Sunday, December 16, 2012

HIV ပိုးကို အသုံးပြု၍ သွေးကင်ဆာရောဂါ အောင်မြင်စွာ ကုသနိုင်ခဲ့


အမေရိကန် ပြည်ထောင်စုမှ ဆရာဝန်များသည် အိတ်ခ်ျအိုင်ဗွီ (HIV) ပိုးကို အသုံးပြု၍ သွေးကင်ဆာ ရောဂါ ခံစားနေရသော ခုနစ်နှစ်အရွယ် မိန်းကလေး တစ်ဦးအား အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သိရသည်။

အမ်မာဝိုက်ဟက်ဒ် အမည်ရှိ အဆိုပါ မိန်းကလေးငယ်သည် သွေးကင်ဆာ ရောဂါကို ဓာတုကုထုံး များဖြင့် နှစ်နှစ်နီးပါး ကြာကုသပြီးနောက် ဖေဖော်ဝါရီလ အတွင်း၌ ဖီလာဒဲလ်ဖီးယား ကလေး ဆေးရုံမှ ဆရာဝန်များက HIV ပိုးကို အသုံးပြု၍ ကုသမှု တစ်ရပ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံမှ ဆရာဝန် တစ်ဦးဖြစ်သူ စတီဖင်ဂရပ်က ပြောကြားခဲ့သည်။

မိမိတို့ အနေဖြင့် သွေးကင်ဆာ ရောဂါ ခံစားနေရသော လူနာများကို အောင်မြင်စွာ ကုသနိုင်သည့် ကုသမှုတစ်ရပ်ကို ရရှိခဲ့ပြီဖြစ်ကြောင်း၊ T-cells များကို အမှန်တကယ် ဖန်တီးနိုင်ပြီဖြစ်သည့် အပြင် ယင်း T-cells များသည် လူနာ၏ ခန္ဓာကိုယ်အတွက် ဆက်လက်ရှင် သန်ကြီးထွားပြီး ကင်ဆာ ဆဲလ်များကို တိုက်ဖျက်နိုင်သည့် ခုခံအားစနစ်ကို ထုတ်လုပ်ပေးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

CTLO19 အမည်ရှိ အဆိုပါကုထုံးကို ပင်ဆယ်ပေးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် အဆိုပါ ကုထုံးကို အစားအစာနှင့် ဆေးဝါး စီမံခန့်ခွဲမှု ဌာနက ထောက်ခံခဲ့ပြီး အခြားဆေးရုံများတွင်လည်း ကုသနိုင် ပြီဖြစ်ကြောင်း ဒေါက်တာဂရပ်ကပြော ကြားခဲ့သည်။

မြဝတီ
Royal Hero Media - HIV ပိုးကို အသုံးပြု၍ သွေးကင်ဆာရောဂါ အောင်မြင်စွာ ကုသနိုင်ခဲ့

ဒုတိယ ဘ၀အတွက် အပျော်ရွှင်ရဆုံးအချိန်

အသက်(၉)နှစ်အရွယ် သားငယ်ကို အိမ်မှာထားခဲ့ရသော် စိတ်မချနိုင်သည့် ခင်သန္တာတစ်ယောက် သူ့သားငယ်ကို “မေမေ စစ်တွေသွားမယ် သားသားအတွက် မုန့်တွေ ဝယ်လာခဲ့မယ်” ဟု မှာနေကျ စကားဖြင့် နှစ်သိမ့်ခဲ့သည်။
နံနက်စောစောစစ်တွေသို့ သွားရန် ပုဏ္ဏားကျွန်းမြို့ ထွက်လာခြင်းဖြစ်သည်။ ခင်သန္တာသည် PLHIV( People Living with HIV)ဖြင့် အသက်ရှင်နေထိုင်နေသူတစ်ဦး ဖြစ်သည်။ အေအာတီ(ART) ဆေးဝါးရရှိရန် အတွက် စစ်တွေမြို့သို့ သွားရောက်ရခြင်းဖြစ်သည်။ စိတ်ထဲ၌ “အေအာတီ ဆေးဝါးရပါ့မလား၊ တကယ်လို့မရင် ငါ့ဘဝတော့ အို…..ဘုရားရယ်!” စသည့် အတွေးများဖြင့် ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ဒိုင်နာကားဖြင့် ထွက်ခဲ့သည်။

ရခိုင်အရေးခင်းကာလ၌ PLHIV ဝေဒနာရှင်များအတွက် ဆေးဝါးထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည်။  အေအာတီ ဆေးဝါးကို   ထောက်ပံ့ပေးနေသည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့၏ ဆေးပေးခန်းလည်း ပိတ်ထားလိုက် ရသည်။ အရေးအခင်း (၆)လကျော်လာသော်လည်း PLHIV ဝေဒနာရှင် ခင်သန္တာမှာမူ မည့်သည့်နေရာ၌ ဆေးရယူရမည်ကို မသိဖြစ်နေသည်။

ဒိုင်နားကားပေါ်တွင် ခရီးသည်များ ဟာသပြောရင်း ရယ်မောနေကြသော်လည်း ခင်သန္တာတစ်ယောက် စိတ်ထဲတွင် စိုးရိမ်ကြောင့်ကြစိတ်များကြောင့် မရယ်နိုင်။ တကယ်လို့များ သူမ အေအာတီဆေးဝါးမရခဲ့လျှင်  သူမဘာလုပ်ရမည်နည်း။ လူမမယ်ခလေးအတွက် ဘယ်လို လုပ်ရမလဲစသည်ဖြင့် အတွေးများ နစ်ဝင်နေသည်။

“ ပုဏ္ဏားကျွန်းမြို့ကခရီးသည်တွေ ဆင်းလို့ရပြီ” ဟု ကားစပယ်ယာအသံကြားလိုက်မှ စစ်တွေရောက်မှန်း သိသည်။ ယခင်က သူမစစ်တွေမြို့သို့ အချိန်တိုင်းရောက်ဖြစ်သည်။ စစ်တွေမြို့တွင် ဆွေမျိုးများလည်း ရှိသည်။ သို့သော် မထင်မှတ်သော ဖြစ်ရပ်ဆိုးများကြောင့် သူမကို ဥပေက္ခာပြုထားကြသည်။

“မိဘဆွေမျိုးဆိုတာ ကောင်းတာတွေ အများကြီးရှိပေမယ့် ကျမတို့လိုဘဝတူတွေနဲ့ မတူတာတွေ အများကြီး ရှိတယ်။ ဘဝတူတွေဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကူညီရိုင်းပင်းကြတယ်။  ငွေကြေးက အစပေါ့။ ကိုယ့်မိသားစုတွေ ဆီသွားတော့ အဆဲအဆိုခံရတာတွေ အများကြီးဘဲ'' ဟု ပြောသည်။

ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် အေအာတီဆေး ပြတ်လပ်ကာ အသက်ဆုံးရှုံးခဲ့သည့် ဝေဒနာရှင် များလည်း ရှိခဲ့သည်။ “အရေးခင်းတုန်းကဆို ဆေးဝါးပြတ်လပ်သွားမှာကို ကျွန်မအရမ်းကြောက် မိတယ်။  ဒေသခံ အဖွဲ့အစည်း တွေဆီက ဆေးဝါးရလိုက်လို့ မဟုတ်ရင်”ဟု အရေးအခင်းကာလဖြတ်သန်းခဲ့ရသော နေ့ရက်တစ်ချို့ကို သူမက ပြန်ပြောပြသည်။ ရခိုင်ပြည်နယ်ရှိ PLHIV များအတွက် AZG နယ်စည်းမခြားဆရာဝန်များအဖွဲ့က ထောက်ပံ့ပေးခဲ့သော်လည်း အရေးအခင်းကာလ၌ ဆေးဝါးထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်းခဲ့ရသည်။

နိုဝင်ဘာလ (၁၈) ရက်နေ့က စစ်တွေမြို့ ဝံလက်ဖောင်ဒေးရှင် ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် Myanmar Positive Group (National PLHIV Network)နှင့် Utopia Association တို့ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ် အတွင်း HIV ပိုးရှိသူများ ဆေးဝါးများမပြတ်လပ်ရေး ၊ ဆေးဝါးကုသမှုခံယူရေး၊ ဆွေးနွေးပွဲအခမ်းအနားတွင်   Myanmar Positive Group (National PLHIV Network) ဥက္ကဌ ဦးမျိုးသန့်အောင်က  ရခိုင်ပြည်နယ်ရှိ PLHIV ဖြင့် နေထိုင်သူများမှာ ဆေးဝါးမျှဝေသုံးစွဲခဲ့ရသည်ကို တွေ့ရသည်ဟု သူမက ဆိုသည်။

“ပဋိပက္ခအတွင်းမှာ (၃၃၀) လောက်မှာ ကျွန်တော်တို့ အတတ်နိုင်ဆုံးလိုက်ပြီးတော့ (၃၀၀) ဝန်းကျင်လောက် လက်လှမ်းမီ လိုက်ပါတယ်၊ အဲဒီအထဲမှာ ဆိုးဆိုဝါးဝါးဖြစ်တာက ARTဆေးဝါးပြတ်လပ်မှုနဲ့ အသက်ဆုံးပါး သွားသူ(၆) ယောက်ရှိပါတယ်။ အမျိုးသမီး(၄)ဦးပါတယ်”ဟုMyanmar PositiveGroupမှ ရခိုင်ဒေသ ဆိုင်ရာကိုယ်စားလှယ် ဦးသန်းထွန်းက ပြောသည်။
ယင်းသို့ဖြစ်ရပ်များရှိသည့်အတွက် ခင်သန္တာအဖို့ စစ်တွေမြို့တွင် ဆေးဝါးရယူနိုင်ရန် လာရောက်ခြင်းဖြစ်သည်။ သူမ၏ လက်ဝယ်တွင် ဆေးသုံးရက်စာသာ ကျန်တော့သည်။  မရှိရင် ဘဝတူသူငယ်ချင်းဆီမှ ဖြစ်သလို ဆုံးသွားမည်ကိုသာ အာရုံရောက်နေသည်။

စီးပွားရေးအကျပ်တည်းကာလတစ်ခုက လွတ်မြောက်ရန် အလို့ငှာ ဘဝကို ရင်းခဲ့သည့် ခင်သန္တာမှာ မမျှော်လင့်ဘဲ HIV ပို့ကူးစက်ခံခဲ့ရသည်။ အသက် ၂၈ အရွယ်ရှိ ခင်သန္တာမှာ HIV ပို့ကူးစက်ခံ ရတုန်းက ဆေး ရုံတွင် သွားရောက်ပြသခဲ့ရာ သူနာပြုဆရာမ တစ်ချို့က အရေးယူမှုမရှိခဲ့သဖြင့် ဘဝမှာစိတ်အနာကျဉ်ဆုံးအချိန်များအား ကြုံတွေ့ခံစားခဲ့ရသည်ဟူ၍လည်း သိရသည်။ HIVကူးစပ်ခံရသည့် နောက်ပိုင်း  သေချင် စိတ်ပေါက်ခဲ့သည်ဟု ခင်သန္တာက ပြောသည်။ သို့သော် သူ့လိုဘဝတူ များလည်းရှိသဖြင့် နှစ်သိမ့်ဖော်ရခဲ့သည်။

“HIV ပိုး ရှိသူတိုင်းဟာလည်း သာမန်လူတွေပါဘဲ။ သူများလို အလုပ်လုပ်နိုင်တယ်။ လူထုအတွက်အကျိုးပြု လုပ်ငန်းတွေ လုပ်နိုင်တယ်” ဟု စစ်တွေမြို့တွင် အေအာတီဆေးဝါးထောက်ပံ့ရေး လုပ်ငန်း ဆောင်ရွက်နေ သည့်  Myanmar Positive Group မှ  ရခိုင်ဒေသဆိုင်ရာ ကိုယ်စားလှယ်ဦးသန်းထွန်းက ပြောသည်။

ခင်သန္တာမှာ လက်ရှိတွင်  ဘဝတူများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် နေသည်။ “ဒီလိုမျိုး ဘဝကိုရောက်သွားပေမယ့် ဘဝတူတွေကို ပညားပေးတာတွေ၊ ဗဟုသုတ မျှဝေတာတွေဟာ ကျမတို့ အတွက်အရေးပါတဲ့ ကဏ္ဍတွေပါ” ဟု ခင်သန္တာက ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှ HIV ဝေဒနာရှင်များအတွက် ဆေးဝါးထောက်ပံ့မှုကို စစ်တွေမြို့မှ Utopia Association မှ စီစဉ်ပေးနေသည်။ ရခိုင်ပြည်နယ်တွင် ART ဆေးသောက်သုံးနေရသည့် PLHIV စုစုပေါင်း (၃၃၀)ရှိပြီး ART ဆေးဝါး သောက်သုံးသင့်သူ (၂၈၅)ဦးရှိသည်ဟု သိရသည်။

ခင်သန္တာတစ်ယောက် စစ်တွေမြို့သို့ သွားခဲ့သည်မှာ ကံကောင်းခြင်း တစ်ခုဖြစ်ခဲ့သည်။  စစ်တွေမြို့ Utopia Association အဖွဲ့ထံမှ အေအာတီဆေးဝါးကို ရရှိခဲ့ခြင်းဖြစ်သည်။ ဘဝ၏ အပျော်ရွှင်ဆုံး အချိန် များ၌ ဆေးရသည့်အချိန်များလည်း ပါဝင်သည်ဟု ခင်သန္တာက ပြောသည်။

သူမအတွက် များစွာသော မျှော်လင့်ချက်နှင့် အနာဂါတ်ခြေလှမ်းများကို ဘဝတူမိတ်ဆွေများဖြင့် ကူညီရိုင်းပင်း မှုများနှင့်အတူ အသက်ရှင်ရပ်တည်နေရခြင်းပင်လျှင် ဒုတိယဘဝသစ်တခုဟု ခင်သန္တာ တစ်ယောက်ခံ ယူထားသည်။

 မြစ်မခ - ဒုတိယ ဘ၀အတွက် အပျော်ရွှင်ရဆုံးအချိန်   


HIV ပိုးကို အသုံးပြု၍ သွေးကင်ဆာရောဂါ အောင်မြင်စွာ ကုသနိုင်ခဲ့

ငွေရည်စိမ် ကွန်ဒုံးအကြောင်းသင်သိပြီလား

မကြာသေးမီက ကနေဒါဆေးသုတေသီ အဖွဲ့တစ်ခုမှာ ကွန်ဒုံးများ တာရှည်ခံစေခြင်းနှင့် အရည်အသွေးကောင်းမွန်စေရန် နည်းမျိုးစုံဖြင့် စမ်းသပ်သုတေသနပြုလျက်ရှိကြသည်။ မိုက္ကရို မှန်ဘီလူးများဖြင့် သာ မြင်စေနိုင်သော ငွေသတ္တု အမှုန်ငယ်များပါသော ဖျော်ရည်တစ်မျိုး ထဲတွင် ကွန်ဒုံးများကို စိမ်ထားခြင်းဖြင့် ပြုပြင်ခဲ့ကြ သည်။ ပုံမှန်ကွန်ဒုံးများသည် ၁၅ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးတတ်...ကြကြောင်းကို Manitoba တက္ကသိုလ်၏ အဖွဲ့တစ်ခုမှ လေ့လာတွေ့ရှိခဲ့ ကြပေသည်။

သို့ရာတွင် ဤကဲ့သို့ ပြုပြင်ထားသော ဖျော်ရည်စိမ်ထားခြင်းကြောင့် ကွန်ဒုံးသည်HIV ပိုးများကို သေသွားစေကြောင်း စမ်းသပ် ခန်းထဲတွင် ထူးခြားစွာ တွေ့ရှိရကြောင်းကို သိပ္ပံသုတေသီများ၏ အစီရင်ခံစာ အရသိရှိခဲ့ရ သည်။ ထိုအစီရင်ခံစာကို "International Journal of Nanotechnology”ဂျာနယ် တွင် ဖော်ပြထားသည်။ ၄င်းတို့ သုတေသနပြု ထားသည့် ငွေရည်စိမ်ကွန်ဒုံးများသည် လိင် ဆက်ဆံခြင်းကြောင့်ဖြစ်ေ စနိုင်သော ကူးစက် ရောဂါများကို ကာကွယ်ပေးရုံသာမက HIV ဗိုင်းရပ်စ်များ၏ကူးစက်စေနိုင်သော စွမ်းရည် ကို လုံးဝကျဆင်းသွားစေပြီး ပိုးမွှားများ သေဆုံး သွားသည်ဟု ဖော်ပြထားသည်။

သုတေသနစာတန်းကို ဦးဆောင်ပြုစုသူ ဒေါက်တာ Xiaojian Yao က ကွန်ဒုံးထဲသို့ သေးငယ်လှသော ငွေမှုန်ကလေးများထိရိုက် ထားစေခြင်းဖြင့် ဒုက္ခပေးနိုင်သော ဘက်တီးရီး ယားနှင့် ဗိုင်းရပ်စ်ပိုးများကို ခုခံတိုက် ဖျက်စေ နိုင်ပြီး ကွန်ဒုံး၏ အရွယ်အစားနှင့် ပုံပျက်ယွင်း ပြောင်းလဲ သွားခြင်းမျိုး မရှိဟုလည်း မှတ်ချက် ပြုထားသည်။

ယခုလက်ရှိ ဈေးကွက်တွင် အသုံးပြုနေ ကြသော ကွန်ဒုံးများ၌ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်သတ်ဆေးများအဖြစ်Nanoxynol 9 (N-9)ကို အများဆုံးအသုံးပြုထားကြသော် လည်း မကြာသေးမီ လေ့လာတွေ့ရှိမှု များအရ N-9 သည် အသုံးပြုသူအချို့အတွက် လိင်အင်္ဂါ ရောင်ရမ်းခြင်းနှ င့် ပြည်တည်နာဖြစ်စေသည်။ ငွေရည်စိမ်ကွန်ဒုံးများမှာ ထိုကဲ့သို့ ဖြစ်ပွားမှုများ ကို ရှောင်ရှားနိုင်သည့်အပြင် ဆင်းရဲပြီး ဖွံ့ဖြိုး မှု နည်းလှသော နိုင်ငံများ၌ စွန့်ပစ်ထားသော ကွန်ဒုံးများကို ကလေးငယ်များ အသုံးပြုကစား ကြခြင်းဖြင့်ကွန်ဒုံးများမှတစ်ဆင့် ကူးစက် ရောဂါများကို ကာကွယ်ထားနိုင်သည့်အကျိုး ကျေးဇူးများကိုလည်း ရရှိစေနိုင်မည်ဖြစ်သည်။

Ref: National Post

No comments: