Friday, September 24, 2021

အုန်းထမင်း - ဒိန်ချဉ် ကြက်ကြော် - စပါးလင် လက်ဖက်ရည် (Lemongrass Tea)

 အုန်းထမင်း - ဒိန်ချဉ် ကြက်ကြော် - စပါးလင် လက်ဖက်ရည် (Lemongrass Tea)


များသောအားဖြင့် အုန်းထမင်းချက်ကြရင် ကြက်သားဟင်းလေးနဲ့တွဲဖက်စားသုံးကြတာပါ။ ကျွန်တော်ကတော့် ကြက်သားကြော်နဲ့စား ပါတယ်။ ပြီးတော့ Lemongrass Tea လေးတစ်ခွက်သောက်ပေါ့။ 


Rice cooker လေးနဲ့ အုန်းထမင်း ချက်နည်း




****ပါဝင်ပစ္စည်း

- ဖျာပုံပေါ်ဆန်း ..နို့ဆီဘူး ၂ ဘူး  

- အုန်းနို့  .. 250 ml ၁ဘူး

- သျကား ...ဟင်းခတ် zebra ဇွန်း ၂ ဇွန်းမောက်မောက်

- ဆား ..၁ လက်ဖက်စားဇွန်း မောက်မောက်

- ဆီ ...ဟင်းခတ် Zebra ဇွန်း ၁ ဇွန်း

- ကြက်သွန်နီ.. ၄ လုံး စိတ်ခွဲထည့် 


***ချက်နည်း ..

ဆန္ကို ရေ ၃-၄ ကြိမ်ဆေးပြီး ပါဝင်ပစ္စည်း အားလုံး ရောထည့်မွှေပေးပါ.. ဆန္ကို မျက်နှာပြင်ညှိပြီး ရေကို ဆန်မျက်နှာပြင်အပေါ် လက်တစ်ဆစ်ရောက်အောင် ထပ်ဖြည့်ပေးပါ..ပြီးရင် Rice cooker လေးနဲ့ ချက်ပေးလို့ရပါပြီ..စ ဆူလာလို့ အငွေ့ထွက်ပေါက်လေးကနေ အငွေ့လေးတွေ ထွက်လာရင် ပထမအကြိမ် ခဏေလး မွှေပေးပါ..ပြီး ဆက်ချက်လို့ နောက် ၅ မိနစ်လောက်နေရင် ဒုတိယအကြိမ် မွှေပေး မျက်နှာပြင်ညှိပေးရင်း ကြက်သွန်နီဖတ်လေးတွေ ဆန်အောက်ဖက် ထိုးထည့်ထားပေးလိုက်ပါ..ပိုနူး ပိုအရသာဝင်အောင်လို့ပါ.

.အစအဆုံး ချက်ချိန် ၁၅ မိနစ်လောက်မှာတင်ဘဲ ခလုပ်တက်ပါပြီ..ထမင်းသေသေချာချာနပ်အောင် မီးခလုပ်မပိတ်သေးဘဲ Warm အတိုင်းလေးကို ဆယ်မိနစ်လောက် ထပ်ထားလိုက်ပါ..အရသာရှိပြီး လွယ်ကူမြန်ဆန်တဲ့ အုန်းထမင်းလေး ရပါပြီ..

ကိုယ်သုံးတဲ့ဆန်ရဲ့ ဆန်သားအပျော့အမာအလိုက်တော့ ရေကို လိုတိုးပိုလျှော့ ထည့်ပေးနိုင်ပါတယ်နော်..

အုန်းထမင်းလေးကို ကြက်သား သို့မဟုတ် ကြက်အသည်းအမြစ်ဟင်း..ပုဇွန်ခြောက်ဘာလချောင်..ကြက်သွန် ငြုပ်သီးစိမ်း သံပုရာသီးအချဉ်လေးရယ်.ဒါမှမဟုတ် သရက်ချဉ်သုပ်လေးရယ်... နှစ်သက်ရာဟင်းချို တစ်မျိုးမျိုးနဲ့ တြဲဖက္စား..အလွန် စားမြိန်ပါတယ်လို့..။


ဒိန်ချဉ် ကြက်ကြော် (ဒိန်ချဉ်နဲ့နှပ်ပြီးမှ ကြော်ထားတဲ့ကြက်ကြော်)




ဒိန်ချဉ်ကြက်ကြော်က အခြားကြက်ကြော်တွေနဲ့အရသာကွဲထွက်ပြီးအတော်ကို စားကောင်းတယ်။ အနံ့ကလဲအတော်မွှေးတယ်။ သူ့ရဲ့အကောင်းဆုံးက ဒိန်ချဉ်နဲ့အကြော်မှုန့်ကိုကပ်ထားတဲ့နေရာက ကြွပ်ပြီး အခြားကြက်ကြော် အ၇သာနဲ့မတူပဲ စားကောင်းပါတယ်။ အတွင်းက အသားကေတာ့ ဒိန်ချဉ်နဲ့နှပ်ထားလို့နူးနူးအိအိလေးနေပါတယ်။ လုပ်ရတာလဲလွယ်ကူလို့လုပ်စားကြည့်နော်။


ပါဝင်သောပစ္စည်းများ

၁။ ကြက်ပေါင် - ၂၅ ကျပ်သား (သို့) ၂ ပေါင်

၂။ ဒိန်ချဉ် - ၁ ခွက်

၃။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၄။ အကြော်မှုန့်- ၁ ခွက်

၅။ ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်

၆။ ကြော်ရန်ဆီ 


( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


ပြုလုပ်နည်း

၁။ ကြက်သားကို သန့်စင်ပြီး ဆားလက်ဖက်ရည်ဇွန်း တ ဝက်နှင့် နယ်ပြီး ၁၅ မိနစ်ခန့်နှပ်ပါ။ ပြီးလျှင် ဒိန်ချဉ်ကို ထည့်ပြီး အနည်းဆုံး ၃ နာရီခန့်ရေခဲသေတ္တာထဲမှာ နှပ်ထားပါ။ (အိစံကေတာ့ တည နှပ်ထားပါတယ်။)

၂။ ပန်းကန်တခုထဲမှာ ဆားလက်ဖက်ရည်ဇွန်း တ ဝက်၊ ငရုတ်ကောင်းမှုန့်လက်ဖက်ရည်ဇွန်း တ ဝက်နှင့် အကြော်မှုန့်တို့ကို ရောရ်ျ သမအောင်လုပ်ပါ။

၃။ ဒယ်အိုးထဲတွင် ဆီကို အပူပေးရ်ျ ဆီပူလာလျှင် ဒိန်ချဉ်နှင့်နှပ်ထားသော ကြက်ပေါင် တခု ဆီကို အကြော်မှုန့်ဖြင့် နှံ့အောင်လူးရ်ျ ဆီပူပူတွင် ထည့်ကြော်ပါ။

၄။ ကြက်ပေါင်များ နီညို ရောင်သန်းလာလျှင် ဆီစစ်ပါ။

၅။ အခြားကြက်ကြော်တွေနဲ့မတူပဲ အနံ့မွှေးမွှေးနဲ့အလွန်စားလို့ကောင်းတဲ့ဒိန်ချဉ်ကြက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။


စပါးလင် လက်ဖက်ရည် (Lemongrass Tea)

....................................




 စပါးလင်ကို လတ်လတ်ဆတ်ဆတ်ရေနွေးကြမ်း လုပ်သောက်ရတာ အင်မတန် ကျန်းမာရေးအတွက် ကောင်းမွန်သလို သောက်ပြီးရင်လည်း စွဲလန်းသွားစေမယ်။

    ပါဝင်ပစ္စည်းများ

-   ရေ   -   ၄ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်)

-   စပါးလင်   -   ၃ ချောင်း (အပိုင်းလေးတွေ ပိုင်းထားပါ)

-   သကြား   -   လေးပုံ တစ်ပုံခွက် ( မုန့်လုပ်ရန်တိုင်းသော ခွက်)

-   သံပရာသီး   -   ၁ လုံး (ပါးပါး အကွင်းလေးတွေ လွီးထားပါ)

    ပြုလုပ်နည်း

၁။  အိုးထဲ ရေထည့်ပြီး ပွတ်ပွတ်ဆူအောင် တည်ပါ။

၂။  ရေဆူလျှင် စပါးလင်များထည့်ပြီး ၅ မိနစ်လောက် တည်ပါ။

၃။ မီးလျှော့ပြီး အငွေ့တက်ရုံလေး ၅ မိနစ်လောက် ထပ်တည်ပါ။

၄။ ရေစစ်ဖြင့် စပါးလင်ဖတ်များ ရေစစ်ပြီး၊ အရေကြည်ထဲ သကြားရောပါ။ သကြား အရည်ပျော်တဲ့အထိ မွှေပေးပါ။

၅။ နွေးနွေးလေး သုံးဆောင်နိုင်သလို၊ ရေခဲသေတ္တာထဲ အအေးခံပြီး စပါးလင် ရေနွေးကြမ်းအေး အဖြစ်လည်း သုံးဆောင်နိုင်ပါတယ်။

...............................

Syi Lwin (foodsgarden)


အုန္းထမင္း - ဒိန္ခ်ဥ္ ၾကက္ေၾကာ္ - စပါးလင္ လက္ဖက္ရည္ (Lemongrass Tea)


မ်ားေသာအားျဖင့္ အုန္းထမင္းခ်က္ၾကရင္ ၾကက္သားဟင္းေလးနဲ႔တြဲဖက္စားသံုးၾကတာပါ။ ကၽြန္ေတာ္ကေတာ့္ ၾကက္သားေၾကာ္နဲ႔စား ပါတယ္။ ျပီးေတာ့ Lemongrass Tea ေလးတစ္ခြက္ေသာက္ေပါ့။ 


Rice cooker ေလးနဲ႔ အုန္းထမင္း ခ်က္နည္း




****ပါဝင္ပစၥည္း

- ဖ်ာပံုေပၚဆန္း ..နို႔ဆီဘူး ၂ ဘူး  

- အုန္းနို႔  .. 250 ml ၁ဘူး

- သ်ကား ...ဟင္းခတ္ zebra ဇြန္း ၂ ဇြန္းေမာက္ေမာက္

- ဆား ..၁ လက္ဖက္စားဇြန္း ေမာက္ေမာက္

- ဆီ ...ဟင္းခတ္ Zebra ဇြန္း ၁ ဇြန္း

- ျကက္သြန္နီ.. ၄ လံုး စိတ္ခြဲထည့္ 


***ခ်က္နည္း ..

ဆႏၠို ေရ ၃-၄ ျကိမ္ေဆးျပီး ပါဝင္ပစၥည္း အားလံုး ေရာထည့္ေမႊေပးပါ.. ဆႏၠို မ်က္နွာျပင္ညွိျပီး ေရကို ဆန္မ်က္နွာျပင္အေပၚ လက္တစ္ဆစ္ေရာက္ေအာင္ ထပ္ျဖည့္ေပးပါ..ျပီးရင္ Rice cooker ေလးနဲ့ ခ်က္ေပးလို့ရပါျပီ..စ ဆူလာလို႔ အေငြ႔ထြက္ေပါက္ေလးကေန အေငြ႔ေလးေတြ ထြက္လာရင္ ပထမအျကိမ္ ခေဏလး ေမႊေပးပါ..ျပီး ဆက္ခ်က္လို႔ ေနာက္ ၅ မိနစ္ေလာက္ေနရင္ ဒုတိယအျကိမ္ ေမႊေပး မ်က္နွာျပင္ညွိေပးရင္း ျကက္သြန္နီဖတ္ေလးေတြ ဆန္ေအာက္ဖက္ ထိုးထည့္ထားေပးလိုက္ပါ..ပိုႏူး ပိုအရသာဝင္ေအာင္လို႔ပါ.

.အစအဆံုး ခ်က္ခ်ိန္ ၁၅ မိနစ္ေလာက္မွာတင္ဘဲ ခလုပ္တက္ပါျပီ..ထမင္းေသေသခ်ာခ်ာနပ္ေအာင္ မီးခလုပ္မပိတ္ေသးဘဲ Warm အတိုင္းေလးကို ဆယ္မိနစ္ေလာက္ ထပ္ထားလိုက္ပါ..အရသာရွိျပီး လြယ္ကူျမန္ဆန္တဲ့ အုန္းထမင္းေလး ရပါျပီ..

ကိုယ္သံုးတဲ့ဆန္ရဲ့ ဆန္သားအေပ်ာ့အမာအလိုက္ေတာ့ ေရကို လိုတိုးပိုေလွ်ာ့ ထည့္ေပးနိုင္ပါတယ္ေနာ္..

အုန္းထမင္းေလးကို ျကက္သား သို့မဟုတ္ ျကက္အသည္းအျမစ္ဟင္း..ပုဇြန္ေျခာက္ဘာလေခ်ာင္..ျကက္သြန္ ျငဳပ္သီးစိမ္း သံပုရာသီးအခ်ဥ္ေလးရယ္.ဒါမွမဟုတ္ သရက္ခ်ဥ္သုပ္ေလးရယ္... နွစ္သက္ရာဟင္းခ်ိဳ တစ္မ်ိဳးမ်ိဳးနဲ႔ ႀတဲဖကၥား..အလြန္ စားျမိန္ပါတယ္လို႔..။


ဒိန္ခ်ဥ္ ၾကက္ေၾကာ္ (ဒိန္ခ်ဥ္နဲ႔ႏွပ္ၿပီးမွ ေၾကာ္ထားတဲ့ၾကက္ေၾကာ္)




ဒိန္ခ်ဥ္ၾကက္ေၾကာ္က အျခားၾကက္ေၾကာ္ေတြနဲ႔အရသာကြဲထြက္ၿပီးအေတာ္ကို စားေကာင္းတယ္။ အနံ့ကလဲအေတာ္ေမႊးတယ္။ သူ႔ရဲ့အေကာင္းဆုံးက ဒိန္ခ်ဥ္နဲ႔အေၾကာ္မွုန္႔ကိုကပ္ထားတဲ့ေနရာက ႂကြပ္ၿပီး အျခားၾကက္ေၾကာ္ အ၇သာနဲ႔မတူပဲ စားေကာင္းပါတယ္။ အတြင္းက အသားေကတာ့ ဒိန္ခ်ဥ္နဲ႔ႏွပ္ထားလို့ႏူးႏူးအိအိေလးေနပါတယ္။ လုပ္ရတာလဲလြယ္ကူလို့လုပ္စားၾကည့္ေနာ္။


ပါ၀င္ေသာပစၥည္းမ်ား

၁။ ၾကက္ေပါင္ - ၂၅ က်ပ္သား (သို႔) ၂ ေပါင္

၂။ ဒိန္ခ်ဥ္ - ၁ ခြက္

၃။ ဆား - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၄။ အေၾကာ္မွုန္႔- ၁ ခြက္

၅။ င႐ုတ္ေကာင္းမွုန္႔- လက္ဖက္ရည္ဇြန္း တ ၀က္

၆။ ေၾကာ္ရန္ဆီ 


( ၁ ခြက္ = 240ml = ၇ိုး၇ိုးေကာ္ဖီခြက္ ၁ ခြက္ = ထမင္းစားဇြန္း ၁၆ ဇြန္း)

( ထမင္းစားဇြန္း = 1 tablespoon = 15 ml)

(လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)


ျပဳလုပ္နည္း

၁။ ၾကက္သားကို သန္႔စင္ၿပီး ဆားလက္ဖက္ရည္ဇြန္း တ ၀က္ႏွင့္ နယ္ၿပီး ၁၅ မိနစ္ခန္႔ႏွပ္ပါ။ ၿပီးလၽွင္ ဒိန္ခ်ဥ္ကို ထည့္ၿပီး အနည္းဆုံး ၃ နာရီခန္႔ေရခဲေသတၱာထဲမွာ ႏွပ္ထားပါ။ (အိစံေကတာ့ တည ႏွပ္ထားပါတယ္။)

၂။ ပန္းကန္တခုထဲမွာ ဆားလက္ဖက္ရည္ဇြန္း တ ၀က္၊ င႐ုတ္ေကာင္းမွုန္႔လက္ဖက္ရည္ဇြန္း တ ၀က္ႏွင့္ အေၾကာ္မွုန္႔တို့ကို ေရာရ္် သမေအာင္လုပ္ပါ။

၃။ ဒယ္အိုးထဲတြင္ ဆီကို အပူေပးရ္် ဆီပူလာလၽွင္ ဒိန္ခ်ဥ္ႏွင့္ႏွပ္ထားေသာ ၾကက္ေပါင္ တခု ဆီကို အေၾကာ္မွုန္႔ျဖင့္ ႏွံ့ေအာင္လူးရ္် ဆီပူပူတြင္ ထည့္ေၾကာ္ပါ။

၄။ ၾကက္ေပါင္မ်ား နီညိဳ ေ၇ာင္သန္းလာလၽွင္ ဆီစစ္ပါ။

၅။ အျခားၾကက္ေၾကာ္ေတြနဲ႔မတူပဲ အနံ့ေမႊးေမႊးနဲ႔အလြန္စားလို့ေကာင္းတဲ့ဒိန္ခ်ဥ္ၾကက္ေၾကာ္ကို သုံးေဆာင္နိုင္ပါၿပီ။


စပါးလင္ လက္ဖက္ရည္ (Lemongrass Tea)

....................................




 စပါးလင္ကို လတ္လတ္ဆတ္ဆတ္ေရေႏြးၾကမ္း လုပ္ေသာက္ရတာ အင္မတန္ က်န္းမာေရးအတြက္ ေကာင္းမြန္သလုိ ေသာက္ၿပီးရင္လည္း စဲြလန္းသြားေစမယ္။

    ပါဝင္ပစၥည္းမ်ား

-   ေရ   -   ၄ ခြက္ (မုန္႔လုပ္ရန္တိုင္းေသာ ခြက္)

-   စပါးလင္   -   ၃ ေခ်ာင္း (အပိုင္းေလးေတြ ပိုင္းထားပါ)

-   သၾကား   -   ေလးပံု တစ္ပံုခြက္ ( မုန္႔လုပ္ရန္တိုင္းေသာ ခြက္)

-   သံပရာသီး   -   ၁ လံုး (ပါးပါး အကြင္းေလးေတြ လြီးထားပါ)

    ျပဳလုပ္နည္း

၁။  အိုးထဲ ေရထည့္ၿပီး ပြတ္ပြတ္ဆူေအာင္ တည္ပါ။

၂။  ေရဆူလွ်င္ စပါးလင္မ်ားထည့္ၿပီး ၅ မိနစ္ေလာက္ တည္ပါ။

၃။ မီးေလွ်ာ့ၿပီး အေငြ႕တက္႐ုံေလး ၅ မိနစ္ေလာက္ ထပ္တည္ပါ။

၄။ ေရစစ္ျဖင့္ စပါးလင္ဖတ္မ်ား ေရစစ္ၿပီး၊ အေရၾကည္ထဲ သၾကားေရာပါ။ သၾကား အရည္ေပ်ာ္တဲ့အထိ ေမႊေပးပါ။

၅။ ေႏြးေႏြးေလး သံုးေဆာင္ႏိုင္သလို၊ ေရခဲေသတၱာထဲ အေအးခံၿပီး စပါးလင္ ေရေႏြးၾကမ္းေအး အျဖစ္လည္း သံုးေဆာင္ႏိုင္ပါတယ္။

...............................

Syi Lwin (foodsgarden)

No comments: