Friday, December 14, 2012

ပုစွန်ဆိတ်နဲ့ ကြက်ဥပေါင်း (Steamed shrimps and eggs)



တရုတ်တိုင်းရင်းဆေးသိပ္ပံပညာရှင်တို့က ပုစွန်ဆိတ်ဟာ 'ယန်' ဓာတ်ကိုတိုးပွားစေပြီး ကျောက်ကပ်အားကောင်းစေတယ်လို့ ယူဆထား ပါတယ်။ နို့တိုက်မိခင်များအတွက်ကတော့ နို့ထွက်ကောင်းစေပါတယ်။ ဆီးကျိတ်ရောင်ဝေဒနာဖြစ်ပြီး အားနည်းနေသူများ အားပြန်ပြည့် အောင်စားသုံးနိုင်၊အသက်ရှူမ၀ဘဲ မောပန်းသူများ၊ အားအင်ချိနဲ့ အစားအသောက်ပျက်သူများ အသားဝါပြီး အလွန်ပိန်သူများ စားသုံး ပေးပါတဲ့။ ခွန်အားတိုးလိုခြင်းနဲ့ ပန်းသေပန်းညှိုးကို ကုစားလိုသူများလည်း စားသုံးပေးပါက ခွန်အားတိုးစေနိုင်ပါသည်။ ကယ်လ်စီယမ် ဓာတ်ကြွယ်ဝတဲ့ ဓာတ်စာတစ်မျိုးဖြစ်ကြောင်းလည်းသိရပါတယ်။

ကြက်သွန်ဖြူ ဥရဲ့ ကြက်သွန်မြိတ်ဟာ သွေးတွင်းအဆီကိုကျစေပြီး အသည်းနဲ့ကျောက်ကပ်တို့အတွက် ဓာတ်စာဖြစ်ပါတယ်။ လေကြေစေပြီး ၀မ်းချုပ်ခြင်းနဲ့ အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါများမဖြစ်အောင် တားဆီးကာကွယ်ပေးပါတယ်။


ပါဝင်သော ပစ္စည်းများ
ပုစွန်ဆိတ် - ၅၀၀ ဂရမ်
ကြက်ဥ - ၄လုံး
ကြက်သွန်မြိတ် (ကြက်သွန်ဖြူရဲ့အမြိတ်) - အနည်းငယ်
သကြား - လက်ဖက်ရည်ဇွန်းကြီး တစ်ဇွန်း
ဆား - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်

နည်းစနစ်
-       ပုစွန်ဆိတ်ကို ရေဆေးပြီး အခွံနွှာထားပါ။ ဇောက်နက်သော ပန်းကန် တစ်ခုအတွင်းမှာထည့်ပါ။

-       ကြက်ဥလေးလုံးကို ဖောက်ပြီး မွှတ်နေအောင် ခလောက်ထားပါ။ ရေတစ်ခွက်နဲ့ တစ်ဝက်ရောထည့်ပြီး သမအောင် ရောမွှေ နှောက်ပါ။ ပြီးရင် ပုစွန်ဆိတ်ထည့်ထားသော ပန်းကန်ဇောက်ထဲကိုရောထည့်ပြီး အိုးနှစ်ထပ်ဖြင့် ၈မိနစ်ခန့်ပေါင်းပါ။

-       ဒယ်အိုးထဲမှာ ဆီအနည်းငယ်ကို လောင်းထည့်ပြီး ဆီပူကို ပုစွန်ဆိတ်အပေါ် လောင်းထည့်ပါ။ ကြက်သွန်ဖြူမြိတ်ဖြူးပြီး စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

Credit: တရုတ်ရိုးရာ ဓာတ်စာများ - ဧ၀တီ
Ref: Stay forever young Improve the Sex life

No comments: