Saturday, May 2, 2020

တူရိယာတစ္ခုကို ေလ့က်င့္တဲ့အခါ

တူရိယာတစ္ခုကို ေလ့က်င့္တဲ့အခါ 🔺
=========================


တူရိယာတစ္ခုကို ေလ့က်င့္တဲ့အခါ "ေလ့က်င့္တယ္" ဆိုတာထက္  "ပ်ိဳးေထာင္တယ္" ဆိုတဲ့စကားကို ပိုသေဘာက်တယ္ ။ ဟုတ္ပါတယ္ ။ ဂစ္တာေလ့က်င့္တယ္ဆိုတာ ဂစ္တာနဲ႔ ပတ္သတ္တဲ့ အေလ့အက်င့္ေကာင္းေတြကို ပ်ိဳးေထာင္တာပါ ။ ဒီလိုနားလည္ထားမွလည္း ေလ့က်င့္တဲ့အခ်ိန္ေတြကို မၿငီးမေငြ႕ ျဖတ္သန္းနိုင္မွာပါ ။ ( ကၽြန္ေတာ္က ဂစ္တာသမားျဖစ္တဲ့အတြက္ ဒီတူရိယာေလ့က်င့္နည္းကို ဂစ္တာကို ဥပမာထားၿပီး ေရးသြားပါမယ္)

၁ ။ မေလ့က်င့္မီ အေၾကာေလ်ာ့ေပးပါ
===========================
ဂစ္တာစက်င့္ေတာ့မယ္ဆိုရင္ လက္တစ္ေခ်ာင္းလုံး (ျဖစ္နိုင္ရင္တစ္ကိုယ္လုံး) အေၾကာေလ်ာ့ေပးပါ ။ တခ်ိဳ့က မလိုအပ္ဘူးလို့ ထင္ေကာင္းထင္မယ္ ။ အေၾကာေလ်ာ့ျခင္းနဲ႔ စိတ္ရဲ့relaxဟာ ခင္ဗ်ားကို ေမာင္းတင္ေပးမယ့္ ခြန္အားေတြပါ ။

၂ ။ warm up အျမဲလုပ္ပါ ။
====================
Fingering, chromatic scale, fingering stretching  ေတြထဲက ခင္ဗ်ားအတြက္ ေပါ့ပါးလြယ္ကူမယ့္ တမ်ိဳးမ်ိဳးကို နာရီဝက္ေလာက္ အရင္တီးလိုက္ပါ ။ လက္ေခ်ာင္းေတြ ေသြးပူလာဖို့ ၊ လြတ္လပ္စြာလွုပ္ရွားဖို့ ၊ finger stamina ေကာင္းဖို့ ၊ ဒဏ္မျဖစ္ဖို့ ... warm up မလြဲမေသြတီးရပါမယ္ ။

၃ ။ Metronomeနဲ႔ အျမဲက်င့္ပါ ။
========================
Metronomeနဲ႔ မက်င့္ခဲ့ရင္Bandနဲ႔တီးတဲ့အခါ၊ Studioမွာအသံသြင္းတဲ့အခါ အဆင္မေျပမွုေတြ ျဖစ္လာပါမယ္ ။ ကိုယ့္ရဲ့ tempoကို ကိုယ္သတိထားမိဖို့ ခက္ပါတယ္ ။ စိတ္ႂကြလာရင္ tempoတက္လိုက္ ၊ စိတ္မပါရင္ tempo က်လိုက္ ျဖစ္တတ္ပါတယ္ ။

၄ ။*very important* အေႏွးဆုံးကိုတီးပါ ။
===============================
ေလ့က်င့္ေနတဲ့အခ်ိန္မွာ speedကိုေခါင္းထဲ ဝင္မလာပါေစနဲ႔ ။ မေလာပါနဲ႔ ။ speedဟာ ဂစ္တာသမားတိုင္း တပ္မက္တဲ့ ရွိရမယ့္ အရည္အခ်င္းဆိုေပမယ့္ ... သူ႔ကို အ႐ူးအမူးနဲ႔ လိုခ်င္ၿပီးေလ့က်င့္ၿပီ ဆိုတာနဲ႔  လမ္းတဝက္မွာ ျပတ္က်န္ခဲ့ဖို့ ေသခ်ာသေလာက္ရွိၿပီ ။ တခါတေလ ... အေႏွးဆုံးေတြကို တီးေနရင္း ခင္ဗ်ား ၿငီးေငြ႕လာမယ္ ။ ေသခ်ာတယ္ ။ ဒါေၾကာင့္ ေျပာခဲ့ပါတယ္ ။ တူရိယာတစ္ခုကို ေလ့က်င့္တယ္ ဆိုတာထက္ ပ်ိဳးေထာင္ေနတယ္လို့ ခံယူထားပါ ။ ဒါေတြဟာ ခင္ဗ်ား မလြဲမေသြ ျဖတ္ေက်ာ္ရမယ့္ ေလွကားထစ္ေတြပါ ။

၅ ။ မွန္ဖို့သာလိုပါတယ္ ။
===================
လက္အေနအထား ၊ ကိုယ္တီးတဲ့ noteတိုင္းဟာ ပီသၾကည္လင္ၿပီး ျပည့္ဝတဲ့toneမ်ိဳး ထြက္ေနရပါမယ္ ။ မွန္ေအာင္ ၊ အသံထြက္ေကာင္းေအာင္သာ အာ႐ုံစိုက္ၿပီးက်င့္ပါ ။ speedဟာ ခင္ဗ်ားေနာက္က ထပ္ခ်ပ္မကြာ လိုက္လာလိမ့္မယ္ ။ ကိုယ္ျမန္လို့ျမန္ေနမွန္းေတာင္ မသိေအာင္ အံ့ၾသစရာေကာင္းတယ္ ။

၆ ။ *သံမဏိစည္းကမ္း*မွားခဲ့ရင္ ၁ ျပန္စပါ ။
===============================
ဥပမာ chromatic scaleကို 1 to 6 strings , up and down , fret 1 ကေနစတီးတယ္ ။ fret 12 ေရာက္မွ တစ္လုံးမွားတယ္ ။ ဒါဆိုရင္ ျပန္စလိုက္ေတာ့ ။ ကိုယ့္ကိုယ္ကိုယ္ မညာနဲ႔ ။ မညႇာနဲ႔ ။ အဲဒါမွမမွားေအာင္ ကိုယ္နိုင္နင္းတဲ့ tempoကို တီးျဖစ္မယ္ ။ စိတ္ၿငိမ္သက္ေအာင္ အားထုတ္ျဖစ္မယ္ ။ ထူးဆန္းစြာပဲ အမွားတစ္ခုဟာ ထပ္တလဲလဲမွားတတ္ပါတယ္ ။ ဒါကိုေက်ာ္လႊားရပါမယ္ ။

၇ ။ ေလ့က်င့္တဲ့အခါတိုင္း relaxျဖစ္ေနပါေစ ။
================================
အေရးႀကီးလို့ တစ္ေခါက္ျပန္ေျပာပါရေစ ။ အံႀကိတ္ထား တင္းထားတဲ့စိတ္ဟာ ပိတ္ေနတဲ့ေရေျမာင္းႀကီးလို ခင္ဗ်ားရဲ့စီးဆင္းမွုေတြကိုရပ္တန္႔ေစလိမ့္မယ္ ။ ဒါေၾကာင့္ စိတ္ေရာကိုယ္ပါ relaxျဖစ္ဖို့ အထူးသတိထားပါ ။ relax ျဖစ္တဲ့အခါ ခင္ဗ်ားမ်က္ႏွာက ျပဳံးေယာင္သန္း လာလိမ့္မယ္ ။ ဒီလိုအႀကံေပးတဲ့အခါ တစ္ခ်ိဳ့က ေခါင္းခါတတ္တယ္ ။ "နိုင္ငံျခားဂစ္တာသမားေတြ ၾကည့္ပါအုံး ... စင္ေပၚမွာ မဲ့ရြဲ႕ၿပီး တီးေနတာ .." ။ ဟုတ္ပါတယ္ ။ အဲဒါက performence လုပ္ေနတာ ။ သူတို့တီးတဲ့ ဂီတရဲ့စီးေမ်ာမွုမွာ ေပ်ာ္ဝင္ေနတာ ။ ေလ့က်င့္တဲ့ အခ်ိန္မွာေတာ့ ဘယ္သူမွ အံႀကိတ္ၿပီး မေလ့က်င့္ခဲ့ပါဘူး ။ ႀကိဳက္တဲ့ lessonေခြကို ၾကည့္လိုက္ပါ ။ ေလ့က်င့္ခန္းသ႐ုပ္ျပတီးတာနဲ႔ စင္ေပၚကမ်က္ႏွာအေနအထား တူသလားလို့ ။ သူတို့ရဲ့မ်က္ႏွာက ဒီတီးကြက္ေတြေပၚမွာ ဘယ္ေလာက္ သက္ေတာင့္သက္သာရွိေၾကာင္း အထင္းသား ေပၚလြင္ေနပါတယ္ ။ ေလ့က်င့္ခ်ိန္မွာ သက္ေတာင့္သက္တာ ျဖစ္ခဲ့တာေတာင္ ... ပရိသတ္ေရွ႕ စင္ျမင့္ေပၚေရာက္တဲ့အခါ စိတ္လွုပ္ရွားမွုေၾကာင့္ အမွားဆိုတာ ျဖစ္နိုင္ပါေသးတယ္ ။ အဲဒါေၾကာင့္ ... စင္ျမင့္ေပၚ ပရိတ္သတ္ေရွ႕မွာ တီးတဲ့အခါ ဂစ္တာသမားဟာ ကိုယ္တီးနိုင္တာရဲ့ ၅၀%သာ တီးသင့္ပါတယ္ ။ ဒါမွလည္းအမွားကင္းကင္း စိတ္သက္သက္သာသာနဲ႔ ဖန္တီးနိုင္မွာပါ ။ အဲဒီအတြက္လည္း ေလ့က်င့္ခ်ိန္မွာ ၁၀၀%ျဖစ္ေနရပါမယ္ ။

၈ ။ ေလ့က်င့္ခ်ိန္
=============
စတိဗ္ဗိုင္းက တစ္ေန႔ ၁၄နာရီ ၊ ပါကနီးနီးက ၁၅နာရီ ေလ့က်င့္ခဲ့တယ္ ။ တူရိယာတစ္ခုကို အကၽြမ္းဝင္ဖို့ သူတို့ရင္းႏွီးခဲ့ရတဲ့ အခ်ိန္ေတြပါ ။ တူရိယာရွင္တစ္ေယာက္ျဖစ္ဖို့ တစ္ေန႔ ၈နာရီဟာ ေလ့က်င့္ခ်ိန္စံႏွုန္းတစ္ခုပါ ။ ဒါေပမယ့္ ... တခ်ိဳ့က ေဖာင္ဖ်က္နိုင္ေပမယ့္ တခ်ိဳ့လည္း ငဲ့ကြက္ရတာေတြ ရွိတယ္ ။ ၿပီးေတာ့ ... တစ္ေန႔ ဘယ္ႏွစ္နာရီ ေလ့က်င့္တယ္ဆိုတာထက္ ၊ ဒီေန႔ ၅နာရီေလ့က်င့္လိုက္တာ ငါ ဘာေတြ တိုးတက္လာလဲ ဆိုတာက ပိုအေရးႀကီးပါတယ္ ။ ကိုယ့္ရဲ့ အားနည္းမွု ၊ အားသာမွုေတြကို အျမဲတမ္း ျပန္သုံ႔သပ္ဖို့လိုတယ္ ။ အဲဒီသုံ႔သပ္မွုေပၚမွာ ရတဲ့အေျဖကိုမူတည္ၿပီး လိုအပ္တဲ့အပိုင္းအတြက္  အခ်ိန္ဇယားခ်ရပါမယ္ ။ တစ္ခုသတိထားဖို့က မျပတ္ေလ့က်င့္ဖို့ပါ ။ ၆နာရီတီးလိုက္ ၃ရက္ေလာက္ ပစ္ထားလိုက္ ဆိုတာမ်ိဳးနဲ႔စာရင္ ၊ ေန႔တိုင္း တရက္ ၃နာရီ ပုံမွန္ေလ့က်င့္တာက ပိုခရီးေရာက္ပါတယ္ ။

၉ ။ အခ်ိန္ဇယားျဖင့္ ေလ့က်င့္ပါ
=======================
ဂစ္တာကို ေတာက္ေလ်ာက္ မထတမ္းတီးတဲ့ အေလ့အက်င့္မ်ိဳး ေရွာင္ပါ ။ Finger stamina ေကာင္းဖို့အတြက္ fingering , scale pattern ေတြကို metronomeနဲ႔ run တဲ့အခါမ်ိဳးမွာေတာင္ နာရီဝက္ထက္ မပိုပါေစနဲ႔ ။ ေလ့က်င့္ခန္းက႑တစ္ခုၿပီးတိုင္း နားခ်ိန္ရွိရမယ္ ။ အေကာင္းဆုံးက ၁၅မိနစ္တီး ၊ ၃-၅မိနစ္နားပဲ ။ အခ်ိန္ဇယားဆိုတာလည္း ခင္ဗ်ားကိုယ္တိုင္ လုပ္ထားတာ ။ ဒီေလ့က်င့္ခန္းကို အားမရရင္ ေနာက္တစ္ႀကိမ္ထပ္တီး နိုင္တယ္ ။ ဒါေပမယ့္ တစ္ခုတည္းကို tension မ်ားၿပီး စြတ္မက်င့္ပါနဲ႔ ။ ဥပမာ ခင္ဗ်ားက sweep picking ကို အေလးေပးၿပီး ေလ့က်င့္ေနတယ္ ။ အဲဒီအခါ sweep picking ၁၅မိနစ္ >  fingering ၁၅မိနစ္ >  sweep picking ၁၅မိနစ္ >  vamp ၁၅မိနစ္ >  sweep picking ၁၅မိနစ္ ... ဆိုၿပီး ခင္ဗ်ားအတြက္ လြယ္ကူသက္သာတဲ့ ေလ့က်င့္ခန္းမ်ိဳးကို ၾကားညႇပ္ၿပီး ေလ့က်င့္ေပးပါ ။ ၁၅မိနစ္စီ ခြဲခြဲၿပီး ေလ့က်င့္လို့ အက်ိဳးမ်ားပါ့မလားလို့ ေတြးေကာင္းေတြးမိတယ္ ။ အက်ိဳးမ်ားပါတယ္ ။ အဲလိုေလ့က်င့္သင့္ပါတယ္ ။ တစ္ခုတည္းကို ေလ့က်င့္ၿပီး အားမရတဲ့အခါ ဦးေနာက္ပင္ပန္းၿပီး ပရက္ရွာဝင္လာလိမ့္မယ္ ။ အဲဒီမွာ တီးတာေတြ စိတ္တိုင္းမက် ကေခ်ာ္ကခၽြတ္ျဖစ္လာမယ္ ။ မွားလာမယ္ ။ အဲဒါမေကာင္းပါဘူး ။ ဘာေၾကာင့္လဲဆိုေတာ့ ဦးေနာက္က ကိုယ္ေလ့က်င့္သမၽွကို အေသးစိတ္မွတ္သားေနတယ္ ။ မွတ္သားထားလိုက္တယ္ ။ အဲဒီအက်ိဳးဆက္က ဘယ္မွာသြားၿပီးသက္ေရာက္လဲဆိုေတာ့ ... ေနာက္တစ္ခါ ျပန္တီးတဲ့အခါလည္း ကေခ်ာ္ကခၽြတ္ျပန္ျဖစ္ပါတယ္ ။ အဲဒါေၾကာင့္ ဦးေနာက္ပင္ပန္းေအာင္ ဆက္တိုက္ႀကီး မလုပ္ပါနဲ႔ ။ အနားယူခ်ိန္ထားၿပီး သက္ေတာင့္သက္သာ ပုံမွန္ပဲ ေလ့က်င့္သြားပါ ။

၁၀ ။ စာအုပ္တစ္အုပ္ (သို့) courseတစ္ခုကို ပန္းတိုင္ထားက်င့္ပါ ။
=================================
ဆရာမ်ားရင္ သားေသတတ္ပါတယ္ ။ စာအုပ္ပုံႀကီးအလယ္မွာ ဟိုဟာတီးရေကာင္းနိုး ဒီဟာတီးရေကာင္းနိုးနဲ႔ ဘာမွမၿပီးဘဲ တစ္အုပ္၁၀ရြက္တီး ျဖစ္သြားတတ္ပါတယ္ ။ အက်င့္ျဖစ္သြားရင္မေကာင္းပါ ။ မတိုးတက္႐ုံမက ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွု ေလ်ာ့နည္းေစပါတယ္ ။

၁၁ ။ စာအုပ္တစ္အုပ္ကို ေလ့က်င့္တဲ့အခါ
=============================
sight reading ကို အဓိကထားၿပီး ေလ့က်င့္ရပါတယ္ ။ တစ္ဘားခ်င္းက်က္ၿပီး တီးတဲ့ အေလ့အက်င့္ကို ေရွာင္ပါ ။ ႏုတ္တစ္လုံးခ်င္းကို ကိုယ္လက္တန္းတီးနိုင္တဲ့ tempo ကေနစၿပီး ေလ့က်င့္ရပါတယ္ ။ အေႏွးဆုံးtempoနဲ႔ တစ္အုပ္လုံး ဆုံးေအာင္တီးၿပီးၿပီ ၊ အမွားကင္းၿပီ ၊ ပိုင္နိုင္ၿပီဆိုရင္ ... ေနာက္တစ္ေခါက္ tempo +5 ေလာက္တင္ၿပီးထပ္က်င့္ ။ ဒါလည္း perfectျဖစ္ၿပီဆိုရင္ ေနာက္ပိုင္းအေခါက္ေတြကို +10 +20 တင္ၿပီး အႀကိမ္ႀကိမ္ ေလ့က်င့္ရပါတယ္ ။ အဲဒီလို လက္အသားက်ၿပီ အမွားကင္းၿပီဆိုမွ tempo ကို တျဖည္းျဖည္းတင္သြားရတာပါ ။ၿပီးျပည့္စုံတဲ့ ေလ့က်င့္ခန္းစာအုပ္ဆိုတာ မရွိပါဘူး ။ အဲဒီအတြက္ ကိုယ့္ဘက္ကလည္း အားစိုက္မွုတစ္ခ်ိဳ့ကို ျပဳလုပ္ရပါတယ္ ။ စာအုပ္ကေပးထားတဲ့ ေလ့က်င့္ခန္းတစ္ခုကို ကိုယ္ပိုင္ sequenceေတြ ဖန္တီးသင့္ပါတယ္ ။ ကိုယ္ပိုင္ sequenceေတြ ဖန္တီးၿပီး ေလ့က်င့္လို့ရလာမယ့္ အက်ိဳးတရားေတြကေတာ့ ေရးခ်လို့မကုန္ပါဘူး ။ reading , writing , creation skills ေတြ တိုးတက္လာမယ္ ။ မ်ားမ်ားေလ့က်င့္လာတဲ့အခါ ခင္ဗ်ားရဲ့ လက္ထဲမွာ ခင္ဗ်ားကိုယ္ပိုင္ sequenceေတြ ျပည့္လာလိမ့္မယ္ ။ style & idea ဆိုတာ jamming လုပ္တဲ့အခါ အဓိက ေသာ့ခ်က္ေတြပါ ။ chord progression တစ္ခုကို jamming လုပ္တဲ့ ဂစ္တာသမားခ်င္းအတူတူ .. ခင္ဗ်ားက တပန္းသာေနပါလိမ့္မယ္ ။ အားလုံးဟာ ခင္ဗ်ားကိုယ္ပိုင္ စစ္စစ္ေတြခ်ည္းပဲေလ ...

၁၂ ။ ေလ့က်င့္ခန္းတြက္ ေရးေပးထားတဲ့ စာေတြကို ႀကိဳးစားၿပီးဖတ္ပါ
===============================
ေပးထားတဲ့ noteေတြကို တီးသလို ေရးထားတဲ့ စာေတြလည္းဖတ္ပါ ။ နိုင္ငံျခားစာအုပ္ေတြျဖစ္လို့ ဘာသာစကား အခက္အခဲရွိတယ္ဆိုေပမယ့္ ဂီတသမားဟာ ဂီတေဝါဟာရေတြနဲ႔ ေရးထားတဲ့ စာအုပ္ကိုေတာ့ အလြယ္တကူနားလည္နိုင္ပါတယ္ ။ မဖတ္ဘဲ မေလ့လာ မသုံ႔သပ္ဘဲ  စြတ္တီးေနမယ္ဆိုရင္ က်င့္လို့မဆုံးေတာ့ပါ ။ ကိုယ္ပိုင္ဟန္ မတည္ေဆာက္နိုင္ပါ ။ ဒါေၾကာင့္ စာအုပ္ထဲက ရွင္းလင္းခ်က္ေတြကို အခ်ိန္ေပးဖတ္တဲ့ အေလ့အက်င့္လုပ္ပါ ။

(  ျဖစ္ခ်င္ေဇာ ၊ လိုခ်င္ေဇာေတြမ်ားၿပီး စိတ္ၿငိမ္သက္မွုမရွိဘဲ တူရိယာတစ္ခုကို ေလ့က်င့္ခဲ့ရင္ ပန္းတိုင္နဲ႔ ေဝးရပါလိမ့္မယ္ ။ ဒါေတြအားလုံး ခင္ဗ်ားတို့ အမွားကင္းကင္းနဲ႔ လိုရာပန္းတိုင္ကို ျမန္ျမန္ေရာက္ဖို့အတြက္ ကၽြန္ေတာ့္အေတြ႕အၾကဳံ ကိုယ္ေတြ႕အမွားေတြကတဆင့္ သုံ႔သပ္ၿပီး ေစတနာနဲ႔ သတိေပးတာပါ ။  သတိထား အေလးေပးၿပီး ေလ့က်င့္ေစခ်င္တယ္ ။ ေနာင္မ်ားမွာလည္း ေရးသြားပါအုံးမည္)

*** မူရင္း စာေရးသူ႐ွာမေတြ႔ပါ။


(Unicode)

တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ 🔺
=========================
တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ "လေ့ကျင့်တယ်" ဆိုတာထက်  "ပျိုးထောင်တယ်" ဆိုတဲ့စကားကို ပိုသဘောကျတယ် ။ ဟုတ်ပါတယ် ။ ဂစ်တာလေ့ကျင့်တယ်ဆိုတာ ဂစ်တာနဲ့ ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်တာပါ ။ ဒီလိုနားလည်ထားမှလည်း လေ့ကျင့်တဲ့အချိန်တွေကို မငြီးမငွေ့ ဖြတ်သန်းနိုင်မှာပါ ။ ( ကျွန်တော်က ဂစ်တာသမားဖြစ်တဲ့အတွက် ဒီတူရိယာလေ့ကျင့်နည်းကို ဂစ်တာကို ဥပမာထားပြီး ရေးသွားပါမယ်)

၁ ။ မလေ့ကျင့်မီ အကြောလျော့ပေးပါ
===========================
ဂစ်တာစကျင့်တော့မယ်ဆိုရင် လက်တစ်ချောင်းလုံး (ဖြစ်နိုင်ရင်တစ်ကိုယ်လုံး) အကြောလျော့ပေးပါ ။ တချို့က မလိုအပ်ဘူးလို့ ထင်ကောင်းထင်မယ် ။ အကြောလျော့ခြင်းနဲ့ စိတ်ရဲ့relaxဟာ ခင်ဗျားကို မောင်းတင်ပေးမယ့် ခွန်အားတွေပါ ။

၂ ။ warm up အမြဲလုပ်ပါ ။
====================
Fingering, chromatic scale, fingering stretching  တွေထဲက ခင်ဗျားအတွက် ပေါ့ပါးလွယ်ကူမယ့် တမျိုးမျိုးကို နာရီဝက်လောက် အရင်တီးလိုက်ပါ ။ လက်ချောင်းတွေ သွေးပူလာဖို့ ၊ လွတ်လပ်စွာလှုပ်ရှားဖို့ ၊ finger stamina ကောင်းဖို့ ၊ ဒဏ်မဖြစ်ဖို့ ... warm up မလွဲမသွေတီးရပါမယ် ။

၃ ။ Metronomeနဲ့ အမြဲကျင့်ပါ ။
========================
Metronomeနဲ့ မကျင့်ခဲ့ရင်Bandနဲ့တီးတဲ့အခါ၊ Studioမှာအသံသွင်းတဲ့အခါ အဆင်မပြေမှုတွေ ဖြစ်လာပါမယ် ။ ကိုယ့်ရဲ့ tempoကို ကိုယ်သတိထားမိဖို့ ခက်ပါတယ် ။ စိတ်ကြွလာရင် tempoတက်လိုက် ၊ စိတ်မပါရင် tempo ကျလိုက် ဖြစ်တတ်ပါတယ် ။

၄ ။*very important* အနှေးဆုံးကိုတီးပါ ။
===============================
လေ့ကျင့်နေတဲ့အချိန်မှာ speedကိုခေါင်းထဲ ဝင်မလာပါစေနဲ့ ။ မလောပါနဲ့ ။ speedဟာ ဂစ်တာသမားတိုင်း တပ်မက်တဲ့ ရှိရမယ့် အရည်အချင်းဆိုပေမယ့် ... သူ့ကို အရူးအမူးနဲ့ လိုချင်ပြီးလေ့ကျင့်ပြီ ဆိုတာနဲ့  လမ်းတဝက်မှာ ပြတ်ကျန်ခဲ့ဖို့ သေချာသလောက်ရှိပြီ ။ တခါတလေ ... အနှေးဆုံးတွေကို တီးနေရင်း ခင်ဗျား ငြီးငွေ့လာမယ် ။ သေချာတယ် ။ ဒါကြောင့် ပြောခဲ့ပါတယ် ။ တူရိယာတစ်ခုကို လေ့ကျင့်တယ် ဆိုတာထက် ပျိုးထောင်နေတယ်လို့ ခံယူထားပါ ။ ဒါတွေဟာ ခင်ဗျား မလွဲမသွေ ဖြတ်ကျော်ရမယ့် လှေကားထစ်တွေပါ ။

၅ ။ မှန်ဖို့သာလိုပါတယ် ။
===================
လက်အနေအထား ၊ ကိုယ်တီးတဲ့ noteတိုင်းဟာ ပီသကြည်လင်ပြီး ပြည့်ဝတဲ့toneမျိုး ထွက်နေရပါမယ် ။ မှန်အောင် ၊ အသံထွက်ကောင်းအောင်သာ အာရုံစိုက်ပြီးကျင့်ပါ ။ speedဟာ ခင်ဗျားနောက်က ထပ်ချပ်မကွာ လိုက်လာလိမ့်မယ် ။ ကိုယ်မြန်လို့မြန်နေမှန်းတောင် မသိအောင် အံ့သြစရာကောင်းတယ် ။

၆ ။ *သံမဏိစည်းကမ်း*မှားခဲ့ရင် ၁ ပြန်စပါ ။
===============================
ဥပမာ chromatic scaleကို 1 to 6 strings , up and down , fret 1 ကနေစတီးတယ် ။ fret 12 ရောက်မှ တစ်လုံးမှားတယ် ။ ဒါဆိုရင် ပြန်စလိုက်တော့ ။ ကိုယ့်ကိုယ်ကိုယ် မညာနဲ့ ။ မညှာနဲ့ ။ အဲဒါမှမမှားအောင် ကိုယ်နိုင်နင်းတဲ့ tempoကို တီးဖြစ်မယ် ။ စိတ်ငြိမ်သက်အောင် အားထုတ်ဖြစ်မယ် ။ ထူးဆန်းစွာပဲ အမှားတစ်ခုဟာ ထပ်တလဲလဲမှားတတ်ပါတယ် ။ ဒါကိုကျော်လွှားရပါမယ် ။

၇ ။ လေ့ကျင့်တဲ့အခါတိုင်း relaxဖြစ်နေပါစေ ။
================================
အရေးကြီးလို့ တစ်ခေါက်ပြန်ပြောပါရစေ ။ အံကြိတ်ထား တင်းထားတဲ့စိတ်ဟာ ပိတ်နေတဲ့ရေမြောင်းကြီးလို ခင်ဗျားရဲ့စီးဆင်းမှုတွေကိုရပ်တန့်စေလိမ့်မယ် ။ ဒါကြောင့် စိတ်ရောကိုယ်ပါ relaxဖြစ်ဖို့ အထူးသတိထားပါ ။ relax ဖြစ်တဲ့အခါ ခင်ဗျားမျက်နှာက ပြုံးယောင်သန်း လာလိမ့်မယ် ။ ဒီလိုအကြံပေးတဲ့အခါ တစ်ချို့က ခေါင်းခါတတ်တယ် ။ "နိုင်ငံခြားဂစ်တာသမားတွေ ကြည့်ပါအုံး ... စင်ပေါ်မှာ မဲ့ရွဲ့ပြီး တီးနေတာ .." ။ ဟုတ်ပါတယ် ။ အဲဒါက performence လုပ်နေတာ ။ သူတို့တီးတဲ့ ဂီတရဲ့စီးမျောမှုမှာ ပျော်ဝင်နေတာ ။ လေ့ကျင့်တဲ့ အချိန်မှာတော့ ဘယ်သူမှ အံကြိတ်ပြီး မလေ့ကျင့်ခဲ့ပါဘူး ။ ကြိုက်တဲ့ lessonခွေကို ကြည့်လိုက်ပါ ။ လေ့ကျင့်ခန်းသရုပ်ပြတီးတာနဲ့ စင်ပေါ်ကမျက်နှာအနေအထား တူသလားလို့ ။ သူတို့ရဲ့မျက်နှာက ဒီတီးကွက်တွေပေါ်မှာ ဘယ်လောက် သက်တောင့်သက်သာရှိကြောင်း အထင်းသား ပေါ်လွင်နေပါတယ် ။ လေ့ကျင့်ချိန်မှာ သက်တောင့်သက်တာ ဖြစ်ခဲ့တာတောင် ... ပရိသတ်ရှေ့ စင်မြင့်ပေါ်ရောက်တဲ့အခါ စိတ်လှုပ်ရှားမှုကြောင့် အမှားဆိုတာ ဖြစ်နိုင်ပါသေးတယ် ။ အဲဒါကြောင့် ... စင်မြင့်ပေါ် ပရိတ်သတ်ရှေ့မှာ တီးတဲ့အခါ ဂစ်တာသမားဟာ ကိုယ်တီးနိုင်တာရဲ့ ၅၀%သာ တီးသင့်ပါတယ် ။ ဒါမှလည်းအမှားကင်းကင်း စိတ်သက်သက်သာသာနဲ့ ဖန်တီးနိုင်မှာပါ ။ အဲဒီအတွက်လည်း လေ့ကျင့်ချိန်မှာ ၁၀၀%ဖြစ်နေရပါမယ် ။

၈ ။ လေ့ကျင့်ချိန်
=============
စတိဗ်ဗိုင်းက တစ်နေ့ ၁၄နာရီ ၊ ပါကနီးနီးက ၁၅နာရီ လေ့ကျင့်ခဲ့တယ် ။ တူရိယာတစ်ခုကို အကျွမ်းဝင်ဖို့ သူတို့ရင်းနှီးခဲ့ရတဲ့ အချိန်တွေပါ ။ တူရိယာရှင်တစ်ယောက်ဖြစ်ဖို့ တစ်နေ့ ၈နာရီဟာ လေ့ကျင့်ချိန်စံနှုန်းတစ်ခုပါ ။ ဒါပေမယ့် ... တချို့က ဖောင်ဖျက်နိုင်ပေမယ့် တချို့လည်း ငဲ့ကွက်ရတာတွေ ရှိတယ် ။ ပြီးတော့ ... တစ်နေ့ ဘယ်နှစ်နာရီ လေ့ကျင့်တယ်ဆိုတာထက် ၊ ဒီနေ့ ၅နာရီလေ့ကျင့်လိုက်တာ ငါ ဘာတွေ တိုးတက်လာလဲ ဆိုတာက ပိုအရေးကြီးပါတယ် ။ ကိုယ့်ရဲ့ အားနည်းမှု ၊ အားသာမှုတွေကို အမြဲတမ်း ပြန်သုံ့သပ်ဖို့လိုတယ် ။ အဲဒီသုံ့သပ်မှုပေါ်မှာ ရတဲ့အဖြေကိုမူတည်ပြီး လိုအပ်တဲ့အပိုင်းအတွက်  အချိန်ဇယားချရပါမယ် ။ တစ်ခုသတိထားဖို့က မပြတ်လေ့ကျင့်ဖို့ပါ ။ ၆နာရီတီးလိုက် ၃ရက်လောက် ပစ်ထားလိုက် ဆိုတာမျိုးနဲ့စာရင် ၊ နေ့တိုင်း တရက် ၃နာရီ ပုံမှန်လေ့ကျင့်တာက ပိုခရီးရောက်ပါတယ် ။

၉ ။ အချိန်ဇယားဖြင့် လေ့ကျင့်ပါ
=======================
ဂစ်တာကို တောက်လျောက် မထတမ်းတီးတဲ့ အလေ့အကျင့်မျိုး ရှောင်ပါ ။ Finger stamina ကောင်းဖို့အတွက် fingering , scale pattern တွေကို metronomeနဲ့ run တဲ့အခါမျိုးမှာတောင် နာရီဝက်ထက် မပိုပါစေနဲ့ ။ လေ့ကျင့်ခန်းကဏ္ဍတစ်ခုပြီးတိုင်း နားချိန်ရှိရမယ် ။ အကောင်းဆုံးက ၁၅မိနစ်တီး ၊ ၃-၅မိနစ်နားပဲ ။ အချိန်ဇယားဆိုတာလည်း ခင်ဗျားကိုယ်တိုင် လုပ်ထားတာ ။ ဒီလေ့ကျင့်ခန်းကို အားမရရင် နောက်တစ်ကြိမ်ထပ်တီး နိုင်တယ် ။ ဒါပေမယ့် တစ်ခုတည်းကို tension များပြီး စွတ်မကျင့်ပါနဲ့ ။ ဥပမာ ခင်ဗျားက sweep picking ကို အလေးပေးပြီး လေ့ကျင့်နေတယ် ။ အဲဒီအခါ sweep picking ၁၅မိနစ် >  fingering ၁၅မိနစ် >  sweep picking ၁၅မိနစ် >  vamp ၁၅မိနစ် >  sweep picking ၁၅မိနစ် ... ဆိုပြီး ခင်ဗျားအတွက် လွယ်ကူသက်သာတဲ့ လေ့ကျင့်ခန်းမျိုးကို ကြားညှပ်ပြီး လေ့ကျင့်ပေးပါ ။ ၁၅မိနစ်စီ ခွဲခွဲပြီး လေ့ကျင့်လို့ အကျိုးများပါ့မလားလို့ တွေးကောင်းတွေးမိတယ် ။ အကျိုးများပါတယ် ။ အဲလိုလေ့ကျင့်သင့်ပါတယ် ။ တစ်ခုတည်းကို လေ့ကျင့်ပြီး အားမရတဲ့အခါ ဦးနောက်ပင်ပန်းပြီး ပရက်ရှာဝင်လာလိမ့်မယ် ။ အဲဒီမှာ တီးတာတွေ စိတ်တိုင်းမကျ ကချော်ကချွတ်ဖြစ်လာမယ် ။ မှားလာမယ် ။ အဲဒါမကောင်းပါဘူး ။ ဘာကြောင့်လဲဆိုတော့ ဦးနောက်က ကိုယ်လေ့ကျင့်သမျှကို အသေးစိတ်မှတ်သားနေတယ် ။ မှတ်သားထားလိုက်တယ် ။ အဲဒီအကျိုးဆက်က ဘယ်မှာသွားပြီးသက်ရောက်လဲဆိုတော့ ... နောက်တစ်ခါ ပြန်တီးတဲ့အခါလည်း ကချော်ကချွတ်ပြန်ဖြစ်ပါတယ် ။ အဲဒါကြောင့် ဦးနောက်ပင်ပန်းအောင် ဆက်တိုက်ကြီး မလုပ်ပါနဲ့ ။ အနားယူချိန်ထားပြီး သက်တောင့်သက်သာ ပုံမှန်ပဲ လေ့ကျင့်သွားပါ ။

၁၀ ။ စာအုပ်တစ်အုပ် (သို့) courseတစ်ခုကို ပန်းတိုင်ထားကျင့်ပါ ။
=================================
ဆရာများရင် သားသေတတ်ပါတယ် ။ စာအုပ်ပုံကြီးအလယ်မှာ ဟိုဟာတီးရကောင်းနိုး ဒီဟာတီးရကောင်းနိုးနဲ့ ဘာမှမပြီးဘဲ တစ်အုပ်၁ဝရွက်တီး ဖြစ်သွားတတ်ပါတယ် ။ အကျင့်ဖြစ်သွားရင်မကောင်းပါ ။ မတိုးတက်ရုံမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းစေပါတယ် ။

၁၁ ။ စာအုပ်တစ်အုပ်ကို လေ့ကျင့်တဲ့အခါ
=============================
sight reading ကို အဓိကထားပြီး လေ့ကျင့်ရပါတယ် ။ တစ်ဘားချင်းကျက်ပြီး တီးတဲ့ အလေ့အကျင့်ကို ရှောင်ပါ ။ နုတ်တစ်လုံးချင်းကို ကိုယ်လက်တန်းတီးနိုင်တဲ့ tempo ကနေစပြီး လေ့ကျင့်ရပါတယ် ။ အနှေးဆုံးtempoနဲ့ တစ်အုပ်လုံး ဆုံးအောင်တီးပြီးပြီ ၊ အမှားကင်းပြီ ၊ ပိုင်နိုင်ပြီဆိုရင် ... နောက်တစ်ခေါက် tempo +5 လောက်တင်ပြီးထပ်ကျင့် ။ ဒါလည်း perfectဖြစ်ပြီဆိုရင် နောက်ပိုင်းအခေါက်တွေကို +10 +20 တင်ပြီး အကြိမ်ကြိမ် လေ့ကျင့်ရပါတယ် ။ အဲဒီလို လက်အသားကျပြီ အမှားကင်းပြီဆိုမှ tempo ကို တဖြည်းဖြည်းတင်သွားရတာပါ ။ပြီးပြည့်စုံတဲ့ လေ့ကျင့်ခန်းစာအုပ်ဆိုတာ မရှိပါဘူး ။ အဲဒီအတွက် ကိုယ့်ဘက်ကလည်း အားစိုက်မှုတစ်ချို့ကို ပြုလုပ်ရပါတယ် ။ စာအုပ်ကပေးထားတဲ့ လေ့ကျင့်ခန်းတစ်ခုကို ကိုယ်ပိုင် sequenceတွေ ဖန်တီးသင့်ပါတယ် ။ ကိုယ်ပိုင် sequenceတွေ ဖန်တီးပြီး လေ့ကျင့်လို့ရလာမယ့် အကျိုးတရားတွေကတော့ ရေးချလို့မကုန်ပါဘူး ။ reading , writing , creation skills တွေ တိုးတက်လာမယ် ။ များများလေ့ကျင့်လာတဲ့အခါ ခင်ဗျားရဲ့ လက်ထဲမှာ ခင်ဗျားကိုယ်ပိုင် sequenceတွေ ပြည့်လာလိမ့်မယ် ။ style & idea ဆိုတာ jamming လုပ်တဲ့အခါ အဓိက သော့ချက်တွေပါ ။ chord progression တစ်ခုကို jamming လုပ်တဲ့ ဂစ်တာသမားချင်းအတူတူ .. ခင်ဗျားက တပန်းသာနေပါလိမ့်မယ် ။ အားလုံးဟာ ခင်ဗျားကိုယ်ပိုင် စစ်စစ်တွေချည်းပဲလေ ...

၁၂ ။ လေ့ကျင့်ခန်းတွက် ရေးပေးထားတဲ့ စာတွေကို ကြိုးစားပြီးဖတ်ပါ
===============================
ပေးထားတဲ့ noteတွေကို တီးသလို ရေးထားတဲ့ စာတွေလည်းဖတ်ပါ ။ နိုင်ငံခြားစာအုပ်တွေဖြစ်လို့ ဘာသာစကား အခက်အခဲရှိတယ်ဆိုပေမယ့် ဂီတသမားဟာ ဂီတဝေါဟာရတွေနဲ့ ရေးထားတဲ့ စာအုပ်ကိုတော့ အလွယ်တကူနားလည်နိုင်ပါတယ် ။ မဖတ်ဘဲ မလေ့လာ မသုံ့သပ်ဘဲ  စွတ်တီးနေမယ်ဆိုရင် ကျင့်လို့မဆုံးတော့ပါ ။ ကိုယ်ပိုင်ဟန် မတည်ဆောက်နိုင်ပါ ။ ဒါကြောင့် စာအုပ်ထဲက ရှင်းလင်းချက်တွေကို အချိန်ပေးဖတ်တဲ့ အလေ့အကျင့်လုပ်ပါ ။

(  ဖြစ်ချင်ဇော ၊ လိုချင်ဇောတွေများပြီး စိတ်ငြိမ်သက်မှုမရှိဘဲ တူရိယာတစ်ခုကို လေ့ကျင့်ခဲ့ရင် ပန်းတိုင်နဲ့ ဝေးရပါလိမ့်မယ် ။ ဒါတွေအားလုံး ခင်ဗျားတို့ အမှားကင်းကင်းနဲ့ လိုရာပန်းတိုင်ကို မြန်မြန်ရောက်ဖို့အတွက် ကျွန်တော့်အတွေ့အကြုံ ကိုယ်တွေ့အမှားတွေကတဆင့် သုံ့သပ်ပြီး စေတနာနဲ့ သတိပေးတာပါ ။  သတိထား အလေးပေးပြီး လေ့ကျင့်စေချင်တယ် ။ နောင်များမှာလည်း ရေးသွားပါအုံးမည်)

*** မူရင်း စာရေးသူရှာမတွေ့ပါ။

No comments: