Saturday, December 29, 2012

ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကို အမေရိကန် သံအမတ်ကြီး သွားရောက် ကြည့်ရှု


HIV ဝေဒနာရှင်များကို အားပေးစောင့်ရှောက်ခဲ့တဲ့ ကဗျာဘွဲ့မှူး
 ကဗျာဘွဲ့မှူးက မြန်မာတိုင်းရင်းသား HIV ဝေဒနာရှင် အယောက် ၂ဝဝ ကျော်ကို အနီးကပ်သွားရောက် စောင့်ရှောက်အားပေးကာ မေတ္တာတရားပြခဲ့ သွားရောက်ခဲ့ကြောင်း သိရပါတယ်။

"၃ ရက်နေ့က ကျမ်းစာသင် ပေးတယ်။ သီချင်းတွေ သင်ပေးတယ်။ တရားတွေဟောတယ်။ သူတို့တွေနဲ့ အတူကစားတယ်။ 
သူတို့နဲ့အတူ ပျော်ပျော် ရွှင်ရွှင်နဲ့ မေတ္တာပြတယ်။ ဦးဆောင်တဲ့သူက မလေးရှားက ဆရာလှစိုင်း ပါ။ ပြီးတော့ UN ကလည်း ပါတယ်" လို့ ကဗျာဘွဲ့မှူးက ပြောပြပါတယ်။

မလေးရှားကို ရောက်ရောက်ချင်း ရောဂါသည်တွေကို တွေ့လိုက်ရ တဲ့အခါအမှာ ရောဂါခံစားနေရတဲ့ သူတွေလို့တောင် မထင်ရဘဲ ရုပ်ရည် ချောမောလျက် ရှိနေကြတာကိုတွေ့ရကြောင်း ကဗျာဘွဲ့မှူး က ပြောပါတယ်။

"မလေးရှားနိုင်ငံမှာ ရှိတဲ့ မြန်မာ၊ ကချင်တိုင်းရင်းသား အကုန်လုံး ပါဝင်ပါတယ်။ အခုလိုမျိုးသွားရတာ တအားကို ကုသိုလ်ရပါတယ်။ ဘုရား ရှိခိုးကျောင်းတွေ သွားကြတယ်။ ပြီးတော့ အလုပ်သမား တွေကများတော့ မနက် ၁နာရီ ထိုးမှာ ဘုရားကျောင်း တက်ကြတယ်။ အဲဒါကတော့ မေ့မရတဲ့ အမှတ်တရပါပဲ။ အခုလိုမျိုး တစ်နေ့လုံး တစ်ညလုံး ဘုရားရှိခိုးခဲ့ရတာ ပထမဦးဆုံး အကြိမ်ပါပဲ" လို့ ကဗျာဘွဲ့မှူးက ပြောပြပါတယ်။

အခုသွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ စိတ်ခံစားမှု တစ်ခုကိုရခဲ့ကြောင်း၊ အတူတူနွေးနွေး ထွေးထွေး နေခဲ့ကြတဲ့ နေ့ရက်တွေကို အမှတ်ရမိကြောင်း ပြောပါတယ်။

"တကယ်ဆိုရင် သူတို့တွေရဲ့ ကလေးတွေ တအားကို သနားဖို့ကောင်း ပါတယ်။ သူတို့ဘဝကို သူတို့အရှုံးပေး ထားကြတယ်။ ဒါပေမဲ့ ဒီလိုမျိုးနဲ့ တစ်သက်လုံး အကောင်းအတိုင်းနေနိုင်တဲ့ သူတွေ ရှိနေပါတယ်။ ဘာသာရေးတွေက အဓိက မဟုတ်ပါဘူး။ အဓိကက စိတ်ပါပဲလို့ ပြောခဲ့တယ်။ နောက်ဆိုရင် ကျွန်မလည်း ပရဟိတ လူမှုရေး အလုပ်တွေကို ပိုလုပ်တော့မယ်လို့ စိတ်ကူးမိလာတယ်။ အခုအသက်အရွယ်လည်း ရလာပြီ။ ဘုရားကလည်း လမ်းပြလာ တယ်လို့ ပြောရမှာပါပဲ။ လူမှုရေးကိစ္စ တွေကို ပိုလုပ်ချင်လာပြီ"လို့ ကဗျာဘွဲ့မှူးက ပြောပြပါတယ်။

ကဗျာဘွဲ့မှူးက မလေးရှားခရီး စဉ်ကို နိုဝင်ဘာ ၃ဝ ရက်နေ့က ထွက်ခွာခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က ပြန်ရောက် လာခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့ နောက်ပိုင်းမှာလည်း မလေးရှားနိုင်ငံကို ခုလိုပဲ ချစ်စမ်းမောင်တို့ အဖွဲ့၊ MYC လူငယ်အဖွဲ့နဲ့အတူ နှစ်ပတ်ကြာ ထပ်မံသွားရောက်ဖို့ အစီအစဉ် ရှိနေကြာင်း ကဗျာဘွဲ့မှူးက ပြောပြခဲ့ပါတယ်။

ထက်လူလူ
Popular Journal - HIV ဝေဒနာရှင်များကို အားပေးစောင့်ရှောက်ခဲ့တဲ့ ကဗျာဘွဲ့မှူး

ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကို အမေရိကန် သံအမတ်ကြီး သွားရောက် ကြည့်ရှု

ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လ်နဲ့ အထူးကိုယ်စားလှယ် Mr W. Patrick Murphy တို့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်က သရက်တော သာဂရ ဘုန်းတော်ကြီးကျောင်းက စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွေနဲ့ မြစ်ကြီးနားမြို့က HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက် ကုသပေးနေတဲ့ စင်တာတစ်ခုတို့ကို သွားရောက် ကြည့်ရှု အားပေးခဲ့ပါတယ်။

ကချင်ပြည်နယ်ထဲမှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှု အခြေအနေတွေကို လေ့လာသုံးသပ်နိုင်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အသံတွေကို နားထောင်ဖို့ ပထမဆုံး အကြိမ် လာရောက်ရတာပါလို့ RFA ကို အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။ ဒါအပြင် အမေရိကန် အစိုးရအနေနဲ့လည်း စစ်ဘေးဒုက္ခသည်တွေအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့သွားမှာဖြစ်ကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရတပ်တွေနဲ့ ကချင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ အမြန် အဆုံးသတ်စေလိုကြောင်းလဲ မစ္စတာဒဲရစ်မစ်ချယ်က ပြောပါတယ်။

အမေရိကန် သံအမတ်ကြီးရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဒီကနေ့ မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက စိန့်ဂျိုးဇက် ရိုမန်ကက်သလစ်နဲ့ ကချင်နှစ်ချင်းအသင်းတော် ဘုရားကျောင်းတွေမှာရှိတဲ့ ကယ်ဆယ်ရေး စခန်း၊ ဝိုင်းမော် သာဂရ သရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းနဲ့ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရက်ကွက်မှာရှိတဲ့ Hope Center အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် စောင့်ရှောက် ကုသရေး ဌာနတို့ကို သွားရောက်ခဲ့ပြီး မြစ်ကြီးနား အခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မနေ့ကတော့ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့အတူ တိုင်ရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် HIV/AIDS ရောဂါဝေဒနာရှင်တွေကို ကုသပေးနေတဲ့ မြစ်ကြီးနားမြို့ မိုင်းလားရပ်ကွက်က HOPE Center ကို သွားရောက်ပြီး ဝေဒနာသည်တွေနဲ့ တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သလို ကချင်ပြည်နယ် အတွက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် နဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၁၇ ရက် မနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ကိုရောက်ရှိလာတာဖြစ်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ တိုင်းရင်းသားရေးရာ ကိစ္စရပ်တွေဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
သတင်း (RFA )

မြတ်လေးငုံ - ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို အမေရိကန် သံအမတ်ကြီး သွားရောက် ကြည့်ရှု

ပြည့်တန်ဆာများ တရားဝင်လိုင်စင် ရရှိအောင် ကြိုးပမ်းသွားမည်ဟု အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးပြော

ပြည့်တန်ဆာများကို တရားဝင် လိုင်စင်ထုတ်ပေးပြီး၊ စနစ်တကျ လုပ်ကိုင်နိုင်အောင် ကြိုးစားဆောင် ရွက်သွားမည်ဟု NLD ပြည်သူ့လွှတ်တာ် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။ ''ပြည့်တန်ဆာ မရှိတဲ့ နိုင်ငံဆို တာမရှိပါဘူး၊ ပြည့်တန်ဆာဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိတာပါ။ ပပျောက်အောင်လုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ပပျောက် အောင်လည်း လုပ်လို့မရပါဘူး''ဟု ၎င်းက ပြောသည်။

ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပြည့်တန်ဆာနှင့်ပတ်သက်၍ တရား ဝင်လိုင်စင်များ ထုတ်ပေးပြီးစနစ် တကျဖြစ်အောင် ဆောင်ရွက်ပေး ထားကြောင်း၊ ထိုသို့ တရားဝင်လိုင် စင်များချထားပေးပါက ၄င်းတို့ကို အခွန်ကောက်ခံကာ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများလည်း ရရှိမည်ဖြစ်ကြောင်း ပြည့်တန်ဆာများကို တရားဝင် လိုင်စင်ချထားပေးနိုင်ရန် လွှတ်တော်၌ အဆိုပြုတင်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

''လိုင်စင်ထုတ်ပေးရင်ကောင်း တာပေါ့။ အခုဆိုရင် ရဲကို ကြောက် နေရတယ်။ လိုင်းကြေးလည်း ပေးရသေးတယ်။ တကယ်ဖြစ်ရင်တော့ ကောင်းမှာလို့ မျှော်လင့်မိတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ လိင်လုပ်သားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီး အများစုသည် အခြားအတတ်ပညာ များ တတ်မြောက်ခြင်းမရှိသည့်အပြင် ထွက်ပေါက်မရှိသည့်အတွက် ယင်း အလုပ်ကိုလုပ် ကိုင်နေခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ဆက်ပြောသည်။

''လိုင်စင် ထုတ်ပေးနိုင်ပြီ ဆိုရင်တော့ ကောင်းတာပေါ့။ ကူးစက် ရောဂါဆိုတာ Sexworker တွေက တစ်ဆင့် အများဆုံး ကူးစက်နေတာပါ။ တခြားနိုင်ငံတွေမှာဆိုရင် ကူး စက်ရောဂါတွေ မဖြစ်နိုင်အောင်ကွန် ဒုံးသုံးရတယ်။ မသုံးရင် Sexworker  ရောပျော်ပါးတဲ့ သူနှစ်ယောက်စ လုံးကို ပြစ်ဒဏ်ချမယ်ဆိုတဲ့ ဥပဒေ ပြဌာန်းထားပါတယ်'' ဟု မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

HIV/AIDS အပြင် အခြားကူးစက် ရောဂါများဖြစ်ပွား မှုနှုန်းနည်းစေရန် ကွန်ဒုံးသုံးစွဲသင့်ပြီး  Sexworker  များကိုလည်း ကျန်းမာရေး စစ်ဆေးမှုများပုံမှန် ပြုလုပ်ကာ တရားဝင် လိုင်စင်များထုတ် ပေးသင့်ကြောင်း ၎င်းကပြောသည်။

Messenger News Journal - ပြည့်တန်ဆာများ တရားဝင်လိုင်စင် ရရှိအောင် ကြိုးပမ်းသွားမည်ဟု အမျိုးသမီးလွှတ်တော် အမတ်တစ်ဦးပြော 

No comments: