Saturday, December 29, 2012

Software လေးတွေ


ပရိတ်တရားတော်တွေ ရွတ်ဖတ်ပူဇော်မယ်
ပရိတ်တရားတော်တွေကို အမြဲမပြတ်ရွတ်ဖတ်ပူဇော်လို၊ တရားနာလိုသူတွေအတွက် ကိုယ့်ရဲ့ဖုန်း၊Tabletတွေမှာပဲ အဆင်ပြေပြေ နာယူလို့ရမယ့် Application လေးတစ်ခုကို ဖော်ပြလိုပါတယ်။ ဒီ Application လေးက ပရိတ်တရားတော် တွေကို ကိုယ်တိုင်ရွတ်ဖတ်ပူဇော်နိုင်သလို ကိုယ်ရွတ်ဆိုတဲ့ ပရိတ်တရားတော်တွေရဲ့ အသံထွက် မမှန်မှာစိုးရိမ်နေသူ တွေအတွက်လည်းပရိတ်နာယူရင်း တစ်ခါတည်းအမှန်မြင်သွားနိုင်ပါလိမ့်မယ်။ ဒီဆော့ဝဲလ်လေးကို အသုံးပြုဖို့ အင်တာနက် ချိတ်ဆက်ထားဖို့ မလိုတဲ့အပြင် မြန်မာစာမသွင်းထားတဲ့ဖုန်းတွေနဲ့Root လုပ်မထားတဲ့ဖုန်းတွေ မှာပါ မြန်မာစာလုံးတွေကို အဆင်ပြေပြေနဲ့ ဖတ်ရှုနိုင်မှာပါ။

ဒီ Application လေးရဲ့အမည်က MMHub ပရိတ်ဖြစ်ပြီး Android အမျိုးအစားဖုန်းနဲ့ Tablet တွေမှာ ထည့်သွင်းနိုင်မှာပါ။ ထည့်သွင်းမယ်ဆိုရင် အနည်းဆုံး Androd Version 1.6 လိုအပ်မှာဖြစ်ပါတယ်။

http://www.mediafire.com/?fc71xwf89c1wb93   မှာ အခမဲ့ Download ရယူနိုင်မှာပါ။

[Buddha Application: https://www.mediafire.com/file/nx63he6m5h3q4y3/

ချက်ပြုတ်ကြော်လှော်မယ့် Cooking Master

အစားအစာတွေကို ကြော်လှော်ချက်ပြုတ်တဲ့အစီအစဉ်တစ်ရပ် ရုပ်သံအစီအစဉ်မှာ အပတ်စဉ်ထုတ်လွှင့်တာကို ကြည့်ရှုလေ့ရှိသူတွေနဲ့ ကိုယ်တိုင်ကြော်လှော်ချက်ပြုတ်တာကို ၀ါသနာပါသူတွေအတွက် မှာယူထားတဲ့ အစား
အစာတွေကို ချက်ပြုတ်ကြော်လှော်ပေးရတဲ့ Cooking Master ဆိုတဲ့ဂိမ်းလေးကို ပြောပြချင်ပါတယ်။

ဒီဂိမ်းလေးက ၀ယ်သူတွေလိုချင်တဲ့ အသား၊ အသီးအနှံနဲ့မုန့်တွေကိုမြန်မြန်နဲ့ မှန်မှန်ရောင်းပေးရမှာဖြစ်ပြီး Casual Mode  နဲ့ Time Mode ဆိုပြီးအဆင့်နှစ်ဆင့်ပါတယ်။ Time Mode ကတော့ Casual Mode  အဆင့်တွေအောင်ပြီးမှ ဆက်ကစား လို့ ရမှာပါ။ ဒီ Cooking Master ဆိုတဲ့ ဂိမ်းလေးကကစားရတာ လွယ်တယ်ထင်ရပေမယ့်အဆင့်တက်လာတာနဲ့ ၀ယ်သူ တွေ ကတစ်ယောကပြီးမှ တစ်ယောက်မှာတာမျိုးမဟုတ်ဘဲ အကုန်လုံးတစ်ပြိုင်နက်ရောက်လာတာတို့၊ တစ်ယောက်တည်းက အမျိုးအစားမတူတာ နှစ်မျိုးမှာတာမျိုးတို့ လုပ်တာကြောင့် လက်မလည်အောင် ကစားရမှာပါ။ စိတ်ဝင်စားလို့စမ်းသပ် ကစားချင်တယ် ဆိုရင် https://play.google.com/store/apps/details?id=com.master.cooking&hl=en  နဲ့ 1Mobile Market မှာအခမဲ့ download ရယူနိုင်မှာပါ။

လိပ်စာကဒ်ဒီဇိုင်းလုပ်တတ်ချင်လား

Photoshop မကျွမ်းကျင်တဲ့သူတွေအတွက် လိပ်စာကတ်ဒီဇိုင်းကိုလွယ်လွယ်ကူကူနဲ့ လုပ်လို့ရမယ့် Software လေး တစ်ခု ကို ညွှန်ပြပေးချင်တယ်။ ဘယ်လောက်အထိ လွယ်လဲဆိုရင် အဲဒီ Software ကို ဖွင့်ပြီးတာနဲ့ တစ်ခါတည်း ကိုယ့်လိပ်စာ ကိုယ့်နာမည်ကို ရိုက်ထည့်ရုံပါပဲ။ Software ကိုအရင်ဆုံး Install လုပ်ပါ။ ပြီးရင်တစ်ခါတည်း Software က အလို အလျောက်ပွင့်သွားတာနဲ့ Business Card MX ဆိုတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။ အဲဒီ Box ကျလာရင်Recent Open ဆိုတဲ့ အောက်မှာ Defaultပါတဲ့ဟာလေးတွေ ရှိနေပါလိမ့်မယ်။အဲဒါကိုမှ မလိုချင်သေးရင် Open Template ဆိုတာကို ဖွင့်ပါ။ အဲဒါကိုဖွင့်လိုက်တာနဲ့ Folder လေးတွေသတ်သတ်စီနဲ့Template တွေကိုခွဲပေးထားပါတယ်။ ဥပမာ-ကိုယ်က တိရစ္ဆာန် ဆေးကုဆရာဝန်ဆိုပါတော့။
Animals ဆိုတဲ့ Folder အောက်မှာသွားရှာရင် တိရစ္ဆာန်နဲ့ပတ်သက်တဲ့ပုံတွေနဲ့ကတ်တွေ ကျလာပါလိမ့်မယ်။ အဲဒါကို ရွေးမယ် ဆိုရင် ရွေးချင်တဲ့ အပေါ်မှာ Click နှိပ်ပေးပါ။ ပြီးရင်MOJOSOFT ဆိုတာက Defaultပါနေပါလိမ့်မယ်။ အဲဒါကို ပြောင်းချင်ရင် MOJOSOFT ဆိုတာကို ကလစ်တစ်ချက်ပေးပါ။ ပြီးရင် ညာဘက်ထောင့်က Text ဆိုတဲ့အောက်မှာ ကုမ္ပဏီ နာမည်ထည့်ပါ။ ဒါမှမဟုတ်ဆေးကုခန်းနာမည်ထည့်ပါ။ နှစ်သက်ရာတစ်ခုခုထည့်ပြီးတာနဲ့ အောက်မှာဆိုရင် အရောင်ချိန် တာတို့၊ ဆိုဒ်အသေးအကြီးပြောင်းတာတို့ကိုလည်း လုပ်နိုင်ပါသေးတယ်။ အဲလိုပဲ ကုမ္ပဏီလိပ်စာတို့၊ ဖုန်းနံပါတ်တို့ ပြောင်း ချင်ရင်လည်း ပြောင်းချင်တဲ့နေရာကို နှိပ်နှိပ်ပေးပြီးတော့ ပြောင်းလို့ရပါတယ်။ နောက်ဆုံး အဲဒီပုံကို မကြိုက်ဘူးဆိုရင် တောင် Click ပေးပြီးတော့ကိုယ်လိုချင်တဲ့ပုံကို ပြောင်းထည့်ပေးလိုက်လို့ရပါတယ်။

ကဲ ဒါလောက်ဆိုရင် Business Card တစ်ခုရဖို့ Photoshop မကျွမ်းလည်း ဘယ်လောက်လွယ်လည်းဆိုတာကို သိ လောက်ပါပြီ။တကယ်လို့ စိတ်ဝင်စားလို့ပဲဖြစ် ဖြစ်၊ စမ်းချင်လို့ပဲဖြစ်ဖြစ်၊ Business Cards လုပ်ချင်လို့ပဲဖြစ်ဖြစ်
http://www.myanmarchatonline.org/index.php?topic=1277.0  မှာ Download လုပ်လို့ရနိုင်မှာပါ။

အသုံးဝင်တဲ့ Application မျိုးစုံရတဲ့ Mobile App Market

ကနေ့ခေတ်မှာ ဖုန်းတွေ၊ Tablet တွေ အသုံးများလာတဲ့နည်းတူFree Application မျိုးစုံရတဲ့ Android စနစ်
သုံးဖုန်းတွေလည်း လူကြိုက်များလာတာတွေ့ရပါတယ်။ အဲဒါကြောင့် အခုပြောပြချင်တာကတော့ ဆော့ဝဲလ်တွေ၊ ဂိမ်း
တွေထဲက ကောင်းနိုးရာရာတွေကိုFree Download ရယူနိုင်မယ့်အပြင် အဲဒီApplication တွေ၊ ဂိမ်းတွေအကြောင်း
ကိုလည်း မြန်မာလိုခပ်လွယ်လွယ်ဖတ်ရှုနိုင်မယ့် မြန်မာ Mobile App Market လေးကို ပြောပြချင်ပါတယ်။

ဒီဆော့ဝဲလ်လေးက Android စနစ်သုံးဖုန်းတွေနဲ့ Tablet တွေမှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး အင်္ဂလိပ်စာ
ကျွမ်းကျင်မှုမရှိလို့ တချို့အသုံးဝင်တဲ့Application တွေ၊ ဂိမ်းတွေကိုထည့်ရမလိုမထည့်ရမလိုဖြစ်ပြီး အခက်တွေ့ နေတာတွေ အဆင်ပြေစေမှာပါ။ ကိုယ့်ရဲ့ဖုန်း Root လုပ်ရတာမကြိုက်လို့ မြန်မာ Fonts မသွင်းထားတဲ့သူတွေအတွက် မြန်မာလိုဖတ်ရှုလို့ရတာမို့ အတော်အဆင်ပြေတဲ့ Application ဖြစ်ပါတယ်။ Application တွေမှာဆိုရင်လည်း အသုံးဝင်ဆော့ဝဲလ်များ၊ လုပ်ငန်းသုံးဆော့ဝဲလ်များ၊ ဖျောဖြေရေး၊ သင် ထောက်ကူဆော့ဝဲလ်များစသလို ခေါင်းစဉ် ကိုးမျိုးလောက် သီးသန့်ခွဲထားတာတွေ့ရပြီး အဲဒီထဲကမှ ကိုယ့်အတွက်အသုံးဝင်မယ့် ဆော့ဝဲလ်ကိုရွေးချယ်Download ချနိုင်မှာပါ။

ဂိမ်းခေါင်းစဉ် အောက်မှာဆိုရင်လည်း စွန့်စားမှုဂိမ်း၊ ဥာဏ်စမ်းဂိမ်း၊သေနတ်ပစ်ဂိမ်း၊ အားကစားဂိမ်း စသလိုသီးသန့်စီထဲက ကိုယ်ကြိုက်နှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ်နိုင်မှာမို့ ဖော်ပြပေးလိုက်တာပါ။ ဒီဆော့ဝဲလ်လေးကို ထည့်သွင်းဖို့ Android OS 2.1 နဲ့ အထက်လိုအပ်မှာဖြစ်ပြီး စိတ်ဝင်စားလို့ ထည့်သွင်းချင်ရင် http://myanmarmobileapp.com မှာ Free download ရယူနိုင်ပါတယ်။ 

 Credit: The Voice Weekly Journal


No comments: