Friday, December 21, 2012

ဗဂျိုင်းနား အနံ့ဆိုးနေခြင်း


Please help me with my medical issue. I am a female, 27 years old, married, no children, living in United States. The biggest problem I have is vaginal odor, it smells like fishy. It's been going for about 5-6 years. I go get my pap smear every year and the nurse practitioner always checks for me and she says that I have a yeast infection. I always take the antibiotic she gave me. But the fishy smell is still there. I noticed on the days that I drink 4-5 cups of water, the odor lessen. But my husband complains that he smells the fishy odor when we have sex. I want to get rid of the odor. Please tell me how to cure this problem. Thank you so much for your time.

မွေးလမ်းကြောင်းလို့ ယဉ်ယဉ်ကျေးကျေးခေါ်တဲ့ (ဗဂျိုင်းနား) ဟာ တခြားကိုယ်ခန္ဓာနေရာ အစိတ်အပိုင်းတွေလို ကိုယ်နံ့ အတူတူလောက်သာရတာက ပုံမှန်ဖြစ်တယ်။ အတွင်းပိုင်းမှာ လုံခြုံအောင် အထပ်ထပ် ဝတ်ထားရာ နေရာဖြစ်လို့တော့ တခြားနေရာတွေထက် လှောင်ထားခံရတဲ့ အနံ့မျိုးတော့ ရနေနိုင်တယ်။ နောက်ပြီး အရွယ်ရောက်နေတဲ့ မိန်းကလေး၊ အိမ်ထောင်ပြုနိုင်တဲ့အရွယ်တွေဆိုရင် လိင်စိတ်ဖြစ်ပေါ်နေခိုက် ဆိုရင် ထူးခြားတဲ့အနံ့မျိုးလဲ ရနေနိုင်တယ်။ ဒီထက် ထူးနေတာမျိုးဆိုရင် အနံ့ဆိုးရနေတာ ဖြစ်ပါတယ်။

အနံ့တွေကို နာမဝိသေသနနဲ့ သေသေခြာခြာ ခွဲပြောလေ့ရှိရတယ်။ စိမ်းရွှေရွှေနံ့၊ ပုတ်သိုးသိုးနံ့ စသဖြင့်ရှိနိုင်တယ်။ မြန်မာလိုသာမကပါ အင်္ဂလိပ်လိုလဲ Fishy smell ငါးညှီနံ့လို့ခေါ်တာမှာ တူတယ်။ Repugnant fishy vaginal odor လို့ တိတိကျကျခေါ်တယ်။ အနံ့မှာတူပေမဲ့ အသံမှာ အင်္ဂလိပ်နဲ့ မြန်မာ အတော်မတူပါ။ သေနတ်သံဆို ကျွန်တော်တို့က ဒိုင်း၊ သူတို့က Bang ဘဲင်း(ခ်)။

ဗဂျိုင်းနားကနေ ထူးခြားတဲ့အနံ့မျိုးရနေတာနဲ့အတူ ယားယံတာ၊ အနေရခက်တာ၊ တခုခုဆင်းတောတွေနဲ့ပါ တွဲနေတတ်တယ်။ Bacterial vaginosis ဆိုးတာကနေ အများဆုံးဖြစ်ပါတယ်။ ဗက်တီးရီးယား ဝင်နေရာက ဖြစ်တယ်။ STD လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက တချို့ပိုးတွေကနေလဲ ဖြစ်စေနိုင်တယ်။ အဖြစ်ရှားတာတခုကတော့ Rectovaginal fistula မွေးလမ်းနဲ့ ဝမ်းသွားတဲ့လမ်းကြား လမ်းကြောင်း ပေါက်ဖြစ်နေတာကနေလဲ ဒီလိုအနံ့ဆိုး ရစေနိုင်တယ်။

စာရင်းချလိုက်ရင် -
• Bacterial vaginosis အမျိုးသမီးအင်္ဂါရောင်ခြင်း
• Chlamydia (ကလာမိုင်ဒီးယား)၊
• Gonorrhea (ဂနိုးရီးယား)၊
• Pelvic inflammatory disease (PID) အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း၊
• Trichomoniasis (ထွိုင်ကိုမိုနီယေးဆစ်)၊
• Yeast infection (ရိစ်)။


ဖြစ်တာရှားပေမဲ့ အနံ့ဆိုးရနိုင်တဲ့ရောဂါတွေကတော့ -
• Cervical cancer သားအိမ်ဝကင်ဆာ၊
• Rectovaginal fistula မွေးလမ်း+အစာဟောင်းလမ်း ပြွန်လမ်းဖြစ်ခြင်း၊
• Vaginal cancer မွေးလမ်းကြောင်းကင်ဆာ။


ဘာလုပ်ရမလဲ -
• Personal hygiene တကိုယ်ရေသန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေကို ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ အမြဲရှိနေတယ်။ သူ့ရောမှာ သူ့အမျိုးအစား ရှိနေတာက ကောင်းတယ်။ ရှိသင့်တာတွေကု ရှင်းလိုက်ရင် မျှခြေပျက်မယ်။ ဥပမာ ဝမ်းပျက်နေတာကို မလိုအပ်ဘဲ ပိုးသေဆေးပါတဲ့ ဝမ်းပိတ်ဆေးသောက်ရင် ခုခံစနစ် ကမောက်ကမဖြစ်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ ဆေးတာမျိုးကြောင့် မှို (ဖန်းဂတ်စ်) ပိုးဝင်လာနိုင်တယ်။


• Vaginal flora (ဗဂျိုင်းနား-ဖလိုရာ) ဆိုတာ သူ့ဖါသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။ Microaerophilic bacteria ဆိုတာတွေ အများကြီးရှိတယ်။ Lactobacilli ဆိုတာတွေက အဓိကကျတယ်။ အကာကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ Acidity အက်စစ်ဓါတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင် ဒီအက်စစ်ဓါတ်အခြေအနေ ပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို Pathogenic bacteria ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။


• Excessive washing အလွန်အကျွံဆေးကြောခြင်း၊ Douching ဆေးဖြန်းပြီးဆေးကြောခြင်း၊ Tight clothes အဝတ်အစားတင်းကြပ်နေအောင်ဝတ်ဆင်ခြင်း၊ chemicals ဓါတုဆေးတွေ ဥပမာ Scented body washes အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ Antibacterial soap ပိုးသေဆေးဆပ်ပြာတွေသုံးရာကနေ Vaginal infection ဗဂျိုင်းနားရောင်တာ နဲ့ Yeast infections မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။


• Contraceptives ကိုယ်ဝန်တားနည်း၊ Foreign body ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ် လုပ်တာ၊ Anal intercourse စအိုလမ်းနည်းကို ဗဂျိုင်းနားလမ်းနည်းနဲ့တွဲပြီး လိင်ဆက်ဆံတာ၊


• အိမ်ထောင်သည်တွေ (အတူနေသူတွေ) ဟာ အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။ ဗဂျိုင်းနာထဲကိုအသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာ ရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ ဟန်းနီးမွန်း ဆီးအောင်တာ ဖြစ်ကြရတယ်။ မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ 


ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲထားမိရင်လဲ ဖြစ်တတ်တယ်။ အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် Emotional stress စိတ်ဖိစီးမှုရှိလာတတ်တယ်။ Social problems လူတောသူတော တိုးဘို့ရာမှာ အခက်အခဲရှိလာနိုင်တယ်။ ရောဂါတခုချင်းအတွက် အောက်ကစာတွေကို ဖတ်နိုင်၊ လိုက်နာနိုင်ပါတယ်။

• Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/06/vaginitis.html
• Women smell အမျိုးသမီး အနံ့မကောင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/women-smell_31.html
• Vaginitis မွေးလမ်း-ရောဂါ http://dts-medicaleducation-adult.blogspot.in/2012/04/vaginitis.html
• Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
• Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
• Vaginal itching မိန်းမကိုယ် ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-itching.html
• STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/sexually-transmitted-diseases-stds.html
• STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adult.blogspot.in/2012/06/stds-2.html
• STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adult.blogspot.in/2012/06/stds-3.html
• STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html
• STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html
• Gonorrhea ဂနိုရောဂါ http://dts-medicaleducation-adult.blogspot.in/2012/03/gonorrhea.html
• Cervicitis သားအိမ်ဝ ရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/cervicitis.html
• Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD http://dts-medicaleducation-adult.blogspot.in/2012/03/chlamydia-std.html
• Pelvic Inflammatory Disease (PID) အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pelvic-inflammatory-disease-pid.html
• Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ http://dts-medicaleducation-adult.blogspot.in/2012/04/honeymoon-cystitis.html


ဒေါက်တာတင့်ဆွေ (၁၅-၁၂-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - ဗဂျိုင်းနား အနံ့ဆိုးနေခြင်း

No comments: