ်တတ်ပါတယ်။


ဒါကြောင့် တစ်ယောက်ယောက်က ဒီလိုပြောလာပြီဆိုရင် ပတ်ဝန်းကျင်အနေနဲ့ ဒါဟာ စိတ်ကျန်းမာရေးပြဿနာ၊ ကုသလိုက်ရင် ရတယ်ဆိုတာမျိုး မြင်ကြည့်ပေးပါ။ လူနာကို မကျဉ်ဖို့၊ ထူးဆန်းတဲ့သူလို မဆက်ဆံဖို့ လိုပါတယ်။


လူနာတွေအတွက် သတင်းစကား

ခုလောက်ထိ ဖတ်လာပြီးရင် ကိုယ်ခံစားနေရတာ စိတ်ရောဂါတစ်မျိုးဆိုတာ သိလောက်ပါပြီ။ စိတ်ရောဂါဆရာဝန်တွေဆီမှာ ဒီလိုလူနာတွေ အများကြီး ရှိပါတယ်။ ကိုယ်က ပထမဆုံး မဟုတ်ပါဘူး။ ဒါကြောင့် သက်သောင့်သက်သာနဲ့ ဆွေးနွေးမှု ခံယူပြီး ကုသမှု စတင်လိုက်ပါ။ ကုသမှုနည်းလမ်းတွေကတော့ စိတ်ပိုင်းဆိုင်ရာ သက်သာအောင် စကားပြောဆွေးနွေးတာတွေ၊ ဆေးဝါးနဲ့ ကုသတာတွေ အများကြီး ရှိပါတယ်။


ကိုယ်တိုင် လုပ်နိုင်တာတွေကတော့


-အာရုံပြောင်းတာ


ဘုရားရှေ့ရောက်လို့ ဒီအတွေးတွေ ဝင်လာပြီဆို တခြားနေရာကို ထွက်သွားပြီး တစ်ခုခုလုပ်လိုက်ပါ။ အတွေးတွေကို အတင်း မချိုးနှိမ်ပါနဲ့။ စိတ်ရဲ့ သဘောက မေ့ပစ်ချင်လေလေ မှတ်မိလေလေပါ။ ဒါကြောင့် အတွေးတွေကို မတွေးမိအောင် ထိန်းချုပ်မယ့်အစား တခြားတစ်ခုခုပြောင်းပြီး တွေးလိုက်ပါ။


-အတွေးတွေကို ရေးချပါ။


အတွေးတွေ ပေါ်လာပြီဆိုတာနဲ့ ဘာတွေးလိုက်မိတယ်ဆိုတာကို ရေးချပါ။ ဆေးကုသရင်း တဖြည်းဖြည်းကောင်းလာတဲ့အခါ ရေးရတဲ့အကြိမ်ရေနည်းသွားတာကို တွေ့ရမှာပါ။ ဒါက စိတ်ခွန်အားကို ဖြစ်စေပါတယ်။


-ကျန်းမာရေးဂရုစိုက်ပါ။


ပုံမှန်အတိုင်း နေထိုင်သွားလာစားသောက်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ အတွေးတွေကြောင့် အစားအသောက်တွေပျက်ပြီး မအိပ်နိုင်တာမျိုး မဖြစ်ပါစေနဲ့။


-စိတ်သက်သာအောင်နေပါ။


အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂလေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပါ။ စိတ်ကြည်ပြီး ကုသမှုမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။ စိတ်ကိုလည်း ထိန်းချုပ်နိုင်လာပါလိမ့်မယ်။


-ဘဝတူတွေကို ရင်ဖွင့်ပါ။


ခုဆို တစ်ခုခု ခံစားရတာနဲ့ ဖေ့ဘွတ်တင်တတ်ကြတယ်လေ။ ဆောင်းပါးအစမှာ ပြောခဲ့တဲ့ကေစ့်ဆို သူလည်း ဖေ့ဘွတ်ပေါ်တင်လိုက်ရော အောက်က လူတွေက သူတို့မှာ ရှိတဲ့ စိတ်စွဲလမ်းမှုတွေကို ပြောပြပြီး အားပေးကြတယ်။ အမြဲတမ်း ဖေ့ဘွတ်တင်ရမယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘဝတူလေးတွေ ရှိတဲ့နေရာမှာ ရင်ဖွင့်ရင် (OCD group) သူတို့ ဘယ်လိုကျော်လွှားခဲ့သလဲ။ ဘယ်လိုကုသမှုတွေ ခံယူခဲ့သလဲ အချင်းချင်း အားပေးနိုင်တာပေါ့။ ကျိတ်ခံစားနေတာထက်တော့ သာပါသေးတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi)

ဘုရားပုံေတာ္ေတြကို ၾကည့္တိုင္း စိတ္ထဲမွာ ျပစ္မွားခ်င္စိတ္ေပၚေနတာ . . .




#စိတ္ပိုင္းဆိုင္ရာျပႆနာမ်ား

#စိတ္က်န္းမာေရး


#စာေရးသူ Dr. Htet Htet Zaw Win မွ ေရးသားသည္။

#Dr. Phyo Wai Lynn မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


ဘုရားပုံေတာ္ေတြကို ၾကည့္တိုင္း စိတ္ထဲမွာ ျပစ္မွားခ်င္စိတ္ေပၚေနတာ . . .


ေဖ့ဘြတ္မွာ ပို႔စ္ေလးတစ္ခုေပၚလာလို႔ ဖတ္မိတာ

ကေလးမေလးက ဘုရားရွိခိုးတိုင္း ဘုရားကို ေစ့ေစ့ၾကည့္မိရင္ ျပစ္မွားလိုစိတ္ေပၚလာလို႔တဲ့။ တျခားအခ်ိန္ေတြ ေသာက္ေတာ္ေရကပ္၊ ပန္းလဲဆိုအေကာင္း။ ဘုရားရွိခိုးမယ္။ တရားထိုင္မယ္လို႔ အာ႐ုံျပဳလိုက္တာနဲ႔ စၿပီ။ စိတ္ထဲမွာ အလိုလိုေနရင္း ျပစ္မွားခ်င္စိတ္ေတြ ေပၚလာတယ္။


ေနာက္တစ္ေယာက္ကေတာ့ ေဆးခန္းလာျပတာ။ ဘုရားပုံေတာ္ကို ျမင္လိုက္တာနဲ႔ မဟုတ္တဲ့ စိတ္ေတြ ေပၚလာလို႔တဲ့။ မျမင္ရင္အေကာင္းအတိုင္းပဲ။ တျခားလူေတြလိုပဲ ေနထိုင္သြားလာလို႔ရတယ္။


ဒီကိစၥေတြကို ေတြးၾကည့္ရင္ ဒီလူေတြကို ဝဋ္နာ ကံနာေတြ၊ အကုသိုလ္ႀကီးလိုက္တဲ့သူေတြ၊ ေပါက္ကရေတြးတတ္တဲ့သူေတြ၊ ငရဲႀကီးမယ့္သူေတြလို႔ ထင္ေကာင္း ထင္ႏိုင္ပါတယ္။ ဒါတကယ္ပဲလား။


OCD (Obsessive-Compulsive Disorder)ဆို ၾကားဖူးၾကလားမသိ။ စိတ္စြဲလမ္းလြန္ေရာဂါလို႔ ေခၚတာေပါ့။ တစ္ခုခုကို မထိန္းခ်ဳပ္ႏိုင္ဘဲ ထပ္ခါထပ္ခါ လုပ္မိေနတာ (Compulsion)၊ မသင့္ေတာ္မွန္း သိပါရက္နဲ႔ မေတြးႏိုင္ေအာင္၊ မလုပ္ႏိုင္ေအာင္ စြဲလမ္းေနတာမ်ိဳးေပါ့ (Obsession)။


သန္႔ၿပီးသားလက္ကို ခဏခဏေဆးေနမိတာ၊ ပိတ္ၿပီးသားမီးကို ခဏခဏ ထစစ္ေနတာ စတာမ်ိဳးေပါ့။ သန္႔ေနမွန္းလည္း သိတယ္၊ ပိတ္ၿပီးသားမွန္းလည္း သိေပမယ့္ မထိန္းႏိုင္ဘဲ ခဏခဏ လုပ္ေနမိတာမ်ိဳးေပါ့။ ဒါေတြကလည္း OCDအမ်ိဳးအစားပါပဲ။


ခုျဖစ္ေနတဲ့ ဘုရားပုံေတာ္ေတြျမင္တိုင္း ျပစ္မွားေနမိတာလည္း OCDေပါင္းမ်ားစြာထဲက တစ္ခုပါပဲ။ OCDထဲမွာ လိင္စိတ္နဲ႔ သက္ဆိုင္တဲ့ OCD (Sexual OCD)ဆိုတာမ်ိဳးလည္း ရွိပါတယ္။ တားျမစ္ထားတဲ့၊ မျဖစ္သင့္တဲ့ အရာကိုမွ လုပ္ခ်င္ေနတာမ်ိဳးေပါ့။ ဥပမာ တိရစာၦန္နဲ႔ ဆက္ဆံခ်င္တာ၊ ေဖာက္ျပန္ခ်င္တာ၊ လိင္ကြၽန္တစ္ေယာက္လိုဆက္ဆံခံခ်င္တာ၊ ခုေျပာတဲ့ ဘုရားပုံေတာ္ေတြကို ျမင္တိုင္း စိတ္ေဖာက္ျပန္ေနတာမ်ိဳးေပါ့။


Sexual OCDနဲ႔ Sexual fantasies (ထူးဆန္းတဲ့ လိင္မႈကိစၥေတြကို လုပ္တာ)နဲ႔ မတူပါဘူး။ Sexual OCDေတြက သူတို႔မွာ ဒီစိတ္ေပၚလာတာ မသင့္ေတာ္မွန္းသိတယ္။ သိေတာ့ စိတ္ကို အတင္းေဖ်ာက္ပစ္တယ္။ ဒါေပမယ့္ မထိန္းခ်ဳပ္ႏိုင္ဘဲ ခဏခဏေတြးေနမိတာပါ။ သူတို႔အေနနဲ႔ ဒီလိုေတြးေနရာကေန ဘယ္ေတာ့မ်ား တကယ္လုပ္မိသြားမလဲဆိုၿပီး အၿမဲတမ္း စိုးရိမ္ေနရပါတယ္။ တကယ္မလုပ္မိေအာင္ ထိန္းေနၾကပါတယ္။ အရင္းခံစိတ္က လုပ္ခ်င္ေနတာ မဟုတ္ပါဘူး။ ဒီလို စိတ္ေတြ ေပၚလာတာကို ဖြင့္ထုတ္ႏိုင္ဖို႔ အျပာကားေတြ ၾကည့္ပစ္တာ၊ ကိုယ့္ကိုယ္ကို အာသာေျဖတာေတြ လုပ္တတ္ၾကပါတယ္။


Sexual fantasiesကေတာ့ လိင္မႈကိစၥအထူးအဆန္းေတြကို ႀကိဳက္လို႔ကို လုပ္ေနတာမ်ိဳးပါ။ ဒီႏွစ္ခု မတူပါဘူး။ ဒါဆို မုဒိန္းသမားတိုင္းက Sexual OCDရွိေနတာလား။ ဒီလို မဟုတ္ပါဘူး။ စိတ္ေရာဂါေၾကာင့္လား။ လုပ္ခ်င္လိူ႔ လုပ္ေနတာလားဆိုတာ ေသခ်ာဆန္းစစ္ၿပီး ခြဲျခားလို႔ရပါတယ္။


ေလ့လာခ်က္ေတြအရေတာ့ OCDေရာဂါရွိတဲ့သူေတြရဲ႕ ၆-၂၄% ေလာက္က Sexual OCDကို ခံစားရပါတယ္။ ဒါေပမယ့္ လက္ေတြ႕မွာ ဒါထက္ပိုမ်ားႏိုင္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဖြင့္ေျပာတဲ့သူက ရွားတာကိုး။ အမ်ိဳးသားေတြ ပိုျဖစ္တယ္လို႔ စာရင္းေတြမွာ ေတြ႕ရေပမယ့္ အမ်ိဳးသမီးေတြမွာလည္း ရွိပါတယ္။ ဖြင့္မေျပာလို႔သာ မသိတာပါ။


ေနာက္ဆက္တြဲဆိုးက်ိဳးေတြက

တကယ္ေတာ့ စိတ္ေရာဂါသက္သက္ပဲ ျဖစ္ၿပီး ကုလိုက္ေတာ့လည္း သက္သာသြားတာပါပဲ။ ဒါေပမယ့္ ဒါကို ေရာဂါလို႔ မသိတဲ့အတြက္ ထုတ္ေဖာ္မေျပာၾကပါဘူး။ ဘယ္သူ႔ကိုမွ မေျပာဘဲ တစ္ေယာက္တည္းက်ိတ္ၿပီး စိတ္ဒုကၡေရာက္ေနတာမ်ိဳးပါ။


ေျပာျပလိုက္ရင္ အထင္ေသးခံရမလား။ လိင္ကိစၥပဲ ေခါင္းထဲရွိေနတဲ့သူလို႔ ေျပာမလား။ ဘာသာေရးနဲ႔လည္း ဆက္ႏြယ္ေနေတာ့ ငရဲႀကီးေတာ့မွာပဲ။ အျပစ္ေတြ ျဖစ္လာေတာ့မွာပဲ။ပတ္ဝန္းက်င္က က်ဥ္ေတာ့မွာပဲဆိုၿပီး မေျပာၾကပါဘူး။


ေနာက္ဆက္တြဲအေနနဲ႔ စိတ္ဖိစီးမႈေတြ၊ စိတ္ပင္ပန္းမႈေတြ၊ အာ႐ုံေပ်ာက္ေအာင္ အျပာကားေတြ ၾကည့္ရာက စြဲလမ္းသြားတာေတြ၊ ေနာက္ဆုံး မခံႏိုင္ေတာ့ဘဲ အဆုံးစီရင္သြားတာေတြအထိ ျဖစ္တတ္ပါတယ္။


ဒါေၾကာင့္ တစ္ေယာက္ေယာက္က ဒီလိုေျပာလာၿပီဆိုရင္ ပတ္ဝန္းက်င္အေနနဲ႔ ဒါဟာ စိတ္က်န္းမာေရးျပႆနာ၊ ကုသလိုက္ရင္ ရတယ္ဆိုတာမ်ိဳး ျမင္ၾကည့္ေပးပါ။ လူနာကို မက်ဥ္ဖို႔၊ ထူးဆန္းတဲ့သူလို မဆက္ဆံဖို႔ လိုပါတယ္။


လူနာေတြအတြက္ သတင္းစကား

ခုေလာက္ထိ ဖတ္လာၿပီးရင္ ကိုယ္ခံစားေနရတာ စိတ္ေရာဂါတစ္မ်ိဳးဆိုတာ သိေလာက္ပါၿပီ။ စိတ္ေရာဂါဆရာဝန္ေတြဆီမွာ ဒီလိုလူနာေတြ အမ်ားႀကီး ရွိပါတယ္။ ကိုယ္က ပထမဆုံး မဟုတ္ပါဘူး။ ဒါေၾကာင့္ သက္ေသာင့္သက္သာနဲ႔ ေဆြးေႏြးမႈ ခံယူၿပီး ကုသမႈ စတင္လိုက္ပါ။ ကုသမႈနည္းလမ္းေတြကေတာ့ စိတ္ပိုင္းဆိုင္ရာ သက္သာေအာင္ စကားေျပာေဆြးေႏြးတာေတြ၊ ေဆးဝါးနဲ႔ ကုသတာေတြ အမ်ားႀကီး ရွိပါတယ္။


ကိုယ္တိုင္ လုပ္ႏိုင္တာေတြကေတာ့


-အာ႐ုံေျပာင္းတာ


ဘုရားေရွ႕ေရာက္လို႔ ဒီအေတြးေတြ ဝင္လာၿပီဆို တျခားေနရာကို ထြက္သြားၿပီး တစ္ခုခုလုပ္လိုက္ပါ။ အေတြးေတြကို အတင္း မခ်ိဳးႏွိမ္ပါနဲ႔။ စိတ္ရဲ႕ သေဘာက ေမ့ပစ္ခ်င္ေလေလ မွတ္မိေလေလပါ။ ဒါေၾကာင့္ အေတြးေတြကို မေတြးမိေအာင္ ထိန္းခ်ဳပ္မယ့္အစား တျခားတစ္ခုခုေျပာင္းၿပီး ေတြးလိုက္ပါ။


-အေတြးေတြကို ေရးခ်ပါ။


အေတြးေတြ ေပၚလာၿပီဆိုတာနဲ႔ ဘာေတြးလိုက္မိတယ္ဆိုတာကို ေရးခ်ပါ။ ေဆးကုသရင္း တျဖည္းျဖည္းေကာင္းလာတဲ့အခါ ေရးရတဲ့အႀကိမ္ေရနည္းသြားတာကို ေတြ႕ရမွာပါ။ ဒါက စိတ္ခြန္အားကို ျဖစ္ေစပါတယ္။


-က်န္းမာေရးဂ႐ုစိုက္ပါ။


ပုံမွန္အတိုင္း ေနထိုင္သြားလာစားေသာက္ပါ။ အိပ္ေရးဝေအာင္ အိပ္ပါ။ အေတြးေတြေၾကာင့္ အစားအေသာက္ေတြပ်က္ၿပီး မအိပ္ႏိုင္တာမ်ိဳး မျဖစ္ပါေစနဲ႔။


-စိတ္သက္သာေအာင္ေနပါ။


အသက္ရႉေလ့က်င့္ခန္းလုပ္တာ၊ ေယာဂေလ့က်င့္ခန္းလုပ္တာမ်ိဳး လုပ္ပါ။ စိတ္ၾကည္ၿပီး ကုသမႈမွာ အေထာက္အကူျဖစ္ပါလိမ့္မယ္။ စိတ္ကိုလည္း ထိန္းခ်ဳပ္ႏိုင္လာပါလိမ့္မယ္။


-ဘဝတူေတြကို ရင္ဖြင့္ပါ။


ခုဆို တစ္ခုခု ခံစားရတာနဲ႔ ေဖ့ဘြတ္တင္တတ္ၾကတယ္ေလ။ ေဆာင္းပါးအစမွာ ေျပာခဲ့တဲ့ေကစ့္ဆို သူလည္း ေဖ့ဘြတ္ေပၚတင္လိုက္ေရာ ေအာက္က လူေတြက သူတို႔မွာ ရွိတဲ့ စိတ္စြဲလမ္းမႈေတြကို ေျပာျပၿပီး အားေပးၾကတယ္။ အၿမဲတမ္း ေဖ့ဘြတ္တင္ရမယ္ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဘဝတူေလးေတြ ရွိတဲ့ေနရာမွာ ရင္ဖြင့္ရင္ (OCD group) သူတို႔ ဘယ္လိုေက်ာ္လႊားခဲ့သလဲ။ ဘယ္လိုကုသမႈေတြ ခံယူခဲ့သလဲ အခ်င္းခ်င္း အားေပးႏိုင္တာေပါ့။ က်ိတ္ခံစားေနတာထက္ေတာ့ သာပါေသးတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: