Wednesday, December 11, 2013

ဗြိတိသျှကောင်စီတွင် ရုံး/ကျောင်းချိန်လွတ် SUNDAY အတန်းများဖွင့်ပြီ


ဗြိတိသျှကောင်စီတွင် အရည်အသွေးပြည့်ဝသည့် အတွေ့အကြုံရှိ ဗြိတိသျှကောင်စီဆရာ/ဆရာမများမှ သင်ကြားပေးမည်ဖြစ်သည့် ရုံး/ကျောင်းချိန်လွတ် SUNDAY အတန်းများကို ရန်ကုန်မြို့ရှိ British Council Teaching Centre တွင် ၂၀၁၄ ဇန်နဝါရီလမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

၂၀၁၄ ဇန်နဝါရီလတွင်ဖွင့်မည့် SUNDAY အတန်းများမှာ -

- General English Course
- IELTS Preparation Course
- Effective Presentation Skills Course တို့ဖြစ်သည်။

အတန်းများကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စဖွင့်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို အောက်တွင်ဖော်ပြထားသည်။

** GENERAL ENGLISH COURSE **
(အသက် ၁၈ နှစ်အထက် သင်တန်းသားများအတွက် အထွေထွေ အင်္ဂလိပ်ဘာသာ သင်တန်း - 4 skills) (သင်ကြားချိန် နာရီ ၆၀ - 60 hours)

ဤအတန်းတွင် သင်၏ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုဆက်သွယ်နိုင်စွမ်းရည်ကို မြှင့်တင်ပေးမည့် သင်ခန်းစာများဖြင့် သင်ကြားပေးမည်။ သင်တန်းပြီးဆုံးပါက

အင်္ဂလိပ်ဘာသာ ဖြင့်ပိုမိုအဆင်ပြေစွာ ပြောဆိုနိုင်မည်
အင်္ဂလိပ်ဘာသာ အရေး/အဖတ်/အပြော/နားထောင်မှုပြုရာတွင် မိမိကိုယ်မိမိယုံကြည်စိတ်ချလာမည်
ဗြိတိသျှကောင်စီမှ ပေးသော သင်တန်းပြီးဆုံးကြောင်း လက်မှတ်ရရှိမည်

သင်တန်းကြေး
ကျပ် ၃၁၀,၀၀၀ (ကျပ် ၂၀,၀၀၀ တန်ဖိုးရှိသော ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် တစ်နှစ် အသင်းဝင်ခွင့်ပါ ပါပြီး)

သင်တန်းချိန်
တနင်္ဂနွေနေ့ နံနက် ၉ နာရီ မှ ညနေ ၃:၄၅ နာရီအတွင်း (တရက် ၆ နာရီ x ၁၀ ရက် = စုစုပေါင်း ၆၀ နာရီ)

Placement test ဖြေရန်လိုပါသည်။ Placement test အတွက် အထူးကြိုတင်ပြင်ဆင်ရန်မလိုပါ။ တက်ရောက်လိုသူများသည် ဇန်နဝါရီလ ၆ ရက်မှ ၉ ရက်အတွင်းတွင် placement test လာရောက်ဖြေဆိုရမည် ဖြစ်သည်။တစ်တန်းတွင်သင်တန်းသား အများဆုံး ၁၈ ဦးသာလက်ခံပါသည်။


** IELTS PREPARATION COURSE **
(IELTS Preparation သင်တန်း) (သင်ကြားချိန် နာရီ ၃၀ - 30 hours)

ဤအတန်းတွင် IELTS စာမေးပွဲအား အောင်မြင်ချောမောစွာ ဖြေကြားနိုင်ရန် လိုအပ်သည်များကို သင်ကြားပေးမည်။
IELTS စာမေးပွဲအား အောင်မြင်စွာဖြေဆိုနိုင်ရန် tips and tricks များကို သိရှိမည်။
IELTS စာမေးပွဲအမျိုးအစားများ နှင့် မေးခွန်းပုံစံများ အကြောင်းကိုသိရှိမည်။
စာရေး၊စာဖတ် အရည်အသွေးများကို မြှင့်တင်ပေးမည်။

သင်တန်းကြေး
ကျပ် ၁၈၀,၀၀၀ (ကျပ် ၂၀,၀၀၀ တန်ဖိုးရှိသော ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် တစ်နှစ် အသင်းဝင်ခွင့်ပါ ပါပြီး)

သင်တန်းချိန်
တနင်္ဂနွေနေ့ နံနက် ၉ နာရီ မှ ညနေ ၃:၄၅ နာရီအတွင်း (တရက် ၆ နာရီ x ၅ ရက် = စုစုပေါင်း ၃၀ နာရီ)

Placement test ဖြေရန်လိုပါသည်။ Intermediate level နှင့်အထက်ရသူများသာ IELTS Preparation Course ကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။ Placement test အတွက် အထူးကြိုတင်ပြင်ဆင်ရန်မလိုပါ။ တက်ရောက်လိုသူများသည် ဇန်နဝါရီလ ၆ ရက်မှ ၉ ရက်အတွင်းတွင် placement test လာရောက်ဖြေဆိုရမည် ဖြစ်သည်။ တစ်တန်းတွင်သင်တန်းသား အများဆုံး ၁၈ ဦးသာလက်ခံပါသည်။


** EFFECTIVE PRESENTATION SKILLS COURSE **
(Presentation ထိရောက်စွာပြုလုပ်နည်းစနစ်များ သင်တန်း) (သင်ကြားချိန် ၁၈ နာရီ - 18 hours)
Presentation တစ်ခုတွင် ပါဝင်ရမည့် အဆင့်များကို ပိုမိုနားလည်လာမည်။
Presentation တက်ရောက်သည့် ပရိသတ်အပေါ်မူတည်၍ လိုအပ်သလို ကြိုတင်ပြင်ဆင်နိုင်မည်။
ရုပ်ပုံ၊ ဓာတ်ပုံစသည်တို့မည်သို့ထိထိရောက်ရောက် အသုံးပြုရမည်၊ အသံနှင့် ကိုယ်အမူအရာကိုမည်သို့ ထိထိရောက်ရောက်သုံးရမည် ကိုပိုမိုသိရှိလာမည်။
ဗြိတိသျှကောင်စီမှ ပေးသော သင်တန်းပြီးဆုံးကြောင်း လက်မှတ်ရရှိမည်။

သင်တန်းကြေး
ကျပ် ၁၂၀,၀၀၀ (ကျပ် ၂၀,၀၀၀ တန်ဖိုးရှိသော ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် တစ်နှစ် အသင်းဝင်ခွင့်ပါ ပါပြီး )

သင်တန်းချိန်
တနင်္ဂနွေနေ့ နံနက် ၉ နာရီ မှ ညနေ ၃:၄၅ နာရီအတွင်း တွင်ဖြစ်မည် (တရက် ၆ နာရီ x ၃ ရက် = စုစုပေါင်း ၁၈ နာရီ)

Interview ဖြေရန်လိုပါသည်။ Interview အတွက် အထူးကြိုတင်ပြင်ဆင်ရန်မလိုပါ။ Interview အချိန်ကို ဗြိတိသျှကောင်စီသို့ဆက်သွယ်မေးမြန်းပေးပါ။ တစ်တန်းတွင်သင်တန်းသား အများဆုံး ၁၆ ဦးသာလက်ခံပါသည်။


NOTE -

အထွေထွေ အင်္ဂလိပ်ဘာသာ သင်တန်း နှင့် IELTS Preparation သင်တန်း တက်ရန် Placement test ဝင်ခွင့်စာမေးပွဲကြေး မှာ တစ်သောင်းကျပ်ဖြစ်ပြီး မှတ်ပုံတင်ကဒ်ပြား (သို့မဟုတ်) သန်းခေါင်စာရင်း/မွေးစာရင်း မူရင်းများယူဆောင်၍ ဇန်နဝါရီလ ၆ ရက်မှ ၉ ရက်အတွင်း နံနက် (၈:၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း ၇၈၊ ကမ်းနားလမ်း ဗြိတိသျှကောင်စီတွင် လာရောက်ဖြေဆိုနိုင်ပါသည်။ ဝင်ခွင့်ဖြေဆိုရန်စာရင်းပေးသွင်းခြင်းကို ဦးရာလူစနစ်ဖြင့်လက်ခံပေးပါသည်။

Presentation ထိရောက်စွာပြုလုပ်နည်းစနစ်များ သင်တန်းတက်ရန် interview အတွက် အခကြေးငွေပေးရန်မလိုပါ။

FOR MORE INFORMATION -

အသေးစိတ်သိရှိလိုပါက British Council Customer Service & Sales Department ဖုန်းနံပါတ် ၂၅၆၂၉ဝ ၊ ၂၅၆၂၉၁ (လိုင်းခွဲ - ၃၁၀၆, ၃၃၁၇) သို့ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:၀၀) အတွင်း ဆက်သွယ်မေးမြန်းနိုင်ပြီး enquiries@mm.britishcouncil.org သို့ အီးမေးလ်ပို့၍ဖြစ်စေ www.facebook.com/BritishCouncilMyanmar မှ message ပေးပို့၍ဖြစ်စေလည်းအချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါသည်။

OUR ADDRESS -

British Council
78 Kanna Road, Kyauktada Tsp
(Next to General Post Office)
Yangon

No comments: