Sunday, September 8, 2019

ဆီးက်ိတ္ႀကီးျခင္းေရာဂါ (BPH) ကို ေဆး၀ါးျဖင့္ကုသျခင္း


************************************

💢 MWD: BPH ျဖစ္ေနသူေတြဟာ မလြဲမေသြဆိုသလို ေဆး၀ါးေတြကို မွီ၀ဲရေလ့႐ွိပါတယ္.. ဒီလိုမွီ၀ဲရာမွာ သိသင့္သိထုိက္တာေလးေတြကို ဗဟုသုတအျဖစ္ တင္ဆက္သြားမွာျဖစ္ပါတယ္…

💢 USN: ၿပီးခဲ့တဲ့အပတ္ကေတာ့ BPH ျဖစ္တဲ့သူေတြအတြက္ ဘယ္လိုေနထိုင္စားေသာက္သင့္တယ္ဆိုတဲ့ အေၾကာင္းေတာ့ သိရပါၿပီဆရာ..  ဒါ့အျပင္ BPH ျဖစ္ေနသူေတြအေနနဲ႔ ဘယ္လိုမ်ဳိးေဆး၀ါးေတြ မွီ၀ဲသင့္တယ္ဆိုတာလဲ သိခ်င္ပါတယ္ ဆရာ…

Dr.KML: ၿပီးခဲ့တဲ့အပတ္ကေျပာခဲ့တဲ့  Life style လို႔ေခၚတဲ့ အေနအထိုင္၊ အစားအေသာက္ကေတာ့ အားလံုးနဲ႔ သက္ဆိုင္ပါတယ္.. အခ်ဳိ႕လဲ အေနအထိုင္၊ အစားအေသာက္ ဂ႐ုစိုက္ေပးလိုက္တာနဲ႔ ဘာေဆးမွေသာက္စရာမလို၊ ခြဲစရာစိတ္စရာလဲမလိုဘဲ ေကာင္းေနတဲ့သူေတြ အမ်ားႀကီး႐ွိပါတယ္.. ဒါေပမယ့္ BPH ျဖစ္တာၾကာလို႔ပဲျဖစ္ျဖစ္၊ အသက္ပိုႀကီးလာလို႔ပဲျဖစ္ျဖစ္ (ဥပမာ အသက္ ၆၀ ေက်ာ္ရင္)၊ ဆီးနဲ႔ပတ္သတ္တဲ့လကၡဏာေတြ ခံစားေနရရင္ေတာ့ ေဆးေတြပါမွီ၀ဲဖို႔လိုပါတယ္.. ဒီလိုမွီ၀ဲတဲ့အခါမွာ အုပ္စု (၂) ခု ႐ွိပါတယ္..

(၁) ဓာတုေဗဒနည္းနဲ႔ ျပဳလုပ္ထားတဲ့ေဆး၀ါးမ်ား (Chemical Drugs)
(၂) သဘာ၀ေဆး၀ါးမ်ား (Natural Medicine) ဆိုၿပီးျဖစ္ပါတယ္..

💢 USN: ဓာတုေဗဒေဆး၀ါေတြအေၾကာင္းလဲ အေသးစိတ္သိခ်င္ပါတယ္ ဆရာ..

Dr.KML: ဒီမွာလဲ ျပန္ၿပီးအုပ္စု (၂) ခု ထပ္ခြဲထားပါတယ္.. Anti-androgen အုပ္စုနဲ႔ Alpha-blocker အုပ္စုဆိုၿပီး ျဖစ္ပါတယ္.. Anti-androgen အုပ္စုဆိုတာက Testosterone ကေန DHT ေျပာင္းတာ နည္းသြားေအာင္ လုပ္တဲ့ေဆးေတြျဖစ္ပါတယ္.. ဥပမာ Finasteride လိုေဆးမ်ဳိးေပါ့.. 5 Alpha-reductase inhibitor လို႔လဲေခၚၾကပါတယ္.. ဒီေဆးကိုေပးလိုက္ရင္ DHT ေတြေလ်ာ့သြားလို႔ Prostate gland ရဲ႕အ႐ြယ္အစားလဲ ျပန္ေသးသြားပါတယ္..  Prostate အ႐ြယ္အစားႀကီးေလေလ ပိုၿပီးထိေရာက္ေလျဖစ္ၿပီး စၿပီးျဖစ္ခါစဆိုရင္ေတာ့ ထိေရာက္မႈနည္းပါတယ္.. သူ႔ကိုေသာက္ရင္ တစ္ေန႔တစ္လံုးပဲ ေသာက္ဖို႔လိုပါတယ္.. ေသာက္ေသာက္ခ်င္း အာနိသင္ခ်က္ခ်င္းမျပပါဘူး.. တျဖည္းျဖည္းခ်င္းသာျပၿပီး ၆ လေလာက္ၾကာမွ သိသိသာသာ သက္သာတတ္ပါတယ္.. အခ်ဳိ႕လူေတြမွာေတာ့ Response လုပ္ခ်င္မွလုပ္ပါတယ္.. အထူးသျဖင့္ BPH ဟာ gland မွာ႐ွိတဲ့ smooth muscle လို႔ေခၚတဲ့ ၾကြက္သားေတြႀကီးလို႔ ျဖစ္တာဆိုရင္ေတာ့ ဒီေဆးနဲ႔မသက္သာႏိုင္ပါဘူး..

💢 USN: Side effect ေတြ ဘာေတြမ်ား႐ွိပါသလဲ ဆရာ..

Dr.KML: ၾကာၾကာစြဲေသာက္ရတဲ့ေဆးျဖစ္တာေၾကာင့္ တခ်ဳိ႕အမ်ဳိးသားေတြမွာ ရင္သားေတြတင္းၿပီး ထိရင္နာတာမ်ဳိး ျဖစ္တတ္ပါတယ္.. အခ်ဳိ႕လူနည္းစု (၅%ေလာက္) ကေတာ့ Impotence လို႔ေခၚတဲ့ ပန္းေသပန္းညွိဳးျဖစ္တတ္ပါတယ္.. ဒီလိုျဖစ္ရင္ ဆရာ၀န္နဲ႔ ျပန္တိုင္ပင္သင့္ပါတယ္.. တျခားႀကီးမားတဲ့ side effect ေတာ့မ႐ွိပါဘူး..

💢 USN: ေနာက္ထပ္ေဆးတစ္မ်ဳိးလဲ ဆက္ေျပာပါဦး ဆရာ..

Dr.KML: ဒုတိယအုပ္စုကုိေတာ့ Alpha-blocker လို႔ေခၚပါတယ္.. သူကေတာ့ smooth muscle လို႔ေခၚတဲ့ ၾကြက္သားေလးေတြကို တင္းေနရာကေန ေလ်ာ့သြားေအာင္ ေလွ်ာ့ေပးတဲ့ေဆးျဖစ္ပါတယ္.. သူ႔ကို အရင္က ေသြးတိုးေရာဂါကုသရာမွာ သံုးခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ပါၿပီ.. ဘာလို႔လဲဆိုေတာ့ ေသြးတိုးေရာဂါဆိုတာ ေသြးေၾကာေလးေတြရဲ႕နံရံမွာ႐ွိတဲ့ ၾကြက္သားေလးေတြ က်ဳံ႕သြားလို႔ အဓိကျဖစ္ရတာဆိုေတာ့ ဒီေဆးေပးလိုက္ရင္ ေသြးေၾကာေလးေတြ က်ယ္သြားတဲ့အတြက္ ေသြးေပါင္ခ်ိန္လဲ က်သြားပါတယ္..


 အလားတူပဲ.. Prostate gland မွာလဲ smooth muscle ၾကြက္သားေလးေတြ ႐ွိပါတယ္.. ဒီၾကြက္သားေလးေတြတင္းလာရင္ အတြင္းမွာ႐ွိတဲ့ဆီးျပြန္ကုိ အျပင္ကေန ညွစ္ထားသလိုျဖစ္ေတာ့ ဆီးသြားရခက္တာေပါ့..  ဒီလိုလူမ်ဳိးကို Alpha-blocker ေပးလိုက္ရင္ သက္သာတာျမန္ပါတယ္.. ရက္ပိုင္းအတြင္း ဒါမွမဟုတ္ တစ္ပတ္ႏွစ္ပတ္အတြင္း သက္သာႏိုင္ပါတယ္.. ခုနကေျပာခဲ့တဲ့ Finasteride မလုပ္ႏိုင္တဲ့အလုပ္ကို သူကလုပ္ေပးပါတယ္..
အထူးသျဖင့္ BPH လဲ႐ွိမယ္.. ေသြးတိုးေရာဂါလဲ ႐ွိမယ္ဆိုရင္ေတာ့ ဒီေဆးဟာ အထူးပဲသင့္ေတာ္ပါတယ္.. ေစ်းလဲသက္သာပါတယ္.. ဥပမာအေနနဲ႔ေျပာရရင္ Prazosin, Terazosin, Doxazosin, Tamsulosin, Alfuzosin ဆိုတဲ့ေဆးေတြျဖစ္ပါတယ္.. တစ္မ်ဳိးေသာက္ရင္ လံုေလာက္ပါတယ္..

💢 USN: သူ႔ေရာ side effect ေတြ ဘာေတြ ႐ွိပါေသးလား ဆရာ..

Dr.KML: အဓိက side effect ကေတာ့ ေသြးေၾကာေတြကိုက်ယ္ေစတဲ့အတြက္ ႐ုတ္တရက္ BP (ေသြးေပါင္) က်သြားတတ္ျခင္းျဖစ္ပါတယ္.. အထူးသျဖင့္ အိပ္ေနရာကေန ႐ုတ္တရက္ ထုိင္လိုက္လို႔ပဲျဖစ္ျဖစ္၊ ထိုင္ေနရာကေန ႐ုတ္တရက္ထလိုက္လို႔ပဲျဖစ္ျဖစ္၊ ဦးေႏွာက္ကိုေသြးေရာက္တာ ႐ုတ္တရက္နည္းသြားၿပီး မိုက္ကနဲျဖစ္တာတို႔၊ မူးသြားတာတို႔ကအစ ၾကမ္းျပင္ေပၚလဲက်တဲ့အထိ ျဖစ္တတ္ပါတယ္.. ဒါကိုေ႐ွာင္လဲႊႏိုင္ဖို႔အတြက္ ဒီေဆးကုိ ညအိပ္ခါနီးေသာက္တာ အေကာင္းဆံုးျဖစ္ပါတယ္..
တျခား side effect အေနနဲ႔ ႏွာေခါင္းမွာ႐ွိတဲ့ ေသြးေၾကာေတြပါ က်ယ္ေစတဲ့အတြက္ ႏွာေခါင္းပိတ္တာတို႔၊ ၾကြက္သားေတြေလ်ာ့ေနလို႔ ေျခလက္မသယ္ခ်င္ျဖစ္တာတို႔၊ ဆီးက်ိတ္ရဲ႕ၾကြက္သားေတြေလ်ာ့ေနလို႔ သုတ္ရည္လႊတ္တာ ေလ်ာ့သြားတာ (ejaculation)တို႔ ျဖစ္တတ္ပါတယ္..

💢 USN: ဒီေဆးႏွစ္မ်ဳိးကို တြဲၿပီးေသာက္လို႔ေရာ ရပါသလား ဆရာ..

Dr.KML: ရပါတယ္.. မ်ားေသာအားျဖင့္လဲ ဆရာ၀န္ေတြက တြဲေပးေလ့႐ွိပါတယ္.. ဒီေဆးေတြဟာ မိမိသေဘာအတိုင္း မေသာက္သင့္ဘဲ ကၽြမ္းက်င္တဲ့ဆရာ၀န္နဲ႔ျပသၿပီး ေသာက္ရမွာျဖစ္ပါတယ္.. side effect ေတြကိုေတာ့ သိထားသင့္ၿပီး ျဖစ္လာခဲ့ရင္ မိမိကုိကုသေနတဲ့ ဆရာ၀န္ဆီမွာ အျမန္ဆံုးေျပာျပၿပီး ေဆးအတိုးအေလွ်ာ့လုပ္ရမွာ ျဖစ္ပါတယ္..

💢 USN: ဓာတုေဗဒေဆး၀ါးေတြအေၾကာင္းေတာ့ အေတာ္ေလး ျပည့္ျပည့္စံုစံုသိရပါၿပီ.. သဘာ၀ေဆး၀ါးေတြအေၾကာင္းလဲ ဆက္ပါဦး ဆရာ..

Dr.KML: သူ႔မွာလဲ အဓိက သဘာ၀ေဆး (၂) မ်ဳိး႐ွိပါတယ္.. Bee Pollen နဲ႔ Saw Palmetto တို႔ပဲျဖစ္ပါတယ္..

💢 USN: Bee Pollen ကေတာ့ ကၽြန္ေတာ္ ေသာက္ေနတာၾကာပါၿပီ ဆရာ.. ဒါေပမယ့္ ဒီေဆးအေၾကာင္းကိုေတာ့ ဂဃနဏ မသိခဲ့ပါဘူး..  အခုေတာ့ ကၽြန္ေတာ္သိခ်င္ေနတာေတြ ေမးခြင္႔ရေတာ့ အဆင္ေျပသြားတာေပါ့.. ပထမဆံုးသိခ်င္တာက Bee Pollen ဆိုတာ ဘာလဲဆိုတာ သိပါရေစ..

Dr.KML: ကၽြန္ေတာ္တို႔သက္႐ွိေလာကမွာ အပင္ေလာက (Plant Kingdom) နဲ႔ သတၱ၀ါေလာက (Animal kingdom) ဆိုၿပီး အဓိက (၂) ခု႐ွိတာ အားလံုးအသိပဲျဖစ္ပါတယ္.. သက္႐ွိေတြရဲ႕ အဓိကတာ၀န္တစ္ရပ္အေနနဲ႔ မ်ဳိးဆက္ျပန္႔ပြားေရးကို လုပ္ေဆာင္ၾကရပါတယ္.. ကၽြန္ေတာ္တို႔လူေတြကိုၾကည့္ရင္ Sperm လို႔ေခၚတဲ့ အဖိုမ်ဳိးေစ့နဲ႔ Ovum လို႔ေခၚတဲ့ မမ်ဳိးဥတို႔ ေပါင္းစပ္ၿပီး မ်ဳိးေအာင္ျခင္းကိုျဖစ္ေစတဲ့အတြက္ လူသားမ်ဳိးႏြယ္ေတြျဖစ္လာပါတယ္..
အလားတူပါပဲ.. အပင္ေတြမွာလဲ ပန္းပြင့္ေတြမွာ႐ွိတဲ့ အဖို၀တ္မႈန္နဲ႔ အမ၀တ္မႈန္တို႔ ေပါင္းစပ္မ်ဳိးေအာင္ၿပီး ေနာက္ထပ္အပင္တစ္ပင္ ျဖစ္ေစပါတယ္.. ဒီေတာ့ ကၽြန္ေတာ္တို႔လူရဲ႕ အဖိုမ်ဳိးေစ့ sperm နဲ႔ အပင္ရဲ႕အဖိုမ်ဳိးေစ့ဟာ သေဘာသဘာ၀ခ်င္း အတူတူျဖစ္ပါတယ္.. ပါ၀င္ဖြဲ႕စည္းပံုေတာ့ အနည္းငယ္ျခားနားတာေပါ့ေလ.. ပန္းပင္မွာ႐ွိတဲ့ အဖို၀တ္မႈန္မွာ ကၽြန္ေတာ္တို႔အမ်ဳိးသားေတြရဲ႕ အဖိုဟိုမုန္းေတြရဲ႕ Precursor လို႔ေခၚတဲ့ အေျခခံပစၥည္းေတြ အမ်ားႀကီးပါပါတယ္.. ပန္းပြင့္မွာ႐ွိတဲ့ ၀တ္ရည္ကိုစုပ္ဖို႔ ပ်ားကေလးေတြဟာ ေရာက္လာတ့ဲအခါ ၀တ္ရည္စုပ္တဲ့အလုပ္အျပင္ သူတို႔ေျခေထာက္ေတြမွာ ကပ္ညွိလာတဲ့အဖို၀တ္မႈန္ေတြကို ပ်ားရည္နဲ႔ေရာၿပီး အလံုးကေလးေတြ (granules) ျဖစ္ေအာင္ျပဳလုပ္ပါတယ္.. ၿပီးရင္ သူ႕ရဲ႕ေျခေထာက္မွာ႐ွိတဲ့ ၀တ္မႈန္အိတ္ (Pollen busket) ထဲကိုထည့္ၿပီး ပ်ားအံုဆီကိုျပန္လာပါတယ္.. ၿပီးရင္ ၃ ရက္ေက်ာ္တဲ့ ပ်ားသားေပါက္ေလးေတြကို ေကၽြးပါတယ္.. သူ႔မွာပါတဲ့ အာဟာရဓာတ္ေတြေၾကာင့္ ပ်ားေလးေတြဟာ ၂၂ ရက္ၾကာရင္ Adult Bee လို႔ေခၚတဲ့ အ႐ြယ္ေရာက္ အလုပ္လုပ္ႏိုင္တဲ့ပ်ားေတြ ျဖစ္သြားပါတယ္.. ဒီ Pollen ေတြကိုစုစည္းၿပီး ရတဲ့ပစၥည္းကို Bee Pollen လို႔ေခၚျခင္းျဖစ္ပါတယ္..

💢 USN: ဒါဆိုရင္ ပ်ားကတဆင့္သယ္လာတဲ့ Bee Pollen ကိုမယူဘဲနဲ႔ ပန္းပြင့္ကေနရတဲ့ အဖုိ၀တ္မႈန္ကိုပဲ တုိက္႐ိုက္ယူၿပီးစားရင္ေကာ မရဘူးလား ဆရာ..

Dr.KML: ဒါ ေမးသင့္တဲ့ေမးခြန္းျဖစ္ပါတယ္.. မရဘူးလို႔ပဲေျဖရပါမယ္.. အဓိကအခ်က္ (၂) ခ်က္ေၾကာင့္ပါ.. ပထမအခ်က္က ပန္းပင္မွာ႐ွိတဲ့ Pollen ဟာ လူအမ်ားစုအတြက္ကို allergy လို႔ေခၚတဲ့ ဓာတ္မတည့္မႈကို ျဖစ္ေစႏိုင္ပါတယ္.. Antigenicity လို႔ေခၚပါတယ္.. အေရျပားယားယံတာကအစ ပန္းနာရင္ၾကပ္ေရာဂါအထိ ျဖစ္ေစႏိုင္ပါတယ္..
ဒုတိယအခ်က္က အဖို၀တ္မႈန္တစ္ခုခ်င္းကို အျပင္ကေန shell လို႔ေခၚတဲ့အခြံနဲ႔ အုပ္ထားပါတယ္.. အဲဒီအခြံဟာ အလြန္မာေၾကာတာေၾကာင့္ ခႏၶာကိုယ္ထဲမွာ အလြယ္တကူမေက်ႏိုင္ပါဘူး.. ဒါေၾကာင့္ ပါ၀င္တဲ့အာဟာရဓာတ္ေတြလဲ မစုပ္ယူႏိုင္လို႔ အာနိသင္လဲရမွာမဟုတ္ပါဘူး.. ဒါေၾကာင့္ အာနိသင္မရဘဲ side effect ပဲရႏိုင္တဲ့ ပန္းပင္ကရတဲ့၀တ္မႈန္ကုိ တုိက္႐ိုက္ယူၿပီး မစားသင့္ပါဘူး..

💢 USN: Bee Pollen ျဖစ္သြားရင္ေရာ ဘယ္လိုမ်ားေျပာင္းလဲသြားလို႔ သံုးႏိုင္တဲ့အဆင့္ကို ေရာက္သြားတာပါလဲ ဆရာ..

Dr.KML: ပန္းပြင့္မွာရွိတဲ့ အဖို၀တ္မႈန္ေတြဟာ ပထမဆံုး လုပ္သားပ်ားမရဲ႕ေျခေထာက္မွာ အရင္ဆံုးကပ္ညွိပါတယ္.. ၿပီးေတာ့ ပ်ားမရဲ႕ပါးစပ္မွာ႐ွိတဲ့ saliva တံေတြးနဲ႔စုပ္ၿပီး granule လို႔ေခၚတဲ့ အလံုးေလးေတြျဖစ္ေအာင္ လုပ္ပါတယ္.. ၿပီးရင္ သူ႕ရဲ႕အစာအိမ္ကေနတဆင့္ ျပန္ထုတ္လုိက္တဲ့ပ်ားရည္နဲ႔ ထပ္ၿပီးလံုးပါတယ္.. ၿပီးမွ သူ႔ရဲ႕ Pollen Busket ထဲထည့္ျခင္း ျဖစ္ပါတယ္.. ဒီလိုလုပ္လိုက္တဲ့အတြက္ Salivary enzyme ေတြရယ္ ပ်ားရည္မွာပါတဲ့ enzyme ေတြေၾကာင့္ လူရဲ႕ခႏၶာကိုယ္ကို allergic ျဖစ္ေစႏိုင္တဲ့ Protein ေတြဟာ ပ်က္စီးသြားပါတယ္.. ၿပီးေတာ့ Shell လို႔ေခၚတဲ့အခြံဟာလဲ ပ်က္စီးသြားတဲ့အတြက္ ခႏၶာကိုယ္ကေန အလြယ္တကူေခ်ဖ်က္ၿပီး စုပ္ယူႏိုင္ပါတယ္..
ဒါေၾကာင့္ Bee Pollen ဟာ 100% absorb လုပ္ႏိုင္ၿပီး allergic မျဖစ္ေတာ့တဲ့ ေဆးဖက္၀င္ပစၥည္း ျဖစ္သြားရျခင္းျဖစ္ပါတယ္..

💢 USN: Bee Pollen ေသာက္ရင္ BPH ကို ဘယ္နည္းဘယ္ပံု သက္သာေစတာလဲဆိုတာ သိပါရေစ ဆရာ..

Dr.KML: Bee Pollen မွန္မွန္ေသာက္ရင္ BPH အတြက္ အမ်ားႀကီးအက်ဳိး႐ွိပါတယ္..
ပထမဆံုးအေနနဲ႔ Prostate gand ကို ပံုမွန္ျပန္ၿပီးအလုပ္လုပ္ႏိုင္ေအာင္ ကူညီေပးပါတယ္.. Bee Pollen မွာပါတာက အဖို၀တ္မႈန္ေတြျဖစ္လို႔ male hormone ျဖစ္တဲ့ Testosterone ထုတ္လုပ္ရာမွာ လိုအပ္တဲ့ကုန္ၾကမ္းေတြ အင္ဇိုင္းေတြ အမ်ားႀကီးပါ၀င္ပါတယ္.. သူ႔ကိုပံုမွန္စားရင္ Testosterone ေတြ ပံုမွန္ျပန္ထြက္လာေစတဲ့အတြက္ DHT အျဖစ္ေျပာင္းတာ နည္းသြားပါတယ္.. Estrogen activity ကုိ ေကာင္းစြာဟန္႔တားထားႏိုင္လို႔ ႐ွိၿပီးသား DHT ေတြဟာလဲ ဆီးနဲ႔အတူ အလြယ္တကူ စြန္႔ထုတ္ႏိုင္ပါတယ္.. ဒါ့ေၾကာင့္ Prostate gland ဟာ ထပ္မႀကီးႏိုင္ေတာ့ပါဘူး..
ဒုတိယအေနနဲ႔ Prostate မွာ႐ွိတဲ့ ၾကြက္သားေတြကို ေလ်ာ့သြားေစပါတယ္.. ဒါ့ေၾကာင့္ ဆီးသြားလို႔ပိုေကာင္းေစပါတယ္.. သူဟာ တိုက္႐ိုက္ေလ်ာ့ပါးေစတာျဖစ္ၿပီး Alpha blocking ေၾကာင့္ရတာမဟုတ္လို႔ ေသြးေၾကာနံရံေတြက်ယ္ၿပီး ေသြးေပါင္းက်တာတို႔၊ မူးတာတို႔ ျဖစ္ေလ့မ႐ွိပါဘူး..
ေနာက္တတိယအခ်က္အေနနဲ႔ သူ႔မွာပါတဲ့ enzyme ေတြဟာ Prostate gland ရဲ႕ေရာင္ရမ္းမႈကို က်ေစပါတယ္.. BPH ျဖစ္တဲ့သူေတြအမ်ားစုဟာ ဆီးက်ိတ္ေရာင္ေလ့႐ွိပါတယ္.. ေရာင္ရင္ ဆီးလမ္းေၾကာင္းပိတ္ၿပီး ဆီးသြားလုိ႔မရဘူး ျဖစ္တတ္ပါတယ္.. ဒါ့ေၾကာင့္ အေရာင္က်ေစတဲ့သတၱိ Anti-inflammation ဟာလဲ အေရးပါတဲ့အာနိသင္ျဖစ္ပါတယ္.. ဒီသံုးခ်က္ေၾကာင့္ Bee Pollen မွန္မွန္ေသာက္ရင္ BPH လူနာေတြ သက္သာသြားတာျဖစ္ပါတယ္..

💢 USN: သူ႔မွာေရာ ဘာ side effect ေတြမ်ား ႐ွိတတ္ပါသလဲ ဆရာ..

Dr.KML: Flower Pollen ကေနတဆင့္လာတဲ့အတြက္ အခ်ဳိ႕ေသာသူေတြမွာ ဓာတ္မတည့္မႈ ျဖစ္တတ္ပါတယ္.. ဥပမာ ေဆးေသာက္ၿပီး အေရျပားယားယံတာတို႔ နား႐ြက္ေတြ မ်က္ႏွာေတြ နီလာတာတို႔ ႏႈတ္ခမ္းေတြထူလာတာတို႔ ေခ်ာင္းဆိုးခ်င္သလိုလိုျဖစ္တာတို႔ ျဖစ္တတ္ပါတယ္.. အခ်ဳိ႕သူေတြမွာ အဆုတ္ျပြန္ေလးေတြ က်ယ္သြားတဲ့အတြက္ ရင္ၾကပ္တာတို႔ဘာတို႔ ျဖစ္တတ္ပါတယ္.. ပန္းနာရင္ၾကပ္အခံ႐ွိသူေတြအေနနဲ႔ ပိုသတိထားရပါမယ္..  အေကာင္းဆံုးက စေသာက္ခါစမွာ တည့္/မတည့္မေသခ်ာေသးေတာ့ နည္းနည္းခ်င္း စေသာက္ပါ.. ၿပီးမွ တျဖည္းျဖည္း လုိခ်င္တဲ့အတိုင္းအတာကိုေသာက္ရင္ ျပႆနာမ႐ွိပါဘူး..
ဒုတိယကေတာ့ အခ်ဳိ႕လူေတြမွာ အစာမေၾကတာ၊ ရင္ျပည့္တာ၊ ၀မ္းပ်က္တာတို႔ ျဖစ္တတ္ပါတယ္.. ဒီလိုမ်ဳိးျဖစ္ရင္ အစာစားၿပီးမွေသာက္ရင္ အဆင္ေျပသြားတတ္ပါတယ္..
တတိယအေနနဲ႔ သူ႔မွာ သဘာ၀ sugar (၁၁) မ်ဳိးပါ၀င္တဲ့အတြက္ ဆီးခ်ဳိေသြးခ်ဳိေရာဂါ႐ွိသူမ်ားသံုးရင္ သတိထားရပါမယ္.. မိမိကိုကုသေနတဲ့ ဆရာ၀န္နဲ႔တိုင္ပင္ၿပီးမွ ေသာက္သင့္ပါတယ္..
ေနာက္ဆံုးအေနနဲ႔ အေရးႀကီးဆံုးကေတာ့ Bee Pollen ရဲ႕ Quality ပိုင္းဆိုင္ရာ side effect ျဖစ္ပါတယ္.. Quality မေကာင္းတဲ့ Bee Pollen ကိုေသာက္မိရင္ ေရာဂါမေပ်ာက္ဘဲ side effect ေတြရႏိုင္ပါတယ္.. ဥပမာ Pollen ကုိ စုေဆာင္းထုတ္လုပ္ရာမွာ သန္႔႐ွင္းမႈမ႐ွိခဲ့ရင္ bacteria တို႔ fungus တို႔စတဲ့ ေရာဂါပိုးေတြ ပါလာတတ္ပါတယ္..

💢 USN: Bee Pollen အေၾကာင္းေတာ့ အေတာ္ေလး ျပည့္ျပည့္စံုစံုသိရပါၿပီ ဆရာ..  Saw Palmetto အေၾကာင္းလဲ ဆက္ပါဦး ဆရာ..

Dr.KML: အပင္နာမည္မွာပါတဲ့ Saw ဆိုတာ လႊလို႔ အဓိပၸာယ္ရပါတယ္.. သူ႕ရဲ႕အ႐ြက္ေလးေတြဟာ လႊသြားနဲ႔တူလို႔ျဖစ္ၿပီး Palm ဆိုတာကေတာ့ ထန္းပင္အုပ္စုမွာပါလို႔ ေခၚတာျဖစ္ပါတယ္.. etto ဆိုတာ ဘယ္ရီသီးလို႔ အဓိပၸာယ္ရပါတယ္.. ဒါ့ေၾကာင့္ အားလံုးၿခံဳၿပီးေျပာရရင္ ဘယ္ရီသီးသီးေသာ လႊသြားပါသည့္ထန္းပင္လို႔ အဓိပၸာယ္ရပါတယ္.. ျမန္မာအမည္အေနနဲ႔ ေဆးဖက္၀င္တဲ့ ထန္းပင္အုပ္စုျဖစ္လို႔ ေဆးထန္းပင္လို႔ ေခၚပါတယ္..
သူရဲ႕ Native ကေတာ့ ေျမာက္အေမရိကတိုက္ျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စု California ျပည္နယ္ကေန Florida ျပည္နယ္အထိ ေပါက္ေရာက္ပါတယ္.. အ့ဲဒီကေနမွတဆင့္ ဥေရာပတိုက္ကို ေရာက္သြားပါတယ္.. အပင္ကေတာ့ ၆ ေပကေန ၁၀ ေပေလာက္အထိပဲ ျမင့္ပါတယ္.. ဘယ္ရီသီးကို ေဆးထုတ္ရတာျဖစ္ပါတယ္..

💢 USN: ဒီအသီးေတြက ဘယ္လုိမ်ား အာနိသင္႐ွိပါသလဲ ဆရာ..

Dr.KML: သူ႔မွာပါတဲ့ Beta-sitosterol လို႔ေခၚတဲ့ active principle ေတြဟာ Testosterone ကေန DHT မျဖစ္ေအာင္ ဟန္႔တားႏိုင္စြမ္း႐ွိလို႔ DHT နည္းေအာင္ လုပ္ေပးျခင္းျဖစ္ပါတယ္.. DHT မွာ Receptor (၂) မ်ဳိး႐ွိရာမွာ နံပတ္ (၁) က ဦးေခါင္းဆံပင္ရင္းမွာ႐ွိၿပီး နံပါတ္ (၂) က ဆီးက်ိတ္မွာ႐ွိပါတယ္.. သူက (၂) ခုစလံုးကို ပိတ္ပင္ဟန္႔တားတဲ့အတြက္ ဆီးက်ိတ္ကိုေသးေစ႐ံုမက ဆံပင္ပါမကၽြတ္ေအာင္ ဟန္႔တားႏိုင္စြမ္း႐ွိပါတယ္..

💢 USN: Bee Pollen နဲ႔ Saw Palmetto ဟာ တစ္ခုခ်င္းစီပဲ ေသာက္ရမွာလား.. ဒါမွမဟုတ္ တြဲေသာက္ရမလားဆိုတာလဲ သိပါရေစ ဆရာ..

Dr.KML: ႏွစ္ခုတြဲေသာက္ရင္ေတာ့ အေကာင္းဆံုးျဖစ္ပါတယ္.. Bee Pollen က Testosterone ေတြပံုမွန္ထုတ္ႏိုင္ေအာင္ လုပ္ေပးမယ္.. ေရာင္တာေတြဘာေတြ မျဖစ္ေအာင္လုပ္ေပးမယ္.. Saw Palmetto က Testosterone ကေန DHT မျဖစ္ေအာင္ ကာကြယ္ေပးမယ္ဆိုရင္ အထိေရာက္ဆံုးျဖစ္ပါတယ္..

#BPH
#NaturalSupplement
#HealthTalk

မူလတင္ထားတဲ့ စာမ်က္ႏွာက - ေဒါက္တာ ခင္ေမာင္လြင္ (FAME Pharmaceuticals) 

Saturday, September 7, 2019

အလုပ္ခြင္မွာ စြမ္းေဆာင္ရည္ျမင့္တက္ေစဖို႔ ေမြးျမဴသင့္တဲ့အေလ့အထအခ်ိဳ႕



ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win


တာဝန္ေတြကို အေကာင္းဆံုးလုပ္ေဆာင္လို႔ လုပ္ငန္းခြင္မွာစြမ္းေဆာင္ရည္ျမင့္မားသူတစ္ေယာက္ျဖစ္ခ်င္လား။ ဒါဆိုရင္ေတာ့ အခုေျပာျပမယ့္အခ်က္ေလးေတြကို လိုက္လုပ္ၾကည့္လုိက္ပါေနာ္။ ဒါေတြက သင့္ကို လုပ္ငန္းခြင္မွာ စြမ္းေဆာင္ရည္အေကာင္းဆံုးသူျဖစ္ေစမွာပါ အေသအခ်ာပါပဲ။

အလုပ္ခြင္မွာ စြမ္းေဆာင္ရည္ျမင့္မားသူတစ္ေယာက္ျဖစ္ေစဖို႔
ဒီအေလ့အက်င့္ေလးေတြကို ကိုယ္ရဲ႕ ေန႔စဉ္လုပ္ေနက် အေလ့အထေလးေတြျဖစ္သြားေအာင္ ေမြးျမဴေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ အရာရာကို အေကာင္းဆံုး စြမ္းေဆာင္ႏိုင္သူတစ္ေယာက္ျဖစ္လာဖို႔အတြက္ပါ အဆင္သင့္ျဖစ္ေနမွာပါေနာ္။

ရံုးကိုေစာေစာသြားပါ

ရံုးကို တတ္ႏိုင္သမွ်ေစာေစာေလးသြားပါ။ ဒါမွကားက်ပ္တဲ့ျပႆနာကင္းေဝးမွာျဖစ္သလို ရံုးမွာ ၾကိဳတင္ျပင္ဆင္စရာရွိတာေတြကိုလည္း ျပင္ဆင္ႏိုင္မွာပါ။ မျပီးျပတ္ေသးတာေတြ၊ မျပည့္စံုေသးတာေတြကို ျပီးျပည့္စံုေအာင္လုပ္ဖို႔လည္း အခ်ိန္ရရွိေစမွာပါ။ ရံုးခ်ိန္ထက္ အနည္းဆံုး ၁၅ မိနစ္ေလာက္ ေစာေရာက္တတ္တဲ့ အက်င့္ကိုေမြးျမဴပါ။

ၾကိဳတင္ျပင္ဆင္ပါ

ေနာက္တစ္ေန႔လုပ္စရာကိစၥေတြကို ညဘက္အိပ္ရာမဝင္ခင္ကတည္းက ျပင္ဆင္စဉ္းစားထားပါ။ ဒါမွ ေနာက္တစ္ေန႔မွာ အဆင္သင့္ျဖစ္လို႔ စိတ္လက္ခ်မ္းသာနဲ႔ အလုပ္ေတြကို အေကာင္းဆံုးလုပ္ႏိုင္မွာပါ။

ေန႔လယ္စာကို အျပင္ထြက္စားပါ

ေန႔လယ္စာစားတဲ့အခါ အျပင္ထြက္စားတာက စိတ္ဖိစီးမႈေျပေလ်ာ႔ေစျပီး အလုပ္ေတြကို ပိုျပီး ေကာင္းေကာင္းလုပ္ေစႏိုင္ပါတယ္။ ဖန္တီးႏိုင္စြမ္းနဲ႔ အာရံုစူးစိုက္မငကို ပိုေကာင္းေစႏိုင္ပါတယ္ေနာ္။

မလိုအပ္တာေတြကိုေမ့လိုက္ပါ

တစ္ခါတေလမွာ လူအမ်ားစုက အေရးလည္းမၾကီး မျဖစ္မေနလုပ္ဖို႔လည္း မလိုတဲ့ အရာေတြအေပၚမွာ အာရံုစိုက္လြန္းတတ္ၾကပါတယ္။ ဒီအေလ့အက်င့္ကပဲ ပိုပင္ပန္းေစျပီး အလုပ္လုပ္ေဆာင္နိုင္မႈစြမ္းရည္ကို က်ဆင္းေစတာပါ။ ဒါေၾကာင့္ အေရးမၾကီးဘူး၊ လုပ္လို႔လည္းဘာမွ အက်ိဳးထူးမသြားေလာက္တဲ့ ကိစၥေတြအတြက္ အခ်ိန္ကုန္မခံပါနဲ႔။

တစ္ေန႔တာ ပန္းတိုင္ခ်မွတ္ပါ

တစ္ေနပတာမွာ ဘယ္ေလာက္အထိ အလုပ္ေတြျပီးစီးရမယ္။ စာအုပ္ကိုဘယ္ေလာက္ထိျပီးေအာင္ဖတ္ရမယ္။ ေလ့လာစရာေတြကို ဘယ္ေလာက္အတိုင္းအတာထိျပီးရမယ္ဆိုတဲ့ တစ္ကိုယ္ေတာ္ တစ္ေန႔တာ ပန္းတိုင္ေတြခ်မွတ္လို႔ ျပည့္မီေအာင္လုပ္ပါ။ ဒီလိုလုပ္ေဆာင္ေပးျခင္းက ကိုယ့္ကိုယ္ကို ယံုၾကည္မႈတိုးေစမွာျဖစ္သလို လုပ္ငန္းခြင္မွာလည္း စြမ္းေဆာင္ရည္ေကာင္းသူတစ္ေယာက္ျဖစ္လာေအာင္ အားျဖည့္ေပးႏိုင္မွာပါ။

Deadline သတ္မွတ္ပါ

အလုပ္တာဝန္တစ္ခုစီတိုင္းအတြက္ deadline ေတါကိုေသခ်ာေလးသတ္မွတ္ပါ။ တကယ္လည္း ျပီးစီးေအာင္လုပ္ပါ။ ဒီလိုလုပ္ျခင္းက ကိုယ့္ကိုလုပ္ေဖာ္ကိုင္ဖက္ေတြက ေလးစားေစသလို ကိုယ္တိုင္မွာလည္း ယံုၾကည္ခ်က္ေတြတိုးေစႏိုင္ပါတယ္ေနာ္။

ဦးေႏွာက္ကို အေကာင္းဆံုးလုပ္ေဆာင္တတ္ေအာင္ေလ့က်င့္ယူပါ

ဦးေႏွာက္က ဓားတစ္ေခ်ာင္းနဲ႔တူပါတယ္။ ေသြးေလထက္ေလပါ။ ဒါေၾကာင့္ ဦးေႏွာက္ကို ေန႔တိုင္း လုပ္ငန္းေဆာင္တာေတြကို ေကာင္းသထက္ေကာင္းလာေအာင္ လုပ္ေဆာင္ႏိုင္ေစဖို႔ ေလ့က်င့္ေပးပါ။ ေန႔ရက္တိုင္းမွာ လုပ္ႏိုင္စြမ္းကို နည္းနည္းခ်င္းျမွင့္သြားပါ။ ဒါမွ လုပ္ဆာင္ႏိုင္မႈစြမ္းရည္ ျပႆနာေျဖရွင္းႏိုင္စြမ္းေတြ တိုးလာမွာပါ။

ဖုန္းကို ခပ္ေဝးေဝးထားပါ

ဖုန္းက အနားမွာရွိေနရင္ အလုပ္ကို အာရံုမေရာက္ဘဲ ဖုန္းဆီအာရံုေရာက္ေနမယ္။ ေဖ့ဘုတ္ခ္သံုးမယ္၊ ဆိုရင္ အေကာင္းျဖစ္ဖို႔ထက္ အဆိုးျဖစ္ဖို႔ကမ်ားသြားပါျပီ။ ဒီေတာ့ အလုပ္လုပ္ေနခ်ိန္မွာေတာ့ ဖုန္းကုိ ခဏေလာက္ခပ္ေဝးေဝးထားေပးပါ။

အနားေပးပါ

အလုပ္ခြင္မွာ စြမ္းေဆာင္ရည္အေကာင္းဆံုးျဖစ္ခ်င္ေဇာနဲ႔ တစ္ခ်ိန္လံုး အလုပ္ေတြပဲ ဖိလုပ္မေနပါနဲ႔။ မိနစ္ ၉၀ (တစ္နာရီခြဲ) ၾကာတိုင္း ၁၅ မိနစ္ေလာက္ နားေပးပါ။ အေဝးကုိၾကည့္တာမ်ိဳးျဖစ္ျဖစ္၊ ေကာ္ဖီထေဖ်ာ္တာမ်ိဳးျဖစ္ျဖစ္၊ လမ္းေလွ်ာက္တာမ်ိဳးျဖစ္ျဖစ္၊ ေရထေသာက္တာမ်ိဳးျဖစ္ျဖစ္ေပါ့။

ေလ့က်င့္ခန္းလုပ္ပါ

စိတ္ဝင္စားတဲ့ေလ့က်င့္ခန္းတစ္ခုခုလုပ္ပါ။ Gym ေဆာ့တာမ်ိဳးျဖစ္ျဖစ္၊ ေယာဂကစားတာမ်ိဳး၊ Zumba ကတာမ်ိဳးျဖစ္ျဖစ္ေပါ့။ ဒီလိုလုပ္တာက စိတ္ခံစားမႈကို တိုးတက္ေကာင္းမြန္ေစႏိုင္ျပီး အလုပ္ခြင္ထဲမွာလည္း အေကာင္းဆံုးလုပ္ေဆာင္ႏုိင္ေစမွာပါ။

ေန႔ရက္တိုင္း အလုပ္ခြင္ထဲမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ တက္ၾကြလန္းဆန္းေနသူတစ္ေယာကျဖစ္ဖို႔ အခုပဲ ဒီအေလ့အက်င့္ေလးေတြကို ပ်ိဳးေထာင္ေမြးျမဴလိုက္ရေအာင္လား Hello ဆရာဝန္ပရိသတ္ၾကီးေရ…………….

မူလတင္ဆက္သည့္စာမ်က္ႏွာ - Hello ဆရာ၀န္​ 

Friday, September 6, 2019

ပူရီႏွင့္ အာလူးမဆလာဟင္း _ ေကာက္ညႇင္းမၽွစ္ခ်ဥ္ျပန္ေပါင္းထုပ္ _ ဝက္ဒူးဆစ္႐ိုးကင္ _ ၾကက္ၾကာဆံေၾကာ္

ပူရီႏွင့္ အာလူးမဆလာဟင္း (Puri & Masala Potato)
---------------------------------------------------


ဒီအာလူးမဆလာဟင္းကို အာလူးတစ္ျခမ္းလက္ရာမ်ားအစီအစဥ္မွာ တိုရွည္နဲ႔ တြဲၿပီးစားဖို့အတြက္ ခ်က္ျပခဲ့ဖူးပါတယ္။ ဒီအာလူးဟင္းက တိုရွည္၊ ပူရီ၊ ထပ္တစ္ရာနဲ႔တြဲၿပီး စားနိုင္ပါတယ္။

အာလူးတစ္ျခမ္းလက္ရာမ်ားအစီအစဥ္မွာ မူရင္းအရသာမပ်က္ရေအာင္ ဟင္းခတ္အေမႊးအႀကိဳင္မ်ားမ်ားနဲ႔ ခ်က္ျပခဲ့ၿပီး ယခုအခါမွာေတာ့ ပုံမွန္ လက္ဖက္ရည္ဆိုင္ ေတြမွာ ေရာင္းတဲ့ အာလူးဟင္းပုံစံမ်ိဳး ျပန္ခ်က္ထားပါတယ္။

 မေလးရွားမွာ ေနစဥ္ကတည္းက ပူရီကို စၿပီးလုပ္ျဖစ္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့  အာလူးပူရီကို လုပ္ျဖစ္တာမ်ားပါတယ္။ အာလူးပူရီဆိုတာ ပူရီကို အာလူးနဲ႔
တြဲၿပီး စားတာကို ေျပာတာမဟုတ္ပါဘူး။ ပူရီမုန႔္သား စၿပီးလုပ္ကတည္းက အာလူးကို ျပဳတ္ၿပီး ဂ်ဳံနဲ႔ေရာနယ္ကာ လုပ္ထားတဲ့ ပူရီကို ေျပာတာပါ။ အဲဒါေၾကာင့္ ပူရီမွာ ရိုးရိုးပူရီနဲ႔ အာလူးပူရီဆိုၿပီး (၂) မ်ိဳးရွိပါတယ္။ ဒီလမွာ ခ်က္ျပမွာကေတာ့ ရိုးရိုးပူရီနဲ႔ ပူရီနဲ႔တြဲၿပီး စားမယ့္ အာလူးမဆလာဟင္းပါ။

အာလူးမဆလာဟင္းအတြက္ ပါဝင္ပစၥည္းမ်ား
• အာလူး  -  ၅ဝဝ ဂရမ္
• မုန္ညင္းေစ့  -  လက္ဖက္ရည္ဇြန္း ၂ ဇြန္း
• ပ်ဥ္းေတာ္သိမ္  -  ၁ ခက္
• ၾကက္သြန္နီ  -  ၈၅ ဂရမ္ (ပါးပါးလွီးထားပါ)
• ခ်င္း  -  ၁၅ ဂရမ္ (ႏုပ္ႏုပ္စဥ္းထားပါ)
• နႏြင္းမွုန႔္  -  အနည္းငယ္
• င႐ုတ္သီးမွုန႔္  -  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
• မဆလာ  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• ဆား  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• ၾကက္သားမွုန႔္  -  အနည္းငယ္ (မထည့္လည္း ရပါတယ္)
• ဆီ  -  စားပြဲဇြန္း ၃ ဇြန္း
• ေရ  -  ၂ ခြက္

အာလူးမဆလာဟင္း ျပဳလုပ္နည္း
၁။ အာလူးကို အခြံမႏႊာဘဲ ျပဳတ္ထားပါ။ ႏူးလၽွင္ ဆယ္ယူၿပီး အခြံႏႊာထားပါ။
၂။ ၿပီးလၽွင္ ဇြန္းျဖင့္ အာလူးကို ဖိေျခထားပါ။
၃။ ဆီအိုးတည္ၿပီး မုန္ညင္းေစ့ႏွင့္ ပ်ဥ္းေတာ္သိမ္ကို ဆီသတ္ပါ။ ၿပီးလၽွင္ ၾကက္သြန္ နီႏွင့္ ခ်င္းကို ထည့္ၿပီး ဆီသတ္ပါ။
၄။ ၾကက္သြန္နီႏြမ္းလၽွင္ နႏြင္းမွုန႔္ႏွင့္ င႐ုတ္သီးမွုန႔္ ထည့္ၿပီး ေမႊပါ။
၅။ ၿပီးလၽွင္ ေျခထားတဲ့အာလူးထည့္ၿပီး ေမႊပါ။
၆။ ၿပီးလၽွင္ ေရထည့္ၿပီး ခ်က္ပါ။ အရသာအတြက္ မဆလာ၊ ဆားႏွင့္ ၾကက္သားမွုန႔္ ထည့္ပါ။
၇။ ေရက်ဲက်ဲႀကိဳက္လၽွင္ ေရကို ပိုၿပီး ထည့္ပါ။

ပူရီအတြက္ ပါဝင္ပစၥည္းမ်ား
• ဂ်ဳံမူန႔္  -  ၃ဝဝ ဂရမ္
• ဆား  -  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
• ဆီ  -  စားပြဲဇြန္း ၃ ဇြန္း
• ေရ  -  စားပြဲဇြန္း ၆ ဇြန္း
• ေၾကာ္ရန္ ဆီ


ပူရီ ျပဳလုပ္နည္း
၁။ ဂ်ဳံနယ္မယ့္ ဇလုံထဲ ဂ်ဳံမွုန႔္ႏွင့္ ဆားကို ထည့္ပါ။ ၿပီးလၽွင္ ဆီထည့္ၿပီး နယ္ပါ။ နယ္တဲ့ အခါမွာ Breadcrum ပုံစံမ်ိဳးရပါမယ္။ ဆုပ္ၿပီး ၾကည့္လၽွင္ ခဲေနတဲ့ပုံစံရပါမယ္။ ဒါေပမဲ့ လက္ျဖင့္ ေျခၾကည့္လၽွင္လည္း အလြယ္တကူ ေၾကသြားတဲ့အေနအထား မွာ ရွိေနရပါမယ္။
၂။ ၿပီးလၽွင္ ေရနည္းနည္းခ်င္းထည့္ၿပီး နယ္ပါ။ ဇလုံထဲမွာ လုံးဝဂ်ဳံမွုန႔္မရွိေတာ့တဲ့ အေနအထားေရာက္ၿပီဆိုလၽွင္ မုန႔္သားက မေပ်ာ့မမာတဲ့ အေနအထားျဖစ္ေန ရပါမယ္။
၃။ မုန႔္သားအေပၚမွာ ဆီအနည္းငယ္သုတ္ပါ။ ေျခာက္မသြားေစဖို့ ျဖစ္ပါတယ္။ၿပီးလၽွင္ ဖုံးၿပီး ၁၅ မိနစ္၊ မိနစ္ ၂၀ ခန႔္ ထားပါ။
၄။ ၿပီးလၽွင္ သန႔္ရွင္းတဲ့ စားပြဲေပၚမွာ မုန႔္သားကိုတင္ၿပီး နယ္ပါ။ အရွည္လိုက္ရေအာင္ လွိမ့္ၿပီး ၁၀ ပိုင္းျဖတ္ထားပါ။
၅။ တစ္ပိုင္းစီကို ယူၿပီး လုံးပါ။ (ကိုရီးယားမုန႔္လိုလုပ္ၿပီး စုထားတဲ့အပိုင္းကို ေအာက္ ေျခမွာထားၿပီး ခ်ထားပါ။) ၿပီးလၽွင္ လက္ျဖင့္ ဖိၿပီး ျပားထားပါ။ က်န္တဲ့မုန႔္သား အားလုံးကို ထပ္မံၿပီး လုပ္ထားပါ။
၆။ ၿပီးလၽွင္ မုန႔္သားအျပားတစ္ျပားစီကို တလိမ့္တုံးျဖင့္ အဝိုင္းပုံရေအာင္ လွိမ့္ပါ။ မထူမပါးလွိမ့္ရမွာျဖစ္သလို မုန႔္သားတစ္ခုလုံး အထူအပါးညီေနရပါမယ္။ အဲဒါမွ ေၾကာ္တဲ့အခါ မုန႔္သားေဖာင္းေဖာင္းေလးရမွာ ျဖစ္ပါတယ္။ ၿပီးလၽွင္ မုန႔္သားရဲ့ အနားမ်ားကို ပါးေနေအာင္ မလွိမ့္ရပါ။
၇။ ၿပီးလၽွင္ ဆီပူမွာ ထည့္ၿပီးေၾကာ္ပါ။ ေၾကာ္တဲ့အခါ ေဂၚနဲ႔ဖြဖြေလး ေနရာအႏွံ့ဖိေပး ၿပီး ေၾကာ္မွ ပူရီက ေဖာင္းလာမွာပါ။ မီးမျပင္းရပါ။ ၿပီးလၽွင္ ေနာက္တစ္ဖက္လွန္ၿပီး ေၾကာ္ပါ။ ပထမဘက္မွာကဲ့သို့ ေဂၚနဲ႔ ဖြဖြေလး ဖိၿပီး ေၾကာ္ပါ။
၈။ ၿပီးလၽွင္ ပူရီကိုဆယ္ယူၿပီး ဆီစစ္ထားပါ။ ပူရီကို အာလူးမဆလာဟင္း၊ ခရမ္းခ်ဥ္ သီး မဆလာဟင္းတို့နဲ႔ တြဲၿပီး သုံးေဆာင္ပါ။
-------------------------------------------------
Myint Oo Tha

ေကာက္ညႇင္းမၽွစ္ခ်ဥ္ျပန္ေပါင္းထုပ္ 
(Sticky Rice with Pickled Bamboo Shoot)
--------------------------------------------------


 ပန္းေသးရိုးရာအစားအစာတစ္ခုျဖစ္တဲ့ ေကာက္ညႇင္းအသားမၽွစ္ခ်ဥ္ျပန္ေပါင္း ထုပ္ေလးျဖစ္ပါတယ္။ အသားမၽွစ္ခ်ဥ္ရဲ့ ေမႊးရနံ့နဲ႔အတူ တြဲဖက္ၿပီး ျပန္ေပါင္းထားတဲ့ ျပန္ေပါင္းထုပ္ေလးကို စားဖူးသူတိုင္း ႏွစ္သက္ၾကမွာ အမွန္ပါ။ အဲဒီ ရိုးရာအစားအစာ ေလးကို လုပ္ၿပီး ေရးဖို့၊ မၽွေဝဖို့ တိုက္တြန္းလာတဲ့ ေတာင္ႀကီးက ညီမေလးယြန္းဖူးကိုလည္း ေက်းဇူးအထူးတင္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
• အမဲသား  -  ၃ဝဝ ဂရမ္ (ဆိတ္သား၊ ၾကက္သား)
• ၾကက္သြန္နီ  -  အေနေတာ္ ၂ လုံး
• မၽွစ္ခ်ဥ္  -  ၂ဝဝ ဂရမ္
• ခ်င္း ၾကက္သြန္ျဖဴေထာင္း  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• ဆား  -  ၁/၂ ဇြန္း
• င႐ုတ္သီးေျခာက္  -  ၅ ေတာင့္
• တ႐ုတ္မဆလာ  -  ၁ ဇြန္း
• ဆီ  -  လိုသေလာက္
• ေကာက္ညႇင္းေပါင္း
• ငွက္ေပ်ာဖက္/ေျပာင္းဖူးဖက္

ျပဳလုပ္နည္း
၁။ ဦးစြာ အသားမၽွစ္ခ်ဥ္ျပန္ေပါင္းျပဳလုပ္ဖို့အတြက္ အသားမၽွစ္ခ်ဥ္ကို အရင္ဆုံး ေၾကာ္ရမွာ ျဖစ္ပါတယ္။ အမဲသားကို ေသးေသးစိတ္၍ ဆား၊ ခ်င္း ၾကက္သြန္ျဖဴ ေထာင္းႏွင့္ တ႐ုတ္မဆလာတို့ကို ထည့္ၿပီး နယ္ထားပါ။
၂။ ၾကက္သြန္နီမထူမပါး လွီးထားပါ။
၃။ အားလုံးအဆင္သင့္ျဖစ္လၽွင္ ဒယ္အိုးထဲ ဆီထည့္ၿပီး အပူေပးပါ။
၄။ ဆီပူလၽွင္ င႐ုတ္သီးေျခာက္ေၾကာ္ပါ။ ၾကက္သြန္ထည့္ၿပီး ေၾကာ္ပါ။ မီးျပင္းျဖင့္ အေရာင္ေျပာင္း႐ုံေၾကာ္ၿပီး မၽွစ္ခ်ဥ္ထည့္ေၾကာ္ပါ။
၅။ မၽွစ္ခ်ဥ္အနည္းငယ္ေျခာက္လာပါက အသားထည့္ေၾကာ္ပါ။
၆။ ေရခန္းၿပီး အသားက်က္ပါက အရသာအေပါ့အငန္ျမည္း၍ သမေအာင္ေမႊၿပီး မီးဖိုမွခ်ကာ ျပန္ေပါင္းထုပ္ျပဳလုပ္ရန္ အသင့္ျဖစ္ပါၿပီ။ ေၾကာ္ၿပီးသားကို ဟင္း တစ္ခြက္အျဖစ္ တည္ခင္းနိုင္ပါတယ္။
၇။ ေကာက္ညႇင္းမၽွစ္ခ်ဥ္ျပန္ေပါင္း ျပဳလုပ္ရန္အတြက္ ေကာက္ညႇင္းကို ႀကိဳတင္၍ ေရစိမ္ၿပီး ေပါင္းထားေပးဖို့ လိုအပ္ပါတယ္။ ငွက္ေပ်ာဖက္ကိုလည္း ေရေဆး သန႔္စင္၍ အပူေပးၿပီး လိုအပ္သည့္အရြယ္မ်ား ျဖတ္ထားပါ။ ကၽြန္မကေတာ့ ေျပာင္းဖူးဖက္ကို အသုံးျပဳၿပီး ျပဳလုပ္ထားပါတယ္။
၈။ အားလုံးအသင့္ျဖစ္လၽွင္ ဖက္ထဲ ေကာက္ညႇင္းေပါင္းထားတာကို ထည့္၍ အေပၚမွ အသားမၽွစ္ခ်ဥ္ေၾကာ္ကို တင္ၿပီး ေသခ်ာစြာ ထုပ္ပါ။ ၿပီးလၽွင္ ေပါင္းမည့္ ေပါင္းအိုးထဲ စီထည့္ပါ။ အားလုံးထုပ္ၿပီးပါက ေရေႏြးအိုးအေပၚမွာတင္၍ မိနစ္
၃၀ ခန႔္ ေပါင္းၿပီး ပူပူေႏြးေႏြး ေမႊးႀကိဳင္လွတဲ့ ေကာက္ညႇင္းမၽွစ္ခ်ဥ္ျပန္ေပါင္း ထုပ္ကို ထုတ္ယူ၍ တည္ခင္းသုံးေဆာင္နိုင္ပါၿပီ။
------------------------------------------
Sofia

Fried Vermicelli with Chicken (ၾကက္ၾကာဆံေၾကာ္)
-----------------------------------------


 ၾကက္ၾကာဆံေၾကာ္ကေတာ့ လူတိုင္းစားေနၾကတာပါပဲ။ ဒါေပမဲ့ ေၾကာ္နည္းေလးကိုေတာ့ တခ်ိဳ့က မသိၾကပါဘူး။ ဒါေၾကာင့္ မိမိကိုယ္တိုင္ အိမ္မွာ ေၾကာ္စားလို့ရေအာင္ တင္ျပေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား
• ၾကာဆံ  -  ၁၅၀ ဂရမ္
• ၾကက္သား  -  ၁ဝဝ ဂရမ္
• ေဂၚဖီ  -  ၅၀ ဂရမ္
• မုန္လာဥနီ  -  ၁၀ ဂရမ္
• ထိုင္ဝမ္မုန္ညင္း  -  ၃၀ ဂရမ္
• တ႐ုတ္နံနံ  -  ၁ ပင္
• ဆား၊ င႐ုတ္ေကာင္း  -  အနည္းငယ္
• ခ႐ုဆီ  -  ၂၀ ဂရမ္
• ပဲငံျပာရည္အၾကည္  -  ၁၀ ဂရမ္
• ပဲငံျပာရည္အေနာက္  -  ၅ ဂရမ္
• ကြက်ဥ  -  ၁ လုံး
• ဆီ  -  ၃၀ ဂရမ္
• ၾကက္သြန္ျဖဴ  -  စားပြဲဇြန္း ၁ ဇြန္း


ျပဳလုပ္နည္း
၁။ ဦးစြာ ၾကက္သားကို ခပ္ေသးေသးလွီး၍ ျဖတ္ၿပီး ၾကက္သြန္ျဖဴျဖင့္ ဆီသတ္ပါ။ ၿပီးလၽွင္ ၾကက္ဥ
ထည့္ၿပီး ေမႊေၾကာ္ပါ။ ၿပီးလၽွင္ က်န္တဲ့ပါဝင္ပစၥည္းမ်ားအားလုံးထည့္ၿပီး ေၾကာ္ပါ။
၂။ ၾကာဆံႏွင့္ အသီးအရြက္မ်ား ႏူးသြားၿပီဆိုလၽွင္ ဆယ္ယူၿပီး စားနိုင္ပါၿပီ။
----------------------------------------
Win Zaw@Mario Win Zaw

Roast Pork Knuckle (ဝက္ဒူးဆစ္႐ိုးကင္)
-------------------------------------------------


 ဝက္ဒူးဆစ္႐ိုးကင္ကိုေတာ့ Beer Bar ေတြမွာ အမ်ားဆံုးစားသံုးၾကတာ ေတြ႕ရပါတယ္။ လုပ္ရတာ မခက္ေပမယ့္ အခ်ိန္ေလးေတာ့ ယူရပါတယ္။ အဲဒါမွ ျြကပ္ျြကပ္ေလးနဲ႔ စားေကာင္းတာပါ။ ကဲ... လုပ္ၾကည့္ၾကရေအာင္...။

ပါဝင္ပစၥည္းမ်ား
• ဝက္ဒူးဆစ္႐ိုး  -  ၁ ေခ်ာင္း
• ၾကက္သြန္နီ  -  ၂ လံုး
• ၾကက္သြန္ျဖဴ  -  ၁ လံုး
• ကရေဝးရြက္  -  ၄ ရြက္
• နံနံေစ့  -  အနည္းငယ္
• ဘီယာ  -  ၁ ခြက္
• ဆား၊ င႐ုတ္ေကာင္း  -  အနည္းငယ္


ျပဳလုပ္နည္း
၁။ ဝက္ဒူးဆစ္႐ိုးကို အရသာ၊ ဘီယာတို႔ႏွင့္ ေရာနယ္ပါ။ ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီတို႔ကို ခြဲျခမ္း၍
ထည့္ပါ။ ၿပီးလွ်င္ အလူမီနီယံဖလင္အုပ္ၿပီး အပူခ်ိန္ 180˚C ေပးထားတဲ့ အာဗင္ထဲမွာ ကင္ပါ။
၂။ ကင္ထားတဲ့ အသားက ၃ နာရီခန္႔ၾကာလွ်င္ ႏူးသြားပါၿပီ။ ၿပီးလွ်င္ ထုတ္ၿပီး ျြကပ္ရြသြားေစရန္ အပူခ်ိန္ 240˚C ေပးထားတဲ့ အာဗင္ထဲ ဘာမွမအုပ္ဘဲ ၁၀ မိနစ္ၾကာေအာင္ ကင္ပါ။ ၿပီးလွ်င္ ျြကပ္ျြကပ္ရြရြေလး ျဖစ္တဲ့ ဝက္ဒူးဆစ္႐ိုးကို ရပါၿပီ။
-----------------------------------------------
Win Zaw @ Mario Win Zaw

Tuesday, September 3, 2019

REDMI NOTE 8 PRO


HOMENEWS64MP CAMERA နဲ႕ MEDIATEK HELIO G90T အသုံးျပဳထားၿပီး ျမန္မာေငြ 3 သိန္းဝန္းက်င္သာ က်သင့္မဲ့ REDMI NOTE 8 PRO



By Aung Khant Min

[Zawgyi]

Redmi ကေတာ့ သူတို႔ရဲ႕ ပထမဆုံး နာမည္ႀကီးခဲ့တဲ့ Redmi Note 7 Series ရဲ႕ မ်ိဳးဆက္သစ္တစ္ခုျဖစ္တဲ့ Redmi Note 8 Series ကိုတရားဝင္မိတ္ဆက္လိုက္ပါၿပီ Redmi Note 8 Series မွာေတာ့ Redmi Note 8 Pro နဲ႕ Redmi Note 8 တို႔ပါဝင္ပါတယ္ ဒီ Series ရဲ႕ ထူးျခားခ်က္တစ္ခုက အရင္ တုန္းက Redmi K20 Series လိုမ်ိဳး Pro နဲ႕ ရိုးရိုး Model က Design မတူ ပါဘူး တစ္ျခားစီပါပဲ


Redmi Note 8 Pro

Redmi Note 8 Pro က ေတာ့ မထြက္ ခင္ထဲက ေတာ္ေတာ္ေလး Hype ျဖစ္ေနတာပါ ဘာေၾကာင့္လဲ ဆိုေတာ့ သူ႕ရဲ႕ 64 MP Camera ေၾကာင့္ပါပဲ တျခား Spec ေတြက္ို တစ္ခ်က္ ဆက္ၾကည့္ၾကတာေပါ့

ေစ်းႏႈန္းေတြကို စတင္ေဖာ္ျပေပးပါမယ္

6 GB RAM + 64 GB storage – 1,399 Yuan (~$195) ( ျမန္မာေငြ 3 သိန္း ဝန္းက်င္)

6 GB RAM + 128 GB storage – 1,599 Yuan (~$223) ( ျမန္မာေငြ 3 သိန္း 3 ေသာင္း ဝန္းက်င္)

8 GB RAM + 128 GB storage – 1,799 Yuan (~$251) ( ျမန္မာေငြ 3 သိန္း 8 ေသာင္း ဝန္းက်င္)

Display ပိုင္းကို စေျပာရမယ္ဆိုရင္ LCD Panel ကိုပဲ သုံးေပးထားတယ္ Size ကေတာ့ 6.5 inch ရွိုၿပီးေတာ့ Resolution ကေတာ့ 1080 x 2340 pixels ရွိတဲ့ Full HD+ ပါဝင္တယ္ Notch ကေတာ့ Waterdrop Notch ကို ဆက္လက္အသုံးျပဳေပးထားတယ္ သူ႕ရဲ႕ Display က TUV Rheinland certification ရရွိထားၿပီးေတာ့ မ်က္လူံးကို ထိခိုက္ေစနိုင္တဲ့ Blue Ray ေတြကို ေလ်ာ့ခ်ေပးနိုင္မယ္လို႔ဆိုပါတယ္ အၾကမ္းခံနိုင္ဖို႔ကေတာ့ Gorilla Glass 5 ကိုပဲ အသုံးျပဳေပးထားပါတယ္ Screen to Body Ratio က ေတာ့ 91.4% အထိရွိပါတယ္


Processor အေနနဲ႕ကေတာ့ Helio G90T ကိုအသုံးျပဳေပးထားတယ္ RAM ကေတာ့ 8 GB နဲ႕ 6 GB ကို ေ႐ြးခ်ယ္နိုင္မယ္ Storage ကေတာ့ 64 GB နဲ႕ 128 GB ကို ေ႐ြးခ်ယ္နိုင္မွာပါ Storgae ကို ထပ္တိုးဖို႔ကေတာ့ MicroSD ကဒ္ ထပ္စိုက္လို႔ရပါတယ္ Fingerprint sensor က Redmi Note 8 Pro/ Redmi Note 8 ႏွစ္ခု လုံး က ေက်ာဘက္မွာပဲပါဝင္ပါတယ္

Redmi Note 8 Pro ရဲ႕ ကင္မရာ Design က Redmi K20 နဲ႕ ခပ္ဆင္ဆင္ ပုံစံရွိတယ္ Camera က Quad Camera ပါဝင္တယ္ Main Camera ကေတာ့ 64 MP Camera ကိုအသုံးျပဳေပးထားတယ္ Ultra Wide Lens ကေတာ့ 8 MP ျဖစ္ၿပီးေတာ့ Macro Lens နဲ႕ Depth Sensor ကေတာ့ 2 MP စီနဲ႕ပါ 64 MP Camera ကေတာ့ Samsung ရဲ႕ ISOCELL Bright GW1 sensor ပါ ဒီ Camera က Pixel Size က 1.6micron ရွိုပီးေတာ့ 9248 x 6936 pixels ရွိတဲ့ Resolution ရွိတဲ့ ပုံေတြကို ရိုက္ကူးနိုင္မွာပါ Slowmotion Video ေတြကိုလည္း 960fps ထိရိုက္ကူးနိုင္မဲ့ Feature ေတြပါဝင္လာပါတယ္ Selfie Camera ကေတာ့ 20 MP ပါဝင္ပါတယ္


Battery ကေတာ့ 4500 mAh ပါဝင္ၿပီးေတာ့ Fast Charging ကေတာ့ 18 W ထိ Support ျပဳလုပ္ေပးမွာပါ Gaming ပိုင္းကိုလည္း အားစိုက္ထားတာေၾကာင့္ Liquid Cooling လို Feature ေတြပါဝင္ပါတယ္ Android 9 အေပၚမွာ အေျခခံထားတဲ့ MIUI 10 ကိုသုံးေပးထားတယ္ Gmaing ပိုင္းမွာ ပိုေကာင္းေစဖို႔ MediaTek ရဲ႕ Game Turbo 2.0 နဲ႕ HyperEngine ေတြလည္းပါဝင္ပါတယ္ အျခား Feature ေတြ အေနနဲ႕ NFC, IR blaster, dual 4G VoLTE, Wi-Fi 802.11ac, GPS, USB-C, 3.5mm audio jack ေတြပါဝင္ပါတယ္ Redmi Note 8 Pro အတြက္က $25 ( ျမန္မာေငြ ၄ ေသာင္း ဝန္းက်င္) ရွိတဲ့ Game Contoller ကို ေရာင္းခ်ေပးပါေသးတယ္ Redmi note 8 Pro အတြက္ Warcraft edition ထပ္ထြက္ပါေသးတယ္



Redmi Note 8

Redmi Note 8 Pro နဲ႕ Design ပိုင္းအရ တူညီမႈ မရွိဘူး Redmi Note 8 ရဲ႕ ေစ်းႏႈန္းေတြကို ေဖာ္ျပေပးပါမယ္

4 GB RAM + 64 GB storage – 999 Yuan (~$139) ( ျမန္မာေငြ 2 သိန္း ဝန္းက်င္)

6 GB RAM + 64 GB storage – 1,199 Yuan (~$167) ( ျမန္မာေငြ 2 သိန္း 5 ေသာင္း ဝန္းက်င္)

6 GB RAM + 128 GB storage – 1,399 Yuan (~$195) ( ျမန္မာေငြ 3 သိန္း ဝန္းက်င္)


Redmi Note 8 မွာေတာ့ Waterdrop Notch ကိုပဲ ဆက္ၿပီး အသုံးျပဳေပးထားတယ္ Chin ကေတာ့ Redmi Note 8 Pro ထက္ ပိုထူတယ္ သူ႕မွာထူးဆန္းတာက Redmi ဆိုတဲ့ စာတန္းေလးက ေအာက္ဘက္က Chin မွာထည့္ေပးထားပါ Screen to Body Ratio ကေတာ့ 90% ရွိပါတယ္

Processor အေနနဲ႕က ေတာ့ Snapdragon 665 ကိုပဲသူံးေပးထားတယ္ RAM ကေတာ့ 6GB နဲ႕ Storage ကေတာ့ 128 GB ကိုေ႐ြးခ်ယ္နိုင္မွာပါ Battery အေနနဲ႕ကေတာ့ 4000 mAh ပါဝင္ၿပီးေတာ့ 18 W.Fast Chrge စနစ္ကို Support ျပဳလုပ္ပါတယ္

Camera ကေတာ့ Quad Camera ကင္မရာ ေလးလုံးပါဝင္တယ္ သူ႕ရဲ႕ Main Camera ကေတာ့ Sony IMX586 Sensor ကိုအသူံးျပဳထားတဲ့ 48 MP နဲ႕ပါ က်န္တဲ့ ကင္မရာ သုံးလုံးကေတာ့ Redmi Note 8 Pro နဲ႕တူတူပါပဲ Front Camera ကေတာ့ 13 MP ပါဝင္ပါတယ္


Redmi Note 8 Pro ကေတာ့ September 3 ရက္ေန႕မွာ စတင္ေရာင္းခ်ေပးမွာျဖစ္ၿပီးေတာ့ Redmi Note 8 ကေတာ့ September 17 ရက္ေန႕မွာ စတင္ေရာင္းခ်မွာပါ။


[Unicode]

Redmi ကတော့ သူတို့ရဲ့ ပထမဆုံး နာမည်ကြီးခဲ့တဲ့ Redmi Note 7 Series ရဲ့ မျိုးဆက်သစ်တစ်ခုဖြစ်တဲ့ Redmi Note 8 Series ကိုတရားဝင်မိတ်ဆက်လိုက်ပါပြီ Redmi Note 8 Series မှာတော့ Redmi Note 8 Pro နဲ့ Redmi Note 8 တို့ပါဝင်ပါတယ် ဒီ Series ရဲ့ ထူးခြားချက်တစ်ခုက အရင် တုန်းက Redmi K20 Series လိုမျိုး Pro နဲ့ ရိုးရိုး Model က Design မတူ ပါဘူး တစ်ခြားစီပါပဲ

Redmi Note 8 Pro

Redmi Note 8 Pro က တော့ မထွက် ခင်ထဲက တော်တော်လေး Hype ဖြစ်နေတာပါ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ 64 MP Camera ကြောင့်ပါပဲ တခြား Spec တွေက်ို တစ်ချက် ဆက်ကြည့်ကြတာပေါ့

စျေးနှုန်းတွေကို စတင်ဖော်ပြပေးပါမယ်

6 GB RAM + 64 GB storage – 1,399 Yuan (~$195) ( မြန်မာငွေ 3 သိန်း ဝန်းကျင်)

6 GB RAM + 128 GB storage – 1,599 Yuan (~$223) ( မြန်မာငွေ 3 သိန်း 3 သောင်း ဝန်းကျင်)

8 GB RAM + 128 GB storage – 1,799 Yuan (~$251) ( မြန်မာငွေ 3 သိန်း 8 သောင်း ဝန်းကျင်)

Display ပိုင်းကို စပြောရမယ်ဆိုရင် LCD Panel ကိုပဲ သုံးပေးထားတယ် Size ကတော့ 6.5 inch ရှိုပြီးတော့ Resolution ကတော့ 1080 x 2340 pixels ရှိတဲ့ Full HD+ ပါဝင်တယ် Notch ကတော့ Waterdrop Notch ကို ဆက်လက်အသုံးပြုပေးထားတယ် သူ့ရဲ့ Display က TUV Rheinland certification ရရှိထားပြီးတော့ မျက်လူံးကို ထိခိုက်စေနိုင်တဲ့ Blue Ray တွေကို လျော့ချပေးနိုင်မယ်လို့ဆိုပါတယ် အကြမ်းခံနိုင်ဖို့ကတော့ Gorilla Glass 5 ကိုပဲ အသုံးပြုပေးထားပါတယ် Screen to Body Ratio က တော့ 91.4% အထိရှိပါတယ်

Processor အနေနဲ့ကတော့ Helio G90T ကိုအသုံးပြုပေးထားတယ် RAM ကတော့ 8 GB နဲ့ 6 GB ကို ရွေးချယ်နိုင်မယ် Storage ကတော့ 64 GB နဲ့ 128 GB ကို ရွေးချယ်နိုင်မှာပါ Storgae ကို ထပ်တိုးဖို့ကတော့ MicroSD ကဒ် ထပ်စိုက်လို့ရပါတယ်

Redmi Note 8 Pro ရဲ့ ကင်မရာ Design က Redmi K20 နဲ့ ခပ်ဆင်ဆင် ပုံစံရှိတယ် Camera က Quad Camera ပါဝင်တယ် Main Camera ကတော့ 64 MP Camera ကိုအသုံးပြုပေးထားတယ် Ultra Wide Lens ကတော့ 8 MP ဖြစ်ပြီးတော့ Macro Lens နဲ့ Depth Sensor ကတော့ 2 MP စီနဲ့ပါ 64 MP Camera ကတော့ Samsung ရဲ့ ISOCELL Bright GW1 sensor ပါ ဒီ Camera က Pixel Size က 1.6micron ရှိုပီးတော့ 9248 x 6936 pixels ရှိတဲ့ Resolution ရှိတဲ့ ပုံတွေကို ရိုက်ကူးနိုင်မှာပါ Slowmotion Video တွေကိုလည်း 960fps ထိရိုက်ကူးနိုင်မဲ့ Feature တွေပါဝင်လာပါတယ် Selfie Camera ကတော့ 20 MP ပါဝင်ပါတယ်

Battery ကတော့ 4500 mAh ပါဝင်ပြီးတော့ Fast Charging ကတော့ 18 W ထိ Support ပြုလုပ်ပေးမှာပါ Gaming ပိုင်းကိုလည်း အားစိုက်ထားတာကြောင့် Liquid Cooling လို Feature တွေပါဝင်ပါတယ် Android 9 အပေါ်မှာ အခြေခံထားတဲ့ MIUI 10 ကိုသုံးပေးထားတယ် Gmaing ပိုင်းမှာ ပိုကောင်းစေဖို့ MediaTek ရဲ့ Game Turbo 2.0 နဲ့ HyperEngine တွေလည်းပါဝင်ပါတယ် အခြား Feature တွေ အနေနဲ့ NFC, IR blaster, dual 4G VoLTE, Wi-Fi 802.11ac, GPS, USB-C, 3.5mm audio jack တွေပါဝင်ပါတယ် Redmi Note 8 Pro အတွက်က $25 ( မြန်မာငွေ ၄ သောင်း ဝန်းကျင်) ရှိတဲ့ Game Contoller ကို ရောင်းချပေးပါသေးတယ် Redmi note 8 Pro အတွက် Warcraft edition ထပ်ထွက်ပါသေးတယ်

Redmi Note 8

Redmi Note 8 Pro နဲ့ Design ပိုင်းအရ တူညီမှု မရှိဘူး Redmi Note 8 ရဲ့ စျေးနှုန်းတွေကို ဖော်ပြပေးပါမယ်

4 GB RAM + 64 GB storage – 999 Yuan (~$139) ( မြန်မာငွေ 2 သိန်း ဝန်းကျင်)

6 GB RAM + 64 GB storage – 1,199 Yuan (~$167) ( မြန်မာငွေ 2 သိန်း 5 သောင်း ဝန်းကျင်)

6 GB RAM + 128 GB storage – 1,399 Yuan (~$195) ( မြန်မာငွေ 3 သိန်း ဝန်းကျင်)

Redmi Note 8 မှာတော့ Waterdrop Notch ကိုပဲ ဆက်ပြီး အသုံးပြုပေးထားတယ် Chin ကတော့ Redmi Note 8 Pro ထက် ပိုထူတယ် သူ့မှာထူးဆန်းတာက Redmi ဆိုတဲ့ စာတန်းလေးက အောက်ဘက်က Chin မှာထည့်ပေးထားပါ Screen to Body Ratio ကတော့ 90% ရှိပါတယ်

Processor အနေနဲ့က တော့ Snapdragon 665 ကိုပဲသူံးပေးထားတယ် RAM ကတော့ 6GB နဲ့ Storage ကတော့ 128 GB ကိုရွေးချယ်နိုင်မှာပါ Battery အနေနဲ့ကတော့ 4000 mAh ပါဝင်ပြီးတော့ 18 W.Fast Chrge စနစ်ကို Support ပြုလုပ်ပါတယ်

Camera ကတော့ Quad Camera ကင်မရာ လေးလုံးပါဝင်တယ် သူ့ရဲ့ Main Camera ကတော့ Sony IMX586 Sensor ကိုအသူံးပြုထားတဲ့ 48 MP နဲ့ပါ ကျန်တဲ့ ကင်မရာ သုံးလုံးကတော့ Redmi Note 8 Pro နဲ့တူတူပါပဲ Front Camera ကတော့ 13 MP ပါဝင်ပါတယ်

Redmi Note 8 Pro ကတော့ September 3 ရက်နေ့မှာ စတင်ရောင်းချပေးမှာဖြစ်ပြီးတော့ Redmi Note 8 ကတော့ September 17 ရက်နေ့မှာ စတင်ရောင်းချမှာပါ

Sunday, September 1, 2019

ဘာလဲဟဲ့ ISO


▪️▪️▪️▪️▪️▪️▪️

ISO လို႕ International Organization for Standardization ေခၚတဲ႔ ကို ၁၉၄၇ ခုႏွစ္ Geneva,Switzerlandမွာ စတင္တည္ေထာင္ဖြဲ႕စည္းခဲ႔တယ္လို႕ မွတ္သားရပါတယ္။ တကယ္တမ္းေတာ့ISOကႏိုင္ငံတကာအဖြဲ႕အစည္းမ်ားရဲ႕ စံခ်ိန္စံညြန္းသတ္မွတ္ခ်က္မ်ားနဲ႕အတူ တိုးတက္ဖြံ႕ျဖိဳးေရးကို ဦးတည္ပါတယ္။Standardသတ္မွတ္ခ်က္မ်ားကိုအဆင္႔ဆင္႔ေျပာင္းလဲျပင္ဆင္လာခဲ႔ရာက ေန ကြ်န္ေတာ္တို႕ ႏိုင္ငံမွာ အဓိကထား သိၾကတဲ႔ (ISO 9001 ) ေတြပဲျဖစ္ပါတယ္။

ဒါကိုအဓိကထား ေျပာရရင္ ေျပာင္းလဲလာတဲ႔ ISO 9001 ေတြကေတာ႔

(ISO 9001:1987) Quality Assurance -20 Elements
(ISO 9001:1994) 20 Elements (Minor Change)
(ISO 9001:2000) Quality Management-process Approach
(Major Change)
(ISO 9001:2008) Process Approach (Minor Change)
(ISO 9001:2015)High Level Structure
(Revision Planned -Major Change)
ေတြပဲျဖစ္ပါတယ္။

ဒီမွာလက္ရွိျမင္ေတြ႕ေနရတာကေတာ႔
ISO 9001:2008နဲ႕ 9001:2015 ပဲျဖစ္ပါတယ္။
2015 ကေတာ႔ မစေသးပါဘူး။
2016 လာမယ္႔စက္တင္ဘာလ မွာစတင္ပါေတာ႔မယ္ ။
ဒီေတာ႔ အဲ႔အေၾကာင္းေတြကိုပဲဦးစားေပးတင္ျပသြားမွာျဖစ္ပါတယ္။

ISO 9001:2008 မွာဆိုရင္ေတာ႔အဓိကအား Clause ၾကီး (၈) ခုခြဲျခားထားပါတယ္။

ဒါေတြကေတာ႕
Clause 1. Scope
Clause 2. Normative reference
Clause 3. Terms and Definitions ဆိုျပီးကနဦး မွာပါပါတယ္။

ဘယ္ေလာက္အတိုင္းအတာထိ လႊမ္းျခံဳႏိုင္မလဲ ၊စံခ်ိန္စံညြန္းကိုးကားခ်က္ေတြနဲ႕သတ္မွတ္ခ်က္မ်ားနဲ
႕အနက္ဖြင္႔ဆိုခ်က္မ်ားဆိုျပီးကနဦးအပိုင္း(၃)ပိုင္းမွာပါလာပါတယ္။
က်န္တဲ႔အပိုင္းေတြမွာေတာ႔ ISO ရဲ႕အေရးၾကီးတဲ႔အပိုင္းျဖစ္တဲ႔
Quality Management Systemsဆိုျပီး စတင္ပါဝင္လာျပီျဖစ္ပါတယ္။

Clause 4. Quality Management Systems
ဒိအပိုင္းမွာေတြမွာေတာ႔ General Requirement (အေထြေထြလိုအပ္ခ်က္) Documentation Requirement (စာရြက္စာတမ္း ျပင္ဆင္လိုအပ္မႈ) Quality Manual(အရည္အေသြးထိန္းသိမ္းမႈလုပ္ငန္းစဥ္၊မွတ္တမ္းမ်ား
ထိန္းသိမ္းျခင္းေတြပါဝင္လာပါတယ္။ဒါေတြကို ဘယ္လိုေဆာင္ရြက္ရမယ္ ၊ျပင္ဆင္ေဆာင္ရြက္မႈအပိုင္းေတြကို အဓိကထား ပါဝင္ပါတယ္။

Clause 5.Management Responsibility
စီမံခန္႔ခြဲသူမ်ားရဲ႕ တာဝန္ရွိမႈ၊တာဝန္ယူမႈအပိုင္းအေနနဲ႕ ပါဝင္ပါတယ္။စီမံခန္႔ခြဲမႈရဲ႕ ကတိဂဝတ္ေတြ ၊ေဖာက္သည္မ်ားအေပၚအားရံုစူးစိုက္မႈ ၊အရည္အေသြးဆိုင္ရာ ေပၚလစီေတြအျပင္ အပိုင္းေတြပါ ထည္႔သြင္းထားပါတယ္။ေနာက္ျပိး အရည္အေသြးဆိုင္ရာ ရည္ရြယ္ခ်က္ ၊ရည္မွန္းခ်က္မ်ားပါ Planning ပါပါတယ္။ေနာက္ျပီးတာဝန္ခံမႈႏွင္႔အတူ လုပ္ပိုင္ခြင္႔ အခြင္႔အာဏာမ်ား၊အဖြဲ႔အစည္းအတြင္း ဆက္ဆံေရး Management Review လုပ္ရမယ္႔အစီအမံေတြလည္းထည္႔သြင္းထားပါတယ္။

Clause 6. Resource Management
အပိုင္း (၆)မွာေတာ့ အရင္းအျမစ္မ်ား အတြက္စီမံခန္႔ခြဲမႈေတြပါဝင္ပါတယ္။ အရင္းအျမစ္မ်ားအတြက္ျပဌာန္းခ်က္မ်ား (Provision of Resources ) (Human Resources ) (လူသားအရင္းအျမစ္) G(Infrastructure)(အေျခခံအေဆာက္အအံုေတြ) (Work environment) (လုပ္ငန္းခြင္ဆိုင္ရာပတ္ဝန္းက်င္ )ဆိုတဲ႔ အပိုင္းေတြပါဝင္ပါတယ္ ။ဒါေတြကို ဘယ္လိုစီမံခန္႔ခြဲရမလဲဆိုတဲ႔ အခ်က္အလက္ေတြ ေရးဆြဲရမွာပါျဖစ္ပါတယ္။

Clause 7. Product Realization
ဒီအပိုင္းကေတာ့ ထုတ္ကုန္မ်ားကို ေလ႔လာသံုးသပ္ရတဲ႔အပိုင္းပါ။ဒီအတြက္ အစီအစဥ္ေတြခ်မွတ္ေရးဆြဲရပါတယ္၊ေနာက္ျပီး သံုးစြဲသူမ်ားနဲ႕ ဆက္ဆံေရးထုတ္ကုန္ရဲ႕အျပင္အဆင္ အပိုင္းေတြ ၊ကုန္ၾကမ္း ဝယ္ယူေရးလုပ္ငန္းစဥ္ေတြ ၊ထုတ္လုပ္မႈနဲ႕ ဝန္ေဆာင္မႈမ်ားကို ဘယ္လိုအရည္အေသြးျပည္႔မီေအာင္ သတ္မွတ္မလဲဆိုတာေတြပါ ျပင္ဆင္ေရးဆြဲရမယ္႔အပိုင္းပါ။ လိုအပ္တဲ႔ ကုန္ၾကမ္းေတြ ၊ေထာက္ပံေရးပစၥည္းေတြကို ထိန္းခ်ဳပ္ကိုင္တြယ္ဖို႕ အစီအမံမ်ားလည္း လိုအပ္ပါတယ္။

Clause 8. Measurement , Analysis and Improvement
ေနာက္ဆံုးမွာေတာ႔ တိုင္းတာေလ႔လာမႈေတြ၊ခြဲျခမ္းစိတ္ျဖာျခင္းနဲ႕ တိုးတတ္ေရးအတြက္ အစီအမံမ်ားပါဝင္ပါတယ္။ ဝယ္ယူသူမ်ားရဲ႕ စိတ္ေက်နပ္မႈအတြက္စံႏွဳန္းသတ္မွတ္ခ်က္မ်ား၊အဖြဲ႕အစည္းအတြင္းလုပ္ငန္း စဥ္မ်ားအားစိစစ္စစ္ေဆးျခင္း၊လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကို တိုင္းတာေဆာင္ရြက္ျခင္းအျပင္ ထုတ္ကုန္မ်ားအေပၚ အရည္အေသြးသတ္မွတ္တိုင္းတာျခင္းေတြပါဝင္ပါတယ္။ ေနာက္ျပီးအရည္အေသြးျပည္႔မီေၾကာင္းသက္ေသျပလို႕မရႏိုင္တဲ႔ထုတ္ကုန္မ်ားကိုဘယ္လိုကိုင္တြယ္ထိန္းသိမ္းမလဲဆိုတာေတြ၊အခ်က္အလက္မ်ားအေပၚ ခြဲျခမ္းစိတ္ျဖာသံုးသပ္ေလ႔လာျခင္းေတြပဲျဖစ္ပါတယ္။ေနာက္ဆံုးအဆင္႔အေနနဲ႕စဥ္ဆက္မျပတ္တိုးတတ္ျဖစ္ထြန္းေစဖို႕ေဆာင္ရြက္ရမယ္႔အစီအမံေတြ၊ အမွားအယြင္းျပင္ဆင္ခ်က္ေတြအျပင္ ၾကိဳတင္ ကာကြယ္ေဆာင္ရြက္ခ်က္မ်ားကို လုပ္ေဆာင္ရမယ္႔
အပိုင္းေတြပါ ထည္႔သြင္းေရးဆြဲထားရမွာျဖစ္ပါတယ္။

တကယ္ေတာ႔ ISO Procedure ဟာေဆာင္ရြက္မႈလုပ္ငန္းစဥ္တိုင္းအတြက္ တိက်တဲ႔စနစ္တက်စီစဥ္ေဆာင္ရြက္မႈမ်ားနဲ႕အရည္အေသြးျပည္႔မီတဲ႔ ထုတ္ကုန္နဲ႕ ဝန္ေဆာင္မႈမ်ား ျဖစ္ေစဖို႕
QMS (Quality Management Systems) အျဖစ္ထိန္းေၾကာင္းတည္ေဆာက္ထားတာပါ။
ဒါကိုေဆာင္ရြက္ႏိုင္ ရင္ အရည္အေသြးမီတဲ႔ ထုတ္ကုန္နဲ႕
ဝန္ေဆာင္မႈမ်ား ရရွိေအာင္ ေဆာင္ရြက္ႏိုင္မွာျဖစ္ပါတယ္။
ISO အသိအမွတ္ျပဳလက္မွတ္ရယူထားတဲ႔ အဖြဲ႔အစည္းတိုင္းမွာ ဒီစနစ္အေၾကာင္းအရာေတြကို အေျခခံျပီး ကိုယ္ရဲ႕ လုပ္ငန္းသေဘာသဘာဝနဲ႕လိုက္ျပီး ေဆာင္ရြက္မႈေတြကို ျပဌာန္းေရးဆြဲထားရပါတယ္။အဓိက က်တဲ႔ Main Clause
မ်ားအတိုင္း အစီအစဥ္တက်ေဆာင္ရြက္ျခင္းရွိမရွိ အဖြဲ႕အစည္းအတြင္း Internal Auditထားရွိျပီး ႏွစ္ဝတ္တစ္ၾကိမ္ေလာက္စစ္ေဆးပါတယ္

။ေနာက္ပိုင္းမွာေတာ့ ISO အဖြဲ႕အစည္းက လာေရာက္စစ္ေဆးေဆာင္ရြက္ေပးပါတယ္။လုပ္ငန္းေဆာင္ရြက္ခ်က္ေတြ လႊဲမွားေနတာပဲျဖစ္ျဖစ္ ၊လိုအပ္ေနတာပဲျဖစ္ျဖစ္ စစ္ေဆးမႈေတြျပဳလုပ္ျပီးအသိေပး ျပင္ဆင္ေဆာင္ရြက္ေစပါတယ္။

ဒီအပိုင္းေတြကို စီမံေဆာင္ရြက္ထိန္းကြပ္ေပးဖို႕လည္း
QMR (Quality Management Representative ) ထားရွိေဆာင္ရြက္ေစတဲ႔ လုပ္ငန္းစဥ္မ်ိဳးလည္းျဖစ္ပါတယ္။အခုတင္ျပခဲ႔တာေတြကေတာ႔
ISO 9001:2008 မွာပါဝင္တဲ႔ အေၾကာင္းအရာေတြပဲျဖစ္ပါတယ္။

အေျပာင္းအလဲဆိုတာ ရွိေနသမွ် လုပ္ငန္းစဥ္တိုင္းဟာ ေျပာင္လဲလို႕ေနပါတယ္။ ေနာက္ျပီး ISO ရဲ႕လုပ္ငန္းေဆာင္ရြက္ခ်က္ ၊လုပ္ေဆာင္ခ်က္မ်ားနဲ႕ စံသတ္မွတ္ခ်က္မ်ား ဟာလည္း ေျပာင္းလဲေနတာျဖစ္လို႕ ISO 9001:2015 မွာလည္း အေျပာင္းအလဲတစ္ခ်ိဳ႕ပါဝင္လာတာေတြ႕ရပါတယ္။
9001:2015 မွာေတာ႔ Clause (၈) ကေန Clause (၁၀) ခုျဖစ္လာပါတယ္။ဒီအပိုင္းမွာ Clause (၁) (၂) (၃) ကေတာ႔ ေျပာင္းလဲမႈမရွိပါဘူး ။

အေျပာင္းအလဲစျဖစ္လာတာကေတာ႔

Clause 4. Context of Organization
အဖြဲ႕အစည္းရဲ႕အေၾကာင္းအရာေတြပဲပတ္သတ္ျပီးပါဝင္ပတ္သတ္သူမ်ားသိရွိေဆာင္ရြက္ရမယ္႔အပိုင္းေတြပဲျဖစ္ပါတယ္။ျပသာနာအရင္းအျမစ္တစ္ခုကိုျပီးျပတ္ေသာရလာဒ္မ်ားရရွိလာတဲ႔အထိေဆာင္ရြက္စီစဥ္ထားရွိရမယ္႔အပိုင္းေတြပဲျဖစ္ပါတယ္။ကိုယ္႔အဖြဲ႕အစည္းအတြင္းက ျပသာနာအရင္းအျမစ္ေတြ ၊အဖြဲ႕အစည္းနဲ႕ ဆက္စပ္ေနသူမ်ားထံ ႏွင္႔ျပင္ပက လာတဲ႔ ျပသာနာ အရင္းအျမစ္မ်ားအတြက္ ၾကိဳတင္ျပင္ဆင္ေဆာင္ရြက္ႏိုင္ေစဖို႕ လိုအပ္ေၾကာင္းလည္း ပါဝင္ပါတယ္။ ေနာက္ျပီး QMA ျဖန္႕က်က္ထားႏိုင္တဲ႔ နယ္ပယ္အက်ယ္အဝန္းကိုလည္း ဆံုးျဖတ္ႏိုင္ေစဖို႕လိုအပ္ပါတယ္။

Clause 5. Leadership
တစ္မူထားျခားပါဝင္လာတာက Leadership ပဲျဖစ္ပါတယ္။ဒီအပိုင္းမွာေတာ႔ ေခါင္းေဆာင္မႈနဲ႕ ကတိကဝတ္မ်ား အတြက္ျဖစ္ပါတယ္၊ေဖာက္သည္မ်ားအတြက္အာရံုစူးစိုက္မႈေတြ တိုးတတ္ျဖစ္ထြန္းလာမယ္႔ အရည္အေသြးဆိုင္ရာ ေပၚလစီေတြ၊အဖြဲ႕အစည္းရဲ႕ အဆင္႔အတန္းနဲ႕ တာဝန္ယူမႈတာဝန္ခံမႈ ေတြအျပင္ အခြင္႔အာဏာခြဲေဝသံုးစြဲေရးေတြအတြက္ပါ စီစဥ္ေဆာင္ရြက္ႏိုင္မယ္႔ အစီအမံမ်ား ေရးဆြဲရမယ္႔ အပိုင္းပါ။

Clause 6. Planning
စီမံကိန္းေတြေရးဆြဲေရးအတြက္ အဖြဲ႕အစည္းရဲ႕ ရည္ရြယ္ခ်က္ ၊ရည္မွန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္မယ္႔ စီမံကိန္းေတြေရးဆြဲျပင္ဆင္ေရး ၊ေရးဆြဲထားတဲ႔ စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ျပီး အမွန္တကယ္ ရယူျပီးေျမာက္ေအာင္ ေဆာင္ရြက္မႈရွိမရွိ၊ ရရွိေအာင္လည္း ဘယ္လိုစီမံေဆာင္ရြက္ရမယ္ဆိုတဲ႔ အပိုင္းေတြကို ျပင္ဆင္ထားရမွာပါ။plan , Do ,Check ,Action အတိုင္း ေဆာင္ရြက္ရမယ္႔ လုပ္ငန္းစဥ္ေတြျဖစ္ျပီး စီမံကိန္းမ်ားကိုလည္း ေျပာင္းလဲမႈအတိုင္း လိုက္ပါေျပာင္းလဲေဆာင္ရြက္ေစရမွာ ျဖစ္ပါတယ္။

Clause 7. Support
ပံ႔ပိုးေဆာင္ရြက္ေပးရမယ္႔အပိုင္းေတြအေနနဲ႕ေတာ႔ အရင္းအျမစ္ သြင္းအားစုေတြ၊အေျခခံအေဆာက္အအံုေတြ နဲ႕ အတူ
Competence , Awareness Communication , Documented information ေတြပါ ပါဝင္ေဆာင္ရြက္ရမွာျဖစ္ျပီးေတာ႔ Control of documented information လုပ္ငန္းစဥ္ေတြကိုပါ ထည္႔သြင္း ေဆာင္ရြက္ရမွာျဖစ္ပါတယ္ISO 9001:2008 မွာဆိုရင္ေတာ႔ Clause 6 မွာလည္း ဒီအပိုင္း ပါဝင္ပါတယ္။

Clause 8. Operation
Operation အပိုင္းအေနနဲ႕ Clause 8 မွာပါလာတာေတြကေတာ႔ Planning and Control , Requirements for Products and Serviceေတြအျပင္ ေဖာက္သည္မ်ားႏွင္႔ဆက္ဆံေရး၊ထုတ္ကုန္နဲ႕ဝန္ေဆာင္မႈမ်ားရဲ႕လိုအပ္ခ်က္မ်ားကိုအေပၚ ျပန္လည္ေလ႔လာသံုးသပ္ျခင္း၊ သတင္းအခ်က္အလက္စာရြက္စာတမ္းမ်ားထိန္းသိမ္းမႈေတြနဲ႕အတူDesign and Development for Product & Services ေတြပါဝင္ပါတယ္။ဆက္ျပီးေတာ႔ ထုတ္ကုန္နဲ႕ ဝန္ေဆာင္မႈမ်ားအေပၚမွာ ေဆာင္ရြက္ရမယ္႔ လုပ္ငန္းစဥ္ေဆာင္ရြက္ခ်က္မ်ားကို ထိန္းသိမ္းကိုင္တြယ္ေဆာင္ရြက္ပံုေတြ အျပင္ ထုတ္လုပ္မႈနဲ႕ ဝန္ေဆာင္မႈမ်ားအတြက္ ျပဌာန္းခ်က္ေတြထားရွိေဆာင္ရြက္ျခင္းမ်ားပါဝင္ပါ တယ္။ဒီအပိုင္းကထုတ္လုပ္မႈနဲ႕ဝန္ေဆာင္မႈမ်ားအတြက္အဓိကေဆာင္ရြက္ရမယ္႔အပိုင္းအျဖစ္အမ်ားဆံုးပါဝင္တာကိုလည္း ေလ႔လာေတြ႕ရွိရပါတယ္။

Clause 9. Performance evaluation
9001:2008 မွာပါဝင္တဲ႔ Clause 8.Measurement , Analysis and Improvementကို 9001: 2015မွာ Clause 8 & 9 အျဖစ္ခြဲျခားထားတာကိုအၾကမ္းအားျဖင္႔ေတြႏိုင္ပါတယ္။ဒီအပိုင္းမွာက Monitoring , Measurement , Analysis and evaluation ေတြ အဓိကထားပါဝင္လာပါတယ္။ ေနာက္ျပီး Internal Audit , Management Review ေတြလုပ္ရမယ္႔အပိုင္းပါ။

Clause 10.Improvement
ေနာက္ဆံုးျဖစ္တဲ႔ အပိုင္းမွာေတာ႔ အဖြဲ႕အစည္းျဖစ္စဥ္တစ္ခုလံုးရဲ႕ တိုးတက္ေဆာင္ရြက္မႈေတြကို ဆက္လက္ထိန္းသိမ္းဖို႕နဲ႕ Continual Improvement ျဖစ္ေစဖို႕ လုပ္ေဆာင္ရမယ္ Nonconformity and Corrective actionေတြေဆာင္ရြက္ရင္းနဲ႕ အဖြဲ႕အစည္းကို စဥ္ဆက္မျပတ္တိုးတတ္ေစဖို႕ လုပ္ေဆာင္ရမယ္႔ လုပ္ငန္းစဥ္ေတြပါ။
ISO 9001:2008 နဲ႕ 2015 မွာ အသံုးအႏႈန္းေတြအျပင္ အေသးစိတ္ခြဲျခမ္းျပီး အက်ယ္ခ်ဲ႔ထားတဲ႔အပိုင္းေတြလည္းကြာျခားသြားပါတယ္။ေနာက္ျပီးRisk management လုပ္ငန္းစဥ္မ်ားအတြက္ Risk base Thinking , Risk base Assessment ေတြ ဘယ္လိုလုပ္ေဆာင္ရမလဲ Proactive and reactive မ်ားအတြက္ေတြပါခြဲျခားထားတာပဲျဖစ္ပါတယ္။စနစ္တစ္ခု တည္ေဆာက္ရာမွာ အဖြဲ႕အစည္းတစ္ခုရဲ႕ တိုးတက္ျဖစ္ထြန္းေရးအတြက္ ေရရွည္ေဆာင္ရြက္သြားေစႏိုင္မယ္႔လုပ္ငန္းစဥ္မ်ားကိုတကယ္႔ေဆာင္ရြက္ႏိုင္ရင္ ေကာင္းမြန္မွာပါ။

ကြ်န္ေတာ္တို႕ဆီမွာေတာ႔ တစ္ခ်ိဳ႕လုပ္ငန္းေတြက
ISO Certificate ရရွိေရးအတြက္ အေလးထား
ေဆာင္ရြက္ျပီး ISO ကို Marketing Tools အျဖစ္အသံုးျပဳလာၾကတာေတြလည္း ရွိပါတယ္။
ေနာက္ျပီး ISO process ေတြေဆာင္ရြက္မယ္႔ လုပ္ငန္းစဥ္က
သီးျခား ထားရွိျပီး၊ပံုမွန္လည္ပတ္မယ္႔ SOP ေတြနဲ႔ လည္ပတ္ေနတာလည္းရွိေနတာလည္ ေတြ႕ရျပန္ပါတယ္။

ဒီလိုအေျခအေနေတြေၾကာင္႔လည္း ဝန္ထမ္းေတြက
ISO ဆိုအလုပ္ရႈပ္တယ္ ၊စာရြက္မ်ားတယ္ဆိုျပီး စိတ္ပ်က္ေျပာဆိုလာၾကတာလည္းရွိေနၾကတာပါ။
အခုေနာက္ပိုင္းေတာ႔ တိုးတက္လာတဲ႔ နည္းပညာအရ စာရြက္စာတမ္းစနစ္ေတြ ေလ်ာ႕ခ်ျပီး Computerized and electronic systems မ်ားအသံုးျပဳလာၾကမယ္႔လို႕ ဆိုထားေပမဲ႔ Resources & Technology အသံုးျပဳမႈစနစ္ေတြကိုဝန္ထမ္းေတြ ကြ်မ္းက်င္မႈနည္းပါးေနျခင္းနဲ႕ ခ်ိန္ထိုးၾကည္႔ရင္ လတ္တေလာ အနည္းငယ္ေတာ႔ ခက္ခဲေနဦးမွာပါ။

ဒါေပမဲ႔ ႏိုင္ငံတကာ စံခ်ိန္စံႏႈန္းမ်ားနဲ႕ လုပ္ေဆာင္ၾကမယ္႔ လုပ္ငန္းစဥ္ေတြအတြက္ကေတာ႔ ISO အေနနဲ႕
QMS (Quality Management Systems)လည္ပတ္ေစဖို႕
ေကာင္းစြာအေထာက္အပံ႔ျဖစ္ေစတာ
ကေတာ႔ အေသအခ်ာပါပဲ ။ TQM (Total Quality Management )
ျဖစ္ေစဖို႕ဆိုတာကအခ်ိန္၊အရင္းအျမစ္ဝန္ထမ္းမ်ား ေကာင္းမြန္စြာလည္ပတ္လုပ္ကိုင္ႏိုင္ေစဖို႕လိုအပ္တာမို႕ ISO ဆိုတာကို စာရြက္ေပၚမွာမဟုတ္ပဲ တကယ္လက္ေတြ႕အေကာင္ အထည္ေဖာ္ေဆာင္ႏိုင္ရင္ေတာ့တိုးတက္မယ္႔ အဖြဲ႕အစည္း
ျဖစ္ေစမွာေတာ့ ေသခ်ာေစမွာျဖစ္ပါတယ္။....

#ထိန္လင္းေက်ာ္(HR)