Wednesday, March 16, 2022

"ဝိပဿနာ ဘာကြောင့် အားထုတ်သင့်သလဲ”

 "ဝိပဿနာ ဘာကြောင့် အားထုတ်သင့်သလဲ”




တရားထိုင်တယ် ဆိုတဲ့ Meditation က နည်းအမျိုးမျိုး ရှိပါတယ်။ ဝင်လေထွက်လေကို မှတ်မလား၊ Body scan နည်းကို ရွေးမလား၊ မေတ္တာဘာဝနာ ပွားများမလား၊ ဗုဒ္ဓဂုဏ်တော်ကို အာရုံပြုတဲ့နည်းကို သုံးမလား စသဖြင့် ကိုယ်နဲ့ ကိုက်တာ ရွေးချယ်လို့ ရပါတယ်။ ရေကသိုင်း ရှုတယ်၊ နေကသိုင်း ရှုတယ် စတာတွေလည်း ရှိသေးတယ်။ ကြားဖူးကြမယ် ထင်ပါတယ်။ 


ရည်ရွယ်ချက်အရ ခွဲပြောမယ်ဆိုရင်တော့ သမထနဲ့ ဝိပဿနာ ဆိုပြီး ခွဲနိုင်တယ်။ 


▪️သမထရဲ့ ရည်ရွယ်ချက်က စိတ်တည်ငြိမ်ဖို့၊ သမာဓိ ရဖို့ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကိုက စိတ်၏ ငြိမ်သက်ခြင်းတဲ့။ အင်္ဂလိပ်လိုဆို Concentration ပေါ့။ စိတ်ဆိုတာ ယောက်ယက်ခတ်၊ သွားချင်ရာ သွားတတ်တဲ့ သဘာ၀ ရှိတယ်။ အဲဒါလေးကို တစ်နေရာတည်းမှာ ငြိမ်သက်နေအောင် ထားလိုက်တာ။ ဒီတော့ အတိတ်ကို ပြန်တွေးပြီး ပူလောင်နေတာတွေ၊ အနာဂတ်ကို တွေးပူနေတာတွေ လျော့နည်း သက်သာသွားတယ်ပေါ့။


ဒီနေ့ခေတ်လို စိတ်မတည်မငြိမ် ဖြစ်စရာ၊ အာရုံလွင့်စရာတွေ တစ်ပုံကြီး ရှိနေတဲ့ ကာလမှာ ဒါကလည်း သိပ်အရေးကြီးလာတယ်။ အဲ့လိုပဲ၊ ဗုဒ္ဓဘာသာအရ နိဗ္ဗာန်ကို ရည်ရွယ်ပြီး ဝိပဿနာရှုမယ်ဆိုလည်း စိတ်တည်ငြိမ်ဖို့ရာ လိုအပ်တယ်။ ဒါကြောင့်လည်း မဂ္ဂင် ၈ ပါးမှာ သမ္မာသမာဓိ ဆိုပြီး ပါနေတာပေါ့။


▪️ဝိပဿနာကျတော့ အာရုံစူးစိုက်မှု ကောင်းလာဖို့တင် မဟုတ်တော့ဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘာဝတရားတွေကို အမှန်အတိုင်း မြင်လာဖို့ ဖြစ်တယ်။ 


ဝိပဿနာရဲ့ အဓိပ္ပါယ်က ထူးခြားတဲ့အမြင်လို့ ဆိုလိုတယ်။ လှတဲ့သူတွေ့ရင် ချောတယ် လှတယ် မြင်ကြတာက သာမန်အမြင်မျိုး။ ဘယ်သူမဆို မြင်နိုင်တယ်။ ထူးခြားတဲ့ အမြင်ဆိုတာကျ ဒီအလှအပတွေသည် မတည်မြဲဘူး။ အနိစ္စလို့ မြင်တယ်။ နောက် အပေါ်ယံအရေပြားကသာ လှနေတာ။ အတွင်းကလီစာတွေကျ ရွံစရာချည်းပဲ ဆိုပြီး အသုဘလို့ မြင်တယ်။ Zombie ကားတွေ ကြည့်နေကြတာပဲ။ သိမှာပေါ့။ အူတွေ ထွက်လာရင် ရွံစရာကြီးလေ။ သိပ်လှတဲ့သူလည်း အညစ်အကြေး စွန့်တဲ့အခါကျ နံတာပဲ မဟုတ်ဘူးလား။ 


▪️ဒါဖြင့် အဲ့လောက်ကတော့ လူတိုင်း သိတာပေါ့လို့ ထင်ချင်စရာ ရှိတယ်။ ဟုတ်တယ်၊ အလှတွေ မမြဲတာ၊ အိုစာလာမှာ သိတာပဲ။ တစ်နေ့ သေရမယ်ဆိုတာလည်း သိတာပဲ။ အခုပဲ မြိန်ရည်ယှက်ရည် စားလိုက်တာတွေက ဗိုက်ထဲလည်း ရောက်သွားရော၊ ရွံစရာအတိ ဖြစ်ကုန်တယ်ဆိုတာလည်း သိကြတာပဲ။ ဒါပေမဲ့ အဲဒီအသိက ခဏပဲ ခံတယ်။ ဘာလို့ဆိုတော့ သီအိုရီအရ သိနေတာမျိုးကိုး။ 


ဒါကြောင့် လက်တွေ့အားထုတ်ဖို့ လိုအပ်လာတယ်။ အပြန်ပြန် အထပ်ထပ် ရှူမှတ်ရမယ်။ အစွန်းထင်နေတဲ့ အဝတ်ကို ဖွပ်ရသလိုမျိုး ထပ်ကာ ထပ်ကာ ဆင်ခြင်နေမှ ဒီအသိတွေက ပိုခိုင်လာတယ်။ 


အဲ့တော့ ဒီသဘာဝတွေကို သိတော့ သိတယ်။ မလေ့ကျင့်တဲ့သူက အဝတ်မှာ အစွန်းထင်နေတာတော့ သိပေမဲ့ မလျှော်ဖွပ်တဲ့သူနဲ့ တူတယ်။ တစ်ခါတလေလောက် လေ့ကျင့်သူကတော့ ၃-၄ ချက်လောက် ပွတ်တိုက်လိုက်တာနဲ့ တူတယ်။ နည်းနည်းတော့ ပြောင်သွားမယ်။ အညစ်အကြေးတွေကတော့ ကျန်တုန်းပဲပေါ့။


ဒါကြောင့် ခုပဲ တရားနာပြီးတယ်။ ပိုင်တံခွန်ပုံလည်း တွေ့ရော၊ လုလုအောင်ပုံလည်း မြင်ရော၊ ခုနက ဆရာတော် ဟောလိုက်တဲ့ အသုဘဆိုတဲ့ အမြင်တွေ ပျောက်သွားပြီး တပ်မက်စိတ်တွေ ဖြစ်လာရော။ ဘာလို့ဆိုတော့ အပြန်ပြန် အထပ်ထပ်မှ မပွတ်ရသေးဘဲကိုး။


▪️နောက်တစ်ခုကတော့ အနုစိပ်ပြီးတော့ မြင်လာတယ်။ ဝင်လေထွက်လေကို အာရုံစိုက်ထားတယ်။ တဖြည်းဖြည်း ဘာမြင်လာလဲဆိုတော့ လေရှူတယ်။ နှာသီးဖျားနဲ့ ထိတယ်။ ထိမှန်း သိလိုက်တယ်။ ခဏလေးမှာပဲ အဲ့စိတ်က ပျက်သွားတယ်။ လေပြန်ရှူထုတ်တယ်။ နှာသီးဖျားနဲ့ ထိတယ်။ ထိမှန်း သိတယ်။ ခဏအတွင်းမှာပဲ ပျက်ပြန်တယ်။ သူသူကိုယ်ကိုယ် စက္ကန့်မလပ် ရှူနေတာပဲ။ တရားထိုင်နေချိန်ရယ်၊ အသက်ရှူခြင်းနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာ ခံစားနေရချိန်ရယ်ကလွဲရင် ရှူလို့ ရှူနေမှန်းတောင် သိကြတာ မဟုတ်ဘူး။ ဝိပဿနာကျ အဲ့လိုစိတ်တွေကို အသေးစိပ်ပြီး မြင်လာစေတယ်။


▪️တရားထိုင်ရင်း ခြေထောက်ကျဉ်တယ်ပဲ ဆိုပါတော့။ ရုတ်တရက်ဆို တစ်ချိန်လုံး ကျဉ်နေတယ် ထင်ရတယ်။ သို့သော် သေချာစူးစိုက်ကြည့်ကြည့်။ ကျဉ်လိုက် ပျောက်လိုက် ဖြစ်နေတာ။ ဒီခြေထောက်တွေရဲ့ အာရုံကြောတွေက ဦးနှောက်ဆီ ပို့လွှတ်နေတယ်။ သူ အဆင်မပြေဘူး၊ သွေးမလျှောက်တော့ဘူး၊ နည်းနည်းလှုပ်ပေးပါ စသဖြင့်ပေါ့လေ။ မက်ဆန်ဂျာနဲ့ စာပို့သလို ဦးနှောက်ဆီ တတောင်တောင်နဲ့ နိုတီတွေ ဝင်နေတာ။ တောင် ဆိုပြီး မြည်လိုက်၊ ပျောက်သွားလိုက်၊ နောက်တစ်ခါ တောင် ဆိုပြီး မြင်လိုက်၊ ပျောက်သွားလိုက်။ အဲဒါကို အနုစိတ်ပြီး ကြည့်နေတာပေါ့။ ဒီအခါ မမြဲခြင်းသဘောကို ပိုမြင်လာတယ်။ 


ပစ္စည်းဥစ္စာတို့၊ လူပုဂ္ဂိုလ်တို့ကို မမြဲဘူးလို့ မြင်ရတာက ခက်တယ်။ အချိန်အတိုင်းအတာတစ်ခုထိတော့ မြဲနေတာကိုး။ ဥပမာ ဖုန်းဆို သုံးနေတာ ၂ နှစ်ရှိပြီ၊ ဒီပစ္စည်းလေး ဝယ်ထားတာ ဘယ်လောက်ကြာပြီ စသဖြင့်ပေါ့။ လူဆိုလည်း နှစ်တွေကြာလာရင်သာ အိုလာမှန်း သိသာတာလေ။ မနေ့ကနဲ့ ဒီနေ့ ယှဉ်ကြည့်။ အတူတူပဲ ထင်ရတာကိုး။ (အတွင်းထဲက ဆဲလ်တွေကတော့ ပျက်စီးလိုက်၊ အသစ်ပေါ်လိုက် ဖြစ်နေပါတယ်။ မမြင်သာတာကို ပြောတာ။) 


အဲ့တော့ မတည်မြဲဘူးလေ ဆိုပြီး ပြောနေကြတာတွေက တကယ်တော့ ပါးစပ်ပြော ပြောနေတာပဲ။ စိတ်က တကယ်သိတာ မဟုတ်ဘူး။ သူများဖြစ်ရင်သာ နှစ်သိမ့်လို့ ကောင်းတယ်။ ကိုယ်လည်း ဖြစ်ရော၊ ပြိုလဲရော။ ဆိုတော့ သိပ်မမြင်သာတာတွေကို ခဏထားပြီး ပိုသိသာတဲ့ စိတ်ရဲ့ ဖြစ်မှုပျက်မှုတွေကို စရှုရင် အနိစ္စသဘောကို ပိုမြင်လာနိုင်တယ်။ 


အဲ့လို စိတ်ရဲ့ မမြဲခြင်းသဘောနဲ့ စပြီးလေ့ကျင့်ထားရင် လူတွေ ပျက်စီးတဲ့အခါ၊ ဆိုလိုတာက ချစ်ရခင်ရသူတွေ သေဆုံးတဲ့အခါ၊ ရောဂါဘယ ဖြစ်တဲ့အခါ၊ ကိုယ်တိုင် အိုစာလာတဲ့အခါ၊ ကိုယ်ပိုင်တဲ့ ပစ္စည်းတွေ ဆုံးရှုံးရတဲ့အခါ ခံနိုင်ရည် ရှိလာတယ်။ 


▪️နောက်တစ်ခုက ဒုက္ခ။ တကယ်တော့ ရောဂါဖြစ်တဲ့အချိန်၊ ဒါမှမဟုတ် နှိပ်စက်ညှင်းပန်းခံရတဲ့ အချိန်မှသာ ဒုက္ခကို သိတာ။ နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်ပေါ့။ အဲဒါ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ် အနေအထားကို တစ်မျိုးပြီးတစ်မျိုး ပြောင်းနေတော့ ခန္ဓာကိုယ်ရဲ့ ဒုက္ခက ပေါ်မလာဘူးလေ။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုပြီး အနေအထား ၄ ခု ရှိတယ်။ ထိုင်ပါများလာရင် ညောင်းလာတော့ မတ်တပ်ထရပ်တယ်။ ရပ်နေရတာ ကြာရင် ထိုင်တယ်။ လမ်းလျှောက်ပါများလို့ ညောင်းလာရင် ထိုင်ချလိုက်တယ်။ လဲလျောင်းရင်လည်း အကြာကြီးဆို ကျောပူလာတယ်။ ဒါကြောင့် အိပ်ရာထဲ လဲနေတဲ့ လူနာတွေဆို ကျောမှာ Bedsores တွေတောင် ရတတ်သေးတယ်မို့လား။ 


ဆိုတော့ တစ်မျိုးပြီးတစ်မျိုး ပြောင်းပြောင်းပေးနေလို့သာ ဒုက္ခက မသိသာတာ။ အဲဒါကို မပြောင်းဘဲနဲ့ ဆက်တိုက်ထိုင်ပြီး တရားမှတ်ကြည့်တဲ့အခါကျ ဒုက္ခက ပေါ်လာတယ်။ နာရီဝက်လောက်ဆို စလာပြီ။ ခါးညောင်းတာ၊ ခြေထောက်ကျဉ်တာ စသဖြင့်။ 


ဒီဒုက္ခတွေက တကယ်တမ်း ရောဂါဖြစ်တဲ့အခါ၊ သေရတော့မယ် ဆိုတဲ့အခါ ခံစားရတဲ့ ဒုက္ခနဲ့ မိုးနဲ့မြေလို ကွာတယ်။ ပြောရရင် ဝိပဿနာ တရားအားထုတ်တယ်ဆိုတာ အဲဒီအချိန်အတွက် ပြင်ဆင်နေတာပဲ။ တရားထိုင်ရင်း ခံစားရတဲ့ ခန္ဓာကိုယ်ဒုက္ခတွေကို အမှတ်သတိနဲ့ သိသိနေအောင် ကြိုးစားထားမယ်ဆို တကယ်တမ်း ရောဂါကြီးကြီးမားမား ဖြစ်တဲ့အခါ အတိုင်းအတာတစ်ခုထိ ခံနိုင်ရည် ရှိလာမယ်။ ကိုယ်မှာ နာစေ၊ စိတ်မှာ မနာစေနဲ့ ဆိုတာလိုမျိုး နာကျင်မှုတွေကို သည်းခံလာနိုင်မယ်။


▪️နောက်ဆုံးတစ်ခုကတော့ အနတ္တ။ ဒါလည်း ပြောတော့သာ လွယ်တာ။ တကယ်တမ်း သဘောပေါက်ဖို့ကျ မလွယ်ဘူး။ တရားထိုင်၊ ဝင်လေထွက်လေမှတ်ရင်း တဖြည်းဖြည်း ဘာကို မြင်လာလဲဆိုတော့ ဒီလေရှူတဲ့ ကိစ္စမှာတောင် ကိုယ်တတ်နိုင်တာ ဘာမှမရှိဘူး ဆိုတာပဲ။ ဖြည်းဖြည်းရှူ၊ မြန်မြန်ရှူ၊ ရှည်ရှည်ရှူ၊ တိုတိုရှူ စသဖြင့် လုပ်လို့ပဲ ရမယ်။ မရှူဘဲ နေလို့မရဘူး။ လေဝင်သွားပြီးရင် အဆုတ်နဲ့ နှလုံးကြား အောက်ဆီဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် လဲတာတွေကလည်း သူ့ဟာသူ ဖြစ်နေတာပဲ။ ငါ တတ်နိုင်တာရယ်လို့ သိပ်မရှိပါလား ဆိုတာကို ပိုမြင်လာတယ်။ 


ဒီတော့ ကိုယ့်ဘဝမှာ ကိုယ့်ကြောင့် မဟုတ်ဘဲ ပြဿနာ ဖြစ်တဲ့အခါ၊ ထိခိုက်နစ်နာရတာတွေ ရှိတဲ့အခါမှာလည်း အနတ္တကို ပြန်သတိရပြီး ဆင်ခြင်နိုင်လာမယ်ပေါ့။


▪️ဆရာတော်တွေလို နိဗ္ဗာန်ရောက်ကြောင်း တရားဟောတာ မဟုတ်လို့ လောကီရေးရာနဲ့ပဲ ချိတ်ပြောပြမယ်။ ကျွန်တော်တို့ဘဝမှာ စိတ်ညစ်ရတာ၊ စိတ်ဖိစီးရတာ၊ စိတ်ပင်ပန်းရတာ အားလုံးဟာ အကြောင်းရင်း ၄ ခုထဲကပဲ ဖြစ်ကြတာ များတယ်။


၁။ ကိုယ်တိုင် နာကျင်ရတာ (ရောဂါ၊ ထိခိုက်ဒဏ်ရာ၊ ညှင်းပန်းနှိပ်စက်ခံရမှု စသဖြင့်ကြောင့်)


၂။ ကိုယ်ချစ်ရသူတွေနဲ့ ရှင်ကွဲ သို့မဟုတ် သေကွဲ ကွဲကွာရတာ၊ သူတို့နာကျင်နေတာကို မြင်ရတာ


၃။ ပစ္စည်းဥစ္စာ ဆုံးရှုံးတာ


၄။ ကိုယ်ထင်သလို မဖြစ်တာ၊ မထင်တာတွေ ဖြစ်လာတာ (ဥပမာ မထွက်စေချင်တဲ့ ဝက်ခြံထွက်တာကစလို့ အာဏာသိမ်းမှုအလယ် ဆီဈေးတွေ တက်လာတာအဆုံး)


ဒီ ၄ ခုထဲက မဟုတ်တဲ့ တခြားအကြောင်းကြောင့်ဆိုတာ မရှိသလောက် ရှားတယ်။ ဆိုတော့ ဒုက္ခက နံပါတ် ၁၊ အနိစ္စက ၂ နဲ့ ၃၊ အနတ္တက ၄ ကို ကျော်လွှားရင်ဆိုင်နိုင်ဖို့ရာ ကူညီပေးလိမ့်မယ်။ ဒါကြောင့် ဝိပဿနာ အားထုတ်သင့်တယ် ပြောရတာ။


▪️ပြန်ချုပ်ရရင်တော့ သမထက အာရုံစူးစိုက်မှုကို အားကောင်းစေတယ်။ စိတ်အေးချမ်းဖို့တင်မကဘူး၊ ဘဝတိုးတက်ဖို့အတွက်ပါ လိုအပ်တယ်။ ဒါကြောင့်လည်း နိုင်ငံတကာက အောင်မြင်နေတဲ့သူတွေ Meditation လုပ်တယ်ဆိုတာ အဲဒါ။ စိတ်တွေ ပိုကြည်လင်လာတယ်။ ဆုံးဖြတ်ရတာတွေ ရှင်းလင်းလာတယ်။ စိတ်ကို ထိန်းနိုင်လာတယ်။ အာရုံစူးစိုက်မှု အားကောင်းလာတယ်။ 


သမထက ဝိပဿနာ အားထုတ်ဖို့မှာလည်း လိုအပ်တယ်။ စဉ်းစားကြည့်။ စိတ်က ပျံ့လွင့်နေရင် ခုနကလို နာကျင်ကိုက်ခဲမှုတွေအပေါ် ဘယ်လိုလုပ် အာရုံစူးစိုက်ပြီး ရှုမှတ်နိုင်ပါ့မလဲ။ ဒါကြောင့် ဝိပဿနာ အားမထုတ်ခင် သမာဓိ အရင်တည်ဆောက်ရတယ် ပြောတာ။ ဈာန်တွေ ဘာတွေ ရဖို့ထိ မဟုတ်တောင် စိတ်ကတော့ တည်ငြိမ်နေမှ ဖြစ်မယ်။


ဝိပဿနာရဲ့ ရည်ရွယ်ချက်က အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြင်လာဖို့ ဖြစ်တယ်။ အဲ့လိုမြင်လာမှ ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ပင်ပန်းစရာတွေအပေါ် မှန်ကန်စွာ နှလုံးသွင်းနိုင်လာမယ်။ ခံနိုင်ရည် ရှိလာမယ်။ နောက်ဆုံး နိဗ္ဗာန်ထိပါ ရောက်နိုင်တယ်ပေါ့။


▪️ဒါကြောင့် အရင်ဆုံးအနေနဲ့ သမထကို လေ့ကျင့်ပါ။ ကိုယ်နဲ့ ကိုက်တဲ့ နည်းလမ်းတစ်ခုခုကို ရွေးပြီး တရားထိုင်ပါ။ နောက်ဆုံး Meditation music လေး ဖွင့်ပြီး အဲ့အသံမှာ အာရုံစိုက်ထားလို့တောင် ရတယ်။ တရားထိုင်ဖို့ ဒီနေ့ခေတ်လောက် လွယ်တာ ဒီနေ့ခေတ်ပဲ ရှိတယ်။ ခုလို မီးပျက်နေချိန် အကျိုးရှိအောင် အသုံးချပြီး တရားထိုင်ကြည့်။ စိတ်တွေ ကြည်လင်လာတဲ့ လက်တွေ့အကျိုး ရတဲ့အခါ မထိုင်ပါနဲ့ တားတောင် မရတော့ဘူး ဖြစ်လာလိမ့်မယ်။ 


အဲ့ကနေမှ တရားတွေလည်း နာနိုင်တယ်ဆို နာယူပြီး ဝိပဿနာပါ အားထုတ်ကြည့်။ ဘဝမှာ ကြုံတွေ့ရသမျှ အဆင်မပြေမှု၊ အခက်အခဲတွေကို ကျော်ဖြတ်နိုင်လာလိမ့်မယ်။ အဲဒါက Motivation လို ခဏတဖြုတ် ကြွတက်သွားတာမျိုး၊ တောက်လောင်နေတာမျိုး မဟုတ်ဘဲ တည်ငြိမ်စွာနဲ့ အားကောင်းနေတာမျိုး၊ ပျော့ပျောင်းစွာနဲ့ သန်မာနေတာမျိုး၊ ငြိမ်းအေးရင်းနဲ့ ရဲရင့်နေတာမျိုး ဖြစ်ပါတယ်။ 


ဒေါက်တာ ဖြိုးသီဟ

၁၀.၃.၂၀၂၂


(Zawgyi)

"ဝိပႆနာ ဘာေၾကာင့္ အားထုတ္သင့္သလဲ”




တရားထိုင္တယ္ ဆိုတဲ့ Meditation က နည္းအမ်ိဳးမ်ိဳး ရွိပါတယ္။ ဝင္ေလထြက္ေလကို မွတ္မလား၊ Body scan နည္းကို ေ႐ြးမလား၊ ေမတၱာဘာဝနာ ပြားမ်ားမလား၊ ဗုဒၶဂုဏ္ေတာ္ကို အာ႐ုံျပဳတဲ့နည္းကို သုံးမလား စသျဖင့္ ကိုယ္နဲ႔ ကိုက္တာ ေ႐ြးခ်ယ္လို႔ ရပါတယ္။ ေရကသိုင္း ရႈတယ္၊ ေနကသိုင္း ရႈတယ္ စတာေတြလည္း ရွိေသးတယ္။ ၾကားဖူးၾကမယ္ ထင္ပါတယ္။ 


ရည္႐ြယ္ခ်က္အရ ခြဲေျပာမယ္ဆိုရင္ေတာ့ သမထနဲ႔ ဝိပႆနာ ဆိုၿပီး ခြဲႏိုင္တယ္။ 


▪️သမထရဲ႕ ရည္႐ြယ္ခ်က္က စိတ္တည္ၿငိမ္ဖို႔၊ သမာဓိ ရဖို႔ ျဖစ္ပါတယ္။ သူ႔ရဲ႕ အဓိပၸါယ္ကိုက စိတ္၏ ၿငိမ္သက္ျခင္းတဲ့။ အဂၤလိပ္လိုဆို Concentration ေပါ့။ စိတ္ဆိုတာ ေယာက္ယက္ခတ္၊ သြားခ်င္ရာ သြားတတ္တဲ့ သဘာ၀ ရွိတယ္။ အဲဒါေလးကို တစ္ေနရာတည္းမွာ ၿငိမ္သက္ေနေအာင္ ထားလိုက္တာ။ ဒီေတာ့ အတိတ္ကို ျပန္ေတြးၿပီး ပူေလာင္ေနတာေတြ၊ အနာဂတ္ကို ေတြးပူေနတာေတြ ေလ်ာ့နည္း သက္သာသြားတယ္ေပါ့။


ဒီေန႔ေခတ္လို စိတ္မတည္မၿငိမ္ ျဖစ္စရာ၊ အာ႐ုံလြင့္စရာေတြ တစ္ပုံႀကီး ရွိေနတဲ့ ကာလမွာ ဒါကလည္း သိပ္အေရးႀကီးလာတယ္။ အဲ့လိုပဲ၊ ဗုဒၶဘာသာအရ နိဗၺာန္ကို ရည္႐ြယ္ၿပီး ဝိပႆနာရႈမယ္ဆိုလည္း စိတ္တည္ၿငိမ္ဖို႔ရာ လိုအပ္တယ္။ ဒါေၾကာင့္လည္း မဂၢင္ ၈ ပါးမွာ သမၼာသမာဓိ ဆိုၿပီး ပါေနတာေပါ့။


▪️ဝိပႆနာက်ေတာ့ အာ႐ုံစူးစိုက္မႈ ေကာင္းလာဖို႔တင္ မဟုတ္ေတာ့ဘူး။ အနိစၥ၊ ဒုကၡ၊ အနတၱ ဆိုတဲ့ သဘာဝတရားေတြကို အမွန္အတိုင္း ျမင္လာဖို႔ ျဖစ္တယ္။ 


ဝိပႆနာရဲ႕ အဓိပၸါယ္က ထူးျခားတဲ့အျမင္လို႔ ဆိုလိုတယ္။ လွတဲ့သူေတြ႕ရင္ ေခ်ာတယ္ လွတယ္ ျမင္ၾကတာက သာမန္အျမင္မ်ိဳး။ ဘယ္သူမဆို ျမင္ႏိုင္တယ္။ ထူးျခားတဲ့ အျမင္ဆိုတာက် ဒီအလွအပေတြသည္ မတည္ၿမဲဘူး။ အနိစၥလို႔ ျမင္တယ္။ ေနာက္ အေပၚယံအေရျပားကသာ လွေနတာ။ အတြင္းကလီစာေတြက် ႐ြံစရာခ်ည္းပဲ ဆိုၿပီး အသုဘလို႔ ျမင္တယ္။ Zombie ကားေတြ ၾကည့္ေနၾကတာပဲ။ သိမွာေပါ့။ အူေတြ ထြက္လာရင္ ႐ြံစရာႀကီးေလ။ သိပ္လွတဲ့သူလည္း အညစ္အေၾကး စြန႔္တဲ့အခါက် နံတာပဲ မဟုတ္ဘူးလား။ 


▪️ဒါျဖင့္ အဲ့ေလာက္ကေတာ့ လူတိုင္း သိတာေပါ့လို႔ ထင္ခ်င္စရာ ရွိတယ္။ ဟုတ္တယ္၊ အလွေတြ မၿမဲတာ၊ အိုစာလာမွာ သိတာပဲ။ တစ္ေန႔ ေသရမယ္ဆိုတာလည္း သိတာပဲ။ အခုပဲ ၿမိန္ရည္ယွက္ရည္ စားလိုက္တာေတြက ဗိုက္ထဲလည္း ေရာက္သြားေရာ၊ ႐ြံစရာအတိ ျဖစ္ကုန္တယ္ဆိုတာလည္း သိၾကတာပဲ။ ဒါေပမဲ့ အဲဒီအသိက ခဏပဲ ခံတယ္။ ဘာလို႔ဆိုေတာ့ သီအိုရီအရ သိေနတာမ်ိဳးကိုး။ 


ဒါေၾကာင့္ လက္ေတြ႕အားထုတ္ဖို႔ လိုအပ္လာတယ္။ အျပန္ျပန္ အထပ္ထပ္ ရႉမွတ္ရမယ္။ အစြန္းထင္ေနတဲ့ အဝတ္ကို ဖြပ္ရသလိုမ်ိဳး ထပ္ကာ ထပ္ကာ ဆင္ျခင္ေနမွ ဒီအသိေတြက ပိုခိုင္လာတယ္။ 


အဲ့ေတာ့ ဒီသဘာဝေတြကို သိေတာ့ သိတယ္။ မေလ့က်င့္တဲ့သူက အဝတ္မွာ အစြန္းထင္ေနတာေတာ့ သိေပမဲ့ မေလွ်ာ္ဖြပ္တဲ့သူနဲ႔ တူတယ္။ တစ္ခါတေလေလာက္ ေလ့က်င့္သူကေတာ့ ၃-၄ ခ်က္ေလာက္ ပြတ္တိုက္လိုက္တာနဲ႔ တူတယ္။ နည္းနည္းေတာ့ ေျပာင္သြားမယ္။ အညစ္အေၾကးေတြကေတာ့ က်န္တုန္းပဲေပါ့။


ဒါေၾကာင့္ ခုပဲ တရားနာၿပီးတယ္။ ပိုင္တံခြန္ပုံလည္း ေတြ႕ေရာ၊ လုလုေအာင္ပုံလည္း ျမင္ေရာ၊ ခုနက ဆရာေတာ္ ေဟာလိုက္တဲ့ အသုဘဆိုတဲ့ အျမင္ေတြ ေပ်ာက္သြားၿပီး တပ္မက္စိတ္ေတြ ျဖစ္လာေရာ။ ဘာလို႔ဆိုေတာ့ အျပန္ျပန္ အထပ္ထပ္မွ မပြတ္ရေသးဘဲကိုး။


▪️ေနာက္တစ္ခုကေတာ့ အႏုစိပ္ၿပီးေတာ့ ျမင္လာတယ္။ ဝင္ေလထြက္ေလကို အာ႐ုံစိုက္ထားတယ္။ တျဖည္းျဖည္း ဘာျမင္လာလဲဆိုေတာ့ ေလရႉတယ္။ ႏွာသီးဖ်ားနဲ႔ ထိတယ္။ ထိမွန္း သိလိုက္တယ္။ ခဏေလးမွာပဲ အဲ့စိတ္က ပ်က္သြားတယ္။ ေလျပန္ရႉထုတ္တယ္။ ႏွာသီးဖ်ားနဲ႔ ထိတယ္။ ထိမွန္း သိတယ္။ ခဏအတြင္းမွာပဲ ပ်က္ျပန္တယ္။ သူသူကိုယ္ကိုယ္ စကၠန႔္မလပ္ ရႉေနတာပဲ။ တရားထိုင္ေနခ်ိန္ရယ္၊ အသက္ရႉျခင္းနဲ႔ ပတ္သက္တဲ့ ေရာဂါေဝဒနာ ခံစားေနရခ်ိန္ရယ္ကလြဲရင္ ရႉလို႔ ရႉေနမွန္းေတာင္ သိၾကတာ မဟုတ္ဘူး။ ဝိပႆနာက် အဲ့လိုစိတ္ေတြကို အေသးစိပ္ၿပီး ျမင္လာေစတယ္။


▪️တရားထိုင္ရင္း ေျခေထာက္က်ဥ္တယ္ပဲ ဆိုပါေတာ့။ ႐ုတ္တရက္ဆို တစ္ခ်ိန္လုံး က်ဥ္ေနတယ္ ထင္ရတယ္။ သို႔ေသာ္ ေသခ်ာစူးစိုက္ၾကည့္ၾကည့္။ က်ဥ္လိုက္ ေပ်ာက္လိုက္ ျဖစ္ေနတာ။ ဒီေျခေထာက္ေတြရဲ႕ အာ႐ုံေၾကာေတြက ဦးေႏွာက္ဆီ ပို႔လႊတ္ေနတယ္။ သူ အဆင္မေျပဘူး၊ ေသြးမေလွ်ာက္ေတာ့ဘူး၊ နည္းနည္းလႈပ္ေပးပါ စသျဖင့္ေပါ့ေလ။ မက္ဆန္ဂ်ာနဲ႔ စာပို႔သလို ဦးေႏွာက္ဆီ တေတာင္ေတာင္နဲ႔ ႏိုတီေတြ ဝင္ေနတာ။ ေတာင္ ဆိုၿပီး ျမည္လိုက္၊ ေပ်ာက္သြားလိုက္၊ ေနာက္တစ္ခါ ေတာင္ ဆိုၿပီး ျမင္လိုက္၊ ေပ်ာက္သြားလိုက္။ အဲဒါကို အႏုစိတ္ၿပီး ၾကည့္ေနတာေပါ့။ ဒီအခါ မၿမဲျခင္းသေဘာကို ပိုျမင္လာတယ္။ 


ပစၥည္းဥစၥာတို႔၊ လူပုဂၢိဳလ္တို႔ကို မၿမဲဘူးလို႔ ျမင္ရတာက ခက္တယ္။ အခ်ိန္အတိုင္းအတာတစ္ခုထိေတာ့ ၿမဲေနတာကိုး။ ဥပမာ ဖုန္းဆို သုံးေနတာ ၂ ႏွစ္ရွိၿပီ၊ ဒီပစၥည္းေလး ဝယ္ထားတာ ဘယ္ေလာက္ၾကာၿပီ စသျဖင့္ေပါ့။ လူဆိုလည္း ႏွစ္ေတြၾကာလာရင္သာ အိုလာမွန္း သိသာတာေလ။ မေန႔ကနဲ႔ ဒီေန႔ ယွဥ္ၾကည့္။ အတူတူပဲ ထင္ရတာကိုး။ (အတြင္းထဲက ဆဲလ္ေတြကေတာ့ ပ်က္စီးလိုက္၊ အသစ္ေပၚလိုက္ ျဖစ္ေနပါတယ္။ မျမင္သာတာကို ေျပာတာ။) 


အဲ့ေတာ့ မတည္ၿမဲဘူးေလ ဆိုၿပီး ေျပာေနၾကတာေတြက တကယ္ေတာ့ ပါးစပ္ေျပာ ေျပာေနတာပဲ။ စိတ္က တကယ္သိတာ မဟုတ္ဘူး။ သူမ်ားျဖစ္ရင္သာ ႏွစ္သိမ့္လို႔ ေကာင္းတယ္။ ကိုယ္လည္း ျဖစ္ေရာ၊ ၿပိဳလဲေရာ။ ဆိုေတာ့ သိပ္မျမင္သာတာေတြကို ခဏထားၿပီး ပိုသိသာတဲ့ စိတ္ရဲ႕ ျဖစ္မႈပ်က္မႈေတြကို စရႈရင္ အနိစၥသေဘာကို ပိုျမင္လာႏိုင္တယ္။ 


အဲ့လို စိတ္ရဲ႕ မၿမဲျခင္းသေဘာနဲ႔ စၿပီးေလ့က်င့္ထားရင္ လူေတြ ပ်က္စီးတဲ့အခါ၊ ဆိုလိုတာက ခ်စ္ရခင္ရသူေတြ ေသဆုံးတဲ့အခါ၊ ေရာဂါဘယ ျဖစ္တဲ့အခါ၊ ကိုယ္တိုင္ အိုစာလာတဲ့အခါ၊ ကိုယ္ပိုင္တဲ့ ပစၥည္းေတြ ဆုံးရႈံးရတဲ့အခါ ခံႏိုင္ရည္ ရွိလာတယ္။ 


▪️ေနာက္တစ္ခုက ဒုကၡ။ တကယ္ေတာ့ ေရာဂါျဖစ္တဲ့အခ်ိန္၊ ဒါမွမဟုတ္ ႏွိပ္စက္ညႇင္းပန္းခံရတဲ့ အခ်ိန္မွသာ ဒုကၡကို သိတာ။ နာတယ္၊ က်င္တယ္၊ ကိုက္တယ္၊ ခဲတယ္ေပါ့။ အဲဒါ ဘာလို႔လဲဆိုေတာ့ ခႏၶာကိုယ္ အေနအထားကို တစ္မ်ိဳးၿပီးတစ္မ်ိဳး ေျပာင္းေနေတာ့ ခႏၶာကိုယ္ရဲ႕ ဒုကၡက ေပၚမလာဘူးေလ။ ေလ်ာင္း၊ ထိုင္၊ ရပ္၊ သြား ဆိုၿပီး အေနအထား ၄ ခု ရွိတယ္။ ထိုင္ပါမ်ားလာရင္ ေညာင္းလာေတာ့ မတ္တပ္ထရပ္တယ္။ ရပ္ေနရတာ ၾကာရင္ ထိုင္တယ္။ လမ္းေလွ်ာက္ပါမ်ားလို႔ ေညာင္းလာရင္ ထိုင္ခ်လိုက္တယ္။ လဲေလ်ာင္းရင္လည္း အၾကာႀကီးဆို ေက်ာပူလာတယ္။ ဒါေၾကာင့္ အိပ္ရာထဲ လဲေနတဲ့ လူနာေတြဆို ေက်ာမွာ Bedsores ေတြေတာင္ ရတတ္ေသးတယ္မို႔လား။ 


ဆိုေတာ့ တစ္မ်ိဳးၿပီးတစ္မ်ိဳး ေျပာင္းေျပာင္းေပးေနလို႔သာ ဒုကၡက မသိသာတာ။ အဲဒါကို မေျပာင္းဘဲနဲ႔ ဆက္တိုက္ထိုင္ၿပီး တရားမွတ္ၾကည့္တဲ့အခါက် ဒုကၡက ေပၚလာတယ္။ နာရီဝက္ေလာက္ဆို စလာၿပီ။ ခါးေညာင္းတာ၊ ေျခေထာက္က်ဥ္တာ စသျဖင့္။ 


ဒီဒုကၡေတြက တကယ္တမ္း ေရာဂါျဖစ္တဲ့အခါ၊ ေသရေတာ့မယ္ ဆိုတဲ့အခါ ခံစားရတဲ့ ဒုကၡနဲ႔ မိုးနဲ႔ေျမလို ကြာတယ္။ ေျပာရရင္ ဝိပႆနာ တရားအားထုတ္တယ္ဆိုတာ အဲဒီအခ်ိန္အတြက္ ျပင္ဆင္ေနတာပဲ။ တရားထိုင္ရင္း ခံစားရတဲ့ ခႏၶာကိုယ္ဒုကၡေတြကို အမွတ္သတိနဲ႔ သိသိေနေအာင္ ႀကိဳးစားထားမယ္ဆို တကယ္တမ္း ေရာဂါႀကီးႀကီးမားမား ျဖစ္တဲ့အခါ အတိုင္းအတာတစ္ခုထိ ခံႏိုင္ရည္ ရွိလာမယ္။ ကိုယ္မွာ နာေစ၊ စိတ္မွာ မနာေစနဲ႔ ဆိုတာလိုမ်ိဳး နာက်င္မႈေတြကို သည္းခံလာႏိုင္မယ္။


▪️ေနာက္ဆုံးတစ္ခုကေတာ့ အနတၱ။ ဒါလည္း ေျပာေတာ့သာ လြယ္တာ။ တကယ္တမ္း သေဘာေပါက္ဖို႔က် မလြယ္ဘူး။ တရားထိုင္၊ ဝင္ေလထြက္ေလမွတ္ရင္း တျဖည္းျဖည္း ဘာကို ျမင္လာလဲဆိုေတာ့ ဒီေလရႉတဲ့ ကိစၥမွာေတာင္ ကိုယ္တတ္ႏိုင္တာ ဘာမွမရွိဘူး ဆိုတာပဲ။ ျဖည္းျဖည္းရႉ၊ ျမန္ျမန္ရႉ၊ ရွည္ရွည္ရႉ၊ တိုတိုရႉ စသျဖင့္ လုပ္လို႔ပဲ ရမယ္။ မရႉဘဲ ေနလို႔မရဘူး။ ေလဝင္သြားၿပီးရင္ အဆုတ္နဲ႔ ႏွလုံးၾကား ေအာက္ဆီဂ်င္နဲ႔ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ လဲတာေတြကလည္း သူ႔ဟာသူ ျဖစ္ေနတာပဲ။ ငါ တတ္ႏိုင္တာရယ္လို႔ သိပ္မရွိပါလား ဆိုတာကို ပိုျမင္လာတယ္။ 


ဒီေတာ့ ကိုယ့္ဘဝမွာ ကိုယ့္ေၾကာင့္ မဟုတ္ဘဲ ျပႆနာ ျဖစ္တဲ့အခါ၊ ထိခိုက္နစ္နာရတာေတြ ရွိတဲ့အခါမွာလည္း အနတၱကို ျပန္သတိရၿပီး ဆင္ျခင္ႏိုင္လာမယ္ေပါ့။


▪️ဆရာေတာ္ေတြလို နိဗၺာန္ေရာက္ေၾကာင္း တရားေဟာတာ မဟုတ္လို႔ ေလာကီေရးရာနဲ႔ပဲ ခ်ိတ္ေျပာျပမယ္။ ကြၽန္ေတာ္တို႔ဘဝမွာ စိတ္ညစ္ရတာ၊ စိတ္ဖိစီးရတာ၊ စိတ္ပင္ပန္းရတာ အားလုံးဟာ အေၾကာင္းရင္း ၄ ခုထဲကပဲ ျဖစ္ၾကတာ မ်ားတယ္။


၁။ ကိုယ္တိုင္ နာက်င္ရတာ (ေရာဂါ၊ ထိခိုက္ဒဏ္ရာ၊ ညႇင္းပန္းႏွိပ္စက္ခံရမႈ စသျဖင့္ေၾကာင့္)


၂။ ကိုယ္ခ်စ္ရသူေတြနဲ႔ ရွင္ကြဲ သို႔မဟုတ္ ေသကြဲ ကြဲကြာရတာ၊ သူတို႔နာက်င္ေနတာကို ျမင္ရတာ


၃။ ပစၥည္းဥစၥာ ဆုံးရႈံးတာ


၄။ ကိုယ္ထင္သလို မျဖစ္တာ၊ မထင္တာေတြ ျဖစ္လာတာ (ဥပမာ မထြက္ေစခ်င္တဲ့ ဝက္ၿခံထြက္တာကစလို႔ အာဏာသိမ္းမႈအလယ္ ဆီေဈးေတြ တက္လာတာအဆုံး)


ဒီ ၄ ခုထဲက မဟုတ္တဲ့ တျခားအေၾကာင္းေၾကာင့္ဆိုတာ မရွိသေလာက္ ရွားတယ္။ ဆိုေတာ့ ဒုကၡက နံပါတ္ ၁၊ အနိစၥက ၂ နဲ႔ ၃၊ အနတၱက ၄ ကို ေက်ာ္လႊားရင္ဆိုင္ႏိုင္ဖို႔ရာ ကူညီေပးလိမ့္မယ္။ ဒါေၾကာင့္ ဝိပႆနာ အားထုတ္သင့္တယ္ ေျပာရတာ။


▪️ျပန္ခ်ဳပ္ရရင္ေတာ့ သမထက အာ႐ုံစူးစိုက္မႈကို အားေကာင္းေစတယ္။ စိတ္ေအးခ်မ္းဖို႔တင္မကဘူး၊ ဘဝတိုးတက္ဖို႔အတြက္ပါ လိုအပ္တယ္။ ဒါေၾကာင့္လည္း ႏိုင္ငံတကာက ေအာင္ျမင္ေနတဲ့သူေတြ Meditation လုပ္တယ္ဆိုတာ အဲဒါ။ စိတ္ေတြ ပိုၾကည္လင္လာတယ္။ ဆုံးျဖတ္ရတာေတြ ရွင္းလင္းလာတယ္။ စိတ္ကို ထိန္းႏိုင္လာတယ္။ အာ႐ုံစူးစိုက္မႈ အားေကာင္းလာတယ္။ 


သမထက ဝိပႆနာ အားထုတ္ဖို႔မွာလည္း လိုအပ္တယ္။ စဥ္းစားၾကည့္။ စိတ္က ပ်ံ႕လြင့္ေနရင္ ခုနကလို နာက်င္ကိုက္ခဲမႈေတြအေပၚ ဘယ္လိုလုပ္ အာ႐ုံစူးစိုက္ၿပီး ရႈမွတ္ႏိုင္ပါ့မလဲ။ ဒါေၾကာင့္ ဝိပႆနာ အားမထုတ္ခင္ သမာဓိ အရင္တည္ေဆာက္ရတယ္ ေျပာတာ။ ဈာန္ေတြ ဘာေတြ ရဖို႔ထိ မဟုတ္ေတာင္ စိတ္ကေတာ့ တည္ၿငိမ္ေနမွ ျဖစ္မယ္။


ဝိပႆနာရဲ႕ ရည္႐ြယ္ခ်က္က အနိစၥ၊ ဒုကၡ၊ အနတၱကို ျမင္လာဖို႔ ျဖစ္တယ္။ အဲ့လိုျမင္လာမွ ဘဝမွာ ႀကဳံေတြ႕ရတဲ့ စိတ္ပင္ပန္းစရာေတြအေပၚ မွန္ကန္စြာ ႏွလုံးသြင္းႏိုင္လာမယ္။ ခံႏိုင္ရည္ ရွိလာမယ္။ ေနာက္ဆုံး နိဗၺာန္ထိပါ ေရာက္ႏိုင္တယ္ေပါ့။


▪️ဒါေၾကာင့္ အရင္ဆုံးအေနနဲ႔ သမထကို ေလ့က်င့္ပါ။ ကိုယ္နဲ႔ ကိုက္တဲ့ နည္းလမ္းတစ္ခုခုကို ေ႐ြးၿပီး တရားထိုင္ပါ။ ေနာက္ဆုံး Meditation music ေလး ဖြင့္ၿပီး အဲ့အသံမွာ အာ႐ုံစိုက္ထားလို႔ေတာင္ ရတယ္။ တရားထိုင္ဖို႔ ဒီေန႔ေခတ္ေလာက္ လြယ္တာ ဒီေန႔ေခတ္ပဲ ရွိတယ္။ ခုလို မီးပ်က္ေနခ်ိန္ အက်ိဳးရွိေအာင္ အသုံးခ်ၿပီး တရားထိုင္ၾကည့္။ စိတ္ေတြ ၾကည္လင္လာတဲ့ လက္ေတြ႕အက်ိဳး ရတဲ့အခါ မထိုင္ပါနဲ႔ တားေတာင္ မရေတာ့ဘူး ျဖစ္လာလိမ့္မယ္။ 


အဲ့ကေနမွ တရားေတြလည္း နာႏိုင္တယ္ဆို နာယူၿပီး ဝိပႆနာပါ အားထုတ္ၾကည့္။ ဘဝမွာ ႀကဳံေတြ႕ရသမွ် အဆင္မေျပမႈ၊ အခက္အခဲေတြကို ေက်ာ္ျဖတ္ႏိုင္လာလိမ့္မယ္။ အဲဒါက Motivation လို ခဏတျဖဳတ္ ႂကြတက္သြားတာမ်ိဳး၊ ေတာက္ေလာင္ေနတာမ်ိဳး မဟုတ္ဘဲ တည္ၿငိမ္စြာနဲ႔ အားေကာင္းေနတာမ်ိဳး၊ ေပ်ာ့ေပ်ာင္းစြာနဲ႔ သန္မာေနတာမ်ိဳး၊ ၿငိမ္းေအးရင္းနဲ႔ ရဲရင့္ေနတာမ်ိဳး ျဖစ္ပါတယ္။ 


ေဒါက္တာ ၿဖိဳးသီဟ

၁၀.၃.၂၀၂၂


No comments: