Sunday, December 22, 2013

တိုင်ရာမင်းနှင့် ခေါင်းကိုက်ခြင်း


အမျိုးသားနှင့် အမျိုးသမီး မတူညီသော အတွေးအခေါ်များ
(၁) အမျိုးသား တစ်ယောက်ဟာ ၂ ဒေါ်လာရှိရင် သူ့ချစ်သူ အတွက် ၁ ဒေါ်လာပေးတယ်။ အမျိုးသမီး တစ်ယောက်မှာ ၁ ဒေါ်လာရှိရင် သူ့ချစ်သူ အတွက် ၂ ဒေါ်လာ ရအောင် ဖန်တီးပေးတယ်။
(၂) အမျိုးသမီး တွေက အိမ်ထောင်မကျ သေးခင်မှာပဲ အနာဂတ် အတွက် စိုးရိမ်ကြတယ်။ အမျိုးသားတွေက အိမ်ထောင်ကျပြီးမှ စိုးရိမ်ပှုပန်ကြတယ်။
(၃) အောင်မြင်သော အမျိုးသားတွေဟာ သူ့ဇနီးအသုံး စရိတ်ထက် သာလွန်သော ငွေတွေကို ရှဖွေနိုင်တယ်။ အောင်မြင်သော အမျိုးသမီးတွေဟာ ယောက်ျား အလွယ်တကူ ရှာဖွေနိုင်တယ်။
(၄) အမျိုးသား တစ်ယောက်မှာ နားမလည်နိုင်တဲ့ အချိန် နှစ်ချိန်ရှိတယ်။ အဲဒါက အမျိုးသမီး တစ်ယောက်ကို လက်မထပ်ခင် အချိန်နှင့် လက်ထပ်ပြီးနောက် အချိန်တို့ ဖြစ်တယ်။
(၅) အမျိုးသမီးတွေဟာ စကားပြောပြီးနောက် ငြင်းတယ်။ အမျိုးသားတွေက စကားမပြောခင် ငြင်းတယ်။  
ကျော်လင်းနိုင်

ကသိကအောက်ဆန်သော မေးခွန်းနှင့် ဘုကလန့်အဖြေ

၁။ ရုပ်ရှင်ရုံတွင် -
အတန်းစီနေချိန် "သယ်ရင်း. မင်းဘာလုပ်နေလဲ" ဟု အမေးခံရသော အခါ အကောင်းဆုံး အဖြေ - "အေး လက်မှတ် တစ်စောင်နဲ့ သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ"
၂။ ဘတ်စ်ကားပေါ်တွင် -
အမျိုးသမီး တစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး "ဆောရီးနော်. နာသွားလာဟင်" ဟု မေးသော အခါ အကောင်းဆုံး အဖြေ - " ဟင့်အင်း. ခြေထောက်က သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထက်နင်း ပါအုံး"
၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -
သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး "ဆောရီး..။ အိပ်ပျော်နေတာလား" ဟု မေးသောအခါ အကောင်းဆုံး အဖြေ "ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း သိချင်လို့ မအိပ်ပဲ Research လုပ်နေတာ"
၎။ ဆံပင် အတိုညပ် ထားသော အခါ -
သူငယ်ချင်းက " သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား" ဟု လာမေးလျှင် အကောင်းဆုံး အဖြေ " ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ"
၅။ အိမ်ကြိုးဖုန်းတွင် -
သူငယ်ချင်းက "သယ်ရင်း မင်းဘယ်တွေရောက်နေလဲ" ဟု မေးသော အခါ အကောင်းဆုံး အဖြေက "အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ် လျှောက်သွားနေတယ်"
၆။ ကားရေဆေးနေသော အခါ -
အိမ်နီးချင်းမိတ်ဆွေက "မိတ်ဆွေ ကားရေဆေးနေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ - "ဟင့်အင်း ကားကို ရေလောင်းပေးတော့ ဘော်ဒီများ ပိုကြီးလာမလားလို့ပါ
၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -
သူငယ်ချင်းက ရောက်လာပြီး "မင်း တီဗီကြည့်နေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ "ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့ စောင့်ကြည့်နေတာ" အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ ...  
အောင်ခမ်း ( ရိုးရာလေး )

တိုင်ရာမင်းနှင့် ခေါင်းကိုက်ခြင်း

ခေါင်းကိုက်ရောဂါ ဝေဒနာရှင် များ၊ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ရှင်များ အတွက်  အချို့သော အစား အစာတွေဟာ ဝေဒနာကို ဖြစ်ပေါ် အောင် လှုံ့ဆော်ပေးတဲ့ အရာအဖြစ် ဆောင်ရွက် ပါတယ်။ စပျစ်သီးမှာ ကယ်လိုရီ အနည်း ငယ်သာ ပါဝင်ပြီး ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာ တစ်ခုဖြစ် ပါတယ်။
ဒါ့အပြင် စပျစ် သီးမှာ တိုင်ရာမင်းလို့ခေါ်တဲ့ ပစ္စည်း တစ်ခုပါဝင်နေ ပါတယ်။ ထို တိုင်ရာ မင်းဟာ အစားအစာတွေ ထဲမှာပါတဲ့ ပရိုတင်း ပြိုကွဲတဲ့ အခါ ဖြစ်ပေါ်လာ တဲ့ အမိုင်နိုအက်စစ် တစ်ခု ဖြစ်ပါ တယ်။ တိုင်ရာမင်းဟာ သွေးတွင်း ဖိအားကို မြင့်တက်စေပြီး အချို့ သောသူများတွင် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေ ပါတယ်။
စပျစ်သီးစားလို့ ခေါင်းကိုက်လာတဲ့ အတွေ့အကြုံရှိ ရင် အောက်ပါအစားအစာများကို လည်း ရှောင်ကြဉ်ရပါလိမ့်မယ်။ အသားကင်၊ ချိစ်၊ (စီးထရက်သီး) ချဉ်ပြီး အရည် ရွှမ်းသော အသီးများ၊ ပဲ ငံပြာရည်၊ အနီရောင်ဝိုင်၊ ဘီယာတို့ဖြစ်ပါတယ်။ သုတေသနပြုလုပ်ချက်အရ တိုင်ရာမင်းဟာ စိတ်ဓာတ်ကျရောဂါကု ဆေးဝါး MAOLS အပေါ်မှာ မကောင်း သော အကျိုးသက်ရောက်မှု ဖြစ်စေ ပါတယ်။ ဒါကြောင့် ထိုဆေးဝါးများ သောက်သုံးနေရသော လူနာများ ဟာ ရှောင်ကြဉ်ရမည့် အစား အသောက်များနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့် ပါတယ်။
တိုင်ရာ မင်းကြွယ်ဝတဲ့ ဘယ် အစားအစာတွေနဲ့ မတည့်ဘူး ဆိုတာ မိမိဘာသာမိမိ စာရင်းပြုစုပြီးမှတ် သားထားပါ။ ဘယ်အစားအစာတွေ က ခေါင်းကိုက်ဝေဒနာကို ဖြစ်ပေါ် စေသလဲဆိုတာကို သတိထားစောင့် ကြည့်ပြီး ရှောင်ကြဉ်ပါ 
By Health Digest Journal

No comments: