Friday, May 4, 2018
သက်သတ်လွတ် ထမင်းလိပ် - ၀က်လက်စွပ်ပြုပ် - ပုစွန်တုန်ယမ်းထမင်းကြော်
ပုစွန်တုန်ယမ်းထမင်းကြော်
......................................
ပါဝင်ပစ္စည်းများ
• ထမင်း           - တစ်ပွဲစာ
• ပုစွန်                   - ၁၅၀ ဂရမ်
• ငရုတ်သီးစိမ်း   - ၄ တောင့်ခန့်
• ကြက်ဥ           - ၁ လုံး
• ရှောက်ရွက်         - ၃ ရွက်ခန့်
•      Tom Yum အနှစ်ခဲ  - ၁ ခဲ
• ဆီ                    - စားပွဲဇွန်း ၂ ဇွန်း
• သံပရာသီး            - ၁ လုံး
• ကြက်သားမှုန့်    - လက်ဖက်ရည်ဇွန်း တစ်ဝက်
• သကြား            - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ    - ၃ မြွှာခန့်
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ဆီသတ်ပါ။ ကြက်ဥထည့်ပြီး မွှေပါ။ ပုစွန်ထည့်ပါ။
၂။ ပုစွန်အနံ့မွှေးလာပြီဆိုလျှင် ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ထည့်ပါ။
၃။ ထမင်းထည့်ပါ။ Tom Yum အနှစ်ကို ခြေပြီး ထည့်ပေးပါ။ အရသာများနှင့် ရှောက်ရွက်ကို ပါးပါး လှီးပြီး ထည့်ပါ။
၎။ အရသာမှာ Tom Yum အနံ့သင်းပြီး ချဉ်စပ်အရသာရလာပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင် နိုင်ပါပြီ။
................................
အံ့ဝင့်ထွဋ် (MRTV-4)
သက်သတ်လွတ် ထမင်းလိပ်
..................................
နွေနေပူပြီဆိုရင် အဆီ၊ အသား မစားချင်တော့ပြီမို့ အသားမပါ၊ ဆီမပါတဲ့ ထမင်းလိပ်လေးကို လုပ်စားကြည့်ပါနော်။ မမီးပေးထားတာ ၄ လိပ်စာ အချိုးဖြစ်ပါတယ်။ ရေးရတာရှည်လွန်းလို့ ခါတိုင်းရေးနေကျ ပုံစံကနေ မတူဘဲ ဖြစ်နေမယ်။
ပါဝင်ပစ္စည်းများ
• ရေညှိဖက် - ၄ ချပ်
• ဆူရှီဆန်/ရှမ်းဆန် - ၁ ခွက်ခွဲ
• ရေ - ၁ ခွက်ခွဲ
• ဆန်ရှလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သကြား - စားပွဲဇွန်း ၁ ဇွန်းခွဲ
ပြုလုပ်နည်း
ဆူရှီဆန်ကို ရေကြည်လာသည်အထိ ဆေးပါ။ ရေကုန်အောင် စေးပျစ်ပြီး ရေခြင်ထည့်ကာ ထမင်းချက်ပေါင်းအိုးနဲ့ ချက်ပါ။ ထမင်း ကျက်တဲ့အခါ မကပ်တဲ့ဇွန်းနဲ့ အသာအယာ ဖွပေးရပါတယ်။ ထမင်း ပွသွားတဲ့အခါ ဆန်၊ ရှလကာရည်နဲ့ သကြားထည့်ပြီး သမအောင် မွှေပေးပါ။ အဲဒီလိုမွှေနေချိန်မှာ ထမင်းစေ့ မကျေစေရဘဲ အလုံး မပျက်စေရပါ။ နယ်ပြီးလျှင် ခြောက်မသွားအောင် ရေစိုဝတ်သန့်သန့် လေးနှင့် အုပ်ထားပါ။
အဆာအတွက်
• ကိုရီးယားမုန်လာဥချဉ် / သခွားသီး - ၁ လုံး
• မုန်လာဥနီ - ၂ တောင့်
• ထောပတ်သီး - ၁ လုံး
• ကြက်သွန်နီကြော် - စားပွဲဇွန်း ၂ ဇွန်း
• နှမ်းလှော် - စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ မမီးရဲ့ ထမင်းလိပ်မှာ ကိုရီးယား မုန်လာဥချဉ်လေးကို အသုံးပြုထားပေမယ့် အလွယ်တကူ ဝယ်မရ တဲ့ သူတို့ကတော့ သခွားသီးကို အစားထိုး သုံးနိုင်ပါတယ်။ သခွားသီးခြစ်ကို သုံးမယ်ဆို အချောင်း လေးတွေ ညီညီညာညာ အပြိုင်ရှိနေရင် အသုံးပြုချိန်မှာ အလွယ်တကူ ယူသုံးလို့ရပါတယ်။ သခွား သီးခြစ်ပြီး စက္ကူလက်သုတ်ပဝါလေးနဲ့ ထုပ်ထားပေးရင် သူ့ထဲက ရေတွေ ထွက်သွားပါမယ်။ လိပ် စားတဲ့အခါ ရေစိုရွှဲမှု မဖြစ်တော့ပါ။
၂။ မုန်လာဥနီတစ်တောင့်ကို အချောင်းရှည်လေးတွေ ရအောင်ခြစ်ပြီး ဆားဖြူးထားပါ။ ၁ နာရီခန့် ကြာလျှင် အရည်ညှစ်ထုတ်ပါ။ ပြီးလျှင် သကြား၊ ဆန်၊ ရှလကာရည်နှင့် နယ်ထားပါ။ အချဉ်၊ အချို မသိမသာလေး ဖြစ်ရပါမယ်။
၃။ ထောပတ်သီးရဲ့ ထိပ် ၂ ဖက်ကို လှီးဖြတ်ပါ။ ထောပတ်သီးကို ထက်ခြမ်းခွဲပါ။ အစေ့ ဖယ်ပြီး အခွံနွှာ ပါ။ ပြီးလျှင် ၈ စိတ် စိတ်ထားပါ။
၎။ မုန်လာဥနီတစ်တောင့်ကို ဘလန်ဒါထဲမှာ ညက်နေအောင်ကြိတ်ပြီး အရည်ကုန်အောင် ညှစ်ထုတ် ပါ။
၅။ ရေညှိဖက်ကို ထမင်းလိပ်ရာမှာ သုံးတဲ့ ယင်းလိပ်ပေါ်မှာ ဖြန့်ခင်းပါ။ ထမင်းကို လက်တစ်ဆုပ်စာ ယူပြီး ညီညာအောင် ဖြန့်ခင်းပါ။
၆။ စက်နဲ့ကြိတ်ထားတဲ့ မုန်လာဥနီစလေးများကို ထမင်းပေါ်မှာ ညီညာအောင် ဖြန့်ခင်းပြီး နှမ်းဖြူးပါ။ ကြက်သွန်နီကြော်ကိုခြေပြီး ဖြူးပေးပါ။ ထမင်းနဲ့ကပ်သွားအောင် ဖိပေးပါ။ ပြီးလျှင် ရေညှိဖက်ကို နောက်တစ်ဖက်သို့လှန်ပါ။ ထမင်းက အောက်ဘက်ရောက်သွားပြီး ရေညှိဖက်က အပေါ်ဖက် ရောက်လာပါမယ်။
၇။ ရေညှိဖက်မှာ အနားကနေ ၁ လက်မခွဲလောက် ခွာပြီး အဆာများကို တင်ပါ။ ကိုရီးယားမုန်လာဥ၊ ထောပတ်သီး၊ မုန်လာဥနီ ခြစ်ထားသည်တို့ကို ညီညာအောင် တင်ပါ။ ထမင်းနဲ့ ကပ်သွားအောင် ဖိပြားပေးပါ။ ပြီးလျှင် ၁ လက်မခွဲ ချန်ထားတဲ့ ရေညှိဖက်အစကို အဆာပေါ် လုံအောင် အုပ်ပါ။ အဆာကျစ်လျစ်သွားအောင် ယင်းလိပ်အလယ်ကနေ ယင်းလိပ်အစွန်းဘက်တွေကို လက်နဲ့ အသာဖိညှစ်ပြီး ဆွဲပါ။ ကျစ်သွားပြီဆိုလျှင် ရေညှိဖက်ဆုံးတဲ့အထိ ဆက်လိပ်သွားပါ။ လိပ်နေရင်း မှာ ကျစ်သွားအောင် အသာအယာ ဖိညှစ်ပေးရပါတယ်။
၈။ ထမင်းလိပ်ပြီးတဲ့အခါ ဓားကို ရေဆွတ်ပြီး လှီးပါ။ ဓားထက်ထက်နဲ့ လှီးပါ။ တစ်ခါ လှီးပြီးတိုင်း ရေဆွတ်ထားတဲ့အဝတ်မှာ ဓားကိုသုတ်ပေးပြီးမှ နောက်တစ်ခါ ထပ်လှီးပါ။
၉။ စပိုက်စီးမေရိုဆော့စ် (Spicy Mayonnaise) ဆမ်းပြီး သုံးဆောင်နိုင်ပါတယ်။ ဆော့စ်ဝယ်မရလျှင် မေရိုနိစ် ၃ ဆကို ငရုတ်ဆီ ၁ ဆနဲ့ ရောစပ်ပြီး သမအောင်မွှေပါ။
၁၀။ ပလတ်စတစ်အိတ်ထဲထည့်ပါ။ ထောင့်ကနေ ကတ်ကြေးနဲ့ အပေါက်လေးဖောက်ပြီး ထမင်းလိပ် ပေါ်မှာ ညှစ်ချပေးနိုင်ပါတယ်။
.....................................
Meemeetofu
ဝက်လက်စွပ်ပြုပ်
ငယ်တုန်းက အိမ်မှာ ၀က်ခြေထောက်ပြုတ်တဲ့အခါ ချင်း၊ ကြက်သွန်ဖြူ၊ ငရုပ်ကောင်းလောက်ဆား ၊ သကြား၊ ပဲငံပြာရည်လောက် ဘဲ သုံးခဲ့တယ်..။ အခုတော့ လက်လှမ်းမှီရာအကုန်ထည့်စမ်းသပ်တယ်..။
ပါဝင်စ္စည်းများ
1. ၀က်ခြေထောက် ၇၅ ကျပ်သား
2. ပဲငံပြာရည် အပြစ် ၂ လက်ဘက်ရည်ဇွန်း
3. ဆား သင့်ရုံ
4. ပဲငံပြာရည်အကျဲ သင့်ရုံ
5. သကြား ၂ လက်ဘက်ရည်ဇွန်း
6. မုန်လာဥနီ ၁ တောင့်
7. တရုတ်နံနံ ၃ ခက်
8. ချင်း ၁ လက္မ
9. ကြက်သွန်ဖြူ ၅ မွှာ
10. ငရုပ်ကောင်းမှုန့် သင့်ရုံ
ပြုတ်နည်း (၁)
1. ကိုင်းလန်၊ ဘော့ချွိုင် တမျိုးမျိုးကို ရေဆေး ရေစစ်၊ ရေဆူတွင် ခဏထည့်ပြုတ် ဆယ်ပြီးေ ရေအေးတွင်စိမ်ထားပါ။
2. နံနံအမြစ် ၊ ဆား၊ ငရုပ်ကောင်း၊ ကြက်သွန်ဖြူ တို့ကိုရောထောင်းထားပါ။
3. ၀က်သားပြုတ်မည့်အိုးတွင် ဆီထည့်ပါ၊ ထောင်းထားသည်များကိုထည့်ပီး ဆီသတ်ပါ၊ ရွှေဝါရောင်ပြောင်းလျှင် တရုပ်မဆလာထည့်ပါ၊ သကြား နဲ့ ငံပြာရည်ထည့်ပီး ဆက်ကြော်ပါ၊ ရေထည့်၊  oyster sauce ထည့်ပါ။ ဆူလာတဲ့အခါ ၀က်ခြေထောက်ထည့်ပါ။ ပြန်ဆူလာတဲ့အခါ မီးအေးအေး နဲ့ ၁ နာရီခွဲ ခန့် ပြုတ်ထားပါ။ ပြုတ်နေစဉ်ကာလအတွင်းမှာလည်းတက်လာသမျှ အမြုတ်တွေကို ဖယ်ပေးပါ။
4. ၀က်ခြေထောက် နူးအိပီ ဆိုရင် မီး အပူကနေဖယ်ပီး ချင်းနဲ့ ကြက်သွန်ဖြူထုပီး ထည့်ပါ၊ နာရီဝက် နှပ် ထားပါ။
5. စားခါနီးမှာ နွှေးပါ၊ ပွဲပြင်မယ်ဆိုတဲ့အခါ ပန်းကန်လုံးတွင် ၀က်ခြေထောက်ထည့်၊  ကိုင်းလန် အရွက်ထည့်၊ အရည်ထည့်၊ တရုတ်နံနံ နဲ့ ငရုပ်ကောင်းလေးဖြူးပီး သုံးဆောင်ပါရှင်..။  (***ဒီနည်းက တရုတ်ချက်နည်းပြုတ်နည်းစာအုပ် ထဲက အတိုင်း လိုက်ချက်ထားတာပါ။ ကိုယ်ချက်နေကျ နဲ့ ဘယ်လိုများအနံ့ အရသာ ကွာလည်းသိချင်လို့.. )
ပြုတ်နည်း (၂)
ဝက်ခြေထောက်ကို အမွှေးတွေ အညစ်ကြေးတွေ သန့်သွားအောင် ဒါးနဲ့ ခြစ်ထုတ် ပီး ရေ ဆေးပါ။
ရေဆူမှာထည့်ပြုတ်ပါ။ ၂ ကြိမ် လောက် ပြုတ်လိုက် သွန်လိုက်လုပ်ပီး အမဲ အနှစ် အဖက်တွေကုန်သွားတဲ့အခါ ရေဆေးပီး ပြုတ်မည့် အိုးထဲပြန်ထည့်၊ ရေအေးထည့် ဆား၊ ပဲငံပြာရည် အပျစ် ၊ ဆား၊ ပဲငံပြာရည်အကျဲ တို့ထည့်ပီး ပြုတ်ပါ၊ ဆူလာတဲ့အခါ မီးအေးအေးနဲ့ အရိုးထဲက အချိုရည်ထွက်ပီး ကိုယ်ကြိုက်တဲ့ နူးညံ့မှုအနေအထားအထိ ပြုတ်ပါ။ ၁ နာရီ ၂ နာရီ ကြာတတ်ပါတယ်..
နည်းလေးတွေ ကွန်မန့်မှာရေးပေးသွားကြလို့ ကျေးဇူးလည်းတင် ခင်လည်းခင်..။
Soe Mar Lar ကျမ နည်းက တော့ ဆီ အနည်းငယ်ကို ကြက်သွန်နီ ကြော်ပါတယ် ။ င်္ပြးမှ ဝက်သား ထည့် ပြီး လှီမ့်  တာပါ ။ ဝက်ခြေထောက် အပေါ်ယံ တင်း လာရင် ကြာညိုံ့  ထည့်ပါတယ် ။ ကြေက်သွန်ဖြူ အလုံး လိုက်ကို ထိပ်ဖြတ်ပြီး ထည့်ပါတယ် ။ ချင်း ဓါးပြားရိုက်ပြီး ထည်ါပါတယ် ။ မွှေး နအောင် လှိမ့် ပြီး မှ ရေ ထည့် ပြီး တည်ပါတယ် ။ အပေါ်ယံ အမြှူပ်တွေ ခပ်ထုတ်ပြစ်ပါတယ် ။
Thara Phye ၀က်ခြေ/လက်ပေါင်း/ပြုတ်ရင်
ရေနွေးဆူအောင်ထည် ဆူပြီဆိုမှ ၀က် ထည့်ပါ ပြီးတော့အမြုတ်ထွက်လာတာတွေခပ်ပစ်ပါအရည်ကြည်လာရင် အရသာနဲ့ပဲဆီ အမွှေးကြိုင်ထဲပြီးမီးအေးအေးနဲ့အဖုံးမပိတ်ဘဲထည်ထားပါ အမြုတ်ကထွက်သလောက်ခပ်ထုတ်ရပါမယ် အရည်ကြည်လေးရပါတယ်ရှင် ။ မမီးရေ သိသလောက်ပြောကြည်တာပါရှင် ကျေးဇူးနော်။
မေးထားတာလေးတွေ..
ရေခဏခဏသွန်ပစ်လိုက်ရင် အရသာရှိပါ့မလားရှင့်..????
Meemeetofu မြန်မာက ၀က်သားနဲ့ ဒီက ၀က်သားနဲ့မတူဘူး.. ဒီက ၀က်သားတွေ အရမ်းညှီတယ်..။ အဲလို မပြုတ် မသွန်ရင် မစားနိုင်ဘူး..။ မြန်မာမှာတော့ သေချာဆေးပီး၊ ပြုတ်နေဆဲမှာ အမြှုတ်တွေ ခပ်ဖယ်ထုတ်ရင် လုံလောက်မယ်ထင်..။ နောက်တခုက အချိုရည်ဆိုတာ မီးအေးအေးနဲ့ ကြာကြာလေးပြုတ်ထားပါမှ အရိုးကနေထွက်လာတာပါ.. ပထမပိုင်း ရေဆူ ချိန်တွေမှာ အချိုရည်မထွက်လာသေးပါ..။
***ချက်ပြုတ်ပြသူ Meemeetofu နဲ့ အံ့ဝင့်ထွဋ် တို့ရဲ့ နာမည်လေးတွေကို Click နှိပ်လိုက်ပါက မူရင်းတင်ဆက်တဲ့ စာမျက်နှာများသို့ရောက်သွားပါလိမ့်မယ်။
No comments: