Tuesday, December 16, 2014

iPhone 6 Plus သုံးစွဲသူများ သိထားသင့်သည့် အချက် (၂၀) အပိုင်း(၂)



iPhone 6 Plus သုံးစွဲသူများ သိထားသင့်သည့် အချက် (၂၀)ထဲက ပထမ (၁၀)ချက်ကို အပိုင်း (၁) နဲ့ဖော်ပြပြီးသွားတဲ့အခါမှာ အပိုင်း(၂) နောက်ထပ် (၁၀)ချက်ကို ဒီနေ့ဆက်လက်ဖော်ပြပေးလိုက်ပါတယ်....။

(၁၁) Mac တွင် Instant Hotspot ဖြင့် အသုံးပြုခြင်း

iOS 8 အသုံးပြုထားသည့် iPhone တွင် Instant Hotspot ကို ဖွင့်ထားသည့်အခါ Mac ဖြင့် iPhone ကို ချိတ်ဆက်ရာတွင် မည်သည့်အရာကိုမှ ဖွင့်စရာမလိုဘဲ WiFi option ရှိ iPhone ကို ရွေးချယ်ရုံဖြင့် Instant Hotspot ကို အသုံးပြုနိုင်သည်။

(၁၂) Mac တွင် iPhone 6 Plus text များ ဖတ်ရှုခြင်း

iPhone 6 Plus နှင့် iOS 8.1 တွင် OS X Yosemite အသုံးပြုထားသည့် Mac မှ text message များ ဖတ်ခြင်း၊ အကြောင်းပြန်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးထားသည်။ Mac ပေါ်ရှိ messages Settings တွင် အဆိုပါ feature ကိုဖွင့်ပြီး သုံးနိုင်သည်။

(၁၃) Mac နှင့် iPad ပေါ်မှ ဖုန်းခေါ်ဆိုမှုများကို ဖြေကြားခြင်း

iPhone 6 Plus ကို Mac သို့မဟုတ် iPad နှင့် ချိတ်ဆက်ကာ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်း၊ ဖြေကြားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ဖုန်းဝင်လာသည့်အခါ iPhone 6 Plus နှင့် မပြောလိုသူများ အနေဖြင့် Mac ပေါ်မှတစ်ဆင့် ဖုန်းခေါ်ဆိုမှုကို ဖြေကြားနိုင်သည်။

(၁၄) Handoff ဖြင့် ထုတ်ကုန်များကို အလျင်အမြန် ပြောင်းလဲအသုံးပြုခြင်း

iPhone 6 Plus, Mac နှင့် iPad ကို အသုံးပြုသူများအတွက် Handoff က အကောင်းဆုံး feature တစ်ခု ဖြစ်သည်။ ၎င်းသည် Apple ထုတ်ကုန်များအကြား အလျင်အမြန် ပြောင်းလဲအသုံးပြုနိုင်သလို လိုအပ်သည့် ဖိုင်များကိုလည်း အလျင်အမြန် ဖွင့်နိုင်သည်။

(၁၅) Apple Pay ဖြင့် ငွေပေးချေခြင်း

iPhone 6 Plus တွင် NFC အတွက် အထောက်အပံ့ပါဝင်သောကြောင့် Apple Pay မှတစ်ဆင့် ငွေပေးချေမှု ပြုလုပ်နိုင်သည်။ အဆိုပါ မိုဘိုင်းငွေပေးချေမှုစနစ်သည် လုံခြုံပြီး credit card များကို အသုံးပြုခြင်းထက် ပိုမိုလွယ်ကူသည်။ သို့ရာတွင် Apple Pay ကို Store တိုင်းနှင့် ဘဏ်တိုင်းက လက်ခံခြင်း မရှိသေးပေ။

(၁၆) iPhone 6 Plus မှ ဓာတ်ပုံအားလုံးကို iCloud တွင် အလိုအလျောက် သိမ်းဆည်းခြင်း

iPhone 6 Plus တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို iCloud တွင် သိမ်းဆည်းလိုသည့်အခါ iCloud Photo Library ကို ဖွင့်ရုံဖြင့် ပြုလုပ်နိုင်သည်။

(၁၇) iPhone 6 Plus ပေါ်တွင် Desktop Webiste တစ်ခုကို request လုပ်ခြင်း

iPhone 6 Plus display သည် အရွယ်ကြီးမားသောကြောင့် desktop version ဝက်ဘ်ဆိုက်များကို ကြည့်ရှုနိုင်သည်။ iPhone ပေါ်တွင် ဝက်ဘ်ဆိုက်များကို မိုဘိုင်းဗားရှင်းဖြင့်သာ ဖော်ပြသော်လည်း desktop version ကို ရွေးချယ်ပြီး အလွယ်တကူ ပြောင်းလဲ ကြည့်ရှုနိုင်သည်။

(၁၈) iPhone 6 Plus ကို Bluetooth Keyboard ဖြင့် အသုံးပြုခြင်း

iPhone 6 Plus ကို အရွယ်သေးငယ်သည့် ဒေါ်လာ ၃၀ တန် Bluetooth Keyboard ဖြင့် ချိတ်ဆက်ပြီး အသေးစား laptop အနေဖြင့် အကျိုးရှိရှိ အသုံးပြုနိုင်သည်။

(၁၉) AirDrop ဖြင့် ဖိုင်များ ဝေမျှခြင်း

iPhone 6 Plus တွင် Tap အနည်းငယ်လုပ်ရုံဖြင့် ဖိုင် သို့မဟုတ် link တစ်ခုကို iPhone မှ Mac ထံ ဝေမျှနိုင်သည်။ ကွန်ပျူတာမှ ဖိုင်ကို iPhone 6 Plus ထံ ဝေမျှရာတွင်လည်း အလွယ်တကူ ပြုလုပ်နိုင်သည်။

(၂၀) Time Lapse ဗီဒီယို ရိုက်ကူးခြင်း

iPhone 6 Plus နှင့် iOS 8 တွင် Time Lapse option သစ် ပါဝင်လာသည်။ Camera app ကိုဖွင့်ပြီး Time Lapse ကို ရွေးကာ record ကို tap လုပ်ပြီး ကင်မရာကို မြဲမြံစွာ ကိုင်ထားခြင်းဖြင့် Time Lapase ဗီဒီယို ရိုက်ကူးနိုင်သည်။

Credit: Internet Journal

No comments: