Friday, September 3, 2021

ဆေးဘဲဥအကြွပ်ကြော် - အာလူးထမင်းထောင်း - ငါးခေါင်းချဉ်စပ်ဟင်း

အာလူးထမင်းထောင်း

--------------------------




ပါဝင်ပစ္စည်းများ

• ထမင်း  -  ၁ ပွဲ

• အာလူးပြုတ်  -  ၁ လုံး (၆၀ ဂရမ်)

• နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း

• မြေပဲထောင်း  -  စားပွဲဇွန်း ၁ ဇွန်း 

• ဆား  -  အနည်းငယ်

• သကြား  -  အနည်းငယ်

• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်

• ငံပြာရည်  -  အနည်းငယ်

• ငရုတ်သီးကြော်  -  အနည်းငယ် (တွဲစားရန်)

• ကြက်သွန်ဖြူဆီချက်  -  စားပွဲဇွန်း ၁ ဇွန်း

• နံနံပင်  -  အနည်းငယ်

• ဂျူးမြစ်  -  အနည်းငယ် (အနေတော်လှီးပါ)

• ခရမ်းချဉ်သီး  -  ၁ လုံး (အနေတော်လှီးပါ)


ပြုလုပ်နည်း

၁။ ပြုတ်ထားသောအာလူးကို အနေတော်လှီးပြီး ညက်အောင် ထောင်းပါ။

၂။ ထမင်း အနည်းငယ်ထည့်ပြီး ထောင်းပါ။

၃။ ပန်းကန်ထဲ ထောင်းထားတဲ့ အာလူးနှင့် ထမင်း၊ ဆား၊ သကြားအနည်းငယ်၊ နှမ်း၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်အနည်းငယ်၊ ကြက်သွန်ဖြူဆီချက်နှင့် မြေပဲထောင်း 

တို့ကို ထည့်နယ်ပါ။

--------------------------------

Eant Wint Htut


ဆေးဘဲဥကပ်အကြွပ်ကြော်နည်း

----------------------------




‌ ဒီဟင်းလျာကတော့ Snack အနေနဲ့ပဲဖြစ်ဖြစ်၊ ဟင်းလျာ အနေနဲ့ပဲဖြစ်ဖြစ် စားလို့ကောင်းတဲ့ ဟင်းလျာတစ်ပွဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

• ဆေးဘဲဥ  -  ၄ လုံး

• အကြော်မှုန့်  -  စားပွဲဇွန်း ၄ ဇွန်း

• နှမ်း  -  အနည်းငယ်

• ဆီ  -  အနည်းငယ်

• ဆား  -  အနည်းငယ်

• သကြား  -  အနည်းငယ်

• ငရုတ်ကောင်း  -  အနည်းငယ်

• တရုတ်မဆလာ  -  အနည်းငယ်

• Sauce  -  အနည်းငယ် (တွဲဖက်စားရန်)


ပြုလုပ်နည်း

၁။ အကြော်မှုန့်ထဲ နှမ်း၊ တရုတ်မဆလာ၊ ငရုတ်ကောင်း၊ ဆား၊ သကြားနှင့် ရေတို့ ထည့်ပြီး မုန့်နှစ်ရအောင် နယ်ပါ။

၂။ ဆေးဘဲဥကို ခြမ်းပါ။

၃။ ခြမ်းပြီးသား ဆေးဘဲဥကို မှုန့်နှစ်ကပ်ပြီး ဆီပူထဲ ထည့် 

ကြော်ပါ။

၄။ အရောင်ရဲပြီး ကြွပ်လာလျှင် ဆယ်ယူပါ။

------------------------------

Eant Wint Htut


ငါးခေါင်းချဉ်စပ်ဟင်း




ဆယ်လ်မွန်ငါးခေါင်းချဉ်စပ်ဟင်းချိုချက်နည်းလေးပြောထားပေမယ့် အဆင်ပြေရာ ငါးခေါင်းကိုမဆို အစားထိုးအသုံးပြုနိုင်ပါတယ်။ အိမ်မှာရှိတဲ့ အသီးအရွက်တွေကိုထည့်ချက်လို့အဆင်ပြေပါတယ်။ မုန်လာဥ၊ ကန်စွန်းရွက်၊ ရုံးပတီ၊ နံနံပင် စသည်တို့ကိုထည့်နိုင်ပါတယ်။


ပါဝင်ပစ္စည်းများ

ငါးခေါင်း တစ်ခေါင်း(၂၅ကျပ်သားခန့်)၊ ရှလကာရည် စားပွဲဇွန်းနှစ်ဇွန်း၊ ဆား သင့်ရုံ၊ ကော်မှုန့် စားပွဲဇွန်း တစ်ဇွန်းခန့်၊ ဆီ ကြော်ရန်၊ ချဉ်စပ်တုံး နှစ်တုံး(တုံယမ်း အခဲ)၊ ကြက်သွန်နီ ၁လုံး၊ ပတဲကော ပါးပါး လေးပြား၊ စပါးလင် အဖြူရောင်အပိုင်း တစ်ချောင်း၊ ငံပြာရည် သင့်ရုံ၊ မန်ကျည်းရည် သင့်ရုံ၊ ငရုတ်သီးအစိမ်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ မုန်လာထုပ်ဖြူ လေးရွက်၊ တောင်အော်ရွက် လက်တစ်ဆုပ်စည်း တစ်စည်း၊ မှို ငါးကျပ်သားခန့်၊ ရှမ်းနံနံ ၆-၇ခက်၊ ငရုတ်သီးစိမ်း ၄-၅တောင့်၊ သံပရာရည် သင့်ရုံ။


ပြင်ဆင်ချက်ပြုတ်ပုံ - ဆယ်လ်မွန်ငါးခေါင်းကို ရှလကာရည်နဲ့ ဆားနဲ့ အကျိအချွဲတွေစင်အောင် ပွတ်တိုက်ဆေးပေးပါ။ ငါးခေါင်းကို ကော်မှုန့်ပါးပါးလေးနှံ့စပ်အောင်ဖြူးပြီး ဆီပူထဲထည့်ကြော်လိုက်ပါ။ ဟိုဘက်ဒီဘက် တင်းရုံလေးပဲကြော်တယ် ကြွပ်အောင်မကြော်ရပါ။  အသီးအရွက်များကို သန့်စင်ဆေးကြောပြီး နှစ်သက်ရာအရွယ်လှီးဖြတ်ထားပါ။ ရေ ၁၀၀၀ မီလီလီတာ( ၁တစ်လီတာ)ကို ဟင်းရည် ချက်မည့်အိုးတွင်ထည့်ပါ။ ငါးခေါင်းထည့်၊ ချဉ်စပ်တုံး နှစ်တုံးထည့်ပါ။ ကြက်သွန်နီ တစ်လုံး လေးထောင့်အတုံး အကြီးကြီးလှီးထည့်ပါ။ စပါးလင်တစ်ချောင်းထုထည့်၊ ပတဲကောပါးပါး လေးပြားလှီးထည့်၊ ငရုတ်သီးအစိမ်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ဆူလာအောင်တည်၊ ဆူလာတဲ့အခါ မီးအေးအေးနဲ့ အချိုရည်ထွက်အောင်တည်ထားပါ။ အပေါ့အငန်မြည်း ငံပြာရည်ပဲထပ်ထည့်လျှင်ရပါ တယ်။ အချဉ်လိုအပ်နေသေးရင် မန်းကျည်းရည်ထည့်နိုင်ပါတယ်။ ဟင်းရွက်တွေထည့်တော့မယ်ဆိုရင် ဆူလာအောင်တည်ပါ၊ အသီးအရွက်တွေထည့်ပါ။ မွှေးဖို့အတွက်တော့ တည်ခင်းကာနီးမှာ ငရုတ်သီးစပ်စပ် ၄-၅တောင့်ကိုအရှည်လိုက်ခွဲပြီး ပန်းကန်တွင်ထည့် ဟင်းရည်ပူလောင်းချ၊ ရှမ်းနံနံအုပ်၊ သံပရာရည်ညှစ်ပြီး သုံးဆောင်ပါ။



[Zawgyi]ေဆးဘဲဥအႂကြပ္ေၾကာ္ - အာလူးထမင္းေထာင္း - ငါးေခါင္းခ်ဉ္စပ္ဟင္း


အာလူးထမင္းေထာင္း

--------------------------




ပါဝင္ပစၥည္းမ်ား

• ထမင္း  -  ၁ ပြဲ

• အာလူးျပဳတ္  -  ၁ လံုး (၆၀ ဂရမ္)

• ႏွမ္း  -  စားပြဲဇြန္း ၁ ဇြန္း

• ေျမပဲေထာင္း  -  စားပြဲဇြန္း ၁ ဇြန္း 

• ဆား  -  အနည္းငယ္

• သၾကား  -  အနည္းငယ္

• ငရုတ္ေကာင္းမႈန႔္  -  အနည္းငယ္

• ငံျပာရည္  -  အနည္းငယ္

• ငရုတ္သီးေၾကာ္  -  အနည္းငယ္ (တြဲစားရန္)

• ၾကက္သြန္ျဖဴဆီခ်က္  -  စားပြဲဇြန္း ၁ ဇြန္း

• နံနံပင္  -  အနည္းငယ္

• ဂ်ူးျမစ္  -  အနည္းငယ္ (အေနေတာ္လွီးပါ)

• ခရမ္းခ်ဉ္သီး  -  ၁ လံုး (အေနေတာ္လွီးပါ)


ျပဳလုပ္နည္း

၁။ ျပဳတ္ထားေသာအာလူးကို အေနေတာ္လွီးၿပီး ညက္ေအာင္ ေထာင္းပါ။

၂။ ထမင္း အနည္းငယ္ထၫ့္ၿပီး ေထာင္းပါ။

၃။ ပန္းကန္ထဲ ေထာင္းထားတဲ့ အာလူးႏွင့္ ထမင္း၊ ဆား၊ သၾကားအနည္းငယ္၊ ႏွမ္း၊ ငရုတ္ေကာင္းမႈန႔္၊ ငံျပာရည္အနည္းငယ္၊ ၾကက္သြန္ျဖဴဆီခ်က္ႏွင့္ ေျမပဲေထာင္း 

တို႔ကို ထၫ့္နယ္ပါ။

--------------------------------

Eant Wint Htut


ေဆးဘဲဥကပ္အႂကြပ္ေၾကာ္နည္း

----------------------------




‌ ဒီဟင္းလ်ာကေတာ့ Snack အေနနဲ႔ပဲျဖစ္ျဖစ္၊ ဟင္းလ်ာ အေနနဲ႔ပဲျဖစ္ျဖစ္ စားလို႔ေကာင္းတဲ့ ဟင္းလ်ာတစ္ပြဲ ျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

• ေဆးဘဲဥ  -  ၄ လံုး

• အေၾကာ္မႈန႔္  -  စားပြဲဇြန္း ၄ ဇြန္း

• ႏွမ္း  -  အနည္းငယ္

• ဆီ  -  အနည္းငယ္

• ဆား  -  အနည္းငယ္

• သၾကား  -  အနည္းငယ္

• ငရုတ္ေကာင္း  -  အနည္းငယ္

• တရုတ္မဆလာ  -  အနည္းငယ္

• Sauce  -  အနည္းငယ္ (တြဲဖက္စားရန္)


ျပဳလုပ္နည္း

၁။ အေၾကာ္မႈန႔္ထဲ ႏွမ္း၊ တရုတ္မဆလာ၊ ငရုတ္ေကာင္း၊ ဆား၊ သၾကားႏွင့္ ေရတို႔ ထၫ့္ၿပီး မုန႔္ႏွစ္ရေအာင္ နယ္ပါ။

၂။ ေဆးဘဲဥကို ျခမ္းပါ။

၃။ ျခမ္းၿပီးသား ေဆးဘဲဥကို မႈန႔္ႏွစ္ကပ္ၿပီး ဆီပူထဲ ထၫ့္ 

ေၾကာ္ပါ။

၄။ အေရာင္ရဲၿပီး ႂကြပ္လာလ်ွင္ ဆယ္ယူပါ။

------------------------------

Eant Wint Htut


ငါးေခါင္းခ်ဉ္စပ္ဟင္း




ဆယ္လ္မြန္ငါးေခါင္းခ်ဉ္စပ္ဟင္းခ်ိဳခ်က္နည္းေလးေျပာထားေပမယ့္ အဆင္ေျပရာ ငါးေခါင္းကိုမဆို အစားထိုးအသံုးျပဳႏိုင္ပါတယ္။ အိမ္မွာရိွတဲ့ အသီးအရြက္ေတြကိုထၫ့္ခ်က္လို႔အဆင္ေျပပါတယ္။ မုန္လာဥ၊ ကန္စြန္းရြက္၊ ရံုးပတီ၊ နံနံပင္ စသည္တို႔ကိုထၫ့္ႏိုင္ပါတယ္။


ပါဝင္ပစၥည္းမ်ား

ငါးေခါင္း တစ္ေခါင္း(၂၅က်ပ္သားခန႔္)၊ ရွလကာရည္ စားပြဲဇြန္းႏွစ္ဇြန္း၊ ဆား သင့္ရံု၊ ေကာ္မႈန႔္ စားပြဲဇြန္း တစ္ဇြန္းခန႔္၊ ဆီ ေၾကာ္ရန္၊ ခ်ဉ္စပ္တံုး ႏွစ္တံုး(တံုယမ္း အခဲ)၊ ၾကက္သြန္နီ ၁လံုး၊ ပတဲေကာ ပါးပါး ေလးျပား၊ စပါးလင္ အျဖဴေရာင္အပိုင္း တစ္ေခ်ာင္း၊ ငံျပာရည္ သင့္ရံု၊ မန္က်ည္းရည္ သင့္ရံု၊ ငရုတ္သီးအစိမ္းမႈန႔္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ မုန္လာထုပ္ျဖဴ ေလးရြက္၊ ေတာင္ေအာ္ရြက္ လက္တစ္ဆုပ္စည္း တစ္စည္း၊ မိႈ ငါးက်ပ္သားခန႔္၊ ရွမ္းနံနံ ၆-၇ခက္၊ ငရုတ္သီးစိမ္း ၄-၅ေတာင့္၊ သံပရာရည္ သင့္ရံု။


ျပင္ဆင္ခ်က္ျပဳတ္ပံု - ဆယ္လ္မြန္ငါးေခါင္းကို ရွလကာရည္နဲ႔ ဆားနဲ႔ အက်ိအခြၽဲေတြစင္ေအာင္ ပြတ္တိုက္ေဆးေပးပါ။ ငါးေခါင္းကို ေကာ္မႈန႔္ပါးပါးေလးႏွံ႔စပ္ေအာင္ျဖဴးၿပီး ဆီပူထဲထၫ့္ေၾကာ္လိုက္ပါ။ ဟိုဘက္ဒီဘက္ တင္းရံုေလးပဲေၾကာ္တယ္ ႂကြပ္ေအာင္မေၾကာ္ရပါ။  အသီးအရြက္မ်ားကို သန႔္စင္ေဆးေၾကာၿပီး ႏွစ္သက္ရာအရြယ္လွီးျဖတ္ထားပါ။ ေရ ၁၀၀၀ မီလီလီတာ( ၁တစ္လီတာ)ကို ဟင္းရည္ ခ်က္မၫ့္အိုးတြင္ထၫ့္ပါ။ ငါးေခါင္းထၫ့္၊ ခ်ဉ္စပ္တံုး ႏွစ္တံုးထၫ့္ပါ။ ၾကက္သြန္နီ တစ္လံုး ေလးေထာင့္အတံုး အႀကီးႀကီးလွီးထၫ့္ပါ။ စပါးလင္တစ္ေခ်ာင္းထုထၫ့္၊ ပတဲေကာပါးပါး ေလးျပားလွီးထၫ့္၊ ငရုတ္သီးအစိမ္းမႈန႔္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းထၫ့္ၿပီး ဆူလာေအာင္တည္၊ ဆူလာတဲ့အခါ မီးေအးေအးနဲ႔ အခ်ိဳရည္ထြက္ေအာင္တည္ထားပါ။ အေပါ့အငန္ျမည္း ငံျပာရည္ပဲထပ္ထၫ့္လ်ွင္ရပါ တယ္။ အခ်ဉ္လိုအပ္ေနေသးရင္ မန္းက်ည္းရည္ထၫ့္ႏိုင္ပါတယ္။ ဟင္းရြက္ေတြထၫ့္ေတာ့မယ္ဆိုရင္ ဆူလာေအာင္တည္ပါ၊ အသီးအရြက္ေတြထၫ့္ပါ။ ေမႊးဖို႔အတြက္ေတာ့ တည္ခင္းကာနီးမွာ ငရုတ္သီးစပ္စပ္ ၄-၅ေတာင့္ကိုအရွည္လိုက္ခြဲၿပီး ပန္းကန္တြင္ထၫ့္ ဟင္းရည္ပူေလာင္းခ်၊ ရွမ္းနံနံအုပ္၊ သံပရာရည္ၫွစ္ၿပီး သံုးေဆာင္ပါ။


No comments: