Sunday, May 3, 2020

Coenzyme Q10 ❓

(Zawgyi)

Coenzyme Q10 ❓❓
===============


ကိုအင္ဇိုင္း က်ဴ-၁၀ ဆိုတဲ့ ေဝါဟာရမွာ (၂) ပိုင္း ပါဝင္ပါတယ္.. ပထမပိုင္းအေနနဲ႔ ကိုအင္ဇိုင္းဆိုတာ ခႏၶာကိုယ္ထဲမွာရွိတဲ့ အင္ဇိုင္းေတြကို အေထာက္အကူျပဳတဲ့ ဓာတ္ပစၥည္း (Proenzyme) ကိုေခၚတာပါ..

ဒုတိယပိုင္း က်ဴ-၁၀ (Q10) ဆိုတာမွာ Q ဆိုတာ Quinone ကိုရည္ရြယ္တာျဖစ္ၿပီး ကာဗြန္အက္တမ္ ၅ ခုနဲ႔ ဖြဲ႕စည္းထားတဲ့ ေမာ္လီက်ဴးတစ္ခုျဖစ္ပါတယ္.. ဒီေမာ္လီက်ဴး ၁၀ခုကို ေပါင္းစပ္ထားလို့ Q10 လို့ေခၚတာပါ.. အတိုေကာက္အေနနဲ႔ Co-Q10 လို့ေခၚေလ့ရွိပါတယ္..

အဲ့ဒီ Co-Q10 ေတြ ခႏၶာကိုယ္တြင္းမွာ ေန႔စဥ္ထုတ္လုပ္ၿပီးအသုံးျပဳလ်က္ရွိပါတယ္.. က်န္းမာသန္စြမ္းၿပီး အာဟာရျပည့္ဝသူေတြအေနနဲ႔ Co-Q10 ဟာ ပုံမွန္ထုတ္လုပ္ေပးနိုင္တဲ့အတြက္ သူရဲ့လုပ္ငန္းေဆာင္တာေတြကို ပုံမွန္ထမ္းေဆာင္ေပးနိုင္လို့ ဘာျပႆနာမွမရွိပါဘူး.. အျပင္ကေန Co-Q10 ပါဝင္တဲ့ေဆးဝါးေတြလည္း ေသာက္စရာမလိုပါဘူး..။

Co-Q10 ဟာ ကၽြန္ေတာ္တို့ရဲ့ခႏၶာကိုယ္ႀကီးမွာ အဓိကလုပ္ငန္း (၂) ခု လုပ္ေဆာင္ပါတယ္..

အဓိကအေနနဲ႔ ခႏၶာကိုယ္အႏွံ့အျပားမွာရွိတဲ့ဆဲလ္ေလးေတြမွာ စြမ္းအင္ (Energy) အျဖစ္ ATP ဆိုတဲ့ ဓာတ္ပစၥည္းထုတ္လုပ္ရာမွာ အဓိကကူညီေဆာင္ရြက္ေပးပါတယ္.. ဒါ့ေၾကာင့္ စြမ္းအင္မ်ားမ်ားလိုတဲ့ေနရာေတြမွာ Co-Q10 ေတြမ်ားမ်ားရွိေနပါတယ္ (ဥပမာ-ႏွလုံး၊ ႂကြက္သား၊ အသည္း).. သူ ခ်ိဳ့တဲ့ရင္ ဆဲလ္ေတြတစ္သၽွူးေတြဟာ စြမ္းအင္ေကာင္းစြာမရလို့ သူတို့ရဲ့လုပ္ငန္းေဆာင္တာေတြခ်ိဳ့တဲ့လာပါတယ္.. ဥပမာ-ႏွလုံးမွာရွိတဲ့ႂကြက္သားေတြ ေကာင္းေကာင္းညႇစ္ဖို့ စြမ္းအင္လိုအပ္ပါတယ္.. အဲ့ဒီစြမ္းအင္ရဖို့ ATP ဆိုတာလိုပါတယ္..အဲ့ဒီ ATP ထုတ္ဖို့ Co-Q10 ဆိုတာလိုအပ္ပါတယ္.. ဒါ့ေၾကာင့္ Co-Q10 ခ်ိဳ့တဲ့ေနရင္ ႏွလုံးရဲ့ညႇစ္အားက်ဆင္းသြားပါတယ္.. အလားတူပဲ က်န္တဲ့ႂကြက္သားေတြ အားနည္းတာ၊ မလွုပ္ရွားခ်င္တာျဖစ္တတ္ပါတယ္.. ဒါ့ေၾကာင့္ Co-Q10 ဟာ ခႏၶာကိုယ္တစ္ခုလုံး သန္စြမ္းဖို့ အထူးလိုအပ္ပါတယ္..

ဒုတိယအေနနဲ႔ အင္တီေအာက္ဆီဒင့္တာဝန္ကို ထမ္းေဆာင္ပါတယ္.. Co-Q10 ဆိုတာ ခႏၶာကိုယ္တြင္းကထုတ္ေပးနိုင္တဲ့ တစ္ခုတည္းေသာဆီမွာေပ်ာ္တဲ့ အင္ဒီေအာက္ဆီဒင့္ (Only one fat antioxidant) ျဖစ္ပါတယ္.. သူဟာ Free radical ေတြကို အီလက္ထရြန္လြယ္ကူစြာေပးၿပီး ဖ်က္ဆီးပစ္လိုက္နိုင္တဲ့ သတၱိရွိပါတယ္.. ဖရီးရယ္ဒီကယ္ဆိုတာ အီလက္ထရြန္တစ္လုံးလိုအပ္ေနလို့ က်န္တဲ့တစ္သၽွူးေတြကိုဖ်က္ဆီးၿပီး အီလက္ထရြန္လိုက္လုေနတဲ့အတြက္ တစ္သၽွူးေတြပ်က္စီးေစတဲ့ ဓာတ္ပစၥည္းျဖစ္ပါတယ္.. အဲ့ဒီဖရီးရယ္ဒီကယ္ေတြကို Co-Q10 က အီလက္ထရြန္ေပးလိုက္တဲ့အတြက္ ဖရီးရယ္ဒီကယ္ေတြဟာ ပုံမွန္ေမာ္လီက်ဴးေတြျပန္ျဖစ္သြားလို့ ခႏၶာကိုယ္တိုက္ခိုက္ခံရျခင္းကေန လြတ္ထြက္သြားပါတယ္.. ဒါ့ေၾကာင့္ ခႏၶာကိုယ္မပ်က္စီးဖို့၊ အသက္ရွည္ဖို့၊ ႏုပ်ိဳဖို့ကေနစလို့ ကင္ဆာမျဖစ္ေအာင္ကာကြယ္ေရးအထိလုပ္ေဆာင္ေပးတဲ့ တန္ဖိုးႀကီးဓာတ္ပစၥည္းတစ္ခုလို့ဆိုခ်င္ပါတယ္..

ဒါ့ေၾကာင့္ ကၽြန္ေတာ္တို့ေန႔စဥ္စားေနတဲ့အစားအစာေတြထဲမွာ Co-Q10 ပါဝင္တဲ့အစားအစာ ဒါမွမဟုတ္ခႏၶာကိုယ္ထဲမွာ Co-Q10 ေတြထုတ္လုပ္ေပးနိုင္မယ့္ကုန္ၾကမ္းေတြပါဝင္ေနဖို့ အလြန္အေရးႀကီးပါတယ္..။

Co-Q10 ပါဝင္သည့္အစားအစာမ်ား
=======================


အဓိကအေနနဲ႔ အစာအုပ္စုႀကီး (၂) ခုျဖစ္တဲ့ တိရစၧာန္ကေနရတဲ့ အစားအစာအုပ္စု (Animal-based source) နဲ႔ အပင္ကေနရတဲ့အစားအစာအုပ္စု (Plant-based source) ႏွစ္ခုလုံးကေန ရနိုင္ပါတယ္..

(၁) တိရစၧာန္ကေနရတဲ့ အစားအစာေတြထဲမွာေတာ့ အဆီပါတဲ့ငါးေတြနဲ႔ အမဲသား၊ ဝက္သားေတြအားလုံးမွာ Co-Q10 မ်ားစြာပါဝင္ပါတယ္.. ၾကက္သားမွာလည္း ပါဝင္ပါတယ္..
●  အမဲသား (Beef) ၃ ေအာင္စမွာ Co-Q10 2.6 mg
●  အဆီမ်ားတဲ့ငါး (Oily fish) ၃ ေအာင္စမွာ Co-Q10 2.3 mg
●  ၾကက္သား (Chicken) ၃ ေအာင္စမွာ Co-Q10 1.4 mg
●  ငါးထဲမွာ Co-Q10 ပါဝင္မွုအမ်ားဆုံးကေတာ့ အဆီမ်ားတဲ့ငါးေတြျဖစ္ပါတယ္.. ျမန္မာလူမ်ိဳးေတြအႀကိဳက္ျဖစ္ပါတယ္..

(၂) အပင္ကရတဲ့ Source အေနနဲ႔
● ဟင္းသီးဟင္းရြက္အုပ္စုမွာ (Vegetables) အမ်ားဆုံးပါတာက ေဂၚဖီပန္းပြင့္စိမ္း (Broccoli) ျဖစ္ၿပီး ဒုတိယအေနနဲ႔ ပန္းေဂၚဖီရိုးရိုး (Cauliflower) ျဖစ္ပါတယ္..
● သစ္သီး (Fruits) ေတြထဲမွာ အမ်ားဆုံးက လိေမၼာ္သီးနဲ႔စေတာ္ဘယ္ရီသီးတို့ ျဖစ္ပါတယ္..
● အခြံမာတဲ့သစ္ေစ့ (Nuts) အုပ္စုမွာ ဆီထုတ္လို့ရတဲ့အေစ့ေတြအားလုံးမွာ ပါပါတယ္.. အဓိကအေနနဲ႔ ေျမပဲ၊ ပစ္စတာရွိုး (Pistachio)၊ ႏွမ္း၊ ပဲပိစပ္တို့ျဖစ္ပါတယ္..

အဲ့ဒီအစားအစာေတြပုံမွန္မယ္ဆိုရင္ Co-Q10 ခႏၶာကိုယ္မွာ လုံေလာက္စြာရွိေနမွာျဖစ္ၿပီး က်န္းမာသန္စြမ္းတဲ့ဘဝကိုပိုင္ဆိုင္မွာျဖစ္ပါတယ္.. တကယ္လို့ အဲ့ဒီအစားအစာေတြကို မစားျဖစ္တာၾကာလာခဲ့ရင္ ခႏၶာကိုယ္တြင္းမွာ Co-Q10 ေတြခ်ိဳ့တဲ့လာၿပီး သူခ်ိဳ့တဲ့လို့ျဖစ္လာရတဲ့ေရာဂါေတြ ရရွိလာမွာျဖစ္ပါတယ္..။

Co-Q10 ပါဝင္တဲ့အစားအစာေတြ မစားရင္ ဘယ္လိုမ်ိဳးက်န္းမာေရးဆိုးက်ိဳးေတြ ျဖစ္နိုင္သလဲ❓❓

Co-Q10 ပါဝင္တဲ့အစားအစာေတြမစားတာၾကာလာရင္ ခႏၶာကိုယ္မွာ Co-Q10 ခ်ိဳ့တဲ့မွုဆိုတာျဖစ္လာပါမယ္.. အဲ့ဒီလိုျဖစ္ရင္ အဓိကအေနနဲ႔က်န္းမာေရးဆိုးက်ိဳး (၅) ခု ျဖစ္နိုင္ပါတယ္.. အဲ့ဒါေတြကေတာ့ -

(၁) ဦးေႏွာက္၊ အာ႐ုံေၾကာနဲ႔ ႂကြက္သားေတြဆိုင္ရာခ်ိဳ့ယြင္းမွုေတြ (Encephalomyopathy)
(၂) အခ်ိဳ့ႂကြက္သားမ်ားထိခိုက္ျခင္း (Isolated myopathy).. ႏွလုံးႂကြက္သား၊ အရိုးႂကြက္သားေတြ ထိခိုက္ပါတယ္..
(၃) ကေလးေတြမွာခ်ိဳ့တဲ့ရင္ တစ္ကိုယ္လုံးထိခိုက္ေစပါတယ္ (Severe infantile multisystem disease)
(၄) ဦးေႏွာက္ငယ္ခ်ိဳ့ယြင္း၍ လမ္းေလၽွာက္ရာမွာထိခိုက္ျခင္း (Cerebellar ataxia)
(၅) ေက်ာက္ကပ္ပ်က္စီးျခင္း (Steroid resistant Nephrotic syndrome) ေတြျဖစ္ပါတယ္..


ဘယ္လိုလူမ်ိဳးေတြမွာ Co-Q10 ခ်ိဳ့တဲ့တတ္သလဲ❓❓

Co-Q10 ခ်ိဳ့တဲ့မွုကို Primary နဲ႔ Secondary ဆိုၿပီး (၂) ခုခြဲထားပါတယ္.. Co-Q10 ကို ခႏၶာကိုယ္ထဲမွာ ထုတ္လုပ္တဲ့အခါမွာ ပါဝင္လုပ္ေဆာင္ေပးတဲ့ မ်ိဳးဗီဇ (Gene) ပ်က္စီးလို့ခ်ိဳ့တဲ့တာကို Primary deficiency လို့ေခၚၿပီး မ်ိဳးဗီဇနဲ႔မပတ္သက္ရင္ေတာ့ Secondary deficiency လို့ေခၚပါတယ္.. မ်ိဳးဗီဇခ်ိဳ့ယြင္းသြားရင္ေတာ့ ကုလို့ခက္ေပမဲ့ မ်ိဳးဗီဇထိခိုက္မွုမရွိေသးရင္ေတာ့ အေနအထိုင္အစားအေသာက္နဲ႔ ကုလို့ရပါတယ္.. Co-Q10 ရဲ့တစ္ေန႔တာလိုအပ္ခ်က္က ၃-၅ မီလီဂရမ္ေလာက္သာရွိတာမို့ ကုလို့လည္း လြယ္ကူပါတယ္..

အဓိကခ်ိဳ့ယြင္းေစတဲ့ အေၾကာင္းအရာေတြကေတာ့ -
● Co-Q10 ပါဝင္တဲ့အစားအစာေတြကို တာရွည္မစားျဖစ္ျခင္း
● အသက္အရြယ္ ႀကီးရင့္လာျခင္း
● ဖရီးရယ္ဒီကယ္ေတြ အထြက္မ်ားေနျခင္း (ဥပမာ ေနေရာင္ျခည္လြန္ကဲစြာထိေတြ႕ျခင္း၊ ေလ့က်င့္ခန္းအလြန္အကၽြံျပဳလုပ္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း)
● နာတာရွည္ေရာဂါမ်ားစြဲကပ္ေနျခင္း (ဥပမာ-ဆီးခ်ိဳေသြးခ်ိဳ၊ ေသြးတိုး၊ ကင္ဆာေရာဂါ)
● Co-Q10 ကိုပ်က္စီးေစေသာ ေဘးထြက္ဆိုးက်ိဳးရွိသည့္ေဆးဝါးမ်ား ေရရွည္စြဲေသာက္ရျခင္း
အစရွိတာေတြေၾကာင့္ Co-Q10 ခ်ိဳ့တဲ့လာတတ္ပါတယ္..။

ေဒါက္တာ ခင္ေမာင္လြင္ (FAME Pharmaceuticals) 

(Unicode)

Coenzyme Q10 ❓❓
===============


ကိုအင်ဇိုင်း ကျူ-၁၀ ဆိုတဲ့ ဝေါဟာရမှာ (၂) ပိုင်း ပါဝင်ပါတယ်.. ပထမပိုင်းအနေနဲ့ ကိုအင်ဇိုင်းဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်ဇိုင်းတွေကို အထောက်အကူပြုတဲ့ ဓာတ်ပစ္စည်း (Proenzyme) ကိုခေါ်တာပါ..

ဒုတိယပိုင်း ကျူ-၁၀ (Q10) ဆိုတာမှာ Q ဆိုတာ Quinone ကိုရည်ရွယ်တာဖြစ်ပြီး ကာဗွန်အက်တမ် ၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ မော်လီကျူးတစ်ခုဖြစ်ပါတယ်.. ဒီမော်လီကျူး ၁ဝခုကို ပေါင်းစပ်ထားလို့ Q10 လို့ခေါ်တာပါ.. အတိုကောက်အနေနဲ့ Co-Q10 လို့ခေါ်လေ့ရှိပါတယ်..

အဲ့ဒီ Co-Q10 တွေ ခန္ဓာကိုယ်တွင်းမှာ နေ့စဉ်ထုတ်လုပ်ပြီးအသုံးပြုလျက်ရှိပါတယ်.. ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသူတွေအနေနဲ့ Co-Q10 ဟာ ပုံမှန်ထုတ်လုပ်ပေးနိုင်တဲ့အတွက် သူရဲ့လုပ်ငန်းဆောင်တာတွေကို ပုံမှန်ထမ်းဆောင်ပေးနိုင်လို့ ဘာပြဿနာမှမရှိပါဘူး.. အပြင်ကနေ Co-Q10 ပါဝင်တဲ့ဆေးဝါးတွေလည်း သောက်စရာမလိုပါဘူး..။

Co-Q10 ဟာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးမှာ အဓိကလုပ်ငန်း (၂) ခု လုပ်ဆောင်ပါတယ်..

အဓိကအနေနဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ဆဲလ်လေးတွေမှာ စွမ်းအင် (Energy) အဖြစ် ATP ဆိုတဲ့ ဓာတ်ပစ္စည်းထုတ်လုပ်ရာမှာ အဓိကကူညီဆောင်ရွက်ပေးပါတယ်.. ဒါ့ကြောင့် စွမ်းအင်များများလိုတဲ့နေရာတွေမှာ Co-Q10 တွေများများရှိနေပါတယ် (ဥပမာ-နှလုံး၊ ကြွက်သား၊ အသည်း).. သူ ချို့တဲ့ရင် ဆဲလ်တွေတစ်သျှူးတွေဟာ စွမ်းအင်ကောင်းစွာမရလို့ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေချို့တဲ့လာပါတယ်.. ဥပမာ-နှလုံးမှာရှိတဲ့ကြွက်သားတွေ ကောင်းကောင်းညှစ်ဖို့ စွမ်းအင်လိုအပ်ပါတယ်.. အဲ့ဒီစွမ်းအင်ရဖို့ ATP ဆိုတာလိုပါတယ်..အဲ့ဒီ ATP ထုတ်ဖို့ Co-Q10 ဆိုတာလိုအပ်ပါတယ်.. ဒါ့ကြောင့် Co-Q10 ချို့တဲ့နေရင် နှလုံးရဲ့ညှစ်အားကျဆင်းသွားပါတယ်.. အလားတူပဲ ကျန်တဲ့ကြွက်သားတွေ အားနည်းတာ၊ မလှုပ်ရှားချင်တာဖြစ်တတ်ပါတယ်.. ဒါ့ကြောင့် Co-Q10 ဟာ ခန္ဓာကိုယ်တစ်ခုလုံး သန်စွမ်းဖို့ အထူးလိုအပ်ပါတယ်..

ဒုတိယအနေနဲ့ အင်တီအောက်ဆီဒင့်တာဝန်ကို ထမ်းဆောင်ပါတယ်.. Co-Q10 ဆိုတာ ခန္ဓာကိုယ်တွင်းကထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသောဆီမှာပျော်တဲ့ အင်ဒီအောက်ဆီဒင့် (Only one fat antioxidant) ဖြစ်ပါတယ်.. သူဟာ Free radical တွေကို အီလက်ထရွန်လွယ်ကူစွာပေးပြီး ဖျက်ဆီးပစ်လိုက်နိုင်တဲ့ သတ္တိရှိပါတယ်.. ဖရီးရယ်ဒီကယ်ဆိုတာ အီလက်ထရွန်တစ်လုံးလိုအပ်နေလို့ ကျန်တဲ့တစ်သျှူးတွေကိုဖျက်ဆီးပြီး အီလက်ထရွန်လိုက်လုနေတဲ့အတွက် တစ်သျှူးတွေပျက်စီးစေတဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ်.. အဲ့ဒီဖရီးရယ်ဒီကယ်တွေကို Co-Q10 က အီလက်ထရွန်ပေးလိုက်တဲ့အတွက် ဖရီးရယ်ဒီကယ်တွေဟာ ပုံမှန်မော်လီကျူးတွေပြန်ဖြစ်သွားလို့ ခန္ဓာကိုယ်တိုက်ခိုက်ခံရခြင်းကနေ လွတ်ထွက်သွားပါတယ်.. ဒါ့ကြောင့် ခန္ဓာကိုယ်မပျက်စီးဖို့၊ အသက်ရှည်ဖို့၊ နုပျိုဖို့ကနေစလို့ ကင်ဆာမဖြစ်အောင်ကာကွယ်ရေးအထိလုပ်ဆောင်ပေးတဲ့ တန်ဖိုးကြီးဓာတ်ပစ္စည်းတစ်ခုလို့ဆိုချင်ပါတယ်..

ဒါ့ကြောင့် ကျွန်တော်တို့နေ့စဉ်စားနေတဲ့အစားအစာတွေထဲမှာ Co-Q10 ပါဝင်တဲ့အစားအစာ ဒါမှမဟုတ်ခန္ဓာကိုယ်ထဲမှာ Co-Q10 တွေထုတ်လုပ်ပေးနိုင်မယ့်ကုန်ကြမ်းတွေပါဝင်နေဖို့ အလွန်အရေးကြီးပါတယ်..။

Co-Q10 ပါဝင်သည့်အစားအစာများ
=======================


အဓိကအနေနဲ့ အစာအုပ်စုကြီး (၂) ခုဖြစ်တဲ့ တိရစ္ဆာန်ကနေရတဲ့ အစားအစာအုပ်စု (Animal-based source) နဲ့ အပင်ကနေရတဲ့အစားအစာအုပ်စု (Plant-based source) နှစ်ခုလုံးကနေ ရနိုင်ပါတယ်..

(၁) တိရစ္ဆာန်ကနေရတဲ့ အစားအစာတွေထဲမှာတော့ အဆီပါတဲ့ငါးတွေနဲ့ အမဲသား၊ ဝက်သားတွေအားလုံးမှာ Co-Q10 များစွာပါဝင်ပါတယ်.. ကြက်သားမှာလည်း ပါဝင်ပါတယ်..
●  အမဲသား (Beef) ၃ အောင်စမှာ Co-Q10 2.6 mg
●  အဆီများတဲ့ငါး (Oily fish) ၃ အောင်စမှာ Co-Q10 2.3 mg
●  ကြက်သား (Chicken) ၃ အောင်စမှာ Co-Q10 1.4 mg
●  ငါးထဲမှာ Co-Q10 ပါဝင်မှုအများဆုံးကတော့ အဆီများတဲ့ငါးတွေဖြစ်ပါတယ်.. မြန်မာလူမျိုးတွေအကြိုက်ဖြစ်ပါတယ်..

(၂) အပင်ကရတဲ့ Source အနေနဲ့
● ဟင်းသီးဟင်းရွက်အုပ်စုမှာ (Vegetables) အများဆုံးပါတာက ဂေါ်ဖီပန်းပွင့်စိမ်း (Broccoli) ဖြစ်ပြီး ဒုတိယအနေနဲ့ ပန်းဂေါ်ဖီရိုးရိုး (Cauliflower) ဖြစ်ပါတယ်..
● သစ်သီး (Fruits) တွေထဲမှာ အများဆုံးက လိမ္မော်သီးနဲ့စတော်ဘယ်ရီသီးတို့ ဖြစ်ပါတယ်..
● အခွံမာတဲ့သစ်စေ့ (Nuts) အုပ်စုမှာ ဆီထုတ်လို့ရတဲ့အစေ့တွေအားလုံးမှာ ပါပါတယ်.. အဓိကအနေနဲ့ မြေပဲ၊ ပစ်စတာရှိုး (Pistachio)၊ နှမ်း၊ ပဲပိစပ်တို့ဖြစ်ပါတယ်..

အဲ့ဒီအစားအစာတွေပုံမှန်မယ်ဆိုရင် Co-Q10 ခန္ဓာကိုယ်မှာ လုံလောက်စွာရှိနေမှာဖြစ်ပြီး ကျန်းမာသန်စွမ်းတဲ့ဘဝကိုပိုင်ဆိုင်မှာဖြစ်ပါတယ်.. တကယ်လို့ အဲ့ဒီအစားအစာတွေကို မစားဖြစ်တာကြာလာခဲ့ရင် ခန္ဓာကိုယ်တွင်းမှာ Co-Q10 တွေချို့တဲ့လာပြီး သူချို့တဲ့လို့ဖြစ်လာရတဲ့ရောဂါတွေ ရရှိလာမှာဖြစ်ပါတယ်..။

Co-Q10 ပါဝင်တဲ့အစားအစာတွေ မစားရင် ဘယ်လိုမျိုးကျန်းမာရေးဆိုးကျိုးတွေ ဖြစ်နိုင်သလဲ❓❓

Co-Q10 ပါဝင်တဲ့အစားအစာတွေမစားတာကြာလာရင် ခန္ဓာကိုယ်မှာ Co-Q10 ချို့တဲ့မှုဆိုတာဖြစ်လာပါမယ်.. အဲ့ဒီလိုဖြစ်ရင် အဓိကအနေနဲ့ကျန်းမာရေးဆိုးကျိုး (၅) ခု ဖြစ်နိုင်ပါတယ်.. အဲ့ဒါတွေကတော့ -

(၁) ဦးနှောက်၊ အာရုံကြောနဲ့ ကြွက်သားတွေဆိုင်ရာချို့ယွင်းမှုတွေ (Encephalomyopathy)
(၂) အချို့ကြွက်သားများထိခိုက်ခြင်း (Isolated myopathy).. နှလုံးကြွက်သား၊ အရိုးကြွက်သားတွေ ထိခိုက်ပါတယ်..
(၃) ကလေးတွေမှာချို့တဲ့ရင် တစ်ကိုယ်လုံးထိခိုက်စေပါတယ် (Severe infantile multisystem disease)
(၄) ဦးနှောက်ငယ်ချို့ယွင်း၍ လမ်းလျှောက်ရာမှာထိခိုက်ခြင်း (Cerebellar ataxia)
(၅) ကျောက်ကပ်ပျက်စီးခြင်း (Steroid resistant Nephrotic syndrome) တွေဖြစ်ပါတယ်..

ဘယ်လိုလူမျိုးတွေမှာ Co-Q10 ချို့တဲ့တတ်သလဲ❓❓

Co-Q10 ချို့တဲ့မှုကို Primary နဲ့ Secondary ဆိုပြီး (၂) ခုခွဲထားပါတယ်.. Co-Q10 ကို ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်တဲ့အခါမှာ ပါဝင်လုပ်ဆောင်ပေးတဲ့ မျိုးဗီဇ (Gene) ပျက်စီးလို့ချို့တဲ့တာကို Primary deficiency လို့ခေါ်ပြီး မျိုးဗီဇနဲ့မပတ်သက်ရင်တော့ Secondary deficiency လို့ခေါ်ပါတယ်.. မျိုးဗီဇချို့ယွင်းသွားရင်တော့ ကုလို့ခက်ပေမဲ့ မျိုးဗီဇထိခိုက်မှုမရှိသေးရင်တော့ အနေအထိုင်အစားအသောက်နဲ့ ကုလို့ရပါတယ်.. Co-Q10 ရဲ့တစ်နေ့တာလိုအပ်ချက်က ၃-၅ မီလီဂရမ်လောက်သာရှိတာမို့ ကုလို့လည်း လွယ်ကူပါတယ်..

အဓိကချို့ယွင်းစေတဲ့ အကြောင်းအရာတွေကတော့ -
● Co-Q10 ပါဝင်တဲ့အစားအစာတွေကို တာရှည်မစားဖြစ်ခြင်း
● အသက်အရွယ် ကြီးရင့်လာခြင်း
● ဖရီးရယ်ဒီကယ်တွေ အထွက်များနေခြင်း (ဥပမာ နေရောင်ခြည်လွန်ကဲစွာထိတွေ့ခြင်း၊ လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း)
● နာတာရှည်ရောဂါများစွဲကပ်နေခြင်း (ဥပမာ-ဆီးချိုသွေးချို၊ သွေးတိုး၊ ကင်ဆာရောဂါ)
● Co-Q10 ကိုပျက်စီးစေသော ဘေးထွက်ဆိုးကျိုးရှိသည့်ဆေးဝါးများ ရေရှည်စွဲသောက်ရခြင်း
အစရှိတာတွေကြောင့် Co-Q10 ချို့တဲ့လာတတ်ပါတယ်..။

ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

No comments: