Tuesday, September 21, 2021

လေဆာနည်းဖြင့် မျက်စိပါ၀ါပြုပြင်ခြင်

မျက်မှန်တပ်စရာမလိုအောင် လေဆာနည်းဖြင့် မျက်စိပါ၀ါပြုပြင်ခြင်း




#Lasik_Treatments

#မျက်စိပါ၀ါပြုပြင်ခြင်း

#Eye_Care

(အသက်အရွယ်အရ မျက်စိအားနည်းလာသူများ မျက်မှန်ပါ၀ါတိုးလာတာကို မရည်ရွယ်သော်လည်း အချို့သောလူငယ်များမှာ အသက်အရွယ်နဲ့မလိုက် မျက်မှန်ပါ၀ါများနေတတ်တာကိုတွေ့ရပါတယ်။ သည်လိုလူငယ်များဟာ ယခုနောက်ပိုင်း လေဆာနည်းနဲ့ မျက်စိပါ၀ါကို ပြင်ဆင်ကုသတဲ့နည်းကို စိတ်ဝင်စားလာကြတယ်ဗျ။ သည်လိုလူတွေအတွက် ရိပ်ဖမ်းသံဖမ်းအကြမ်းဖြင်းသိထားရအောင် လေဆာနည်းဖြင့် မျက်စိပါ၀ါပြုပြင်ခြင်းအကြောင်း မျှဝေလိုက်ပါတယ်။ မိမိကျန်းမာရေးအတွက် ပြသနေကြဆရာဝန်နဲ့ တိုင်ပင်သင့်သလို မျက်စိဆရာဝန်နဲ့လည်းတိုင်ပင်ကာ လေဆာနည်းဖြင့်ကုသလို့ရမရ စုံစမ်းဦးနော်။)


လူတိုင်းရဲ့မျက်စိထဲမှာ သဘာဝမှန်ဘီလူးရှိပါတယ်။ ဒီမှန်ဘီလူးဟာ ခုံးလွန်း၍ မျက်လုံးအိမ်ရှည်သောအခါ ပုံရိပ်သည် မြင်လွှာ(Retina) ၏ရှေ့တွင် ထင်နေစေတဲ့အတွက် ထင်ထင်ရှားရှား မမြင်ရတော့ပါ။ ယင်းကို Myopia လို့ခေါ်ပါတယ်။ အလားတူပဲ မှန်ဘီလူးခွက်လွန်း နေ၍ မျက်လုံးအိမ်တိုသောအခါ ပုံရိပ်များမှာ အမြင်အာရုံလွှာရဲ့နောက်မှာ ကျရောက်ခြင်းကြောင့် ပုံရိပ်များကို ထင်ရှားစွာမမြင်ရတော့ဘဲ ၀ါးနေတတ်ပြန်ပါတယ်။ Hyperopia လို့ခေါ်ပါတယ်။


ဒါ့အပြင် မျက်ကြည်လွှာ၏ မျက်နှာပြင် အခုံးအခွက် မညီညာသောကြောင့် ဆလင်ဒါစောင်းနေခဲ့လျှင်လည်း ပုံရိပ်ဟာ ရွှဲ့စောင်း (Distorted) နေတတ်ပါတယ်။ ဒါကိုတော့ Astigmatism လို့ခေါ်ပါတယ်။ ဖော်ပြပါ ပြဿနာများကို ဖြေရှင်းကုသပေးတဲ့နည်းကတော့ ထိုသူကို သင့်တော်တဲ့ ပါ၀ါမျက်ကပ်မှန်များရှိသော မျက်မှန်များတပ်ဆင်စေခြင်းဖြစ်ပါတယ်။ မျက်စိအမျိုးအစားတွေ အမျိုးမျိုးရှိသလို မျက်မှန်ကိုင်းတွေလည်း အမျိုးမျိုးရှိလာခဲ့ရာ လွန်စွာကျယ်ပြန့်လှသော မျက်စိကျန်းမာရေးပြုစုစောင့်ရှောက်မှုဆိုင်ရာ စျေးကွက်ကြီးတစ်ခု ပင် ဖြစ်ထွန်းလာခဲ့ပါတယ်။


သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မျက်မှန်တပ်စရာမလိုတော့ဘဲ လေဆာရောင်ခြည်ဖြင့် လိုအပ်သည့် မျက်စိပါ၀ါအတိုင်း ပြုပြင်ပေးနိုင်သော နည်းပညာတစ်ခုဖြစ်တဲ့ Lasik (Laser Assisted in Situ Keratomileusis) နည်းပညာပေါ်ပေါက်လာခဲ့ပြီး ကမ္ဘာပေါ် မှာ ပထမဦးဆုံး နည်းဖြင့်မျက်စိပါ၀ါ ပြုပြင်ပေးသော ကုသမှုကို ၁၉၈၉ခုနှစ်၌ အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။


Lasik အကြောင်းနှင့် ပတ်သက်ပြီး မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးမြအောင်နှင့် ဆွေးနွေးမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုပါတယ်။


ဆရာကြီးရဲ့ ဆွေးနွေးရှင်းလင်းချက်အရ လူတို့၏ မျက်စိတွင် မျက်ကြည်လွှာ Cornea ရှိကြောင်း၊ အဆိုပါမျက်ကြည်လွှာတွင် အလွှာ၅ခု ပါရှိသည့်အနက် Stroma အလွှာနေရာအထိရောက်အောင် Microkeratome ဆိုတဲ့ ဓားလေးနဲ့ခွာလိုက်ရကြောင်း၊ အဝေးမှုန်ဖြစ်ပါက Minus Power ကို လျှော့ပေးကြောင်း၊ အနီးမှုန်ဖြစ်နေလျှင် Plus Power ကိုလျှော့ပေးကြောင်း၊ ဆလင်ဒါစောင်းနေလျှင်လည်း တည့်မတ် သွားအောင် လုပ်ပေးကြောင်း ပြောပြပါတယ်။


ဆရာကြီးက "မျက်ကြည်လွှာ (Cornea) Flat ဖြစ်နေရင် နည်းနည်းလေးခုံးသွားအောင်ဘေးပတ်ပတ်လည်နေရာတွေကို လေဆာနဲ့ပြုပြင် ပေးတယ်။ သိပ်ခုံးနေတဲ့ မျက်ကြည်လွှာဆိုရင် အလယ်ပိုင်းက ခုံးနေသောနေရာကို လေဆာဖြင့် ပြေပြစ်သွားအောင် ပြုပြင်ပေးရပါတယ်။ ဆလင်ဒါရှိရင်တော့ Axis ဝင်ရိုးတန်းကိုပြေသွားအောင် Neutralise လုပ်ပေးခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ အပေါ်ယံ မျက်ကြည်လွှာ အလွှာ (Anterior Flat) ကို ပြန်အုပ်ပေးခဲ့တယ်" လို့ပြောပြပါတတယ်။


ဆက်လက်၍ "Microkeratome ကိုလက်နဲ့ပဲ ချိန်ပြီး မျက်ကြည်လွှာပေါ်မှာ လိုချင်တဲ့နေရာအရွယ်အစားရအောင် လုပ်ရတယ်။ အထူး သဖြင့် မျက်ကြည်လွှာရဲ့ အထူ Thickness of Cornea ပေါ်မူတည်ပြီး အနည်းဆုံးမျက်ကြည်လွှာအထူ ၃ပုံ၁ပုံလောက် ချန်ထားပေး ရတယ်။ ဥပမာ - မျက်ကြည်လွှာ ၅၀၀ မိုက်ခရိုမီလီမီတာရှိရင် ၁၅ဝလောက်ကိုလေဆာနဲ့စားလိုက်တဲ့အခါ ၃၅ဝလောက် ကျန်တယ်" လို့ပြောပြပါတယ်။


Lasik ကုသမှုမစခင်ကတည်းက မျက်ကြည်လွှာ၏ အထူအပါးကိုတိုင်းခြင်း၊ လေဆာဖြင့် စားရမည့်အထူကို တွက်ချက်ခြင်း စသည်တို့ အားပြုလုပ်ကာ အချက်အလက် data များအား ကွန်ပျူတာထဲတွင် ထည့်သွင်းပေးရကြောင်း သိရပါတယ်။


အဝေးမှုန်သူများကို ပြုပြင်ပေးပြီးတဲ့အခါ အချို့သောသူများအတွက် စာဖတ်ရန် အနီးကြည့်မှန်ဘီလူးလိုနေသေးသည့်အတွက် ပါ၀ါထည့် ပြီး Cornea Inlay လုပ်ပေးပြီးမှ Flat ကိုပြန်အုပ်ပေးရကြောင်း ပြောပြပါတယ်။


အဝေးမှုန်ရော အနီးမှုန်ပါ ရှိနေသူများအတွက် မျက်မှန်တပ်ရသူများတွင် Multi focal lenses ထည့်သကဲ့သို့ သဘောတရားချင်း အတူ တူဖြစ်ကြောင်းလည်း ပြောပြပါတယ်။


Lasik နည်းဖြင့် မျက်စိမှန်ဘီလူး ပါ၀ါပြုပြင်ပေးတဲ့အခါ အဆိုပါ လူနာများအနေနဲ့ ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ် ကုသမှုပေး နိုင်ကြောင်း ၊ ထုံဆေးပေး၍ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ Lasik ဖြင့် မျက်စိပါ၀ါပြုပြင်သူများအနေနဲ့ ဘယ်အသက်အရွယ်မှာ လုပ်သင့်သလဲဆိုတဲ့အချက်ကိုလည်း ပြောပြပါတယ်။


အသက်အရွယ်ကတော့ အသက် ၁၈နှစ်ကျော်မှပဲလုပ်သင့်ပါတယ်။ မျက်ကြည်လွှာဖွံ့ဖြိုးမှုက အသက်၁၈နှစ်ရောက်မှ ပြီးဆုံးသွားတာ ဖြစ်တယ်။ အဲဒီအသက်ထက်ငယ်တဲ့အချိန်မှာ လုပ်ခဲ့ရင် မျက်စိပါ၀ါက မမှန်သေးတဲ့အတွက် ထပ်ပြောင်းသွားတဲ့အခါ Lasik နောက်တစ် ကြိမ်ပြန်လုပ်ရတတ်ပါတယ်။


မျက်မှန်ပါ၀ါတိုင်းကြည့်လျှင် အဝေးမှုန် (-14.00) အထိလည်းကောင်း၊ အနီးမှုန် (+8.00) အထိလည်းကောင်း၊ ဆလင်ဒါ (-4.00)ကို Lasik ဖြင့်ပြုပြင်ပေးနိုင်ကြောင်းသိရပါတယ်။ ဒီကုထုံးကို အဝေးမှုန်သမားများလုပ်လေ့ရှိကြောင်းလည်း ပြောပြပါတယ်။


Lasik ကုထုံးခံယူလျှင် ခွဲစိတ်ခန်းဝင်သကဲ့သို့ လူနာ၊ဆရာဝန်နှင့် သူနာပြုများပါ ပိုးသန့်စင်ခြင်းများပြုလုပ်ရကြောင်း ပြောပြပါတယ်။


နဂိုကတည်းက မျက်လုံးခြောက်သွေ့လေ့ရှိသူ Dry Eye ဆိုပါက ဒီကုထုံးခံယူပြီးတဲ့နောက် သဘာဝမျက်ရည်နှင့်တူသော အရည်မျက်စဉ်း တစ်မျိုးကို ပိုခတ်ရတတ်ကြောင်း သိရပါတယ်။


အသည်းရောင်အသားဝါ Bပိုး၊ C ပိုး နှင့်ဆီးချိုသွေးချိုရှိသူများလည်း Control လုပ်ပြီး Lasik ကုထုံးကို ပြုလုပ်နိုင်ကြောင်း၊ သို့သော်အမြင် အာရုံမှာ ရောဂါတစ်ခုခုရှိနေခြင်း၊ ရေတိမ်ရောဂါ၊ မျက်ကြည်လွှာရောဂါရှိခဲ့လျှင် မပြုလုပ်သင့်ကြောင်း ပြောပြပါတယ်။


မြန်မာနိုင်ငံမှာတော့ Lasik ကုထုံးကို လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက စတင်ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ပထမဦးဆုံး Lasik ပြုလုပ်နိုင်တဲ့တစ်ခုတည်းသော မျက်စိအထူးကုဆေးခန်းကတော့ ရန်ကုန်မြို့ တာမွေမြို့နယ် ဦးချစ်မောင်လမ်းမှာ ရှိသော iQ Vision မျက်စိအထူးကုဆေးခန်းကြီးပဲ ဖြစ်ပါတယ်။ယနေ့အထိ လူနာ ရာပေါင်းများစွာကို ကုသမှုပြုလုပ်ပေးခဲ့ပြီးပြီဖြစ်ပြီး ရာနှုန်းပြည့်အောင်မြင်မှုတွေလည်း ရရှိခဲ့ကြောင်း သိရပါတယ်။


iQ Vision ဆေးခန်းမှ Lasik ပြုလုပ်ပေးသည့် ဆရာဝန်ကြီးများမှာ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များရရှိထားသည့်အပြင် တန်ဖိုး ကြီးမားလှသော Lasik ပြုလုပ်နိုင်သည့် စက်ကြီးဟာ ဂျပန်နိုင်ငံထုတ်ဖြစ်ပြီး စက်ကိရိယာကိုင်တွယ်သည့် ကျွမ်းကျင်တာဝန်ရှိသူများကို ဂျပန်နိုင်ငံအထိ စေလွှတ်ကာ လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း iQ Vision အထူးကုဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောပြခဲ့ ပါတယ်။


နိုင်ငံခြားသို့သွား၍ Lasik ကုထုံးခံယူမယ်ဆိုလျှင် ကုသစရိတ်အပြင် ဟိုတယ်စရိတ်၊ လေယာဉ်စရိတ်များ ထပ်မံကုန်ကျနိုင်တယ်လို့ သိရပါတယ်။ iQ Vision မှာတော့ အဆိုပါနှုန်းထက်အများကြီးသက်သာသော စျေးနှုန်းနှင့် ပြုလုပ်ပေးတယ်လို့ သိရကြောင်းဖော်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။


မောင် (ဆေးတက္ကသိုလ်)

Credit: Health Digest Journal Vol.9, No 1, 9-11-2011

iQ Vision (International Quality Eye Care Center)

(S-15) ,ဦးချစ်မောင်လမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း - 01-554010 ၊ 401208 ၊ SSC – 09-8614572, WC – 09-8614570



 မ်က္မွန္တပ္စရာမလိုေအာင္ ေလဆာနည္းျဖင့္ မ်က္စိပါ၀ါျပဳျပင္ျခင္း




#Lasik_Treatments

#မ်က္စိပါ၀ါျပဳျပင္ျခင္း

#Eye_Care

(အသက္အရြယ္အရ မ်က္စိအားနည္းလာသူမ်ား မ်က္မွန္ပါ၀ါတိုးလာတာကို မရည္ရြယ္ေသာ္လည္း အခ်ိဳ႕ေသာလူငယ္မ်ားမွာ အသက္အရြယ္နဲ႔မလိုက္ မ်က္မွန္ပါ၀ါမ်ားေနတတ္တာကိုေတြ႕ရပါတယ္။ သည္လိုလူငယ္မ်ားဟာ ယခုေနာက္ပိုင္း ေလဆာနည္းနဲ႔ မ်က္စိပါ၀ါကို ျပင္ဆင္ကုသတဲ့နည္းကို စိတ္၀င္စားလာၾကတယ္ဗ်။ သည္လိုလူေတြအတြက္ ရိပ္ဖမ္းသံဖမ္းအၾကမ္းျဖင္းသိထားရေအာင္ ေလဆာနည္းျဖင့္ မ်က္စိပါ၀ါျပဳျပင္ျခင္းအေၾကာင္း မွ်ေ၀လိုက္ပါတယ္။ မိမိက်န္းမာေရးအတြက္ ျပသေနၾကဆရာ၀န္နဲ႔ တိုင္ပင္သင့္သလို မ်က္စိဆရာ၀န္နဲ႔လည္းတိုင္ပင္ကာ ေလဆာနည္းျဖင့္ကုသလို႔ရမရ စံုစမ္းဦးေနာ္။)


လူတိုင္းရဲ႕မ်က္စိထဲမွာ သဘာ၀မွန္ဘီလူးရွိပါတယ္။ ဒီမွန္ဘီလူးဟာ ခံုးလြန္း၍ မ်က္လံုးအိမ္ရွည္ေသာအခါ ပံုရိပ္သည္ ျမင္လႊာ(Retina) ၏ေရွ႕တြင္ ထင္ေနေစတဲ့အတြက္ ထင္ထင္ရွားရွား မျမင္ရေတာ့ပါ။ ယင္းကို Myopia လို႕ေခၚပါတယ္။ အလားတူပဲ မွန္ဘီလူးခြက္လြန္း ေန၍ မ်က္လံုးအိမ္တိုေသာအခါ ပံုရိပ္မ်ားမွာ အျမင္အာရံုလႊာရဲ႕ေနာက္မွာ က်ေရာက္ျခင္းေၾကာင့္ ပံုရိပ္မ်ားကို ထင္ရွားစြာမျမင္ရေတာ့ဘဲ ၀ါးေနတတ္ျပန္ပါတယ္။ Hyperopia လို႕ေခၚပါတယ္။


ဒါ့အျပင္ မ်က္ၾကည္လႊာ၏ မ်က္ႏွာျပင္ အခံုးအခြက္ မညီညာေသာေၾကာင့္ ဆလင္ဒါေစာင္းေနခဲ့လွ်င္လည္း ပံုရိပ္ဟာ ရႊဲ႕ေစာင္း (Distorted) ေနတတ္ပါတယ္။ ဒါကိုေတာ့ Astigmatism လို႕ေခၚပါတယ္။ ေဖာ္ျပပါ ျပႆနာမ်ားကို ေျဖရွင္းကုသေပးတဲ့နည္းကေတာ့ ထိုသူကို သင့္ေတာ္တဲ့ ပါ၀ါမ်က္ကပ္မွန္မ်ားရွိေသာ မ်က္မွန္မ်ားတပ္ဆင္ေစျခင္းျဖစ္ပါတယ္။ မ်က္စိအမ်ိဳးအစားေတြ အမ်ိဳးမ်ိဳးရွိသလို မ်က္မွန္ကိုင္းေတြလည္း အမ်ိဳးမ်ိဳးရွိလာခဲ့ရာ လြန္စြာက်ယ္ျပန္႕လွေသာ မ်က္စိက်န္းမာေရးျပဳစုေစာင့္ေရွာက္မႈဆိုင္ရာ ေစ်းကြက္ၾကီးတစ္ခု ပင္ ျဖစ္ထြန္းလာခဲ့ပါတယ္။


သိပၸံနည္းပညာ ဖြံ႕ျဖိဳးတိုးတက္လာသည္ႏွင့္အမွ် မ်က္မွန္တပ္စရာမလိုေတာ့ဘဲ ေလဆာေရာင္ျခည္ျဖင့္ လိုအပ္သည့္ မ်က္စိပါ၀ါအတိုင္း ျပဳျပင္ေပးႏိုင္ေသာ နည္းပညာတစ္ခုျဖစ္တဲ့ Lasik (Laser Assisted in Situ Keratomileusis) နည္းပညာေပၚေပါက္လာခဲ့ျပီး ကမၻာေပၚ မွာ ပထမဦးဆံုး နည္းျဖင့္မ်က္စိပါ၀ါ ျပဳျပင္ေပးေသာ ကုသမႈကို ၁၉၈၉ခုႏွစ္၌ အေမရိကန္ျပည္ေထာင္စုတြင္ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။


Lasik အေၾကာင္းႏွင့္ ပတ္သက္ျပီး မ်က္စိအထူးကုဆရာ၀န္ၾကီး ပါေမာကၡေဒါက္တာဦးျမေအာင္ႏွင့္ ေဆြးေႏြးေမးျမန္းခဲ့သည္မ်ားကို ျပန္လည္ေဖာ္ျပလိုပါတယ္။


ဆရာၾကီးရဲ႕ ေဆြးေႏြးရွင္းလင္းခ်က္အရ လူတို႕၏ မ်က္စိတြင္ မ်က္ၾကည္လႊာ Cornea ရွိေၾကာင္း၊ အဆိုပါမ်က္ၾကည္လႊာတြင္ အလႊာ၅ခု ပါရွိသည့္အနက္ Stroma အလႊာေနရာအထိေရာက္ေအာင္ Microkeratome ဆိုတဲ့ ဓားေလးနဲ႕ခြာလိုက္ရေၾကာင္း၊ အေ၀းမႈန္ျဖစ္ပါက Minus Power ကို ေလွ်ာ့ေပးေၾကာင္း၊ အနီးမႈန္ျဖစ္ေနလွ်င္ Plus Power ကိုေလွ်ာ့ေပးေၾကာင္း၊ ဆလင္ဒါေစာင္းေနလွ်င္လည္း တည့္မတ္ သြားေအာင္ လုပ္ေပးေၾကာင္း ေျပာျပပါတယ္။


ဆရာၾကီးက "မ်က္ၾကည္လႊာ (Cornea) Flat ျဖစ္ေနရင္ နည္းနည္းေလးခံုးသြားေအာင္ေဘးပတ္ပတ္လည္ေနရာေတြကို ေလဆာနဲ႕ျပဳျပင္ ေပးတယ္။ သိပ္ခံုးေနတဲ့ မ်က္ၾကည္လႊာဆိုရင္ အလယ္ပိုင္းက ခံုးေနေသာေနရာကို ေလဆာျဖင့္ ေျပျပစ္သြားေအာင္ ျပဳျပင္ေပးရပါတယ္။ ဆလင္ဒါရွိရင္ေတာ့ Axis ၀င္ရိုးတန္းကိုေျပသြားေအာင္ Neutralise လုပ္ေပးျခင္းျဖစ္ပါတယ္။ ျပီးရင္ေတာ့ အေပၚယံ မ်က္ၾကည္လႊာ အလႊာ (Anterior Flat) ကို ျပန္အုပ္ေပးခဲ့တယ္" လို႕ေျပာျပပါတတယ္။


ဆက္လက္၍ "Microkeratome ကိုလက္နဲ႕ပဲ ခ်ိန္ျပီး မ်က္ၾကည္လႊာေပၚမွာ လိုခ်င္တဲ့ေနရာအရြယ္အစားရေအာင္ လုပ္ရတယ္။ အထူး သျဖင့္ မ်က္ၾကည္လႊာရဲ႕ အထူ Thickness of Cornea ေပၚမူတည္ျပီး အနည္းဆံုးမ်က္ၾကည္လႊာအထူ ၃ပံု၁ပံုေလာက္ ခ်န္ထားေပး ရတယ္။ ဥပမာ - မ်က္ၾကည္လႊာ ၅၀၀ မိုက္ခရိုမီလီမီတာရွိရင္ ၁၅၀ေလာက္ကိုေလဆာနဲ႕စားလိုက္တဲ့အခါ ၃၅၀ေလာက္ က်န္တယ္" လို႕ေျပာျပပါတယ္။


Lasik ကုသမႈမစခင္ကတည္းက မ်က္ၾကည္လႊာ၏ အထူအပါးကိုတိုင္းျခင္း၊ ေလဆာျဖင့္ စားရမည့္အထူကို တြက္ခ်က္ျခင္း စသည္တို႕ အားျပဳလုပ္ကာ အခ်က္အလက္ data မ်ားအား ကြန္ပ်ဴတာထဲတြင္ ထည့္သြင္းေပးရေၾကာင္း သိရပါတယ္။


အေ၀းမႈန္သူမ်ားကို ျပဳျပင္ေပးျပီးတဲ့အခါ အခ်ိဳ႕ေသာသူမ်ားအတြက္ စာဖတ္ရန္ အနီးၾကည့္မွန္ဘီလူးလိုေနေသးသည့္အတြက္ ပါ၀ါထည့္ ျပီး Cornea Inlay လုပ္ေပးျပီးမွ Flat ကိုျပန္အုပ္ေပးရေၾကာင္း ေျပာျပပါတယ္။


အေ၀းမႈန္ေရာ အနီးမႈန္ပါ ရွိေနသူမ်ားအတြက္ မ်က္မွန္တပ္ရသူမ်ားတြင္ Multi focal lenses ထည့္သကဲ့သို႕ သေဘာတရားခ်င္း အတူ တူျဖစ္ေၾကာင္းလည္း ေျပာျပပါတယ္။


Lasik နည္းျဖင့္ မ်က္စိမွန္ဘီလူး ပါ၀ါျပဳျပင္ေပးတဲ့အခါ အဆိုပါ လူနာမ်ားအေနနဲ႕ ေဆးရံုတက္စရာမလိုဘဲ ျပင္ပလူနာအျဖစ္ ကုသမႈေပး ႏိုင္ေၾကာင္း ၊ ထံုေဆးေပး၍ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ Lasik ျဖင့္ မ်က္စိပါ၀ါျပဳျပင္သူမ်ားအေနနဲ႕ ဘယ္အသက္အရြယ္မွာ လုပ္သင့္သလဲဆိုတဲ့အခ်က္ကိုလည္း ေျပာျပပါတယ္။


အသက္အရြယ္ကေတာ့ အသက္ ၁၈ႏွစ္ေက်ာ္မွပဲလုပ္သင့္ပါတယ္။ မ်က္ၾကည္လႊာဖြံ႕ျဖိဳးမႈက အသက္၁၈ႏွစ္ေရာက္မွ ျပီးဆံုးသြားတာ ျဖစ္တယ္။ အဲဒီအသက္ထက္ငယ္တဲ့အခ်ိန္မွာ လုပ္ခဲ့ရင္ မ်က္စိပါ၀ါက မမွန္ေသးတဲ့အတြက္ ထပ္ေျပာင္းသြားတဲ့အခါ Lasik ေနာက္တစ္ ၾကိမ္ျပန္လုပ္ရတတ္ပါတယ္။


မ်က္မွန္ပါ၀ါတိုင္းၾကည့္လွ်င္ အေ၀းမႈန္ (-14.00) အထိလည္းေကာင္း၊ အနီးမႈန္ (+8.00) အထိလည္းေကာင္း၊ ဆလင္ဒါ (-4.00)ကို Lasik ျဖင့္ျပဳျပင္ေပးႏိုင္ေၾကာင္းသိရပါတယ္။ ဒီကုထံုးကို အေ၀းမႈန္သမားမ်ားလုပ္ေလ့ရွိေၾကာင္းလည္း ေျပာျပပါတယ္။


Lasik ကုထံုးခံယူလွ်င္ ခြဲစိတ္ခန္း၀င္သကဲ့သို႕ လူနာ၊ဆရာ၀န္ႏွင့္ သူနာျပဳမ်ားပါ ပိုးသန္႕စင္ျခင္းမ်ားျပဳလုပ္ရေၾကာင္း ေျပာျပပါတယ္။


နဂုိကတည္းက မ်က္လံုးေျခာက္ေသြ႕ေလ့ရွိသူ Dry Eye ဆိုပါက ဒီကုထံုးခံယူျပီးတဲ့ေနာက္ သဘာ၀မ်က္ရည္ႏွင့္တူေသာ အရည္မ်က္စဥ္း တစ္မ်ိဳးကို ပုိခတ္ရတတ္ေၾကာင္း သိရပါတယ္။


အသည္းေရာင္အသား၀ါ Bပိုး၊ C ပိုး ႏွင့္ဆီးခ်ိဳေသြးခ်ိဳရွိသူမ်ားလည္း Control လုပ္ျပီး Lasik ကုထံုးကို ျပဳလုပ္ႏိုင္ေၾကာင္း၊ သို႕ေသာ္အျမင္ အာရံုမွာ ေရာဂါတစ္ခုခုရွိေနျခင္း၊ ေရတိမ္ေရာဂါ၊ မ်က္ၾကည္လႊာေရာဂါရွိခဲ့လွ်င္ မျပဳလုပ္သင့္ေၾကာင္း ေျပာျပပါတယ္။


ျမန္မာႏိုင္ငံမွာေတာ့ Lasik ကုထံုးကို လြန္ခဲ့တဲ့ ၃ႏွစ္ေလာက္ကတည္းက စတင္ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ျပီး ပထမဦးဆံုး Lasik ျပဳလုပ္ႏိုင္တဲ့တစ္ခုတည္းေသာ မ်က္စိအထူးကုေဆးခန္းကေတာ့ ရန္ကုန္ျမိဳ႕ တာေမြျမိဳ႕နယ္ ဦးခ်စ္ေမာင္လမ္းမွာ ရွိေသာ iQ Vision မ်က္စိအထူးကုေဆးခန္းၾကီးပဲ ျဖစ္ပါတယ္။ယေန႕အထိ လူနာ ရာေပါင္းမ်ားစြာကို ကုသမႈျပဳလုပ္ေပးခဲ့ျပီးျပီျဖစ္ျပီး ရာႏႈန္းျပည့္ေအာင္ျမင္မႈေတြလည္း ရရွိခဲ့ေၾကာင္း သိရပါတယ္။


iQ Vision ေဆးခန္းမွ Lasik ျပဳလုပ္ေပးသည့္ ဆရာ၀န္ၾကီးမ်ားမွာ ႏိုင္ငံတကာအသိအမွတ္ျပဳ လက္မွတ္မ်ားရရွိထားသည့္အျပင္ တန္ဖိုး ၾကီးမားလွေသာ Lasik ျပဳလုပ္ႏိုင္သည့္ စက္ၾကီးဟာ ဂ်ပန္ႏိုင္ငံထုတ္ျဖစ္ျပီး စက္ကိရိယာကိုင္တြယ္သည့္ ကြၽမ္းက်င္တာ၀န္ရွိသူမ်ားကို ဂ်ပန္ႏိုင္ငံအထိ ေစလႊတ္ကာ ေလ့က်င့္ေပးခဲ့ျခင္းျဖစ္ေၾကာင္း iQ Vision အထူးကုေဆးခန္းမွ တာ၀န္ရွိသူတစ္ဦးက ျဖည့္စြက္ေျပာျပခဲ့ ပါတယ္။


ႏိုင္ငံျခားသို႕သြား၍ Lasik ကုထံုးခံယူမယ္ဆိုလွ်င္ ကုသစရိတ္အျပင္ ဟိုတယ္စရိတ္၊ ေလယာဥ္စရိတ္မ်ား ထပ္မံကုန္က်ႏိုင္တယ္လို႕ သိရပါတယ္။ iQ Vision မွာေတာ့ အဆိုပါႏႈန္းထက္အမ်ားၾကီးသက္သာေသာ ေစ်းႏႈန္းႏွင့္ ျပဳလုပ္ေပးတယ္လို႕ သိရေၾကာင္းေဖာ္ျပရင္း နိဂံုးခ်ဳပ္လိုက္ပါတယ္။


ေမာင္ (ေဆးတကၠသိုလ္)

Credit: Health Digest Journal Vol.9, No 1, 9-11-2011

iQ Vision (International Quality Eye Care Center)

(S-15) ,ဦးခ်စ္ေမာင္လမ္း၊တာေမြျမိဳ႕နယ္၊ရန္ကုန္ျမိဳ႕။ ဖုန္း - 01-554010 ၊ 401208 ၊ SSC – 09-8614572, WC – 09-8614570

No comments: