Saturday, September 25, 2021

သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့

သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့




ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win

ရေးသားသူ Aye Thi Mon


#Mental_Healths

#Suicide

#စိတ်ကျန်းမာရေးပြဿနာ


(လူ့ဘဝဆိုတာ ရခဲမျှပါ။ ရင်ဆိုင်ရတဲ့ အဆိုးလောကဓံကြောင့်သော်လည်းကောင်း၊ အကြောင်းတစ်စုံတရာကြောင့် အကြပ်အတည်းကြုံ ရချိန် ဖြေရှင်းရန်နည်းလမ်း မရှိတော့လို့ယူဆ၍ သော်လည်းကောင်း မိမိကိုယ်ကိုယ်သတ်သေပြီး အရာရာကို အရှုံးပေးလိုက်တယ်ဆိုတာ တကယ့်ကို အတွေးထဲတောင် မဝင်သင့်တဲ့ အကြံအစည်တစ်ခုဖြစ်ပါတယ်။ ဘယ်လိုအဆိုးနဲ့ကြုံကြုံ အသက်ရှင်သန်ဖို့နည်းလမ်းကိုသာ ရွေးချယ်ပါ။ အသက်ရှင်ပါ။ မျက်လုံးဖွင့်တိုင်းမှာ ရောင်နီသစ်ရှိတယ်။ ကိုယ့်စိတ် ကိုယ့်အတွေးအကြံကို ဂရုစိုက်ပါ။)


ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်လို့ ကြားလိုက်တိုင်း ပျော့ညံ့လိုက်တာ၊ အလွယ်တကူနဲ့ အရှုံးပေးတယ်လို့ မြင်လိုက်တတ် ကြပါတယ်။ တကယ်ရော ဒီထက်မြင်ချက်တွေက မှန်ရဲ့လားဆိုတာကို ဆန်းစစ်ဖူးရဲ့လား……….. လူတစ်ယောက် ကိုယ့်အသက်ကိုကိုယ် ရန်ရှာရတယ်ဆိုကတည်းက အကြောင်းရင်းခံက ဘာရယ်မဟုတ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ သက်ရှိတိုင်းလိုလိုက ရှင်သန်နေထိုင်ဖို့ စိတ်အား ထက်သန်ကြပါတယ်။ ရှင်သန်နေထိုင်ဖို့ ဆန္ဒပြင်းပြတဲ့ သက်ရှိတွေထဲမှာမှ ဉာဏ်ရည်အမြင့်ဆုံး လူသားတွေက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာ နဲ့ ပတ်သက်ပြီး အမှတ်မှားနေတဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။


#ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့


သေကြောင်းကြံစည်တာနဲ့ပတ်သက်လို့ သိထားတာတွေ မှန်ရဲ့လား……..


#ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မယ့်သူတွေက တစ်ကိုယ်တည်း ကြိတ်ကြံစည်ကြတယ်

အများစုက ဒီလိုထင်ကြတာပါ။ တကယ်ကတော့ သေကြောင်းကြံစည်သူတွေက အခြားသူတွေဆီမှာ သူကြုံနေရတဲ့ အခက်အခဲတွေကို ပြေလည်စေဖို့ နည်းလမ်းတွေ တောင်းလေ့ရှိပါတယ်။ သူတို့အနေနဲ့ လုံးဝ အကူအညီမရမှဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ရွေးချယ် ကြတာပါ။


တကယ်ကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေဟာ နောက်ဆုံးရွေးချယ်စရာ မရှိတော့ဘူး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တာ က အကောင်းဆုံးဆိုတဲ့အတွေး ခေါင်းထဲရောက်လာချိန်မှာ အနီးဝန်းကျင်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို အကူအညီတောင်းကြ ပါတယ်။ အဆုံးမစီရင်ခင် ရက်ပိုင်းအလို ရက်သတ္တပတ် အနည်းငယ်အလိုမှာ ဆက်တိုက်ဆိုသလို နေ့စဉ်တိုင်းလိုလိုမှာ အကူအညီ တောင်းခံတတ်ကြပါတယ်။


နောက်ဆုံး အကူအညီ မရမှဘဲ အဆုံးစီရင်မှုကို ရွေးချယ်သွားကြတာပါ။ ပတ်ဝန်းကျင်ကသူတွေက သတိမထားမိတာပါ။


#သေကြောင်းကြံမယ့်သူက ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ မပြောဘူး

ဒါကလည်း အဆုံးစီရင်တာနဲ့ ပတ်သက်ပြီး လူတွေ အထင်မှားနေတဲ့ ကိစ္စ တစ်ခုပါ။ အဆုံးစီရင်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားသူတွေဟာ သူတို့ရဲ့ နောက်ဆုံးနေ့ရက် မတိုင်ခင်မှာ အခြားသူတွေကို သူ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ့်အကြောင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ အသိပေးကြပါတယ်။


#လူတွေမှာ သေချင်စိတ်ဖြစ်တယ်ဆိုတာ အလကားပါ

လူတစ်ယောက်မှာ ပြဿနာပေါင်းစုံနဲ့ ကြုံလာရပြီး ထွက်ပေါက် လုံးဝ မရှိတဲ့ အခြေအနေမျိုးမှာ နောက်ဆုံး ထွက်ပေါက်အနေနဲ့ သူတို့အသက်ကို သူတို့လက်နဲ့ အဆုံးစီရင်လိုက်ဖို့ ရွေးချယ်တတ်ကြပါတယ်။ လူတိုင်း၊ သက်ရှိတိုင်းက ရှင်သန်ချင်စိတ် ပြင်းပြတယ်ဆိုပေမယ့် သေဖို့ကြောက်ပါတယ်။ သေချင်စိတ်ဖြစ်တယ်ဆိုတာ အလကားပါလို့ မတွေးပါနဲ့။


#အဆုံးစီရင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတာက သင်ဉာဏ်ပေးသလို ဖြစ်တယ်

ဒီအယူအဆက ပြောင်းပြန်ပါ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့သူကို အဆုံးစီရင်တဲ့ ကိစ္စတွေ အဆုံးစီရင်မှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို မေးမြန်းပြောပြတာက အဆုံးစီရင်မယ်ဆိုတဲ့ စိတ်ကူးကို တားဆီးပေးရာရောက်တာပါ။


ကြိုးစားရှင်သန်လို့ရတယ်ဆိုတဲ့ အခွင့်အရေးကို ပြသရာရောက်တာပါ။ သူတို့ကို ဖွင့်ဟတိုင်ပင်ဖို့ အခွင့်အရေး ပေးလိုက်တာပါပဲ။


#အဆုံးစီရင်တာက တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူပါ

တကယ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေသူတစ်ဦးက သူဟာ မိသားစုတွေ၊ သူချစ်ရတဲ့သူတွေအတွက် အသုံးမဝင်တော့ဘူး။ သူ့ကြောင့် ဝန်ထုတ်ဝန်ပိုးဖြစ်နေမယ်။ သူသာ မရှိတော့ရင် အဆင်ပြေသွားမလားဆိုပြီး အများအတွက်တွေးလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတာပါ။


#ပျော့ညံ့တဲ့သူတွေပဲ အဆုံးစီရင်တဲ့ လမ်းကိုရွေးတာပါ

တကယ်လက်တွေ့မှာ အဆုံးစီရင်သွားတဲ့ ကိစ္စတိုင်းကို ကြည့်ရင် အဆုံးစီရင်သွားသူတွေဟာ သူ့ခြေထောက်ပေါ်သူ ရပ်တည်နေကြသူတွေဖြစ်သလို မိသားစုမှာ အခက်အခဲရှိတဲ့အခါတိုင်းမှာလည်း သူ့ခံစားချက်ကို မြိုသိပ်ပြီး အားလုံး အဆင်ပြေဖို့ အနစ်နာခံထားကြသူတွေပါ။


ဒီလို မျိုသိပ်အနစ်နာခံမှုတွေ တစ်စတစ်စစုလာရင်းက နောက်ဆုံးမှာ အဆုံးစီရင်မှုကို ထွက်ပေါက်အနေနဲ့ ရွေးချယ်သွားကြတာပါ။


#လူအာရုံစိုက်ခံရအောင် လုပ်တာ

ဒါကတော့ တော်တော်လေး လွဲမှားနေတဲ့ အယူအဆလို့ ဆိုပါရစေ။ လူတစ်ယောက် သတ်သေသွားတာက လူတွေ အာရုံစိုက်မှုကို ခံချင်တာကြောင့် မဟုတ်ပါဘူး။ သူ့မှာ အခြား ပြင်းထန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ပါ။


တကယ်တမ်း ကိစ္စသေးသေးလေးတွေ ဖြစ်ရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်နော်လို့ တဖွဖွ ပြောတတ်သူတွေကမှ အာရုံစိုက်ခံရအောင် လုပ်နေကြတဲ့သူတွေပါ။


#ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေက သီးသန့်ကိုရှိတာပါ

တကယ်ကတော့ ဒီအတွေးအယူအဆက မှားယွင်းနေပါတယ်။ လူတိုင်း ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ပါတယ်။ စိတ်ပင်ပန်းစရာတွေ ကြုံတွေ့လာရတာ များလာတယ်။ ထွက်ပေါက်လည်း လုံးဝမရှိတော့ဘူးဆိုတဲ့ အခြေအနေမျိုးမှာ လူတွေက သေကြောင်းကြံစည်ကြပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


 ေသေၾကာင္းႀကံစည္တာ နဲ႔ပတ္သက္ၿပီး အထင္မွားေနၾကတဲ့ အခ်က္အခ်ိဳ႕




ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Htet Htet Zaw Win

ေရးသားသူ Aye Thi Mon


#Mental_Healths

#Suicide

#စိတ္က်န္းမာေရးျပႆနာ


(လူ႕ဘ၀ဆိုတာ ရခဲမွ်ပါ။ ရင္ဆိုင္ရတဲ့ အဆိုုးေလာကဓံေၾကာင့္ေသာ္လည္းေကာင္း၊ အေၾကာင္းတစ္စံုတရာေၾကာင့္ အၾကပ္အတည္းၾကံဳ ရခ်ိန္ ေျဖရွင္းရန္နည္းလမ္း မရွိေတာ့လို႔ယူဆ၍ ေသာ္လည္းေကာင္း မိမိကိုယ္ကိုယ္သတ္ေသျပီး အရာရာကို အရႈံးေပးလိုက္တယ္ဆိုတာ တကယ့္ကို အေတြးထဲေတာင္ မ၀င္သင့္တဲ့ အၾကံအစည္တစ္ခုျဖစ္ပါတယ္။ ဘယ္လိုအဆိုးနဲ႔ၾကံဳၾကံဳ အသက္ရွင္သန္ဖို႔နည္းလမ္းကိုသာ ေရြးခ်ယ္ပါ။ အသက္ရွင္ပါ။ မ်က္လံုးဖြင့္တိုင္းမွာ ေရာင္နီသစ္ရွိတယ္။ ကိုယ့္စိတ္ ကိုယ့္အေတြးအၾကံကို ဂရုစိုက္ပါ။)


ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္တယ္လို႔ ၾကားလိုက္တိုင္း ေပ်ာ့ညံ့လိုက္တာ၊ အလြယ္တကူနဲ႔ အရႈံးေပးတယ္လို႔ ျမင္လိုက္တတ္ ၾကပါတယ္။ တကယ္ေရာ ဒီထက္ျမင္ခ်က္ေတြက မွန္ရဲ႕လားဆိုတာကို ဆန္းစစ္ဖူးရဲ႕လား……….. လူတစ္ေယာက္ ကိုယ့္အသက္ကိုကိုယ္ ရန္ရွာရတယ္ဆိုကတည္းက အေၾကာင္းရင္းခံက ဘာရယ္မဟုတ္တဲ့ ကိစၥ မဟုတ္ပါဘူး။ သက္ရွိတိုင္းလိုလိုက ရွင္သန္ေနထိုင္ဖို႔ စိတ္အား ထက္သန္ၾကပါတယ္။ ရွင္သန္ေနထိုင္ဖို႔ ဆႏၵျပင္းျပတဲ့ သက္ရွိေတြထဲမွာမွ ဉာဏ္ရည္အျမင့္ဆုံး လူသားေတြက ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံစည္တာ နဲ႔ ပတ္သက္ၿပီး အမွတ္မွားေနတဲ့ အခ်က္ေလးေတြကို ေျပာျပေပးသြားပါမယ္။


#ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္တာ နဲ႔ပတ္သက္ၿပီး အထင္မွားေနၾကတဲ့ အခ်က္အခ်ိဳ႕


ေသေၾကာင္းႀကံစည္တာနဲ႔ပတ္သက္လို႔ သိထားတာေတြ မွန္ရဲ႕လား……..


#ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္မယ့္သူေတြက တစ္ကိုယ္တည္း ႀကိတ္ႀကံစည္ၾကတယ္

အမ်ားစုက ဒီလိုထင္ၾကတာပါ။ တကယ္ကေတာ့ ေသေၾကာင္းႀကံစည္သူေတြက အျခားသူေတြဆီမွာ သူႀကဳံေနရတဲ့ အခက္အခဲေတြကို ေျပလည္ေစဖို႔ နည္းလမ္းေတြ ေတာင္းေလ့ရွိပါတယ္။ သူတို႔အေနနဲ႔ လုံးဝ အကူအညီမရမွဘဲ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ဖို႔ ေ႐ြးခ်ယ္ ၾကတာပါ။


တကယ္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သူေတြဟာ ေနာက္ဆုံးေ႐ြးခ်ယ္စရာ မရွိေတာ့ဘူး ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္လိုက္တာ က အေကာင္းဆုံးဆိုတဲ့အေတြး ေခါင္းထဲေရာက္လာခ်ိန္မွာ အနီးဝန္းက်င္က သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြကို အကူအညီေတာင္းၾက ပါတယ္။ အဆုံးမစီရင္ခင္ ရက္ပိုင္းအလို ရက္သတၱပတ္ အနည္းငယ္အလိုမွာ ဆက္တိုက္ဆိုသလို ေန႔စဥ္တိုင္းလိုလိုမွာ အကူအညီ ေတာင္းခံတတ္ၾကပါတယ္။


ေနာက္ဆုံး အကူအညီ မရမွဘဲ အဆုံးစီရင္မႈကို ေ႐ြးခ်ယ္သြားၾကတာပါ။ ပတ္ဝန္းက်င္ကသူေတြက သတိမထားမိတာပါ။


#ေသေၾကာင္းႀကံမယ့္သူက ကိုယ့္ကိုယ္ကိုယ္ သတ္ေသမယ္လို႔ မေျပာဘူး

ဒါကလည္း အဆုံးစီရင္တာနဲ႔ ပတ္သက္ၿပီး လူေတြ အထင္မွားေနတဲ့ ကိစၥ တစ္ခုပါ။ အဆုံးစီရင္ေတာ့မယ္လို႔ စိတ္ပိုင္းျဖတ္ထားသူေတြဟာ သူတို႔ရဲ႕ ေနာက္ဆုံးေန႔ရက္ မတိုင္ခင္မွာ အျခားသူေတြကို သူ ကိုယ့္ကိုယ္ကိုယ္ သတ္ေသေတာ့မယ့္အေၾကာင္း တစ္နည္းမဟုတ္ တစ္နည္းနဲ႔ အသိေပးၾကပါတယ္။


#လူေတြမွာ ေသခ်င္စိတ္ျဖစ္တယ္ဆိုတာ အလကားပါ

လူတစ္ေယာက္မွာ ျပႆနာေပါင္းစုံနဲ႔ ႀကဳံလာရၿပီး ထြက္ေပါက္ လုံးဝ မရွိတဲ့ အေျခအေနမ်ိဳးမွာ ေနာက္ဆုံး ထြက္ေပါက္အေနနဲ႔ သူတို႔အသက္ကို သူတို႔လက္နဲ႔ အဆုံးစီရင္လိုက္ဖို႔ ေ႐ြးခ်ယ္တတ္ၾကပါတယ္။ လူတိုင္း၊ သက္ရွိတိုင္းက ရွင္သန္ခ်င္စိတ္ ျပင္းျပတယ္ဆိုေပမယ့္ ေသဖို႔ေၾကာက္ပါတယ္။ ေသခ်င္စိတ္ျဖစ္တယ္ဆိုတာ အလကားပါလို႔ မေတြးပါနဲ႔။


#အဆုံးစီရင္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေမးျမန္းတာက သင္ဉာဏ္ေပးသလို ျဖစ္တယ္

ဒီအယူအဆက ေျပာင္းျပန္ပါ။ တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္ သတ္ေသခ်င္ေလာက္တဲ့အထိ စိတ္ဓာတ္က်ေနတဲ့သူကို အဆုံးစီရင္တဲ့ ကိစၥေတြ အဆုံးစီရင္မႈေၾကာင့္ ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို ေမးျမန္းေျပာျပတာက အဆုံးစီရင္မယ္ဆိုတဲ့ စိတ္ကူးကို တားဆီးေပးရာေရာက္တာပါ။


ႀကိဳးစားရွင္သန္လို႔ရတယ္ဆိုတဲ့ အခြင့္အေရးကို ျပသရာေရာက္တာပါ။ သူတို႔ကို ဖြင့္ဟတိုင္ပင္ဖို႔ အခြင့္အေရး ေပးလိုက္တာပါပဲ။


#အဆုံးစီရင္တာက တစ္ကိုယ္ေကာင္းဆန္တဲ့ အျပဳအမူပါ

တကယ္ကေတာ့ အဲ့လိုမဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ခ်င္ေလာက္တဲ့အထိ စိတ္ဓာတ္က်ေနသူတစ္ဦးက သူဟာ မိသားစုေတြ၊ သူခ်စ္ရတဲ့သူေတြအတြက္ အသုံးမဝင္ေတာ့ဘူး။ သူ႔ေၾကာင့္ ဝန္ထုတ္ဝန္ပိုးျဖစ္ေနမယ္။ သူသာ မရွိေတာ့ရင္ အဆင္ေျပသြားမလားဆိုၿပီး အမ်ားအတြက္ေတြးလို႔ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ၾကတာပါ။


#ေပ်ာ့ညံ့တဲ့သူေတြပဲ အဆုံးစီရင္တဲ့ လမ္းကိုေ႐ြးတာပါ

တကယ္လက္ေတြ႕မွာ အဆုံးစီရင္သြားတဲ့ ကိစၥတိုင္းကို ၾကည့္ရင္ အဆုံးစီရင္သြားသူေတြဟာ သူ႔ေျခေထာက္ေပၚသူ ရပ္တည္ေနၾကသူေတြျဖစ္သလို မိသားစုမွာ အခက္အခဲရွိတဲ့အခါတိုင္းမွာလည္း သူ႔ခံစားခ်က္ကို ၿမိဳသိပ္ၿပီး အားလုံး အဆင္ေျပဖို႔ အနစ္နာခံထားၾကသူေတြပါ။


ဒီလို မ်ိဳသိပ္အနစ္နာခံမႈေတြ တစ္စတစ္စစုလာရင္းက ေနာက္ဆုံးမွာ အဆုံးစီရင္မႈကို ထြက္ေပါက္အေနနဲ႔ ေ႐ြးခ်ယ္သြားၾကတာပါ။


#လူအာ႐ုံစိုက္ခံရေအာင္ လုပ္တာ

ဒါကေတာ့ ေတာ္ေတာ္ေလး လြဲမွားေနတဲ့ အယူအဆလို႔ ဆိုပါရေစ။ လူတစ္ေယာက္ သတ္ေသသြားတာက လူေတြ အာ႐ုံစိုက္မႈကို ခံခ်င္တာေၾကာင့္ မဟုတ္ပါဘူး။ သူ႔မွာ အျခား ျပင္းထန္တဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ပါ။


တကယ္တမ္း ကိစၥေသးေသးေလးေတြ ျဖစ္ရင္ေတာင္မွ ကိုယ့္ကိုယ္ကိုယ္ သတ္ေသလိုက္မယ္ေနာ္လို႔ တဖြဖြ ေျပာတတ္သူေတြကမွ အာ႐ုံစိုက္ခံရေအာင္ လုပ္ေနၾကတဲ့သူေတြပါ။


#ကိုယ့္ကိုယ္ကိုယ္ သတ္ေသသူေတြက သီးသန႔္ကိုရွိတာပါ

တကယ္ကေတာ့ ဒီအေတြးအယူအဆက မွားယြင္းေနပါတယ္။ လူတိုင္း ဘယ္သူမဆို ကိုယ့္ကိုယ္ကိုယ္ သတ္ေသႏိုင္ပါတယ္။ စိတ္ပင္ပန္းစရာေတြ ႀကဳံေတြ႕လာရတာ မ်ားလာတယ္။ ထြက္ေပါက္လည္း လုံးဝမရွိေတာ့ဘူးဆိုတဲ့ အေျခအေနမ်ိဳးမွာ လူေတြက ေသေၾကာင္းႀကံစည္ၾကပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: