Saturday, December 14, 2013

မြန်​မာ​နိုင်​ငံ​ရဲ့ ART ဆေး ​တိုက်​ကျွေး ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက် ​ပြင်​ဆင်​ရေး​ဆွဲ


ခုခံအား ကျဆင်းမှု ရောဂါအတွက် အေအာဗွီဆေး အသုံးပြုနည်း
  
ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ ကမ္ဘာပေါ်မှာ ၁၉၈၁ ခုနှစ်က စတင် ပေါ်ပေါက်ခဲ့ရာ ၃၂ နှစ်ရှိပြီဖြစ်တယ်။ ယခုခေတ် ဒီအင်အေစမ်းသပ်နည်းနဲ့ လေ့လာခဲ့ရာမှာ အာဂျင်တီနား နိုင်ငံတွင် ၁၉၅၄ ခုနှစ်တွင် သေဆုံးခဲ့သော လူနာ တစ်ဦးမှာ HIV ဗီဇပါဝင်တာ တွေ့ရလို့သည် ထက်မကစောစွာ ကူးစက်နိုင်ခဲ့တယ် လို့ ယုံကြည်ထားကြတယ်။ ''ကုရာနတ္ထိဆေးမရှိ'' ရောဂါကနေ AIDS ရောဂါကုသဆေး (antiretroviral Drug (Anv)) ပေါ်လာပြီး သေဆုံးမှုကို ၈ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ လျှော့ချနိုင်လာတယ်။ အသက်ဆန့်ထုတ်နိုင်တယ်။ အေအာဗွီဆေး ပုံမှန်မှီဝဲရင် ပုံမှန်လူတစ်ယောက်လို နေနိုင်၊ သွားလာနိုင်၊ အလုပ်လုပ်နိုင်လို့ သက်တမ်းစေ့ နေရမှာဖြစ်တယ်။ အေအာဗွီ ဆေးမသောက်ခင် ဆေးနဲ့ပတ်သက်ပြီး သိသင့်တာတွေ တင်ပြလိုက်ပါတယ်။
အေအာဗွီဆေးကို လိုအပ်မှမှီဝဲရမယ်''ခန္ဓာကိုယ်မှာ ပိုးရှိနေပြီ'' သိရုံနဲ့ ဆေးပေးရန်မလိုပါ။ ခန္ဓာကိုယ်ရဲ့ ခုခံအားကျဆင်းမှသာ အခြားကူးစက်ရောဂါများ ဝင်ရောက်ပြီး သေဆုံးကြ ရတယ်။ အေအာဗွီ ဆေးမှီဝဲဖို့လို၊ မလို လူနာအခြေအနေနဲ့ (Du Count) ခေါ် သွေးတွင်း သွေးဖြူဥ တစ်မျိုးရဲ့ အရေတွက်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရတယ်။ စီဒီဖို့ (၂ဝဝ) ထက်နည်းသူများသာ အေအာဗွီသောက်ဖို့ မလိုဘဲ သုံးလ သို့မဟုတ် ခြောက်လတစ်ခါ မိမိကိုယ်ခံ စွမ်းအားကို သိရှိရန် ပြန်စစ်ဖို့လိုတယ်။

အေအာဗွီဆေးကို မလိုဘဲ စောစီးစွာသုံးရင် ဆေးယဉ်ပါးမှု ဖြစ်လာစေတယ်။ အေအာဗွီရဲ့ ဘေးထွက် ဆိုးကျိုးဖြစ်တဲ့ အသည်းရောင်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်းနဲ့ ရိုးတွင်းခြင်ဆီ အားနည်းခြင်းတို့ ဖြစ်လာနိုင်ရာ ဆရာဝန်ရဲ့ ကြီးကြပ်မှုအောက် မှာ သောက်သင့်တယ်။ အေအာဗွီကို ယဉ်ပါးလာရင် ဘယ်ဆေးမှ မတိုးတဲ့ ခုခံအား ကျဆင်းမှု ရောဂါဖြစ်လာမယ်။ မလိုအပ်ဘဲ ငွေကုန်များမယ်။ ဒါကြောင့်ကူးစက်ပြီး ဆဲလ် အရေအတွက်နည်းမှ ၈ နှစ် သို့မဟုတ် ၁ဝ နှစ်ကြာမှ သောက်ဖို့ လိုတယ်။ ဆေးဝါးသုံးစွဲမှုကျလို့ ဆေးလျှော့ သောက်မိရင် စနစ်တကျ ပြန်လည်မှီဝဲဖို့လိုမယ်။ ဆေးကို နောက်ကျမှမှီဝဲရင် ကိုယ်ခံစွမ်း အား ပြန်တက် ဖို့ ခက်ခဲမယ်။ အခြားကူးစက် ရောဂါတစ်မျိုးနဲ့တွဲလို့ အေအာဗွီဆေးများ သောက်သုံးရင် ပိုမို နောက်ကျတတ်တယ်။ ဆေးဝါးရဲ့ ဆိုးကျိုးပိုခံစား ရတယ်။ သက်တမ်းကို နှစ်ပေါင်းများစွာ ဆွဲဆန့်ဖို့ ခက်ခဲ လာတယ်။ အေအာဗွီဆေးကို တစ်သက်လုံး သောက်သုံးရမှာဖြစ်တယ်။ ရပ်လိုက်ရင် ကိုယ်ခံအား ပြန်ကျ ပြီး ရောဂါစုံလာတတ်တယ်။ အေအာဗွီဆေးကို မိမိ သဘောနဲ့ ဝယ်ယူ မသုံးစွဲသင့်ပါ။  လိုအပ်ပါက သွေးစစ်၊ ဓာတ်မှန်ရိုက်လုပ်ပါ။

မြန်မာနိုင်ငံ၌ အေအာဗွီ ဆေးဝါးများမှာ သောက်ဆေးများသာရှိတယ်။ ထိုးဆေးမရှိသေးပါ။ ထိုးဆေးကို နေ့တိုင်း ထိုးရပြီး အေအာဗွီစားဆေး မတိုးတဲ့ လူနာများ သုံးစွဲကြတယ်။ အေအာဗွီဆေးကို နေ့စဉ်မပျက်မကွက် ပုံမှန်သောက် သုံးဖို့လိုတယ်။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်သုံး ရတယ်။ အစာနဲ့ ဝေးဝေးသောက်ရမယ်။ အရက်၊ မူးယစ်ဆေးနဲ့ ရောမသောက်ရ။ အာနိသင်မရှိဖြစ်တယ်။ အေအာဗွီဆေးကို သတ်မှတ်အကြိမ် အရေအတွက် အတိုင်း သောက်ရမယ်။ ဆိုလိုတာက မနက်၊ ညသောက်ဆိုရင် နှစ်ကြိမ် မီအောင် သောက်ရမယ်။ လျှော့သောက်ခြင်းကနေ ဆေးယဉ်ပါးလာကာ ဆေးမတိုးတဲ့အထိ ဖြစ်တတ်တယ်။
အေအာဗွီဆေးကို ဆေးဖက်ဝင်အပင်များနဲ့ တွဲဖက်မစားသင့်ပါ။ အေအာ ဗွီတစ်ခုတည်း သောက်သင့်တယ်။ အားဆေးလည်း တွဲမသောက်သင့်သလို အစာနဲ့လည်း မနီးရပါ။ အေအာဗွီ သောက်သူများ ဆေးစစ်ခြင်းနှင့် ဆရာဝန်အကြံ ဥာဏ်ရယူခြင်းများ နှစ်စဉ် လုပ်သင့်တယ်။


မြန်​မာ​နိုင်​ငံ​ရဲ့ ART ဆေး ​တိုက်​ကျွေး ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက် ​ပြင်​ဆင်​ရေး​ဆွဲ

မြန်​မာ​နိုင်​ငံ​ရဲ့ အေ​အာရ်​တီ​ဆေး ​တိုက်​ကျွေး​ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက်​ကို ​ပြင်​ဆင်​ရေး​ဆွဲ​နေ​ပြီး ၂၀၁၄ ​ခု​နှစ်​အ​တွင်း​မှာ ​စ​တင်​အ​သုံး​ပြုသွား​မယ်​လို့ ကျန်း​မာ​ရေး​ ၀န်​ကြီး​ဌာ​န​က ​ပြော​ကြား​လိုက်​ပါ​တယ်။
ရန်​ကုန်​တိုင်း​ ဒေ​သ​ကြီး ​အ​မျိုး​သား ​ခု​ခံ​အား​ကျ ​ကာ​လ​သား​ရော​ဂါ ​တိုက်​ဖျက်​ရေး ​စီ​မံ​ချက် ​တာဝန်​ရှိ​သူ ​ဒေါက်​တာ ​မျိုး​သန့်က ​မြန်​မာ​နိုင်​ငံ​ရဲ့ အေ​အာရ်​တီ​ဆေး ​တိုက်​ကျွေး​ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက်​ကို ​ပြင်​ဆင်​ရေး​ဆွဲ​နေ​ပြီး ၂၀၁၄ ​ခု​နှစ်​ အ​တွင်း​မှာ ​စ​တင်​အ​သုံး​ပြုသွား​မယ်​လို့ ပြော​ကြား​လိုက်​ပါ​တယ်။
ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး ​ကျန်း​မာ​ရေး​၀န်​ကြီး​ဌာ​န ​အ​မျိုး​သား ​ခု​ခံ​အား​ကျ ​ကာ​လ​သား​ရော​ဂါ ​တိုက်​ဖျက်​ရေး ​စီ​မံ​ချက် ​တာဝန်​ခံ ​ဒေါက်​တာ​မျိုး​သန့် “​ဆ​ရာ​တို့ ပ​ထ​မ​အ​ဆင့်​အ​နေ​နဲ့ သ​မား​တော်​ကြီး​တွေ​နဲ့ National AID Program ​အ​ဖွဲ့တွေ ​ပူး​ပေါင်း​ဆွေး​နွေး ​ပြီး​တော့ ​ဂိုက်​လိုင်း​အ​သစ်​ကို ​ရေး​ဆွဲ​နေ​တယ်။ ​ဂိုက်​လိုင်း​အ​သစ်​ကို ​မ​ရေး​ဆွဲ​နိုင်​တာ​တောင်​မှ WHO ​ရဲ့ ​ဂိုက်​လိုင်း​ထဲ​မှာ ​တ​ချို့ လို​အပ်​ချက်​တွေ ​ဖြည့်​စွပ်​ပြီး​တော့ ​ဆ​ရာ​တို့ အ​နေ​နဲ့ သုံး​စွဲ​သွား​မှာ ​ဖြစ်​ပါ​တယ်”​လို့ ပြော​ပါ​တယ်။
ပြီး​ခဲ့​တဲ့ ​ဇွန်​လ​အ​တွင်း​က ​ထွက်​ရှိ​ခဲ့​တဲ့ ​က​မ္ဘာ့ ကျန်း​မာ​ရေး​ အ​ဖွဲ့ရဲ့ စံ​နှုန်း​သတ်​မှတ်​ချက်​ အ​သစ်​အ​ရ ​ကိုယ်​ခံ​အား​စ​နစ် ​စီ​ဒီ​ဖိုး (CD4 ၅၀၀ ​ရှိ​သူ​တွေ​ကို ​အေ​အာရ်​တီ​ဆေး​ပေး​ဖို့ သတ်​မှတ်​ထား​ပါ​တယ်။ ​အ​ခု​လက်​ရှိ ​မြန်​မာ​နိုင်​ငံ​မှာ ​စီ​ဒီ​ဖိုး ၃၅၀ ​အောက် ​ရှိ​သူ​တွေ​ကို​သာ ​ဆေး​ပေး​နိုင်​နေ​ပြီး ​အ​ပြည့်​အ၀ ​ပေး​နိုင်​ခြင်း ​မ​ရှိ​သေး​ပါ​ဘူး​။
ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး ​ကျန်း​မာ​ရေး​၀န်​ကြီး​ဌာ​န ​အ​မျိုး​သား​ခု​ခံ​အား​ကျ ​ကာ​လ​သား​ရော​ဂါ ​တိုက်​ဖျက်​ရေး​စီ​မံ​ချက် ​တာဝန်​ခံ ​ဒေါက်​တာ ​မျိုး​သန့်​က “​အ​ခု ART ​ဆေး​လို​အပ်​တဲ့​ သူ​က ၁ ​သိန်း ၂​သောင်း ​ကျော်​လောက်​လို​တယ်။ ​ဒါ​ကြောင့် ​ဂိုက်​လိုင်း​အ​သစ်​နဲ့ဆို ၁​ သိန်း​ခွဲ​ လောက်​လို​မယ်”​ လို့ ပြော​ပါ​တယ်။
လက်​ရှိ ​မြန်​မာ​နိုင်​ငံ​မှာ ​အိတ်​ခ်ျ​အိုင်​ဗီ​ပိုး ​ရှိ​သူ ၂ ​သိန်း ၄ ​သောင်း ​ကျော်​ရှိ​ပြီး ​အေ​အာရ်​တီ​ဆေး ​လို​အပ်​သူ ၁ ​သိန်း ၂ ​သောင်း​ကျော် ​ရှိ​နေ​ပါ​တယ်။ ​အဲ​ဒီ​အ​ထဲ​မှာ ၄၀ ​ရာ​ခိုင်​နှုန်း​ကျော်​သာ ​အေ​အာရ်​တီ ​ဆေး​၀ါး​ရ​ရှိ​နေ​ပါ​တယ်။
DVB - ​မြန်​မာ​နိုင်​ငံ​ရဲ့ ART ဆေး ​တိုက်​ကျွေး ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက် ​ပြင်​ဆင်​ရေး​ဆွဲ

No comments: