Sunday, September 26, 2021

ကွန်ပျူတာ Laptop အသစ်ဝယ်ပြီးတာနဲ့ ဘာတွေလုပ်ရမလဲ?

ကွန်ပျူတာ Laptop အသစ်ဝယ်ပြီးတာနဲ့ ဘာတွေလုပ်ရမလဲ? 




#Computer_and_Technology

#New_Laptop


(စားပွဲတင်ကွန်ပျူတာပဲဖြစ်ဖြစ် တစ်ကိုယ်ရေသုံး Laptop ကွန်ပျူတာပဲဖြစ်ဖြစ် အသစ်တစ်လုံးဝယ်လာပြီဆိုရင် အဆင်သင့် လက်တင်ပြီး သုံးရုံပဲဆိုသော်ငြား ပြုလုပ်သင့်တာလေးတွေ လုပ်ပေးဖို့လိုအပ်ပါသေးတယ်။ အနည်းဆုံး ကိုယ်သုံးတဲ့ကွန်ပျူတာရဲ့ အချက်အလက်တွေ ကိုနည်းနည်းတော့ စစ်ဆေးကြည့်ကြပါဦး။)


Laptop တစ်လုံးကို အသစ်ဝယ်ယူပြီဆိုရင် များသောအားဖြင့် ဝယ်ယူတဲ့ဆိုင်တွေမှာပဲ ရွေးချယ်ဝယ်ယူပြီး လိုအပ်တဲ့ Software တွေနဲ့ အစပိုင်းပြင်ဆင်မှုတွေကို လက်တန်းသုံးလို့ရတဲ့အဆင့်ထိရောက်အောင် အပ်လိုက်ပြီး အကုန်လုံးပြီးမှ တစ်ခါတည်းတန်းသုံးကြတာများပါ တယ်။ အခုဒီ Article ကနေပြီးတော့ ကိုယ့်စိတ်တိုင်းကျပြင်ဆင်နိုင်ဖို့နဲ့ နောက်ပိုင်းသုံးနေတဲ့အချိန်မှာ error မတက်အောင် ဝယ်ယူပြီး တာနဲ့ ဘာတွေပြုလုပ်သင့်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။


(၁) Windows ကို အသစ်ပြန်တင်နိုင်တယ်ဆိုရင် ပြန်တင်ပါ


လက်ရှိ ရောင်းချနေတဲ့ Laptop ကွန်ပျူတာတွေက Cracked Windows နဲ့ အခြား Software အနည်းငယ်ပါဝင်ပြီးသားပါ။ ဒါပေမယ့် သူ့မှာပါတဲ့ Windows တွေက Windows 10 ဆိုရင်တောင် Version နိမ့်နေတတ်တဲ့အတွက် ဖြစ်နိုင်ရင် Latest Windows CD တစ်ချပ်ဝယ်ပြီး Windows အသစ်ပြန်တင်လိုက်တာက နောက်ပိုင်း Internet ချိတ်သုံးတဲ့အခါမှာ နောက်ကွယ်ကနေ အလိုအလျောက် Windows Update download ဆွဲနေတာကို ကာကွယ်ပြီးဖြစ်သလို Features အသစ်တွေကိုလည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ပိုပြီးကောင်းတဲ့အချက်က Hard disk Partition ကို Windows အသစ်ပြန်တင်တာဖြစ်တဲ့အတွက် ကိုယ်နှစ်သက်သလို ပြန်ပိုင်းလို့ရတာပါ။


(၂) နောက်ပိုင်း Internet ချိတ်ပြီး အသုံးပြုရဖို့ရှိတယ်ဆိုရင် Windows Update အရင်လုပ်တာ (သို့) ပိတ်ပစ်ပါ


ဒီအချက်ကတော့ လူတစ်ယောက်ချင်းစီပေါ်မှုတည်ပြီး ကွဲပြားမှာဖြစ်ပြီး တကယ်လို့ Windows 10 လိုမျိုး Features Update မကြာမကြာထွက်တဲ့ Windows ကို အသုံးပြုနေပြီး ကိုယ်တိုင်ကလည်း Features အသစ်တွေကို သုံးချင်တယ်ဆိုရင်တော့ Update ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ဟာ Computer ဝယ်ယူပြီးပြီးချင်း အချိန်ပဲဖြစ်ပါတယ်။ Data ပျက်မှာမဟုတ်ပေမယ့် အခြား Data တွေ Software တွေမသွင်းရသေးတဲ့အတွက် Update ပြုလုပ်တဲ့အချိန်က ပိုပြီးမြန်ဆန်မှာဖြစ်ပါတယ်။


တကယ်လို့ Update လုပ်ရတာ စိတ်မဝင်စားဘူး၊ ဒါမှမဟုတ် အင်တာနက် အခက်အခဲရှိတယ်ဆိုရင် Windows Update ကို ပိတ်ထားတာအကောင်းဆုံးပါ။ ဆိုင်က Technician ကို အကူအညီတောင်းနိုင်သလို This PC (My Computer) ကို Right Click နှိပ်ပြီး Manage  Service & Applications  Services မှာ Windows Update ကို ရှာပြီး Disable လုပ်လိုက်ရင် အလိုအလျောက် Update လုပ်နေမှာမဟုတ်တော့ပါဘူး။


(၃) Browser, Media Player နဲ့ အခြားသော လိုအပ်တဲ့ Software တွေကို သွင်းပါ


ဒီအချက်ကတော့ ကိုယ်ဝယ်ယူတဲ့ဆိုင်ကို အကူအညီတောင်းလို့ရတဲ့ အပိုင်းပါ။ ကျွန်တော်တို့ကတော့ Browser, Media Player စတဲ့ Software အသေးတွေကို နောက်ဆုံး Version ကို ကိုယ်တိုင် Download ဆွဲပြီးသွင်းတာကိုပိုအားပေးပါတယ်။ MS Office, Photoshop နဲ့ အခြား Software အကြီးတွေကိုပဲ ဆိုင်ကို အဓိကသွင်းခိုင်းတာ အဆင်ပြေမှာပါ။


(၄) Windows Defender (သို့) အခြား Anti-Virus ကို တစ်ခါတည်း Update ပြုလုပ်ပါ


Virus ဝင်ရောက်တာက ကွန်ပျူတာတွေမှာ အဆိုးဝါးဆုံး ပြသာနာတွေထဲမှာပါပါတယ်။ Windows Defender လို Anti Virus က Windows 8 မှာထဲက တပါတည်း ပါဝင်ပေမယ့် တကယ်ထိရောက်စွာအသုံးပြုနိုင်ဖို့ဆိုရင် Virus & Spy Definitions က Up to Date ဖြစ်နေဖို့ လိုအပ်ပါတယ်။ အချို့သော Laptop Brand တွေက McAfee, Norton စတဲ့ License Anti Virus Software တွေကို လက်ဆောင်ပေးတတ်လေ့ရှိပြီး အဲ့လိုပေးတယ်ဆိုရင်လည်း တခါတည်းသွင်းပြီး Update လုပ်ထားသင့်ပါတယ်။


(၅) Drivers တွေကို Update လုပ်လိုက်ပါ


ဒီအချက်က ကျိန်းသေလိုအပ်တဲ့အချက်မဟုတ်ပေမယ့် အချို့သော Graphic Card သီးခြားပါဝင်တဲ့ Laptop တွေမှာ Graphic Driver ကို Update ပြုလုပ်လိုက်တာက Game ဆော့တဲ့အချိန်တွေမှာ ပိုသိသာနိုင်တဲ့အတွက်ကြောင့် Graphic Driver တွေကိုတော့ Update အမြဲလုပ်နေတာ ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။


ကျန်တဲ့အရာတွေကတော့ Desktop Wallpaper, Windows Themes တွေပြောင်းတာ၊ Taskbar or Start Menu မှာ ကိုယ်အသုံးများတဲ့ Software တွေကို Pinned ပြုလုပ်ထားတာအစရှိတာတွေပြုလုပ်ပြီးရင် ကိုယ်ကိုယ်တိုင် စိတ်တိုင်းကျပြင်ဆင်ထားတဲ့ Laptop ကွန်ပျူတာတစ်လုံးကို သုံးစွဲနိုင်ပြီဖြစ်ပါတယ်။


Source  Akhayar


 ကြန္ပ်ဴတာ Laptop အသစ္ဝယ္ၿပီးတာနဲ႕ ဘာေတြလုပ္ရမလဲ? 




#Computer_and_Technology

#New_Laptop


(စားပြဲတင္ကြန္ပ်ဴတာပဲျဖစ္ျဖစ္ တစ္ကိုယ္ေရသံုး Laptop ကြန္ပ်ဴတာပဲျဖစ္ျဖစ္ အသစ္တစ္လံုး၀ယ္လာျပီဆိုရင္ အဆင္သင့္ လက္တင္ျပီး သံုးရံုပဲဆိုေသာ္ျငား ျပဳလုပ္သင့္တာေလးေတြ လုပ္ေပးဖို႔လိုအပ္ပါေသးတယ္။ အနည္းဆံုး ကိုယ္သံုးတဲ့ကြန္ပ်ဴတာရဲ႕ အခ်က္အလက္ေတြ ကိုနည္းနည္းေတာ့ စစ္ေဆးၾကည့္ၾကပါဦး။)


Laptop တစ္လုံးကို အသစ္ဝယ္ယူၿပီဆိုရင္ မ်ားေသာအားျဖင့္ ဝယ္ယူတဲ့ဆိုင္ေတြမွာပဲ ေ႐ြးခ်ယ္ဝယ္ယူၿပီး လိုအပ္တဲ့ Software ေတြနဲ႕ အစပိုင္းျပင္ဆင္မႈေတြကို လက္တန္းသုံးလို႔ရတဲ့အဆင့္ထိေရာက္ေအာင္ အပ္လိုက္ၿပီး အကုန္လုံးၿပီးမွ တစ္ခါတည္းတန္းသုံးၾကတာမ်ားပါ တယ္။ အခုဒီ Article ကေနၿပီးေတာ့ ကိုယ့္စိတ္တိုင္းက်ျပင္ဆင္နိုင္ဖို႔နဲ႕ ေနာက္ပိုင္းသုံးေနတဲ့အခ်ိန္မွာ error မတက္ေအာင္ ဝယ္ယူၿပီး တာနဲ႕ ဘာေတြျပဳလုပ္သင့္လဲဆိုတာကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။


(၁) Windows ကို အသစ္ျပန္တင္နိုင္တယ္ဆိုရင္ ျပန္တင္ပါ


လက္ရွိ ေရာင္းခ်ေနတဲ့ Laptop ကြန္ပ်ဴတာေတြက Cracked Windows နဲ႕ အျခား Software အနည္းငယ္ပါဝင္ၿပီးသားပါ။ ဒါေပမယ့္ သူ႕မွာပါတဲ့ Windows ေတြက Windows 10 ဆိုရင္ေတာင္ Version နိမ့္ေနတတ္တဲ့အတြက္ ျဖစ္နိုင္ရင္ Latest Windows CD တစ္ခ်ပ္ဝယ္ၿပီး Windows အသစ္ျပန္တင္လိုက္တာက ေနာက္ပိုင္း Internet ခ်ိတ္သုံးတဲ့အခါမွာ ေနာက္ကြယ္ကေန အလိုအေလ်ာက္ Windows Update download ဆြဲေနတာကို ကာကြယ္ၿပီးျဖစ္သလို Features အသစ္ေတြကိုလည္း သုံးစြဲနိုင္မွာျဖစ္ပါတယ္။ ပိုၿပီးေကာင္းတဲ့အခ်က္က Hard disk Partition ကို Windows အသစ္ျပန္တင္တာျဖစ္တဲ့အတြက္ ကိုယ္ႏွစ္သက္သလို ျပန္ပိုင္းလို႔ရတာပါ။


(၂) ေနာက္ပိုင္း Internet ခ်ိတ္ၿပီး အသုံးျပဳရဖို႔ရွိတယ္ဆိုရင္ Windows Update အရင္လုပ္တာ (သို႔) ပိတ္ပစ္ပါ


ဒီအခ်က္ကေတာ့ လူတစ္ေယာက္ခ်င္းစီေပၚမႈတည္ၿပီး ကြဲျပားမွာျဖစ္ၿပီး တကယ္လို႔ Windows 10 လိုမ်ိဳး Features Update မၾကာမၾကာထြက္တဲ့ Windows ကို အသုံးျပဳေနၿပီး ကိုယ္တိုင္ကလည္း Features အသစ္ေတြကို သုံးခ်င္တယ္ဆိုရင္ေတာ့ Update ျပဳလုပ္ဖို႔ အေကာင္းဆုံးအခ်ိန္ဟာ Computer ဝယ္ယူၿပီးၿပီးခ်င္း အခ်ိန္ပဲျဖစ္ပါတယ္။ Data ပ်က္မွာမဟုတ္ေပမယ့္ အျခား Data ေတြ Software ေတြမသြင္းရေသးတဲ့အတြက္ Update ျပဳလုပ္တဲ့အခ်ိန္က ပိုၿပီးျမန္ဆန္မွာျဖစ္ပါတယ္။


တကယ္လို႔ Update လုပ္ရတာ စိတ္မဝင္စားဘူး၊ ဒါမွမဟုတ္ အင္တာနက္ အခက္အခဲရွိတယ္ဆိုရင္ Windows Update ကို ပိတ္ထားတာအေကာင္းဆုံးပါ။ ဆိုင္က Technician ကို အကူအညီေတာင္းနိုင္သလို This PC (My Computer) ကို Right Click ႏွိပ္ၿပီး Manage  Service & Applications  Services မွာ Windows Update ကို ရွာၿပီး Disable လုပ္လိုက္ရင္ အလိုအေလ်ာက္ Update လုပ္ေနမွာမဟုတ္ေတာ့ပါဘူး။


(၃) Browser, Media Player နဲ႕ အျခားေသာ လိုအပ္တဲ့ Software ေတြကို သြင္းပါ


ဒီအခ်က္ကေတာ့ ကိုယ္ဝယ္ယူတဲ့ဆိုင္ကို အကူအညီေတာင္းလို႔ရတဲ့ အပိုင္းပါ။ ကြၽန္ေတာ္တို႔ကေတာ့ Browser, Media Player စတဲ့ Software အေသးေတြကို ေနာက္ဆုံး Version ကို ကိုယ္တိုင္ Download ဆြဲၿပီးသြင္းတာကိုပိုအားေပးပါတယ္။ MS Office, Photoshop နဲ႕ အျခား Software အႀကီးေတြကိုပဲ ဆိုင္ကို အဓိကသြင္းခိုင္းတာ အဆင္ေျပမွာပါ။


(၄) Windows Defender (သို႔) အျခား Anti-Virus ကို တစ္ခါတည္း Update ျပဳလုပ္ပါ


Virus ဝင္ေရာက္တာက ကြန္ပ်ဴတာေတြမွာ အဆိုးဝါးဆုံး ျပသာနာေတြထဲမွာပါပါတယ္။ Windows Defender လို Anti Virus က Windows 8 မွာထဲက တပါတည္း ပါဝင္ေပမယ့္ တကယ္ထိေရာက္စြာအသုံးျပဳနိုင္ဖို႔ဆိုရင္ Virus & Spy Definitions က Up to Date ျဖစ္ေနဖို႔ လိုအပ္ပါတယ္။ အခ်ိဳ႕ေသာ Laptop Brand ေတြက McAfee, Norton စတဲ့ License Anti Virus Software ေတြကို လက္ေဆာင္ေပးတတ္ေလ့ရွိၿပီး အဲ့လိုေပးတယ္ဆိုရင္လည္း တခါတည္းသြင္းၿပီး Update လုပ္ထားသင့္ပါတယ္။


(၅) Drivers ေတြကို Update လုပ္လိုက္ပါ


ဒီအခ်က္က က်ိန္းေသလိုအပ္တဲ့အခ်က္မဟုတ္ေပမယ့္ အခ်ိဳ႕ေသာ Graphic Card သီးျခားပါဝင္တဲ့ Laptop ေတြမွာ Graphic Driver ကို Update ျပဳလုပ္လိုက္တာက Game ေဆာ့တဲ့အခ်ိန္ေတြမွာ ပိုသိသာနိုင္တဲ့အတြက္ေၾကာင့္ Graphic Driver ေတြကိုေတာ့ Update အၿမဲလုပ္ေနတာ ပိုၿပီးအဆင္ေျပေစမွာျဖစ္ပါတယ္။


က်န္တဲ့အရာေတြကေတာ့ Desktop Wallpaper, Windows Themes ေတြေျပာင္းတာ၊ Taskbar or Start Menu မွာ ကိုယ္အသုံးမ်ားတဲ့ Software ေတြကို Pinned ျပဳလုပ္ထားတာအစရွိတာေတြျပဳလုပ္ၿပီးရင္ ကိုယ္ကိုယ္တိုင္ စိတ္တိုင္းက်ျပင္ဆင္ထားတဲ့ Laptop ကြန္ပ်ဴတာတစ္လုံးကို သုံးစြဲနိုင္ၿပီျဖစ္ပါတယ္။


Source – Akhayar

No comments: