Sunday, May 17, 2020

Anapana, Samatha and Vipassana

အာနာပါန Anapana,
သမထ Samatha,
ဝိပႆနာ Vipassana
အေၾကာင္း သိေကာင္း စရာမ်ား စုံစုံလင္လင္
********************************


အာနာပါနက်င့္စဥ္ သည္ အလြန္ေရွးက်ေသာ တရားက်င့္စဥ္တစ္ခုျဖစ္သည္။

 သမထ Samatha (calm and concentration) ဟူသည္ အာ႐ုံေျခာက္ပါး၌ လြင့္ပါးေခ်ာက္ခ်ား၍ ေနေသာစိတ္ကို တစ္ခုတည္းေသာ အာ႐ုံ၌ သတိ(Right mindfulness) စြဲျမဲစြာ သက္ဝင္ ေစ၍ စူးစူးစိုက္စိုက္သမာဓိ(Right Concentration) တည္တည္တံ့တံ့ ရွုျခင္းသေဘာျဖစ္သည္။

 အာနာပါန သမထ သည္ ထြက္ေလ၀င္ေလ ကို အဖန္ဖန္ အထပ္ထပ္ ရွုရေသာ သတိပဌာန္ကို ေခၚပါသည္။ ထြက္ေလ ၀င္ေလကို သတိနဲ႔ ၀င္၊ သတိနဲ႔ထြက္ေစရမည္။

ထြက္ေလ ၀င္ေလကိုသာ မေမ့တဲ့ သတိေကာင္းေကာင္းနဲ႔ ထြက္တိုင္း ၀င္တိုင္း ထြက္ေလကို လိုက္သိေနပါ၊ ၀င္ေလကို လိုက္သိေနပါ၊ သတိအလုပ္ မေမ့ေစနဲ႔၊ မေမ့ရ ပါ၊

 အာနာပါန သည္ “ထြက္သက္ ၀င္သက္ “ ဟု အဓိပၸာယ္ရ၏၊ ထို့ေၾကာင့္ အာနာပါန႐ူမွတ္ပြားမ်ားနည္းဆိုသည္မွာ.. ထြက္သက္ ၀င္သက္(ထြက္ေလ၊ ၀င္ေလ) ကို သတိကပ္၍ ႐ူမွတ္ပြားမ်ားရေသာ နည္းျဖစ္သည္။

အာနာပါန ႐ူမွတ္သူသည္ ထြက္ေလ ၀င္ေလတိုးထိရာ ႏွာသီးဖ်ားကို သတိစိုက္၍ ထြက္လၽွင္ ထြက္ေလ၊ ၀င္လၽွင္ ၀င္ေလဟု အဖန္ဖန္ ႏွလုံးသြင္း႐ူမွတ္ရမည္။

ဤအေျခခံ ႐ူမွတ္သည့္အဆင့္တြင္ အသက္ကို ရွူသြင္း ရွူထုတ္တိုင္း ရွူသြင္း ရွူထုတ္မွန္းသိေအာင္ သတိထားရမည္၊ ထို့ျပင္ ထြက္ေလ ၀င္ေလကို ႏွာသီးဖ်ားတြင္ သတိကပ္႐ူမွတ္ရမည္။

ထြက္ေလ ၀င္ေလေနာက္သို့ စိတ္ကလိုက္ပါၿပီး မရွူမွတ္ရ၊ ႏွာသီးဖ်ား၌ သတိကပ္ထားၿပီး ၀င္တိုင္း ထြက္တိုင္း သိသိေနရပါမည္၊ ထြက္ေလ ၀င္ေလ ႏွာသီးဖ်ား၌ တိုးေန ထိေနသည္ကို သိရမည္၊ သတိေကာင္းေလ ပို၍ ထင္ရွားလာေလ ျဖစ္လိမ့္မည္။

ႏွာသီးဖ်ား၌ စိတ္စိုက္ထားၿပီး ထြက္ေလ ၀င္ေလ ကို ထြက္လၽွင္ ထြက္မွန္းသိ၊ ၀င္လၽွင္ ၀င္မွန္းသိေနေအာင္ ႐ူမွတ္ရမည္။ အခ်ဳပ္အားျဖင့္ ဤအေျခခံ႐ူမွတ္ျခင္းသည္ သတိကို ဦးစားေပးထူေထာင္ျခင္းပင္ျဖစ္သည္။

အာနာပါန႐ူမွတ္ျခင္း၏ အက်ိဳးမ်ား
အာနာပါနကို ႐ူမွတ္ပြားမ်ားသူသည္ -

(၁) စိတ္ၿငိမ္သက္ ေအးခ်မ္းျခင္း၊

(၂) မွန္ကန္စြာ ေတြးေခၚႀကံစည္နိုင္ျခင္း၊

(၃) ကိုယ္စိတ္ခ်မ္းသာစြာ ေနရျခင္း၊

(၄) စတုကၠနည္းအရ ႐ူပါ၀စရစ်ာန္ ၄-ပါးကို ရနိုင္ျခင္း၊

(၅) သတိပ႒ာန္(၄)ပါး၊ ေဗာဇၥ်င္ (၇)ပါးတို့ႏွင့္ ျပည့္စုံျခင္း၊

(၆) ဘ၀၏ေနာက္ဆုံး ထြက္သက္ ၀င္သက္ကို သိျခင္း၊

(၇) မိမိ၏ အသက္အပိုင္းအျခားကို သိျခင္း၊

(၈) မဂ္ဖိုလ္၏ အေျခခံကိုရရွိျခင္း၊
အစရွိေသာ အက်ိဳးတရားမ်ားကို မ်က္ေမွာက္ဘ၀၌ပင္ ခံစားရရွိမည္ျဖစ္သည္။

ဝိပႆ    နာ အလုပ္သည္ မဂ္ခ်မ္းသာ၊ ဖိုလ္ခ်မ္းသာေတြရရွိေစပါသည္။ နိဗၺာန္ခ်မ္းသာကိုရေစ ပါသည္။ ကိေလသာမ်ားစင္ၾကယ္ၿပီး ေနာက္ဆုံး နိဗၺာန္ထိတက္လွမ္းနိုင္ပါသည္။

ဒါန- သီလ- သမထ ကုသိုလ္မ်ား က အေထာက္အပံ့ေပးနိုင္႐ုံသာ ေပးနိုင္ပါသည္။ နိဗၺာန္ကိုတိုက္ရိုက္မေရာက္နိုင္ပါ။ နိဗၺာန္သြားရာလမ္း ေၾကာင္းမွာလည္း ဒါန သီလ သမထ ကုသိုလ္မ်ားရွိရပါသည္။

ဒါန- သီလ- သမထ သည္ နိဗၺာန္ကိုတိုက္ရိုက္ မေရာက္နိုင္ပါ။ နိဗၺာန္ေရာက္ေအာင္ ရေအာင္ အေထာက္အပံ့ေလာက္ေတာ့ေပးနိုင္ပါသည္။ နိဗၺာန္ကို မ်က္ေမွာက္ျပဳေစနိုင္ေသာ ကုသိုလ္သည္ ဝိပႆ     နာ ကုသိုလ္ပင္ျဖစ္ပါသည္။

ေလာဘ၊ ေဒါသ ၊ ေမာဟ စတဲ့ ကိေလသာေတြစင္ၾကယ္ေစပါသည္။ ဝိပႆ     နာ အလုပ္သည္ စိတ္ဆင္းရဲမွုမ်ားမွ လြန္ေျမာက္ေစျခင္း။ ကိုယ္ဆင္းရဲမွုမ်ားမွ လြန္ေျမာက္ေစျခင္း။ မဂ္ဥာဏ္ဖိုလ္ဥာဏ္မ်ားကိုရရွိေစျခင္း။

နိဗၺာန္ကို မ်က္ေမွာက္ျပဳနိုင္ျခင္း။ ကိေလသာစင္ေစျခင္း။ အက်ိဳးတရား မ်ား ရနိုင္ပါသည္။ သမထ ႏွင့္ ဝိပႆ      နာ သည္ Two-In-One အစုံလိုက္ ထူေထာင္ရေသာ တရားႏွစ္ပါးျဖစ္သည္။

ဝိပႆ    နာ Vipassana ဆိုသည္မွာ အရွိကိုအရွိအတိုင္း မွန္ကန္စြာသိျမင္ျခင္း၊ အထူးရွုမွတ္ျခင္း ဟု အဓိပၸါယ္ရရွိသည္။

 တရားရွုမွတ္ျခင္းသည္ အရာအားလုံးကို ထိန္းခ်ဳပ္ေလ့က်င့္မွု တစ္ရပ္ျဖစ္ၿပီး ရွုမွတ္ျခင္းျဖင့္ ေလ့က်င့္သူသည္ “သိစိတ္ပ်ံ႕လြင့္စိတ္” ကို ေက်ာ္လြန္ၿပီး စိတ္အနားေပးျခင္း (သို့မဟုတ္ ) အထူးရွုမွတ္ျခင္း  (သို့မဟုတ္ ) သိမွတ္ေနျခင္း၏ အနက္ရွိုင္းဆုံးေသာအဆင့္ သို့ ေရာက္ရွိရန္ ႀကိဳးပမ္း အားထုတ္ျခင္းျဖစ္သည္။

ကမၻာေပၚတြင္ ဗုဒၶဘာသာ သည္ (ခရစ္ေတာ္မေပၚမီ ဘီစီ ၅၈၈) လြန္ခဲ့ေသာႏွစ္ေပါင္း၂၆၀၂  ေက်ာ္ မဟာသကၠရာဇ္(၁၀၃) ခု ကဆုန္လျပည့္ ဗုဒၶဟူးေန႔တြင္ စတင္ ပြင့္ထြန္း ေပၚေပါက္ခဲ့ပါသည္။

 မဟာသကၠရာဇ္ (၁၀၃) ခု ဝါဆို လျပည့္ စေနေန႔ ဘီစီ(၅၈၈) မွာ ဓမၼရတနာ စတင္ခဲ့သည္။ မဟာသကၠရာဇ္ (၁၀၃)ခု ဝါဆိုလျပည့္ေက်ာ္ ၂ ရက္ ဘီစီ (၅၈၈) တြင္ သံဃာရတနာ စတင္ေပၚေပါက္ခဲ့ပါသည္။

ေဂါတမဗုဒၶျမတ္စြာဘုရားသည္ ကမၻာေပၚတြင္ ဝိပႆ      နာ ႏွင့္ ဝိပႆ      နာက်င့္စဥ္ကို ဘီစီ (၅၈၈) လြန္ခဲ့ေသာ ႏွစ္ေပါင္း၂၆၀၂ -ေက်ာ္တြင္ပထမဆုံးေသာ စတင္ေတြ႕ရွိက်င့္ႀကံအားထုတ္ခဲ့သူျဖစ္သည္။

 ဗုဒၶျမတ္စြာဘုရားသည္ ဘုရားအျဖစ္ႏွင့္ (၄၅) ႏွစ္ေနၿပီး မဟာသကၠရာဇ္ ၁၄၈ ခု ကဆုန္လျပည့္ ေန႔ ဘီစီ ၅၄၃ မွာ ပရိနိဗၺာန္ စံလြန္ေတာ္မူသည္။ ဗုဒၶအျဖစ္ (ဘီစီ ၅၈၈ - ဘီစီ ၅၄၃ ) ၄၅ ႏွစ္အတြင္း တာဝန္ႀကီး ၂ ရပ္ကို တစ္ေန႔လၽွင္ ၂၂ နာရီ မိနစ္ ၂၀ ခန္႔မၽွ ေနမအား ညမနား လူသား, သတၱဝါတို့၏ ေကာင္းက်ိဳးကို ေမၽွာ္ကိုး၍ ထမ္းေဆာင္ေတာ္မူခဲ့သည္။

သမထ Samatha ႏွင့္ ဝိပႆ      နာ Vipassana တရားရွုမွတ္က်င့္ ႀကံအားထုတ္ျခင္းသည္ ထင္ရွားသည္။ သမထ Samatha ႏွင့္ ဝိပႆ     နာ Vipassana ႏွစ္မ်ိဳးစလုံးသည္ ဉာဏ္အလင္းရရွိရန္အတြက္လိုအပ္သည္။

သမထ တြင္အမွတ္တစ္ခုတည္းအာ႐ုံစိုက္ၾကည့္ျခင္း စိတ္တည္ၿငိမ္မွုစြမ္းရည္ကိုတိုး တက္ျဖစ္ထြန္းေအာင္ေလ့က်င့္အားထုတ္ျခင္းျဖစ္ၿပီး၊ ဝိပႆ     နာ သည္ ပကတိသဘာဝအမွန္မ်ားကိုရွုျမင္ျခင္းအားျဖင့္ ထိုးထြင္းသိျမင္ျခင္းႏွင့္ ပညာတို့ တိုးတက္ ဖြံ့ၿဖိဳး လာေစရန္ျဖစ္သည္။ (Vipassana in the Buddhism means insight into the true nature of reality, namely as the Three marks of existence: impermanence, suffering or unsatisfactoriness, and the realisation of non-self)
 
ဝိပႆနာ အက်ိဳးႀကီးမားပုံ …

ျမတ္ဗုဒၶရွင္ေတာ္ဘုရားသည္ သာဝတၳိျပည္မြန္ ေဇတဝန္ေက်ာင္းေတာ္၌ သီတင္းသုံးေတာ္မူေနစဥ္အခါ၌ ေက်ာင္းဒါယကာႀကီး အနာထပိဏ္ သူေဌးအား အလွူဒါနႏွင့္ ပတ္သက္၍ ေဝလာမသုတ္ တရားေတာ္ကို မိန္.ေတာ္မူသည္။

၁။ ေဝလာမသုတ္တရားေတာ္ အက်ဥ္းခ်ဳပ္ကား …

 ေရွးအခါက ေဝလာမ အမည္ရွိ ပုဏၰားသူေဌးႀကီးသည္ မဟာဒါနအလွူတ္ာကို ေပးလွူ၏။ ယင္းအလွူ၌ ေငြဒဂၤါး အျပည့္ပါေသာ ေရႊခြက္ႀကီး ရွစ္ေသာင္းေလးေထာင္၊ ေရႊဒဂၤါး အျပည့္ပါေသာ ေငြခြက္ႀကီးေပါင္း ရွစ္ေသာင္းေလးေထာင္ စသည္ျဖင့္ ရွစ္ေသာင္းေလးေထာင္ေပါင္း မ်ားစြာေသာ ရတနာ ခုႏွစ္ပါး ဆင္ျမင္းကၽြဲႏြား၊ အဝတ္အထည္ အသုံးအေဆာင္ ပစၥည္းအစုံေပါင္း မ်ားစြာကို ေပးလွူသည္။

အလွူေတာ္ႀကီးသည္ကား ျမစ္ေရအလ်င္ႀကီး တရေဟာစီးသကဲ့သို. အႀကီးအက်ယ္လွူျခင္း ျဖစ္ေပသည္။

၂။ သာသနာပ အခါ၌ ဤမၽွႀကီးက်ယ္ေသာ ေဝလာမပုဏၰား၏ မဟာအလွူေတာ္ႀကီးသည္ သာသနာေတာ္တြင္း၌ အယူသီလႏွင့္ျပည့္စုံေသာ ဗုဒၶဘာသာဝင္ လူဝတ္ေၾကာင္တစ္ေယာက္အား ထမင္းတစ္ထပ္ ေပးလွူ ရသေလာက္ အက်ိဳးမႀကီးေခ်။ ဗုဒၶဘာသာဝင္ လူဝတ္ေၾကာင္ တစ္ေယာက္အား ထမင္းတစ္ထပ္ ေပးလွူ ရသည္က အက်ိဳးပို၍ ႀကီးမားသည္။

၃။ ဗုဒၶဘာသာဝင္ လူဝတ္ေၾကာင္တစ္ရာကို ေကၽြးေမြးေပးလွူ ရသည္ထက္ ေသာတာပန္တစ္ေယာက္အား ေပးလွူ ရသည္က အက်ိဳးပို၍ ႀကီးမားသည္။

၄။ ေသာတာပန္တစ္ရာကို ေပးလွူ ရသည္ထက္ သကဒါဂါမ္ တစ္ေယာက္အား ေပးလွူ ရသည္က အက်ိဳးပို၍ ႀကီးမားသည္။

၅။ သကဒါဂါမ္တစ္ရာကို ေပးလွူ ရသည္ထက္ အနာဂါမ္ တစ္ေယာက္ကို ေပးလွူ ရသည္က ပို၍ အက်ိဳး ႀကီးမားသည္။

၆။ အနာဂါမ္တစ္ရာကို ေပးလွူ ရသည္ထက္ ရဟ ႏၲာတစ္ပါးကို ေပးလွူ ရသည္က ပို၍ အက်ိဳးႀကီးမားသည္။

၇။ ရဟ ႏၲာတစ္ရာကို ေပးလွူ ရသည္ထက္ ပေစၥကဗုဒၶါတစ္ပါးကို ေပးလွူ ရသည္က ပို၍ အက်ိဳးႀကီးမားသည္။

၈။ ပေစၥကဗုဒၶါတစ္ရာကို ေပးလွူ ရသည္ထက္ သဗၺညဳဘုရားတစ္ဆူကို ေပးလွူရသည္က ပို၍ အက်ိဳးႀကီးမားသည္။

၉။ ဘုရားရွင္အားေပးလွူ ရသည္ထက္ သံဃိကေက်ာင္းတစ္ေဆာင္ ေဆာက္လုပ္လွူဒါန္းရသည္က ပို၍ အက်ိဳးႀကီးမားသည္။

၁၀။ ထို.ထက္ မိမိကိုယ္တိုင္ သရဏဂုံ ေဆာက္တည္ျခင္းက ပို၍အက်ိဳးႀကီး၏။

၁၁။ ထို.ထက္ မိမိကိုယ္တိုင္ ငါးပါးသီလေစာင့္ထိန္းျခင္းက ပို၍ အက်ိဳးႀကီးမား၏။

၁၂။ ထို.ထက္ ေမတၱာဘာဝနာကို နံ.သာတစ္ခါရွူမၽွ ပြားျခင္းက ပို၍ အက်ိဳးႀကီး၏။

၁၃။ ထို.ထက္ အနိစၥဝိပႆနာ ဘာဝနာကို နို.တစ္ညႇစ္မၽွ ပြားျခင္းက ပို၍ အက်ိဳးႀကီးမား၏။
 …ဟူ၍ ေဟာၾကားေတာ္မူေပသည္။

ယင္းတရားအားလုံးကို ျခဳံ၍ သုံးသပ္လိုက္ေသာအခါ …

(၁) မွ(၉) အထိသည္ … ဒါန ကုသိုလ္တရားမ်ိဳး ျဖစ္သည္၊

(၂) မွ(၁၁) အထိသည္… သီလ ကုသိုလ္တရားမ်ိဳး ျဖစ္သည္၊

(၁၂) မွာ သမထဘာဝနာ ကုသိုလ္မ်ိဳး ျဖစ္၍ (၁၃) မွာ ဝိပႆနာ ဘာဝနာ ကုသိုလ္မ်ိဳးျဖစ္သည္။

သို.ျဖစ္၍ ျမတ္စြာဘုရားသည္ ဤေဝလာမသုတ္ေတာ္ျဖင့္ …. ဒါနကုသိုလ္ထက္ သီလကုသိုလ္မ်ိဳးက ျမတ္သည္၊

 သီလကုသိုလ္မ်ိဳးထက္ သမထ-ဘာဝနာ ကုသိုလ္မ်ိဳးက ျမတ္သည္၊ သမထ ဘာဝနာကုသိုလ္မ်ိဳးထက္ ဝိပႆနာဘာဝနာ ကုသိုလ္မ်ိဳးက ျမတ္သည္ ဟူ၍ ခြဲျခားသတ္မွတ္ေတာ္ မူေၾကာင္းကို သိရွိရေပသည္။

 ဤသည္ကို သိရွိျခင္းျဖင့္ ဝိပႆ နာ ဘာဝနာသည္ မည္မၽွ အက်ိဳးေက်းဇူးႀကီးမားသည္ကို ႏွိုင္းယွဥ္ သိရွိနိုင္မည္ ျဖစ္ပါသည္။

(ေက်ာ္နႏၵေအာင္ ၏ ေက်းဇူးေတာ္ရွင္ ဆရာေတာ္ႀကီးမ်ား၏ ဝိပႆ     နာရွုနည္းမ်ား ပထမတြဲမွ ေကာက္ႏုတ္ေဖာ္ျပပါသည္။)

အာနာပါန Anapanasati သည္ သမထက်င့္စဥ္ ၏  အစ တာထြက္ဟု ေျပာနိုင္ေသာ္လည္း အဆင့္အမ်ိဳး မ်ိဳးကိုျဖတ္သန္းသြားၿပီး ေနာက္ဆုံးတြင္ ဝိပႆ     နာက်င့္စဥ္သို့ ေရာက္ ရွိအဆုံးသတ္သြားသည္။

ေဂါတမဗုဒၶျမတ္စြာဘုရားသည္ ကမၻာေပၚတြင္ ဝိပႆ     နာ က်င့္စဥ္ကို ဘီစီ ၅၈၈ လြန္ခဲ့ေသာ ႏွစ္ေပါင္း၂၆၀၂ -ေက်ာ္တြင္ပထမဆုံးေသာ စတင္ေတြ႕ရွိက်င့္ႀကံအားထုတ္ခဲ့သူျဖစ္သည္။ မိမိ၏ခႏၶာကိုယ္ကို မိမိကိုယ္တိုင္ရွုမွတ္ျခင္းျဖင့္ မိမိ၏ မတင့္တယ္ေသာ စိတ္တို့ကို ျဖဴစင္ေစေသာ က်င့္စဥ္ျဖစ္သည္ ။

မိမိ၏ ခႏၶာကိုယ္ကို မိမိကိုယ္တိုင္ရွုမွတ္ျခင္းျဖင့္ မိမိ၏ မတင့္တယ္ေသာ စိတ္တို့ကို ျဖဴစင္ေစေသာ က်င့္စဥ္ျဖစ္သည္ ။ ျပန္႔လြင့္ေနေသာစိတ္ကို စုစည္းနိုင္ရန္အတြက္ ပုံမွန္အတိုင္း အသက္ရွုမွုကို အာ႐ုံစူးစိုက္ၿပီး စတင္ရွုမွတ္ေလ့က်င့္မွု ျပဳလုပ္ၾကရသည္။

စိတ္သည္ တည္ၾကည္စူးရွမွုရွိၿပီး ခႏၶာကိုယ္ကို အာ႐ုံစူးစိုက္၍ ရွုမွတ္ျခင္းျဖင့္ ႐ုပ္သည္လည္းေကာင္း၊ စိတ္သည္လည္းေကာင္း၊ ခဏမစဲ မရပ္မနား ေျပာင္းလဲေနၾကေသာတရား၊ စၾကာဝ႒ဌာတစ္ခုလုံး၏ သဘာဝဓမၼ အမွန္တရားကို ေတြ႕ရွိလာေသာအခါ မျမဲျခင္း သဘာဝ ( အနိစၥ impermanent (anicca)၊ ဆင္းရဲျခင္း( ဒုကၡ suffering (dukkha) ႏွင့္ အစိုး မရေသာ( အနတၱ Egolessness /not-self (anatta) သေဘာ သဘာဝ အမွန္တို့ကို သိရွိၾကသည္။

ဤကဲ့သို့ အမွန္တရား ဓမၼလကၡဏာကို ကိုယ္တိုင္ကိုၾက တိုက္ရိုက္သိလာေသာအခါ စိတ္အတြင္း၌ မတင့္တယ္ မစင္ၾကယ္မွုမ်ားမွ လြတ္ေျမာက္၍ စိတ္ကို ျဖဴစင္မွု ျဖစ္ေစေသာ တရားက်င့္စဥ္ျဖစ္သည္။

ဝိပႆ    နာက်င့္စဥ္၏ ရည္မွန္းခ်က္သည္ စိတ္၏ အထြဋ္အထိပ္သို့ေရာက္ၿပီး၊ သံသရာဝဋ္ဆင္းရဲဒုကၡအေပါင္းမွ လြတ္ေျမာက္ျခင္း၊ ပညာ-ဉာဏ္စဥ္အဆုံးတိုင္ ေပါက္ေရာက္ေစရန္ ျဖစ္ေပသည္။

ဉာဏ္စဥ္ ၁၆ ပါး ရွိသည္။ ႀကိဳးစားၿပီး ဆက္လက္က်င့္ႀကံအားထုတ္ပါလၽွင္ အားထုတ္သူ၏ ေန႔စဥ္ဆင္းရဲ ပင္ပန္းမွုမ်ားမွ သက္သာေစၿပီး ယခင္အက်င့္ေဟာင္းပုံစံမ်ား၏ တည္ၿငိမ္မွုမရွိေသာ တုန္႔ျပန္မွုမ်ားတို့ျဖင့္ ႏွစ္သက္သာယာဖြယ္၊ မႏွစ္သက္သာယာဖြယ္ ကိစၥမ်ား ၾကဳံရေသာအခါ စိတ္ထဲတြင္ ထုံးဖြဲ႕ခ်ည္ေႏွာင္မွု၊ ဆင္းရဲမွု အစိုင္အခဲမ်ားစြာ ျဖစ္ေပၚျခင္းတို့မွ ေျဖေလ်ာ့ၿပီးလၽွင္ ခ်မ္းသာမွုမ်ား ျဖစ္လာပါလိမ့္မည္။

ဝိပႆ    နာက်င့္စဥ္ သည္ ဗုဒၶျမတ္စြာက သင္ၾကားေပးခဲ့သည္ မွန္ေသာ္လည္း၊ ဗုဒၶဘာသာဝင္မ်ား အတြက္သာ မဟုတ္ပဲ လူအားလုံးႏွင့္ သက္ဆိုင္ေသာက်င့္စဥ္ ျဖစ္သည္။ စၾကာဝဌာ ရွိ အားလုံးေသာလူတို့အတြက္ ဝဋ္ဆင္းရဲမွ လြတ္ေျမာက္ေစေသာ နည္းလမ္း သာျဖစ္သည္။

ေဝဘူဆရာေတာ္ဘုရားႀကီး က “သီလ ေဆာက္တည္ၿပီးလၽွင္  ျပည့္စုံေအာင္ ျဖည့္ၾက၊ ျဖည့္လို့ ျပည့္စုံၿပီ ဆိုလၽွင္ မိမိစိတ္အလို ေတာင့္တတဲ့အတိုင္း ၿပီးမယ္၊ ယခုလည္း ခ်မ္းသာမယ္၊ ေနာင္လည္း ခ်မ္းသာမယ္။

ပစၥဳပၸန္ ခ်မ္းသာ၊ သံသရာ ခ်မ္းသာ ၂-ျဖာကို ေပးစြမ္းနိုင္တာဟာ ဘုရားရွင္ အဆုံးအမေတာ္က လြဲလို့ တျခားမရွိဘူး။ ဘုရားရွင္ အဆုံးအမဆိုတာ ပိဋက ၃-ပုံပဲ၊ ပိဋက ၃-ပုံ ဆိုတာ အလြန္ က်ယ္ဝန္းတယ္။

ပိဋက ၃-ပုံကို အဆီ ထုတ္ပါလၽွင္ “ေဗာဓိပကၡိယ ၃၇-ပါး” ရတယ္၊ ေဗာဓိပကၡယ တရား ၃၇-ပါးကို အဆီ ထုတ္လၽွင္ “မဂၢင္ရွစ္ပါး” ရတယ္။ မဂၢင္ ရွစ္ပါးကို အဆီထုတ္လၽွင္ “သိကၡာ သုံးပါး” ရတယ္။

 သိကၡာ သုံးပါးဆိုတာ အဓိသီလ၊ အဓိစိတၱ၊ အဓိပညာ ပါပဲ။သိကၡာသုံးပါးကို အဆီထုတ္လၽွင္ “ဧေကာ ဓေမၼာ” တစ္ခု ရတယ္။ ႐ုပ္ေပၚ နာမ္ေပၚမွာ ေနၿပီး ယခုလို ေဆာင္ထားေတာ့ (ရွုမွတ္ေနေတာ့) ကာယကံ ေသာင္းက်န္းမွု၊ ဝစီကံ ေသာင္းက်န္းမွု မရွိဘူး။

 ဒါ “အဓိသီလ” လို့ ေခၚတယ္။ အဓိသီလ အားေကာင္းလၽွင္ စိတ္ေတြ ေသာင္းက်န္းမွု မရွိဘဲ ၿငိမ္ဝပ္ ပိျပားၿပီး တည္ေနေတာ့တယ္။ အဲဒါ “အဓိစိတၱ” လို့ ေခၚတယ္။ အဓိစိတၱ (သမာဓိ) အားေကာင္းလို့ အခ်ိန္ၾကာလၽွင္ ဘယ္လူ၊ ဘယ္နတ္၊ ဘယ္ျဗဟၼာမွ ဖန္တီးလို့ မျဖစ္ဘူး၊

 လၽွပ္တစ္ျပတ္အတြင္း ကုေဋတစ္သိန္း ျဖစ္ၿပီး ပ်က္ေနတယ္။ ႐ုပ္ကို နာမ္က သိေနလၽွင္ ျဖစ္ပ်က္ကို သိေတာ့တာပဲ၊ ျဖစ္ပ်က္ကို သိတာ “အဓိပညာ” လို့ ေခၚတယ္။

အမ်ားနားလည္ေအာင္ ေျပာရမယ္ဆိုလၽွင္ ခႏၶာကိုယ္မွာ ထင္ရွားတဲ့ အစိတ္အပိုင္း တစ္ခု ျဖစ္တဲ့ ႏွာဖ်ား ႏွာဝတြင္ ထြက္ေလ ဝင္ေလ ႏွစ္ရပ္ဟာ အျမဲ တိုက္ဝင္၊ တိုက္ထြက္ ေနတယ္။

 ႏွာဖ်ား ႏွာဝ မွာ ကာယပသာဒ အၾကည္က အထိခံ၊ ထြက္ေလ ဝင္ေလျဖစ္တဲ့ ေလႏွစ္ရပ္ ဝါေယာ ေဖာ႒ဗၺက ထိတယ္၊ ထိုအထိခံနဲ႔ ထိတာက ႐ုပ္၊ သိတာက နာမ္ ဆိုေတာ့ ဒကာႀကီး၊ ဒကာမႀကီးတို့ သူမ်ား ေမးမေနနဲ႔၊ ကိုယ့္ႏွာဝကို ဉာဏ္နဲ႔ ေစာင့္ၾကည့္၊ ဝင္ေတာ့ ထိဝင္မယ္၊ ထြက္ေတာ့လည္း ထိထြက္မယ္။

ထိတာကို သိလၽွင္ သိေနလၽွင္ ေလာဘ၊ ေဒါသ၊ ေမာဟ ျဖစ္ခြင့္ မရလို့ ေလာဘမီး၊ ေဒါသမီး၊ ေမာဟမီး ၿငိမ္းတယ္၊ ၿငိမ္းေတာ့ ေအးတယ္။ မထိခင္ကလည္း သိလို့ မျဖစ္ဘူး၊ ထိၿပီး ျပန္ေတာ့လည္း သိလို့ မျဖစ္ဘူး၊ ထိတုန္းကိုသာ သိျဖစ္တယ္၊ အဲဒါကို “ပစၥဳပၸန္ တည့္တည့္” လို့ ဆိုတယ္။

အဲသလို တစ္ထိတည္း(ထဲ) ထိေနတာကို တစ္ဆက္တည္း(ထဲ) သိေနေအာင္ ေဆာင္ၾကဗ်။ တစ္ရက္ ၂၄-နာရီ တစ္စပ္ေလာက္ ရလၽွင္ အလြန္ သိသာပါတယ္။ အဲသလို ထိတာကို မသိမွတ္ နိုင္ရင္ လၽွပ္တစ္ျပတ္ အတြင္းတြင္ပဲ ကုေဋတစ္သိန္း ေႂကြးတင္ သြားေရာဗ်။ ထိတာကို သိေနလၽွင္ “႐ုပ္ႏွင့္ နာမ္သာ ရွိပါကလား” လို့ သိလိမ့္မယ္။

႐ုပ္နာမ္ မွ တစ္ပါး ငါ၊ သူတစ္ပါး၊ ေယာက်ာ္း၊ မိန္းမ မရွိဘူးဆိုတာ “ဘုရားရွင္၏ တရားေတာ္ အမွန္ပါလား” လို့ ကိုယ့္ဟာကိုယ္ သိလိမ့္မယ္။ သူမ်ားကို ေမးေနဖို့ မလိုပါဘူး၊ ႏွာဝမွာ ေလထိတာကို သိေနလၽွင္ ထိုအခ်ိန္မွာ အတၱဆိုတဲ့ ကိုယ္မရွိဘူး။

ထို သိေနတဲ့ အခ်ိန္မွာ ဉာဏ္အျမင္ စင္ၾကယ္တယ္၊ သမၼာဒိ႒ိ ျဖစ္တယ္။ ထိတာကို သိေနတဲ့ အခ်ိန္မွာ “႐ုပ္ နာမ္ မွတစ္ပါး ဘာမၽွ မရွိပါကလား” လို့ သိတာကို နာမ္႐ုပ္ ပိုင္းျခားၿပီး သိလို့ “နာမ႐ူပ ပရိေစၧဒဉာဏ္” လို့ ေခၚတယ္။ တစ္ထိတည္း(ထဲ) ထိ၊ တစ္သိတည္း(ထဲ) သိေနလၽွင္ အတၱစင္၍ ဉာဏ္အျမင္ စင္ၾကယ္တဲ့ အက်ိဳးရတယ္၊

ဒါဟာ တဒဂၤပဟာန္ ခဏ အခ်ိန္ေလးမွာ ရတဲ့ အက်ိဳး၊ နည္းတယ္လို့ မမွတ္ၾကနဲ႔။ “ကမၼ႒ာန္း ထိုင္ရတာမ်ား ဘာမွလည္း မေတြ႕ေပါင္၊ ဘာမွလည္း မရေပါင္” လို့မ်ား မမွတ္လိုက္ၾက ပါနဲ႔။ ဘုရား သာသနာနဲ႔ ၾကဳံႀကိဳက္တဲ့ အခါမွာ ဒီလို အက်ိဳးထူးမ်ား ရနိုင္တယ္။

စားဖို့ ေသာက္ဖို့ အသာထားၿပီး အထူး ႀကိဳးစားၾက…
သီလ ကို ျပည့္စုံေအာင္ေစတိယဂၤဏဝတ္၊ ေဗာဓိယဂၤဏဝတ္၊ ဆရာသမား မိဘဝတ္၊ သားမယားဝတ္ ဒါေတြ လုပ္ရတာက စရဏ ကုသိုလ္ သီလဘက္ကဗ်။ ဒါေတြ လုပ္ရင္းနဲ႔ ေဆာင္လို့၊ ရွုမွတ္လို့ေကာ မရဘူးလား။

ဒီဝတ္ေတြ မျဖည့္ဘဲနဲ႔ သီလ ျပည့္စုံပါ့မလား၊ သီလ မျပည့္စုံရင္ လိုလား ေတာင့္တတဲ့ ခ်မ္းသာေကာ ရပါ့မလားဗ်ာ။ ခ်မ္းသာမွု မရွိရင္ သမာဓိ မရဘူး၊ သမာဓိ မရေတာ့ ပညာလည္း မရနိုင္ဘူးဗ်”…. လို့ ေဟာၾကားေတာ္မူသည္ ။

ဉာဏၥဉ္ ၁၆ ပါး (The Sixteen Stages of Insight)

 (၁) နာမ ႐ူပ ပရိေစၧဒဉာဏ္ (ခြဲျခား) -ဘုံသုံးပါး၌ ႐ုပ္နာမ္ႏွစ္ပါးကို ပိုင္းျခား၍ သိေသာဉာဏ္၊ Namarupa Pariccheda Nana (Knowledge to distinguish mental and physical states)

(၂) ပစၥယ ပရိဂၢဟဉာဏ္ (သိမ္းဆည္း)-႐ုပ္နာမ္ႏွစ္ပါး၏ ျဖစ္ေၾကာင္းတရားကို သိမ္းဆည္းေသာဉာဏ္၊ Paccaya Pariggaha Nana (Knowledge of the cause-and-effect relationship between mental and physical states)

(၃) သမၼသနဉာဏ္ (လကၡဏာ) ျဖစ္ပ်က္ျမင္သုံးသပ္၍ရွု- ခႏၶာငါးပါး ႐ုပ္နာမ္ႏွစ္ပါးအား အနိစၥ၊ ဒုကၡ၊ အနတၱ လကၡဏာ သုံးပါးျဖင့္ သုံးသပ္၍ရွုေသာဉာဏ္။ Sammasana Nana (Knowledge of mental and physical processes as impermanent, unsatisfactory and non self)

(၄) ဥဒယဗၺယဉာဏ္ (ျဖစ္ပ်က္) ႐ုပ္နာမ္ႏွစ္ပါး ခႏၶာငါးပါးတို့၏ ျဖစ္ျခင္းပ်က္ျခင္းကိုအဖန္တလဲလဲရွုေသာဉာဏ္။ Udayabbaya Nana (Knowledge of arising and passing away)

(၅) ဘဂၤဉာဏ္ (ပ်က္) ခႏၶာငါးပါး ႐ုပ္နာမ္ႏွစ္ပါးတို့၏ ပ်က္ျခင္းကိုသာ အဖန္တလဲလဲ ရွုေသာဉာဏ္။ Bhanga Nana (Knowledge of the dissolution of formations)

(၆) ဘယ ဉာဏ္ (ေၾကာက္) ခႏၶာငါးပါး႐ုပ္နာမ္ႏွစ္ပါးကို ေၾကာက္မက္ဖြယ္ေဘးႀကီးဟု အဖန္တလဲလဲ ရွုေသာဉာဏ္။ Bhaya Nana (Knowledge of the fearful nature of mental and physical states)

(၇) အာဒီနဝဉာဏ္ (အျပစ္ရွာ) ျဖစ္ပ်က္မုန္း- ခႏၶာငါးပါး႐ုပ္နာမ္ႏွစ္ပါးတို့အား အျပစ္အားျဖင့္ ရွုေသာဉာဏ္။ Adinava Nana (Knowledge of mental and physical states as unsatisfactory)

(၈) နိဗၺိဒါဉာဏ္ (ၿငီးေငြ႕) ခႏၶာငါးပါး ႐ုပ္နာမ္ႏွစ္ပါးတို့၌ ၿငီးေငြ႕ေသာအစြမ္းအားျဖင့္ ရွုေသာဉာဏ္။ Nibbida Nana (Knowledge of disenchantment)

(၉) မုစၥိတုကမ်တာဉာဏ္ (လြတ္) ခႏၶာငါးပါးတို့မွ လြတ္ေျမာက္ျခင္းငွါ ရွုေသာဉာဏ္။ Muncitukamayata Nana (Knowledge of the desire to abandon the worldly state)

(၁၀) ပဋိသခၤါဉာဏ္ (အဖန္တလဲလဲ) ခႏၶာငါးပါးတို့အား သိမ္းဆည္းျခင္းအစြမ္းျဖင့္ အဖန္တလဲလဲ ရွုေသာဉာဏ္။ Patisankha Nana (Knowledge which investigates the path to deliverance and instills a decision to practice further)

(၁၁) သခၤါ႐ုေပကၡာဉာဏ္ (ဥေပကၡာ) ခႏၶာငါးပါးတို့၌ ေၾကာက္ျခင္း ႏွစ္သက္ျခင္းႏွင့္ လ်စ္လ်ဴရွုေသာဉာဏ္။ Sankharupekha Nana (Knowledge which regards mental and physical states with equanimity)

(၁၂) အႏုေလာမ ဉာဏ္ (ေလ်ာ္) - လကၡဏာသုံးပါးကို ရွုသည္၏အျဖစ္ျဖင့္ မဂ္အားေလ်ာ္စြာရေသာ သတိပ႒ဌာန္စေသာ ေဗာဓိပကၡိယ တရား (၃၇) ပါးတို့အားေလ်ာ္စြာ ျဖစ္ေသာဉာဏ္။ Anuloma Nana (Knowledge which conforms to the Four Noble Truths)

အရိယာဉာဏ္ ၄ ပါး

(၁၃) ေဂါၾတဘူဉာဏ္ (လႊဲ) -ပုထုဇဥ္အႏြယ္ကို ျဖတ္၍ အရိယာအႏြယ္ကို ျဖစ္ေစေသာဉာဏ္၊ Gotrabhu Nana (Knowledge of deliverance from the worldly condition)

(၁၄) ေသာတပတၱိ ‘မဂ္’ ဉာဏ္ (ဆိုက္) -နိဗၺာန္ကို သိျမင္ေသာ မဂ္ဉာဏ္၊ Magga Nana (Knowledge by which defilements are abandoned and are overcome by destruction)

(၁၅) ေသာတပတၱိ ‘ဖိုလ္’ ဉာဏ္ (ခံစား)- နိဗၺာန္ကို ခံစားသိျမင္ေသာ ဖိုလ္ဉာဏ္၊ Phala Nana (Knowledge which realizes the fruit of the path and has nibbana as object)

(၁၆) ပစၥေဝကဉာဏ္ (သုံးသပ္) ရခဲ့ၿပီး တရားတို့ကို ျပန္လည္ဆင္ျခင္သုံးသပ္ေသာဉာဏ္။ Paccavekkhana Nana (Knowledge which reviews the defilements still remaining)  အသခၤၱဓါတ္၊ နိဗၺာနဓါတ္၊ နိဗၺာန္ -‘အရွုခံ’ မွန္ရမည္။ ‘ရွုဉာဏ္’ မွန္ရမည္။

by Myoma Myint Kywe

(Unicode) 

အာနာပါန Anapana, 
သမထ Samatha,
ဝိပဿနာ Vipassana 
အကြောင်း သိကောင်း စရာများ စုံစုံလင်လင်
********************************
အာနာပါနကျင့်စဉ် သည် အလွန်ရှေးကျသော တရားကျင့်စဉ်တစ်ခုဖြစ်သည်။

 သမထ Samatha (calm and concentration) ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သတိ(Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက်သမာဓိ(Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။

 အာနာပါန သမထ သည် ထွက်လေဝင်လေ ကို အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။ ထွက်လေ ဝင်လေကို သတိနဲ့ ဝင်၊ သတိနဲ့ထွက်စေရမည်။

ထွက်လေ ဝင်လေကိုသာ မမေ့တဲ့ သတိကောင်းကောင်းနဲ့ ထွက်တိုင်း ဝင်တိုင်း ထွက်လေကို လိုက်သိနေပါ၊ ဝင်လေကို လိုက်သိနေပါ၊ သတိအလုပ် မမေ့စေနဲ့၊ မမေ့ရ ပါ၊

 အာနာပါန သည် “ထွက်သက် ဝင်သက် “ ဟု အဓိပ္ပာယ်ရ၏၊ ထို့ကြောင့် အာနာပါနရူမှတ်ပွားများနည်းဆိုသည်မှာ.. ထွက်သက် ဝင်သက်(ထွက်လေ၊ ဝင်လေ) ကို သတိကပ်၍ ရူမှတ်ပွားများရသော နည်းဖြစ်သည်။

အာနာပါန ရူမှတ်သူသည် ထွက်လေ ဝင်လေတိုးထိရာ နှာသီးဖျားကို သတိစိုက်၍ ထွက်လျှင် ထွက်လေ၊ ဝင်လျှင် ဝင်လေဟု အဖန်ဖန် နှလုံးသွင်းရူမှတ်ရမည်။

ဤအခြေခံ ရူမှတ်သည့်အဆင့်တွင် အသက်ကို ရှူသွင်း ရှူထုတ်တိုင်း ရှူသွင်း ရှူထုတ်မှန်းသိအောင် သတိထားရမည်၊ ထို့ပြင် ထွက်လေ ဝင်လေကို နှာသီးဖျားတွင် သတိကပ်ရူမှတ်ရမည်။

ထွက်လေ ဝင်လေနောက်သို့ စိတ်ကလိုက်ပါပြီး မရှူမှတ်ရ၊ နှာသီးဖျား၌ သတိကပ်ထားပြီး ဝင်တိုင်း ထွက်တိုင်း သိသိနေရပါမည်၊ ထွက်လေ ဝင်လေ နှာသီးဖျား၌ တိုးနေ ထိနေသည်ကို သိရမည်၊ သတိကောင်းလေ ပို၍ ထင်ရှားလာလေ ဖြစ်လိမ့်မည်။

နှာသီးဖျား၌ စိတ်စိုက်ထားပြီး ထွက်လေ ဝင်လေ ကို ထွက်လျှင် ထွက်မှန်းသိ၊ ဝင်လျှင် ဝင်မှန်းသိနေအောင် ရူမှတ်ရမည်။ အချုပ်အားဖြင့် ဤအခြေခံရူမှတ်ခြင်းသည် သတိကို ဦးစားပေးထူထောင်ခြင်းပင်ဖြစ်သည်။

အာနာပါနရူမှတ်ခြင်း၏ အကျိုးများ
အာနာပါနကို ရူမှတ်ပွားများသူသည် -

(၁) စိတ်ငြိမ်သက် အေးချမ်းခြင်း၊

(၂) မှန်ကန်စွာ တွေးခေါ်ကြံစည်နိုင်ခြင်း၊

(၃) ကိုယ်စိတ်ချမ်းသာစွာ နေရခြင်း၊

(၄) စတုက္ကနည်းအရ ရူပါဝစရစျာန် ၄-ပါးကို ရနိုင်ခြင်း၊

(၅) သတိပဋ္ဌာန်(၄)ပါး၊ ဗောဇ္စျင် (၇)ပါးတို့နှင့် ပြည့်စုံခြင်း၊

(၆) ဘဝ၏နောက်ဆုံး ထွက်သက် ဝင်သက်ကို သိခြင်း၊

(၇) မိမိ၏ အသက်အပိုင်းအခြားကို သိခြင်း၊

(၈) မဂ်ဖိုလ်၏ အခြေခံကိုရရှိခြင်း၊
အစရှိသော အကျိုးတရားများကို မျက်မှောက်ဘဝ၌ပင် ခံစားရရှိမည်ဖြစ်သည်။

ဝိပဿ    နာ အလုပ်သည် မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတွေရရှိစေပါသည်။ နိဗ္ဗာန်ချမ်းသာကိုရစေ ပါသည်။ ကိလေသာများစင်ကြယ်ပြီး နောက်ဆုံး နိဗ္ဗာန်ထိတက်လှမ်းနိုင်ပါသည်။

ဒါန- သီလ- သမထ ကုသိုလ်များ က အထောက်အပံ့ပေးနိုင်ရုံသာ ပေးနိုင်ပါသည်။ နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိုင်ပါ။ နိဗ္ဗာန်သွားရာလမ်း ကြောင်းမှာလည်း ဒါန သီလ သမထ ကုသိုလ်များရှိရပါသည်။

ဒါန- သီလ- သမထ သည် နိဗ္ဗာန်ကိုတိုက်ရိုက် မရောက်နိုင်ပါ။ နိဗ္ဗာန်ရောက်အောင် ရအောင် အထောက်အပံ့လောက်တော့ပေးနိုင်ပါသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်သော ကုသိုလ်သည် ဝိပဿ     နာ ကုသိုလ်ပင်ဖြစ်ပါသည်။

လောဘ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေသာတွေစင်ကြယ်စေပါသည်။ ဝိပဿ     နာ အလုပ်သည် စိတ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။ ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။ မဂ်ဉာဏ်ဖိုလ်ဉာဏ်များကိုရရှိစေခြင်း။

နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း။ ကိလေသာစင်စေခြင်း။ အကျိုးတရား များ ရနိုင်ပါသည်။ သမထ နှင့် ဝိပဿ      နာ သည် Two-In-One အစုံလိုက် ထူထောင်ရသော တရားနှစ်ပါးဖြစ်သည်။

ဝိပဿ    နာ Vipassana ဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်း၊ အထူးရှုမှတ်ခြင်း ဟု အဓိပ္ပါယ်ရရှိသည်။

 တရားရှုမှတ်ခြင်းသည် အရာအားလုံးကို ထိန်းချုပ်လေ့ကျင့်မှု တစ်ရပ်ဖြစ်ပြီး ရှုမှတ်ခြင်းဖြင့် လေ့ကျင့်သူသည် “သိစိတ်ပျံ့လွင့်စိတ်” ကို ကျော်လွန်ပြီး စိတ်အနားပေးခြင်း (သို့မဟုတ် ) အထူးရှုမှတ်ခြင်း  (သို့မဟုတ် ) သိမှတ်နေခြင်း၏ အနက်ရှိုင်းဆုံးသောအဆင့် သို့ ရောက်ရှိရန် ကြိုးပမ်း အားထုတ်ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ သည် (ခရစ်တော်မပေါ်မီ ဘီစီ ၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀၂  ကျော် မဟာသက္ကရာဇ်(၁၀၃) ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။

 မဟာသက္ကရာဇ် (၁၀၃) ခု ဝါဆို လပြည့် စနေနေ့ ဘီစီ(၅၈၈) မှာ ဓမ္မရတနာ စတင်ခဲ့သည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့်ကျော် ၂ ရက် ဘီစီ (၅၈၈) တွင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါသည်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿ      နာ နှင့် ဝိပဿ      နာကျင့်စဉ်ကို ဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀၂ -ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ်ခဲ့သူဖြစ်သည်။

 ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားအဖြစ်နှင့် (၄၅) နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် နေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် (ဘီစီ ၅၈၈ - ဘီစီ ၅၄၃ ) ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။

သမထ Samatha နှင့် ဝိပဿ      နာ Vipassana တရားရှုမှတ်ကျင့် ကြံအားထုတ်ခြင်းသည် ထင်ရှားသည်။ သမထ Samatha နှင့် ဝိပဿ     နာ Vipassana နှစ်မျိုးစလုံးသည် ဉာဏ်အလင်းရရှိရန်အတွက်လိုအပ်သည်။

သမထ တွင်အမှတ်တစ်ခုတည်းအာရုံစိုက်ကြည့်ခြင်း စိတ်တည်ငြိမ်မှုစွမ်းရည်ကိုတိုး တက်ဖြစ်ထွန်းအောင်လေ့ကျင့်အားထုတ်ခြင်းဖြစ်ပြီး၊ ဝိပဿ     နာ သည် ပကတိသဘာဝအမှန်များကိုရှုမြင်ခြင်းအားဖြင့် ထိုးထွင်းသိမြင်ခြင်းနှင့် ပညာတို့ တိုးတက် ဖွံ့ဖြိုး လာစေရန်ဖြစ်သည်။ (Vipassana in the Buddhism means insight into the true nature of reality, namely as the Three marks of existence: impermanence, suffering or unsatisfactoriness, and the realisation of non-self)
 
ဝိပဿနာ အကျိုးကြီးမားပုံ …

မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီး အနာထပိဏ် သူဌေးအား အလှူဒါနနှင့် ပတ်သက်၍ ဝေလာမသုတ် တရားတော်ကို မိန်.တော်မူသည်။

၁။ ဝေလာမသုတ်တရားတော် အကျဉ်းချုပ်ကား …

 ရှေးအခါက ဝေလာမ အမည်ရှိ ပုဏ္ဏားသူဌေးကြီးသည် မဟာဒါနအလှူတ်ာကို ပေးလှူ၏။ ယင်းအလှူ၌ ငွေဒင်္ဂါး အပြည့်ပါသော ရွှေခွက်ကြီး ရှစ်သောင်းလေးထောင်၊ ရွှေဒင်္ဂါး အပြည့်ပါသော ငွေခွက်ကြီးပေါင်း ရှစ်သောင်းလေးထောင် စသည်ဖြင့် ရှစ်သောင်းလေးထောင်ပေါင်း များစွာသော ရတနာ ခုနှစ်ပါး ဆင်မြင်းကျွဲနွား၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူသည်။

အလှူတော်ကြီးသည်ကား မြစ်ရေအလျင်ကြီး တရဟောစီးသကဲ့သို. အကြီးအကျယ်လှူခြင်း ဖြစ်ပေသည်။

၂။ သာသနာပ အခါ၌ ဤမျှကြီးကျယ်သော ဝေလာမပုဏ္ဏား၏ မဟာအလှူတော်ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူ ရသလောက် အကျိုးမကြီးချေ။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူ ရသည်က အကျိုးပို၍ ကြီးမားသည်။

၃။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ရာကို ကျွေးမွေးပေးလှူ ရသည်ထက် သောတာပန်တစ်ယောက်အား ပေးလှူ ရသည်က အကျိုးပို၍ ကြီးမားသည်။

၄။ သောတာပန်တစ်ရာကို ပေးလှူ ရသည်ထက် သကဒါဂါမ် တစ်ယောက်အား ပေးလှူ ရသည်က အကျိုးပို၍ ကြီးမားသည်။

၅။ သကဒါဂါမ်တစ်ရာကို ပေးလှူ ရသည်ထက် အနာဂါမ် တစ်ယောက်ကို ပေးလှူ ရသည်က ပို၍ အကျိုး ကြီးမားသည်။

၆။ အနာဂါမ်တစ်ရာကို ပေးလှူ ရသည်ထက် ရဟ န္တာတစ်ပါးကို ပေးလှူ ရသည်က ပို၍ အကျိုးကြီးမားသည်။

၇။ ရဟ န္တာတစ်ရာကို ပေးလှူ ရသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူ ရသည်က ပို၍ အကျိုးကြီးမားသည်။

၈။ ပစ္စေကဗုဒ္ဓါတစ်ရာကို ပေးလှူ ရသည်ထက် သဗ္ဗညုဘုရားတစ်ဆူကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၉။ ဘုရားရှင်အားပေးလှူ ရသည်ထက် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းရသည်က ပို၍ အကျိုးကြီးမားသည်။

၁၀။ ထို.ထက် မိမိကိုယ်တိုင် သရဏဂုံ ဆောက်တည်ခြင်းက ပို၍အကျိုးကြီး၏။

၁၁။ ထို.ထက် မိမိကိုယ်တိုင် ငါးပါးသီလစောင့်ထိန်းခြင်းက ပို၍ အကျိုးကြီးမား၏။

၁၂။ ထို.ထက် မေတ္တာဘာဝနာကို နံ.သာတစ်ခါရှူမျှ ပွားခြင်းက ပို၍ အကျိုးကြီး၏။

၁၃။ ထို.ထက် အနိစ္စဝိပဿနာ ဘာဝနာကို နို.တစ်ညှစ်မျှ ပွားခြင်းက ပို၍ အကျိုးကြီးမား၏။
 …ဟူ၍ ဟောကြားတော်မူပေသည်။

ယင်းတရားအားလုံးကို ခြုံ၍ သုံးသပ်လိုက်သောအခါ …

(၁) မှ(၉) အထိသည် … ဒါန ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၂) မှ(၁၁) အထိသည်… သီလ ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၁၂) မှာ သမထဘာဝနာ ကုသိုလ်မျိုး ဖြစ်၍ (၁၃) မှာ ဝိပဿနာ ဘာဝနာ ကုသိုလ်မျိုးဖြစ်သည်။

သို.ဖြစ်၍ မြတ်စွာဘုရားသည် ဤဝေလာမသုတ်တော်ဖြင့် …. ဒါနကုသိုလ်ထက် သီလကုသိုလ်မျိုးက မြတ်သည်၊

 သီလကုသိုလ်မျိုးထက် သမထ-ဘာဝနာ ကုသိုလ်မျိုးက မြတ်သည်၊ သမထ ဘာဝနာကုသိုလ်မျိုးထက် ဝိပဿနာဘာဝနာ ကုသိုလ်မျိုးက မြတ်သည် ဟူ၍ ခွဲခြားသတ်မှတ်တော် မူကြောင်းကို သိရှိရပေသည်။

 ဤသည်ကို သိရှိခြင်းဖြင့် ဝိပဿ နာ ဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမားသည်ကို နှိုင်းယှဉ် သိရှိနိုင်မည် ဖြစ်ပါသည်။

(ကျော်နန္ဒအောင် ၏ ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဝိပဿ     နာရှုနည်းများ ပထမတွဲမှ ကောက်နုတ်ဖော်ပြပါသည်။)

အာနာပါန Anapanasati သည် သမထကျင့်စဉ် ၏  အစ တာထွက်ဟု ပြောနိုင်သော်လည်း အဆင့်အမျိုး မျိုးကိုဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ဝိပဿ     နာကျင့်စဉ်သို့ ရောက် ရှိအဆုံးသတ်သွားသည်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿ     နာ ကျင့်စဉ်ကို ဘီစီ ၅၈၈ လွန်ခဲ့သော နှစ်ပေါင်း၂၆၀၂ -ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ်ခဲ့သူဖြစ်သည်။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။

မိမိ၏ ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။ ပြန့်လွင့်နေသောစိတ်ကို စုစည်းနိုင်ရန်အတွက် ပုံမှန်အတိုင်း အသက်ရှုမှုကို အာရုံစူးစိုက်ပြီး စတင်ရှုမှတ်လေ့ကျင့်မှု ပြုလုပ်ကြရသည်။

စိတ်သည် တည်ကြည်စူးရှမှုရှိပြီး ခန္ဓာကိုယ်ကို အာရုံစူးစိုက်၍ ရှုမှတ်ခြင်းဖြင့် ရုပ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊ စကြာဝဋ္ဌဌာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန်တရားကို တွေ့ရှိလာသောအခါ မမြဲခြင်း သဘာဝ ( အနိစ္စ impermanent (anicca)၊ ဆင်းရဲခြင်း( ဒုက္ခ suffering (dukkha) နှင့် အစိုး မရသော( အနတ္တ Egolessness /not-self (anatta) သဘော သဘာဝ အမှန်တို့ကို သိရှိကြသည်။

ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာကို ကိုယ်တိုင်ကိုကြ တိုက်ရိုက်သိလာသောအခါ စိတ်အတွင်း၌ မတင့်တယ် မစင်ကြယ်မှုများမှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော တရားကျင့်စဉ်ဖြစ်သည်။

ဝိပဿ    နာကျင့်စဉ်၏ ရည်မှန်းချက်သည် စိတ်၏ အထွဋ်အထိပ်သို့ရောက်ပြီး၊ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်း၊ ပညာ-ဉာဏ်စဉ်အဆုံးတိုင် ပေါက်ရောက်စေရန် ဖြစ်ပေသည်။

ဉာဏ်စဉ် ၁၆ ပါး ရှိသည်။ ကြိုးစားပြီး ဆက်လက်ကျင့်ကြံအားထုတ်ပါလျှင် အားထုတ်သူ၏ နေ့စဉ်ဆင်းရဲ ပင်ပန်းမှုများမှ သက်သာစေပြီး ယခင်အကျင့်ဟောင်းပုံစံများ၏ တည်ငြိမ်မှုမရှိသော တုန့်ပြန်မှုများတို့ဖြင့် နှစ်သက်သာယာဖွယ်၊ မနှစ်သက်သာယာဖွယ် ကိစ္စများ ကြုံရသောအခါ စိတ်ထဲတွင် ထုံးဖွဲ့ချည်နှောင်မှု၊ ဆင်းရဲမှု အစိုင်အခဲများစွာ ဖြစ်ပေါ်ခြင်းတို့မှ ဖြေလျော့ပြီးလျှင် ချမ်းသာမှုများ ဖြစ်လာပါလိမ့်မည်။

ဝိပဿ    နာကျင့်စဉ် သည် ဗုဒ္ဓမြတ်စွာက သင်ကြားပေးခဲ့သည် မှန်သော်လည်း၊ ဗုဒ္ဓဘာသာဝင်များ အတွက်သာ မဟုတ်ပဲ လူအားလုံးနှင့် သက်ဆိုင်သောကျင့်စဉ် ဖြစ်သည်။ စကြာဝဌာ ရှိ အားလုံးသောလူတို့အတွက် ဝဋ်ဆင်းရဲမှ လွတ်မြောက်စေသော နည်းလမ်း သာဖြစ်သည်။

ဝေဘူဆရာတော်ဘုရားကြီး က “သီလ ဆောက်တည်ပြီးလျှင်  ပြည့်စုံအောင် ဖြည့်ကြ၊ ဖြည့်လို့ ပြည့်စုံပြီ ဆိုလျှင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း ပြီးမယ်၊ ယခုလည်း ချမ်းသာမယ်၊ နောင်လည်း ချမ်းသာမယ်။

ပစ္စုပ္ပန် ချမ်းသာ၊ သံသရာ ချမ်းသာ ၂-ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင် အဆုံးအမတော်က လွဲလို့ တခြားမရှိဘူး။ ဘုရားရှင် အဆုံးအမဆိုတာ ပိဋက ၃-ပုံပဲ၊ ပိဋက ၃-ပုံ ဆိုတာ အလွန် ကျယ်ဝန်းတယ်။

ပိဋက ၃-ပုံကို အဆီ ထုတ်ပါလျှင် “ဗောဓိပက္ခိယ ၃၇-ပါး” ရတယ်၊ ဗောဓိပက္ခယ တရား ၃၇-ပါးကို အဆီ ထုတ်လျှင် “မဂ္ဂင်ရှစ်ပါး” ရတယ်။ မဂ္ဂင် ရှစ်ပါးကို အဆီထုတ်လျှင် “သိက္ခာ သုံးပါး” ရတယ်။

 သိက္ခာ သုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ပါပဲ။သိက္ခာသုံးပါးကို အဆီထုတ်လျှင် “ဧကော ဓမ္မော” တစ်ခု ရတယ်။ ရုပ်ပေါ် နာမ်ပေါ်မှာ နေပြီး ယခုလို ဆောင်ထားတော့ (ရှုမှတ်နေတော့) ကာယကံ သောင်းကျန်းမှု၊ ဝစီကံ သောင်းကျန်းမှု မရှိဘူး။

 ဒါ “အဓိသီလ” လို့ ခေါ်တယ်။ အဓိသီလ အားကောင်းလျှင် စိတ်တွေ သောင်းကျန်းမှု မရှိဘဲ ငြိမ်ဝပ် ပိပြားပြီး တည်နေတော့တယ်။ အဲဒါ “အဓိစိတ္တ” လို့ ခေါ်တယ်။ အဓိစိတ္တ (သမာဓိ) အားကောင်းလို့ အချိန်ကြာလျှင် ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး၊

 လျှပ်တစ်ပြတ်အတွင်း ကုဋေတစ်သိန်း ဖြစ်ပြီး ပျက်နေတယ်။ ရုပ်ကို နာမ်က သိနေလျှင် ဖြစ်ပျက်ကို သိတော့တာပဲ၊ ဖြစ်ပျက်ကို သိတာ “အဓိပညာ” လို့ ခေါ်တယ်။

အများနားလည်အောင် ပြောရမယ်ဆိုလျှင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ နှာဖျား နှာဝတွင် ထွက်လေ ဝင်လေ နှစ်ရပ်ဟာ အမြဲ တိုက်ဝင်၊ တိုက်ထွက် နေတယ်။

 နှာဖျား နှာဝ မှာ ကာယပသာဒ အကြည်က အထိခံ၊ ထွက်လေ ဝင်လေဖြစ်တဲ့ လေနှစ်ရပ် ဝါယော ဖောဋ္ဌဗ္ဗက ထိတယ်၊ ထိုအထိခံနဲ့ ထိတာက ရုပ်၊ သိတာက နာမ် ဆိုတော့ ဒကာကြီး၊ ဒကာမကြီးတို့ သူများ မေးမနေနဲ့၊ ကိုယ့်နှာဝကို ဉာဏ်နဲ့ စောင့်ကြည့်၊ ဝင်တော့ ထိဝင်မယ်၊ ထွက်တော့လည်း ထိထွက်မယ်။

ထိတာကို သိလျှင် သိနေလျှင် လောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့် မရလို့ လောဘမီး၊ ဒေါသမီး၊ မောဟမီး ငြိမ်းတယ်၊ ငြိမ်းတော့ အေးတယ်။ မထိခင်ကလည်း သိလို့ မဖြစ်ဘူး၊ ထိပြီး ပြန်တော့လည်း သိလို့ မဖြစ်ဘူး၊ ထိတုန်းကိုသာ သိဖြစ်တယ်၊ အဲဒါကို “ပစ္စုပ္ပန် တည့်တည့်” လို့ ဆိုတယ်။

အဲသလို တစ်ထိတည်း(ထဲ) ထိနေတာကို တစ်ဆက်တည်း(ထဲ) သိနေအောင် ဆောင်ကြဗျ။ တစ်ရက် ၂၄-နာရီ တစ်စပ်လောက် ရလျှင် အလွန် သိသာပါတယ်။ အဲသလို ထိတာကို မသိမှတ် နိုင်ရင် လျှပ်တစ်ပြတ် အတွင်းတွင်ပဲ ကုဋေတစ်သိန်း ကြွေးတင် သွားရောဗျ။ ထိတာကို သိနေလျှင် “ရုပ်နှင့် နာမ်သာ ရှိပါကလား” လို့ သိလိမ့်မယ်။

ရုပ်နာမ် မှ တစ်ပါး ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ မရှိဘူးဆိုတာ “ဘုရားရှင်၏ တရားတော် အမှန်ပါလား” လို့ ကိုယ့်ဟာကိုယ် သိလိမ့်မယ်။ သူများကို မေးနေဖို့ မလိုပါဘူး၊ နှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာ အတ္တဆိုတဲ့ ကိုယ်မရှိဘူး။

ထို သိနေတဲ့ အချိန်မှာ ဉာဏ်အမြင် စင်ကြယ်တယ်၊ သမ္မာဒိဋ္ဌိ ဖြစ်တယ်။ ထိတာကို သိနေတဲ့ အချိန်မှာ “ရုပ် နာမ် မှတစ်ပါး ဘာမျှ မရှိပါကလား” လို့ သိတာကို နာမ်ရုပ် ပိုင်းခြားပြီး သိလို့ “နာမရူပ ပရိစ္ဆေဒဉာဏ်” လို့ ခေါ်တယ်။ တစ်ထိတည်း(ထဲ) ထိ၊ တစ်သိတည်း(ထဲ) သိနေလျှင် အတ္တစင်၍ ဉာဏ်အမြင် စင်ကြယ်တဲ့ အကျိုးရတယ်၊

ဒါဟာ တဒင်္ဂပဟာန် ခဏ အချိန်လေးမှာ ရတဲ့ အကျိုး၊ နည်းတယ်လို့ မမှတ်ကြနဲ့။ “ကမ္မဋ္ဌာန်း ထိုင်ရတာများ ဘာမှလည်း မတွေ့ပေါင်၊ ဘာမှလည်း မရပေါင်” လို့များ မမှတ်လိုက်ကြ ပါနဲ့။ ဘုရား သာသနာနဲ့ ကြုံကြိုက်တဲ့ အခါမှာ ဒီလို အကျိုးထူးများ ရနိုင်တယ်။

စားဖို့ သောက်ဖို့ အသာထားပြီး အထူး ကြိုးစားကြ…
သီလ ကို ပြည့်စုံအောင်စေတိယင်္ဂဏဝတ်၊ ဗောဓိယင်္ဂဏဝတ်၊ ဆရာသမား မိဘဝတ်၊ သားမယားဝတ် ဒါတွေ လုပ်ရတာက စရဏ ကုသိုလ် သီလဘက်ကဗျ။ ဒါတွေ လုပ်ရင်းနဲ့ ဆောင်လို့၊ ရှုမှတ်လို့ကော မရဘူးလား။

ဒီဝတ်တွေ မဖြည့်ဘဲနဲ့ သီလ ပြည့်စုံပါ့မလား၊ သီလ မပြည့်စုံရင် လိုလား တောင့်တတဲ့ ချမ်းသာကော ရပါ့မလားဗျာ။ ချမ်းသာမှု မရှိရင် သမာဓိ မရဘူး၊ သမာဓိ မရတော့ ပညာလည်း မရနိုင်ဘူးဗျ”…. လို့ ဟောကြားတော်မူသည် ။

ဉာဏ္စဉ် ၁၆ ပါး (The Sixteen Stages of Insight)

 (၁) နာမ ရူပ ပရိစ္ဆေဒဉာဏ် (ခွဲခြား) -ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြား၍ သိသောဉာဏ်၊ Namarupa Pariccheda Nana (Knowledge to distinguish mental and physical states)

(၂) ပစ္စယ ပရိဂ္ဂဟဉာဏ် (သိမ်းဆည်း)-ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်၊ Paccaya Pariggaha Nana (Knowledge of the cause-and-effect relationship between mental and physical states)

(၃) သမ္မသနဉာဏ် (လက္ခဏာ) ဖြစ်ပျက်မြင်သုံးသပ်၍ရှု- ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးအား အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ သုံးပါးဖြင့် သုံးသပ်၍ရှုသောဉာဏ်။ Sammasana Nana (Knowledge of mental and physical processes as impermanent, unsatisfactory and non self)

(၄) ဥဒယဗ္ဗယဉာဏ် (ဖြစ်ပျက်) ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကိုအဖန်တလဲလဲရှုသောဉာဏ်။ Udayabbaya Nana (Knowledge of arising and passing away)

(၅) ဘင်္ဂဉာဏ် (ပျက်) ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတို့၏ ပျက်ခြင်းကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။ Bhanga Nana (Knowledge of the dissolution of formations)

(၆) ဘယ ဉာဏ် (ကြောက်) ခန္ဓာငါးပါးရုပ်နာမ်နှစ်ပါးကို ကြောက်မက်ဖွယ်ဘေးကြီးဟု အဖန်တလဲလဲ ရှုသောဉာဏ်။ Bhaya Nana (Knowledge of the fearful nature of mental and physical states)

(၇) အာဒီနဝဉာဏ် (အပြစ်ရှာ) ဖြစ်ပျက်မုန်း- ခန္ဓာငါးပါးရုပ်နာမ်နှစ်ပါးတို့အား အပြစ်အားဖြင့် ရှုသောဉာဏ်။ Adinava Nana (Knowledge of mental and physical states as unsatisfactory)

(၈) နိဗ္ဗိဒါဉာဏ် (ငြီးငွေ့) ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတို့၌ ငြီးငွေ့သောအစွမ်းအားဖြင့် ရှုသောဉာဏ်။ Nibbida Nana (Knowledge of disenchantment)

(၉) မုစ္စိတုကမျတာဉာဏ် (လွတ်) ခန္ဓာငါးပါးတို့မှ လွတ်မြောက်ခြင်းငှါ ရှုသောဉာဏ်။ Muncitukamayata Nana (Knowledge of the desire to abandon the worldly state)

(၁၀) ပဋိသင်္ခါဉာဏ် (အဖန်တလဲလဲ) ခန္ဓာငါးပါးတို့အား သိမ်းဆည်းခြင်းအစွမ်းဖြင့် အဖန်တလဲလဲ ရှုသောဉာဏ်။ Patisankha Nana (Knowledge which investigates the path to deliverance and instills a decision to practice further)

(၁၁) သင်္ခါရုပေက္ခာဉာဏ် (ဥပေက္ခာ) ခန္ဓာငါးပါးတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းနှင့် လျစ်လျူရှုသောဉာဏ်။ Sankharupekha Nana (Knowledge which regards mental and physical states with equanimity)

(၁၂) အနုလောမ ဉာဏ် (လျော်) - လက္ခဏာသုံးပါးကို ရှုသည်၏အဖြစ်ဖြင့် မဂ်အားလျော်စွာရသော သတိပဋ္ဌဌာန်စသော ဗောဓိပက္ခိယ တရား (၃၇) ပါးတို့အားလျော်စွာ ဖြစ်သောဉာဏ်။ Anuloma Nana (Knowledge which conforms to the Four Noble Truths)

အရိယာဉာဏ် ၄ ပါး

(၁၃) ဂေါတြဘူဉာဏ် (လွှဲ) -ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ကို ဖြစ်စေသောဉာဏ်၊ Gotrabhu Nana (Knowledge of deliverance from the worldly condition)

(၁၄) သောတပတ္တိ ‘မဂ်’ ဉာဏ် (ဆိုက်) -နိဗ္ဗာန်ကို သိမြင်သော မဂ်ဉာဏ်၊ Magga Nana (Knowledge by which defilements are abandoned and are overcome by destruction)

(၁၅) သောတပတ္တိ ‘ဖိုလ်’ ဉာဏ် (ခံစား)- နိဗ္ဗာန်ကို ခံစားသိမြင်သော ဖိုလ်ဉာဏ်၊ Phala Nana (Knowledge which realizes the fruit of the path and has nibbana as object)

(၁၆) ပစ္စဝေကဉာဏ် (သုံးသပ်) ရခဲ့ပြီး တရားတို့ကို ပြန်လည်ဆင်ခြင်သုံးသပ်သောဉာဏ်။ Paccavekkhana Nana (Knowledge which reviews the defilements still remaining)  အသင်္ခ္တဓါတ်၊ နိဗ္ဗာနဓါတ်၊ နိဗ္ဗာန် -‘အရှုခံ’ မှန်ရမည်။ ‘ရှုဉာဏ်’ မှန်ရမည်။

by Myoma Myint Kywe

buddhawasborn623bc blog
မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်။

လက်တွေ့ကျကျကျင့်သုံးပြီးအေးချမ်းတဲ့
ဓမ္မရသကိုရှာဖွေတွေ့ရှိခံစားစံစားနိုင်ကြပါစေ ။
မေတ္တာဖြင့်ပြန်လည်မျှဝေဓမ္မဒါနပြုပါသည် ။credit#

No comments: