Wednesday, August 10, 2016

Pokemon Go ကစားကြစို့

Poke’mon GO ကစားနည်းနဲ့ ပတ်သတ်တဲ့ လမ်းညွှန်ချက် အပြည့်အစုံကို တင်ပြလိုက်ပါတယ်။ ဒီလမ်းညွှန်ထဲမှာဆိုရင် Poke’mon GO ဘယ်လိုကစားကြမလဲ ၊ Poke’mon GO Plus ထွက်ရှိလာမယ့်ရက် ၊ Poke’mon GO နဲ့ ဆက်စပ်သည့်သတင်းများ ၊ Poke’mon GO power bank အကြောင်း ၊ Poke’mon GO ရဲ့ နောက်ဆုံးရအချက်အလက်များအပါအဝင် Poke’mon GO အကောင်လေးတွေကို ပစ်ပြီးဖမ်းယူရာမှာ တိကျ သေချာမှုကို ထိခိုက်စေတဲ့ bug ပြဿနာတွေနဲ့ ဆက်စပ်တဲ့ သတင်းများလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ယခု လမ်းညွှန်ချက်ကို ဖတ်ခြင်းအားဖြင့် Poke’mon GO ကို ဆော့ကစားနည်းနဲ့ Poke’mon မှာ မျက်နှာပန်းလှလှနဲ့  တက်သွားလို့ ရနိုင်မှာ ဖြစ်ပါတယ်။
Pokemon Go မကစားခင် Pokemon Go ဂိမ်းနဲ့ပတ်သက်တဲ့သတင်းလေးတွေကိုအရင်ဖတ်ကြည့်ပေးပါဦး။
            Nintendo ရဲ့အောင်ပွဲ
            Nintendo ရဲ့ ကာလတန်ကြေးဟာ ဒေါ်လာ၄၂ ဘီလျံကျော်တန်ပြီး Sony ထက်နှစ်ဆမက တန်ပါတယ်။

Poke’mon GO ကို hack မှုများ
            ဟက်ကာအဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ OurMine ဟာလည်း ကျွန်တော်တို့ ရဲ့ဆာဗာတွေကို ပြုတ်ပြုတ်ကျအောင် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့ ပေမယ့်ကျွန်တော်တို့ Niantic ကို သုံးစွဲသူသန်းပေါင်းများစွာ ထိုးတက်စေယုံက လွဲပြီးဘာမှ ထူးခြားမလာပါဘူး။တစ်ခြား ဟက်ကာအဖွဲ့ ဖြစ်တဲ့ PoodleCorp ကလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက် နေ့ ကPokemon GO ကို ဒေါင်းအောင်လုပ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
           
Pokemon GO – ဂိမ်းကစားသူတွေထဲကတစ်ယောက်ဟာပိုကီမွန်အားလုံးကို ဖမ်းထားတယ်
            တစ်စုံတစ်ယောက်ကတော့ ပိုကီမွန် အကောင်ရေ ၁၅၀ ထဲကနေ ၁၄၂ ကောင်ဖမ်းထားပြီးပါပြီ။
Pokemon GO ပါ ဒဏ္ဍာရီလာငှက်များ

ကစားတဲ့သူတွေဟာ ဒဏ္ဍာရီလာ ငှက်တွေဖြစ်တဲ့ Articuno နဲ့ Moltres ကောင်တွေကို ကိုင်ကြတယ်လို့ ရီပို့ တွေမှာ တွေ့ ရပါတယ်။ ဒါက hack လုပ်ဖို့ လှည့်ဖျားတာ ဟုတ်မဟုတ်တော့ မသိရသေးပါဘူး။Reddit နဲ့  ပတ်သတ်တဲ့အချက်တွေကို Screenshot အောက်မှာ ဖတ်ရှုလို့ရပါတယ်။
Pokemon GO ရဲ့ ပထမဆုံး တရားရင်ဆိုင်ချက်
            Pokemon GO ဖန်တီးသူတွေကို ခွင့်ပြုချက်မရှိဘဲနယ်စပ်ဖြတ်ကျော်ဖြန့် ချိမှုအတွက် တရားစွဲခဲ့ပါတယ်။ ဂိမ်းကို သင်စပြီး ကစားဖို့ ဖွင့်လိုက်တာနဲ့  သတိပေးစာတန်းပေါ်လာပေမယ့် တစ်ချို့ Pokemon GO သုံးသူတွေ ဟာ ပိုကီမွန်ဖမ်းဖို့ နယ်စပ်ဖြတ်ကျော်တတ်ပုံ ရပါတယ်။ BBC မှ သတင်းပေးပို့ ရာမှာ အမေရိကန်ပြည်ထောင်စု မှ လူတစ်ယောက်ဟာ သူ့ အိမ် အပြင်ဘက်မှာ အနည်းဆုံးလူစိမ်း ငါးယောက် တံခါးခေါက်နေခဲ့တယ်လို့ ဆိုပါ တယ်။ တရားရေးကလည်း Pokemon Stops နှင့် Gyms တွေရှိထားတဲ့ လူတွေရဲ့အခြေအနေကို ရှာဖွေခဲ့ပါတယ်။ အဲဒီမှာ စွပ်စွဲထားတာက ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်မပါဘဲ virtual Pokemon နဲ့  တကယ့် လက်တွေ့ လောကမှာ ကြိုတင်ခန့် မှန်းလို့ မရနိုင်တဲ့ လူစုလူဝေးပြဿနာ ကွင်းဆက်တွေ ဖြစ်လာမယ့်အသွင်ရှိတယ်လို့ ဆိုပါတယ်။
           
            Yelp feature ကလည်း PokeStops တွေကို ရှာရာမှာ ပိုကီမွန်ပရိသတ်တွေ အတွက် အထောက်အကူဖြစ်ပါတယ်
            Yelp ဟာ PokeStops တွေကို နှစ်ဆပွားစေဖို့ ဒေသတွင်းစီးပွားရေးပိုင်းများမှာ သုံးစွဲသူတွေအတွက် အသစ်ထည့်ပေးထားတဲ့ feature တစ်ခုကို မကြာသေးမီကပဲ မိတ်ဆက်ဖြန့် ချိလိုက်ပါတယ်။ ဒီ feature ဟာ Costa တို့ Starbucks တို့ လို ဆိုင်မျိုးမှာ သက်သက်သာသာအနားယူဆော့ရင်း PokeBall ၊ Razz Berrys တို့ လိုအသစ် အသစ် တွေကို ပုံမှန်ပဲဝယ်ပြီး မျှားကောင် ဖြစ်တဲ့ Lureတွေကို လှုပ်လို့ ရတဲ့ အချိန်မှာ နောက်ထပ် ဆုကြေးတွေ ရနိုင်မှာဖြစ်ပြီး မိနစ် ၃၀ ထဲနဲ့  Pokemon ကို Pokestop တွေဆီ ဆွဲလို့ ရစေပါတယ်။ Yelp app ကို အက်ပ်တို့ desktop တို့ ကနေ အလွယ်တကူ ရယူနိုင်ပြီး ဒီ feature ကို ရယူလိုက်တာနဲ့ အနီးအနားမှာရှိသမျှ PokeStops တွေကနေ ယူလို့ ရစေမှာပါ။

            Pokemon GO ရဲ့ ကနဦးဖြန့် ချိခဲ့တဲ့ ရက်စွဲ ။ ။ ဇူလိုင် ၆ ၂၀၁၆
            UK မှာ Pokemon GO ကို ဖြန့် ခဲ့တဲ့ ရက်စွဲ။ ။ Android အတွက် ဇူလိုင် ၁၃ ၂၀၁၆ ၊ iOS အတွက် ဇူလိုင် ၁၄ ၂၀၁၆
            Pokemon GO ကို ၂၀၁၆ ဇူလိုင်လ ၆ ရက်နေ့ မှာ သြစတြေးလျ ၊ နယူးဇီလန်နဲ့ ဂျပန်နိုင်ငံတွေမှာ စတင်မိတ်ဆက်ဖြန့် ချိခဲ့ပြီး ဇူလိုင် ၇ ရက်မှာ US နဲ့  ဇူလိုင် ၁၃ ရက်မှာ ဂျာမနီနိုင်ငံတွေမှာ ဖြန့် ချိသွားခဲ့တာပါ။ ဇူလိုင်လ ၁၄ ရက်နေ့ မှာ ဒီဂိမ်းကို UK မှာ Google Play နဲ့ App Store တို ကနေတစ်ဆင့် ရယူဆော့ကစားနိုင်ခဲ့ ပါတယ်။ အဲဒီကစပြီး ဒီဂိမ်းအက်ပလီကေးရှင်းကို ဟောင်ကောင် ၊ ပြင်သစ် ၊ အီတလီ ၊ စပိန် ၊ ပေါ်တူဂီ ၊ သြစတြေးလျ ၊ ဘယ်လ်ဂျီယံ ၊ ဘူဂေးရီးယား ၊ ခရိုအေးရှား ၊ ဆိုက်ပရပ်စ် ၊ ချက်သမ္မတနို်င်ငံ ၊ ဒိန်းမတ် ၊ အက်စ်စတိုးနီးယား ၊ လတ်ဗီးယား ၊ လစ်သူရေးနီးယား ၊ လူဇင်ဘတ်ခ် ၊ မတ်လ်တာ ၊ နယ်သာလန် ၊ နော်ဝေး ၊ ပိုလန် ၊ ရိုမေးနီးယား ၊ ဆလိုဗက်ကီးယား ၊ ဆလိုဗေးနီးယား ၊ ဆွီဒင် ၊ ဆွစ်ဇာလန် နဲ့ ကနေဒါ နိုင်ငံတွေမှာ ဖြန့် ချိရောက်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနဲ့စင်ကာပူမှာလည်းဆော့လို့ရပါပြီ။
Pokemon GO ရဲ့ UK ပေါက်ဈေး ။ ။ Pokemon GO ဘယ်လောက်ကျသင့်လဲ
            Pokemon GO ကို အခမဲ့ဒေါင်းလုပ်ဆွဲ ရယူပြီး ဆော့လို့ ရပါတယ်။ ဒါပေမယ့် ဂိမ်း ထဲမှာပါတဲ့ အထူးitems တွေကို ရယူဖို့ ကတော့ PokeCoin တွေနဲ့ ပေးပြီး ဝယ်ယူ ရပါတယ်။ PokeCoins ဟာ ဂိမ်းသုံး ငွေကြေးဖလှယ်တဲ့ ပစ္စည်းဖြစ်ပြီး လက်ထဲမှာ ငွေ တကယ်ကိုင်ထားစရာမလိုဘဲ ပေးလို့ ရပါတယ်။ Pokemon GO ရဲ့ အစောပိုင်းအဆင့် တွေမှာဆို ကြေးနည်းနည်းနဲ့ ဝယ်လို့ ရနိုင်ပါတယ်။
PokeCoin ကို အောက်ပါ ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိနိုင်ပါတယ်။
100 PokeCoins              : £ 0.79
550 PokeCoins              : £ 3.99
1,200 PokeCoins           : £ 7.99
2,500 PokeCoins           : £ 14.99
5,200 PokeCoins           : £ 29.99
14,500 PokéCoins          : £79.99
Poke’mon GO Plus ကတော့ ၃၄.၉၉ ဒေါ်လာကျသင့်ပြီး ကြိုတင်မှာယူလို့ ရနိုင်ပါတယ်။ UK မှာတော့ စက်တင်ဘာအထိ မှာယူမှုက ကြန့် ကြာမှာပါ။
Pokemon GO ကို ဘယ်လို Download ရယူမလဲ
            ယခုအခါမှာ Pokemon GO ကို ယူကေအပါအဝင် နိုင်ငံအများအပြားမှာ တရားဝင် ရယူနိုင်ပေမယ့် ဒီဂိမ်း ကို ဆော့လို့ မရနိုင်သေးတဲ့ ဘရာဇီးလိုနိုင်ငံတွေလည်း အများကြီး ကျန်နေပါသေးတယ်။ အဲဒီလို နိုင်ငံတွေမှာ ဒီဂိမ်းဆော့လို့ ရအောင် Niantic အဖွဲ့ အစည်းဟာ အသည်းအသန်ကြိုးစားနေပါတယ်။ လောလောဆယ်တော့ ကြိုးပမ်းဆဲကာလပဲ ရှိပါသေးတယ်။
မှတ်ထားဖို့ က သင့်နိုင်ငံမှာ ဒီဂိမ်း တရားဝင်ဆော့လို့ ရပြီဆိုတာနဲ့  App Store တို့ Google Play တို့ ကနေ ဒီအက်ပ်ကို ရှာပြီး Update ကို နှိပ်ရပါမယ်။ ဒါမှသာ နောက်ပိုင်းထွက် update အသစ်တွေကို အလို အလျောက်ရနေပြီးသား ဖြစ်မှာပါ။
         Pokemon GO ဆိုတာ ဘာလဲ

            Pokemon GO ဆိုတာကတော့ Pokemon Company နဲ့ Niantic တို့ ကနေ ရေးဆွဲထားတဲ့ Android   နဲ့  iPhone အတွက် မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်ပါတယ် ။ Niantic ဟာ Google စွန့် ဦးတီထွင်တဲ့အဖွဲ့ အစည်းက ခွဲထွက်လာတဲ့ ကိုယ်ပိုင်အဖွဲ့ အစည်းတစ်ရပ်ဖြစ်ပြီး အစောပိုင်းက ထွက်ခဲ့တဲ့ အာရုံခံမြင်ကွင်းပြ မိုဘိုင်းလ်ဂိမ်း  ဖြစ်တဲ့ Ingress နဲ့ နာမည်ကျော်လာတဲ့ အဖွဲ့ အစည်းလည်း ဖြစ်ပါတယ်။ Nintendo ဟာလည်း Pokemon GO Plus ကိုရေးဆွဲတဲ့အပိုင်းနဲ့ ထုတ်လုပ်တဲ့အပိုင်းမှာ ပါဝင်လာပါတယ် ။ (အသေးစိတ်ကို အောက်မှာ ကြည့်ပါ။)
Pokemon GO ဟာ ကိုယ့်ရဲ့ အန်းဒရိုက်စမတ်ဖုန်း နဲ့ အိုင်ဖုန်းမှာ ဒေါင်းလုပ်ဆွဲလို့ ရတဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်ပြီး တကယ့် လောကထဲမှာ AR (အာရုံခံမြင်ကွင်းပြစနစ်) နဲ့ ကစားလို့ ရနိုင်တဲ့ ဂိမ်း ဖြစ်ပါတယ်။
Niantic ကိုတည်ထောင်သူ John Hanke ကတော့ “ပထမဆုံးအနေနဲ့  Pokemon ဟာ တကယ့်အပြင် လောကမှာ လှည့်လည်သွားကြည့်ဖို့ လွတ်လပ်မှုရှိပါတယ်။ Pokemonဟာ ကစားသမားတွေကို Pokemon ကောင်လေးတွေရှိတဲ့ ပန်းခြံတွေ ဈေးဝယ်တာတွေ လျှောက်လမ်း နှင့် ကမ္ဘာ့နေရာအနှံ့ က အစွန် အဖျား ကျေးလက်များအထိ လိုက်ဖမ်းခွင့်ပြုထားပါတယ်။ San Francisco ရဲ့ ရေဆိပ်နားတစ်လျှောက်မှာ ပုန်းနေ တဲ့ Squirtle လေးတွေ ၊ Eiffelမျှော်စင်အောက်မှ Pikachu ကောင်လေးတွေနဲ့  Shinjuku ဌာနမှ Bulbasaur ကောင်လေးတွေကို လိုက်ရှာနေတယ်လို့ စိတ်ကူးကြည့်စမ်းပါ။”
Pokemon GO မှာ သူ့ ရည်ရွယ်ချက်ကတော့ Pokemon လေးတွေရဲ့ တည်နေရာကိုရှာဖွေ ဖမ်းယူ တိုက်ခိုက်ပြီး အရောင်းအဝယ်လုပ်ဖို့ ပါပဲ။သင့်အနေနဲ့ လည်း ကိုယ့်အနီးအနားမှာရှိတဲ့ Pokemon GO ကစားသူတွေကို ဆက်သွယ်ကြဖို့ တိုက်တွန်းပါတယ်။
“မတ်တပ်ရပ်လိုက်ပြီး Pokemon အရိုင်းကောင်လေးတွေကို ရှာဖမ်းဖို့ အပြင်ကို ခြေလှမ်းလှမ်း ထွက်လိုက်ပါ။ မိမိနေထိုင်ရာမြို့ တစ်ဝိုက်မှ ရှာဖွေပါ။ တတ်နိုင်ရင် ကမ္ဘာ့အနှံ့ မှာရှိတဲ့ pokemon တွေ ဖမ်းနိုင် သမျှ ဖမ်းပါ။ အဲသလို သွားရင်းနဲ့  ကိုယ့်နဲ့ အနီးတဝိုက်မှာ Pokemon လေးတွေရှိပါက ဖုန်းကို တုန်ခါပြီး အသိပေးပါလိမ့်မယ်။ Pokemon တစ်ကောင်ကို တွေ့ တာနဲ့  သင့် စမတ်ဖုန်း မျက်နှာပြင်ကို ထိပြီး အဲဒီကောင် လေးကို ဖမ်းဖို့  Poke Ball လေးတစ်လုံးကို ပစ်ဖို့ ချိန်ပါ။ အဲသလို ပစ်ပြီး ဖမ်းတဲ့အခါ ဂရုစိုက်ပါ။ အကောင်ထွက်ပြေးသွားနိုင်တာကြောင့်ပါ။ PokeStops တွေဟာ စိတ်ဝင်စားဖွယ်နေရာတွေဖြစ်တဲ့ လူထုအနုပညာတင်ဆက်ပွဲတွေ ၊ သမိုင်းဝင်နေရာတွေ နဲ့ အထိမ်းအမှတ်နေရာတွေမှာဆိုရင် PokeBall တွေနဲ့  တစ်ခြားitems တွေကို ပိုပိုပြီး ရယူနိုင်ပါတယ်။”လို့  Pokemon company ရဲ့ တရားဝင် ဘလော့ဂ်မှာ ရေးထား ပါတယ်။
            Pokemon GO ကို ဘယ်လို ဆော့မလဲ
    • Pokemon GO ကို သင့်ဖုန်းမှာ ပထမဆုံး ထည့်ပြီးဆော့တဲ့အခါ ကိုယ်ကိုင်တဲ့ Avatar အကောင်လေး အတွင် ဝတ်စုံ ရွေးပေးဖို့ လိုပါတယ်။ နောက်ဆုံးထွက် Update မှာ ကိုယ့်အဖွဲ့ ရဲ့ အရောင်နဲ့ လိုက်ဖက် တဲ့ ဝတ်စုံကို ကိုယ်လိုချင်သလို ရွေးလို့ ရပါတယ်။
    • အဲဒီနောက် သင့်ကို Pokemon သုံးကောင်ပေးထားပြီ တစ်ကောင်ကောင်ကို ဖမ်းဖို့ ရွေးရမှာပါ။ Pokemon ပေါ်နှိပ်ပြီး ကိုယ့်အနားမှာရှိတဲ့ pokemon တစ်ကောင်ကောင်ကို သင့်ရဲ့ ကင်မရာအက်ပ် ကနေပြသပေးသွားမှာပါ။ ရှာပြီး ဖမ်းယူဖို့ ကြိုးစားပါ။ ဖမ်းတဲ့အခါ PokeBall သုံးရပါတယ်။ ကိုယ့်ပစ်မှတ် Pokemon မှာ စက်ဝိုင်းပုံနဲ့  ပြထားမှာပါ။ စက်ဝိုင်းကသေးလာလေလေ Pokemon ကို ဖမ်းဖို့ လွယ်ကူ လာလေလေပါပဲ။ စက်ဝိုင်းအစိမ်းက Pokemon ကို ဖမ်းဖို့ လွယ်ပြီး လိမ္မော်စက်ဝိုင်းက အတော်အသင့် ခက်ပြီး အနီက တော်တော်ခက်သွားပြီလို့ ဆိုလိုပါတယ်။ အဓိကမှတ်ထားရမှာက ကိုယ်ကစိတ်ရှည်တဲ့ လူမျိုးဆိုရင် Pokemon ကိုမျှားဖို့  Pikachu ကို ရအောင်လုပ်ပါ။ အဲသလို လုပ်ဖို့  ကိုယ့်ကို ဖမ်းဖို့ ပြ ထားတဲ့ Pokemon ကောင်ကို မေ့ထားလိုက်ပြီး ဆက်လျှောက်သွားကြည့်ပါ။ အဲသလိုမျိုး လေးခါလုပ်ပြီ တာနဲ့  Pikachu ကို နောက်ဆုံးမှာ တွေ့ ရမှာပါ။
    • ကဲအခုက အပြင်ကို ထွက်ပြီး Pokemon အရိုင်းလေးတွေကို ရှာရမယ့်အချိန်ပါ။ သင့်ဝန်းကျင်က မြေပုံ မှာ Pokemon GO ကို ပြထားပါတယ်။ အနီးအနားတစ်ဝိုက်က Pokemon ဟာ မြေပြင်မှာ သစ်ရွက်လေး တွေလို ရှိနေတာပါ။ ညာဘက်အောက်ခြေဘားက အနီးတဝိုက်က Pokemon ရှိတာကို ပြထားပါတယ်။ တကယ်လို့ အဲဒီပေါ်မှ pokemon ဟာ အရောင်မှိုင်းသွားရင် ဒီကောင်ကို ကိုယ် မြင်လို့ မရသေးဘူး။ကိုယ့်ရဲ့ PokeDex ထဲမှာ မရှိသေးပါဘူး။
    • Pokemon အမျိုးမျိုးကို နေရာအမျိုးမျိုးမှာ တွေ့ နိုင်ပါတယ်။ ဥပမာအားဖြင့် ရေကန်နား မြစ်နား မှာဆို Pokemon ကို ရေမှာတွေ့ ရပြီး မြို့ နဲ့ ကျေးလက်တွေမှာဆို သာမန် pokemon အများအပြားကို တွေ့ နိုင် ပါတယ်။ ကျွန်တော်တို့ ရဲ့အတွေ့ အကြုံအရ အတွေ့ အများဆုံး Pokemon တွေကတော့ Pidgeys နဲ့  Rattatas တို့ ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ကောင်စလုံးဟာ ပါဝါအပြည့်နင်ပြီး တစ်ဆင့်ချင်း သွားလိုက်တာနဲ့  အတော်လေး စွမ်းအားကောင်းသွားနိုင်ပါတယ်။ ကိုယ့်ဒေသမှာ Pokemon တစ်ချို့  မတွေ့ ရရင် စိတ်မပူပါနဲ့ ။ သင့်အနေနဲ့ eggs (ဥတွေ) ကနေ အကောင်လေးတွေ ဖမ်းလို့ လည်း ရနိုင် ပါသေးတယ်။
    • မြေပုံ map တွေများပြားလွန်းတဲ့နေရာတွေမှာဆိုရင် တစ်ချို့ Pokemon တွေကို ရှာလို့ ရနိုင်ပါတယ်။ အဲဒီ Pokemon GO maps တွေထဲမှာ Pokemon GO Nests Curated Map ၊ PokeRadar နဲ့ PokeVision တို့ လည်း အပါအဝင်ဖြစ်ပြီး Android အတွက် PokeDetector app က နောက်ခံကနေ run နိုင်ပြီး Pokemon ရဲ့ တည်ရှိမှုကို ပြောနိုင်ပါတယ်။ တစ်ခုရှိတာက ဒီ မြေပုံအများစုကို မကြားသေးမီကပဲ Offline ကနေဆွဲပါတယ်။
    • ကိုယ်ဖမ်းလိုက်တဲ့ Pokemon တိုင်းအတွက် ကိုယ့်အနေနဲ့  100 stardust နဲ့  100 XP ပွိုင့်တွေ ရမှာပါ။ တစ်ခါမှ မတွေ့ ဖူးတဲ့ Pokemon မျိုးမိလာပြီဆိုရင် သင့်ရဲ့Poke’Dex ထဲကို အပို ပွိုင့် 500 ထပ်ရမှာပါ။ ပစ်ချက်ကောင်းရင်အပိုပွိုင့် ရာမှာပါ။ Pokemon ကို အဆင့်မြှင့်ဖို့ ပါဝါတင်တဲ့အခါ လိုအပ်တဲ့ ချိုချဉ် လေးတွေလည်း ရလာမှပါ။ ကိန်းဂဏန်းအတိအကျကိုတော့ ကိုယ်ဖမ်းယူလို့ ရတဲ့ Pokemon ပေါ် မူတည်ပါတယ်။
    • ကိုယ့်လက်ထဲမှာရှိတဲ့ PokeBalls တွေ ပြတ်သွားတာနဲ့  ကိုယ့်အနီးအနားက စိတ်ဝင်စားဖွယ်ရာ နေရာတွေ မြို့ ပြတွေမှာ ရှိတဲ့ PokeStops ကနေ ထပ်ပြီးယူလို့ ရပါတယ်။ အပြန်အလှန်အနေနဲ့  PokeBall တွေဟာ Shop ကနေ ဝယ်လို့ ရတဲ့ items တွေထဲမှာ ပါပြီး တစ်ဆင့်တက်သွားတာနဲ့  ငွေ အကြွေစေ့တွေ ရလာပြီး အက်ပလီကေးရှင်းထဲကနေပဲ ဝယ်လို့ ရနိုင်ပါတယ်။
    • သင်အနေနဲ့  ကိုယ့်မှာ Pokemon ဘယ်လောက်ရှိသလဲဆိုတာကို အချိန်မရွေးပဲ Screen အောက်ခြေက PokeBall ကို ကလစ် Pokemon ကို ရွေးပြီး ကြည့်လို့ ရပါတယ်။ ဂိမ်းရဲ့ရည်ရွယ်ချက်ကတော့ သင့်ရဲ့ level 5 မှာ ရယူနိုင်တဲ့ gym မှာ battle ဆိုင်တဲ့အခါနိုင်ဖို့ လုံလောက်တဲ့ ပါဝါရအောင် Pokemon ကို ပါဝါတင်ဖို့ ဖြစ်ပါတယ်။
    • Pokemon ကို ပါဝါတင်ဖို့ ပထမဆုံးလုပ်ပြီးတာနဲ့  ပိုပြီးမြင့်တဲ့ ပြိုင်ပွဲတစ်ခု ဝင်ပြိုင်လို့ ရပါပြီ။ တကယ်လို့  ပြိုင်ပွဲဝင်ဖို့ ပါဝါနည်းသေးရင် ဝင်လို့ ရမှာမဟုတ်ပါဘူး။ PokeBall icon ကိုရွေးချယ်ခြင်း ၊ Pokemon ကို နှိပ်ခြင်းလုပ်ပြီး ပေးထားတဲ့ ရွေးချယ်စရာတွေထဲက တစ်ခုကို ရွေးပြီးမေးထားတဲ့ Pokemon ကို ရွေး ချယ်ခြင်းအားဖြင့် Pokemon ကို ပါဝါတင်တာ ၊ အဆင့်မြှင့်တာနဲ့ ဝယ်တာပြုတာ လုပ်လို့ ရနိုင်ပါတယ်။ Pokemon ကို ဝယ်တာပြုတာ လုပ်ပြီးပြီဆိုရင် candy တစ်လုံးပဲ ရပြီး နောက်ပိုင်းမှာ ဒါမျိုး မရနိုင်တော့ ပါဘူး။ ( မှတ်ထားတာက Trade option ဟာသီးသန့် menu တစ်ခုကို ရွေ့ ထားလိုက်ပါပြီ ။ ကိုယ်ဝယ် လိုတဲ့ Pokemon ကို ကြည့်ဖို့  နဲ့ screen ရဲ့အောက်ခြေမှာ သုံးကြောင်းပါ icon တစ်ခုကို နှိပ်ပြီးမှ Trade ကိုရွေးပါ။)
    • လယ်ဗယ် ၁၁ ကို ရောက်သည်အထိ လယ်ဗယ်တစ်ဆင့်ချင်းစီ ဆက်ပြီးသွားဖို့ လိုတဲ့ ပွိုင့်ကတော့ ပွိုင့် ၁၀၀၀ အထိ တိုးသွားမှာပါ။ လယ်ဗယ် ၁၀ ပြီးတာနဲ့ နောက်လယ်ဗယ်အသစ်ကို တက်ဖို့ ပွိုင့် ၁၀၀၀၀ လိုတာ ဖြစ်ပြီး ဖြည်းဖြည်းချင်းတိုးသွားပါတယ်။ ဥပမာ ။ လယ်ဗယ် ၁၉ ကနေ ၂၀ ကို တိုးသွားဖို့ ဆိုရင် ကိုယ့်အနေနဲ့  ပွိုင့် ၂၅၀၀၀ ၊ လယ်ဗယ် ၂၁ ကိုရောက်ဖို့  ပွိုင့် ၅၀၀၀၀ နဲ့  လယ်ဗယ် ၂၂ မှာဆိုရင် ပွိုင့် ၇၅၀၀၀ လိုပါတယ်။
    • လယ်ဗယ် ၅ ရောက်တာနဲ့  ကိုယ့်ရဲ့ team ကို ရွေးလို့ ရပါတယ်။ Team Instinct (အဝါ) ၊ Team Mystic (အပြာ) သို့ မဟုတ် Team Valor (အနီ) ဆိုပြီး အဖွဲ့ သုံးခုရှိပါတယ်။ ကိုယ့်ရဲ့ ပထမဆုံး Gym ကွင်းထဲကို ရောက်တာနဲ့  ဒါကို ချက်ချင်းရွေးရမှာပါ။ ဂရုပြုပြီး ရွေးချယ်ပါ။ နောက်ပိုင်းမှာ စိတ်ပြောင်းသွားလို့ မရ ပါဘူး။ Team Leaders တွေကတော့ တစ်ဖွဲ့ ချင်းစီကို အခု ကြေငြာထားပါတယ်။ Team Valor က Candela ။Team Mystic ကတော့ Blanche နဲ့  Team Instinct ကတော့ Spark ဖြစ်ပါတယ်။
  • ဘုတ်ပေါ်မှာ မီးခိုးရောင် ၊ အဝါရောင် ၊ အပြာရောင်နဲ့  အနီရောင် Gym ကွင်းလေးမျိုးတွေ့ ရပါတယ်။ မီးခိုးရောင် ကွင်းကတော့ ဆော့လို့ မရသေးပါဘူး။ အဲဒီကွင်းမှာ တည့်တည့်လျှောက်သွားပြီး Pokemon ထပ်ထည့်နိုင်ပါတယ်။ ဂိမ်းမှာ မီးခိုးရောင်ကွင်းကို ရှာတွေ့ ပြီဆိုရင် တော်တော်ကံကောင်းပြီလို့ ဆိုနိုင်ပါ တယ်။
  • တကယ်လို့ Gym ဟာ ကိုယ့်team ရဲ့ အရောင်နဲ့ ကိုက်ညီနေတယ်ဆိုရင် သင့်ရဲ့ pokemon တွေကို ဒီ ကွင်းထဲမှာပဲ တိုးတက်များပြားလာအောင် လေ့ကျင့်လို့ ရနိုင်ပါတယ်။ (ဒီလိုလေ့ကျင့်တာက ပြိုင်ဘက် အသင်းတွေကို တိုက်ခိုက်ပြိုင်ဆိုင်ဖို့ ထက် ပိုခက်ပါတယ်။) တကယ်လို့ gym ကွင်းကနေ အဆင့်တက် သွားရင် ကိုယ့်ရဲ့ Pokemon တစ်ကောင်ကို ကိုယ့်ရဲ့ gym ကွင်းကို ပြိုင်ဘက်အသင်းတွေ ရန်ကနေ ကာကွယ်ပေးဖို့  ချန်ထားနိုင်ပါပြီ။
  • ကိုယ်ဝင်လာတဲ့ ကွင်းနဲ့ ထရိန်နင်ဆင်းဖို့ လုပ်တာနဲ့  လက်အိတ်ပုံ icon ကို နှိပ်လိုက်ပါ။ Battle စဆိုင် လာပြီး gym ပေါ်မူတည်ပြီး Pokemon များတစ်ကောင်ချင်းကို သုံးသွားလို့ ရပါတယ်။ ဒါနည်းနဲ့  ကိုယ့် ရဲ့ အားအကောင်းဆုံး Pokemon ကို ရွေးတာကောင်းပါတယ်။ သင့်ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ နှိပ်လိုက်ပါ။ (အလျင်စလိုကြီးတော့ မနှိပ်ဖို့ ဂရုပြုပါ။)အထူးလှုပ်ရှားမှုလုပ်ဖို့  ကြာကြာဖိနှိပ်ပါ။ ကိုယ့်ရဲ့ Pokemon ကို သိရင် တစ်ချို့ Pokemon အမျိုးအစားတွေက တစ်ခြားတွေထက် ပိုပြီး တိုက်လို့ ပြုလို့ ကောင်းတာ သိလာမှာပါ။ ဒါဆို ဘယ် battle မှာ ဘယ် pokemon ကို ထည့်သုံးရမလဲ သိလာပြီး ပြိုင်ပွဲမစခင် အသစ် pokemon အသစ်တစ်ခုကို ရွေးလို့ ရပါတယ်။
  • Battle ဆုံးတာနဲ့  ကိုယ်ဘာသာ နိုင်နိုင်ရှုံးရှုံး gymကွင်း အဆင့်မြှင့်တက်မှုက တိုးလာပြီး ပွိုင့်လည်း ထပ် ရလာမှာပါ။ ဒါပေမယ့် သင့်ရဲ့ Pokimon ဟာ HP ဆုံးရှုံးနိုင်ပါတယ်။ Potion ၊ Super Potion ပိုင်းနဲ့ ပြန်ပြီး PokeStop ကနေ ရတဲ့ Revive  ဆေးကုတာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က လယ်ဗယ် တက်သွားပြီဆိုရင် ကိုယ့်ရဲ့ items တွေကို တွေ့ လာပါမယ်။ (PokeBall ကို နှိပ်ပြီး items ရွေးပါ။) Gym ကွင်းကို လယ်ဗယ်မြင့်ဖို့ စီမံမယ်ဆိုရင် ကိုယ်ရွေးလိုတဲ့ Pokemon ကို ထပ်ပေါင်းထည့်ဖို့  အပေါင်းပုံစံ icon ကို နှိပ်ပါ။
  • တကယ်လို့ ကိုယ်ဝင်မယ့် Gym ကွင်းနဲ့ မရင်းနှီးတဲ့နေရာမှာ Battle ဆိုင်ချင်တယ်ဆိုပါက Gym ကွင်းဆီ သွားပြီး ကိုယ့်ရဲ့ Pokemon မှာ ဒီပွဲဝင်ဖို့ ပါဝါရှိမရှိ ကြည့်ပြီး ဘယ်ညာကို Scroll ဆွဲကြည့်ပါ။တကယ်လို့  ကိုယ့်အနေနဲ့ battle ဝင်လို့ ရနိုင်မယ်ထင်ရင် star icon လေးကို နှိပ်ပြီး စတင်ပါ။ ဒါဆို သင်နဲ့ battle ဝင်ဖို့  Pokemon ခြောက်ကောင်ရွေးစရာ ရလာပါတယ်။ ကိုယ်ဝင်ရမယ့် Gym ပေါ်မူတည်ပြီး ထုတ်ရ မယ့် Pokemon ကို စီမံထားရပါမယ်။ နောက်တစ်ခါ ကိုယ့်ရဲ့ Pokemon မှာ ထိခိုက်မှုတွေရှိလာပြီဆိုရင် Battle ဆိုင်နေစဉ်အတွင်း ပြန်ပြီး ပါဝါပြန်ပြည့်လာအောင် လုပ်ဖို့ လိုပါတယ်။ Gym မှာ လယ်ဗယ်တစ်ခု အနိုင်ရတာနဲ့  ဒီကွင်းဟာ မီးခိုးရောင်သားအဖြစ် ပြောင်းသွားမှာပါ ဒီလိုအနေအထားမှာဆို ကိုယ့် ပြိုင်ဘက် အသင်းက ကိုယ့်ကို မတိုက်ခင် ကိုယ့်ရဲ့ Pokemon ကိုအမြန်ထပ်တိုးဖို့ လိုပါတယ်။
  • ပထမဆုံး gym ကွင်းမှာ နိုင်ပြီဆိုတာနဲ့ Shop ဆီချက်ချင်းပဲ သွားပြီး ထိပ်နားမှာရှိတဲ့ Collect now လို့ ပြောထားတဲ့ Shield ဒိုင်း ကို ကလစ်နှိပ်ပါ။သင့်အနေနဲ့ stardust 500 နဲ့ coins (ငွေအကြွေစေ့) 10 ပြားရလာပါမယ်။ သင့်ရဲ့ ၂၁ နာရီချိန်မှတ်စနစ်လည်း စပါလိမ့်မယ်။ အချိန်စေ့တာနဲ့  သင့်မှာ gym ကွင်းဘယ်လောက်များများရထားပြီလဲဆိုတာကို တွေ့ ရမှာပါ။၂၁ နာရီအထိ ထိန်းလို့ ရမရတော့ မပြော နိုင်ပါဘူး။
  • ၂၁ နာရီကြာအောင် gym ကွင်းတစ်ခုကို ကိုင်ထားနိုင်ပြီဆိုရင် stardust နဲ့ ပွိုင့်တွေလည်း အပြန်အလှန် တက်လာပါတယ်။တကယ်လို့ Pokemon တွေ အများကြီးရှိတဲ့ နေရာမျိုး ဥပမာ- မြို့ လယ်ခေါင်လိုမျိုးကို ပုံမှန်မသွားနိုင်ဘူးဆိုရင် နောက်တခုရွေးစရာက ဥတွေကို အကောင် ဖောက်တာက အလွယ်ကူဆုံးပါပဲ။]
  • ဒီဂိမ်းရဲ့ နောက်ဆုံး ရည်ရွယ်ချက်ကတော့ ရှိသမျှ Pokemon တွေအကုန်လုံး ဖမ်းဖို့ ပါပဲ။ သင့်အနေနဲ့  ဘာမှ အဆင့်မြှင့်တင်ခြင်းမျိုးမလုပ်ဘဲနဲ့ Pokemon အကောင် ၂၅၀ ဖမ်းလို့ ရနိုင်ပါ တယ်။ အလားတူပဲ ကိုယ့်ရဲ့ အိတ်ကို အဆင့်မမြှင့်ထားဘဲနဲ့  items တွေ PokeBall တွေလိုမျိုး အခု ၃၅၀ ပဲ ကိုင်ထားလို့ ရပါတယ်။
Pokemon GO မှာ အမေးများသည့် မေးခွန်းများ
            PokeBall ဆိုတာဘာလဲ။
            PokeBall ဆိုတာကတော့ Pokemon အရိုင်းကောင်လေးများကို ဖမ်းဖို့ သုံးတဲ့ ဘောလုံးတစ်လုံး   ဖြစ်ပါတယ်။ ကိုယ့်လယ်ဗယ်တက်လာပြီဆိုရင် PokeStop ကနေ PokeBall တွေထပ်ပြီး ဝယ်စုလို့ ရပါတယ်။PokeStops ဆိုတာဘာလဲ။
            PokeStop ဆိုတာကိုယ်သွားလာရင်းနဲ့ ဆုအဖြစ်ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဥပမာမယ် သင့်အနေနဲ့  PokeBall တွေရလာမယ်။ Potions နဲ့ Pokemon ကျန်းမာရေးကို ပြန်ကောင်းအောင် လုပ်တဲ့ Revive တွေမျိုးကို ရလာပါမယ်။ ဒါမျိုးရဖို့ အတွက် PokeStop နားမှာ ရှိဖို့ လိုပါတယ်။ pokeStop နားနီးလာ ပြီဆိုရင် အပြာရောင်စက်ဝိုင်းလေးပေါ်လာပါမယ်။ အဲဒီကို ရောက်သွားရင် ပန်းနုရောင်ပြောင်း သွား ပြီး အဲဒီကို နောက်တစ်ခါ မသွားခင် မိနစ်အနည်းငယ် စောင့်ဖို့ လိုအပ်ပါတယ်။
PokeDex ဆိုတာ ဘာလဲ။
            PokeDex ဆိုသည်မှာ ကိုယ်ဖမ်းလို့ ရထားတဲ့ Pokemon အားလုံးရဲ့ စာရင်းတစ်ခုဖြစ်ပြီး တွေ့ ပြီး မဖမ်းရသေး တဲ့ အကောင်တွေလည်း ပါတဲ့ ဇယားတစ်ခုပါ။ ဒီဂိမ်းရဲ့ ရည်ရွယ်ချက်က Pokemon အားလုံးကို ဖမ်းယူဖို့ ပါ။
Gym ဆိုသည်မှာ အဘယ်နည်း။
            Gym မှာ အိမ်ကွင်း အဝေးကွင်းကြားကွင်းဆိုပြီး ရှိပါတယ်။ ကိုယ့်ရဲ့ Pokemon ကို ကြား gym ကွင်းမှာ ထည့်ပြီး ဝင်ပြိုင်ရတာပါ။အိမ်ကွင်းတွေမှာ ကိုယ့်ရဲ့ Pokemon ကို gym ရဲ့အဆင့်အတန်းအားလျော် စွာ တက်လာအောင် လေ့ကျင့်ပေးနိုင်ပြီး ဒီကနေ ပွိုင့်တွေစားလို့ ရပါတယ်။ ဒီကွင်းကနေ လယ်ဗယ်တက်ပြီ ဆိုပါက ဒီကွင်းမှာ ကိုယ့်ရဲ Pokemon တစ်ကောင်ကို အစောင့်ထားခဲ့နိုင်ပါတယ်။ ပြိုင်ဘက် ကွင်းမှာဆိုရင် အဲဒီကွင်းကို ဝင်နှက်ဖို့ နောက်ဆုံး သူ့ ကွင်းကို အပိုင်စီးဖို့  ကိုယ့်ရဲ့ Pokemon နဲ့ battle ဝင်ဆိုင်လို့ ရပါတယ်။
            အိမ်ကွင်းမှာ ကိုယ့်ရဲ့ Pokemon ကို ဘာလို့ ထပ်ထည့်လို့ မရတာလဲ။
ကိုယ့်ဘာသာ အရင်ဆုံး လေ့ကျင်ရင်း ထရိန်နင်ဆင်းရင် လယ်ဗယ်တက်အောင်အရင် လုပ်ဖို့ လိုပါတယ်။ ကိုယ့်မှာ Pokemon နောက်တစ်ကောင် မရသေးခင် level 1gym လိုအပ်တဲ့  လယ်ဗယ်က level 2  ဖြစ်ပါတယ်။ တတိယ Pokemon ကို မရသေးခင် level 2 gym မှာ လိုအပ်တဲ့ လယ်ဗယ်က Level 3 ဖြစ်ပါတယ်။ စသည်ဖြင့် ထပ်ထည့်ထည့်သွားရပါတယ်။
            ဘာလို့ ကွင်းမှာ မနိုင်ရတာလဲ။
ကိုယ့်မှာ အားလုံးပြည့်စုံသားနဲ့  ပြိုင်ဘက်ကို ရှုံးရတာကတော့ ဆာဗာပြဿနာ တစ်ခုပါ။ တကယ် လို့  ဆက်သွားလို့ မရရင် ဂိမ်းကို ပြန်ဖွင့်restart ပြီး ပြန်တိုက်ကြည့်ပါ။ သင့်ပြိုင်ဘက်ပေါ်ထောက်ပြီး ခပ်ဖြည်းဖြည်း လေး ထိထိပေးကြည့်ပါ။ ဒါဆို စက်ကြောင်နေတာကို ကာကွယ်ပေးပါလိမ့်မယ်။
            PokeBalls တွေ ပိုရအောင် ဘယ်လို လုပ်မလဲ။
ကိုယ့်လယ်ဗယ်တက်အောင် လုပ်ရင်းနဲ့ PokeShops မှာရှိတဲ့ PokeBall တွေကို ပိုရလာနိုင်ပါတယ်။
            Stardust ကို ပိုရအောင် ဘယ်လို လုပ်မလဲ။
Pokemon တစ်ကောင် ဖမ်းလိုက်တာနဲ့ Stardust ရလာပါတယ်။ Pokemon တစ်ကောင်ချင်းစီ အတွက် stardust ၁၀၀ ရလာပါလိမ့်မယ်။ stardust ကို ရဖို့ အမြန်ဆုံးနည်းကတော့ ကိုယ်ဆော့နိုင်သမျှ gym တွေဆော့ပြီး Pokemon တွေ ထားခဲ့ဖို့ ပါပဲ။ Pokemon တစ်ခုချင်းစီအတွက် gym မှာ တစ်နေ့ တာ စီမံ ခံ့ခွဲလိုက်တာနဲ့  stardust 500 ရပါမယ်။ မှတ်ထားရမှာက အချိန်အကန့် အသတ်ရှိပါတယ်။ နောက်ဆုံးမိနစ် အထိ တွေ့ သမျှ နေရာတိုင်းမှာရှိတဲ့ Pokemon ကို ထည့်ထားတာနဲ့  အများကြီး အကျိုးအမြတ်ရှိပါတယ်။ eggs တွေကို အကောင်ဖောက်ပြီးတော့လည်း stardust ကို ယူလို့ ရပါတယ်။
            Candy ကို ပိုရအောင် ဘယ်လိုလုပ်မလဲ။
Candies ကိုတော့ Pokemon ဖမ်းမိမှ ရတာပါ။ candy ဘယ်လောက်ရမရကိုတော့ ကိုယ်Pokemon ဘယ်နှစ်ကောင် ဖမ်းမိသလဲပေါ် မူတည်ပါတယ်။ Pokemon ကို ဝယ်တဲ့အခါ candy တစ်လုံး ရနိုင်ပါတယ်။ Candy တွေကတော့ Pokemon အမျိုးအစားနဲ့ သတ်မှတ်ထားပါတယ်။ ဒီတော့ ပြောရရင် Pidgeနဲ့ ဆို Rattata candy ကို သုံးလို့ မရပါဘူး။
အကြွေစေ့ coins ပိုရအောင် ဘယ်လိုလုပ်မလဲ
            Coins တွေကိုတော့ တစ်နေ့ လုံး gym မှာ ကိုယ့်ရဲ့ Pokemon ကို ချန်ထားနိုင်ပြီး နောက်ထပ် တစ်ဆင့်တက်သွားနိုင်တာနဲ့  ရနိုင်ပါတယ်။ ဒီကောင်တွေကို ရဖို့အနည်းငယ်ကြာပါတယ်။ ဒီတော့ ကိုယ်က တကယ့် ပိုက်ဆံ သုံးမယ် ဆိုရင် ဆိုင်ကနေ Coins တွေကို ဝယ်လို့ လည်း ရနိုင်ပါတယ်။
နောက်တစ်ဆင့်ဘယ်လိုလယ်ဗယ်တက်အောင်လုပ်မလဲ။ ပွိုင့်ရအောင် ဘယ်လို လုပ်မလဲ။
XP ကတော့ ကိုယ်လုပ်သမျှပေါ်မှာ အခြေခံပြီး ပေးတာပါ။ ဆိုတာ့ Pokemon တစ်ကောင်ကို ထားနိုင်ရင် ပွိုင့် ၅၀၀ ၊ PokeStop တစ်ခုဆီရောက်ရင် ပွိုင့် ၅၀ နဲ့ Pokemon တစ်ကောင်ကို ဖမ်းနိုင်ရင် အနည်းဆုံး ပွိုင့် ၁၀၀ ရပါတယ်။( ကိုယ့်ရဲ့ PokeDex ထဲမှာ မရှိထားတဲ့ Pokemon တစ်ကောင်ကိုမိရင် အပိုဘောနပ်ဆုက ပွိုင့်၅၀၀ ရပါတယ်။)ပွိုင့်တွေ အလုံအလောက်ရှိပြီဆိုတာ နဲ့ နောက်လယ်ဗယ်ကို  ဆက်တက်သွားပြီး ပစ္စည်းတွေ အမျိုးမျိုး ရလာမှာပါ။
            Potion ဆိုတာ ဘာလဲ။ Super Potion တိုRevive ဆိုတာ ဘာတွေလဲ။
            ကိုယ့်ရဲ့ Pokemon ဟာ Battle ထဲဝင်လိုက်တာနဲ့ ထိခိုက်မှုတွေ ရှိလာပါတယ်။ ဒါလိုမျိုးဆို potion ၊ super potion တို့ revive တို့ သုံးပြီး ပြန်ပြီး သက်သာအောင် လုပ်လို့  ရနိုင်ပါတယ်။ Potion ကတော့Pokemon ရဲ့ HP ကို ပွိုင့် ၂၀ ထိ ထိန်းထားနိုင် ၊ super potion ကတော့ ပွိုင့် ၅၀ ထားနိုင်ပါတယ်။ Revive ကတော့ Pokemon ကို ပြန်ပြီး ဆေးကုပေးပါတယ်။
Incence ဆိုတာ ဘာလဲ။
ဆိုင်ကနေ ဝယ်လို့ ဖြစ်စေ လယ်ဗယ်တက်လို့ ဖြစ်စေ Incense ကတော့ မိနစ် ၃၀ အတွင်း ကိုယ့်တည်နေရာနားမှာရှိတဲ့ အနီးအနားက Pokemon ကို ဆွဲယူပါတယ်။ ဒီကနေပဲ ရနိုင်ပါတယ်။
            မျှားကောင် lure module ဆိုတာ ဘာလဲ။
မျှားတဲ့ အလုပ်ကလည်း Incense လိုပဲ အနားက Pokemon ကို ဆွဲယူတာပါ။  ဒါပေမယ့်လည်း PokeStop မှာပဲ သုံးနိုင်ပါတယ်။ ကစားသမားတွေအားလုံးက ဒီကောင် လေးကို သုံးလို့ ရပါတယ်။ ကိုယ်မျှားမယ့် ကောင်ကို ပန်းရောင်နဲ့ စပေါ့ရိုက်   ပြီး ခရမ်းရောင်အဝန်းလေး ထွက်လာအောင်ဆွဲပါ။ တစ်ခု သတိထားရမှာက မျှားကောင် ကို ကစားသမားအားလုံးက မြေပုံ map ကနေ တွေ့ နိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့လုံခြုံရေးအတွက် ချောင်ပိတ်နေတဲ့ နေရာမျိုးမှာ ကိုယ့်ဖုန်း လုံခြုံအောင် ကိုယ် တစ်ယောက်တည်း ရှိနေတုန်း မသုံးသင့်ပါဘူး။
            Lucky egg ဆိုတာ ဘာလဲ။
lucky egg ဆိုတာ မိနစ် ၃၀ မှာ ပွိုင့် ၂ဆဖြစ်စေတဲ့ကောင်လေးပါ။ လယ်ဗယ်တစ်ခုကို အမြန်တက်နိုင်ဖို့  ကိုယ်တတ်နိုင်သလောက် Rattatas နဲ့ Pidgey  တွေကို စုထားပြီး ကိုယ့်ရဲ့ lucky egg ကို နှိုးပြီး အဲဒီ Pokemon တွေကို ထုတ်ပေးပါ။ ကိုယ်ထုတ်လိုက်တဲ့ Pokemon တစ်ကောင်စီအတွက် ပွိုင့် ၁၀၀၀ ရပါမယ်။ lucky egg ကိုတော့ ဆိုင်မှာပဲ ဝယ်လို့ ဖြစ်စေ လယ်ဗယ်တက်အောင် ဆော့ရင်းကနေ ဖြစ်စေ ရယူနိုင်ပါတယ်။
            egg များများ ရအောင် ဘယ်လို လုပ်မလဲ။
Pokemon egg ကို PokeStops မှာဝယ်ယူနိုင်သလို လယ်ဗယ်တက်ရင်လည်း ရနိုင်ပါတယ်။
            egg ပေါက်အောင် ဘယ်လို လုပ်မလဲ။
ဥပေါက်အောင်လုပ်ဖို့  ဥဖောက်စက်တစ်လုံးလိုပါတယ်။ ဒါကို တစ်ခါတလေမှာ  PokeStop တွေမှာ တွေ့ နိုင်သလို လယ်ဗယ်တက်တဲ့အခါလည်း ရနိုင်ပြီး ဆိုင်မှာလည်း ဝယ်ယူရရှိနိုင်ပါပြီ။ တစ်ချို့ သားဖောက်စက်တွေက သုံးခါသုံးပဲ ဖြစ်ပါတယ်။ ဥတစ်လုံး ကို သားဖောက်ဖို့ ဆို Pokemon icon လေးကို ကလစ်နှိပ်ပြီး Pokemon ကို ရွေးချယ်ပြီး Egg ဆိုတဲ့ tab ကို ဘေးရွှေ့ ပေးရပါတယ်။ Egg တစ်လုံးကို ယူလိုက်ပါ။ အကောင်ဖောက်ဖို့ အတွက် egg ရဲ့အောက်ခြေမှာ ပြထားတဲ့ အကွာအဝေးအထိ လျှောက်ဖို့ လို ပါတယ်။ ပိုပြီးဝေးတဲ့ အကွာအဝေး က ပိုပြီး စွမ်းအားကြီးတဲ့ Pokemon ကို ရစေပါတယ်။ ပြီးတာနဲ့ သားဖောက်စက် မှာ ဒီ egg ကို ထပ်ထည့်ပေးပါ။ ပြီးတာနဲ့ ဒီ egg ကို သားဖောက်ဖို့ ရွှေ့ ပေးပါတယ်။ အကွာ အဝေးကို GPS ကနေ တစ်ဆင့် လိုက်ကြည့်လို့ ရပါတယ်။ သိပ်အမြန်ကြီး ရွှေ့ လိုက်ရင် ဒါကိုလိုက်မှတ်လို့ မရနိုင်တာ ဖြစ်လို့  ကားနဲ့ လိုက်ပြီး မရွှေ့ ပါနဲ့ ။
            Great Ball ဆိုတာ ဘာလဲ။
Great Ball ဟာလည်း PokeBall တစ်လုံးလိုပါပဲ။ သူက စံချိန်မီ PokeBall တစ်လုံးထက် ပိုကီမွန်ကို ပိုပြီး ထိထိရောက်ရောက် ဖမ်းယူတဲ့နှုန်းနဲ့ ဖမ်းနိုင်တဲ့ ဘောလုံးမျိုးပါ။ ကိုယ်တကယ်ဖမ်းလို တဲ့ Pokemon တစ်ကောင် ကို ရှိတယ်ဆိုရင် PokeBall အစား Great Ball ကို သုံးပါ။ ဒါကိုသုံးဖို့ အတွက် ဖမ်းဖို့ လုပ်နေတုန်းမှာ bag Icon ကို နှိပ်ပေးရပါတယ်။
            Razz Berries ဆိုတာ ဘာတွေလဲ
Razz Berries ကတော့ နောက်တစ်ခါ ပစ်ဖမ်းတဲ့အခါ လွယ်အောင်လို့  Pokemon ကို အစားကျွေးလို့ ရတဲ့ အရာပါ။ ဒီကောင်လေးတွေကို PokeStop တွေကနေ ဝယ်လို့ ရသလို လယ်ဗယ်တက်သွား ရင်လည်း ယူလို့ ရပါတယ်။
            Pokemon GO မှာ ဘာ feature အသစ်တွေပါလာမလဲ။

Pokemon GO Developer ဖြစ်တဲ့ Niantic ဟာ San Diego Comic Con (SDCC) မှ အဖွဲ့ ကနေ Pokemon GO အတွက် အနာဂါတ်အစီအစဉ်တွေကို မကြာသေးမီကနေ ထုတ်ဖော်ခဲ့ပါတယ်။ ကမ္ဘာ့အနှံ့ လူကြိုက် များလာတဲ့ ဒီအက်ပလီကေးရှင်းနဲ့ အတူ Pokemon GO ကော်မတီဟာ ဒီအဖြစ်အပျက်မှာ ပိုကြီးတဲ့ နေရာမှာ ကျင်းပဖို့ ရွှေ့ ပြောင်းထားပါတယ်။
ဒီကော်မတီအဖွဲ့ ကို “အစစ်အမှန်ကို ပြန်လည်စိတ်ကူးခြင်း: Pokemon Go နဲ့  Ingress တို့ နဲ့ အတူ တကယ့်အစစ်အမှန်လောက ထဲသို့ ဂိမ်းများကို ခေါ်ဆောင်ခြင်း” လို့ ခေါ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ screen အလွန် ဂိမ်းများကို ဆက်လက်တိုးချဲ့ မည့် အတိတ် ၊ ပစ္စုပ္ပန် နှင့် အနာဂါတ်ကိုဖော်ထုတ်ဖို့ နှင့် Ingress နှင့် Pokemon GO ရဲ့ မှန်ဘီလူးမှ တဆင့် တကယ့်အမှန်တရားကို ပြန်လည်စိတ်ကူးကြဖို့ ပါပဲ။ ဒီတော့  အနာဂါတ်မှာ Pokemon GO ကနေ ဘာတွေ မျှော်လင့်ရမလဲ ဘာတွေဆက်ကြေငြာကြဦးမလဲ။
ပထမဆုံးအနေနဲ့  Pokemon GO အဖွဲ့ သုံးဖွဲ့ ရဲ့ ခေါင်းဆောင်တွေကို ဖော်ထုတ်ခဲ့ပါတယ်။ Candela က Team Valor ကို ဦးဆောင်ပြီး Blanche က Team Mystic နဲ့  Spark ကတော့ Team Instinct တို့ ကို အသီးသီး ဦးဆောင်သွားမှာပါ။ ဒါက ဘာလို့ အရေးကြီးရတာလဲ။ Niantic ကပြောထားတာကတော့ ဒီစိတ်ကူးဟာ သုံးစွဲသူ တွေအနေနဲ့  သူတို့ ရဲ့ team leader တွေနဲ့ အပြန်အလှန်ဆက်သွယ်မှု အမြဲရှိစေဖို့ လုပ်ထားတာ  ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ လတုန်းက ယခုဂိမ်းကို စတင်ဖြန့် ချိစဉ်ကတော့ အခုလို အဆင်သင့်ဖြစ်မနေပါဘူး။ အခုတော့ သိသိသာသာ ပြောင်းလဲသွားပါပြီ။ အဖွဲ့ ခေါင်းဆောင်တွေလည်း ကိုယ့် နည်းနဲ့ ကိုယ် မကြာခင်ဖြစ်သွားမှာ ဖြစ်ပြီး ကစားသမားအချင်းချင်းကြားမှာလည်း အကြံပြုချက်တွေ ပေးလို့  ရသွားတော့မှာပါ။

ကျွန်တော်တို့ အားလုံးသိထားသလို မူလ Pokemon ဂိမ်းတွေမှာ အဓိကပါဝင်တဲ့အစိတ်အပိုင်းဟာ ဝယ် တာပြုတာလုပ်တာပါပဲ။ သို့ သော်လည်း ယခုထိတော့ ဒီအက်ပ်ပေါ်မှာ Trade လုပ်တဲ့အနေအထား မတွေ့ ရသေးပါဘူး။ Niantic ကတော့ Trading ကို ပိုကြီးတဲ့ လူမှုရေးပစ္စည်းတစ်ခုအဖြစ် ပြောင်းလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ အနာဂါတ် Pokemon GO မှာ feature တစ်ခု ထည့်ပြီး လုပ်သွားမယ်လို့ အတည်ပြုခဲ့ပါ တယ်။ မျှော်လင့်ရတာကတော့ အများကြီးဆက်လုပ်မှ ရမှာပါ။ ထရိန်နာတွေကိုလည်း ကမ္ဘာ့အနှံ့  ဘယ်ကိုမှ သွားစရာ မလိုဘဲနဲ့ ပိုကီမွန်အကောင်တိုင်းကို ဖမ်းဖို့ လုပ်နိုင်သွားမယ်လို့ ရပါတယ်။
ဒီ developerမှ အကြံပြုတာကတော့ Pokemon ဟာ အနာဂါတ်မှာ ကိုယ်ကြိုက်သလို ပြင်လို့ ရနိုင်မှာပါ။ အဲဒီအဆင့်မှာ ဘာဖြစ်မလဲ ဆိုတာတော့ မသေချာသေးပါဘူး။ McDonalds ဟာ အခုတော့ Niantic အဖွဲ့ နဲ့ သဘောတူညီချက်တစ်ခု လုပ်ထားပါတယ်။ ဂျပန်မှာ စားသောက်ဆိုင် ၃၀၀၀ ကို Gym တွေလို အသွင်ပြောင်းလိုက်ပါတယ်။ ဒါဟာ အနာဂါတ်မှာ သဘောတူညီမှုတွေ အများကြီးလာတော့မယ့်ပုံပါပဲ။ ဂိမ်းထဲမှာ Pokecenter တွေ ပါလာမယ့်အကြောင်းလည်း ပြောထားပါတယ်။ ဒါဟာ ဂိမ်းဆော့ရင်း ပျက်စီးမှုတွေရှိလာတဲ့  Pokemon ကိုယ်စားပြု ဆေးရုံတွေနဲ့  KO’d Pokemon လည်း မရှိမဖြစ်ပါလာမှာဖြစ်ပါတယ်။
Pokemon ကို အဝါ ၊ အနီ နဲ့ အပြာ အပြင် တစ်ခြားအရောင်တွေနဲ့  ဆော့တဲ့သူတွေဟာ အနာဂါတ်မှာ နောက်ထပ် Pokemon တွေကို မူလ Pokemon ၁၅၀ ထက်လွန်ပြီး ထည့်သွင်းမိတ်ဆက်သွားမယ် လို့ Niantic စီစဉ်ထားတာကို သိရရင် ပျော်ရွှင်ကြမှာပါ။ ဒီ developer ဟာ ဂိမ်းထဲမှာ ဖွက်ထားတဲ့ တစ်ခြား feature တွေကိုထည့်ပြီး ကျီစားထားပါတယ်။ အခုထိတော့ ဘယ်သုံးစွဲသူမှ မဖော်ထုတ်သေးတာ စိတ်လှုပ်ရှား စရာပဲ။
တစ်ခု ဖြုတ်ထားတာက အကောင်ကို Ditto သုံးပြီး ဂိမ်းထဲမှာ မပေါ်သေးတဲ့ Pokemon ကို အစာကျွေးတဲ့ စိတ်ကူးဖြစ်ပါတယ်။ အစာကျွေးတဲ့ကိစ္စဟာ အဲဒီ Pokemon ပါဝင်တဲ့ eggs တွေကို ထုတ်ပေးဖို့  အလားတူ Pokemon ကို အထီးအမ တွဲခြင်းအားဖြင့် Pokemon Gold နဲ့ Silver ဆိုပြီး နာမည်ကျော်ပါတယ်။ ဒါဟာ ဂိမ်းထဲမှာ သုံးတဲ့ စိတ်ဝင်စားစရာ ငွေကြေးပုံစံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုတော့ Pokemon GO ကို အစာကျွေးတဲ့ အစီအစဉ်တွေ မရှိပါဘူး။
တရားမဝင် Pokemon GO ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုမှာ ကစားသမားတွေဟာ မကြာခင် ဂိမ်းထဲ မှာ ကစားသမားချင်း battle ဆိုင်လို့ ရနိုင်မယ်လို့ ပြထားတဲ့ ပုံတစ်ခုကို တင်ထားပါတယ်။ လောလောဆယ်တော့ ဒါဟာ feature တစ်ခုမဟုတ်သေးပါဘူး။ မှတ်ထားရမှာက စာလုံးအသေးနဲ့ တင်လိုက်တဲ့ Pokemon ဟာ အတု ဖြစ်ပါတယ်။

နောင်များမှာ PokemonGO နဲ့ ပတ်သတ်လို့  ကြေငြာထားတာမျိုးရှိလာပါက ဒီကဏ္ဍကို အသစ် update တင်ပေးမှာပါ။
            Pokemon Go screenshots များ

Pokemon GO ထဲကို Sign in ပထမဆုံး လုပ်တဲ့အခါ ကိုယ့်သုံးမယ့် avatar ကောင်ကို ယူဖို့ လိုပါတယ်။  နောက်များမှာ ဒီကောင်လေးကို ပြန်ပြောင်းလို့ မရနိုင်ပါဘူး။

Pokemon စပြီးဖမ်းဖို့ Pokemon သုံးကောင်ထဲက တစ်ခုခု ကို ရွေးချယ်ပါ။ ယခုပြထားတဲ့ သင်ခန်းစာမှာ ပြထားတဲ့ကောင်လေးတွေပါပဲ။

PokeStops တွေကတော့ PokeBalls လိုမျိုး items အသစ်တွေကို ဝယ်ယူလို့ ရတဲ့ နေရာတွေပါ။ PokeStop တစ်ခုနီးနီးလေးမှာနေနိုင်ရင် ပို ပြီး အကျိုးရှိပါတယ်။ စက်ဝိုင်းအပြာလေး ကိုယ့်အနားမှာ ပေါ်တာနဲ့  ကိုယ်နဲ့ နီးနေပြီလို့ ဆိုပါတယ်။ PokeStop ကို နှိပ်ပြီး ကိုယ့်ပစ္စည်းတွေကိုရမယ့် ဘီးကို လှည့်လိုက်ပါ။ PokeStop ဟာ မိနစ်အနည်းငယ်အတွင်းမှာ ခရမ်းရောင်ပြောင်းသွားပါလိမ့်မယ်။ ဒါကို ထိဖို့ အပြာရောင် ပြောင်းတာ စောင့် ဖို့ လိုပါတယ်။ ပန်းနုရောင် နဲ့  ခရမ်းရောင် PokeStop ဟာ Pokemon ကို မျှားလို့ ရတဲ့ မျှားကောင်ဖြစ်ပြီး မိနစ် ၃၀ အတွင်း အနီးအနားမှာရှိတဲ့ Pokemon ကို ဆွဲယူသွားမှာပါ။ ဒါ့ကြောင့် ကိုယ်တတ်နိုင်သလောက် ဆွဲထားပါ။

ဘယ်အချိန်မဆို ကိုယ့်အနားမှာရှိတဲ့ Pokemon ကို တွေ့ ဖို့ အောက်ခြေ menu ကို နှိပ်ပြီး ကိုယ်နဲ့ ဘယ် သူတွေ ခြေလှမ်း ဘယ်နှစ်လမ်းစာ နီးကပ်သလဲ ပြပေးပါတယ်။ map ပေါ်က Pokemon ကို စပေါ့ပြတဲ့အခါ ဒီ menu ကို နှိပ်လိုက်ပါ။

Pokemon ကို ဖမ်းဖို့  PokeBall နဲ့ ပစ်ဖို့ လိုပါတယ်။ Pokemon မျက်နှာတဝိုက်မှာ ပေါ်လာတဲ့ စက်ဝိုင်း ထဲကို ပစ်လိုက်ပါ။ ပစ်အားမြင့်လေလေ ဖမ်းဖို့ ခက်လေလေ ပါပဲ။ Pokemon ကို ပိုကောင်းအောင် ဖမ်းနိုင်စွမ်း ရှိဖို့ ကတော့ လယ်ဗယ်တက်လာမှ စွမ်းရည်တက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Great Ball တွေကို သုံးနိုင် ပါတယ်။

Pokemon ကောင်ရေ၂၅၀ အထိ ကိုင်ထားပေမယ့် တကယ်လို့ Pokemon ကို မလိုချင်တော့ဘူးဆိုရင် Candy ရဖို့ အတွက် ဒီကောင်ကို professor ဆီ ပြောင်းရွှေ့ လို့ ရနိုင်ပါတယ်။ ချက်ချင်း ဆုံးဖြတ်ဖို့ တော့ မလို ပါဘူး။

Pokemon ကို ရွှေ့ တဲ့နည်းဟာ Pokemon ကို ထုတ်ပေးဖို့ ဖြစ်ပြီး အခုလို ရွှေ့ ဖို့ လိုအပ်တဲ့Candy အမြောက်အများပေးလိုက်ပါတယ်။ ကျွန်တော်တို့ အနေနဲ့  ပစ်အားကောင်းကောင်းရဖို့ ကနဦးအဆင့်တွေမှာ Pokemon ကို ပါဝါတင်ဖို့ ထောက်ခံ အကြံပြုပါတယ်။

Screen ရဲ့အောက်ခြေက PokeBall ကို အချိန်မရွေး ကလစ်နိုင်ပြီး လက်ရှိ Pokemon ကို တွေ့ ဖို့  Pokemon ကို ရွေးနိုင်ပါတယ်။ ညာဘက်ကို ရွှေ့ လိုက်တဲ့အခါ ဥတွေကို သားဖောက်ပေးတာ ပြပါတယ်။

တစ်ခြား ရွေးစရာတွေထဲမှာ Incense ၊ potion ၊ PokeBall နဲ့ အလားတူ ပစ္စည်းတွေ နဲ့ ကိုယ်ဖမ်းထား တွေ့ ထားတဲ့ Pokemon စာရင်းကို ပြတဲ့ PokeDex တွေကို ဝယ်လို့ ရနိုင်တဲ့ Shop တစ်ခု ပါဝင်ပါတယ်။

Pokemon တွေ အဆင်သင့်ဖြစ်တဲ့အခါ gym ကွင်းထဲမှာ battle ဝင်ဆိုင်လို့ ရနိုင်ပါတယ်။ ကိုယ့်အိမ်ကွင်း ကနေပြီး ပထမဆုံးသြဇာရှိအောင် ထရိန်နင်ဆင်းနိုင်ပါတယ်။ လယ်ဗယ်တက်သွားရင် ကိုယ်ပိုင် တဲ့ Pokemon ကို အဲဒီကွင်းထဲမှာ ချန်ထားခဲ့လို့ ရနိုင်ပါတယ်။ ပြိုင်ဘက်အဝေးကွင်းထဲကိုလည်း သွားရောက် Battle ဆိုင်လိုက်ပြီး ကိုယ်ပိုင် team အတွက် gym ကိုလည်း ဖွဲ့ လို့ ရနိုင်ပါတယ်။ မြေပုံကနေ ကိုယ် battel ဝင်လို့ ရတဲ့ နေရာကိုကြည့်လို့ ရနိုင်ပါတယ်။
            Pokemon GO မှာ Pokemon ဘယ်လောက်ပါသလဲ : PokeDex
အောက်မှာ ပြထားတဲ့စာရင်းကတော့ PokeDex ထဲမှာ အတည်ပြုထားတဲ့ Pokemon တွေပါပဲ။ ဒီမှာပြထားတဲ့ Farfetch’d (083) ၊ Ditto (132) ၊ Articuno (144) ၊ Zapdos (145) ၊ Moltres (150) နဲ့ Mew (151) တွေကို တော့ အတည်မပြုရသေးပါဘူး။
  1. Bulbasaur
    002. Ivysaur
    003. Venusaur
    004. Charmander
    005. Charmeleon
    006. Charizard
    007. Squirtle
    008. Wartortle
    009. Blastoise
    010. Caterpie
    011. Metapod
    012. Butterfree
    013. Weedle
    014. Kakuna
    015. Beedrill
    016. Pidgey
    017. Pidgeotto
    018. Pidgeot
    019. Rattata
    020. Raticate
    021. Spearow
    022. Fearow
    023. Ekans
    024. Arbok
    025. Pikachu
    026. Raichu
    027. Sandshrew
    028. Sandslash
    029. Nidoran F
    030. Nidorina
    031. Nidoqueen
    032. Nidoran M
    033. Nidorino
    034. Nidoking
    035. Clefairy
    036. Clefable
    037. Vulpix
    038. Ninetales
    039. Jigglypuff
    040. Wigglytuff
    041. Zubat
    042. Golbat
    043. Oddish
    044. Gloom
    045. Vileplume
    046. Paras
    047. Parasect
    048. Venonat
    049. Venomoth
    050. Diglett
    051. Dugtrio
    052. Meowth
    053. Persian
    054. Psyduck
    055. Golduck
    056. Mankey
    057. Primeape
    058. Growlithe
    059. Arcanine
    060. Poliwag
    061. Poliwhirl
    062. Poliwrath
    063. Abra
    064. Kadabra
    065. Alakazam
    066. Machop
    067. Machoke
    068. Machamp
    069. Bellsprout
    070. Weepinbell
    071. Victreebel
    072. Tentacool
    073. Tentacruel
    074. Geodude
    075. Graveler
    076. Golem
    077. Ponyta
    078. Rapidash
    079. Slowpoke
    080. Slowbro
    081. Magnemite
    082. Magneton
    083. Farfetch’d
    084. Doduo
    085. Dodrio
    086. Seel
    087. Dewgong
    088. Grimer
    089. Muk
    090. Shellder
    091. Cloyster
    092. Gastly
    093. Haunter
    094. Gengar
    095. Onix
    096. Drowzee
    097. Hypno
    098. Krabby
    099. Kingler
    100. Voltorb
    101. Electrode
    102. Exeggcute
    103. Exeggutor
    104. Cubone
    105. Marowak
    106. Hitmonlee
    107. Hitmonchan
    108. Lickitung
    109. Koffing
    110. Weezing
    111. Rhyhorn
    112. Rhydon
    113. Chansey
    114. Tangela
    115. Kangaskhan
    116. Horsea
    117. Seadra
    118. Goldeen
    119. Seaking
    120. Staryu
    121. Starmie
    122. Mr. Mime
    123. Scyther
    124. Jynx
    125. Electabuzz
    126. Magmar
    127. Pinsir
    128. Tauros
    129. Magikarp
    130. Gyarados
    131. Lapras
    132. Ditto
    133. Eevee
    134. Vaporeon
    135. Jolteon
    136. Flareon
    137. Porygon
    138. Omanyte
    139. Omastar
    140. Kabuto
    141. Kabutops
    142. Aerodactyl
    143. Snorlax
    144. Articuno
    145. Zapdos
    146. Moltres
    147. Dratini
    148. Dragonair
    149. Dragonite
    150. Mewtwo
    151. Mew



            Pokemon GO first impressions
နည်းပညာ Website အတော်များများကတော့ Pokemon GO နဲ့ပတ်သက်ပြီးသူတို့ရဲ့ထင်မြင်ချက်တွေကိုတင်ပြနေပါတယ်။
Slashgear ကတော့ အခုလို ရေးထားပါတယ်။”ဒီဂိမ်းဟာ အံဖွယ်ပါပဲ။တစ်ခြား Visual ဂိမ်းတွေဖြစ်တဲ့ Fallout 4 တို့ DOOM တို့ လို အံ့ဖွယ်ဖြစ်တဲ့ပုံနဲ့ မတူပါဘူး။ အသစ်နည်းနဲ့ လာတာပါ။ ကျွန်တော်ဆော့ဖူးတဲ့ ဘယ်ဂိမ်းနဲ့ မှ မတူပါဘူး။ Pokemon GO ကတော့ တကယ့်ဂိမ်းအပြောင်းအလဲတစ်ခုပါပဲ။”
Digital Spy ကတော့ အခုလို ဖော်ပြထားပါတယ်။ “Pokemon ကို တကယ်လန်းစေတဲ့အချက်က အပြင်လောက ပတ်ဝန်းကျင်မှာ Pokemon ကို ဖမ်းရတဲ့အချက်ပါပဲ ။အထူးသဖြင့် Pokemon ကို နှစ်နှစ်ဆယ် လောက် ဆော့တဲ့လူတောင် ကြွေလောက်အောင် မိုက်ပါတယ်။ မျှော်လင့်ရတာကတော့ ဂိမ်းကို အပြည့်အစုံ launch လုပ်ပြီး ဖြန့် ချိတဲ့အခါ Pokemon တွေ ၊ ထရိန်နာတွေ နဲ့  တစ်ခြား notifiation တွေ ပိုပြီး ပါဝင်လာပါ မယ် ထင်ပါတယ်။ တနည်းအားဖြင့် Pokemon master ဖြစ်ဖို့ အကြာကြီး စောင့်နေရဦးမှာပါ။ ”
ပထမဆုံးတွေ့ ရတဲ့ အနေအထားက အလွန်အားရစရာပါပဲ။ Pokemon ကို လှည့်လည်ရှာဖွေဖို့  သုံးစွဲသူတွေကို အားပေးထားတာပါ။ ဒါပေမယ့်လည်း ကလေးသူငယ်တွေကို အခုလို လျှောက်သွားဖို့ အတွက် က မသင့်ဘူးလို့ ပြောသံဆိုသံတွေ ကြားရပါတယ်။
IGN ရေးထားတာက “’ဒီဂိမ်းကို အဆင့်မြင့်တင်ဖို့ ကျွန်တော်တော့ ပြတ်ပြတ်သားသား ထောက်ခံ ပါတယ်။ ကလေးတွေနဲ့ ပတ်သတ်လို့  ဘာတွေပြင်ဆင်ထားလဲတော့ ကျွန်တော်သိချင်ပါတယ်။ ကျွန်တော့်ကို တလွဲ မထင်ပါနဲ့ ။ အဆိုးမြင်ပြီးပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်က ဒီဂိမ်းထဲကို နာရီပေါင်းများစွာ ဆော့တဲ့ အရွယ်ရောက်ပြီးသားသူပါ။ ဒါပေမယ့်လည်း ကလေးတွေအတွက်တော့ Gym ကွင်းထဲသွားပြီး battle ဆိုင်ဖို့  မြေပုံမှာပြထားတဲ့ လမ်းကြိုလမ်းကြားထဲမှာ Pokemon ကောင်ဖမ်းဖို့  လျှောက်သွားတာက သိပ်ခက်ခဲတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီကိစ္စမှာဆို အရွယ်ရောက်ပြီးသားတွေတောင် ကိုယ့်ဖုန်းလေးထုတ်ပြီး လျှောက်သွားတာ ၊ လမ်းလျှောက်ရင်း နဲ့ ပြဿာနာတွေ တနင့်ကြီတွေ့ နိုင်ပါတယ်။ ”
Pokemon Go ဟာ လူတွေကို ဟိုဟိုဒီဒီ ကိုယ့်အနားတဝိုက်ဆီသွား လေကောင်းလေသန့် ရှုရင်း  လေ့ကျင့်ခန်းလုပ်သလို လုပ်ဖို့ တိုက်တွန်းထားပါတယ်။ သို့ သော်လည်း ဒါက ငယ်ရွယ်သူတွေကို လျှောက်သွား ရင်းပြဿနာတွေ နဲ့  ကိုယ်လမ်းလျှောက်နေစဉ် ဖုန်းအလုယက်ခံတာခိုးခံရတာမျိုးတွေ တိုးပွားလာစေနိုင်တယ်။
သြစတြေးလျမှာရှိတဲ့ PokeStop တစ်ခုလို ဖြစ်နေတဲ့ Darwin police station ကတော့ Pokemon ဖမ်း ဖို့ ဆိုပြီး စခန်းအနီးအနားကို မဝင်ရောက်ဖို့ သတိပေးတားမြစ်ထားပါတယ်။ အနီးအနားတဝိုက်ကိုလည်း အချိန်ပြည့် သတိထားကြည့်နေဖို့ တောင်းဆိုထားပါတယ်။
“Pokemon GO သုံးပြီး Pokemon ထရိန်နာဖြစ်ချင်သူတွေအတွက် Darwin ရဲစခန်းဟာ PokeStop တစ်ခု လို ဖြစ်နေစဉ် ကိုယ့်ရဲ့ PokeBall ကို ရဖို့ ဝင်ရောက်ခြင်းမပြုဖို့ အကြံပြုပါရစေ။”
“လမ်းမကူးခင် ဟိုဘက်ဒီဘက် ကြည့်ရှုဖို့ ၊ ကိုယ့်ဖုန်းနဲ့ အဝေးရောက်နေတုန်း သတိထားသင့်ပါတယ်။ အဲဒီ Sandshrew ကတော့ ဘယ်မှ ထွက်မပြေးပါဘူး။”လို့ ယင်းရဲ့ဖော်ပြချက်မှာ ပြောထားပါတယ်။
            Pokemon GO Plus
Pokemon GO Plus ကတော့ နာရီလိုပတ်ထားလို့ ရတဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ Pokemon GO Plus မပါဘဲ Pokemon GO က အလုပ်လုပ်လို့ ရပါတယ်။ ဒါပေမယ့် ဒီပစ္စည်းဟာ အာရုံခံမြင်ကွင်းပြ ဂိမ်းကို အဆင့်မြှင့်ပေးဖို့  မျှော်လင့်ရပါတယ်။

Pokemon GO Plus ကို Nintendo ကနေ develop လုပ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပြီး ဒီဂိမ်းကို ၃၄.၉၉ ဒေါ်လာဈေးနဲ့ မကြာမီ ဖြန့် ချိသွားမှာပါ။ Amazon.com မှာ ယခုပဲ ကြိုတင်မှာယူလို့ ရနိုင်ပါပြီ။ ဒါပေမယ့်လည်း UK ရဲ့ Amazonမှာ မရနိုင်သေးပါဘူး။ Nintendo store မျာ ရနိုင်ပြီး ပစ္စည်းပြတ်လပ်သွားပြီလို့ ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Amazon ဟာ Pokemon Plus ကို ဒီဇင်ဘာလ ၃၁ ၊ ၂၀၁၆ မှာ ဖြန့် ချိသွားမယ် လို့ ပြောပါတယ်။ ဒီထက်စောပြီး ထုတ်ဖြစ်မယ်လို့ တွေးရပါတယ်။ Amazon အနေနဲ့ တစ်ခါတစ်ရံမှာ ဒါကို အတည်ပြုချက်မရသေးခင် ဖြန့် ချိမယ့် ရက်စွဲကို နောက်မှ ပြောပါလိမ့်မယ်။ Nintendo ဟာ ဇူလိုင်လကုန်မှာ ဖြန့် ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။
Pokemon GO Plus ဟာ ကာလာစုံ အသွေးစုံနဲ့ ဖြန့် ဖြူးခြင်းအားဖြင့် သင့်ဖုန်းကို မကြည့်ဘဲ Pokemon GO ကို ဆော့လို့ ရပါတယ်။ဒါက သူတို့ ရဲ့ ဖုန်းတွေနဲ့ Pokemon GO မှာပဲ ကြည့်မနေဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ့်လည်း တကယ့် အပြင်လောကမှာရှိတဲ့ အရာတွေကို ရှာဖွေဖြတ်သန်းကြဖို့ တော့ အားပေးထားပါတယ်။
Pokemon GO Plus ဟာ သင့်ဖုန်းကို Bluetooth နဲ့ ချိတ်ဆက်ထားပြီး အနီးအနားမှာရှိတဲ့ Pikachu လိုမျိုး ဂိမ်းထဲက အဖြစ်အပျက်တွေ အကြောင်း သင့်ကို သတိပေးပါတယ်။Pokemon GO Plus ရဲ့ ရှေ့ မျက်နှာစာ က ခလုတ်ကတော့ PokeBall တွေ ပစ်ဖို့ နဲ့ Pokemon ဖမ်းယူဖို့ လိုမျိုး ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။
            UPdate:
            Pokemon ထရိန်နာတွေဟာ ဒီဇူလိုင်လကုန် မှာ Pokemon Go Plus ကို လက်ဝယ်ရရှိမယ့် စိတ်ကူးနဲ့  စိတ်လှုပ်ရှားနေပေမယ့် စက်တင်ဘာလအထိ တော့  စောင့်ရမယ့်ပုံရှိပါတယ်။ Nintendo ဟာ သူတို့ ရဲ့ ဖေ့စ်ဘွတ်ခ် ပို့ စ်ကနေ တောင်းပန်ချက်တစ်ခုကို ယခုလို ကြေငြာခဲ့ပါတယ်။
“Pokemon Go Plus ကို ဖြန့် ချိမယ်လို့ နဂိုက မျှော်လင့်ထားတဲ့ ဇူလိုင်ရက်စွဲ အစား စက်တင်ဘာ ထဲမှာ ယခုအခါ ထုတ်သွားဖို့ ရှိပါတယ်။ သင်တို့ စိတ်ရှည်သည်းခံမှုအတွက် ကျေးဇူးတင်ရှိပါတယ်။ ထရိန်နာများ ခင်ဗျား ။”

No comments: