Wednesday, May 30, 2018

Vivo V9 Review???



Review လုပ်ဖို့မျှော်လင့်ထားတဲ့ဖုန်းတစ်ချို့ အကြောင်းကြောင်းကြောင့် လက်ထဲရောက်မလာခင်မှာ မျှော်လင့်မထားတဲ့အရာတစ်ချို့ကို ယူလာပေးတဲ့ဖုန်းတစ်လုံး ကျွန်တော်တို့ဆီမှာရှိခဲ့တယ်။ Price-to-Performance Ratio နဲ့ချိန်ညှိတဲ့အခါမျိုးမှာ ဒီဖုန်းလေးက Fan တွေအကြိုက်နဲ့သိပ်မကိုက်တတ်ပေမယ့် "အကယ်၍ ကိုယ်သာဒီဖုန်းလေးကိုင်ဖြစ်ရင်" ရနိုင်မယ့် User Experience ကို အလေးပေးပြီးပြောသွားပါ့မယ်။ (ဈေးဆိုမှ Vivo V9 64GB ရဲ့ဈေးနှုန်းက မြန်မာငွေ ၃သိန်း၉သောင်း၉ထောင်ကျပ်ပါ။ စာရှည်ရှည်မဖတ်ချင်၊ ဈေးလောက်ပဲသိချင်သူတွေ အတွက်ပါ) ကဲ.... Review စကြရအောင်...

Design & Build Quality

Design ပိုင်းအရ V9 ကို စကားတစ်ခွန်းတည်းနဲ့သုံးသပ်ပါဆိုရင် "Premium ဆန်တယ်" လို့ပြောပါရစေ။ Design ပိုင်းကျစ်လစ်မှုရှိတယ်။ 6.3" Display နဲ့ဖုန်းတစ်လုံးရဲ့ Size ဟာ Mi 5x နဲ့ဆိုက်တူဂိုက်တူပဲ။ 0.31" အထူကို နောက်ဘက်အခုံးပုံစံဆိုတော့ လက်ထဲမှာ ပိုပါးနေသလိုတောင်ခံစားရ။ Weight ကလည်း 150g ဆိုတော့ အတော်ပေါ့တယ်။

Design ပိုင်းမှာဆန်းသစ်မှုပဲဆိုရမလား? Vivo Logo နဲ့  စာသားတွေကို နောက်ကျောဘက်မှာထွင်းထည့်ထားတယ်။ ဘေးတစ်ဖက်တစ်ချက်စီမှာ အဖုလေးတွေလုပ်ထားတာက  "Designed by Vivo" ဆိုတဲ့စာသားကို သတိထားမိစေချင်ပုံရတယ်။

ဆိုးတာတစ်ခုက iPhone 7 တုန်းကလို Jet Black Color (Shiny Black ဆိုပိုမှန်မယ်၊ နောက်ဖုံးမှာမှန်ကြည့်လို့ပါရတယ်😁) သုံးထားတာပါ။ လက်ဗွေရာရော အစင်းရာတွေထင်ဖို့ အရမ်းလွယ်တယ်။ (Cover တပ်ကိုင်ဖို့ အထူးအကြံပြုပါရစေ)

Volume နဲ့ Power Button တွေက ဖုန်းညာဘက်မှာရှိတယ်။ Button တွေရဲ့ Tactile Feedback ကအတော်ကောင်းတယ်။ (မာဆတ်ဆတ်လေးနဲ့ နှိပ်လိုက်တိုင်း Click Click အသံလေးနဲ့) Sim Tray က ဖုန်းဘယ်ဘက်အပေါ်နားမှာ၊ Dual Nano Sim အပြင် Micro SD အတွက် Slot သပ်သပ်ပေးထားတာက သဘောကျစရာ။ Sim Tray ကိုလည်း ကော်သားမဟုတ်ပဲ Metal သုံးပေးထားသလို Rubber Seal လေးလည်းပါတယ်။ Design ပိုင်းမှာတော့ V9 ကို Thumbs up ပါ။

Fingerprint & Security

ဖုန်းနောက်ဘက်က Fingerprint Position လက်လှမ်းမှီ၊ စမ်းရလွယ်တဲ့နေရာမှာရှိတယ်။ Unlock Speed မြန်သလို Accuracy လည်းကောင်းတယ်။ Fp Scanner ကို Noti Bar ဆွဲချ၊ ဆွဲတင်၊ Clear Noti စတာတွေအတွက်လည်းသုံးနိုင်တယ်။

Face Unlock ကလည်း အတော်လေးမြန်တယ်။ Day time မှာ Unlock Speed က Fp Unlock နီးနီးရှိတယ်။ အလင်းနည်းတဲ့နေရာမှာတော့ Speed မဆိုစေလောက်ပိုကြာတယ်။ သေချာတာကတော့ မျက်လုံးတစ်ဖက်ပိတ်ထားထား၊ နှစ်ဖက်ပိတ်ထားထား Face Unlock လုံးဝမဖြစ်ဘူးဆိုတာပါပဲ 😅

Display

V9 ရဲ့ Display ဟာ ကျွန်တော့်ကို ထင်မှတ်မထားတဲ့ Impression ကိုပေးနိုင်ခဲ့ပြီး V9 ရဲ့အားသာချက်ထဲကတစ်ခုလို့လည်းဆိုရမယ်။ 6.3" 1080p+ Display မှာ Notch ပါဝင်ပြီး 19:9 ဖြစ်သွားတယ်။ Display ရုပ်ထွက်က အတော်ကောင်းပြီး အရမ်း Cool မဖြစ်၊ အရမ်း Warm မဖြစ်ပဲ Balance ညီတယ်။ ဖုန်းနဲ့ရုပ်ရှင်အကြည့်များသူတွေအတွက် အတော်အဆင်ပြေမယ်။

Brightness ကတော့ Indoor မှာဆို 20-25% က More than enough ပါ။ Outdoor Daylight မှာဆိုရင်တော့ 50% လောက်ဆို ဖုန်းခေါ်ဘာညာ Ok ပါတယ်။ Notch ပါတာကလည်း Daily Usage အပေါ် ထူးထူးခြားခြား အနှောင့်အယှက်မျိုး ဖြစ်မနေခဲ့။ တစ်ချို့ Notch Support လုပ်တဲ့ Apk တွေမှာ Display အပြည့်မြင်ရပေမယ့် တခြား App တွေ၊ ဂိမ်းတွေမှာတော့ 18:9 or 16:9 Ratio နဲ့ပဲ မြင်ရမှာပါ။ Camera မှာတော့ Screen ပြည့်ပုံပေါ်အောင် 19:9 Ratio Mode ကိုရွေးရိုက်လို့ရတယ်။

Speaker, Audio Quality & Vibration

Speaker က Single Speaker ဆိုပေမယ့် အသံထွက်လေးတော့မဆိုးလှ။ Clarity က မိုက်ပေမယ့် Loudness မှာတော့ Mi 5x ထက် မဆိုစလောက်ပိုတိုးတယ်။ ဆိုးတာက Speaker ဖွင့်ပြီးဖုန်းပြောရင် အသံကြားရတာ အတော်တိုးတယ်ခံစားရ။ Call Volume မှာတော့သိပ်အားမရပေမယ့် အဆင်တော့ပြေပါတယ်။ (တိုးတိုးတိတ်တိတ်သမားတွေအတွက် အသံလုံတာပေါ့ 😁)

Audio Quality ကို User တစ်ယောက်အနေနဲ့ပြောရရင် အတော် Bias ဖြစ်ပါတယ်။ (Audiophile တစ်ယောက်မဟုတ်လို့ User လို့ပဲသုံးပါ့မယ်) ပထမတစ်ချက်အားမရတာက Music Volume ပါ။ အတော်လေးတိုးတယ်။ Mi 5x မှာ 40-50% နဲ့ရတဲ့ Volume ကို V9 မှာ 65-70% လောက် ထားမှရတယ်။

ဒုတိအချက်က Bass သံပါ။ ညံ့နေတာမျိုးမဟုတ်ပေမယ့် တခြားအသံတွေနဲ့ယှဉ်ရင် တစ်ထစ်နိမ့်နေသလိုခံစားရတယ်။ ပြီးတော့ Volume 50% လောက်အထိ Bass သံကအတော်တိုးနေတာဆိုးတယ်။ သူ့ Software မှာ Bass Enhance Function တို့ Equilizer ချိန်တာတို့ပါပေမယ့် စိတ်ကြိုက် Balance ဖြစ်မယ့် အနေအထားမျိုးတော့ မရခဲ့။ ဒီတော့ Bass ကောင်းမှကြိုက်သူတွေကတော့ Bass ကောင်းတဲ့နားကြပ်မျိုးကို Volume မြင့်မြင့်နဲ့နားထောင်ရင်အဆင်ပြေပါလိမ့်မယ်။

ကျွန်တော်ကတော့ Original နားကြပ်မရခဲ့လို့ Xiaomi Color Edition Earphone ရယ်၊ SkullCandy Xtfree Bluetooth Earphone နှစ်ခုနဲ့ပဲစမ်းဖြစ်ခဲ့တယ်။ သူ့မှာ Vivo နားကြပ်တွေအလိုက်အသံချိန်ညှိပေးတာလေးပါလို့ ကိုယ့်နားကြပ်က Vivo တံဆိပ်မဟုတ်တောင် တစ်ခုစီစမ်းရွေးပြီး ကိုယ့်နားကြပ်နဲ့အဆင်ပြေမယ်ထင်တဲ့ဟာထားပေးတာက တခြား Setting တွေထက် ပိုအဆင်ပြေမယ်ထင်မိတယ်။ အပေါ်ကအားနည်းချက်အချို့ကလွဲရင် သူ့ Sound Quality က မိုက်တယ်ပြောရမှာပါ။ အဓိကအားသာချက်က Vocal နဲ့ Instrumental အပိုင်းတွေပါ။ တစ်သံချင်းစီကိုကွဲကွဲပြားပြားကြားရပြီး Treble ကလည်း မဆိုးလှ။ အထူးသဖြင့် Clapping Sound တွေ အတော်သဘောကျမိတယ်။

Metal Body သုံးတဲ့ဖုန်းတစ်လုံးအနေနဲ့ သူ့ Vibration က ငြိမ်ပြီးညက်တယ်။ Mi Note 3 တုန်းက Sense မျိုးမဟုတ်ပေမယ့် တစ်ချို့ဖုန်းတွေလို Vibration တုန်ရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တာမျိုးမရှိဘူးပေါ့။

Performance & Battery Life

Snapdragon 626 က CPU ပိုင်းမှာ Clock Speed 2.2 GHz ဖြစ်သွားတာကလွဲရင် GPU ပိုင်းမှာ SD 625 နဲ့ အတူတူပါပဲ။ RAM 4GB နဲ့ ဒီကောင်လေးက Multitasking နိုင်နင်းသလို Game ဆော့သူတွေတွက် Gaming Mode လဲပါဝင်တယ်။ (Gaming Mode On ပြီးဆော့ရင် ဆော့နေတဲ့ဂိမ်းပေါ်မှာပဲ RAM နဲ့ Chipset ကို ဦးစားပေးလုပ်ဆောင်ပေးတယ်လို့ဆိုထားတာပဲ) Shadow Fight 3 တို့ Garena Free Fire တို့ကို High Setting နဲ့ မထစ်မပြုပဲဆော့နိုင်တယ်။ (Asphalt 8 ကတော့ 625 မှာတောင် Ok တာမို့ ထည့်မစမ်းတော့) ထူးထူးခြားခြားပဲ Online Game တွေဆော့ချိန်မှာတောင် Heat တက်တာ အတော်နည်းပါတယ်။ အများဆုံးနွေးရုံလောက်ပဲ။ (ဒါကတော့ မဆိုးလှ)

3260 mAh ကို 6.6" FHD+ မှာ ဒီလောက်ခံမယ် မထင်ခဲ့မိတာအမှန်ပါ။ Normal Usage သမားတွေအတွက် တစ်နေ့တာကို အားသွင်းဖို့လှည့်ကြည့်စရာမလိုပဲ အေးဆေးဖြတ်သန်းနိုင်တယ်။ Wifi နဲ့ 1 hr Youtube Streaming ကို 7% ပဲကုန်တယ်။ Wifi On ထားရင်း Shadow Fight 3 ကို 45min ဆော့တာ 6% ကုန်တယ်။ Garena Free Fire 45min ကိုတော့ 8-9% ကုန်တယ်။

Charging အတွက် Type B ပဲသုံးပေးထားတာက စိတ်ပျက်စရာပါ။ Fast Charge လည်း Support မလုပ်ပါဘူး။ ကျွန်တော်တို့ရဲ့တဲ့ Review Unit မှာ Original Charger ပါမလာလို့ 12W (5V 2.4A) Charger ရယ် Oppo F1 Charger ရယ်နဲ့ စမ်းဖြစ်ခဲ့တယ်။ ရလဒ်က ရိုးရိုး 12W နဲ့ဆို 30 min မှာ 20% ဝင်ပြီး Oppo Charger ကတော့ 22% လောက် ဝင်တယ်။ ဒီတော့ 0-100% ကို အားသွင်းချိန် ၂နာရီခွဲဝန်းကျင်လောက် ကြာမှာပါ။ (Disappointed)

Camera

Sample တွေလည်း ကြည့်ပြီးလောက်ပြီထင်ပါရဲ့။ Vivo ရဲ့ Back Camera မှာ 16MP, f/2.0 + 5MP f/2.0 သုံးထားတယ်။ Position ကတော့ Main Camera က အောက်၊ Secondary က အပေါ်ကပါ။ Camera Quality ကိုပြောပါဆိုရင်တော့ Daytime မှာ V9 က Mi5x နဲ့ Mi Note 3 ကြားမှာရှိနေပါတယ်။

အလင်းရောင်ကောင်းတဲ့နေရာမှာဆို Color Accuracy, Sharpness တို့ကောင်းမွန်ပြီး Dynamic Range ကတော့ ပုံမှန်လောက်ပါပဲ။ HDR Mode ကို Auto ထားလို့ရပြီး သူ့မှာတော့ Color တွေက နည်းနည်း Shiny ပိုဖြစ်ပြီး Dynamic Range နည်းနည်းပိုကောင်းလာတယ်။ အရိပ်ထဲ၊ ဒါမှမဟုတ် Indoor Lighing မှာတော့ Color တွေက နည်းနည်း Dark ဘက်ရောက်ပြီး Saturation လည်းပိုလာတယ်။ Color ခပ်စိုစိုကြိုက်သူတွေတွက်တော့အဆင်ပြေမှာပါ။

 စိတ်မကောင်းစွာနဲ့ပဲ Vivo V9 ရဲ့ Low Light Photo တွေကတော့ Daytime နဲ့တခြားစီပါ။ (အမှောင်နဲ့အတော်လေးဓာတ်မတည့်ပုံရတယ်) အလင်းတွေဖွာထွက်ပြီး အလင်းနည်းလေ Color တွေ Wash out ဖြစ်လေပါပဲ။ (Mi 5x နဲ့ယှဉ်ရိုက်တဲ့အချိန်မှာ V9 ရဲ့ Photo ကသစ်ရွက်တွေမှာ Color ပါမလာတော့) Night Time အလင်းကောင်းတဲ့နေရာမျိုးမှာတော့ 5x နဲ့ Level တူလောက်ပါပဲ။ Noise များပြီး Detail နဲ့ Sharpness တွေကျကုန်တယ်။ Point and Shoot သမားတွေအတွက် အတော့်ကိုအဆင်မပြေပါ။

Manual ကိုင်တတ်သူတွေအတွက်ကတော့ Exposure Time ကို 16 sec နဲ့ ISO 3200 ထိ ပေးထားတယ်။ ဒါပေမယ့် ပုံကောင်းချင်ရင်တော့ 4sec လောက်ထိ အနိမ့်ဆုံးတင်ရတာများလို့ Tripod နဲ့မှ အဆင်ပြေမှာပါ။ (no OIS ပါ) ပုံတွေကတော့ အနီဘက်နည်းနည်းသမ်းပေမယ့် Detail တော့ အတော်လေးကောင်းသွားတယ်။

5MP နဲ့ Depth ဖမ်းတဲ့ Portrait ကတော့ မဆိုးဘူးပြောလို့ရပေမယ့် Edge Detection မှာတော့ မသေသပ်မှုလေးတွေရှိတယ်။ Camera Function မှာတော့ စာအုပ်၊စာရွက်တွေကိုဓာတ်ပုံရိုက်ရင် Crop လုပ်ပြီးတစ်ပုံသပ်သပ်ထုတ်ပေးတဲ့ DOC mode ကိုတော့ သဘောကျမိ။

24MP Selfie Camera ကတော့ V9 ရဲ့ VVIP ဖြစ်တာမို့ သိပ်ပြီးညွှန်းစရာလိုမယ်မထင်။ (မိတ်ကပ်မကြိုက်သူတွေအတွက် Beauty Mode မ On သရွေ့ခင်များတို့ရဲ့ Natural Beauty အတိုင်းပုံတွေပေးစွမ်းမှာပါ။) Detail ကျပြီး ပုံထွက်အတော်မိုက်တယ်ပြောရမယ်။ အလင်းအနည်းအများပေါ်မူတည်ပြီး Noise နဲ့ Detail ပိုင်းမှာတော့ ပြောင်းလဲမှုအနည်းငယ်ရှိပါလိမ့်မယ်။ Portrait Selfie ရိုက်လို့ရပေမယ့် Quality ကတော့ ကြည့်ပျော်ရုံလောက်ပါပဲ။ အလင်းများတဲ့ဘက်ကို Camera လှည့်မိရင် Background က အလင်းအဝင်များပြီး ဖြူ ဖွေးကုန်တတ်တယ်။ တခြား Function တွေအနေနဲ့ Beauty Mode တို့ AI Sticker, Group Selfie (Selfie Camera နဲ့ Panorama အသေးစားရိုက်တာ) တို့ ပါဝင်တယ်။

Video Quality အနေနဲ့ပြောရရင် ရှေ့ရောနောက်ပါ 4K Video ရတာက Thumbs up ပါ။ EIS နဲ့ထိန်းညှိပေးထားလို့ Video Stabilization ကောင်းတယ်ပြောရမယ်။

OS

Vivo V9 မှာ Android Oreo 8.1 ကိုအခြေခံတဲ့ Funtouch OS ကိုသုံးထားတယ်။ Bloatware များသလို Google App တွေလည်း အတော်များများပါတယ်။ မြန်မာစာကလည်း Original Keyboard မှာကို Build-in ထည့်ပေးထားတယ်။ iPhone ပုံစံ Noti Bar ကိုအရှင်းထားပြီး Control Centre ထည့်ပေးထားတယ်။ သဘောအကျဆုံးကတော့ Navigation Key (Back, Home, Menu) အစား Gesture တွေပြောင်းသုံးလို့ရတာပါ။ Swipe up, Swipe up and Hold, Swipe Left of Right စတဲ့ Gesture တွေသုံးရတာ အတော်အဆင်ပြေတယ်။ Control Centre ဆွဲတင်တဲ့အခါ Smooth သိပ်မဖြစ်တာတစ်ချက်တော့ မကြိုက်။ iOS ဆန်ဆန်သုံးချင်တတ်သူတွေတွက် အဆင်ပြေမှာပါ။

Overall

ကျွန်တော့်အနေနဲ့Vivo V9 မှာ အားအနည်းဆုံးအချက်ကိုပြောပါဆိုရင် Price to Performance ကိုပဲထောက်ပြဖြစ်မှာပါ။ User Experience အရ အဆင်ပြေနေတဲ့ V9 ရဲ့ဈေးပမာဏဟာ ရွေးချယ်သူတွေအဖို့ လက်တွန့်စရာဖြစ်နေတယ်။ 2017 မှာသာထွက်ခဲ့ရင် ဒီဖုန်းဟာ အတော်လေးမိုက်တဲ့ဖုန်းလို့ဆိုနိုင်ပေမယ့် 2018 မှာတော့ သူ့ Spec တွေဟာ တခြားရွေးချယ်စရာအချို့နဲ့ယှဉ်ရင် အားနည်းချက်လေးတွေရှိနေပါလိမ့်မယ်။

ဒီတော့ Vivo V9 ကိုဝယ်သင့်၊ မဝယ်သင့်ဆိုတာကတော့ Fan တွေရဲ့အကြိုက်ပေါ်အဓိကမူတည်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ Suggestion ပေးရရင်တော့ Selfie ကောင်းကောင်းကြိုက်တတ်၊ ရိုက်တတ်သူတွေ၊ (မိန်းကလေးပရိတ်သတ်များ) Display ကောင်းကောင်းသုံးချင်တတ်သူတွေ၊ Design လှလှတပ်မက်သူတွေ၊ ဈေးတန်ခြင်းထက် Warranty Service ဘာညာပေါ် ပိုအာရုံစိုက်သူတွေ၊ Vivo Fan တွေအတွက်တော့ V9 ဟာ ရွေးချယ်စရာဖုန်းတစ်လုံးဖြစ်ပါလိမ့်မယ်...



#planetx #vivov9 #review #techplanet

No comments: