Friday, December 20, 2013

ထိုင်းမြန်မာ ဘတ်စ်နှင့်သွားနိုင်တော့မည်....




(ခရီးစဉ်ပြေးဆွဲမည့် နှစ်ထပ်ဘတ်စ်ကားအား တွေ့ရစဉ်)


ကျပ်သုံးသောင်းကျသင့်ကာ အချိန် ၁၂ နာရီကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲမည် ကျပ် ၃၀၀၀၀ ကျသင့်ကာ အချိန် ၁၂ နာရီ ကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ အဲကွန်းနှစ်ထပ် ဘတ်စ်ကားဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ "ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ 

လက်မှတ်ခ အနေနဲ့ကတော့ တစ်ဦးကို ကျပ် ၃၀၀၀၀ ကျသင့်မှာဖြစ်ပြီး နိုင်ငံခြားသားဆိုရင် အမေရိကန်ဒေါ်လာ ၄၀ ကျသင့်မှာ ဖြစ်ပါတယ်။ ခရီးစဉ်ကို လိုက်ပါမယ့် ခရီးသည်တွေ အနေနဲ့ နိုင်ငံကူးလက်မှတ် လိုအပ်မှာ ဖြစ်ပါတယ်။ မြ၀တီကို ရောက်ရင်တော့ Free Visa အတွက် ဘတ် ၅၀ ပေးသွင်းရမှာ ဖြစ်တယ်။ Free Visa နဲ့ဆိုရင် ရက်ပေါင်း ၄၅ ရက်လောက် ထိုင်းမှာနေလို့ရမှာပါ။ နိုင်ငံကူးလက်မှတ် မပါဘူး။ Free Visa မလုပ်တဲ့ ခရီးသည်တွေက မဲဆောက်မှာ ခရီးဆုံးမှာ ဖြစ်ပါတယ်" ဟု Yangon Air Bus-Taxi လိုင်းသစ်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇွန်မောင်မောင်က ပြောကြားသည်။ 

ခရီးစဉ်တွင် အသုံးပြုမည့် အဲကွန်းနှစ်ထပ် ဘတ်စ်ကားများကို ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ခရီးသည်တင် ဘတ်စ်ကားထုတ် ကုမ္ပဏီများမှ တင်သွင်းရောင်းချသည့် ကားများကို ပြန်လည်ဝယ်ယူ ထားခြင်းဖြစ်ပြီး ခရီးသည် ၁၂၀ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ် ပြေးဆွဲရာတွင် (၁) ရန်ကုန်-ဘားအံ-မြ၀တီ-မဲဆောက်-ဘန်ကောက်ခရီးစဉ်၊ (၂) ရန်ကုန်-ထားဝယ်-ထီးခီး-ကန်ချနာပူရီ-ဘန်ကောက်ခရီးစဉ်၊ (၃) ရန်ကုန်-ထားဝယ်-မြိတ်-မောတောင်-ပရာကျွတ် ခရီးစဉ်၊ (၄) ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း-ရနောင်း-ဟိုင်းဂျိုင်း-ပီနန်-ကွာလာလမ်ပူ ခရီးစဉ်၊ (၅) ရန်ကုန်-နေပြည်တော်-မန္တလေး-လားရှိုး-မူဆယ်-ရွှေလီ-ယူနန်-ကူမင်း ခရီးစဉ်၊ (၆) ရန်ကုန်-နေပြည်တော်-မန္တလေး-မုံရွာ-ကလေး-တမူး-မိုးရေး-အင်ဖာလ်ခရီးစဉ်နှင့် (၇) ရန်ကုန်-နေပြည်တော်-မန္တလေး-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်-ချင်းမိုင်-ဘန်ကောက်ခရီးစဉ်ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ ခရီးစဉ်ကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကျန်းမာရေးဆိပ်ကမ်း ကားဝင်းမှ နံနက် ၆ နာရီ စတင်ထွက်ခွာမည်ဖြစ်ပြီး ဘားအံမြို့သို့ နံနက် ၁၀ နာရီ၊ ကော့ကရိတ်မြို့သို့ နံနက် ၁၁ နာရီ၊ မြ၀တီမြို့သို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မွန်းလွဲ ၂ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ဘန်ကောက်မြို့သို့ ည ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်အတွက် စုစုပေါင်းအချိန် ၁၂ နာရီ ကြာမြင့်မည်ဖြစ်ပြီး တစ်ရက်ခြားစီ ပြေးဆွဲမည်ဟု သိရသည်။ 

Credit: Eleven Media’s FB page

ကင်ဆာရောဂါတိုက်ဖျက်နိုင်မယ့်ဆေးကိုတွေ့ 

ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုး စိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။ Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက် ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။

သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။ ၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။

ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။
၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူး ဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။ 

အောင်ခမ်း ( ရိုးရာလေး )


အချစ်က ဥာဏ်ကောင်းစေ 

သိပ္ပံပညာအရ လေ့လာတွေ့ရှိ ထားခြင်းလို့ ဆိုပါတယ်။ Falling in Love လို့ ခေါ်တဲ့ ချစ်စိတ်ဝင် နေခြင်းက ခန္ဓာကိုယ် နဲ့ စိတ် ကို တည်ငြိမ်စေ ပါသတဲ့။ အကြောင်း အရင်းကတော့ ဦးနှောက် အာရုံကြော ဖွံ့ဖြိုးမှုနှုန်ကို ပိုမို မြန်ဆန်စေခြင်းကြောင့် ဖြစ်ပါတယ်။
ပြီးတော့ ချစ်စိတ်ဝင်နေတဲ့ သူတစ်ယောက်မှာ ဦးနှောက်နဲ့ အာရုံကြော မှတ်ဥာဏ် ကို တိုးမြင့်စေသော ဟိုမုန်းများ သာမန်ထက် ထွက်ရှိစေပါတယ်။ ဒါကြောင့် ဦးနှောက်မှာ ဆဲလ်အသစ်များ ဖြစ်ပေါ်ပြီး မှတ်ဥာဏ်ကောင်းမွန် စေခြင်း၊ တည်ကြည်ရင့်ကျက်စေခြင်း၊ အတွေးအခေါ် သစ်များ ထွက်ပေါ်စေခြင်း အစရှိသဖြင့် ကောင်းကျိုးများစွာ ဖြစ် ထွန်း စေ ပါတယ်။
ဒါကြောင့် လေ့လာသူ ဆေးပညာရှင်များက Love makes you smarter ဆိုတဲ့ စကားကို အတည်ပြုလက်ခံ ထားကြကြောင်း သိရပါတယ်။ 

အောင်ခမ်း ( ရိုးရာလေး )

No comments: