Friday, June 25, 2021

Homemade Ice_Cream

 [Unicode]Homemade Blueberry Ice Cream




ပါဝင်ပစ္စည်းများ

နွားနို့ ၁လီတာ၊ သကြား ၁၀၀ ဂရမ်၊ ကရင်မ် ခွက်တစ်ဝက် ၁၂၅ မီလီလီတာ၊ Rose Water လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အနံ့အတွက်)၊ ဘလူးဘယ်ရီ ၅၀၀ ဂရမ်၊ သကြား ၁၀၀ ဂရမ်၊ Pistacho သို့မဟုတ် နှစ်သက်ရာသစ်သီးခြောက် ၅၀ ဂရမ်၊ အခြားရနံ့နှင့် Rose Water နှစ်သက်လျှင်ထည့်ပါ။

ပြင်ဆင်ပြုလုပ်ပုံ

နွားနို့ကို အိုးတစ်ခုတွင်ထည့်ပြီး မီးအနေတော်ဖြင့် ကျိုချက်ပါ။ သုံးချိုးတစ်ချိုးကျန်သည်အထိ အဆက်မပြတ်မွှေပေးပါ။ ပြီးလျှင် သကြား ၁၀၀ ဂရမ်နှင့် ခရင်မ် ၁၂၅ မီလီလီတာ ထည့်ပြီးမွှေပေးပါ။ 

သကြားပျော်ပါက မီးပိတ်ထားပေးပါ။ နွားနို့၏ အပျစ်အကျဲအနေအထားမှာ ယောက်မတွင် ကပ်နေသောနို့ကို လက်ချောင်းဖြင့် ဆွဲကြည့်ပါက နို့များပြန်လည်ရောသမသွားသော အနေအထားဖြစ်ရမည်။

ဘလူးဘယ်ရီကို သကြားဖြင့်ရော့ာ အိုးတစ်ခုဖြင့်ကျိုပြီး အစေ့များ အနှစ်တိုက်ထားပါ။ ပြီးလျှင် အသင့်ကျိုထားသော နွားနို့အိုးထဲသို့ ရောထည့်ပါ။

Rose Water သို့မဟုတ် နှစ်သက်ရာ အနံ့ထည့်ပါ။ ပြီးလျှင် အအေးခံမည့် မွှေရလွယ်သော စတီးခွက်ကျယ်ကျယ်တစ်ခုတွင် လောင်းထည့်ကာ ရေခဲသေတ္တအခန်းထဲတွင် ထည့်ထားပါ။ 

ရေခဲမုန့်အရောကို ဘူးဖြင့် ဒီအတိုင်းထည့်သိမ်းပါက မာခဲနေသော ရေခဲတုံးဖြစ်သွားပါမည်။ မွမွလေးရရှိစေရန် မိနစ် ၃၀မှ တစ်နာရီ တစ်ခါထုတ်ယူပြီး မွှေပေးပါ။ ရေခဲမုန့် တစ်ဝက်ခဲအနေအထားရပါက မိမိထည့်လိုသော သစ်သီးခြောက်တို့ကိုထည့်ပြီး သမအောင်မွှေပေးပါ။ လုံးဝနည်းပါးခဲလာလျှင် မိမိသိမ်းဆည်းလိုသော ဘူးတွင်ပြောင်းထည့်ပြီး အဖုံးပိတ်သိမ်းဆည်းထားကာ လိုသလို ထုတ်ယူသုံးဆောင်နိုင်ပါပြီ။


ချောကလက် မြေပဲ ပဲနို့ရေခဲမုန့်




ပါဝင်ပစ္စည်းများ

မြေပဲ ပဲနို့ (peanut milk)တစ်လီတာ၊ သကြား ၆၅ ဂရမ်၊ ချောကလက်မှုန့် ၂၀၀ ဂရမ်၊ Pistacho သို့မဟုတ် နှစ်သက်ရာသစ်သီးခြောက်၊ ၅၀ ဂရမ်၊

အနံ့နှစ်သက်လျှင်ထည့်ပါ။

ပြုလုပ်နည်း

ပဲနို့ကို အိုးတစ်အိုးထဲထည့်ပြီး မီးအနေတော်ဖြင့် ကျိုပါ။

ပြီးလျှင် သကြားနှင့် ချောကလက်ထည့်ပြီး မွှေပေးပါ။ သကြားပျော်ပါက မီးပိတ်ထားပါ။

မိမိထည့်လိုသည့် အနံ့အမွှေးအကြိုင်ထည့်ပါ။

သစ်သီးစေ့ထည့်လိုက ရေနွေးဖျောပြီးထည့်ပါ။ သမအောင်မွှေပေးပါ။

ပြီးလျှင် အအေးခံမည့် မွှေရလွယ်သော စတီးခွက်ကျယ်ကျယ် တစ်ခုထဲ လောင်းထည့်ပြီး ရေခဲသေတ္တာအခဲခန်းမှာထည့်ထားပါ။

နို့ခွက်ကို မိနစ် ၃၀ ခန့်တစ်ခါထုတ်ယူပြီး ရေခဲမုန့်ခဲလာသည်အထိ မွှေပေးပါ။

လုံးဝနည်းပါးခဲလာလျှင် မိမိသိမ်းဆည်းလိုသော ဘူးထဲပြောင်းထည့်ပြီး အဖုံးပိတ်၍ သိမ်းဆည်းထားကာ လိုသလိုထုတ်ယူပြီး သုံးဆောင်နိုင်ပါပြီ။ (ရေခဲမုန့်သား အနည်းငယ်ကြမ်းနေပါက ကြိတ်စက်ထဲ ထည့်ကြိတ်ပေးပြီး ပြန်ခဲထားပါ။)


Homemade Mango Ice Cream




ပါဝင်ပစ္စည်းများ

နွားနို့တစ်လီတာ၊ သကြား ၆၅ ဂရမ်၊ ခရင်မ် ခွက်တစ်ဝက် ၁၂၅ မီလီ၊ Rose Water နှင်းရည် လဖက်ရည်ဇွန်း တစ်ဇွန်း၊ သရက်သီးမှည့် တစ်လုံး၊ သကြား ၅၀ ဂရမ်၊ ရေ ၁၂၅ မီလီ၊ Pistacho သို့မဟုတ် နှစ်သက်ရာ သစ်သီးခြောက် ၅၀ ဂရမ်၊ အနံ့နှင့် နှင်းရည် နှစ်သက်လျှင်ထည့်ပါ။

ပြုလုပ်နည်း

နွားနို့ကိုအိုးတစ်ခုတွင်ထည့်ပြီး မီးအနေတော်ဖြင့်ကျိုပါ။ နဂိုရှိရင်း နွားနို့ရဲ့ သုံးချိုးတစ်ချိုးကျန်သည်အထိ အဆက်မပျက် မွှေပေးပါ။

ပြီးလျှင် သကြား ၆၅ ဂရမ်နှင့် ခရင်မ် ၁၂၅ မီလီထည့်ပြီးမွှေပေးပါ။ သကြားပျော်ပါက မီးပိတ်ထားပေးပါ။ နွားနို့အပျစ်အနေအထားမှာ ယောက်မတွင် ကပ်နေသောနို့ကိုလက်ချောင်းဖြင့်ဆွဲကြည့်ပါကာ နို့များပြည်လည်ရောမသွားသောအနေအထားဖြစ်ရမည်။

သရက်သီးမှည့်ကိုခွာပြီး အနေအတော်အတုံးလေးများတုံးထားပါ။ အိုးတစ်ခုတွင် ရေ ၁၂၅ မီလီနှင့် သကြား ၅၀ ဂရမ်ကိုထည့်ပြီးကျိုပါ။

သကြားပျော်ပါက သရက်သီး သို့မဟုတ် နှစ်သက်ရာ မိမိပြုလုပ်လိုသည့်သစ်သီးထည့်ပြီးကျိုပေးပါ။

ပြီးလျှင် အသင့်ကျိုထားသော နွားနို့အိုးထဲရောထည့်ပါ။

နှင်းရည် သို့မဟုတ် မိမိထည့်လိုသည့်အနံ့ အမွှေးအကြိုင်ထည့်ပါ။ သစ်သီးစေ့ထည့်လိုပါက ရေနွေးဖျောပြီးထည့်ပါ။ သမအောင်မွှေပါ။

ပြီးလျှင် အအေးခံမည့် မွှေရလွယ်သော စတီးခွက်ကျယ်ကျယ်တစ်ခုတွင်လောင်းထည့်ကာ ရေခဲသေတ္တာအခဲခန်းတွင်ထည့်ထားပါ။

နို့ခွက်ကို မိနစ် ၃၀ခန့်တစ်ခါ ထုတ်ယူပြီး ရေခဲမုန့်ခဲလာသည်ထိမွှေပေးပါ။

လုံးဝနည်းပါးခဲလာလျှင် မိမိသိမ်းဆည်းလိုသောဘူးတွင် ပြောင်းထည့်ပြီး အဖုံးပိတ်သိမ်းဆည်းထားကာ လိုသလို ထုတ်ယူသုံးဆောင်နိုင်ပါပြီ။


ထောပတ်သီးရေခဲမုန့်




ပါဝင်ပစ္စည်း

ထောပတ်သီး တစ်လုံး (၄၅၀ ဂရမ်)၊ နို့ဆီ စားပွဲဇွန်း တစ်ဇွန်း မောက်မောက်၊ သကြား စားပွဲဇွန်း လေးဇွန်း၊ Whipping Cream တစ်ဘူး၊ ဆား လက်တစ်ဖျစ်စာမျှသာ၊ နွားနို့ သို့မဟုတ် နို့စိမ်း ၁၀၀ မီလီလီတာ။

ပြုလုပ်နည်း

ရေခဲမုန့်ပြုလုပ်မည့်ခွက်ကို ရေခဲသေတ္တာအခဲထပ်တွင် တစ်ည သို့မဟုတ် (၂၄ နာရီ)ထည့်ထားပါ။

Whipping cream ၊ ခရင်မ်ကိုမွှေမည့်ခွက်၊ မွှေတံတို့ကို ရေခဲသေတ္တာ အအေးထပ်တွင် ကြိုတင်ထည့်ထားပါ။

အားလုံးအေးနေသောအခါ ခရင်မ်ကို ခွက်တွင်ထည့်ပြီးမွှေပါ။ အမြုပ်ထလာသောအခါ သကြားတစ်ဇွန်းထည့်ပြီးမွှေပါ။ အမြုပ်များပွလာတဲ့ အခါ သကြားတစ်ဇွန်းထပ်ထည့်ပြီး အမြုပ်ခဲလုနည်းပါးအထိမွှေပါ။ အမွှေလွန်လျှင် အမြုပ်များပြန်ကျသွားတတ်သည်။ ရေခဲသေတ္တာ အအေးထပ်တွင် ထည့်ထားပါ။

ထောပတ်သီး အသားနွှာပြီး နို့ဆီ၊ နွားနို့၊ သကြား နှစ်ဇွန်းထည့်ပြီး မွှေစက်နဲ့မွှေထားပါ။

ထောပတ်သီးနှင့် အအေးခံထားသော ခရင်မ်အနှစ်ရောပြီးမွှေပါ။

ရေခဲမုန့်ခွက်နှင့် ဒလက်ကို စက်တွင်အံကျအောင်တပ်ဆင်ပြီး ခလုပ်နှိပ်ပါ။ မုန့်နှစ်အရည် အပေါ်မှလောင်းချထည့်ပါ။ မုန့်နှစ်ရည် ခဲလာသည့်အခါ စက်ကိုရပ်ပါ။

ဒလက်ကိုဖယ်ပြီး သိမ်းမည့်ဗူးတွင် ပြောင်းထည့်ကာ ရေခဲသေတ္တာ အခဲထပ်တွင် သိမ်းပါ။

ရေခဲမုန့်စက်က အသုံးပြုတဲ့စက်အပေါ်မှာ မူတည်ပြီးရေးထားတာဖြစ်ပါတယ်။ ကိုယ့်အိမ်မှာရှိတဲ့ စက်အမျိုးအစားမှ ညွှန်ကြားချက်ရေးထားသည့်အတိုင်း ပြုလုပ်ကြဖို့လိုပါတယ်။

*** ရေများပြီး ခရင်မ်လိုအနှစ်(ကော်မှုန့်၊ ကာ့စတာ့ပေါင်ဒါ၊ ခရင်မ်) နည်းလို့ ၊ မွှေတဲ့အချိန်တိုရင် လေကိုဆွဲသွင်းတာနည်းလို့၊ အခဲခံ သိမ်းတဲ့အခါ အဖုံးလုံအောင်ပိတ်သင့်တယ်။ ရေခဲမုန့်ပျော်သွားပြီးမှ အခဲခံရင်လည်း မာသွားတတ်ပါတယ်။ ရေခဲမုန့်မဖြစ်ခင် သိမ်းလိုက် မိရင်လည်း မာသွားတတ်ပါတယ်။ အခဲခံထားတဲ့ ရေခဲမုန့်နည်းနည်းပျော့သွားအောင် အပြင်မှာ ခဏလောက်တော့ ထုတ်ထားရပါတယ်။ 


ကော်ဖီရေခဲမုန့်




ပါဝင်သောပစ္စည်းများ

Heavy Whipping Cream or Whipping Cream အရည် 500ml ၊ နို့ဆီ တစ်ဘူး၊ Premier Americano Coffee မှုန့် ၂ ထုပ်( တစ်ခွက်စာအထုပ်)။

ပြင်ဆင်ပြုလုပ်ပုံ

ဇလုံကြီးကြီးတစ်ခုထဲတွင် နို့ဆီဘူးကို ဖောက်ထည့်ထားပါ။

အခြားဇလုံကြီးကြီးတစ်ခုထဲတွင် Heavy whipping Cream အရည်ကိုထည့်၊ ကော်ဖီမှုန့်ကိုထည့်ပြီး လျှပ်စစ်မွှေစက်ဖြင့် ၃ မိနစ်မှ ၅မိနစ်ခန့်မွှေပါ။ ပျစ်ပြီး မွှနေတဲ့ ခရင်မ်ဖြစ်လာပါလိမ့်မည်။

ခရင်မ်အနည်းငယ်ကို ယူပြီး နို့ဆီဇလုံထဲကိုထည့်ပြီး အထက်အောက် အသာလေးသမအောင်မွှေပါ။ (ပျစ်နေတဲ့ နို့ဆီများ အနည်းငယ် ကျဲသွားအောင်လို့ပါ။)

ပြီးလျှင် ခရင်မ်အားလုံးကို နို့ဆီဇလုံထဲကိုထည့်ပြီး အထက်အောက် အသာလေးသမအောင်မွှေပါ။ (ကော်ဖီဖျော်သလို ဟင်းချက်သလို စက်ဝိုင်းပုံမမွှေရပါ။ အဲလိုမွှေလိုက်ရင် ခရင်မ်များ ပြန်ပြီးအရည်ပျော်သွားပါလိမ့်မည်။ အောက်ပိုင်းက နို့ဆီကို အပေါ်တင်လိုက် မွှေလိုက်လိုမျိုး အသာလေးမွှေရတာပါ။ အားလုံးတသားတည်းဖြစ်အောင်မွှေပါ။)

နို့ဆီတွေကွက်ကျန်နေတာမျိုး မဖြစ်ရပါ။ သမသွားသော ခရင်မ်များကို ရေခဲမုန့်လုပ်ရန် ခွက် သို့မဟုတ် ဘူးထဲထည့်ပြီး အဖုံးဖုံး၍ ရေခဲသေတ္တာအပေါ်ထပ်ထဲတွင် အနည်းဆုံး ၈နာရီထားခဲပါ။

ကော်ဖီနံ့သင်းပျံ့နေသော ကော်ဖီရေခဲမုန့်ကိုသုံးဆောင်နိုင်ပါပြီ။



[Zawgyi]Home Made Blueberry Ice Cream




ပါဝင္ပစၥည္းမ်ား

ႏြားႏို႔ ၁လီတာ၊ သၾကား ၁၀၀ ဂရမ္၊ ကရင္မ္ ခြက္တစ္ဝက္ ၁၂၅ မီလီလီတာ၊ Rose Water လက္ဖက္ရည္ဇြန္း တစ္ဇြန္း (အနံ႔အတြက္)၊ ဘလူးဘယ္ရီ ၅၀၀ ဂရမ္၊ သၾကား ၁၀၀ ဂရမ္၊ Pistacho သို႔မဟုတ္ ႏွစ္သက္ရာသစ္သီးေျခာက္ ၅၀ ဂရမ္၊ အျခားရနံ႔ႏွင့္ Rose Water ႏွစ္သက္လ်ွင္ထၫ့္ပါ။

ျပင္ဆင္ျပဳလုပ္ပံု

ႏြားႏို႔ကို အိုးတစ္ခုတြင္ထၫ့္ၿပီး မီးအေနေတာ္ျဖင့္ က်ိဳခ်က္ပါ။ သံုးခ်ိဳးတစ္ခ်ိဳးက်န္သည္အထိ အဆက္မျပတ္ေမႊေပးပါ။ ၿပီးလ်ွင္ သၾကား ၁၀၀ ဂရမ္ႏွင့္ ခရင္မ္ ၁၂၅ မီလီလီတာ ထၫ့္ၿပီးေမႊေပးပါ။ 

သၾကားေပ်ာ္ပါက မီးပိတ္ထားေပးပါ။ ႏြားႏို႔၏ အပ်စ္အက်ဲအေနအထားမွာ ေယာက္မတြင္ ကပ္ေနေသာႏို႔ကို လက္ေခ်ာင္းျဖင့္ ဆြဲၾကၫ့္ပါက ႏို႔မ်ားျပန္လည္ေရာသမသြားေသာ အေနအထားျဖစ္ရမည္။

ဘလူးဘယ္ရီကို သၾကားျဖင့္ေရာ့ာ အိုးတစ္ခုျဖင့္က်ိဳၿပီး အေစ့မ်ား အႏွစ္တိုက္ထားပါ။ ၿပီးလ်ွင္ အသင့္က်ိဳထားေသာ ႏြားႏို႔အိုးထဲသို႔ ေရာထၫ့္ပါ။

Rose Water သို႔မဟုတ္ ႏွစ္သက္ရာ အနံ႔ထၫ့္ပါ။ ၿပီးလ်ွင္ အေအးခံမၫ့္ ေမႊရလြယ္ေသာ စတီးခြက္က်ယ္က်ယ္တစ္ခုတြင္ ေလာင္းထၫ့္ကာ ေရခဲေသတၲအခန္းထဲတြင္ ထၫ့္ထားပါ။ 

ေရခဲမုန႔္အေရာကို ဘူးျဖင့္ ဒီအတိုင္းထၫ့္သိမ္းပါက မာခဲေနေသာ ေရခဲတံုးျဖစ္သြားပါမည္။ မြမြေလးရရိွေစရန္ မိနစ္ ၃၀မွ တစ္နာရီ တစ္ခါထုတ္ယူၿပီး ေမႊေပးပါ။ ေရခဲမုန႔္ တစ္ဝက္ခဲအေနအထားရပါက မိမိထၫ့္လိုေသာ သစ္သီးေျခာက္တို႔ကိုထၫ့္ၿပီး သမေအာင္ေမႊေပးပါ။ လံုးဝနည္းပါးခဲလာလ်ွင္ မိမိသိမ္းဆည္းလိုေသာ ဘူးတြင္ေျပာင္းထၫ့္ၿပီး အဖံုးပိတ္သိမ္းဆည္းထားကာ လိုသလို ထုတ္ယူသံုးေဆာင္ႏိုင္ပါၿပီ။


ေခ်ာကလက္ ေျမပဲ ပဲႏို႔ေရခဲမုန႔္




ပါဝင္ပစၥည္းမ်ား

ေျမပဲ ပဲႏို႔ တစ္လီတာ၊ သၾကား ၆၅ ဂရမ္၊ ေခ်ာကလက္မႈန႔္ ၂၀၀ ဂရမ္၊ Pistacho သို႔မဟုတ္ ႏွစ္သက္ရာသစ္သီးေျခာက္၊ ၅၀ ဂရမ္၊

အနံ႔ႏွစ္သက္လ်ွင္ထၫ့္ပါ။

ျပဳလုပ္နည္း

ပဲႏို႔ကို အိုးတစ္အိုးထဲထၫ့္ၿပီး မီးအေနေတာ္ျဖင့္ က်ိဳပါ။

ၿပီးလ်ွင္ သၾကားႏွင့္ ေခ်ာကလက္ထၫ့္ၿပီး ေမႊေပးပါ။ သၾကားေပ်ာ္ပါက မီးပိတ္ထားပါ။

မိမိထၫ့္လိုသၫ့္ အနံ႔အေမႊးအႀကိဳင္ထၫ့္ပါ။

သစ္သီးေစ့ထၫ့္လိုက ေရႏြေးေဖ်ာၿပီးထၫ့္ပါ။ သမေအာင္ေမႊေပးပါ။

ၿပီးလ်ွင္ အေအးခံမၫ့္ ေမႊရလြယ္ေသာ စတီးခြက္က်ယ္က်ယ္ တစ္ခုထဲ ေလာင္းထၫ့္ၿပီး ေရခဲေသတၲာအခဲခန္းမွာထၫ့္ထားပါ။

ႏို႔ခြက္ကို မိနစ္ ၃၀ ခန႔္တစ္ခါထုတ္ယူၿပီး ေရခဲမုန႔္ခဲလာသည္အထိ ေမႊေပးပါ။

လံုးဝနည္းပါးခဲလာလ်ွင္ မိမိသိမ္းဆည္းလိုေသာ ဘူးထဲေျပာင္းထၫ့္ၿပီး အဖံုးပိတ္၍ သိမ္းဆည္းထားကာ လိုသလိုထုတ္ယူၿပီး သံုးေဆာင္ႏိုင္ပါၿပီ။ (ေရခဲမုန႔္သား အနည္းငယ္ၾကမ္းေနပါက ႀကိတ္စက္ထဲ ထၫ့္ႀကိတ္ေပးၿပီး ျပန္ခဲထားပါ။)


Homemade Mango Ice Cream




ပါဝင္ပစၥည္းမ်ား

ႏြားႏို႔တစ္လီတာ၊ သၾကား ၆၅ ဂရမ္၊ ခရင္မ္ ခြက္တစ္ဝက္ ၁၂၅ မီလီ၊ Rose Water ႏွင္းရည္ လဖက္ရည္ဇြန္း တစ္ဇြန္း၊ သရက္သီးမွၫ့္ တစ္လံုး၊ သၾကား ၅၀ ဂရမ္၊ ေရ ၁၂၅ မီလီ၊ Pistacho သို႔မဟုတ္ ႏွစ္သက္ရာ သစ္သီးေျခာက္ ၅၀ ဂရမ္၊ အနံ႔ႏွင့္ ႏွင္းရည္ ႏွစ္သက္လ်ွင္ထၫ့္ပါ။

ျပဳလုပ္နည္း

ႏြားႏို႔ကိုအိုးတစ္ခုတြင္ထၫ့္ၿပီး မီးအေနေတာ္ျဖင့္က်ိဳပါ။ နဂိုရိွရင္း ႏြားႏို႔ရဲ့ သံုးခ်ိဳးတစ္ခ်ိဳးက်န္သည္အထိ အဆက္မပ်က္ ေမႊေပးပါ။

ၿပီးလ်ွင္ သၾကား ၆၅ ဂရမ္ႏွင့္ ခရင္မ္ ၁၂၅ မီလီထၫ့္ၿပီးေမႊေပးပါ။ သၾကားေပ်ာ္ပါက မီးပိတ္ထားေပးပါ။ ႏြားႏို႔အပ်စ္အေနအထားမွာ ေယာက္မတြင္ ကပ္ေနေသာႏို႔ကိုလက္ေခ်ာင္းျဖင့္ဆြဲၾကၫ့္ပါကာ ႏို႔မ်ားျပည္လည္ေရာမသြားေသာအေနအထားျဖစ္ရမည္။

သရက္သီးမွၫ့္ကိုခြာၿပီး အေနအေတာ္အတံုးေလးမ်ားတံုးထားပါ။ အိုးတစ္ခုတြင္ ေရ ၁၂၅ မီလီႏွင့္ သၾကား ၅၀ ဂရမ္ကိုထၫ့္ၿပီးက်ိဳပါ။

သၾကားေပ်ာ္ပါက သရက္သီး သို႔မဟုတ္ ႏွစ္သက္ရာ မိမိျပဳလုပ္လိုသၫ့္သစ္သီးထၫ့္ၿပီးက်ိဳေပးပါ။

ၿပီးလ်ွင္ အသင့္က်ိဳထားေသာ ႏြားႏို႔အိုးထဲေရာထၫ့္ပါ။

ႏွင္းရည္ သို႔မဟုတ္ မိမိထၫ့္လိုသၫ့္အနံ႔ အေမႊးအႀကိဳင္ထၫ့္ပါ။ သစ္သီးေစ့ထၫ့္လိုပါက ေရႏြေးေဖ်ာၿပီးထၫ့္ပါ။ သမေအာင္ေမႊပါ။

ၿပီးလ်ွင္ အေအးခံမၫ့္ ေမႊရလြယ္ေသာ စတီးခြက္က်ယ္က်ယ္တစ္ခုတြင္ေလာင္းထၫ့္ကာ ေရခဲေသတၲာအခဲခန္းတြင္ထၫ့္ထားပါ။

ႏို႔ခြက္ကို မိနစ္ ၃၀ခန႔္တစ္ခါ ထုတ္ယူၿပီး ေရခဲမုန႔္ခဲလာသည္ထိေမႊေပးပါ။

လံုးဝနည္းပါးခဲလာလ်ွင္ မိမိသိမ္းဆည္းလိုေသာဘူးတြင္ ေျပာင္းထၫ့္ၿပီး အဖံုးပိတ္သိမ္းဆည္းထားကာ လိုသလို ထုတ္ယူသံုးေဆာင္ႏိုင္ပါၿပီ။


ေထာပတ္သီးေရခဲမုန႔္




ပါဝင္ပစၥည္း

ေထာပတ္သီး တစ္လံုး (၄၅၀ ဂရမ္)၊ ႏို႔ဆီ စားပြဲဇြန္း တစ္ဇြန္း ေမာက္ေမာက္၊ သၾကား စားပြဲဇြန္း ေလးဇြန္း၊ Whipping Cream တစ္ဘူး၊ ဆား လက္တစ္ဖ်စ္စာမ်ွသာ၊ ႏြားႏို႔ သို႔မဟုတ္ ႏို႔စိမ္း ၁၀၀ မီလီလီတာ။

ျပဳလုပ္နည္း

ေရခဲမုန႔္ျပဳလုပ္မၫ့္ခြက္ကို ေရခဲေသတၲာအခဲထပ္တြင္ တစ္ည သို႔မဟုတ္ (၂၄ နာရီ)ထၫ့္ထားပါ။

Whipping cream ၊ ခရင္မ္ကိုေမႊမၫ့္ခြက္၊ ေမႊတံတို႔ကို ေရခဲေသတၲာ အေအးထပ္တြင္ ႀကိဳတင္ထၫ့္ထားပါ။

အားလံုးေအးေနေသာအခါ ခရင္မ္ကို ခြက္တြင္ထၫ့္ၿပီးေမႊပါ။ အျမဳပ္ထလာေသာအခါ သၾကားတစ္ဇြန္းထၫ့္ၿပီးေမႊပါ။ အျမဳပ္မ်ားပြလာတဲ့ အခါ သၾကားတစ္ဇြန္းထပ္ထၫ့္ၿပီး အျမဳပ္ခဲလုနည္းပါးအထိေမႊပါ။ အေမႊလြန္လ်ွင္ အျမဳပ္မ်ားျပန္က်သြားတတ္သည္။ ေရခဲေသတၲာ အေအးထပ္တြင္ ထၫ့္ထားပါ။

ေထာပတ္သီး အသားႏႊာၿပီး ႏို႔ဆီ၊ ႏြားႏို႔၊ သၾကား ႏွစ္ဇြန္းထၫ့္ၿပီး ေမႊစက္နဲ႔ေမႊထားပါ။

ေထာပတ္သီးႏွင့္ အေအးခံထားေသာ ခရင္မ္အႏွစ္ေရာၿပီးေမႊပါ။

ေရခဲမုန႔္ခြက္ႏွင့္ ဒလက္ကို စက္တြင္အံက်ေအာင္တပ္ဆင္ၿပီး ခလုပ္ႏိွပ္ပါ။ မုန႔္ႏွစ္အရည္ အေပၚမွေလာင္းခ်ထၫ့္ပါ။ မုန႔္ႏွစ္ရည္ ခဲလာသၫ့္အခါ စက္ကိုရပ္ပါ။

ဒလက္ကိုဖယ္ၿပီး သိမ္းမၫ့္ဗူးတြင္ ေျပာင္းထၫ့္ကာ ေရခဲေသတၲာ အခဲထပ္တြင္ သိမ္းပါ။

ေရခဲမုန႔္စက္က အသံုးျပဳတဲ့စက္အေပၚမွာ မူတည္ၿပီးေရးထားတာျဖစ္ပါတယ္။ ကိုယ့္အိမ္မွာရိွတဲ့ စက္အမ်ိဳးအစားမွ ၫႊန္ၾကားခ်က္ေရးထားသၫ့္အတိုင္း ျပဳလုပ္ၾကဖို႔လိုပါတယ္။

*** ေရမ်ားၿပီး ခရင္မ္လိုအႏွစ္(ေကာ္မႈန႔္၊ ကာ့စတာ့ေပါင္ဒါ၊ ခရင္မ္) နည္းလို႔ ၊ ေမႊတဲ့အခ်ိန္တိုရင္ ေလကိုဆြဲသြင္းတာနည္းလို႔၊ အခဲခံ သိမ္းတဲ့အခါ အဖံုးလံုေအာင္ပိတ္သင့္တယ္။ ေရခဲမုန႔္ေပ်ာ္သြားၿပီးမွ အခဲခံရင္လည္း မာသြားတတ္ပါတယ္။ ေရခဲမုန႔္မျဖစ္ခင္ သိမ္းလိုက္ မိရင္လည္း မာသြားတတ္ပါတယ္။ အခဲခံထားတဲ့ ေရခဲမုန႔္နည္းနည္းေပ်ာ့သြားေအာင္ အျပင္မွာ ခဏေလာက္ေတာ့ ထုတ္ထားရပါတယ္။ 


ေကာ္ဖီေရခဲမုန႔္




ပါဝင္ေသာပစၥည္းမ်ား

Heavy Whipping Cream or Whipping Cream အရည္ 500ml ၊ ႏို႔ဆီ တစ္ဘူး၊ Premier Americano Coffee မႈန႔္ ၂ ထုပ္( တစ္ခြက္စာအထုပ္)။

ျပင္ဆင္ျပဳလုပ္ပံု

ဇလံုႀကီးႀကီးတစ္ခုထဲတြင္ ႏို႔ဆီဘူးကို ေဖာက္ထၫ့္ထားပါ။

အျခားဇလံုႀကီးႀကီးတစ္ခုထဲတြင္ Heavy whipping Cream အရည္ကိုထၫ့္၊ ေကာ္ဖီမႈန႔္ကိုထၫ့္ၿပီး လ်ွပ္စစ္ေမႊစက္ျဖင့္ ၃ မိနစ္မွ ၅မိနစ္ခန႔္ေမႊပါ။ ပ်စ္ၿပီး မႊေနတဲ့ ခရင္မ္ျဖစ္လာပါလိမ့္မည္။

ခရင္မ္အနည္းငယ္ကို ယူၿပီး ႏို႔ဆီဇလံုထဲကိုထၫ့္ၿပီး အထက္ေအာက္ အသာေလးသမေအာင္ေမႊပါ။ (ပ်စ္ေနတဲ့ ႏို႔ဆီမ်ား အနည္းငယ္ က်ဲသြားေအာင္လို႔ပါ။)

ၿပီးလ်ွင္ ခရင္မ္အားလံုးကို ႏို႔ဆီဇလံုထဲကိုထၫ့္ၿပီး အထက္ေအာက္ အသာေလးသမေအာင္ေမႊပါ။ (ေကာ္ဖီေဖ်ာ္သလို ဟင္းခ်က္သလို စက္ဝိုင္းပံုမေမႊရပါ။ အဲလိုေမႊလိုက္ရင္ ခရင္မ္မ်ား ျပန္ၿပီးအရည္ေပ်ာ္သြားပါလိမ့္မည္။ ေအာက္ပိုင္းက ႏို႔ဆီကို အေပၚတင္လိုက္ ေမႊလိုက္လိုမ်ိဳး အသာေလးေမႊရတာပါ။ အားလံုးတသားတည္းျဖစ္ေအာင္ေမႊပါ။)

ႏို႔ဆီေတြကြက္က်န္ေနတာမ်ိဳး မျဖစ္ရပါ။ သမသြားေသာ ခရင္မ္မ်ားကို ေရခဲမုန႔္လုပ္ရန္ ခြက္ သို႔မဟုတ္ ဘူးထဲထၫ့္ၿပီး အဖံုးဖံုး၍ ေရခဲေသတၲာအေပၚထပ္ထဲတြင္ အနည္းဆံုး ၈နာရီထားခဲပါ။

ေကာ္ဖီနံ႔သင္းပ်ံ့ေနေသာ ေကာ္ဖီေရခဲမုန႔္ကိုသံုးေဆာင္ႏိုင္ပါၿပီ။

Thursday, June 24, 2021

“မဟာသမယအခါတော်နေ့"

 [Unicode]“မဟာသမယအခါတော်နေ့ နှင့်

နယုန်လပြည့်နေ့၏ ထူးခြားချက်များ” 

•••••••••••••••••••••••••••••••••••••••••




နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ငြိမ်းချမ်းရေးမှတ်တိုင်ကို စိုက်ထူနိုင်သော သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။


မြတ်စွာဘုရားသည်ထိုနေ့၌ ကပိလဝတ်ပြည်မဟာဝုန်တောကြီးအတွင်း မဟာသမယသုတ်ဟောကြားတော်မူသည်ကို အကြောင်းပြု၍ နယုန်လပြည့်နေ့၌ “မဟာသမယအခါတော်ပွဲ” ကျင်းပရခြင်း ဖြစ်ပါသည်။ 


နယုန်လပြည့်နေ့၏ ထူးခြားချက်များမှာ-

•••••••••••••••••••••••••••••••••••••••••••••

(၁) ရေလုပွဲဆင်နွှဲကြသောတောင်သူလယ်သမားတို့ 

ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေးခြင်း။ 

(၂) ကပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင် 

စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှကင်းဝေးပြီး၊

ငြိမ်းချမ်းရေးရသောနေ့ဖြစ်ခြင်း။ 

(၃) နတ်၊ဗြဟ္မာ၊အသူရာ နှင့် ဂဠုန်၊နဂါးများ၊

ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ဖြစ်ခြင်း။ 

(၄) မင်းသားငါးရာ သာ့သနာဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

(၅) ရဟန်းတော် ငါးရာလုံး ရဟန္တာချည်းဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

(၆) “နိမ္မိတဘုရား” ကမေး၍ “ပကတိဘုရား” က

ဖြေဆိုသည်ကို နာရသောကြောင့် ထူးခြားခြင်း။

(၇) မဟာသမယကို အကြောင်းပြု၍ ဂဠုန်နှင့်နဂါးတို့ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

(၈) မဟာသမယဆိုင်ရာ သုတ္တန် ၇မျိုးကို ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။

(၉) ဘိက္ခုနီသာသနာ လမ်းစပေါ်သောနေ့ဖြစ်၍ထူးခြားခြင်း။


ဤထူးခြားမှုများကို အာရုံပြု၍ ဗုဒ္ဓဘာသာဝင်တို့က နယုန်လပြည့်နေ့ကို မဟာသမယ အခါတော်နေ့

အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။ 


“မဟာသမယ သမိုင်း”

••••••••••••••••••••••••••

ရှေးအခါက အိန္ဒိယနိုင်ငံတွင် ကပိလ၀တ်ပြည်မှ 

လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့ ရောဟိနီမြစ်မှရေကို အကြောင်းပြု၍ ရေလုပွဲကြီး ဆင်နွှဲခဲ့ကြဖူး၏။ 


လယ်သမားများကိုအကြောင်းပြု၍ နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့် စစ်သည်တော်များသည်လည်း ရောဟိနီမြစ်ရှိရာသို့ ရောက်ရှိလာကြ၏။ နှစ်ဖက်နိုင်ငံမှ လူအများတို့သည်တုတ်၊ဓား၊လက်နက်ကိုင်ဆောင်၍ ထိုးခုတ်တိုက်ခိုက်တော့မည့်အခြေအနေသို့ ရောက်ရှိနေကြ၏။ 


ပဋိပက္ခဖြစ်သည့်နေရာသို့ မြတ်စွာဘုရားရောက်ရှိလာပြီး၊ငြိမ်းချမ်းရေးကို ရှေ့ရှု၍ အောက်ပါဝတ္တုများကို သာဓကထုတ်၍ ငြိမ်းချမ်းရေးတရားကို ဟောကြားတော်မူလေသည်။ 


(၁)။ ၀က်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍ 

နှစ်ဦးစလုံးပျက်စီးကြပုံ “ဖန္ဒနဇာတ်”၊ 


(၂)။ မြေပြိုပါပြီဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော ယုန်တစ်ကောင်၏စကားကို ယုံမှား၍ တိရစ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခ ရောက်ကြရပုံ "ဒုဒ္ဒုဘဇာတ်”၊ (ပထဝီဥန္ဒြိယဇာတ်)၊ 


(၃)။ အားသေးသော နှံစုတ်ငှက်မက အားကြီးသော

ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံ “လဋုကိလဇာတ်”၊ 


(၄)။ ညီညွတ်စဉ်ခါက ရန်သူ၏လက်မှ လွတ်မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်း မညီမညွတ်ဖြစ်လာသောအခါ ငုံးငှက်များ မုဆိုး၏ပိုက်ကွန်၌ အမိခံရပုံ “သမ္မောဒမာနဇာတ်”၊ 


(၅)။ သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်း တည်နေ၍ လေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ပုံ "ရုက္ခဓမ္မဇာတ်”၊ 


(၆)။ မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန် "အတ္တဒဏ္ဍ”သုတ်ကို ထုတ်ဆောင်ဟောပြ ဆုံးမတော်မူပါသည်။ 


အထက်ပါ သာဓက (၆) မျိုးကို နာကြားရသောအခါ နှစ်ဖက်တိုင်းပြည်မှ လယ်သမားများနှင့် မင်းညီမင်းသားစစ်သည်တော်များသည် ဒေါသမီးငြိမ်းစဲကာ လက်နက်များကိုစွန့်ပယ်၍ မေတ္တာဓာတ်များ 

သက်ဝင်လာကြကုန်၏။ 


တစ်ဖက်လျှင် ၂၅၀ စီ နှစ်ပြည်ထောင်မှ မင်းသားငါးရာတို့ သာသနာ့ဘောင်သို့ ဝင်၍ ရဟန်းပြုကြကုန်၏။ 


ထိုရဟန်းတော်များသည် ဇနီးမယားကို အောက်မေ့

တမ်းတ သတိရပြီး သာသနာ့ဘောင်၌ မပျော်မွေ့နိုင်ဘဲ ရှိကြရာ မြတ်စွာဘုရားက ဟိမဝန္တာတောအတွင်း ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်၍ ကုဏာလ ငှက်မင်း၏ ဇာတ်ကြောင်းကို ဟောပြောတော်မူပါသည်။ 


တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန် ဖြစ်တော်မူကြပါသည်။ 


မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးသို့ ပြန်လည်ကြွတော်မူရာ အပြန်ခရီးတွင် သောတာပန်ရဟန်းငါးရာလုံး မိမိတို့၏ တန်ခိုးတော်ဖြင့် လိုက်ပါလာကြကုန်၏။ 


ထိုမဟာဝုန်တောကြီး၌ တရားတော်ကို ဆက်လက်

အားထုတ်ရာ ရဟန်းတော်အားလုံး ရဟန္တာချည်း 

ဖြစ်တော်မူကြပါသည်။ 


ရဟန်းငါးရာတိုးသည် မိမိတို့ရရှိပြီးသောတရားထူးကို လျှောက်ထားရန် မြတ်စွာဘုရားကို ဖူးမြော်ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရား

အထံသို့ စုရုံးရောက်ရှိလာကြကုန်၏။ ဤကဲ့သို့ 

ထူးခြားသော သံဃာ့အစည်းအဝေးကြီးကို တွေ့မြင်ကြည်ညိုလိုကြကုန်သော နတ်ဗြဟ္မာ အသုရာနှင့် 

ဂဠုန်၊နဂါးတို့သည် မဟာဝှန်တောကြီးသို့ အုပ်စုလိုက်စုရုံးရောက်ရှိလာကြကုန်၏။ 


ဘုရားရှင်လက်ထက်တော်အခါက နယုန်လပြည့်နေ့တွင် ဤကဲ့သို့ နတ်ဗြဟ္မာများ စုရုံးစည်းဝေးမိသောအချိန်ကို “မဟာသမယ” ဟုခေါ်ဆိုပါသည်။ 


ထိုနတ်သဘင်အစည်းအဝေး၌ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်သောအားဖြင့် မိန့်ကြားသောစကားတော်များကို "မဟာသမယသုတ်”ဟု ခေါ်ဆိုရပါသည်။ 


မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက် စရိုက်အားလျော်စွာ အောက်ပါသုတ်တော်များကို ဆက်လက်ဟောကြားတော်မူပါသည်။ 


(၁)။ ရာဂစရိုက် အားကြီးသူတို့အတွက် 

သမ္မာပရိဗ္ဗာဇနိယသုတ်၊

(၂)။ ဒေါသစရိုက် အားကြီးသူတို့အတွက် 

ကလဟဝိဝါဒသုတ်၊

(၃)။ မောဟစရိုက် အားကြီးသူတို့အတွက် 

မဟာဗျူဟသုတ်၊

(၄)။ ဝိတက်စရိုက် အားကြီးသူတို့အတွက် 

စုဠဗျူဟသုတ်၊

(၅)။ သဒ္ဓါစရိုက် အားကြီးသူတို့အတွက် 

တုဝဋကသုတ်၊

(၆)။ ပညာစရိုက် အားကြီးသူတို့အတွက် 

ပုရာဘေဒသုတ်၊ 

တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တမ်းဝင်ကြလေသည်။ 


ဣဒံပန မဟာသမယသုတ်တံ

နာမ ဒေဝတာနံ ပိယံ မနာပံ၊

တသ္မာ မင်္ဂလံ ဝဒန္တေန အဘိနဝဌာနေသု

ဣဒမဝေ သုတ်တံ ဝတ်တဗ်ဗံ။

(ဒီ၊ ဋ္ဌ၊ ၂၊ နှာ၊ ၂၈၇။)


❁နိဗ္ဗာန်ဏဿ ပစ္စယော ဟောတု❁


🙏🙏🙏🙏🙏

ဓမ္မဒါနပြန်လည်မျှဝေပါသည်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ_အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

"ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးမြတ် သိဉာဏ်ထက်၏”


💠 ဓမ္မကို ဖြန့်ဝေသောသူသည် "သာသနာပြုသူ" မည်ပါ၏။ ဓမ္မကို ဖြန့်ဝေခြင်းမှာ "ပတ္တိဒါနကုသိုလ်" ဖြစ်ပါ၏။


[Zawgyi]“မဟာသမယအခါေတာ္ေန့ ႏွင့္

နယုန္လျပၫ့္ေန့၏ ထူးျခားခ်က္မ်ား” 

•••••••••••••••••••••••••••••••••••••••••




နယုန္လျပၫ့္ေန့သည္ ဗုဒၶဘာသာဝင္တို႔အဖို႔ ၿငိမ္းခ်မ္းေရးမွတ္တိုင္ကို စိုက္ထူႏိုင္ေသာ သမိုင္းဝင္ ေန့ထူးေန့ျမတ္ႀကီးျဖစ္ပါသည္။


ျမတ္စြာဘုရားသည္ထိုေန့၌ ကပိလဝတ္ျပည္မဟာဝုန္ေတာႀကီးအတြင္း မဟာသမယသုတ္ေဟာၾကားေတာ္မူသည္ကို အေၾကာင္းျပဳ၍ နယုန္လျပၫ့္ေန့၌ “မဟာသမယအခါေတာ္ပြဲ” က်င္းပရျခင္း ျဖစ္ပါသည္။ 


နယုန္လျပၫ့္ေန့၏ ထူးျခားခ်က္မ်ားမွာ-

•••••••••••••••••••••••••••••••••••••••••••••

(၁) ေရလုပြဲဆင္ႏႊဲၾကေသာေတာင္သူလယ္သမားတို႔ 

ျငင္းခံု ခိုက္ရန္ေဘးမွကင္းေဝးျခင္း။ 

(၂) ကပိလဝတ္ ႏွင့္ ေကာလိယ ႏွစ္ျပည္ေထာင္ 

စစ္ခင္းေတာ့မၫ့္ ေဘးအႏၲရာယ္မွကင္းေဝးၿပီး၊

ၿငိမ္းခ်မ္းေရးရေသာေန့ျဖစ္ျခင္း။ 

(၃) နတ္၊ျဗဟၼာ၊အသူရာ ႏွင့္ ဂဠုန္၊နဂါးမ်ား၊

ရဟန္းေတာ္မ်ား ဤ-တစ္ႀကိမ္တည္းသာ စုရံုးမိေသာေန့ျဖစ္ျခင္း။ 

(၄) မင္းသားငါးရာ သာ့သနာေဘာင္သို႔ ဝင္ေရာက္ေသာေန့ျဖစ္၍ ထူးျခားျခင္း။

(၅) ရဟန္းေတာ္ ငါးရာလံုး ရဟႏၲာခ်ည္းျဖစ္ေသာေန့ျဖစ္၍ ထူးျခားျခင္း။

(၆) “နိမၼိတဘုရား” ကေမး၍ “ပကတိဘုရား” က

ေျဖဆိုသည္ကို နာရေသာေၾကာင့္ ထူးျခားျခင္း။

(၇) မဟာသမယကို အေၾကာင္းျပဳ၍ ဂဠုန္ႏွင့္နဂါးတို႔ခိုက္ရန္မဖက္ ေမတၲာသက္ဝင္ေသာေန့ျဖစ္၍ ထူးျခားျခင္း၊

(၈) မဟာသမယဆိုင္ရာ သုတၲန္ ၇မ်ိဳးကို ေဟာၾကားေသာ ေန့ျဖစ္၍ ထူးျခားျခင္း။

(၉) ဘိကၡုနီသာသနာ လမ္းစေပၚေသာေန့ျဖစ္၍ထူးျခားျခင္း။


ဤထူးျခားမႈမ်ားကို အာရံုျပဳ၍ ဗုဒၶဘာသာဝင္တို႔က နယုန္လျပၫ့္ေန့ကို မဟာသမယ အခါေတာ္ေန့

အထိမ္းအမွတ္အျဖစ္ က်င္းပျခင္းျဖစ္ပါသည္။ 


“မဟာသမယ သမိုင္း”

••••••••••••••••••••••••••

ေရွးအခါက အိႏၵိယႏိုင္ငံတြင္ ကပိလ၀တ္ျပည္မွ 

လယ္သမားမ်ားႏွင့္ ေကာလိယျပည္မွ လယ္သမားတို႔ ေရာဟိနီျမစ္မွေရကို အေၾကာင္းျပဳ၍ ေရလုပြဲႀကီး ဆင္ႏႊဲခဲ့ၾကဖူး၏။ 


လယ္သမားမ်ားကိုအေၾကာင္းျပဳ၍ ႏွစ္ဖက္ႏိုင္ငံမွ မင္းညီမင္းသားမ်ားႏွင့္ စစ္သည္ေတာ္မ်ားသည္လည္း ေရာဟိနီျမစ္ရိွရာသို႔ ေရာက္ရိွလာၾက၏။ ႏွစ္ဖက္ႏိုင္ငံမွ လူအမ်ားတို႔သည္တုတ္၊ဓား၊လက္နက္ကိုင္ေဆာင္၍ ထိုးခုတ္တိုက္ခိုက္ေတာ့မၫ့္အေျခအေနသို႔ ေရာက္ရိွေနၾက၏။ 


ပဋိပကၡျဖစ္သၫ့္ေနရာသို႔ ျမတ္စြာဘုရားေရာက္ရိွလာၿပီး၊ၿငိမ္းခ်မ္းေရးကို ေရ႔ွရႈ၍ ေအာက္ပါဝတၲုမ်ားကို သာဓကထုတ္၍ ၿငိမ္းခ်မ္းေရးတရားကို ေဟာၾကားေတာ္မူေလသည္။ 


(၁)။ ၀က္ဝံႏွင့္ ရုကၡစိုးနတ္တို႔ ရန္ၿငိဳးဖြဲ႔မွား၍ 

ႏွစ္ဦးစလံုးပ်က္စီးၾကပံု “ဖႏၵနဇာတ္”၊ 


(၂)။ ေျမၿပိဳပါၿပီဟု ထင္ေၾကးျဖင့္ ဟစ္ေအာ္ထြက္ေျပးေသာ ယုန္တစ္ေကာင္၏စကားကို ယံုမွား၍ တိရစၧာန္မ်ား အေျပးမွားၿပီး ဆင္းရဲဒုကၡ ေရာက္ၾကရပံု "ဒုဒၵုဘဇာတ္”၊ (ပထဝီဥႃႏၵိယဇာတ္)၊ 


(၃)။ အားေသးေသာ ႏွံစုတ္ငွက္မက အားႀကီးေသာ

ဆင္ေျပာင္ႀကီးကို အႏိုင္ယူဖူး၍ ရန္သူကို အထင္မေသးသင့္ပံု “လဋုကိလဇာတ္”၊ 


(၄)။ ညီၫြတ္စဉ္ခါက ရန္သူ၏လက္မွ လြတ္ေျမာက္ေသာ္လည္း စိတ္ဝမ္းကြဲ၍ အခ်င္းခ်င္း မညီမၫြတ္ျဖစ္လာေသာအခါ ငံုးငွက္မ်ား မုဆိုး၏ပိုက္ကြန္၌ အမိခံရပံု “သမၼောဒမာနဇာတ္”၊ 


(၅)။ သက္မဲ့ျဖစ္ေသာ သစ္ပင္မ်ားပင္ တစ္စုတစ္ေဝးတည္း တည္ေန၍ ေလေဘးအႏၲရာယ္မွ ကင္းေဝးႏိုင္ပံု "ရုကၡဓမၼဇာတ္”၊ 


(၆)။ မိမိကိုယ္ကို ထိန္းသိမ္းဆံုးမရန္ "အတၲဒ႑”သုတ္ကို ထုတ္ေဆာင္ေဟာျပ ဆံုးမေတာ္မူပါသည္။ 


အထက္ပါ သာဓက (၆) မ်ိဳးကို နာၾကားရေသာအခါ ႏွစ္ဖက္တိုင္းျပည္မွ လယ္သမားမ်ားႏွင့္ မင္းညီမင္းသားစစ္သည္ေတာ္မ်ားသည္ ေဒါသမီးၿငိမ္းစဲကာ လက္နက္မ်ားကိုစြန႔္ပယ္၍ ေမတၲာဓာတ္မ်ား 

သက္ဝင္လာၾကကုန္၏။ 


တစ္ဖက္လ်ွင္ ၂၅၀ စီ ႏွစ္ျပည္ေထာင္မွ မင္းသားငါးရာတို႔ သာသနာ့ေဘာင္သို႔ ဝင္၍ ရဟန္းျပဳၾကကုန္၏။ 


ထိုရဟန္းေတာ္မ်ားသည္ ဇနီးမယားကို ေအာက္ေမ့

တမ္းတ သတိရၿပီး သာသနာ့ေဘာင္၌ မေပ်ာ္ေမြ့ႏိုင္ဘဲ ရိွၾကရာ ျမတ္စြာဘုရားက ဟိမဝႏၲာေတာအတြင္း ကုဏာလေရအိုင္သို႔ တန္ခိုးေတာ္ျဖင့္ ေခၚေဆာင္၍ ကုဏာလ ငွက္မင္း၏ ဇာတ္ေၾကာင္းကို ေဟာေျပာေတာ္မူပါသည္။ 


တရားအဆံုး၌ ရဟန္းငါးရာလံုး ေသာတာပန္ ျဖစ္ေတာ္မူၾကပါသည္။ 


ျမတ္စြာဘုရားသည္ ကုဏာလေရအိုင္မွ ကပိလဝတ္ျပည္အနီး မဟာဝုန္ေတာႀကီးသို႔ ျပန္လည္ႂကြေတာ္မူရာ အျပန္ခရီးတြင္ ေသာတာပန္ရဟန္းငါးရာလံုး မိမိတို႔၏ တန္ခိုးေတာ္ျဖင့္ လိုက္ပါလာၾကကုန္၏။ 


ထိုမဟာဝုန္ေတာႀကီး၌ တရားေတာ္ကို ဆက္လက္

အားထုတ္ရာ ရဟန္းေတာ္အားလံုး ရဟႏၲာခ်ည္း 

ျဖစ္ေတာ္မူၾကပါသည္။ 


ရဟန္းငါးရာတိုးသည္ မိမိတို႔ရရိွၿပီးေသာတရားထူးကို ေလ်ွာက္ထားရန္ ျမတ္စြာဘုရားကို ဖူးေျမာ္ရန္ နယုန္လျပၫ့္ေန့ ညခ်မ္းအခ်ိန္တြင္ ျမတ္စြာဘုရား

အထံသို႔ စုရံုးေရာက္ရိွလာၾကကုန္၏။ ဤကဲ့သို႔ 

ထူးျခားေသာ သံဃာ့အစည္းအေဝးႀကီးကို ေတြ့ျမင္ၾကည္ညိုလိုၾကကုန္ေသာ နတ္ျဗဟၼာ အသုရာႏွင့္ 

ဂဠုန္၊နဂါးတို႔သည္ မဟာဝွန္ေတာႀကီးသို႔ အုပ္စုလိုက္စုရံုးေရာက္ရိွလာၾကကုန္၏။ 


ဘုရားရွင္လက္ထက္ေတာ္အခါက နယုန္လျပၫ့္ေန့တြင္ ဤကဲ့သို႔ နတ္ျဗဟၼာမ်ား စုရံုးစည္းေဝးမိေသာအခ်ိန္ကို “မဟာသမယ” ဟုေခၚဆိုပါသည္။ 


ထိုနတ္သဘင္အစည္းအေဝး၌ အမည္နာမအမ်ိဳးမ်ိဳးကို ထုတ္ေဖာ္ႁမြက္ၾကား ႏႈတ္ခြန္းဆက္ေသာအားျဖင့္ မိန႔္ၾကားေသာစကားေတာ္မ်ားကို "မဟာသမယသုတ္”ဟု ေခၚဆိုရပါသည္။ 


မဟာသမယသုတ္ေတာ္ႀကီးကို ေဟာၾကားၿပီးေနာက္ စရိုက္အားေလ်ာ္စြာ ေအာက္ပါသုတ္ေတာ္မ်ားကို ဆက္လက္ေဟာၾကားေတာ္မူပါသည္။ 


(၁)။ ရာဂစရိုက္ အားႀကီးသူတို႔အတြက္ 

သမၼာပရိဗၺာဇနိယသုတ္၊

(၂)။ ေဒါသစရိုက္ အားႀကီးသူတို႔အတြက္ 

ကလဟဝိဝါဒသုတ္၊

(၃)။ ေမာဟစရိုက္ အားႀကီးသူတို႔အတြက္ 

မဟာဗ်ူဟသုတ္၊

(၄)။ ဝိတက္စရိုက္ အားႀကီးသူတို႔အတြက္ 

စုဠဗ်ူဟသုတ္၊

(၅)။ သဒၶါစရိုက္ အားႀကီးသူတို႔အတြက္ 

တုဝဋကသုတ္၊

(၆)။ ပညာစရိုက္ အားႀကီးသူတို႔အတြက္ 

ပုရာေဘဒသုတ္၊ 

တို႔ကို ေဟာၾကားေတာ္မူရာ နတ္ျဗဟၼာေပါင္း ကုေဋတစ္သိန္းစီ ကြၽတ္တမ္းဝင္ၾကေလသည္။ 


ဣဒံပန မဟာသမယသုတ္တံ

နာမ ေဒဝတာနံ ပိယံ မနာပံ၊

တသၼာ မဂၤလံ ဝဒႏၲေန အဘိနဝဌာေနသု

ဣဒမေဝ သုတ္တံ ဝတ္တဗ္ဗံ။

(ဒီ၊ ႒၊ ၂၊ ႏွာ၊ ၂၈၇။)


❁နိဗၺာန္ဏႆ ပစၥေယာ ေဟာတု❁


🙏🙏🙏🙏🙏

ဓမၼဒါနျပန္လည္မ်ွေဝပါသည္။

သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ_အလႉအားလံုးတို႔တြင္ တရားအလႉသည္ အျမတ္ဆံုးျဖစ္၏။

"ဓမၼစကား ေန့တိုင္းၾကားက စိတ္ထားေဖြးျမတ္ သိဉာဏ္ထက္၏”


💠 ဓမၼကို ျဖန႔္ေဝေသာသူသည္ "သာသနာျပဳသူ" မည္ပါ၏။ ဓမၼကို ျဖန႔္ေဝျခင္းမွာ "ပတၲိဒါနကုသိုလ္" ျဖစ္ပါ၏။

Wednesday, June 23, 2021

"စိန်ဗေဒါ"

 [Unicode]"စိန်ဗေဒါ"




#ရွာစားကြီးစိန်ဗေဒါ

#Sketch_of_Sein_Baydar

#အနုပညာရှင်များအကြောင်း


(မြန်မာဆိုင်းဝိုင်းတီးခတ်သူများရဲ့ ဂုဏ်ဆောင် ဘုရင့်ဘွဲ့ထူးခံ ရွာစားကြီးစိန်ဗေဒါအကြောင်းကို တွေ့မိသမျှလေး ကူးယူဝေငှ လိုက်ပါတယ်။ တစ်စုံတစ်ရာအမှားအယွင်းပါပါက ပြန်လည်မျှဝေသူ ကျွန်တော့်တာဝန်ပါလို့။)


“အရှေ့ကိုလျှောက်ပါလို့၊ အနောက်ကိုတဲ့မျှော်လိုက်ရင်၊ တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရားလေး လေ ဘုရားကိုမြင်” အစရှိသော သီချင်းကို သီဆိုသူမှာ မြန်မာ့သဘင်နယ်တွင် အထူးထင်ရှား ကျော်ဇောခဲ့သော ရွာစားကြီး စိန်ဗေဒါပင်ဖြစ်သည်။ စိန်ဗေဒါကို မြန်မာသက္ကရာဇ် ၁၂၄၄ခုနှစ် တန်ဆောင်မုန်းလကွယ်နေ့တွင် မန္တလေးမြို့ ဆိုင်းဝင်းရပ်၌ ဖွားမြင်ခဲ့သည်။


ဖခင်မှာ ဘုရင့် အသုံးတော်ခံ ဆိုင်းဆရာကြီးတစ်ဦးဖြစ်သည့် ရွာစာကြီး ဆရာဖေဖြစ်သည်။ မိခင်မှာ သီချင်းကြီး သီချင်းခံ၊ ယိုးဒယားပတ်ပျိုး စသည်တို့ကို သီဆိုနိုင်သည့်အပြင် “မိကျောင်း”တူရိယာကို ပိုင်နိုင်စွာ တီးနိုင်သည့် နန်းတွင်းသူ ဒေါ်မမလေးဖြစ်သည်။


ငယ်မည် မောင်ကလေးဖြစ်ပြီး မင်းသားကိုဖိုးကွန်း၊ မင်းသမီးမထွေးလေးတို့ ဇာတ်အဖွဲ့နှင့် ရန်ကုန်တွင် မင်းသမီး မင်းသား (၂)ပါးမသွားမီ ဆိုင်းဝိုင်းချည်းသက်သက် ဗလာတီးပေးရသော “ပတ်ခံ”တီးစဉ် မိမိ၏ ပညာစွမ်းရည်ကို ထုတ်ဖော်ခွင့်ရရှိလေသည်။ သူသည် “ဗေဒါ၊ ဗေဒါ နင်ဘူးကို ဘယ်သူချဲ့တယ်။ ပြောဟဲ့ဗေဒါ၊ မိဗေဒါ၊ အသေအချာ ဗေဒါမရယ်က နေရာချပါလို့ မပြောနိုင်၊ မြတ်ဆရာ အော်ကာငေါက်တယ်၊ ခေါင်းဖောက်ပါလို့ ဗေဒါမှိုင်-ဗေဒါမှိုင်” ဟူသော သီချင်းကို ဒုန်းကဲကြီး၊ နှစ်ဆစ်၊ တစ်ဆစ်၊ ဗယ်ကျော၊ ဗယ်တေ၊ ဒူးလုံးခေါ်သည့် ပတ်ဝိုင်းကြီးခြောက်လုံးနှင့် နားဝင်ချိုအောင် ပီသစွာ တီးပြနိုင်လေသည်။ သူ၏လက်သံကို ရန်ကုန်လူထုက အထူးနှစ်ခြိုက်ကာ “ဗေဒါ မောင်ကလေး” ဟု ခေါ်စမှတ်ပြုကြသည်။ မန္တလေးမြို့သို့ ပြန်လည် ရောက်ရှိလာသောအခါ “စိန်ဗေဒါ” ဟု “စိန်” တစ်လုံးတိုးလျက် ချီးကျူး မှည့်ခေါ်ကြပြန်သည်။


စိန်ဗေဒါသည် အဆိုအကတွင် အလွန်ဝါသနာပါသော မစိန်မေနှင့် အကြောင်းပါခဲ့သည်။ ၁၂၄၇ခုနှစ်တွင် သီပေါဘုရင်သည် အိန္ဒိနိုင်ငံ ဘုံဘိုင်ပြည်နယ် ရတနာဂီရိ၌ စံနေစဉ် ၁၂၇၂ ခုနှစ် တိုက်သစ်တက် မင်္ဂလာကျင်းပရာတွင် စိန်ဗေဒါက သပြေခံနှင့် ဖောင်လား၊ ဖောင်ငင်၊ ဖောင်ဆိုက် အစရှိသော ကြိုးသီချင်းများဖြင့် ဖြေဖျော်ရာ သီပေါမင်းက စိန်ဗေဒါအား “နေမျိုးဗလကျော်သူ”ဟူသော ရွာစားဘွဲ့တံဆိပ်တော်နှင့်တကွ ရွှေသိုင်း အလံ(၄)ချက်၊ ဖန်အိုး(ဖန်ပန်းတိုင်)တို့ကို ချီးမြှင့်ပေးသနားလေသည်။


စိန်ဗေဒါမှာ ဆိုင်းဝိုင်းကြီး တစ်ခုတည်းကိုသာ နိုင်နင်းသည်မဟုတ်ဘဲ ပလွေ၊ စောင်း၊ နှဲ၊ မိကျောင်း၊ ပတ္တလားများကိုလည်း အထူးပင် ကျွမ်းကျင်လိမ္မာစွာ တီးမှုတ်နိုင်ပေသည်။ ပတ်ဝိုင်းကြီးကိုမူ သူတကာမယှဉ်သာအောင် တီးနိုင်ပေသည်။ အနောက်တိုင်း တူရိယာများဖြစ်သော တယော၊ ဘင်ဂျို၊ မယ်ဒလင်၊ လက်ဆွဲဘာဂျာနှင့် ကောနက်(ခရာ)များကိုလည်း ထူးခြားစွာ တီးမှုတ်နိုင်သည်။ ဆိုင်းဝိုင်း တီးနည်းတွင် “ပတ်စာပိုး” တီးနည်းကို မိမိ၏ ပင်ကိုယ်ဉာဏ်ဖြင့် စိန်ဗေဒါသည် စတင်တီထွင်ခဲ့သည်။ အဆိုဘက်တွင်လည်း မိခင်၏ အမွေကို ရသူဖြစ်၍ သရုပ်ပေါ်အောင် ပိုင်နိုင်စွာ ဆိုတတ်သူဖြစ်သည်။ ရွာစာကြီးသည် မကွယ်လွန်မီ ဓာတ်ပြား(၆၄)ပြားမျှ အသံသွင်းခဲ့သည်။


ရတနာဂီရိ၌ စံနေတော်မူသော သီပေါမင်းထံဝင်ရောက်ကြရသည့်အခါ စောင်းဆရာ ဒေ၀ဣန္ဒာ ဦးမောင်မောင်ကြီးနှင့် လက်ပွန်းတတီးနေခွင့်ရသဖြင့် ထိုဆရာကြီးထံမှ စောင်းပညာကိုတပည့်ခံ၍ သင်ယူခဲ့လေသည်။


ဒုတိယကမ္ဘာစစ်အတွင်းက ရွာစားကြီးစိန်ဗေဒါမှာ လည်ချောင်းကင်ဆာဖြစ်သဖြင့် ၁၃၀၄ခုနှစ် တော်သလင်းလဆုပ်(၁၄)ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတောင်တန်းရပ်၌ ကွယ်လွန်ခဲ့ပေသည်။


ရည်ညွှန်းချက် - မြန်မာစွယ်စုံကျမ်း အတွဲ (၄) 


♬ ♬ ♬ ♬ ♪ ♪ ♪ ♬ ♬ 


စိန်ဗေဒါ မူရင်းတီလုံးများ

နာမည်မရေးတော့ဘူး ကိုယ့်ဟာကိုသာ

မွှေနောက်တော့ အများကြီးပဲ။

https://my.pcloud.com/publink/show?code=kZkxVKZoo8XVhkpDQX7Iq6B6PnQqVL7s4uX

တဆင့်မျှဝေခြင်းသာဖြစ်ပါသည်။


[Zawgyi]"စိန္ေဗဒါ"




#ရြာစားႀကီးစိန္ေဗဒါ

#Sketch_of_Sein_Baydar

#အႏုပညာရွင္မ်ားအေၾကာင္း


(ျမန္မာဆိုင္းဝိုင္းတီးခတ္သူမ်ားရဲ့ ဂုဏ္ေဆာင္ ဘုရင့္ဘြဲ႔ထူးခံ ရြာစားႀကီးစိန္ေဗဒါအေၾကာင္းကို ေတြ့မိသမ်ွေလး ကူးယူေဝငွ လိုက္ပါတယ္။ တစ္စံုတစ္ရာအမွားအယြင္းပါပါက ျပန္လည္မ်ွေဝသူ ကြၽန္ေတာ့္တာဝန္ပါလို႔။)


“အေရ႔ွကိုေလ်ွာက္ပါလို႔၊ အေနာက္ကိုတဲ့ေမ်ွာ္လိုက္ရင္၊ တံခြန္တိုင္ ေရႊကုကၠားနဲ႔ ဘုရားေလး ေလ ဘုရားကိုျမင္” အစရိွေသာ သီခ်င္းကို သီဆိုသူမွာ ျမန္မာ့သဘင္နယ္တြင္ အထူးထင္ရွား ေက်ာ္ေဇာခဲ့ေသာ ရြာစားႀကီး စိန္ေဗဒါပင္ျဖစ္သည္။ စိန္ေဗဒါကို ျမန္မာသကၠရာဇ္ ၁၂၄၄ခုႏွစ္ တန္ေဆာင္မုန္းလကြယ္ေန့တြင္ မႏၲေလးၿမိဳ႔ ဆိုင္းဝင္းရပ္၌ ဖြားျမင္ခဲ့သည္။


ဖခင္မွာ ဘုရင့္ အသံုးေတာ္ခံ ဆိုင္းဆရာႀကီးတစ္ဦးျဖစ္သၫ့္ ရြာစာႀကီး ဆရာေဖျဖစ္သည္။ မိခင္မွာ သီခ်င္းႀကီး သီခ်င္းခံ၊ ယိုးဒယားပတ္ပ်ိဳး စသည္တို႔ကို သီဆိုႏိုင္သၫ့္အျပင္ “မိေက်ာင္း”တူရိယာကို ပိုင္ႏိုင္စြာ တီးႏိုင္သၫ့္ နန္းတြင္းသူ ေဒၚမမေလးျဖစ္သည္။


ငယ္မည္ ေမာင္ကေလးျဖစ္ၿပီး မင္းသားကိုဖိုးကြန္း၊ မင္းသမီးမေထြးေလးတို႔ ဇာတ္အဖြဲ႔ႏွင့္ ရန္ကုန္တြင္ မင္းသမီး မင္းသား (၂)ပါးမသြားမီ ဆိုင္းဝိုင္းခ်ည္းသက္သက္ ဗလာတီးေပးရေသာ “ပတ္ခံ”တီးစဉ္ မိမိ၏ ပညာစြမ္းရည္ကို ထုတ္ေဖာ္ခြင့္ရရိွေလသည္။ သူသည္ “ေဗဒါ၊ ေဗဒါ နင္ဘူးကို ဘယ္သူခ်ဲ့တယ္။ ေျပာဟဲ့ေဗဒါ၊ မိေဗဒါ၊ အေသအခ်ာ ေဗဒါမရယ္က ေနရာခ်ပါလို႔ မေျပာႏိုင္၊ ျမတ္ဆရာ ေအာ္ကာေငါက္တယ္၊ ေခါင္းေဖာက္ပါလို႔ ေဗဒါမိႈင္-ေဗဒါမိႈင္” ဟူေသာ သီခ်င္းကို ဒုန္းကဲႀကီး၊ ႏွစ္ဆစ္၊ တစ္ဆစ္၊ ဗယ္ေက်ာ၊ ဗယ္ေတ၊ ဒူးလံုးေခၚသၫ့္ ပတ္ဝိုင္းႀကီးေျခာက္လံုးႏွင့္ နားဝင္ခ်ိဳေအာင္ ပီသစြာ တီးျပႏိုင္ေလသည္။ သူ၏လက္သံကို ရန္ကုန္လူထုက အထူးႏွစ္ၿခိဳက္ကာ “ေဗဒါ ေမာင္ကေလး” ဟု ေခၚစမွတ္ျပဳၾကသည္။ မႏၲေလးၿမိဳ႔သို႔ ျပန္လည္ ေရာက္ရိွလာေသာအခါ “စိန္ေဗဒါ” ဟု “စိန္” တစ္လံုးတိုးလ်က္ ခ်ီးက်ူး မွၫ့္ေခၚၾကျပန္သည္။


စိန္ေဗဒါသည္ အဆိုအကတြင္ အလြန္ဝါသနာပါေသာ မစိန္ေမႏွင့္ အေၾကာင္းပါခဲ့သည္။ ၁၂၄၇ခုႏွစ္တြင္ သီေပါဘုရင္သည္ အိႏၵိႏိုင္ငံ ဘံုဘိုင္ျပည္နယ္ ရတနာဂီရိ၌ စံေနစဉ္ ၁၂၇၂ ခုႏွစ္ တိုက္သစ္တက္ မဂၤလာက်င္းပရာတြင္ စိန္ေဗဒါက သေျပခံႏွင့္ ေဖာင္လား၊ ေဖာင္ငင္၊ ေဖာင္ဆိုက္ အစရိွေသာ ႀကိဳးသီခ်င္းမ်ားျဖင့္ ေျဖေဖ်ာ္ရာ သီေပါမင္းက စိန္ေဗဒါအား “ေနမ်ိဳးဗလေက်ာ္သူ”ဟူေသာ ရြာစားဘြဲ႔တံဆိပ္ေတာ္ႏွင့္တကြ ေရႊသိုင္း အလံ(၄)ခ်က္၊ ဖန္အိုး(ဖန္ပန္းတိုင္)တို႔ကို ခ်ီးျမႇင့္ေပးသနားေလသည္။


စိန္ေဗဒါမွာ ဆိုင္းဝိုင္းႀကီး တစ္ခုတည္းကိုသာ ႏိုင္နင္းသည္မဟုတ္ဘဲ ပေလြ၊ ေစာင္း၊ ႏွဲ၊ မိေက်ာင္း၊ ပတၲလားမ်ားကိုလည္း အထူးပင္ ကြၽမ္းက်င္လိမၼာစြာ တီးမႈတ္ႏိုင္ေပသည္။ ပတ္ဝိုင္းႀကီးကိုမူ သူတကာမယွဉ္သာေအာင္ တီးႏိုင္ေပသည္။ အေနာက္တိုင္း တူရိယာမ်ားျဖစ္ေသာ တေယာ၊ ဘင္ဂ်ိဳ၊ မယ္ဒလင္၊ လက္ဆြဲဘာဂ်ာႏွင့္ ေကာနက္(ခရာ)မ်ားကိုလည္း ထူးျခားစြာ တီးမႈတ္ႏိုင္သည္။ ဆိုင္းဝိုင္း တီးနည္းတြင္ “ပတ္စာပိုး” တီးနည္းကို မိမိ၏ ပင္ကိုယ္ဉာဏ္ျဖင့္ စိန္ေဗဒါသည္ စတင္တီထြင္ခဲ့သည္။ အဆိုဘက္တြင္လည္း မိခင္၏ အေမြကို ရသူျဖစ္၍ သရုပ္ေပၚေအာင္ ပိုင္ႏိုင္စြာ ဆိုတတ္သူျဖစ္သည္။ ရြာစာႀကီးသည္ မကြယ္လြန္မီ ဓာတ္ျပား(၆၄)ျပားမ်ွ အသံသြင္းခဲ့သည္။


ရတနာဂီရိ၌ စံေနေတာ္မူေသာ သီေပါမင္းထံဝင္ေရာက္ၾကရသၫ့္အခါ ေစာင္းဆရာ ေဒ၀ဣႏၵာ ဦးေမာင္ေမာင္ႀကီးႏွင့္ လက္ပြန္းတတီးေနခြင့္ရသျဖင့္ ထိုဆရာႀကီးထံမွ ေစာင္းပညာကိုတပၫ့္ခံ၍ သင္ယူခဲ့ေလသည္။


ဒုတိယကမ႓ာစစ္အတြင္းက ရြာစားႀကီးစိန္ေဗဒါမွာ လည္ေခ်ာင္းကင္ဆာျဖစ္သျဖင့္ ၁၃၀၄ခုႏွစ္ ေတာ္သလင္းလဆုပ္(၁၄)ရက္ေန့တြင္ ရန္ကုန္ၿမိဳ႔ ေရႊေတာင္တန္းရပ္၌ ကြယ္လြန္ခဲ့ေပသည္။


ရည္ၫႊန္းခ်က္ - ျမန္မာစြယ္စံုက်မ္း အတြဲ (၄) 


♬ ♬ ♬ ♬ ♪ ♪ ♪ ♬ ♬ 


စိန္ေဗဒါ မူရင္းတီလံုးမ်ား

နာမည္မေရးေတာ့ဘူး ကိုယ့္ဟာကိုသာ

ေမႊေနာက္ေတာ့ အမ်ားႀကီးပဲ။

https://my.pcloud.com/publink/show?code=kZkxVKZoo8XVhkpDQX7Iq6B6PnQqVL7s4uX

တဆင့္မ်ွေဝျခင္းသာျဖစ္ပါသည္။

Tuesday, June 22, 2021

ကျွန်တော် သိ တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ…

 [Unicode]ကျွန်တော် သိ တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ…




လူတိုင်း ဘဝမှာ investment ဆိုတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုခု ပြုလုပ် မယ့် အချိန် ဆိုတာ ရောက် ရှိလာတတ် လေ့ရှိပါတယ်။ ငွေပို ငွေလျှံ ရှိလာတဲ့အချိန်မှာ ငွေပမာဏ တစ်ခု စုဆောင်းမိလာပြီး ဒီငွေ လေးကို တိုးပွားစေဖို့အတွက် ရင်းနှီးမြုပ်နှံမှု တစ်ခုခု လုပ်ဆောင်ဖို့ စတင် ကြိုးစားလာ ကြလေ့ရှိပါတယ်။ ဒီ အခါမှာ နီးစပ်ရာအသိမိတ်ဆွေ တစ်ဦးဦး ရဲ့ အကြံပေးချက်နဲ့ လုပ်ဆောင် ဖြစ်ကြတာကများ ပြီးဒီမိတ်ဆွေ ဟာ ရင်းနှီးမြုပ်နှံမှု မှာ လုပ်ကိုင်နေကျ အတွေ့အကြုံရှိသူတစ်ဦး ဖြစ် နေရင် အဆင်ပြေတတ်ပေမယ့် မဟုတ်ခဲ့ရင်တော့ ကိုယ့်အတွက် ဆုံးရှုံးမှုလေးတွေ ကြုံရလေ့ရှိတတ် ပါတယ်။ တစ်ချို့ကတော့ တစ်ကြိမ်လောက် ခါးသီးတဲ့ ရင်းနှီးမြုပ်နှံမှု အတွေ့အကြုံလေးတွေ ရှိ လိုက်မိတာနဲ့ တူးတူးခါးခါး ကြောက်လန့်သွားပြီး စီးပွားရေး တို့. ရင်းနှီးမြုပ်နှံမှုတို့ကို အသံတောင် မှ မကြားချင်တော့ဘူးဆိုတာမျိုး လဲ ဖြစ်သွားကြတာ တွေ့ရပါတယ်။ 

.

တကယ်တော့ ကျွန်တော်တို့ အနေနဲ့  ကိုယ့် ရဲ့အနာဂတ် လှပ စေဖို့ ရင်းနှီးမြုပ်နှံမှုတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ တစ်နေ့နေ့မှာ အကြောင်းတစ်ခုခုကြောင့် ဖြစ်ဖြစ် မတော်တဆမှု တစ်ခုကြောင့် ဖြစ်ဖြစ် အလုပ် မလုပ်နိုင်တော့ ရင် ၊ ငွေမရှာနိုင်တော့ ရင် ဒီ ရင်းနှီးမြုပ်နှံမှုတွေ ကိုပြန် ပြီး မှီခို နိုင်မှာ ဖြစ်ပါတယ်။ သေချာ တာကတော့ မမျှော်လင့် ထားတာ တစ်ခုမှ မဖြစ်လာရင်တောင် တစ်နေ့မှာ အိုမင်း လာပြီး အလုပ် မလုပ်နိုင် ပဲ အနားယူရမယ့်နေ့ကတော့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီအချိန် တွေ အတွက် အိုစာ မင်းစာ စုဆောင်းထားရုံသာ မကပဲ ထိုက့်သင့်တဲ့ ရင်းနှီးမြုပ်နှံမှု တွေ ဆောင်ရွက် ထားခဲ့ဖို့လိုအပ်ပါတယ်။ 

.

ဒီအတွက် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှု တွေ လုပ်ဆောင်နိုင်အောင် ဘာတွေ သိထားသင့်တယ် ဆိုတာကို ကျွန်တော် ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံရ ပြောပြချင်ပါတယ်။

.

.

(၁) အနည်းဆုံးနဲ့ လဲ စလို့ရပါတယ်..

.

တစ်ချို့ကရင်းနှီးမြုပ်နှံမှု Investment လို့ပြောလိုက်ရင် ငွေအရင်းအနှီးတွေ အများကြီးနဲ့ အကြီးအကျယ်ကြီး လုပ်ရတာမျိုးလို့ထင် ကောင်းထင်နေကြလေ့ရှိပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ငွေ အနည်းအကျဉ်း သောင်းဂဏာန်း သိန်း ဂဏာန်းလောက်နဲ့ကို စတင်လို့ ရပါတယ်။ စကားကို ကပ်ပြော ရရင် မြန်မာငွေ ထောင်ဂဏာန်းနဲ့တောင်မှ ကမ္ဘာ့အဆင့်မှီ ရင်းနှီးမြုပ်နှံမှု တစ်ခုကို ပြုလုပ်လို့ ရပါသော်ကောဗျာ။ ရန်ကုန်စတော့ အိတ်ချိန်းမှာ ဆိုရင် ပထမပုဂ္ဂလိကဘဏ် ရဲ့ ရှယ်ယာ တစ်ခုကို ၇၈၀၀, သီလဝါအထူးစီးပွားရေးဇုန် ရှယ်ယာတစ်စုကို ၃၅၀၀, TMH Telecom လုပ်ငန်းရှယ်ယာ တစ်စုကို ၂၈၅၀ ကျပ် (စာရေးနေတဲ့ အချိန် ပေါက်ဈေး)  နဲ့ ဝယ်ယူ ရင်းနှီးမြုပ်နှံလို့ရပါတယ်။ ဒါမှမဟုတ် ရွှေ ဝယ် ပြီး ရင်းနှီးထားချင် တယ်ဆိုရင်လဲ ဒီဖက်ခေတ်မှာ အခေါက် ရွှေကို မှ သောင်းဂဏာန်း လောက်နဲ့ ဝယ်လို့ရတဲ့ စုလို့ရတဲ့ အနေအထား တွေ ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်က ရင်းနှီးမြုပ်နှံမှု လို့ သာဆိုခဲ့တာကြောင့် အထက်က investment တွေ ဟာ အကောင်းဆုံးတွေ ဖြစ်ချင်မှ ဖြစ်ပေမယ့် အနည်းဆုံး လူအများစု တတ် နိုင်တဲ့ ပမာဏတွေ နဲ့ investment ဆိုတာ လုပ်လို့ ရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီအတွက် ငွေတွေ ဘယ်လောက်စုမိမှ၊ ငွေပမာဏ ဘယ်လောက် ရှာနိုင်မှ စလုပ်မယ် ဆိုတာမျိုး စဉ်းစားတာ ဟာ အချိန်ဆွဲခြင်း ၊ မိမိ မလုပ်ဖူးတဲ့ အရာတစ်ခုဖြစ်လို့ ငြင်းပယ်ခြင်း၊ စွန့်စားရမှာ ကြောက်ခြင်း စတာတွေ သာ ဖြစ်နေဖို့များပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ၀ါရင်းဘတ်ဖတ်တောင်မှ အသက် ၁၁ နှစ်မှာ ပထမဆုံး ရင်းနှီးမြုပ်နှံမှုကို ရှယ်ယာတစ်စု စတင်ဝယ်ယူခြင်းနဲ့ စတာပါတဲ့။

.

ကျွန်တော် စတင်ခဲ့ တုန်းကတော့ လစဉ် လစာ တစ်သိန်းခွဲ ရတာကနေ စုထားတဲ့ ငွေလေး သောင်းဂဏာန်း ကို ဖုန်းဘေရောင်း တဲ့ အလုပ် စလုပ်ဖြစ်ပါတယ်။ ဒါကတော့.investment ဆိုတာထက် business တစ်ခု စတယ်လို့ ပြောလို့ရသလို business အနေနဲ့ invest လုပ်တယ်လို့လဲ ပြောလို့ရပါတယ်။ အဲဒီအချိန် တုန်းကတော့ ငွေဖြည့်ကတ် တွေက လွယ်လွယ်နဲ့ ဝယ်လို့မရပဲ ကတ် ကို ခဲခြစ်ပြီး ငွေဖြည့်လို့ရတဲ့ခေတ်ဖြစ်တော့ လက်ကားဈေးနဲ့ရနိုင်မယ့် နေရာတွေမှာ ကတ်တွေ လိုက် ဝယ်ပြီး ပြန်ရောင်းရတဲ့ အနေအထားပါပဲ။ အဲဒီကနေ ရလာတဲ့ အမြတ် ရယ် ငွေထပ်စု တာရယ်နဲ့ အခြား ငွေဖြည့်ကတ်ရောင်းချင်းတဲ့ အသိတွေကိုပါ ကတ်တွေ ရင်းပေးပြီး ရောင်းစေ ပါတယ်။ ဒီအတွက်ရောင်းအား နှစ်ခု ဖြစ်လာတော့ လက်ကား အရေအတွက်ပိုယူနိုင်လို့ ဈေးပိုသက်သာ တာရယ် ၊ အသိတွေကို ရာခိုင်နှုန်း ပါးပါး ထပ်တင်လို့ရတာရယ်ကြောင့် ပိုပြီး အမြတ် ရလာပါတယ်။ ဒါကတော့ လုံးဝ investment သဘော သက်ရောက်သွားတာပါပဲ။ ဒါ့အပြင် ငွေ လေးပိုရင်းနိုင် လာတော့ ငွေဖြည့်ကတ်တွေကို တစ်လလုံးကြိုက်သလောက်ယူ အကြွေးပေးပြီး  လကုန်မှ ပြန်ဆပ် ၊ အဲဒီအတွက် 5% လောက် အပို service အနေနဲ့ ရယူ တာမျိုး ပါ လုပ်လာနိုင် ပါတယ်။ 

.

ဆိုလိုတာကတော့ ဘယ်လောက် စု မိမှ လက်ထဲငွေဘယ်လောက်မှ investment စလုပ်နိုင်မှာ မဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေ ဘာလိုအပ်နေသလဲ ဘာအခက်အခဲတွေ ရှိနေလဲ ဒါတွေကို ဘယ်လို ရှင်းပေးနိုင်မလဲ ဆိုတာကိုသိရင် business or investment တစ်ခုခု လုပ်နိုင်တာပါပဲ။ 


.

.

(၂) ညက အိမ်မက် ထဲမှာ ဒါလုပ် ဆိုပြီးလာပြောသွားတာမျိုးမဟုတ် ….

.

ရင်းနှီးမြုပ်နှံမှု ကောင်း ကောင်းတစ်ခုကို ရလိုက်တယ် ဆိုတာ ထီပေါက် သလို  အမွေ ရသလို ရုတ် တရက် ကြီးကော် ပေါက်တိုးပြီး ပွသွားတာမျိုး မဟုတ်ပါဘူး။ ရှိကောင်းရှိနိုင်ပေမယ့် ရှားပါလိမ့်မယ်။ ဒါ့အပြင် ဒီလို ရခဲ့ရင်လဲ နောက်တစ်ကြိမ်ထပ်ရအောင် လုပ်နိုင် စွမ်းဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ထီပေါက်တာတောင်မှ ထီထိုး ဖို့ နံပါတ်ရွေးဖို့ ထီဖိုးလေး ဖယ်ထားနိုင်ဖို့လိုအပ်ပါသေးတယ်။ 

.

ငယ်ငယ် က ကျွန်တော့်ရဲ့ ရင်းနှီးမြုပ်နှံမှုကောင်း တစ်ခုကို ပြောရမယ်ဆိုရင် သီလဝါအထူး စီးပွားရေး ဇုန်ကြီးဖော်ဆောင်မယ့် အချိန် မှာ အများပြည်သူတွေအတွက် အစုရှယ်ယာ တစ်စုကို တစ်သောင်း နဲ့ ထုတ်ရောင်း တုန်းက ဝယ်လိုက်မိတာပါပဲ။ အဲဒီတုန်းက တစ်စုကို တစ်သောင်းနဲ့ အစု ၁၀၀ ဆယ်သိန်း ဖိုး ဝယ်လိုက်တာပါ။ တကယ်တော့ အဲ့ဒီအချိန်မှာ ရှိသမျှ အလုပ်တွေ လုပ်၊ လစာ ကိုလဲ အသေစု ပြီး တာတောင်မှ လက်ထဲမှာ အဲဒီ ၁၀ သ်ိန်းပဲ ရှိတဲ့အချိန်ဖြစ် လို့ ချမ်းသာသမျှပုံအော လိုက်တဲ့ သဘောပါပဲ။ ဒီ ရှယ်ယာ အစု ၁၀၀ ဟာ တစ်ခု တစ်သောင်းကနေ နောင် နှစ်နှစ် သုံးနှစ် ကြာ စီမံကိန်းကြီးလဲ စတင်၊ နိုင်ငံခြား လုပ်ငန်းတွေကလဲ ပါဝင်လာကြ တော့ ပြင်ပ ပေါက်ဈေး အနေနဲ့ တစ်စုကို ကိုးသောင်း ထိ ပေးကာ ဝယ်လာကြပါတော့တယ်။ ဒီအချိန်မှာ ကျွန်တော်ရဲ့ အစု ၁၀၀ လုံးကို ထုတ်ရောင်းလိုက်ပါတယ်။ သိန်း ၉၀ ရလိုက်တော့ အရင်း ၁၀ သိန်းနုတ်ရင် သိန်း ၈၀ မြတ် တာဟာ အဲဒီအချိန်က အတော်လေးများ တဲ့ ပမာဏပါပဲ။ 

.

အဲဒီ သိန်း ၉၀ လက်ထဲ ရောက်ချိန်မှာ  ကား ဈေးကွက်က ဈေးကျနေတဲ့ အချိန် ဖြစ်ပါတယ်။ တက်စီ တစ်စီးကို သိန်း ၉၀ နဲ့ ဆိုရင် ပျံလန်နေအောင် ရနိုင် တဲ့အတွက် ကျွန်တော့်ရဲ့ ပထမ ဆုံး တက်စီ တစ်စီးကို ဝယ်ယူလိုက်ပါတယ်။ တက်စီကို အငှား ပေးထားလိုက်တဲ့အခါ တစ်လကို သုံးသိန်း အုံနာခ ရပါတော့တယ်။ နောက် တစ်နှစ်လဲ ကြာရော ကားဈေးတွေ ပြန်ခုန်တက်ကာ ကားတန်ဖိုး ပါ မြတ်ပါ တော့တယ်။

.

အထက်က ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် အားရ စရာတွေချည်းပါပဲ။ အကုန်လုံးက အဆင်သင့် ဖြစ်နေ သလို အကွက်ကောင်းတွေ ချည်း ရလိုက်တဲ့ အနေအထားလို့ပြော စရာရှိပါတယ်။ ဒါပေမယ့် တကယ်က ဒီလိုမဟုတ်ပါဘူး။ စတော့ ရှယ်ယာ ဆိုတာကို နားလည် ဖို့အတွက် ကျွန်တော်  ဈေးကြီးတဲ့ သင်တန်းတွေ တက်ခဲ့ ရ လေ့လာခဲ့ရပါတယ်။ လစာ ကတစ်သိန်းခွဲ ပဲရချိန်မှာ တစ်ရက် တန်ကြေး တစ်သိန်း ရှိတဲ့ စတော့ ရှယ်ယာသင်တန်းတွေ တက်ခဲ့၊ စာအုပ်တွေ ဖတ် ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြား broker တစ်ခုနဲ့ ချိတ် ဆက်အကောင့်ဖွင့်ကာ ကမ္ဘာ့လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Apple, Amazon စတဲ့ ရှယ်ယာတွေကို တစ်နှစ်လောက် အရောင်းအဝယ် ပြုလုပ်ခဲ့ရပါတယ်။ အဲဒီ လုပ်ငန်းမှာ အစက အတော်ဟန်ပေမယ့် တရုတ်ပြည် စီးပွားရေး အပျက်မှာ ကျွန်တော် လဲ ရှယ်ယာ မှာရင်းထား သမျှ ဆယ်သိန်း ဝန်းကျင်လောက် အငွေ့ပျံ ပျောက်သွား ပါရော။ အဲဒီအချိန်က ဆယ်သိန်းဟာ အတော်ကို တန်ဖိုး ရှိပါတယ်။  ဆိုလိုတာက အဲဒီ ရှယ်ယာ ဆိုတာဘာလဲ ၊ ဘယ်လို အကျိုးအမြတ် ရနိုင်လဲ၊ ဘာတွေ တွက်ချက်ရမလဲ၊ ဈေးကွက်က ဘယ်လိုလဲ ဆိုတာကို သီလဝါ ရှယ်ယာ မဝယ်ခင် ရှေ့ နှစ် တွေ မှာ လေ့လာလိုက် လုပ်ကြည့်လိုက် ကွဲ လိုက်နဲ့ ဖြစ်နေခဲ့တာပါပဲ။ ဒီလိုပါပဲ ကားဈေး အကျဆုံး ဖြစ်နေတယ်ဆိုတာကို ညက အိမ်မက်ထဲမှာ ဘိုးတော် ကအတိတ် စိမ်းလာပေးတာ မဟုတ်ပါဘူး။ တကယ်ပါ။ ကားဈေး အခြေအနေ ဘယ်လို ရှိလဲ၊ ဘယ်အမျိုးအစား တွေက ဘယ်ဈေးတန်းလဲ စတဲ့ ဈေးကွက်ကို အရင်ကထဲက မျက်ခြေမပြတ် လေ့လာနေခဲ့ တဲ့အတွက် ပါပဲ။ 

.

ဒီအတွက် ကိုယ်စိတ်ဝင်စားတဲ့ သို့မဟုတ် ရင်းနှီးမြုပ်နှံလိုတဲ့ ဈေးကွက်ကို အမြဲ လေ့လာစောင့်ကြည့် ပြီး အကျွမ်းဝင်နေအောင် လုပ်ထားမှသာ အခွင့်သာတဲ့အခါ အကွက်ကောင်းတွေကို ရမှာဖြစ်ပါတယ်။

.

ဒါလေးပြောတော့ ဆုံးသွားတဲ့အဖေ့ကို သွားသတိရပါတယ်။ အဖေက အငြိမ်းစား ဝန်ထမ်းဖြစ်တော့ ငွေ ကို စုဖို့ပဲ အားသန်ပါတယ်။ ဘာစီးပွားရေးမှ မလုပ်တတ်သလို ဆုံးမှာလဲ သိပ်ကြောက်ပါတယ်။ ကပ်စီကလဲ နည်းတယ်ပေါ့ဗျာ။ တစ်ခါတော့ ကျွန်တော်က အဖေ့ကို ရွှေ ဝယ် ကြဖို့ အတင်းတိုက်တွန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွှေ ဈေး ဘယ်လို အခြေအနေ ရှိတယ်ဆိုတာကို အဲဒီအချိန် မှာ ကျွန်တော်က အမြဲလေ့လာ နေ တာဖြစ်တဲ့အတွက် ခု ရောက်နေတဲ့ဈေးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အကျဆုံး အနိမ့်ဆုံးဈေး ဖြစ်တယ် ဆိုတာကို သိ လိုက်တဲ့အတွက်ပါပဲ။ ရန်တွေပါဖြစ် စကားများ ပြီးနောက်မှာ အဖေက စုထားတာလေး တွေထဲက ထုတ်ပြီး သုံးကျပ်သား ဝယ်မယ်လို့ ပြောပါတယ်။ မင်းပြောသလိုသာ ဈေးတက်ပြီးမြတ် ခဲ့ရင် အဲဒီ ငွေနဲ့ မင်း ရွှေ အရောင်းအဝယ်လုပ်ကွာလို့ လဲ ပြောပါသေးတယ်။ အေး …မဟုတ်ခဲ့ ရင်တော့ မင်းနာပြီ ပေါ့..ဒါနဲ့.. အကျဈေးနဲ့ သုံးကျပ်သား သွားဝယ်လိုက် ပြီးနောက်လပိုင်းမှာပဲ ရွှေဈေးဟာ မိုးထိုးအောင် ထောင် တက်သွားလိုက် တော့မှ အဖေ ကို တွေ့ပြီမလား လို့ ရင်ကော့ပြ ရတော့တာပါပဲ။ သို့သော်လည်း ကြက်ကန်းတိုးတယ်သာ ထင် လေတဲ့  အဖေက ရွှေ အရောင်းအဝယ် လုပ်ဖို့ ပေးမယ့်အစား ရွှေ ရောင်းရတဲ့ငွေကို ဆက်သာ ဥ ထား ပါလေရော… 

.

ဆိုတော့ ရွှေဈေး ငွေဈေး  အိမ်ခြံမြေ စတာ တွေကို ကိုယ်နဲ့မဆိုင်ဘူးလို့ ပစ်ပယ် ထားရင် သူတို့ ဆီက အကျိုးအမြတ်တွေကလဲ ကိုယ်နဲ့ ဘယ်လိုမှ ဆိုင်လာမှာ မဟုတ်ပါဘူး။ တူညီတဲ့ တန်ပြန်သက်ရောက် မှုလို့ ဆိုရမှာပါပဲ။

.

.

(၃) လုပ်သာလုပ်….ဆုံးမှာပဲ..

.

ခေါင်းစဉ် နံပါတ် သုံး ကို ကြည့်ပြီး ..ဟာ..ဘယ်လိုကြီးတုန်းလို့ ထင်စရာရှိပါတယ်။ ဟုတ်ပါတယ်။ လုပ်သာလုပ်ပါ… ဆုံးရှုံး မှုကတော့ ကြုံကို ကြုံမှာပါပဲ။ တစ်ခါမှ မဆုံးရှုံးဖူး တဲ့ investor ဆိုတာ မရှိပါဘူး။ ကျွန်တော် ဆိုရင် Business ရော Investemnt အနေနဲ့ပါ ဆုံးရှုံး တာ မအောင်မြင်တာ တွေ မှ အများကြီးပါပဲ။ Management ကျောင်းတက်တော့ ပထမဆုရခဲ့ တဲ့ Business Project ကို လက်တွေ့အကောင်အထည်ဖော်တာ မအောင်မြင်ဘူး။ အထည်ချုပ်လုပ်ငန်းတစ်ခု မှာ ရှယ်ယာ ထည့်တာ အရှုံးပေါ်တယ်၊ အိပ်ယာခင်း လုပ်ငန်းတစ်ခု မှာ ထည့်ဝင်တာ ပိုင်ရှင်က လူလိမ်ဖြစ် နေတယ်၊ Mutual Fund တစ်ခု ထောင်တယ် မအောင်မြင်ဘူး၊ ရှယ်ယာ အရောင်းအဝယ် လုပ်တယ် အရင်းပြုတ်တယ်၊ စသဖြင့်ပါပဲ။ ဒါပေမယ့် အဲဒီ မအောင်မြင်မှုတွေဟာ စတင်လုပ်ကိုင်ခါစ ငါးနှစ် လောက်မှာ ဖြစ်နေခဲ့တာတွေပါပဲ။ အဲဒီနှစ်တွေ မှာ အောင်မြင်တာလဲရှိသလို မအောင်မြင်တာလဲ ရှိပါတယ်။ ဒါပေမယ့် အခုလက်ရှိ အချိန်ကနေ အနီးဆုံးငါးနှစ်အတွင်း လုပ်ခဲ့သမျှမှာ အောင်မြင်မှု နဲ့ ဆုံးရှုံးမှု ဘယ်ဟာကပိုများလဲဆိုရင်တော့ ဆုံးရှုံး တာဟာ မရှိသလောက် နည်းသွားခဲ့ပါတယ်။ ၁၀ ချိုး ၁ချိုးလောက်ကို နည်းသွား တာပါပဲ။ ဒါကြောင့် အောင်မြင်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ ကို လုပ်ကိုင်နိုင်ဖို့အတွက် ဆုံးရှုံး ခြင်းတွေက ပထမ ဆုံးလှေကားထစ် ဖြစ်တယ်လို့ ဆိုချင်တာပါပဲ။ 

.

အဲဒီ လို ဆုံးရှုံးမှုတွေ ကနေ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ တွေးခေါ်နိုင်တာတွေ၊ အန္တရာယ် အငွေ့အသက်ဆို ခံစားလာနိုင်တာတွေ စတာတွေ ရလာပါတယ်။ ဒါ့အပြင် အမှားတွေကနေ သင်ခန်းစာ ယူရပါသေးတယ်။ ဥပမာ ရှုံးသွားတဲ့ လုပ်ငန်းမှာ ရှယ်ယာထည့်မိတာ Financial statement တွေ ကိုမဖတ်တတ်လို့ နားမလည် လို့ ဆိုတာ သိလိုက်တဲ့အတွက်. Finance ပိုင်းကို ဖိပြီး လေ့လာကာ နောက် ကိုထပ်မဖြစ်အောင် လုပ်ဆောင် တာမျိုး လုပ်ဖြစ်ပါတယ်။ 

.

နောက်တစ်ခါ investment လုပ်နေကျ အကျင့် ရှိသွား တဲ့အခါ အခွင့်အလမ်းတွေကို ပိုမြင်တတ်လာ ပါလိမ့်မယ်။ တစ်ခါမှ investment မလုပ်ဖူးတဲ့အခါ  ပမာဏ အများကြီး လုပ်ဖို့ ကြုံလာတော့ မှ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တာ၊ လုပ်လေ့မရှိလို့ အကွက်ကောင်းတွေ လွတ်သွားတာ၊ မလုပ်ရဲတော့တာ စတာတွေ ဖြစ် မလာဖို့ အတွက် ပမာဏ နည်းနည်း စီ ကို အမျိုးအစား များများ လုပ်ဆောင် ဖို့လဲ အကြံပေးချင်ပါတယ်။ 

.

.

(၄) Strategy လေးတွေ …

.

ရင်းနှီးမြုပ်နှံမှုကို စလုပ်မယ်ဆိုရင် ပထမဆုံး သိရမယ့် concept က Risk and Return ပါပဲ၊ Risk ဆိုတာကတော့ ရင်းနှီးမြုပ်နှံလိုက်တဲ့ငွေရင်း ဆုံးရှုံးသွားနိုင်ခြေ ဖြစ်ပြီး return ဆိုတာကတော့ ဘယ်လောက် မြတ်စွန်းမလဲ ဆိုတဲ့ အမြတ် ပါပဲ။ Risk နဲ့ Return က တိုက်ရိုက် အချိုး ကျပါတယ်။ သဘောကတော့ Risk များရင် Return လဲများလေ့ရှိပါတယ်။ Risk နည်းရင်း Return လဲများ ပါတယ်။ ဥပမာ ထီထိုး သလိုပါပဲ။ ထီထိုးရင် ထီပေါက်နိုင်ခြေဟာ အရမ်းနည်းပါတယ်။ တစ်နည်းအား ဖြင့် ထီလက်မှတ်ဖိုး ရင်းနှီးငွေကို ဆုံးရှုံးနိုင်ခြေ risk က အရမ်းများပါတယ်။ ဒီအတွက် တကယ်လို့ ထီပေါက်ခဲ့ရင်လည်း ပြန်ရမယ့် ဆုက အဆပေါင်းများစွာ ပိုရမှာ ပဲဖြစ်ပါတယ်။ 

.

ဒီအတွက် return များ တဲ့ အလုပ်တွေဟာ Risk များပါတယ်။ တစ်ချို့ အလုပ်တွေမှာ Risk ဟာ ငွေကြေးတင်မကပဲအခြား အရာ များကိုပါဆုံးရှုံး နိုင် တတ်ပါသေးတယ်။ ကျွန်တော့် ရဲ့ Strategy ကတော့ အရင်းလဲ များများ မတတ် နိုင်သေးတဲ့ အချိန်မှာ အဆုံးလဲ ခံနိုင်လောက်တဲ့ ပမာဏ လေးတွေကို Risk များ return များတဲ့အလုပ်တွေ မှာ ထည့်ပါတယ်။  အဲဒီ လို အလုပ် ငါးခု လောက်မှာ ၂ ခုလောက်က ဆုံးရှုံးသွားပေမယ့် ကျန်တဲ့ သုံးခု လောက်က ရတဲ့ High Return က အားလုံးအနေနဲ့ ခြုံတွက်လိုက်ရင် cover ဖြစ်တဲ့ အနေအထားပါပဲ။ ဥပမာ လုပ်ဖော်ကိုင်ဖက်တွေကို ၅ ကျပ်တိုးလောက်နဲ့ ငွေတိုး ချေးတာ၊ ၁၀% ဝန်းကျင်လောက် အမြတ်ပေးတယ်ဆိုတဲ့ လုပ်ငန်းငယ်လေး တွေ မှာ ရှယ်ယာ ထည့်တာ ၊ အမြတ်များများ ရနိုင်ပြီး အရင်းသိပ်မလိုတဲ့ အလုပ်လေးတွေ ဥပမာ မြေကွက် စပ်တူဝယ်ပြီး ပြန်ရောင်းတာ စတာတွေကို လုပ်ပါတယ်။ ဒါတွေကို တော့ တစ်ခုကို ငါးသိန်း ထက်မပိုတဲ့ ပမာဏ တစ်ခုနဲ့သာ လုပ်ဆောင်ပါတယ်။ တကယ်လို့တစ်ခု ဆုံး ရှုံးသွားလဲ ငါးသိန်း သာဖြစ်တဲ့အတွက် အဲဒီအချိန်က ကိုယ့်အနေအထားအရ ခံနိုင် ပါတယ်။ အထက်က ကျွန်တော် ကျရှုံးခဲ့တဲ့ အလုပ်တွေက ဒီ High Risk High Return အလုပ်တွေ ထဲက ပါပဲ။ 

.

ဒီအတွက် က ပညာရတယ်၊ Risk ကို များပေမယ့် ထိန်းနိုင်အောင် မကြောက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ သိလာတယ်၊ နည်းနည်းလေးတွေကို ထိန်း ရင်း အလေ့အကျင့်ရလာတယ် စတာတွေ ဖြစ်လာပါတယ်။

.

ဒီလိုနဲ့ ကိုယ်ရှာနိုင်တဲ့ ငွေပမာဏ လဲများလာ စုငွေလဲများလာပြီး ရင်းနိုင်တဲ့ ပမာဏ များလာတဲ့အခါမှာတော့ Strategy ကို High Risk, High Return ကနေ Low Risk, Medium Return ကို ပြောင်းပါတယ်။ Risk နည်း ပြီး သင့်တင့်တဲ့ ဝင်ငွေ အမြတ် ရနိုင်မယ့် investment တွေကို တဖြည်းဖြည်း ပြောင်း လိုက်ပါတယ်။ ဥပမာ တိုက်ခန်း၊ အိမ်ခြံမြေ စသဖြင့်ပါပဲ။ 

.

ဒီတော့ ပမာဏ နည်းနည်း နဲ့ လို့ရတယ် စမယ်ဆိုရင် တော့ High risk High Return တွေနဲ့ စတင်ပြီး ဒါတွေကို ဘယ်လို ထိန်းသိမ်းမလဲ ၊ မှန်ကန်အောင်ဘယ်လိုရွေးချယ်မလဲဆိုတာကို လေ့ကျင့် သင့်ပါတယ်။ ဒါကြောင့် Investment လုပ်ရင် ဆုံးမှာပဲ …ဆုံး တာချင်းအတူတူ များများ ဆုံးတာနဲ့ နည်းနည်း ဆုံးတာ ဘယ်ဟာကို ဖြစ်စေမလဲ ဆိုတာ သုံးသပ်ရမှာ ပါပဲ….

.

.

.

ဆက်ရန် 


.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။

.

.

.

Kaung Hein Soe – Strategic

Business Consultant


[Zawgyi]ကြၽန္ေတာ္ သိ တဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ဆိုတာ…




လူတိုင္း ဘဝမွာ investment ဆိုတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခုခု ျပဳလုပ္ မယ့္ အခ်ိန္ ဆိုတာ ေရာက္ ရိွလာတတ္ ေလ့ရိွပါတယ္။ ေငြပို ေငြလ်ွံ ရိွလာတဲ့အခ်ိန္မွာ ေငြပမာဏ တစ္ခု စုေဆာင္းမိလာၿပီး ဒီေငြ ေလးကို တိုးပြားေစဖို႔အတြက္ ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခုခု လုပ္ေဆာင္ဖို႔ စတင္ ႀကိဳးစားလာ ၾကေလ့ရိွပါတယ္။ ဒီ အခါမွာ နီးစပ္ရာအသိမိတ္ေဆြ တစ္ဦးဦး ရဲ့ အႀကံေပးခ်က္နဲ႔ လုပ္ေဆာင္ ျဖစ္ၾကတာကမ်ား ၿပီးဒီမိတ္ေဆြ ဟာ ရင္းႏွီးျမဳပ္ႏွံမႈ မွာ လုပ္ကိုင္ေနက် အေတြ့အႀကံဳရိွသူတစ္ဦး ျဖစ္ ေနရင္ အဆင္ေျပတတ္ေပမယ့္ မဟုတ္ခဲ့ရင္ေတာ့ ကိုယ့္အတြက္ ဆံုးရႈံးမႈေလးေတြ ႀကံဳရေလ့ရိွတတ္ ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ တစ္ႀကိမ္ေလာက္ ခါးသီးတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ အေတြ့အႀကံဳေလးေတြ ရိွ လိုက္မိတာနဲ႔ တူးတူးခါးခါး ေၾကာက္လန႔္သြားၿပီး စီးပြားေရး တို႔. ရင္းႏွီးျမဳပ္ႏွံမႈတို႔ကို အသံေတာင္ မွ မၾကားခ်င္ေတာ့ဘူးဆိုတာမ်ိဳး လဲ ျဖစ္သြားၾကတာ ေတြ့ရပါတယ္။ 

.

တကယ္ေတာ့ ကြၽန္ေတာ္တို႔ အေနနဲ႔  ကိုယ့္ ရဲ့အနာဂတ္ လွပ ေစဖို႔ ရင္းႏွီးျမဳပ္ႏွံမႈေတြကို ျပဳလုပ္ဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ တစ္ေန့ေန့မွာ အေၾကာင္းတစ္ခုခုေၾကာင့္ ျဖစ္ျဖစ္ မေတာ္တဆမႈ တစ္ခုေၾကာင့္ ျဖစ္ျဖစ္ အလုပ္ မလုပ္ႏိုင္ေတာ့ ရင္ ၊ ေငြမရွာႏိုင္ေတာ့ ရင္ ဒီ ရင္းႏွီးျမဳပ္ႏွံမႈေတြ ကိုျပန္ ၿပီး မွီခို ႏိုင္မွာ ျဖစ္ပါတယ္။ ေသခ်ာ တာကေတာ့ မေမ်ွာ္လင့္ ထားတာ တစ္ခုမွ မျဖစ္လာရင္ေတာင္ တစ္ေန့မွာ အိုမင္း လာၿပီး အလုပ္ မလုပ္ႏိုင္ ပဲ အနားယူရမယ့္ေန့ကေတာ့ ေရာက္ရိွလာမွာ ျဖစ္ပါတယ္။ ဒီအခ်ိန္ ေတြ အတြက္ အိုစာ မင္းစာ စုေဆာင္းထားရံုသာ မကပဲ ထိုက့္သင့္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ေတြ ေဆာင္ရြက္ ထားခဲ့ဖို႔လိုအပ္ပါတယ္။ 

.

ဒီအတြက္ အေကာင္းဆံုး ရင္းႏွီးျမဳပ္ႏွံမႈ ေတြ လုပ္ေဆာင္ႏိုင္ေအာင္ ဘာေတြ သိထားသင့္တယ္ ဆိုတာကို ကြၽန္ေတာ္ ျဖတ္သန္းခဲ့တဲ့အေတြ့အႀကံဳရ ေျပာျပခ်င္ပါတယ္။

.

.

(၁) အနည္းဆံုးနဲ႔ လဲ စလို႔ရပါတယ္..

.

တစ္ခ်ိဳ႕ကရင္းႏွီးျမဳပ္ႏွံမႈ Investment လို႔ေျပာလိုက္ရင္ ေငြအရင္းအႏွီးေတြ အမ်ားႀကီးနဲ႔ အႀကီးအက်ယ္ႀကီး လုပ္ရတာမ်ိဳးလို႔ထင္ ေကာင္းထင္ေနၾကေလ့ရိွပါတယ္။ ဒီလိုမဟုတ္ပါဘူး။ ေငြ အနည္းအက်ဉ္း ေသာင္းဂဏာန္း သိန္း ဂဏာန္းေလာက္နဲ႔ကို စတင္လို႔ ရပါတယ္။ စကားကို ကပ္ေျပာ ရရင္ ျမန္မာေငြ ေထာင္ဂဏာန္းနဲ႔ေတာင္မွ ကမ႓ာ့အဆင့္မွီ ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခုကို ျပဳလုပ္လို႔ ရပါေသာ္ေကာဗ်ာ။ ရန္ကုန္စေတာ့ အိတ္ခ်ိန္းမွာ ဆိုရင္ ပထမပုဂၢလိကဘဏ္ ရဲ့ ရွယ္ယာ တစ္ခုကို ၇၈၀၀, သီလဝါအထူးစီးပြားေရးဇုန္ ရွယ္ယာတစ္စုကို ၃၅၀၀, TMH Telecom လုပ္ငန္းရွယ္ယာ တစ္စုကို ၂၈၅၀ က်ပ္ (စာေရးေနတဲ့ အခ်ိန္ ေပါက္ေဈး)  နဲ႔ ဝယ္ယူ ရင္းႏွီးျမဳပ္ႏွံလို႔ရပါတယ္။ ဒါမွမဟုတ္ ေရႊ ဝယ္ ၿပီး ရင္းႏွီးထားခ်င္ တယ္ဆိုရင္လဲ ဒီဖက္ေခတ္မွာ အေခါက္ ေရႊကို မွ ေသာင္းဂဏာန္း ေလာက္နဲ႔ ဝယ္လို႔ရတဲ့ စုလို႔ရတဲ့ အေနအထား ေတြ ရိွေနၿပီျဖစ္ပါတယ္။ ကြၽန္ေတာ္က ရင္းႏွီးျမဳပ္ႏွံမႈ လို႔ သာဆိုခဲ့တာေၾကာင့္ အထက္က investment ေတြ ဟာ အေကာင္းဆံုးေတြ ျဖစ္ခ်င္မွ ျဖစ္ေပမယ့္ အနည္းဆံုး လူအမ်ားစု တတ္ ႏိုင္တဲ့ ပမာဏေတြ နဲ႔ investment ဆိုတာ လုပ္လို႔ ရတယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။ ဒီအတြက္ ေငြေတြ ဘယ္ေလာက္စုမိမွ၊ ေငြပမာဏ ဘယ္ေလာက္ ရွာႏိုင္မွ စလုပ္မယ္ ဆိုတာမ်ိဳး စဉ္းစားတာ ဟာ အခ်ိန္ဆြဲျခင္း ၊ မိမိ မလုပ္ဖူးတဲ့ အရာတစ္ခုျဖစ္လို႔ ျငင္းပယ္ျခင္း၊ စြန႔္စားရမွာ ေၾကာက္ျခင္း စတာေတြ သာ ျဖစ္ေနဖို႔မ်ားပါတယ္။ ကမ႓ာ့အခ်မ္းသာဆံုး စာရင္းဝင္ ဝါရင္းဘတ္ဖတ္ေတာင္မွ အသက္ ၁၁ ႏွစ္မွာ ပထမဆံုး ရင္းႏွီးျမဳပ္ႏွံမႈကို ရွယ္ယာတစ္စု စတင္ဝယ္ယူျခင္းနဲ႔ စတာပါတဲ့။

.

ကြၽန္ေတာ္ စတင္ခဲ့ တုန္းကေတာ့ လစဉ္ လစာ တစ္သိန္းခြဲ ရတာကေန စုထားတဲ့ ေငြေလး ေသာင္းဂဏာန္း ကို ဖုန္းေဘေရာင္း တဲ့ အလုပ္ စလုပ္ျဖစ္ပါတယ္။ ဒါကေတာ့.investment ဆိုတာထက္ business တစ္ခု စတယ္လို႔ ေျပာလို႔ရသလို business အေနနဲ႔ invest လုပ္တယ္လို႔လဲ ေျပာလို႔ရပါတယ္။ အဲဒီအခ်ိန္ တုန္းကေတာ့ ေငျြဖၫ့္ကတ္ ေတြက လြယ္လြယ္နဲ႔ ဝယ္လို႔မရပဲ ကတ္ ကို ခဲျခစ္ၿပီး ေငျြဖၫ့္လို႔ရတဲ့ေခတ္ျဖစ္ေတာ့ လက္ကားေဈးနဲ႔ရႏိုင္မယ့္ ေနရာေတြမွာ ကတ္ေတြ လိုက္ ဝယ္ၿပီး ျပန္ေရာင္းရတဲ့ အေနအထားပါပဲ။ အဲဒီကေန ရလာတဲ့ အျမတ္ ရယ္ ေငြထပ္စု တာရယ္နဲ႔ အျခား ေငျြဖၫ့္ကတ္ေရာင္းခ်င္းတဲ့ အသိေတြကိုပါ ကတ္ေတြ ရင္းေပးၿပီး ေရာင္းေစ ပါတယ္။ ဒီအတြက္ေရာင္းအား ႏွစ္ခု ျဖစ္လာေတာ့ လက္ကား အေရအတြက္ပိုယူႏိုင္လို႔ ေဈးပိုသက္သာ တာရယ္ ၊ အသိေတြကို ရာခိုင္ႏႈန္း ပါးပါး ထပ္တင္လို႔ရတာရယ္ေၾကာင့္ ပိုၿပီး အျမတ္ ရလာပါတယ္။ ဒါကေတာ့ လံုးဝ investment သေဘာ သက္ေရာက္သြားတာပါပဲ။ ဒါ့အျပင္ ေငြ ေလးပိုရင္းႏိုင္ လာေတာ့ ေငျြဖၫ့္ကတ္ေတြကို တစ္လလံုးႀကိဳက္သေလာက္ယူ အေႂကြးေပးၿပီး  လကုန္မွ ျပန္ဆပ္ ၊ အဲဒီအတြက္ 5% ေလာက္ အပို service အေနနဲ႔ ရယူ တာမ်ိဳး ပါ လုပ္လာႏိုင္ ပါတယ္။ 

.

ဆိုလိုတာကေတာ့ ဘယ္ေလာက္ စု မိမွ လက္ထဲေငြဘယ္ေလာက္မွ investment စလုပ္ႏိုင္မွာ မဟုတ္ပဲ ကိုယ့္ပတ္ဝန္းက်င္မွာ လူေတြ ဘာလိုအပ္ေနသလဲ ဘာအခက္အခဲေတြ ရိွေနလဲ ဒါေတြကို ဘယ္လို ရွင္းေပးႏိုင္မလဲ ဆိုတာကိုသိရင္ business or investment တစ္ခုခု လုပ္ႏိုင္တာပါပဲ။ 


.

.

(၂) ညက အိမ္မက္ ထဲမွာ ဒါလုပ္ ဆိုၿပီးလာေျပာသြားတာမ်ိဳးမဟုတ္ ….

.

ရင္းႏွီးျမဳပ္ႏွံမႈ ေကာင္း ေကာင္းတစ္ခုကို ရလိုက္တယ္ ဆိုတာ ထီေပါက္ သလို  အေမြ ရသလို ရုတ္ တရက္ ႀကီးေကာ္ ေပါက္တိုးၿပီး ပြသြားတာမ်ိဳး မဟုတ္ပါဘူး။ ရိွေကာင္းရိွႏိုင္ေပမယ့္ ရွားပါလိမ့္မယ္။ ဒါ့အျပင္ ဒီလို ရခဲ့ရင္လဲ ေနာက္တစ္ႀကိမ္ထပ္ရေအာင္ လုပ္ႏိုင္ စြမ္းေဆာင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ထီေပါက္တာေတာင္မွ ထီထိုး ဖို႔ နံပါတ္ေရြးဖို႔ ထီဖိုးေလး ဖယ္ထားႏိုင္ဖို႔လိုအပ္ပါေသးတယ္။ 

.

ငယ္ငယ္ က ကြၽန္ေတာ့္ရဲ့ ရင္းႏွီးျမဳပ္ႏွံမႈေကာင္း တစ္ခုကို ေျပာရမယ္ဆိုရင္ သီလဝါအထူး စီးပြားေရး ဇုန္ႀကီးေဖာ္ေဆာင္မယ့္ အခ်ိန္ မွာ အမ်ားျပည္သူေတြအတြက္ အစုရွယ္ယာ တစ္စုကို တစ္ေသာင္း နဲ႔ ထုတ္ေရာင္း တုန္းက ဝယ္လိုက္မိတာပါပဲ။ အဲဒီတုန္းက တစ္စုကို တစ္ေသာင္းနဲ႔ အစု ၁၀၀ ဆယ္သိန္း ဖိုး ဝယ္လိုက္တာပါ။ တကယ္ေတာ့ အဲ့ဒီအခ်ိန္မွာ ရိွသမ်ွ အလုပ္ေတြ လုပ္၊ လစာ ကိုလဲ အေသစု ၿပီး တာေတာင္မွ လက္ထဲမွာ အဲဒီ ၁၀ သ္ိန္းပဲ ရိွတဲ့အခ်ိန္ျဖစ္ လို႔ ခ်မ္းသာသမ်ွပံုေအာ လိုက္တဲ့ သေဘာပါပဲ။ ဒီ ရွယ္ယာ အစု ၁၀၀ ဟာ တစ္ခု တစ္ေသာင္းကေန ေနာင္ ႏွစ္ႏွစ္ သံုးႏွစ္ ၾကာ စီမံကိန္းႀကီးလဲ စတင္၊ ႏိုင္ငံျခား လုပ္ငန္းေတြကလဲ ပါဝင္လာၾက ေတာ့ ျပင္ပ ေပါက္ေဈး အေနနဲ႔ တစ္စုကို ကိုးေသာင္း ထိ ေပးကာ ဝယ္လာၾကပါေတာ့တယ္။ ဒီအခ်ိန္မွာ ကြၽန္ေတာ္ရဲ့ အစု ၁၀၀ လံုးကို ထုတ္ေရာင္းလိုက္ပါတယ္။ သိန္း ၉၀ ရလိုက္ေတာ့ အရင္း ၁၀ သိန္းႏုတ္ရင္ သိန္း ၈၀ ျမတ္ တာဟာ အဲဒီအခ်ိန္က အေတာ္ေလးမ်ား တဲ့ ပမာဏပါပဲ။ 

.

အဲဒီ သိန္း ၉၀ လက္ထဲ ေရာက္ခ်ိန္မွာ  ကား ေဈးကြက္က ေဈးက်ေနတဲ့ အခ်ိန္ ျဖစ္ပါတယ္။ တက္စီ တစ္စီးကို သိန္း ၉၀ နဲ႔ ဆိုရင္ ပ်ံလန္ေနေအာင္ ရႏိုင္ တဲ့အတြက္ ကြၽန္ေတာ့္ရဲ့ ပထမ ဆံုး တက္စီ တစ္စီးကို ဝယ္ယူလိုက္ပါတယ္။ တက္စီကို အငွား ေပးထားလိုက္တဲ့အခါ တစ္လကို သံုးသိန္း အံုနာခ ရပါေတာ့တယ္။ ေနာက္ တစ္ႏွစ္လဲ ၾကာေရာ ကားေဈးေတြ ျပန္ခုန္တက္ကာ ကားတန္ဖိုး ပါ ျမတ္ပါ ေတာ့တယ္။

.

အထက္က ျဖစ္စဉ္ေတြကို ၾကၫ့္လိုက္ရင္ အားရ စရာေတြခ်ည္းပါပဲ။ အကုန္လံုးက အဆင္သင့္ ျဖစ္ေန သလို အကြက္ေကာင္းေတြ ခ်ည္း ရလိုက္တဲ့ အေနအထားလို႔ေျပာ စရာရိွပါတယ္။ ဒါေပမယ့္ တကယ္က ဒီလိုမဟုတ္ပါဘူး။ စေတာ့ ရွယ္ယာ ဆိုတာကို နားလည္ ဖို႔အတြက္ ကြၽန္ေတာ္  ေဈးႀကီးတဲ့ သင္တန္းေတြ တက္ခဲ့ ရ ေလ့လာခဲ့ရပါတယ္။ လစာ ကတစ္သိန္းခြဲ ပဲရခ်ိန္မွာ တစ္ရက္ တန္ေၾကး တစ္သိန္း ရိွတဲ့ စေတာ့ ရွယ္ယာသင္တန္းေတြ တက္ခဲ့၊ စာအုပ္ေတြ ဖတ္ ခဲ့ပါတယ္။ ဒါ့အျပင္ ႏိုင္ငံျခား broker တစ္ခုနဲ႔ ခ်ိတ္ ဆက္အေကာင့္ဖြင့္ကာ ကမ႓ာ့လုပ္ငန္းႀကီးေတြ ျဖစ္တဲ့ Apple, Amazon စတဲ့ ရွယ္ယာေတြကို တစ္ႏွစ္ေလာက္ အေရာင္းအဝယ္ ျပဳလုပ္ခဲ့ရပါတယ္။ အဲဒီ လုပ္ငန္းမွာ အစက အေတာ္ဟန္ေပမယ့္ တရုတ္ျပည္ စီးပြားေရး အပ်က္မွာ ကြၽန္ေတာ္ လဲ ရွယ္ယာ မွာရင္းထား သမ်ွ ဆယ္သိန္း ဝန္းက်င္ေလာက္ အေငြ့ပ်ံ ေပ်ာက္သြား ပါေရာ။ အဲဒီအခ်ိန္က ဆယ္သိန္းဟာ အေတာ္ကို တန္ဖိုး ရိွပါတယ္။  ဆိုလိုတာက အဲဒီ ရွယ္ယာ ဆိုတာဘာလဲ ၊ ဘယ္လို အက်ိဳးအျမတ္ ရႏိုင္လဲ၊ ဘာေတြ တြက္ခ်က္ရမလဲ၊ ေဈးကြက္က ဘယ္လိုလဲ ဆိုတာကို သီလဝါ ရွယ္ယာ မဝယ္ခင္ ေရ႔ွ ႏွစ္ ေတြ မွာ ေလ့လာလိုက္ လုပ္ၾကၫ့္လိုက္ ကြဲ လိုက္နဲ႔ ျဖစ္ေနခဲ့တာပါပဲ။ ဒီလိုပါပဲ ကားေဈး အက်ဆံုး ျဖစ္ေနတယ္ဆိုတာကို ညက အိမ္မက္ထဲမွာ ဘိုးေတာ္ ကအတိတ္ စိမ္းလာေပးတာ မဟုတ္ပါဘူး။ တကယ္ပါ။ ကားေဈး အေျခအေန ဘယ္လို ရိွလဲ၊ ဘယ္အမ်ိဳးအစား ေတြက ဘယ္ေဈးတန္းလဲ စတဲ့ ေဈးကြက္ကို အရင္ကထဲက မ်က္ေျခမျပတ္ ေလ့လာေနခဲ့ တဲ့အတြက္ ပါပဲ။ 

.

ဒီအတြက္ ကိုယ္စိတ္ဝင္စားတဲ့ သို႔မဟုတ္ ရင္းႏွီးျမဳပ္ႏွံလိုတဲ့ ေဈးကြက္ကို အၿမဲ ေလ့လာေစာင့္ၾကၫ့္ ၿပီး အကြၽမ္းဝင္ေနေအာင္ လုပ္ထားမွသာ အခြင့္သာတဲ့အခါ အကြက္ေကာင္းေတြကို ရမွာျဖစ္ပါတယ္။

.

ဒါေလးေျပာေတာ့ ဆံုးသြားတဲ့အေဖ့ကို သြားသတိရပါတယ္။ အေဖက အၿငိမ္းစား ဝန္ထမ္းျဖစ္ေတာ့ ေငြ ကို စုဖို႔ပဲ အားသန္ပါတယ္။ ဘာစီးပြားေရးမွ မလုပ္တတ္သလို ဆံုးမွာလဲ သိပ္ေၾကာက္ပါတယ္။ ကပ္စီကလဲ နည္းတယ္ေပါ့ဗ်ာ။ တစ္ခါေတာ့ ကြၽန္ေတာ္က အေဖ့ကို ေရႊ ဝယ္ ၾကဖို႔ အတင္းတိုက္တြန္းပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ေရႊ ေဈး ဘယ္လို အေျခအေန ရိွတယ္ဆိုတာကို အဲဒီအခ်ိန္ မွာ ကြၽန္ေတာ္က အၿမဲေလ့လာ ေန တာျဖစ္တဲ့အတြက္ ခု ေရာက္ေနတဲ့ေဈးဟာ လြန္ခဲ့တဲ့ ဆယ္ႏွစ္အတြင္း အက်ဆံုး အနိမ့္ဆံုးေဈး ျဖစ္တယ္ ဆိုတာကို သိ လိုက္တဲ့အတြက္ပါပဲ။ ရန္ေတြပါျဖစ္ စကားမ်ား ၿပီးေနာက္မွာ အေဖက စုထားတာေလး ေတြထဲက ထုတ္ၿပီး သံုးက်ပ္သား ဝယ္မယ္လို႔ ေျပာပါတယ္။ မင္းေျပာသလိုသာ ေဈးတက္ၿပီးျမတ္ ခဲ့ရင္ အဲဒီ ေငြနဲ႔ မင္း ေရႊ အေရာင္းအဝယ္လုပ္ကြာလို႔ လဲ ေျပာပါေသးတယ္။ ေအး …မဟုတ္ခဲ့ ရင္ေတာ့ မင္းနာၿပီ ေပါ့..ဒါနဲ႔.. အက်ေဈးနဲ႔ သံုးက်ပ္သား သြားဝယ္လိုက္ ၿပီးေနာက္လပိုင္းမွာပဲ ေရႊေဈးဟာ မိုးထိုးေအာင္ ေထာင္ တက္သြားလိုက္ ေတာ့မွ အေဖ ကို ေတြ့ၿပီမလား လို႔ ရင္ေကာ့ျပ ရေတာ့တာပါပဲ။ သို႔ေသာ္လည္း ၾကက္ကန္းတိုးတယ္သာ ထင္ ေလတဲ့  အေဖက ေရႊ အေရာင္းအဝယ္ လုပ္ဖို႔ ေပးမယ့္အစား ေရႊ ေရာင္းရတဲ့ေငြကို ဆက္သာ ဥ ထား ပါေလေရာ… 

.

ဆိုေတာ့ ေရႊေဈး ေငြေဈး  အိမ္ၿခံေျမ စတာ ေတြကို ကိုယ္နဲ႔မဆိုင္ဘူးလို႔ ပစ္ပယ္ ထားရင္ သူတို႔ ဆီက အက်ိဳးအျမတ္ေတြကလဲ ကိုယ္နဲ႔ ဘယ္လိုမွ ဆိုင္လာမွာ မဟုတ္ပါဘူး။ တူညီတဲ့ တန္ျပန္သက္ေရာက္ မႈလို႔ ဆိုရမွာပါပဲ။

.

.

(၃) လုပ္သာလုပ္….ဆံုးမွာပဲ..

.

ေခါင္းစဉ္ နံပါတ္ သံုး ကို ၾကၫ့္ၿပီး ..ဟာ..ဘယ္လိုႀကီးတုန္းလို႔ ထင္စရာရိွပါတယ္။ ဟုတ္ပါတယ္။ လုပ္သာလုပ္ပါ… ဆံုးရႈံး မႈကေတာ့ ႀကံဳကို ႀကံဳမွာပါပဲ။ တစ္ခါမွ မဆံုးရႈံးဖူး တဲ့ investor ဆိုတာ မရိွပါဘူး။ ကြၽန္ေတာ္ ဆိုရင္ Business ေရာ Investemnt အေနနဲ႔ပါ ဆံုးရႈံး တာ မေအာင္ျမင္တာ ေတြ မွ အမ်ားႀကီးပါပဲ။ Management ေက်ာင္းတက္ေတာ့ ပထမဆုရခဲ့ တဲ့ Business Project ကို လက္ေတြ့အေကာင္အထည္ေဖာ္တာ မေအာင္ျမင္ဘူး။ အထည္ခ်ဳပ္လုပ္ငန္းတစ္ခု မွာ ရွယ္ယာ ထၫ့္တာ အရႈံးေပၚတယ္၊ အိပ္ယာခင္း လုပ္ငန္းတစ္ခု မွာ ထၫ့္ဝင္တာ ပိုင္ရွင္က လူလိမ္ျဖစ္ ေနတယ္၊ Mutual Fund တစ္ခု ေထာင္တယ္ မေအာင္ျမင္ဘူး၊ ရွယ္ယာ အေရာင္းအဝယ္ လုပ္တယ္ အရင္းျပဳတ္တယ္၊ စသျဖင့္ပါပဲ။ ဒါေပမယ့္ အဲဒီ မေအာင္ျမင္မႈေတြဟာ စတင္လုပ္ကိုင္ခါစ ငါးႏွစ္ ေလာက္မွာ ျဖစ္ေနခဲ့တာေတြပါပဲ။ အဲဒီႏွစ္ေတြ မွာ ေအာင္ျမင္တာလဲရိွသလို မေအာင္ျမင္တာလဲ ရိွပါတယ္။ ဒါေပမယ့္ အခုလက္ရိွ အခ်ိန္ကေန အနီးဆံုးငါးႏွစ္အတြင္း လုပ္ခဲ့သမ်ွမွာ ေအာင္ျမင္မႈ နဲ႔ ဆံုးရႈံးမႈ ဘယ္ဟာကပိုမ်ားလဲဆိုရင္ေတာ့ ဆံုးရႈံး တာဟာ မရိွသေလာက္ နည္းသြားခဲ့ပါတယ္။ ၁၀ ခ်ိဳး ၁ခ်ိဳးေလာက္ကို နည္းသြား တာပါပဲ။ ဒါေၾကာင့္ ေအာင္ျမင္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြ ကို လုပ္ကိုင္ႏိုင္ဖို႔အတြက္ ဆံုးရႈံး ျခင္းေတြက ပထမ ဆံုးေလွကားထစ္ ျဖစ္တယ္လို႔ ဆိုခ်င္တာပါပဲ။ 

.

အဲဒီ လို ဆံုးရႈံးမႈေတြ ကေန သင္ခန္းစာေတြ၊ အေတြ့အႀကံဳေတြ၊ ေတြးေခၚႏိုင္တာေတြ၊ အႏၲရာယ္ အေငြ့အသက္ဆို ခံစားလာႏိုင္တာေတြ စတာေတြ ရလာပါတယ္။ ဒါ့အျပင္ အမွားေတြကေန သင္ခန္းစာ ယူရပါေသးတယ္။ ဥပမာ ရႈံးသြားတဲ့ လုပ္ငန္းမွာ ရွယ္ယာထၫ့္မိတာ Financial statement ေတြ ကိုမဖတ္တတ္လို႔ နားမလည္ လို႔ ဆိုတာ သိလိုက္တဲ့အတြက္. Finance ပိုင္းကို ဖိၿပီး ေလ့လာကာ ေနာက္ ကိုထပ္မျဖစ္ေအာင္ လုပ္ေဆာင္ တာမ်ိဳး လုပ္ျဖစ္ပါတယ္။ 

.

ေနာက္တစ္ခါ investment လုပ္ေနက် အက်င့္ ရိွသြား တဲ့အခါ အခြင့္အလမ္းေတြကို ပိုျမင္တတ္လာ ပါလိမ့္မယ္။ တစ္ခါမွ investment မလုပ္ဖူးတဲ့အခါ  ပမာဏ အမ်ားႀကီး လုပ္ဖို႔ ႀကံဳလာေတာ့ မွ ေျခမကိုင္မိ လက္မကိုင္မိျဖစ္တာ၊ လုပ္ေလ့မရိွလို႔ အကြက္ေကာင္းေတြ လြတ္သြားတာ၊ မလုပ္ရဲေတာ့တာ စတာေတြ ျဖစ္ မလာဖို႔ အတြက္ ပမာဏ နည္းနည္း စီ ကို အမ်ိဳးအစား မ်ားမ်ား လုပ္ေဆာင္ ဖို႔လဲ အႀကံေပးခ်င္ပါတယ္။ 

.

.

(၄) Strategy ေလးေတြ …

.

ရင္းႏွီးျမဳပ္ႏွံမႈကို စလုပ္မယ္ဆိုရင္ ပထမဆံုး သိရမယ့္ concept က Risk and Return ပါပဲ၊ Risk ဆိုတာကေတာ့ ရင္းႏွီးျမဳပ္ႏွံလိုက္တဲ့ေငြရင္း ဆံုးရႈံးသြားႏိုင္ေျခ ျဖစ္ၿပီး return ဆိုတာကေတာ့ ဘယ္ေလာက္ ျမတ္စြန္းမလဲ ဆိုတဲ့ အျမတ္ ပါပဲ။ Risk နဲ႔ Return က တိုက္ရိုက္ အခ်ိဳး က်ပါတယ္။ သေဘာကေတာ့ Risk မ်ားရင္ Return လဲမ်ားေလ့ရိွပါတယ္။ Risk နည္းရင္း Return လဲမ်ား ပါတယ္။ ဥပမာ ထီထိုး သလိုပါပဲ။ ထီထိုးရင္ ထီေပါက္ႏိုင္ေျခဟာ အရမ္းနည္းပါတယ္။ တစ္နည္းအား ျဖင့္ ထီလက္မွတ္ဖိုး ရင္းႏွီးေငြကို ဆံုးရႈံးႏိုင္ေျခ risk က အရမ္းမ်ားပါတယ္။ ဒီအတြက္ တကယ္လို႔ ထီေပါက္ခဲ့ရင္လည္း ျပန္ရမယ့္ ဆုက အဆေပါင္းမ်ားစြာ ပိုရမွာ ပဲျဖစ္ပါတယ္။ 

.

ဒီအတြက္ return မ်ား တဲ့ အလုပ္ေတြဟာ Risk မ်ားပါတယ္။ တစ္ခ်ိဳ႕ အလုပ္ေတြမွာ Risk ဟာ ေငြေၾကးတင္မကပဲအျခား အရာ မ်ားကိုပါဆံုးရႈံး ႏိုင္ တတ္ပါေသးတယ္။ ကြၽန္ေတာ့္ ရဲ့ Strategy ကေတာ့ အရင္းလဲ မ်ားမ်ား မတတ္ ႏိုင္ေသးတဲ့ အခ်ိန္မွာ အဆံုးလဲ ခံႏိုင္ေလာက္တဲ့ ပမာဏ ေလးေတြကို Risk မ်ား return မ်ားတဲ့အလုပ္ေတြ မွာ ထၫ့္ပါတယ္။  အဲဒီ လို အလုပ္ ငါးခု ေလာက္မွာ ၂ ခုေလာက္က ဆံုးရႈံးသြားေပမယ့္ က်န္တဲ့ သံုးခု ေလာက္က ရတဲ့ High Return က အားလံုးအေနနဲ႔ ၿခံဳတြက္လိုက္ရင္ cover ျဖစ္တဲ့ အေနအထားပါပဲ။ ဥပမာ လုပ္ေဖာ္ကိုင္ဖက္ေတြကို ၅ က်ပ္တိုးေလာက္နဲ႔ ေငြတိုး ေခ်းတာ၊ ၁၀% ဝန္းက်င္ေလာက္ အျမတ္ေပးတယ္ဆိုတဲ့ လုပ္ငန္းငယ္ေလး ေတြ မွာ ရွယ္ယာ ထၫ့္တာ ၊ အျမတ္မ်ားမ်ား ရႏိုင္ၿပီး အရင္းသိပ္မလိုတဲ့ အလုပ္ေလးေတြ ဥပမာ ေျမကြက္ စပ္တူဝယ္ၿပီး ျပန္ေရာင္းတာ စတာေတြကို လုပ္ပါတယ္။ ဒါေတြကို ေတာ့ တစ္ခုကို ငါးသိန္း ထက္မပိုတဲ့ ပမာဏ တစ္ခုနဲ႔သာ လုပ္ေဆာင္ပါတယ္။ တကယ္လို႔တစ္ခု ဆံုး ရႈံးသြားလဲ ငါးသိန္း သာျဖစ္တဲ့အတြက္ အဲဒီအခ်ိန္က ကိုယ့္အေနအထားအရ ခံႏိုင္ ပါတယ္။ အထက္က ကြၽန္ေတာ္ က်ရႈံးခဲ့တဲ့ အလုပ္ေတြက ဒီ High Risk High Return အလုပ္ေတြ ထဲက ပါပဲ။ 

.

ဒီအတြက္ က ပညာရတယ္၊ Risk ကို မ်ားေပမယ့္ ထိန္းႏိုင္ေအာင္ မေၾကာက္ေအာင္ ဘယ္လို လုပ္ရမလဲ ဆိုတာ သိလာတယ္၊ နည္းနည္းေလးေတြကို ထိန္း ရင္း အေလ့အက်င့္ရလာတယ္ စတာေတြ ျဖစ္လာပါတယ္။

.

ဒီလိုနဲ႔ ကိုယ္ရွာႏိုင္တဲ့ ေငြပမာဏ လဲမ်ားလာ စုေငြလဲမ်ားလာၿပီး ရင္းႏိုင္တဲ့ ပမာဏ မ်ားလာတဲ့အခါမွာေတာ့ Strategy ကို High Risk, High Return ကေန Low Risk, Medium Return ကို ေျပာင္းပါတယ္။ Risk နည္း ၿပီး သင့္တင့္တဲ့ ဝင္ေငြ အျမတ္ ရႏိုင္မယ့္ investment ေတြကို တျဖည္းျဖည္း ေျပာင္း လိုက္ပါတယ္။ ဥပမာ တိုက္ခန္း၊ အိမ္ၿခံေျမ စသျဖင့္ပါပဲ။ 

.

ဒီေတာ့ ပမာဏ နည္းနည္း နဲ႔ လို႔ရတယ္ စမယ္ဆိုရင္ ေတာ့ High risk High Return ေတြနဲ႔ စတင္ၿပီး ဒါေတြကို ဘယ္လို ထိန္းသိမ္းမလဲ ၊ မွန္ကန္ေအာင္ဘယ္လိုေရြးခ်ယ္မလဲဆိုတာကို ေလ့က်င့္ သင့္ပါတယ္။ ဒါေၾကာင့္ Investment လုပ္ရင္ ဆံုးမွာပဲ …ဆံုး တာခ်င္းအတူတူ မ်ားမ်ား ဆံုးတာနဲ႔ နည္းနည္း ဆံုးတာ ဘယ္ဟာကို ျဖစ္ေစမလဲ ဆိုတာ သံုးသပ္ရမွာ ပါပဲ….

.

.

.

ဆက္ရန္ 


.

လံုေလာက္တဲ့ အသိပညာ ဟာ ျပင္းထန္တဲ့အခက္အခဲေတြကို လြယ္ကူစြာေက်ာ္ျဖတ္ေစႏိုင္ ပါတယ္။

.

.

.

Kaung Hein Soe – Strategic

Business Consultant

Saturday, June 19, 2021

ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ ဘုရား

 [Unicode]ဘဝအဆက်ဆက်  စိတ်ချမ်းသာရပါလို၏ ဘုရား  



                                                                                                                  

                                                                                                                                   

                                               ရဝေနွယ် (အင်းမ)        

           

  "ငါလည်း ရမ္မက်ကြီးသော၊ မရောင့်ရဲတတ်သော၊ အမျက်ကြီးသော၊ သူတစ်ထူးကို ညှဉ်းဆဲတတ်သော၊ ပညာမရှိသော၊ မိုက်သော၊ ဝန်တိုသော၊ အပေးအကမ်း မရှိသော၊ သစ္စာမရှိသော၊ ပျက်တတ်သော၊ မေ့လျော့သော၊ အောက်မေ့တသကင်းသော မဖြစ်မူ၍            

           ရမ္မက်နည်းသော၊ ရောင့်ရဲလွယ်သော၊ အမျက်နည်းသော၊ သနားတတ်သော၊ ပညာရှိသော၊ အကြောင်းကို သိတတ်သော၊ ဝန်မတိုသော၊ အပေးအကမ်းရှိသော၊ သစ္စာရှိသော၊ မပျက်တတ်သော၊ မမေ့လျော့သော၊ အောက်မေ့တသရှိသော ဤသို့သော ကျေးဇူးတို့ နှင့် ပြည့်စုံလျက် သံသရာနှိုက်ကျင်လည်၍ မေတ္တေယျဘုရား မျက်မှောက်ကင်္ကာလျှင် မြတ်သောအကျွတ် တရားရလိုသတည်း"။ 

                                                                                                  သိင်္ဃသူ့သမီးကျောက်စာ                                                                      

                                                                                                       (မြန်မာနှစ် ၆၂၈ ၊ ခရစ်နှစ် ၁၂၆၆)             

             လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၅၀) ကျော်က ပုဂံမှာသိင်္ဃသူ့သမီးဆုတောင်းခဲ့တဲ့ ဆုတောင်းကျောက်စာလေးတစ်ခုပါ။ သိင်္ဃသူ့သမီးက ကျောင်းဆောက်ပြီး ကျောင်းမှာနေတဲ့ ရဟန်းသံဃာတွေအတွက် လယ် ဥယျာဉ် ကျွန်တွေလှူပြီး ဆုတောင်းခဲ့တာပါ။                                  

            ဆုတောင်းကိုဖတ်မိတိုင်းဖတ်မိတိုင်း သူဘာဖြစ်လို့များဒီဆုတောင်းကို တောင်းခဲ့တာလဲလို့ တွေးတွေးနေမိပါတယ်။ ဆုတောင်းနောက်ခံသမိုင်းဇာတ်ခုံကိုလည်း သိချင်နေမိပြန်ပါတယ်။ ဆုတောင်းချင်လောက်အောင် အကြောင်းတွေရှိမယ်လို့လည်း ထင်မိပါတယ်။ တခြားပုဂံခေတ်ကျောက်စာဆုတောင်းတွေနဲ့ ကွဲပြားနေတာကလည်း သိချင်စိတ်ကိုပိုပြီး ဖြစ်စေခဲ့ပါတယ်။      

             သင်္ဃသူ့သမီးဟာ တရုတ်ပြေးမင်းလို့ခေါ်တဲ့ နရသီဟပတေ့မင်းရဲ့မိဖုရားဖြစ်တယ်လို့ ဆယ်တန်းမြန်မာစာအုပ်ပြုစုသူ ပညာရှင်တွေကကျောက်စာထိုးတဲ့ ခုနှစ်ကိုကြည့်ပြီး အဖြေရှာပေးထားပါတယ် ။         

             နရသီဟပတေ့မင်းဟာ ကိုယ်လုပ်တော်မောင်းမသုံးထောင်ထားတာ၊ ဟင်းခွက်သုံးရာနဲ့ ပွဲတော်တည်တာ၊ အိပ်ရာထတာနဲ့ မောင်းမတွေကို တစ်ခုခုနဲ့ ပစ်ပေါက်တတ်တာ၊ သူချစ်လှပါတယ်ဆိုတဲ့မိဖုရားစောလုံကို သတ်ပစ်တာ၊ ကိုယ်ရဲ့အမှုထမ်းသူရဲကောင်း အုတ်လှကို သတ်ခိုင်းတာ၊ သံတမန်ကို မသတ်ရဆိုတဲ့ ဓလေ့ကို ဖျက်ပြီး တရုတ်သံတမန်တွေကို သတ်ပစ်တာ၊ တရုတ်သံတွေကိုသတ်ပစ်လို့ တရုတ်စစ်တပ်စစ်ချီလာတဲ့အခါ မြို့ခိုင်လုံအောင်ဆိုပြီး ဂူနဲ့ စေတီတွေဖျက်ပြီး အုတ်တွေယူတာ၊ တရုတ်စစ်ချီလာလို့ ပြေးရတဲ့အခါမှာလည်း လှေတွေပေါ်မှာ လူမဆန့်တော့လို့ အတွင်းစေကိုယ်လုပ်မောင်းမတွေကို ခြေနဲ့လက်ကို ကြိုးတုပ်ပြီး အသိဉာဏ်မဲ့မဲ့ ရေထဲပစ်ချခိုင်းတာ၊ ဆရာတော်တွေက "ရေထဲတော့ ပစ်မချပါနဲ့ ၊ မောင်းမမိန်းမတွေကို ကြိုက်တဲ့လူ, ရဟန်းတွေယူပါစေ" လို့ မိန့်လို့ မောင်းမတွေ အသက်ချမ်းသာရာရသွားတာ၊ ဖခင်ဥဇနာမင်းကြီးသေတဲ့အခါ အမတ်ကြီးရာဇသင်္ကြံက သူ့အင်္ကျီဖျင်လက်ပေါ် ကွမ်းသွေးထွေးချထားတဲ့ ရန်ငြိုးကြောင့် နန်းလျာဖြစ်တဲ့အစ်ကိုသီဟသူကို မင်းအဖြစ်မပေးဘဲဖမ်းပြီး သူ့ကို နန်းတင်ပေးခဲ့တဲ့ ကျေးဇူးကို မသိတတ်ဘဲ ရာဇသင်္ကြံကို ဒလပို့ပစ်တာ၊ မိဖုရားတွေ တစ်ယောက်နဲ့တစ်ယောက်မနာလိုဖြစ်နေကြတာ၊ မင်းသားညီအစ်ကိုချင်း ရန်စောင်နေကြတာ စသည်စသည် ဝန်းကျင်ဇာတ်ရုပ်တွေကများ သိင်္ဃသူ့သမီးကို ဒီဆုတောင်းတွေတောင်းဖို့ ဖြစ်လာခဲ့လေသလားလို့ တွေးမိပါတယ်။ 

            လူအများစုဟာ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ခံစားချက်ကို အခြေခံပြီးဆုတောင်းကြတာ များပါတယ်။ သူကျင်လည်ရာဝန်းကျင်က သူ့ကို တရားတွေအများကြီး ဟောလိုက်ပုံ ရပါတယ်။     

            သိင်္ဃသူ့သမီးဆုတောင်းက တရားသဘောတွေအပြည့်ပါနေပါတယ်။ အထူးသဖြင့် မလိုချင်တာရယ် လိုချင်တာရယ်ကိုတွဲပြီး ဆုတောင်းသွားတာပါ။ သူ့ဆုတောင်းထဲကအတိုင်း ရမ္မက်နည်းမယ်၊ ဒေါသနည်းမယ်၊ ပညာရှိမယ်၊ ဝန်မတိုဘူး၊ ပေးကမ်းတတ်မယ်၊ သစ္စာရှိမယ်၊ မမေ့တတ်ဘူး၊ ကျေးဇူးသိတတ်မယ်ဆိုရင် ဘဝတစ်ခုက အတော်လေးအေးချမ်းနေပါပြီ။ နေရတာလည်း ပျော်ဖို့ ကောင်းပါတယ်။ ရမ္မက်ဒေါသနည်းရင်ပဲ အတော်နေလို့ ကောင်းနေပါပြီ။         

            ပုဂံခေတ်ကျောက်စာဆုတောင်းတွေကိုကြည့်လိုက်ရင် ငါ့လင်၊ ငါ့သား စသည်ဖြင့် ငါစွဲ အတ္တစွဲတွေနဲ့  'ငါ'တွေကို ထပ်ခါထပ်ခါသုံးပြီး ဆုတောင်းထားသလို ကျိန်စာတွေပါ တွဲတွဲတိုက်လေ့ ရှိပါတယ်။         

            သိင်္ဃသူ့သမီးနဲ့ လင်တူ နရသီဟပတေ့မင်းရဲ့မိဖုရား ဖွားစောကတောင် စောလှဝန်းကျောက်စာမှာ " ငါ့ချစ်သား ၊ အတို့သခင်မင်းကြီး၊ ငါ့မိ၊ ငါ့ဖ၊ ငါ့အစ်မမိဖုရား " စသည်ဖြင့် ငါတွေကို ထပ်ခါထပ်ခါ သုံးပြီး ဆုတောင်းသွားပါတယ်။        

            နာမည်ကျော် မိဖုရားဖွားစောကျောက်စာမှာလည်း "ငါ့လင်သခင်မင်းကြီး၊ ငါ့သားမင်းကြီး၊ ငါ့မြေးမင်းကြီး" စသည်ဖြင့် ငါစွဲတွေနဲ့ ဆုတောင်းထားပါတယ်။         

            ပုဂံခေတ်မှာ မိဖုရားဖွားစော သုံးယောက်ရှိပါတယ်။        

            ပထမဖွားစော(မင်းဝိုင်းဖွားစော)က နရသိင်္ခဥဇနာမင်းရဲ့ မိဖုရား၊ ဥဇ္ဇာနာမင်းရဲ့ မယ်တော်၊ နရသီဟပတေ့မင်းရဲ့ ဘွားတော်ပါ။ နာမည်ကျော်မိဖုရားဖွားစောကျောက်စာရေးထိုးသူပါ။       

            ဒုတိယဖွားစော(စောလှဝန်းဖွားစော)က ဆိတ်ထိန်းကမ်းဖြူရွာဇာတိ ဥဇ္ဇာနာမင်းနဲ့ နရသီဟပတေ့မင်းတို့ရဲ့ မိဖုရား၊ စောလှဝန်းကျောက်စာရေးထိုးသူပါ။ နရသီဟပတေ့မင်း ပညာမဲ့မဲ့ လုပ်သမျှကို စောင့်ရှောက်ပေးခဲ့တဲ့ မိဖုရားပါ။ အဲဒီဒုတိယဖွားစောအကြောင်းကို ဘိလပ်ပြန်သန်းက 'မိဖုရားဖွားစော' ဆိုပြီး သီချင်းဆိုခဲ့သလို မောရစ်ကောလစ်ကလည်း She was a Queen. ဆိုပြီး  ဝတ္ထုရေးခဲ့ပါတယ်။ ဒီဝတ္ထုကိုပဲ ဆရာမြသန်းတင့်က 'ဧကရီဖွားစော'ဆိုပြီး ဘာသာပြန်ခဲ့ပါတယ်။         

            တတိယဖွားစော(သစ်မထီးဖွားစော)ကတော့ ကျော်စွာမင်းရဲ့မိဖုရားပါ။ သားစောနစ်က ဆက်မိဖုရားမြှောက်ခဲ့သူပါ။        

            ပုဂံခေတ်ကျောက်စာတွေမှာ ဆုတောင်းတွေအပြင် ကျိန်စာတွေပါ တွဲတွဲတိုက်လေ့ရှိတာက ပုဂံခေတ်ဓလေ့တစ်ခုလား မသိပါဘူး။          

         "စားသောထမင်းဟင်း၊ သောက်သောရေ၊ နေသောအိမ် အဆိပ်ဖြစ်ပါစေ၊ ဒေဝဒတ်ကားအထက်၊ ဖျက်ရစ်သောသူကား အအောက်ဖြစ်စေသတေး"        

                                                      (အထောလတ်ကျောက်စာ )          

           "ဤငါ့အလှူကို ဖျက်ဆီးသောသူအား အဝီစိငရဲလျှင် ကျက်စေသတည်း။ ကမ္ဘာလေဖျက်သောအခါ မြေကြီးတောင်ပေါ်ခပင်း မုန့်မုန့် ညက်ညက်ပျက်စီးသို့ ပျက်စီးစေသတည်း။ ဆောက်တည်ရာမရ ဖြစ်စေသတည်း"                  

                                                     (မဟာထီးဘုရားကျောက်စာ)          

            သူတို့အလှူတွေကြာရှည်ခိုင်မြဲဖို့ ဆုတောင်းနဲ့အတူ ကျိန်စာတွေပါတွဲတွဲတိုက်ထားတာပါ။ ကျိန်စာတွေထဲက "ဆောက်တည်ရာမရ ဖြစ်စေသတည်း" ဆိုတဲ့ ကျိန်စာကိုတော့ သုံးလေးခေါက်လောက် ပြန်ဖတ်ပြီး ပြုံးတောင်ပြုံးမိပါတယ်။ ကျိန်စာမိတဲ့သူကတော့ မသက်သာလှပါဘူး။ ဘယ်လောက်ပဲချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးရှိရှိ တချိန်လုံးဆောက်တည်ရာမရ ဖြစ်နေတော့မှာပါ။ လူက ဂဏှာမငြိမ် ဣနြေ္ဒမရနဲ့ အမြဲစိတ်ယောက်ယက်ခတ်နေရတော့ မှာပါ။ ပျော်မှာလည်းမဟုတ်တော့ပါဘူး။         

           သိင်္ဃသူ့သမီးဆုတောင်းမှာတော့  အများသူငါဆုတောင်းတွေလို "ငါ ငါ ငါ" ဆိုတဲ့ အတ္တစွဲတွေမပါသလို ကျိန်စာတိုက်ထားတာလည်း မတွေ့ရပါဘူး။ သိင်္ဃသူ့သမီးက လက်ရှိဘဝမှာ တရားအသိတွေအတော်အတန်ရှိနေပုံရသလို နောက်ဘဝတွေမှာလည်း တရားအသိတွေ ပိုပိုရှိသွားဖို့ပဲ ဆုတောင်းသွားခဲ့တာပါ။ နရသီဟပတေ့မင်းရဲ့ မိဖုရားဆိုပေမယ့် မိဖုရားလို့ မသုံးဘဲ ကိုယ့်နာမည်ကိုမဖော်ဘဲ သာမန်"မင်းမယား"လို့ပဲ ကျောက်စာမှာရေးထိုးသွားပုံကလည်း သိပ်ပြီး ပေါ်လွင်ချင်ပုံမရပါဘူး။               

           လိုရင်းကတော့ ကိုယ်မလိုချင်တဲ့အရာနဲ့ လိုချင်တဲ့အရာကို ကုသိုလ်ပြုပြီး ဆုတောင်းသွားခဲ့တာပါ။                          

           ဒါကြောင့် သိင်္ဃသူ့သမီးဆုတောင်းကိုသာဓကယူပြီး ကိုယ်မလိုချင်တဲ့အရာနဲ့ လိုချင်တဲ့အရာကို ကုသိုလ်ပြုပြီး ဆုတောင်းသွားရုံပါပဲ။မြတ်စွာဘုရားမှာ ရေချမ်း၊ ပန်းကပ်ပြီးပဲ ဆုတောင်းဆုတောင်း၊ ဂါထာ ပဋ္ဌာန်းပရိတ်တွေရွတ်ပြီးပဲ ဆုတောင်းဆုတောင်း၊ မရှိခက်ခဲနေတဲ့သူတွေကို ပေးကမ်းလှူဒါန်းပြီးပဲ ဆုတောင်းဆုတောင်း၊ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်း ဆေးရုံ ဆေးခန်း၊ စာကြည့်တိုက်စသည် အဆောက်အဦတွေဆောက်ပြီးပဲ ဆုတောင်းဆုတောင်း၊ ကိုယ်အဆင်ပြေသလို ကုသိုလ်ပြုပြီးဆုတောင်းလို့ ရပါတယ်။        

            ဥပမာ- ဘုရား ရေချမ်းပန်းကပ်ပြီး  "ဘဝအဆက်ဆက် စိတ်မညစ်ရသော စိတ်ချမ်းသာရသောသူ ဖြစ်ရပါလို၏" လို့ နေ့စဉ်ဆုတောင်းလို့လည်း ရပါတယ်။ ဒါမှမဟုတ် မနက်အိပ်ရာက နိုးတာနဲ့ မထသေးဘဲ နမောတဿသုံးကြိမ်ဆိုပြီး " ဘုရားတပည့်တော် စိတ်ချမ်းသာရပါလို၏  " လို့ ဆုတောင်းနဲ့ အိပ်ရာထလိုက်လည်း ရပါတယ်။      

            ထေရီထေရာဝတ္ထုတွေမှာလည်း ကြိုက်တဲ့ကုသိုလ်ကို ပြုပြီး ကြိုက်တဲ့ဆုကိုတောင်းပြီး သံသရာက ကူးသွားကြတာများပါတယ်။ လိုရင်းကတော့ ကိုယ်လိုချင်တဲ့ဆုကို ကုသိုလ်ပြုပြီးဆုတောင်းကြတာပါ။

            ရှေ့ပိုင်းကာလတွေမှာတော့ ကုသိုလ်ပြုပြီးရင် လိုအပ်ချက်တွေကို မြတ်စွာဘုရားနားငြီးလောက်အောင် ဆုတွေတောင်းတတ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ဘယ်ကုသိုလ်ပဲပြုပြု နိဗ္ဗာန်ပြီးရင် "ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ ဘုရား" လို့ပဲ ဆုတောင်းဖြစ်ပါတော့တယ်။ စိတ်ချမ်းသာမှုနဲ့ယှဉ်ရင် ကျန်တဲ့အရာတွေကို ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ပဲ မနီးမဝေးမှာ ထားချင်ပါတယ်။ ပိုက်ဆံမရှိလို့ကလည်း မဖြစ်ပြန်ဘူး။ အဲဒါတွေကို ခွာထားနိုင်လောက်အောင်လည်း တရားကမရှိသေးပါဘူး။         

             ကုသိုလ်ပြုပြီး "ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ ဘုရား"  လို့ ဆုတောင်းလိုက်ရရင်ပဲ ကျေနပ်သလိုခံစားနေရပါပြီ။ စိတ်ချမ်းသာနေရင်ပဲ ဘဝတစ်ခုကပြည့်စုံနေတယ်လို့လည်း ခံစားရပါတယ်။ အောင်မြင်တာ ထင်ရှားတာ ပိုက်ဆံရှိတာ စသည်တွေဟာ စိတ်ချမ်းသာမှုနဲ့ ယှဉ်လိုက်ရင် အလိုလိုအဝေးကို ရောက်သွားတာပါ။         

              ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ဘယ်အရာပဲဖြစ်ဖြစ် အလေ့အကျင့်များရင် စွဲသွားတတ်ပါတယ်။ စွဲတာမှ ဒီဘဝအတွက်တင်မကပါဘူး ။ နောက်ဘဝအထိပါစွဲသွားတတ်ပါတယ်။ အရင်ဘဝတွေက အစွဲအလမ်းတွေ နောက်ဘဝအဆက်ဆက်အထိပါလာတဲ့ ဇာတ်ဝတ္ထုသာဓကတွေလည်း အများကြီးပါပဲ။       

             What you think you become. So be mindful of what you think.        

             ကိုယ်တွေးနေတာတွေက ကိုယ့်ဘဝဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်အတွေးတွေကို သတိကပ်ပါ။               

             'ကိုယ်တွေးနေတဲ့ အရာတွေက ကိုယ့်ဘဝဖြစ်လာတယ်' တဲ့၊ စိတ်ညစ်စရာတွေ တွေးတွေးနေရင် တွေးပါများလာတဲ့အခါ မသိစိတ်မှာစွဲသွားပါတယ်။ မသိစိတ်မှာစွဲသွားရင် စိတ်ညစ်စရာတစ်ခုခုကို ရှာတွေးပြီး စိတ်ညစ်နေတော့တာပါ။ စိတ်မညစ်ရရင် မနေတတ်တော့ပါဘူး။ စိတ်ညစ်နေရတာကိုပဲ ကိုယ့်ဘဝလို့ ထင်သွားတော့တာပါ။ ကိုယ့်ကိုယ်ကိုယ်သတိထားမိရင် သိသာပါတယ်။

             မကျေနပ်စိတ်အမြဲဖြစ်နေတဲ့သူကလည်း ကြာလာတော့ မကျေနပ်စိတ်က မသိစိတ်မှာစွဲသွားတော့တာပါ။ ဒီတော့ ဘယ်အာရုံပဲလာလာ မကျေနပ်စိတ်ပဲ ဖြစ်နေတော့တာပါ။ မကျေနပ်စိတ်မဖြစ်ရရင် မနေတတ်တော့ပါဘူး။ မကျေနပ်စိတ်ဖြစ်လိုက်ရမှပဲ လူက နေသာထိုင်သာရှိသွားတော့တာပါ။ မကျေနပ်စိတ်က မသိစိတ်မှာစွဲနေတာပါ။ ဒါကို သိစိတ်နဲ့ ပြန်ဖျောက်ရပါတယ်။

             လူတစ်ယောက်ကို မကောင်းမြင်စိတ်အမြဲဖြစ်နေရင်လည်း ကြာလာတဲ့အခါ မကောင်းမြင်စိတ်က ကိုယ့်ရဲ့ မသိစိတ်မှာ စွဲသွားတတ်ပါတယ်။ မသိစိတ်မှာစွဲသွားရင် သူဘာလုပ်လုပ် ဘာပြောပြော မကောင်းဘဲ မြင်နေတော့တာပါ။ တကယ်လို့ ကိုယ်မကောင်းမြင်တဲ့ ပုဂ္ဂိုလ်က မိသားစု, မိတ်ဆွေဖြစ်တယ်ဆိုရင် နှစ်ယောက်လုံးအတွက် လွန်စွာဝမ်းနည်းဖို့ကောင်းပါတယ်။ တချိန်ကပြုခဲ့တဲ့ ကျေးဇူးတို့၊ သံယောဇဉ်တို့ဆိုတာ ပျောက်ကွယ်သွားတော့တာပါ။ ဒါမျိုးကြုံလာခဲ့ရင် ကိုယ့်ကိုယ်ကို သတိပြန်ကပ်ပြီး တချိန်ကကျေးဇူးတို့ ၊ သံယောဇဉ်တို့ကို ထပ်ကာထပ်ကာ ပြန်ပြန်စဉ်းစားပြီး သိစိတ်နဲ့ ပြန်ပယ်ပေးရပါတယ်။ 

             ဒီလိုပါပဲ၊ စိတ်ချမ်းသာစရာပဲ တွေးနေတဲ့သူကလည်း ကြာလာတော့ စိတ်ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်လာတော့တာပါ။ ကိုယ်တွေးနေတဲ့အရာတွေက ကြာလာတော့ ကိုယ့်ဘဝဖြစ်လာတဲ့သဘောပါ။ ဒါကြောင့် မနက်အိပ်ရာနိုးတာနဲ့ ချက်ချင်းမထသေးဘဲ နမောတ ဿရွတ်ပြီး စိတ်ချမ်းသာဖို့ ဆုတောင်းမယ်။ တကယ်အိပ်ရာထတာနဲ့ "ငါစိတ်ချမ်းသာတယ် ၊ ငါစိတ်ချမ်းသာတယ်" လို့ ငါးခေါက် ခြောက်ခေါက်လောက် ရွတ်ပြီး ကိုယ်လက်သန့်စင်ခန်းသွားမယ်။ ကိုယ်ကိုယ်တိုင်က စိတ်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုတာကို ကိုယ်တိုင်ပြောပြောပေးတာပါ။                               

             တချို့စိတ်ပညာစာအုပ်တွေမှာဆိုရင် ကိုယ်လုံးပေါ်မှန်ရှေ့ မှာ "ငါစိတ်ချမ်းသာတယ်၊ ငါစိတ်ချမ်းသာတယ်" လို့ တစ်နေ့သုံးကြိမ်လောက် အသံထွက်ပြီးဆိုခိုင်းတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်နေတဲ့သူဆိုရင်လည်း "ငါ့ကိုယ်ကို ငါယုံကြည်တယ် ၊ငါ့ကိုယ်ကို ငါယုံကြည်တယ်" လို့ နေ့စဉ်ဆိုခိုင်းတာပါ။ ဒီတော့ စိတ်ချမ်းသာဖို့ ဘာသာရေးဘက်ကနေ ရွှေတိဂုံဘုရားမှာ ကုသိုလ်ပြုဆုတောင်းမယ်၊ မဟာမုနိဘုရားကြီးမှာ ကုသိုလ်ပြုဆုတောင်းမယ်၊ အိမ်ကဘုရားမှာ ပန်း ရေချမ်းကပ်ဆုတောင်းမယ်၊ တခြားကုသိုလ်တွေပြုဆုတောင်းမယ်။ စိတ်ပညာဘက်ကလည်း "ငါစိတ်ချမ်းသာတယ်၊ ငါစိတ်ချမ်းသာတယ်" လို့ နေ့စဉ်တစ်နေ့သုံးကြိမ်လောက်ရွတ်ပြီး မသိစိတ်မှာစွဲသွားအောင် လေ့ကျင့်ယူမယ်ဆိုရင် စိတ်ချမ်းသာရာနယ်ပယ်နဲ့ နီးနီးလာမှာပါ။        

              တချို့စိတ်ဆင်းရဲစရာတွေက တွေးလို့စိတ်ဆင်းရဲတာပါ၊ မတွေးရင် စိတ်မဆင်းရဲပါဘူး။ သတိထားကြည့်ရင် သိသာပါတယ်။ ဒီတော့ စိတ်ဆင်းရဲစရာတွေ တွေးပြီဆိုရင် သတိလေးနဲ့ ကိုယ့်စိတ်ကို ပြန်ကြည့် ကြည့်ပေးဖို့ပါ။ သတိနဲ့ ပြန်ကြည့်လိုက်ရင် တွေးလို့စိတ်ဆင်းရဲရတယ်ဆိုတာ ကိုယ်တိုင်သိရပါတယ်။        

               တစ်နေ့ကျရင် ခုရှိနေတဲ့လူတွေ ကိုယ်အပါအဝင် တစ်ယောက်မှရှိတော့ မှာ မဟုတ်ပါဘူး။ ဒါတွေကို သိပါလျက်နဲ့ ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရနဲ့ နေနေရတဲ့ဘဝကလည်း စိတ်ဆင်းရဲစရာအကြောင်းတွေထဲက အကြောင်းတစ်ခုပါ။ ဘယ်သူ့ မှမထိခိုက်ဘူးဆိုရင် လူ့ဘဝသက်တမ်းတိုတိုလေးမှာ ကိုယ်နေချင်တဲ့ ပုံစံလေးနဲ့ နေသွားတာကလည်း စိတ်ချမ်းသာရာတစ်ခုပါပဲ။         

             တကယ်တော့ ဆင်းရဲတယ်ဆိုတာ ဘယ်ဆင်းရဲမှ မကောင်းပါဘူး။ စိတ်ဆင်းရဲတာလည်း မကောင်းပါဘူး။ ပိုက်ဆံဆင်းရဲတာလည်း မကောင်းပါဘူး။ ဒါပေမယ့် ပိုက်ဆံကိုပဲ 'ပထမ' 'ပထမ' ထားနေပြန်ရင်လည်း စိတ်ဆင်းရဲမှုက သက်ရောက်မှုအရ မခေါ်ဘဲရောက်လာရဦးမှာပါ၊ လူတွေဟာ သေသာသွားတယ် ကိုယ်ရှာထားတဲ့ ပိုက်ဆံတွေကို ဘယ်သူမှတော့ ကုန်အောင် သုံးမသွားနိုင်ပါဘူး၊ ဒီလိုနဲ့ပဲ သေသွားရတာပါ။ မနက်ဖြန်ရှင်မယ်ဆိုတာတောင် သေချာတာမဟုတ်ပါဘူး။         

            သိင်္ဃသူ့သမီးကတော့ သူ့ဝန်းကျင်ကဇာတ်ဆောင်တွေရဲ့ ကံသုံးပါးအမူအရာတွေကိုကြည့်ပြီးပဲ ဆုတောင်းခဲ့လေသလား၊ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ ရမ္မက်ဒေါသစသည်နည်းပါးသူဖြစ်ချင်လို့ပဲ ဆုတောင်းခဲ့လေသလား ဆိုတဲ့ အတွေးကိုတော့ တွေးတွေးနေမိပါတယ်။ တကယ်တော့ သိင်္ဃသူ့သမီးက နှောင်းလူတွေအတွက်တော့ဆုတောင်းနည်းပြတစ်ဦးပါ။ ကျေးဇူးလည်းတင်ဖို့ကောင်းပါတယ်။ ဆုတောင်းလေးက တရားတစ်ခုအနေနဲ့ ဒီနေ့အထိ ကျေးဇူးပြုနေတာကတော့အမှန်တကယ်ပါ။         

             ဘာပဲပြောပြော ပန်းတစ်ပွင့်ပဲလှူလှူ ဘယ်ကုသိုလ်လေးပဲပြုပြု ကုသိုလ်ပြုတိုင်းပြုတိုင်း "ဘဝအဆက်ဆက်စိတ်ချမ်းသာရပါလို၏ ဘုရား" လို့ ဆုတောင်းလိုက်ရတာကကိုပဲ ကျေနပ်ရခြင်းတစ်ခုဖြစ်နေပါပြီလေ။                                                                                                            

                                                                                                  ရဝေနွယ်(အင်းမ)

ကျမ်းကိုး။     ။            

            ၁။ ဒဿမတန်းမြန်မာစကားပြေလက်ရွေးစဉ်၊                  

           ၂။ ဦးကုလား မဟာရာဇဝင်ကြီး၊                           

               ပထမအုပ် စာမျက်နှာ ၂၃၄။                  

           ၃။ မှန်နန်းမဟာရာဇဝင်တော်ကြီး၊                           

               မင်းခွေးချေးအကြောင်း။                  

           ၄။ တွင်းသင်းမြန်မာရာဇဝင်သစ်၊                         

               ပထမတွဲ- စာမျက်နှာ ၁၃၉။                  

           ၅။ သုသောဓိတ မဟာရာဇဝင်ကြီး ပတွဲ နှင့် ဒုတွဲ၊                            

               မင်းခွေးချေးအကြောင်း။                  

           ၆။ ပုဂံခေတ်မြန်မာစာပေပါရဂူ (Ph.D) ဘွဲ့အတွက် တင်သွင်းသောကျမ်း၊   

               (မောင်ရဲဌေး)                  

           ၇။ မြန်မာစာပါမောက္ခ ဆရာမ မမိုးမြေ၏ ရာဇဝင်သမိုင်းကျောက်စာများကို 

               စာရေးသူအား နှုတ်အားဖြင့် သင်ကြားပြောပြပေးမှုများ။

           (သမိုင်းရာဇဝင်နာမည်များကိုတော့  "ဦးကုလားမဟာရာဇဝင်ကြီး"တစ်အုပ်ကိုသာယူ၍ ရေးပါသည်)


[Zawgyi]ဘဝအဆက္ဆက္  စိတ္ခ်မ္းသာရပါလို၏ ဘုရား                                                                                                                       

                                                                                                                                   

                                                         ရေဝႏြယ္ (အင္းမ)        

             "ငါလည္း ရမၼက္ႀကီးေသာ၊ မေရာင့္ရဲတတ္ေသာ၊ အမ်က္ႀကီးေသာ၊ သူတစ္ထူးကို ၫွဉ္းဆဲတတ္ေသာ၊ ပညာမရိွေသာ၊ မိုက္ေသာ၊ ဝန္တိုေသာ၊ အေပးအကမ္း မရိွေသာ၊ သစၥာမရိွေသာ၊ ပ်က္တတ္ေသာ၊ ေမ့ေလ်ာ့ေသာ၊ ေအာက္ေမ့တသကင္းေသာ မျဖစ္မူ၍            

           ရမၼက္နည္းေသာ၊ ေရာင့္ရဲလြယ္ေသာ၊ အမ်က္နည္းေသာ၊ သနားတတ္ေသာ၊ ပညာရိွေသာ၊ အေၾကာင္းကို သိတတ္ေသာ၊ ဝန္မတိုေသာ၊ အေပးအကမ္းရိွေသာ၊ သစၥာရိွေသာ၊ မပ်က္တတ္ေသာ၊ မေမ့ေလ်ာ့ေသာ၊ ေအာက္ေမ့တသရိွေသာ ဤသို႔ေသာ ေက်းဇူးတို႔ ႏွင့္ ျပၫ့္စံုလ်က္ သံသရာႏိႈက္က်င္လည္၍ ေမတၲေယ်ဘုရား မ်က္ေမွာက္ကကၤာလ်ွင္ ျမတ္ေသာအကြၽတ္ တရားရလိုသတည္း"။ 

                                                                                                  သိဃၤသူ႔သမီးေက်ာက္စာ                                                                      

                                                                                                       (ျမန္မာႏွစ္ ၆၂၈ ၊ ခရစ္ႏွစ္ ၁၂၆၆)             

             လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၇၅၀) ေက်ာ္က ပုဂံမွာသိဃၤသူ႔သမီးဆုေတာင္းခဲ့တဲ့ ဆုေတာင္းေက်ာက္စာေလးတစ္ခုပါ။ သိဃၤသူ႔သမီးက ေက်ာင္းေဆာက္ၿပီး ေက်ာင္းမွာေနတဲ့ ရဟန္းသံဃာေတြအတြက္ လယ္ ဥယ်ာဉ္ ကြၽန္ေတြလႉၿပီး ဆုေတာင္းခဲ့တာပါ။                                  

            ဆုေတာင္းကိုဖတ္မိတိုင္းဖတ္မိတိုင္း သူဘာျဖစ္လို႔မ်ားဒီဆုေတာင္းကို ေတာင္းခဲ့တာလဲလို႔ ေတြးေတြးေနမိပါတယ္။ ဆုေတာင္းေနာက္ခံသမိုင္းဇာတ္ခံုကိုလည္း သိခ်င္ေနမိျပန္ပါတယ္။ ဆုေတာင္းခ်င္ေလာက္ေအာင္ အေၾကာင္းေတြရိွမယ္လို႔လည္း ထင္မိပါတယ္။ တျခားပုဂံေခတ္ေက်ာက္စာဆုေတာင္းေတြနဲ႔ ကြဲျပားေနတာကလည္း သိခ်င္စိတ္ကိုပိုၿပီး ျဖစ္ေစခဲ့ပါတယ္။      

             သဃၤသူ႔သမီးဟာ တရုတ္ေျပးမင္းလို႔ေခၚတဲ့ နရသီဟပေတ့မင္းရဲ့မိဖုရားျဖစ္တယ္လို႔ ဆယ္တန္းျမန္မာစာအုပ္ျပဳစုသူ ပညာရွင္ေတြကေက်ာက္စာထိုးတဲ့ ခုႏွစ္ကိုၾကၫ့္ၿပီး အေျဖရွာေပးထားပါတယ္ ။         

             နရသီဟပေတ့မင္းဟာ ကိုယ္လုပ္ေတာ္ေမာင္းမသံုးေထာင္ထားတာ၊ ဟင္းခြက္သံုးရာနဲ႔ ပြဲေတာ္တည္တာ၊ အိပ္ရာထတာနဲ႔ ေမာင္းမေတြကို တစ္ခုခုနဲ႔ ပစ္ေပါက္တတ္တာ၊ သူခ်စ္လွပါတယ္ဆိုတဲ့မိဖုရားေစာလံုကို သတ္ပစ္တာ၊ ကိုယ္ရဲ့အမႈထမ္းသူရဲေကာင္း အုတ္လွကို သတ္ခိုင္းတာ၊ သံတမန္ကို မသတ္ရဆိုတဲ့ ဓေလ့ကို ဖ်က္ၿပီး တရုတ္သံတမန္ေတြကို သတ္ပစ္တာ၊ တရုတ္သံေတြကိုသတ္ပစ္လို႔ တရုတ္စစ္တပ္စစ္ခ်ီလာတဲ့အခါ ၿမိဳ႔ခိုင္လံုေအာင္ဆိုၿပီး ဂူနဲ႔ ေစတီေတြဖ်က္ၿပီး အုတ္ေတြယူတာ၊ တရုတ္စစ္ခ်ီလာလို႔ ေျပးရတဲ့အခါမွာလည္း ေလွေတြေပၚမွာ လူမဆန႔္ေတာ့လို႔ အတြင္းေစကိုယ္လုပ္ေမာင္းမေတြကို ေျခနဲ႔လက္ကို ႀကိဳးတုပ္ၿပီး အသိဉာဏ္မဲ့မဲ့ ေရထဲပစ္ခ်ခိုင္းတာ၊ ဆရာေတာ္ေတြက "ေရထဲေတာ့ ပစ္မခ်ပါနဲ႔ ၊ ေမာင္းမမိန္းမေတြကို ႀကိဳက္တဲ့လူ, ရဟန္းေတြယူပါေစ" လို႔ မိန႔္လို႔ ေမာင္းမေတြ အသက္ခ်မ္းသာရာရသြားတာ၊ ဖခင္ဥဇနာမင္းႀကီးေသတဲ့အခါ အမတ္ႀကီးရာဇသႄကၤံက သူ႔အက်ႌဖ်င္လက္ေပၚ ကြမ္းေသြးေထြးခ်ထားတဲ့ ရန္ၿငိဳးေၾကာင့္ နန္းလ်ာျဖစ္တဲ့အစ္ကိုသီဟသူကို မင္းအျဖစ္မေပးဘဲဖမ္းၿပီး သူ႔ကို နန္းတင္ေပးခဲ့တဲ့ ေက်းဇူးကို မသိတတ္ဘဲ ရာဇသႄကၤံကို ဒလပို႔ပစ္တာ၊ မိဖုရားေတြ တစ္ေယာက္နဲ႔တစ္ေယာက္မနာလိုျဖစ္ေနၾကတာ၊ မင္းသားညီအစ္ကိုခ်င္း ရန္ေစာင္ေနၾကတာ စသည္စသည္ ဝန္းက်င္ဇာတ္ရုပ္ေတြကမ်ား သိဃၤသူ႔သမီးကို ဒီဆုေတာင္းေတြေတာင္းဖို႔ ျဖစ္လာခဲ့ေလသလားလို႔ ေတြးမိပါတယ္။ 

            လူအမ်ားစုဟာ ကိုယ့္ပတ္ဝန္းက်င္နဲ႔ ကိုယ့္ခံစားခ်က္ကို အေျခခံၿပီးဆုေတာင္းၾကတာ မ်ားပါတယ္။ သူက်င္လည္ရာဝန္းက်င္က သူ႔ကို တရားေတြအမ်ားႀကီး ေဟာလိုက္ပံု ရပါတယ္။     

            သိဃၤသူ႔သမီးဆုေတာင္းက တရားသေဘာေတြအျပၫ့္ပါေနပါတယ္။ အထူးသျဖင့္ မလိုခ်င္တာရယ္ လိုခ်င္တာရယ္ကိုတြဲၿပီး ဆုေတာင္းသြားတာပါ။ သူ႔ဆုေတာင္းထဲကအတိုင္း ရမၼက္နည္းမယ္၊ ေဒါသနည္းမယ္၊ ပညာရိွမယ္၊ ဝန္မတိုဘူး၊ ေပးကမ္းတတ္မယ္၊ သစၥာရိွမယ္၊ မေမ့တတ္ဘူး၊ ေက်းဇူးသိတတ္မယ္ဆိုရင္ ဘဝတစ္ခုက အေတာ္ေလးေအးခ်မ္းေနပါၿပီ။ ေနရတာလည္း ေပ်ာ္ဖို႔ ေကာင္းပါတယ္။ ရမၼက္ေဒါသနည္းရင္ပဲ အေတာ္ေနလို႔ ေကာင္းေနပါၿပီ။         

            ပုဂံေခတ္ေက်ာက္စာဆုေတာင္းေတြကိုၾကၫ့္လိုက္ရင္ ငါ့လင္၊ ငါ့သား စသည္ျဖင့္ ငါစြဲ အတၲစြဲေတြနဲ႔  'ငါ'ေတြကို ထပ္ခါထပ္ခါသံုးၿပီး ဆုေတာင္းထားသလို က်ိန္စာေတြပါ တြဲတြဲတိုက္ေလ့ ရိွပါတယ္။         

            သိဃၤသူ႔သမီးနဲ႔ လင္တူ နရသီဟပေတ့မင္းရဲ့မိဖုရား ဖြားေစာကေတာင္ ေစာလွဝန္းေက်ာက္စာမွာ " ငါ့ခ်စ္သား ၊ အတို႔သခင္မင္းႀကီး၊ ငါ့မိ၊ ငါ့ဖ၊ ငါ့အစ္မမိဖုရား " စသည္ျဖင့္ ငါေတြကို ထပ္ခါထပ္ခါ သံုးၿပီး ဆုေတာင္းသြားပါတယ္။        

            နာမည္ေက်ာ္ မိဖုရားဖြားေစာေက်ာက္စာမွာလည္း "ငါ့လင္သခင္မင္းႀကီး၊ ငါ့သားမင္းႀကီး၊ ငါ့ေျမးမင္းႀကီး" စသည္ျဖင့္ ငါစြဲေတြနဲ႔ ဆုေတာင္းထားပါတယ္။         

            ပုဂံေခတ္မွာ မိဖုရားဖြားေစာ သံုးေယာက္ရိွပါတယ္။        

            ပထမဖြားေစာ(မင္းဝိုင္းဖြားေစာ)က နရသိခၤဥဇနာမင္းရဲ့ မိဖုရား၊ ဥဇၨာနာမင္းရဲ့ မယ္ေတာ္၊ နရသီဟပေတ့မင္းရဲ့ ဘြားေတာ္ပါ။ နာမည္ေက်ာ္မိဖုရားဖြားေစာေက်ာက္စာေရးထိုးသူပါ။       

            ဒုတိယဖြားေစာ(ေစာလွဝန္းဖြားေစာ)က ဆိတ္ထိန္းကမ္းျဖဴရြာဇာတိ ဥဇၨာနာမင္းနဲ႔ နရသီဟပေတ့မင္းတို႔ရဲ့ မိဖုရား၊ ေစာလွဝန္းေက်ာက္စာေရးထိုးသူပါ။ နရသီဟပေတ့မင္း ပညာမဲ့မဲ့ လုပ္သမ်ွကို ေစာင့္ေရွာက္ေပးခဲ့တဲ့ မိဖုရားပါ။ အဲဒီဒုတိယဖြားေစာအေၾကာင္းကို ဘိလပ္ျပန္သန္းက 'မိဖုရားဖြားေစာ' ဆိုၿပီး သီခ်င္းဆိုခဲ့သလို ေမာရစ္ေကာလစ္ကလည္း She was a Queen. ဆိုၿပီး  ဝတၴုေရးခဲ့ပါတယ္။ ဒီဝတၴုကိုပဲ ဆရာျမသန္းတင့္က 'ဧကရီဖြားေစာ'ဆိုၿပီး ဘာသာျပန္ခဲ့ပါတယ္။         

            တတိယဖြားေစာ(သစ္မထီးဖြားေစာ)ကေတာ့ ေက်ာ္စြာမင္းရဲ့မိဖုရားပါ။ သားေစာနစ္က ဆက္မိဖုရားေျမႇာက္ခဲ့သူပါ။        

            ပုဂံေခတ္ေက်ာက္စာေတြမွာ ဆုေတာင္းေတြအျပင္ က်ိန္စာေတြပါ တြဲတြဲတိုက္ေလ့ရိွတာက ပုဂံေခတ္ဓေလ့တစ္ခုလား မသိပါဘူး။          

         "စားေသာထမင္းဟင္း၊ ေသာက္ေသာေရ၊ ေနေသာအိမ္ အဆိပ္ျဖစ္ပါေစ၊ ေဒဝဒတ္ကားအထက္၊ ဖ်က္ရစ္ေသာသူကား အေအာက္ျဖစ္ေစသေတး"        

                                                      (အေထာလတ္ေက်ာက္စာ )          

           "ဤငါ့အလႉကို ဖ်က္ဆီးေသာသူအား အဝီစိငရဲလ်ွင္ က်က္ေစသတည္း။ ကမ႓ာေလဖ်က္ေသာအခါ ေျမၾကီးေတာင္ေပၚခပင္း မုန႔္မုန႔္ ညက္ညက္ပ်က္စီးသို႔ ပ်က္စီးေစသတည္း။ ေဆာက္တည္ရာမရ ျဖစ္ေစသတည္း"                  

                                                     (မဟာထီးဘုရားေက်ာက္စာ)          

            သူတို႔အလႉေတြၾကာရွည္ခိုင္ၿမဲဖို႔ ဆုေတာင္းနဲ႔အတူ က်ိန္စာေတြပါတြဲတြဲတိုက္ထားတာပါ။ က်ိန္စာေတြထဲက "ေဆာက္တည္ရာမရ ျဖစ္ေစသတည္း" ဆိုတဲ့ က်ိန္စာကိုေတာ့ သံုးေလးေခါက္ေလာက္ ျပန္ဖတ္ၿပီး ၿပံဳးေတာင္ၿပံဳးမိပါတယ္။ က်ိန္စာမိတဲ့သူကေတာ့ မသက္သာလွပါဘူး။ ဘယ္ေလာက္ပဲခ်မ္းသာခ်မ္းသာ၊ ဘယ္ေလာက္ပဲ ရာထူးရိွရိွ တခ်ိန္လံုးေဆာက္တည္ရာမရ ျဖစ္ေနေတာ့မွာပါ။ လူက ဂဏွာမၿငိမ္ ဣေႁႏၵမရနဲ႔ အၿမဲစိတ္ေယာက္ယက္ခတ္ေနရေတာ့ မွာပါ။ ေပ်ာ္မွာလည္းမဟုတ္ေတာ့ပါဘူး။         

           သိဃၤသူ႔သမီးဆုေတာင္းမွာေတာ့  အမ်ားသူငါဆုေတာင္းေတြလို "ငါ ငါ ငါ" ဆိုတဲ့ အတၲစြဲေတြမပါသလို က်ိန္စာတိုက္ထားတာလည္း မေတြ့ရပါဘူး။ သိဃၤသူ႔သမီးက လက္ရိွဘဝမွာ တရားအသိေတြအေတာ္အတန္ရိွေနပံုရသလို ေနာက္ဘဝေတြမွာလည္း တရားအသိေတြ ပိုပိုရိွသြားဖို႔ပဲ ဆုေတာင္းသြားခဲ့တာပါ။ နရသီဟပေတ့မင္းရဲ့ မိဖုရားဆိုေပမယ့္ မိဖုရားလို႔ မသံုးဘဲ ကိုယ့္နာမည္ကိုမေဖာ္ဘဲ သာမန္"မင္းမယား"လို႔ပဲ ေက်ာက္စာမွာေရးထိုးသြားပံုကလည္း သိပ္ၿပီး ေပၚလြင္ခ်င္ပံုမရပါဘူး။               

           လိုရင္းကေတာ့ ကိုယ္မလိုခ်င္တဲ့အရာနဲ႔ လိုခ်င္တဲ့အရာကို ကုသိုလ္ျပဳျပီး ဆုေတာင္းသြားခဲ့တာပါ။                          

           ဒါေၾကာင့္ သိဃၤသူ႔သမီးဆုေတာင္းကိုသာဓကယူၿပီး ကိုယ္မလိုခ်င္တဲ့အရာနဲ႔ လိုခ်င္တဲ့အရာကို ကုသိုလ္ျပဳျပီး ဆုေတာင္းသြားရံုပါပဲ။ျမတ္စြာဘုရားမွာ ေရခ်မ္း၊ ပန္းကပ္ၿပီးပဲ ဆုေတာင္းဆုေတာင္း၊ ဂါထာ ပ႒ာန္းပရိတ္ေတြရြတ္ၿပီးပဲ ဆုေတာင္းဆုေတာင္း၊ မရိွခက္ခဲေနတဲ့သူေတြကို ေပးကမ္းလႉဒါန္းၿပီးပဲ ဆုေတာင္းဆုေတာင္း၊ ဘုန္းႀကီးေက်ာင္း ၊စာသင္ေက်ာင္း ေဆးရံု ေဆးခန္း၊ စာၾကၫ့္တိုက္စသည္ အေဆာက္အဦေတြေဆာက္ၿပီးပဲ ဆုေတာင္းဆုေတာင္း၊ ကိုယ္အဆင္ေျပသလို ကုသိုလ္ျပဳျပီးဆုေတာင္းလို႔ ရပါတယ္။        

            ဥပမာ- ဘုရား ေရခ်မ္းပန္းကပ္ၿပီး  "ဘဝအဆက္ဆက္ စိတ္မညစ္ရေသာ စိတ္ခ်မ္းသာရေသာသူ ျဖစ္ရပါလို၏" လို႔ ေန့စဉ္ဆုေတာင္းလို႔လည္း ရပါတယ္။ ဒါမွမဟုတ္ မနက္အိပ္ရာက ႏိုးတာနဲ႔ မထေသးဘဲ နေမာတႆသံုးႀကိမ္ဆိုၿပီး " ဘုရားတပၫ့္ေတာ္ စိတ္ခ်မ္းသာရပါလို၏  " လို႔ ဆုေတာင္းနဲ႔ အိပ္ရာထလိုက္လည္း ရပါတယ္။      

            ေထရီေထရာဝတၴုေတြမွာလည္း ႀကိဳက္တဲ့ကုသိုလ္ကို ျပဳျပီး ႀကိဳက္တဲ့ဆုကိုေတာင္းၿပီး သံသရာက ကူးသြားၾကတာမ်ားပါတယ္။ လိုရင္းကေတာ့ ကိုယ္လိုခ်င္တဲ့ဆုကို ကုသိုလ္ျပဳျပီးဆုေတာင္းၾကတာပါ။

            ေရ႔ွပိုင္းကာလေတြမွာေတာ့ ကုသိုလ္ျပဳျပီးရင္ လိုအပ္ခ်က္ေတြကို ျမတ္စြာဘုရားနားၿငီးေလာက္ေအာင္ ဆုေတြေတာင္းတတ္ပါတယ္။ ေနာက္ပိုင္းကာလေတြမွာေတာ့ ဘယ္ကုသိုလ္ပဲျပဳျပဳ နိဗၺာန္ၿပီးရင္ "ဘဝအဆက္ဆက္ စိတ္ခ်မ္းသာရပါလို၏ ဘုရား" လို႔ပဲ ဆုေတာင္းျဖစ္ပါေတာ့တယ္။ စိတ္ခ်မ္းသာမႈနဲ႔ယွဉ္ရင္ က်န္တဲ့အရာေတြကို ဘဝရဲ့ အစိတ္အပိုင္းတစ္ခုအျဖစ္နဲ႔ပဲ မနီးမေဝးမွာ ထားခ်င္ပါတယ္။ ပိုက္ဆံမရိွလို႔ကလည္း မျဖစ္ျပန္ဘူး။ အဲဒါေတြကို ခြာထားႏိုင္ေလာက္ေအာင္လည္း တရားကမရိွေသးပါဘူး။         

             ကုသိုလ္ျပဳျပီး "ဘဝအဆက္ဆက္ စိတ္ခ်မ္းသာရပါလို၏ ဘုရား"  လို႔ ဆုေတာင္းလိုက္ရရင္ပဲ ေက်နပ္သလိုခံစားေနရပါၿပီ။ စိတ္ခ်မ္းသာေနရင္ပဲ ဘဝတစ္ခုကျပၫ့္စံုေနတယ္လို႔လည္း ခံစားရပါတယ္။ ေအာင္ျမင္တာ ထင္ရွားတာ ပိုက္ဆံရိွတာ စသည္ေတြဟာ စိတ္ခ်မ္းသာမႈနဲ႔ ယွဉ္လိုက္ရင္ အလိုလိုအေဝးကို ေရာက္သြားတာပါ။         

              ေကာင္းတာပဲျဖစ္ျဖစ္၊ မေကာင္းတာပဲျဖစ္ျဖစ္ ဘယ္အရာပဲျဖစ္ျဖစ္ အေလ့အက်င့္မ်ားရင္ စြဲသြားတတ္ပါတယ္။ စြဲတာမွ ဒီဘဝအတြက္တင္မကပါဘူး ။ ေနာက္ဘဝအထိပါစြဲသြားတတ္ပါတယ္။ အရင္ဘဝေတြက အစြဲအလမ္းေတြ ေနာက္ဘဝအဆက္ဆက္အထိပါလာတဲ့ ဇာတ္ဝတၴုသာဓကေတြလည္း အမ်ားႀကီးပါပဲ။       

             What you think you become. So be mindful of what you think.        

             ကိုယ္ေတြးေနတာေတြက ကိုယ့္ဘဝျဖစ္လာတယ္။ ဒါေၾကာင့္ ကိုယ့္အေတြးေတြကို သတိကပ္ပါ။               

             'ကိုယ္ေတြးေနတဲ့ အရာေတြက ကိုယ့္ဘဝျဖစ္လာတယ္' တဲ့၊ စိတ္ညစ္စရာေတြ ေတြးေတြးေနရင္ ေတြးပါမ်ားလာတဲ့အခါ မသိစိတ္မွာစြဲသြားပါတယ္။ မသိစိတ္မွာစြဲသြားရင္ စိတ္ညစ္စရာတစ္ခုခုကို ရွာေတြးၿပီး စိတ္ညစ္ေနေတာ့တာပါ။ စိတ္မညစ္ရရင္ မေနတတ္ေတာ့ပါဘူး။ စိတ္ညစ္ေနရတာကိုပဲ ကိုယ့္ဘဝလို႔ ထင္သြားေတာ့တာပါ။ ကိုယ့္ကိုယ္ကိုယ္သတိထားမိရင္ သိသာပါတယ္။

             မေက်နပ္စိတ္အၿမဲျဖစ္ေနတဲ့သူကလည္း ၾကာလာေတာ့ မေက်နပ္စိတ္က မသိစိတ္မွာစြဲသြားေတာ့တာပါ။ ဒီေတာ့ ဘယ္အာရံုပဲလာလာ မေက်နပ္စိတ္ပဲ ျဖစ္ေနေတာ့တာပါ။ မေက်နပ္စိတ္မျဖစ္ရရင္ မေနတတ္ေတာ့ပါဘူး။ မေက်နပ္စိတ္ျဖစ္လိုက္ရမွပဲ လူက ေနသာထိုင္သာရိွသြားေတာ့တာပါ။ မေက်နပ္စိတ္က မသိစိတ္မွာစြဲေနတာပါ။ ဒါကို သိစိတ္နဲ႔ ျပန္ေဖ်ာက္ရပါတယ္။

             လူတစ္ေယာက္ကို မေကာင္းျမင္စိတ္အၿမဲျဖစ္ေနရင္လည္း ၾကာလာတဲ့အခါ မေကာင္းျမင္စိတ္က ကိုယ့္ရဲ့ မသိစိတ္မွာ စြဲသြားတတ္ပါတယ္။ မသိစိတ္မွာစြဲသြားရင္ သူဘာလုပ္လုပ္ ဘာေျပာေျပာ မေကာင္းဘဲ ျမင္ေနေတာ့တာပါ။ တကယ္လို႔ ကိုယ္မေကာင္းျမင္တဲ့ ပုဂၢိုလ္က မိသားစု, မိတ္ေဆျြဖစ္တယ္ဆိုရင္ ႏွစ္ေယာက္လံုးအတြက္ လြန္စြာဝမ္းနည္းဖို႔ေကာင္းပါတယ္။ တခ်ိန္ကျပဳခဲ့တဲ့ ေက်းဇူးတို႔၊ သံေယာဇဉ္တို႔ဆိုတာ ေပ်ာက္ကြယ္သြားေတာ့တာပါ။ ဒါမ်ိဳးႀကံဳလာခဲ့ရင္ ကိုယ့္ကိုယ္ကို သတိျပန္ကပ္ၿပီး တခ်ိန္ကေက်းဇူးတို႔ ၊ သံေယာဇဉ္တို႔ကို ထပ္ကာထပ္ကာ ျပန္ျပန္စဉ္းစားၿပီး သိစိတ္နဲ႔ ျပန္ပယ္ေပးရပါတယ္။ 

             ဒီလိုပါပဲ၊ စိတ္ခ်မ္းသာစရာပဲ ေတြးေနတဲ့သူကလည္း ၾကာလာေတာ့ စိတ္ခ်မ္းသာတဲ့ လူတစ္ေယာက္ျဖစ္လာေတာ့တာပါ။ ကိုယ္ေတြးေနတဲ့အရာေတြက ၾကာလာေတာ့ ကိုယ့္ဘဝျဖစ္လာတဲ့သေဘာပါ။ ဒါေၾကာင့္ မနက္အိပ္ရာႏိုးတာနဲ႔ ခ်က္ခ်င္းမထေသးဘဲ နေမာတ ႆရြတ္ၿပီး စိတ္ခ်မ္းသာဖို႔ ဆုေတာင္းမယ္။ တကယ္အိပ္ရာထတာနဲ႔ "ငါစိတ္ခ်မ္းသာတယ္ ၊ ငါစိတ္ခ်မ္းသာတယ္" လို႔ ငါးေခါက္ ေျခာက္ေခါက္ေလာက္ ရြတ္ၿပီး ကိုယ္လက္သန႔္စင္ခန္းသြားမယ္။ ကိုယ္ကိုယ္တိုင္က စိတ္ခ်မ္းသာတဲ့လူတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုတာကို ကိုယ္တိုင္ေျပာေျပာေပးတာပါ။                               

             တခ်ိဳ႕စိတ္ပညာစာအုပ္ေတြမွာဆိုရင္ ကိုယ္လံုးေပၚမွန္ေရ႔ွ မွာ "ငါစိတ္ခ်မ္းသာတယ္၊ ငါစိတ္ခ်မ္းသာတယ္" လို႔ တစ္ေန့သံုးႀကိမ္ေလာက္ အသံထြက္ၿပီးဆိုခိုင္းတာပါ။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေပ်ာက္ေနတဲ့သူဆိုရင္လည္း "ငါ့ကိုယ္ကို ငါယံုၾကည္တယ္ ၊ငါ့ကိုယ္ကို ငါယံုၾကည္တယ္" လို႔ ေန့စဉ္ဆိုခိုင္းတာပါ။ ဒီေတာ့ စိတ္ခ်မ္းသာဖို႔ ဘာသာေရးဘက္ကေန ေရႊတိဂံုဘုရားမွာ ကုသိုလ္ျပဳဆုေတာင္းမယ္၊ မဟာမုနိဘုရားႀကီးမွာ ကုသိုလ္ျပဳဆုေတာင္းမယ္၊ အိမ္ကဘုရားမွာ ပန္း ေရခ်မ္းကပ္ဆုေတာင္းမယ္၊ တျခားကုသိုလ္ေတျြပဳဆုေတာင္းမယ္။ စိတ္ပညာဘက္ကလည္း "ငါစိတ္ခ်မ္းသာတယ္၊ ငါစိတ္ခ်မ္းသာတယ္" လို႔ ေန့စဉ္တစ္ေန့သံုးႀကိမ္ေလာက္ရြတ္ၿပီး မသိစိတ္မွာစြဲသြားေအာင္ ေလ့က်င့္ယူမယ္ဆိုရင္ စိတ္ခ်မ္းသာရာနယ္ပယ္နဲ႔ နီးနီးလာမွာပါ။        

              တခ်ိဳ႕စိတ္ဆင္းရဲစရာေတြက ေတြးလို႔စိတ္ဆင္းရဲတာပါ၊ မေတြးရင္ စိတ္မဆင္းရဲပါဘူး။ သတိထားၾကၫ့္ရင္ သိသာပါတယ္။ ဒီေတာ့ စိတ္ဆင္းရဲစရာေတြ ေတြးၿပီဆိုရင္ သတိေလးနဲ႔ ကိုယ့္စိတ္ကို ျပန္ၾကၫ့္ ၾကၫ့္ေပးဖို႔ပါ။ သတိနဲ႔ ျပန္ၾကၫ့္လိုက္ရင္ ေတြးလို႔စိတ္ဆင္းရဲရတယ္ဆိုတာ ကိုယ္တိုင္သိရပါတယ္။        

               တစ္ေန့က်ရင္ ခုရိွေနတဲ့လူေတြ ကိုယ္အပါအဝင္ တစ္ေယာက္မွရိွေတာ့ မွာ မဟုတ္ပါဘူး။ ဒါေတြကို သိပါလ်က္နဲ႔ ဟိုလူ႔ေၾကာက္ရ၊ ဒီလူ႔ေၾကာက္ရနဲ႔ ေနေနရတဲ့ဘဝကလည္း စိတ္ဆင္းရဲစရာအေၾကာင္းေတြထဲက အေၾကာင္းတစ္ခုပါ။ ဘယ္သူ႔ မွမထိခိုက္ဘူးဆိုရင္ လူ႔ဘဝသက္တမ္းတိုတိုေလးမွာ ကိုယ္ေနခ်င္တဲ့ ပံုစံေလးနဲ႔ ေနသြားတာကလည္း စိတ္ခ်မ္းသာရာတစ္ခုပါပဲ။         

             တကယ္ေတာ့ ဆင္းရဲတယ္ဆိုတာ ဘယ္ဆင္းရဲမွ မေကာင္းပါဘူး။ စိတ္ဆင္းရဲတာလည္း မေကာင္းပါဘူး။ ပိုက္ဆံဆင္းရဲတာလည္း မေကာင္းပါဘူး။ ဒါေပမယ့္ ပိုက္ဆံကိုပဲ 'ပထမ' 'ပထမ' ထားေနျပန္ရင္လည္း စိတ္ဆင္းရဲမႈက သက္ေရာက္မႈအရ မေခၚဘဲေရာက္လာရဦးမွာပါ၊ လူေတြဟာ ေသသာသြားတယ္ ကိုယ္ရွာထားတဲ့ ပိုက္ဆံေတြကို ဘယ္သူမွေတာ့ ကုန္ေအာင္ သံုးမသြားႏိုင္ပါဘူး၊ ဒီလိုနဲ႔ပဲ ေသသြားရတာပါ။ မနက္ျဖန္ရွင္မယ္ဆိုတာေတာင္ ေသခ်ာတာမဟုတ္ပါဘူး။         

            သိဃၤသူ႔သမီးကေတာ့ သူ႔ဝန္းက်င္ကဇာတ္ေဆာင္ေတြရဲ့ ကံသံုးပါးအမူအရာေတြကိုၾကၫ့္ၿပီးပဲ ဆုေတာင္းခဲ့ေလသလား၊ ဒါမွမဟုတ္ သူကိုယ္တိုင္ကပဲ ရမၼက္ေဒါသစသည္နည္းပါးသူျဖစ္ခ်င္လို႔ပဲ ဆုေတာင္းခဲ့ေလသလား ဆိုတဲ့ အေတြးကိုေတာ့ ေတြးေတြးေနမိပါတယ္။ တကယ္ေတာ့ သိဃၤသူ႔သမီးက ေနွာင္းလူေတြအတြက္ေတာ့ဆုေတာင္းနည္းျပတစ္ဦးပါ။ ေက်းဇူးလည္းတင္ဖို႔ေကာင္းပါတယ္။ ဆုေတာင္းေလးက တရားတစ္ခုအေနနဲ႔ ဒီေန့အထိ ေက်းဇူးျပဳေနတာကေတာ့အမွန္တကယ္ပါ။         

             ဘာပဲေျပာေျပာ ပန္းတစ္ပြင့္ပဲလႉလႉ ဘယ္ကုသိုလ္ေလးပဲျပဳျပဳ ကုသိုလ္ျပဳတိုင္းျပဳတိုင္း "ဘဝအဆက္ဆက္စိတ္ခ်မ္းသာရပါလို၏ ဘုရား" လို႔ ဆုေတာင္းလိုက္ရတာကကိုပဲ ေက်နပ္ရျခင္းတစ္ခုျဖစ္ေနပါၿပီေလ။                                                                                                            

                                                                                                  ရေဝႏြယ္(အင္းမ)

က်မ္းကိုး။     ။            

            ၁။ ဒႆမတန္းျမန္မာစကားေျပလက္ေရြးစဉ္၊                  

           ၂။ ဦးကုလား မဟာရာဇဝင္ႀကီး၊                           

               ပထမအုပ္ စာမ်က္ႏွာ ၂၃၄။                  

           ၃။ မွန္နန္းမဟာရာဇဝင္ေတာ္ႀကီး၊                           

               မင္းေခြးေခ်းအေၾကာင္း။                  

           ၄။ တြင္းသင္းျမန္မာရာဇဝင္သစ္၊                         

               ပထမတြဲ- စာမ်က္ႏွာ ၁၃၉။                  

           ၅။ သုေသာဓိတ မဟာရာဇဝင္ႀကီး ပတြဲ ႏွင့္ ဒုတြဲ၊                            

               မင္းေခြးေခ်းအေၾကာင္း။                  

           ၆။ ပုဂံေခတ္ျမန္မာစာေပပါရဂူ (Ph.D) ဘြဲ႔အတြက္ တင္သြင္းေသာက်မ္း၊   

               (ေမာင္ရဲေဌး)                  

           ၇။ ျမန္မာစာပါေမာကၡ ဆရာမ မမိုးေျမ၏ ရာဇဝင္သမိုင္းေက်ာက္စာမ်ားကို 

               စာေရးသူအား ႏႈတ္အားျဖင့္ သင္ၾကားေျပာျပေပးမႈမ်ား။

           (သမိုင္းရာဇဝင္နာမည္မ်ားကိုေတာ့  "ဦးကုလားမဟာရာဇဝင္ႀကီး"တစ္အုပ္ကိုသာယူ၍ ေရးပါသည္)