Wednesday, May 2, 2018

Huawei Nova 3e Review???


ဒီဖုန်းကို Review မလုပ်ခင် ကြိုပြောချင်တာရှိပါတယ်။ Audience တစ်ယောက်က ဖုန်းတစ်လုံးကို စိတ်ဝင်စားနေရင် Review လုပ်ပေးဖို့တောင်းဆိုကြတယ်။ Review လုပ်လို့ မကောင်းတာ ပြောမိရင် အဲဒီဖုန်း Company ကိုထိခိုက်စေသလားဆိုတော့ အနည်းငယ်လောက်တော့ သက်ရောက်နိုင်ပါတယ်။ ဒါမဲ့ Audience (Consumer) ဘက်ကပြန်ကြည့်ရင် Review လုပ်ဖို့တောင်းဆိုတာက ဖုန်းတစ်လုံးရဲ့ အသေးစိပ်ကို အဓိကသိချင်တာဖြစ်မယ်ထင်ပါတယ်။ Audience တွေအဓိကလိုချင်တာက Honest Review ပါ။ ကျွန်တော်တို့လို့ Reviewer တွေ Review လုပ်ပေးခြင်းဟာ ရောင်းအားတက်ဖို့၊ကျဖို့နဲ့ မဆိုင်ပါဘူး။ Audience တွေအတွက် Honest ဖြစ်တဲ့ Detail ကျတဲ့အချက်တွေပေးဖို့ပါ။ သို့သော် အချို့ Company က Reviewer တွေနဲ့ မရင်းနှီးတဲ့အခါ အချို့သောဖုန်းတွေ Review လုပ်ဖို့ ခက်ခဲ့ပါတယ်။ ဆိုတော့ PX အနေနဲ့ အချို့သောဖုန်းတွေ Review ဖြစ်မလာတဲ့အခါ နားလည်ပေးကြပါလို့ Audience ကိုတောင်းဆိုပါတယ်။ ကဲ Review လေးစလိုက်ကြရအောင်...

Nova 3e (P20 Lite) ကို ရက်အတော်ကြာ စမ်းသုံးလိုက်တဲ့အခါ စာရေးသူအတွက် ကျေနပ်စရာဖြစ်ခဲ့သလား??? သေချာတာတော့ Bias ဖြစ်နေပါတယ်၊ ဘာကျေနပ်စရာရှိလဲဆိုတာ သေချာမသိဘူးဖြစ်နေတာ၊ မကောင်းလို့လားဆိုတော့ မဟုတ်ပါဘူး သူအနေထားသူတော့ရှိပါတယ်၊

Design and Build Quality 

Nova 3e က Entry Level Mid Range ထဲမှာ Notch လေးနဲ့ပါ၊ Notch ကရုပ်ဆိုးသလား??? ဆိုတော့ ကြည့်တဲ့သူနဲ့ပဲဆိုင်ပါလိမ့်မယ်။ စာရေးသူအတွက် 2018 ရောက်နေပြီမို့ Notch က ဖုန်းတိုင်းလိုလိုပါလာမှာပါ။ အမှန်တိုင်းပြောရရင် စာရေးသူလည်းမကြိုက်ပါဘူး။ ဒါပေမယ့်မကြိုက်ဘူးဆိုတာထက် ဖုန်းတိုင်းနီးပါး ပါလာကြလို့ အပြစ်လို့မမြင်တော့တာပါ။ (တစ်ကယ်က Notch ကိုမကြိုက်လို့မဟုတ်ပါ Android ဖုန်း Company တွေ Screen Bezel Less ဖြစ်ဖို့အတွက် Apple မလုပ်ခင်ကတည်းက လုပ်လို့ရရဲ့သားနဲ့ ဘာလို့ Apple လုပ်ပြီးမှ လိုက်လုပ်ကြသလဲဆိုတာကို မကြိုက်တာပါ)

အနောက်ဘက်မှာတော့ Dual Camera ကိုဒေါင်လိုက် လုပ်ပေးထားတယ်။ အရင် Huawei ဖုန်းတွေလို ပန်းပွင့်လို Logo မပါတော့ဘူး။ Huawei ဆိုတဲ့ စာလေးနဲ့ ဘယ်ဘက်ဒေါင့်မှာ ရိုးရိုးရှင်းရှင်းနဲ့ လှနေပါတယ်။ Fingerprint ကို လက်ညိုးနဲ့ ထိလို့လွယ်ကူတဲ့နေရာမှာထားပေးထားတယ်။ ကျောဘက်မှာ လှပနေတာကို ဖျက်နေတာက Fingerprint Position ပါ။ သူသာအခြားနေရာမှာဆို လုံးဝပြောင်အချောနဲ့လှပနေမှာပါ။ ဒါမဲ့ ကျောဘက်ပါတာ ကြိုက်သူတွေအတွက် ရုပ်မဆိုးပါဘူး (Used To လဲဖြစ်နေမှာပါ)

ဖုန်းအပေါ်ဘက်မှာတော့ Mic ပေါက်သေးသေးလေးပါတယ်၊ အောက်ဘက်မှာတော့ 3.5mm Jack, Type-C နဲ့ Speaker ပေါက်ပါတယ်၊ ဒါနဲ့ Type-C အားသွင်းပေါက်က အောက်ကိုနည်းနည်းလေးကျနေပါတယ် အလယ် သိပ်မကျဘူး။ ဖုန်းရဲ့ ညာဘက်မှာပဲ Vol Up Down ရယ် Power Button ရယ်ပဲပါတယ်၊ ဘယ်ဘက်ခြမ်းမှာတော့ SIM Slot လေးပဲပါတယ်။ Antenna Line လေးကတော့ ဘယ်ညာ တစ်ခုစီပါပြီး အောက်ဘက် 3.5mm Jack နဲ့ Speaker ဘေးမှာ တစ်ခုစီပါပါတယ်။

Display က 5.84" ပါ။ အရမ်းလည်းမကြီးသလိုအရမ်းလဲမသေးတဲ့အတွက် လက်ထဲကိုင်ရတာ အဆင်ပြေတယ်။ 5" ပဲရှိတဲ့ ဖုန်းကိုင်နေတဲ့သူတွေ ပြောင်းကိုင်မယ်ဆို အဆင်ပြေတဲ့အနေထားမှာရှိတယ်။ ဖုန်းကလဲ အရမ်းကြီးမကြီးတဲ့အတွက် လက်တစ်ဖက်ထဲနဲ့ ကိုင်နေကြသူတွေဆို စိတ်ကျေနပ်မှုရမှာပါ။ အလေးချိန်ကလဲ 145g ပဲဆိုတော့ Nova 2i ထက်ပိုပေါ့တယ်။ ဖုန်းက သေးတယ် ပေါ့တယ်ဆိုတော့ ကိုင်ရတာ မဆိုးပါဘူးဆိုတာထက် ပိုပါတယ်။

Build Quality မှာ မကြိုက်တာတစ်ခုရှိတယ် အဲ့ဒါက Button Feedback ပါ၊ နိပ်ရတာ တစ်ခါတလေ နိပ်မိမှန်းတောင်မသိဘူး၊ မာနေတာလဲမဟုတ်ဘူး ပျော့နေတာလဲမဟုတ် ဒါမဲ့ ချောင်နေသလို နဲ့နေသလိုခံစားရပါတယ်။ ဘယ်လိုမျိုးလဲ ဆိုရင် ခလုပ်တွေ နိပ်တာကြာလာရင် ဖြစ်သလိုမျိုးဖြစ်နေတာပါ (Just My Opinion) ကျွန်တော် Review လုပ်နေတဲ့ ဖုန်းက အနက်ရောင်လေး လှတယ် ဒါမဲ့ လျောလွယ်တယ်။ နောက်ဘက်ကော အရှေ့ဘက်ကော အပြောင်သားမို့ ကိုင်ရတာမချော်ပေမဲ့ တစ်ခုခုပေါ်တင်ထားတာ လျှောကျတာများတယ်။ (ဥပမာ - မညီညာတဲ့နေရာတစ်ခုကို တင်လိုက်ရင် လျှောကျတတ်လို့ပါ) Cover တပ်ပါ။ ပြီးတော့ အပြောင်သားမို့လဲ အဆင်းလွယ်ပါတယ်၊ iPhone 7 Jet Black ကိုင်တဲ့သူတွေဆိုသိမှာပါ အာ့ကြောင့် ဂရုစိုက်သင့်ပါတယ်၊

Fingerprint & Security 

Fingerprint Position က လက်တစ်ဖက်ထဲနဲ့ ထိလို့လွယ်တဲ့နေရာလေးမှာတော့ အဆင်ပြေတယ်။ တိကျသလို မြန်လဲမြန်ပါတယ်။ အဲ့အပြင် Face Unlock လဲပါတယ်။ Unlock Speed လဲမြန်တယ်။ အလုပ်လုပ်တာလဲ တိကျပါတယ်။ မျက်လုံး မှိတ်ထားရင်လဲ မပွင့်ပါဘူး။ ဒီအပိုင်းမှာ သိပ်အများကြီး ပြောစရာမရှိသလို Budget ဖုန်းအချို့တောင် အသုံးပြုလို့ရနေလို့ ဘာမှလဲမထူးဆန်းပါဘူး။ ကျွန်တော်ဆို Face Unlock ကော Fingerprint ကော ၂ ခုလုံးထည့်ထားပါတယ်။ အမြဲ အဖွင့်များတာက Face Unlock ပါ။ ညဘက် အလင်းနဲ့တဲ့ လမ်းမှာ ဖွင့်တာတောင် ပွင့်ပါတယ်။ အမှောင်ထဲမှာတော့ Brightness နည်းနည်းတင်ပြီးဖွင့်မှရမှာပါ။

Display

Display အကြောင်းမပြောခင် အရင်ဆုံးထည့်ပြောချင်တာ Notch(ဂျို) နဲ့ Chin(မေးစေ့) ပါ။ iPhone X က Notch Only ပဲပါပါတယ်။ Android ဖုန်းတွေမှာ Bezel Less ဖြစ်ဖို့အတွက် Notch ပါတဲ့အခါ Chin လဲပါတာများပါတယ်။ ဒါမဲ့ သူက Notch ကိုဖျောက်လိုက်ရင် လက်ထဲမှာ Samsung Galaxy A8 ကိုင်ထားရသလိုနဲ့ မိုက်တယ်၊ ပြီးတော့ Chin ပါတဲ့အတွက် Notch ဖျောက်လိုက်ရင် Display က Body နဲ့ Balance ဖြစ်သွားတယ်။ Display မှာ IPS LCD 5.84 inches ကျယ်တယ် Full HD Resolution နဲ့ 432 ppi ရှိတယ်။ Display ကအတော်ကြည့်လို့ကောင်းတဲ့အထဲပါတယ် ကြွရွနေတဲ့ Bright and Sharp တွေပိုကောင်းလာတယ်၊ အရင် Nova 2i လို အလင်းပြန်တာတွေ သိပ်မရှိတော့ဘူး 19:9 နဲ့ဆိုတော့ ရုပ်ရှင်ကြည့်တဲ့အခါ စိတ်ကျေနပ်မှုရပါတယ်။ နေရောင်အောင်မှာကြည့်ရင်တောင် ပြဿနာသိပ်မရှိတဲ့ Display အမျိုးစားထဲမှာပါပါတယ်။

ပြဿနာလဲရှိပါသေးတယ် Notch နဲ့ Chin ပါတော့ ရုပ်ရှင်ကြည့်ရင် Screen Balance ဖြစ်သွားတယ် အဲ့ဒါကကောင်းပါတယ်၊ မကောင်းတာက Screen Shot တွေရိုက်လိုက်ရင် ဘေးမှာ Notch Area အမည်းတန်းကြီးက အမြဲလိုလိုပါနေတယ်၊ ဂိမ်းဆော့လို့ ရိုက်ရင်လည်းအတူတူပဲ၊ ပြီးတော့ Screen ရဲ့အောက်ဒေါင်မှာ အဝိုက်လေးလုပ်ထားတဲ့အတွက် Notch ဖျောက်ရင် အပေါ်မှာ အဝိုက်ပုံနဲ့ဖျောက်ထားတယ် ဒါကလဲလှပါတယ်၊ ဒါမဲ့ တစ်ချို့ App တွေကို Notch ဖျောက်ကြည့်ရင် UI ကမသေသပ်တော့ဘူး ဘယ်လိုမျိုးလဲဆိုရင်??? Notch ဖျောက်ပြီး Play Store ဖွင့်တဲ့အခါ Search Bar နဲ့ Screen အဝိုက်ဒေါင့်နဲ့ နီးကပ်တော့ မလှတော့ဘူး ပြောရရင် မသေသပ်တာ၊ ဒါကလည်း Notch ပါတဲ့ Android ဖုန်းတိုင်းလိုလိုဖြစ်မဲ့ ပြဿနာပါ။ Software Update ပေးပြီးဖြေရှင်းလို့ရရင် မဆိုးဘူး Android P မှာတော့ Notch ကို Support လုပ်လိုက်တဲ့အတွက် အဆင်ပြေလာမယ်ထင်ပါတယ်။ နောက်ပြီး App တွေဖွင့်တဲ့အခါ တစ်ချို့ App တွေက Full Screen ဖြစ်ဖို့ ထပ်နိပ်ပေးရပါတယ်။ အမြဲ Auto Full Screen ဖြစ်မနေပါဘူး။ Movie ကြည့်တဲ့အခါ အတော်လေးတော့ သဘောကျမိတယ် (Just My Opinion)။ LCD ဖြစ်တဲ့အတွက် Notch ဖျောက်လဲ Battery Life ပိုမကောင်းပါဘူး ဖျောက်တဲ့အခါလည်း အနက်ရောင် အစစ်မရပါဘူး။

Audio Quality 

အသံကျယ်တယ် မဆိုးဘူးလို့ပြောလို့ရတယ် တစ်ချို့သီချင်းတွေမှာ နည်းနည်းလေး Noise ထတယ် သိပ်တော့မသိသာဘူး ဒါမဲ့ကောင်းတဲ့အထဲပါပါတယ်၊ Bass တော့ သိသိသာသာမကြားရဘူး၊ Dual Sound System မဟုတ်ဘူး။

နားကျပ်ပေါက်ပါတယ်၊ Huawei Original နားကျပ်မရှိတဲ့အတွက် iPhone နားကျပ်နဲ့ စမ်းလိုက်တယ် နားကျပ်ကြောင့်လား ဖုန်းကြောင့်လားမသိ နားထောင်လို့ကောင်းတယ်၊ Bass and Treble တွေ Balance ဖြစ်တယ်၊ ဟိုးအရင်က (Not Good Quality) သီချင်းတွေနားထောင်တာ အရမ်းကြီး ပျက်သွားစေတဲ့ Effect မျိုးမထွက်ဘူး အတော်လေးအဆင်ပြေတယ်၊ အရမ်းဆူညံတဲ့ သီချင်းနားထောင်မိရင် တစ်ခါတလေ Vocal ထက် Instrumental အသံက ပိုများနေပါတယ်။ သူ့ဈေးသူ့အနေထားဆို မဆိုးပါဘူး။ 128kps Bit Rate ထက်နည်းသွားတဲ့ Song တွေဆို Vocal အသံကကျယ်နေပါတယ်၊ တစ်ခါတလေ ဗျိ ဆိုပြီး Noise သံလေးပါနေတယ် ဒါကလဲ သီချင်းပေါ်မူတည်တာမို့ အမြဲတော့ မကြားရပါဘူး။ ပြီးတော့ Huawei Histen ဆိုတဲ့ Setting ထဲကနေ ကိုယ်နဲ့လိုက်ဖက်တဲ့ အသံတွေညှိလို့ရပါတယ်။

Vibration နဲ့ပတ်သက်ပြီး အများကြီးပြောစရာတော့မရှိဘူး ပြီးတော့ Vibration Setting လည်း အများကြီးရွေးစရာမရှိဘူး ဒါမဲ့ နည်းနည်း ပျော့သလိုခံစားရတယ်။ မသိသာလောက်တဲ့အထိ မဆိုးသွားဘူး။

Performance and Battery Life

Honor 9 Lite နဲ့ Nova 2i မှာသုံးထားတဲ့ Kirin 659 ကိုသုံးထားတယ်။ တည့်ပြောရရင် SD 625 လောက်တောင် မကောင်းပါဘူး။ SD 625 လဲ ကောင်းနေတာမဟုတ်ပေမဲ့ သူလောက်မှမကောင်းတော့ ဘာလုပ်ရမှာလဲ??? အရမ်းကြီးဆိုးရွားတာမဟုတ်ပေမဲ့ ဒီဈေးအနေထားနဲ့ ကောင်းတာလေး သုံးပေးသင့်တယ်ထင်တယ်၊ ဂိမ်းအမိုက်တွေ ဆော့လို့ရပါတယ်။ ဒါမဲ့ Smooth မဖြစ်ဘူး PUBG လိုဂိမ့်မျိုး Graphic Mid Setting နဲ့ဆော့မရဘူး။ FPS တွေကျတဲ့အတွက် ခေါင်းမူးတယ်။ Heroes Evolved လိုဂိမ်းမျိုးတော့ အဆင်ပြေပြေဆော့လို့ရတယ်။ ဆော့နေတုန်း လိုင်းကျတာလည်း ရှားပါတယ်။ RAM 4GB ပါတယ် Heavy App တွေဖြစ်တဲ့ YouTube တို့ Netflix တို့ကနေ အခြား Heavy App တွေကို ချိန်းတဲ့အခါ Lag သွားတာမျိုးတော့ သိပ်မတွေ့ရဘူး။ ဂိမ်းဆော့ဖို့ သုံးမယ်ဆိုရင်တော့ အဆင်မပြေသေးပါဘူး။

Battery ကတော့ 3000 mAh ပါတယ်၊ Daily Life အတွက်လုံလောက်တယ်။ သာမန် အသုံးပြုတဲ့အခါ Drain တအားကြီးမဆင်းပေမဲ့ YouTube ကို Full HD နဲ့ Brightness အကုန်တင်ပြီး 1 နာရီကြည့်တာ 20% လောက်ကျပါတယ်။ ဒါက အရင် Nova 2i ထက်ပိုကောင်းလာတဲ့အနေထားပါ။ ပြီးတော့ Power Efficiency Chipset မို့ တအားကြီးမပူသလို နေ့စဉ်သုံးလို့ အဆင်ပြေတဲ့အနေထားပါ အရမ်းလည်းမမြန်ပါဘူး။ စာရေးသူ အမြင်ပါ Quick Charge ပါတယ်ဆိုပေမဲ့ လက်ထဲရောက်တော့ စမ်းသပ်တာ အရမ်းမြန်တဲ့အနေထားမဟုတ်ဘူး၊ ဒါမဲ့မြန်တော့မြန်တယ် မသိသာတာ။ ဘာလို့လဲမသိ Error ကြောင့်လားမသိ 20% - 54% ကို ၁ နာရီကြာဖူးပါတယ်၊ တစ်ကြိမ်ပဲဖြစ်လိုက်တာပါ နောက်တော့မဖြစ်တောဘူး၊ အားသွင်းနေရင် ဖုန်းအလွန်ပူတာမျိုးလဲမရှိပါဘူး။

Camera (Photo and Video)

လူတစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အတွက် ကြိုက်သလိုကွဲလွဲလို့ရပါတယ်။ Rear camera 16MP f2.2 + 2MP f2.4 နဲ့ Front 16MP f2.0 တပ်ဆင်ထားပါတယ်။ Camera နဲ့ပက်သက်ရင် လုံးဝအားမရဘူး Low Light မှာ အတော် Weak တယ် Detail and Sharpness မကောင်းဘူး။

Daylight မှာ လည်း ကောင်းသလားဆိုတော့ 😕 Dynamic Range ကမဆိုးဘူး ဒါမဲ့ Natural မဆန်ဘူး တစ်ခါတစ်လေ ရုပ်ထွက်က ရေဆေး ပန်းချီကားကြီးအလားပဲ အဝေးက သစ်ရွက်တွေ ရိုက်ပြီး ပြန်ချဲ့ကြည့်တဲ့အခါ အတော်လေး အူယားစရာပါ။ Rear နဲ့ရိုက်အခါ Overexposed သိပ်မဖြစ်ပေမဲ့ Sharpness မတွေမကောင်းပါဘူး၊ Pro ကောင်းသလောက် Lite က မပြောတော့ဘူး 😕 တစ်ကယ်က လုံးဝမကောင်းတာမဟုတ်ဘူး သူအနေအထားနဲ့သူ ပြည့်စုံတယ် ဒါမဲ့ သူနဲ့ Level တူ ဖုန်းတွေကို ယှဉ်မဖိုက်နိုင်တဲ့အတွက် မျက်နာငယ်စရာပါ၊ ဘာကောင်းလဲဆိုရင် Pro Mode အရမ်းကောင်းတယ်၊ သူ့ Pro Mode က Huawei User တွေသိပြီးသားပါ RAW ဖိုင်တွေရတယ်၊ Low Light မမိုက်ပေမဲ့ Pro Mode ကိုင်တတ်ရင် ပုံကောင်းရပါတယ်။ ပုံအရည်အသွေးက Natural ဆန်ပါတယ်။ Pro Video ရတယ် ဒါတွေက အားသာစေတယ်။ HDR က သာမန်နဲ့ ဘာမှမကွာသွားသလိုပဲ၊ AR Lens ကတော့ တစ်ကယ်က Sticker တွေပါ ဘာမှမဟုတ်ပါဘူး၊ Portrait ကလဲ အလင်းရောင်ကောင်းကောင်းနဲ့ ရိုက်တတ်ရင် ကောင်းပါတယ်၊ Blur တာသိပ်မသေသပ်ပေမဲ့ ရိုက်တတ်ရင်တော့ ရပါတယ်။

Selfie မှာတော့မဆိုးဘူး ဒါနဲ့ Color ကအဖြူဘက်တွေအရမ်းသွားလွန်းတယ်၊ Dynamic Range မမိုက်ဘူး၊ Portrait မှာ မြင်နေရတဲ့ Focus ဖြတ်တာက မသေသပ်ပေမဲ့ ပုံထွက်လာတဲ့အခါ သေသပ်တာများပါတယ်။ Video မှာ Pro Mode ရတာမိုက်တယ် အမြင့်ဆုံး 1080p ထိရိုက်လို့ရတယ်၊ Stabilization မပါဘူး၊ ရုပ်ထွက်ကတော့ Overexposed ဖြစ်နေသလိုပဲ၊ ကျန်တာအဆင်ပြေတယ် သဘောကျတာက Object Tracking ပါတဲ့အတွက် ကိုကြိုက်အရာ Focus ဖြတ်ထားပြီးရိုက်လို့ရပါတယ်၊

Other Features 

Android 8 ကို EMUI 8 နဲ့အုပ်ထားပါတယ်၊ ပိုလှလာတယ် သုံးရတာ အဆင်ပြေမဲ့ Kirin 659 ကြောင့်ထင်တယ် ဘာ App မှ မ Run ထားရင်တောင် တစ်ခါတစ်လေ ထစ်ချင်ပါတယ်၊ အမြဲတော့မဖြစ်ပါဘူး၊ Notification ကို Notch Area ကဆွဲချရင် ရတဲ့အခါရတယ် မရတာလည်းရှိတယ်၊ Eye Comfort တို့ သုံးထားရင် Noti Bar မှာ Notch ညာဘက်ခြမ်းမှာ Icon လေးတွေပေါ်ပါတယ်၊ အရမ်း Function အများကြီးသုံးတဲ့အခါ  Icon တွေ Notch ညာဘက်ခြမ်းမှာ မဆန့်လို့ ဘယ်ဘက်ခြမ်းက Cellular Icon ဘေးမှာ ပေါ်ပေးပါတယ်၊ နာရီ ဂဏန်းက ဥပမာ 12:30PM ဖြစ်ကုန်ရင် Icon လေးက Notch နဲ့တအားကပ်တဲ့အတွက် မသေသပ်သလိုဖြစ်သွားပါတယ်၊ အချုပ်အနေနဲ့ ဒီ Nova 3e က Display ဘက်မှာတော့ သဘောကျစရာကောင်းတယ်၊ Nova 2i နဲ့ယှဉ်ရင် Notch ပါတဲ့ Baseless Display လှပတဲ့ အပြောင် ဒီဇိုင်းလေးတွေက ရွေးချယ်စရာတစ်ခုဖြစ်နေမှာပါ၊ သူနဲ့ Level တူဖုန်းတွေနဲ့ယှဉ်ရင် ခြေတစ်လှမ်းနောက်ကျနေသလိုခံစားရတယ်၊ ကျန်တာကတော့ Bezel Less နဲ့ ရုပ်ရှင်ကြည့်ရတာ ကြိုက်နှစ်သက်သူတွေအတွက်တော့ Budget ထဲ ရွေးချယ်စရာ ဖုန်းတစ်ခုဆိုတာ အသေချာပါပဲ...

#PLANETX #Huawei #Nova3e #P20Lite #Review

(မူရင်းတင်ထားသော Page ကိုသွားကြည့်ဖို့အတွက် PLANETX စာသားလေးကို Click နှိပ်လိုက်ပါ)

No comments: