Tuesday, December 17, 2013

သီချင်းများနဲ့ နှစ်သိမ့်ခြင်း



လူဆိုတာ အသက်အရွယ်ဘယ်လောက်ရှိရှိ အချစ်ဆိုတဲ့အရာအပေါ်စူးစမ်းခြင်းလေ့လာခြင်းကိစ္စအတွက် ခံစားမှုထားတုန်း လက်ခံမိနေတုန်းဆိုတာ လက်ခံလာရပါတယ်။ ကြည်နူးနှစ်သိမ့်မှုတွေပေးခြင်း မပေးခြင်း ကတော့ ခံစားသူအပေါ်မူတည်တယ်လို့ပဲဆိုဆို ကျွန်တော့်အတွက်တော့ သီချင်းလေးတွေနဲ့ အားယူဖြေသိမ့် မှုတစ်ခုခုတော့ ရစမြဲပါ။

သီချင်းလေးတွေကို အချိန်ရတဲ့အခါတိုင်း နားထောင်ဖြစ်ပါတယ်။ ရော့ခ်သီချင်းအပြင်းစားတွေကိုတော့ တစ်ခါတလေမှ နားထောင်ဖြစ်ပြီး ပေါ့ပ်သီချင်းချိုချိုလေးတွေတို့ ခပ်မြူးမြူးသီချင်းလေးတွေကတော့ အမြဲတစေ နားထောင်တာပေါ့နော်။ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းဆီက ကူးယူထားလိုက်မိတဲ့ အချစ်သီချင်းလေးတွေဟာ အသည်းကွဲသီချင်းလေးတွေဖြစ်နေတာရယ် သံစဉ်စာသားလေးတွေက မိုက်တာရယ်ကြောင့် ခဏခဏကိုနားထောင်ဖြစ်နေပါတယ် ဒီအတောအတွင်း။ ကြည်နူးတယ် လွမ်းတယ် တမ်းတတယ်….ပြန်မဆုံချင်တော့ဘူး စတဲ့ခံစားချက်များအပြင် တစ်ခါတလေ နားခိုရာ အမေ့ရင်ခွင့်ကိုလည်း တမ်းတမိပြန်ရဲ့။

ကျွန်တော် လူရွယ်ဖြစ်နေပါပြီ ဒါပေမဲ့ ချစ်တတ်တုန်း အချစ်ကိုငံ့လင့်တုန်း….အမှတ်သည်းခြေမဲ့နေတုန်းပါပဲ။

(၁) ချစ်သူခင်သူကြင်နာသူနဲ့အတူဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် ဘယ်ကိုပဲဖြစ်ဖြစ် အတူယှဉ်တွဲသွားရချိန်လေး များဟာ ပြန်တွေးမိတိုင်း ကြည်နူးမိရသောအချိန်များဖြစ်မယ်ထင်ပါရဲ့။ ကြင်နာသူရဲ့လက်ကလေးကို အတူတွဲ ကမ်းခြေလေးမှာ လျှောက်….ဘတ်စ်စီးရင်တောင် လက်တွဲမဖြုတ်ချင်…..ညနက်နက်မှာ ချစ်သူအတွက် တေးတစ်ပုဒ် ရေးဖွဲ့….ဘယ်တော့မှ ချစ်နေခြင်းကို ရပ်တန့်ဖို့မမြင်…..။ “Come away with me ….in the night…..Come away with me …..And I will write you a song….Come away with me on a bus….I’ll never stop loving you”  ကဲ….Norah Jones ရဲ့ Come away with me ကျော်ကြားသော သီချင်းလေး တစ်ပုဒ်ပါ။


(၂) တစ်ခါတလေ ကိုယ်တွေအချင်းချင်း အဆင်ပြေနေပေမယ့်…..မဆုံဆည်းနိုင်မယ့်အချစ်ကို ခံစားနေကြရ သလားလို့ တွေးမိကြမလား…။ အချစ်ခြင်းတူရင် ရင်ဆိုင်လက်တွဲနိုင်ပါတယ်ဆိုပေမယ့် အဲ့စကားကိုလက်တွေ့ အကောင်အထည်ဖော်ဖို့အတွက်ကျတော့ရော….ကိုယ်စီသတ္တိရှိကြပါရဲ့လား။ အမေးများစွာနဲ့ အဖြေသိပ်မရှိတဲ့ အချစ်ကို ခံစားကြရတာဟာ….”It’s the way I’m feeling I just can’t deny……but I’ve gotta let it go….We found love in a hopeless place…….We found love in a hopeless place….” ဒါကတော့ Rihanna ရဲ့ We found Love သီချင်းလေးပါ။


(၃) အချစ်ဆိုတာ တစ်ခါတလေတော့လည်း ဆန်းကျယ်သား…ကိုယ့်ကို အမှန်တကယ်ချစ်တယ်လို့ ထင်မှတ်ထားပေမယ့် သူရွေးချယ်သူက ကိုယ်မဟုတ်ခဲ့ဘူးဆိုတာသိခဲ့ရချိန် အရာရာကျရှုံးသွားသလို ခံစားရပါတယ်။ နေ့တွေ ညတွေ အချိန်တွေတိုင်း ကိုယ့်ကိုစိုးမိုးနေတဲ့သူဟာ ဘာကြောင့်များ သူရွေးချယ်သူဟာ ကိုယ်မဖြစ်ခဲ့ရတာလဲ….. Escaping nights without you….My mind is running wild….Trying hard not to fall…..You told me that you love me….But say I’m just a friend….My heart is broken up into pieces….Cos I know…….I’ll never free my soul….It’s trapped between true love and being alone…..Why oh Why….Tell me why not me…”  Enrique Iglesias ရဲ့ Why Not Me သီချင်းလေးပေါ့။


(၄) ချစ်သူမရှိတော့ဘူးဆိုတဲ့ ခံစားချက်တွေနဲ့ လူတစ်ယောက်အတွက် ညညဆိုတာ အိပ်စက်အနားယူဖို့ထက် ခံစားချက်တွေကို ပိုမိုဖော်ပြဖို့အချိန်ကာလများဖြစ်နေရော့သလား။ အခန်းလေးထဲမှာ တစ်ယောက်တည်း ငိုကြွေးမယ်…..တစ်ယောက်တည်း ထကချင်နေရင်လည်း ကမယ်…..သီချင်းလေး ဆိုညည်းချင်လည်းဆိုမိမယ်…..အချစ်မရှိတဲ့ အချိန်ကာလတွေ ချိုမြိန်မှုမရှိ နာကျင်ရတဲ့ ညနက်တွေ…. အထီးကျန်မှုတွေနဲ့ တစ်ယောက်တည်းရင်ဆိုင်ရချိန်….အိုး….. Dancing slowly in an empty room….Can the lonely take the place of you…..I sing myself a quiet lullaby….Then you go and let the lonely in…. အင်း….Christina Perri ရဲ့ The Lonely သီချင်းလေးပါ။


(၅) “ I am done…..Smoking gun…we’ve lost it all…The love is gone…..You couldn’t keep your hands to yourself…..I feel like our world’s been infected……And somehow you left me neglected…..we found our live’s been changed…..Babe You Lost me…” ကိုယ့်ခံစားချက်တွေ ဘယ်လိုမှ သူ့အပေါ်ပြန်မလည်နိုင်တော့ဘူးဆိုတာ သေချာသွားတော့တဲ့အခါ….ဆောရီးဆိုတဲ့သူ့စကား အတွက် ပြန်မတုန့်ပြန်နိုင်တော့တဲ့အခါ Christina Aguilera – You Lost Me သီချင်းလေးက စာသားတွေနဲ့ တိုက်ဆိုင်သွားမှာ သေချာပါတယ်။


(၆) ကိုယ့်ကိုမချစ်တော့ပါဘူး သူနောက်ထပ်ချစ်ရမယ့်ချစ်သူတွေ့ပါပြီဆိုပြီး လမ်းခွဲစကားဆိုသွားတဲ့ချစ်သူဟာ အချိန်ကာလတစ်ခုအရောက် ကိုယ့်ဆီပြန်လှည့်လာခဲ့ရင် Sorry I’m not sorry for the times I don’t reply, you know the reason why…..Maybe you shouldn’t come back….Maybe you shouldn’t come back to me. Tired of being so sad, Tired of getting so mad baby…..Stop right now, you’ll only let me down…oh…oh” သံစဉ်ငြိမ့်ငြိမ့်လေးနဲ့ Demi Lovato – Shouldn’t Come Back သီချင်းလေးကပြောပြမှာပါ။


သီချင်းများကို ဆက်လက်နားထောင်ဖြစ်နေဦးမှာပါ….သီချင်းများသည်သာ….

No comments: