Tuesday, May 26, 2020

သင့်ဝန်ထမ်းကောင်းတွေ မဆုံးရှံးစေဖို့ ဘယ်လို လုပ်မလဲ ?

သင့်ဝန်ထမ်းကောင်းတွေ မဆုံးရှံးစေဖို့ ဘယ်လို လုပ်မလဲ ?

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️


Htain Lin Kyaw (HR)

လတ်တလော လုပ်ငန်းခွင်မှာ ကြားနေရတာက အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ၊တကယ်တော်တဲ့သူတွေ ခဏခဏ ထွက်ကြတယ်ဆိုတာပါပဲ ။

ဘာကြောင့်ပဲထွက်ထွက် သူတို့ဆီမှာ ရှိနေတဲ့ အရည်အချင်းက အဖွဲ့အစည်းပေါ် အမှန်တကယ် အကျိုးပြုနိုင်တယ် ဆိုရင် ကိုယ့်အတွက် ဆုံးရှံးမှုတော့ရှိတာပါပဲ ။

သူဌေးတွေကတော့ လက်သုံးစကားစကားအနေနဲ့ ငကန်းသေ ငဆွေ လာလိမ့်မယ်လို့ သုံးကြတယ်။ ငဆွေတွေ  များနေရင် တော့ အဲ့အဖွဲ့အစည်းကလည်း ဆွေစောင်းနေယုံမှ တပါးဘာရှိမှာပါလဲ။

❗လုပ်ငန်းခွင်ထဲမှာ အတော်ဆုံးဝန်ထမ်းတွေ ရှိနေတာက ကိုယ့်အတွက် အကောင်းဆုံးအခြေအနေလို့ ယူဆပါသလား ?

❗ဒါမှမဟုတ်ယှဉ်ပြိုင်ဖက်တွေထက် သာလွန်တဲ့ အနေအထား တစ်ခု ရှိနေတယ်လို့ ထင်မြင်မလား ?

တစ်ခါတစ်လေ လူတော်တွေကိုထိန်းချုပ်ရတာခက်ခဲပါတယ်။ ကိုယ့်အဖွဲ့အစည်းက ကြီးမားတဲ့အနေအထားမှာဆိုရင် လူတော်တွေ ပိုပြီးလိုအပ်ပါတယ်။ပိုပြီးလိုအပ်လို့ ပိုပြီးရှိလာလေလေလူတော် များတဲ့ အဖွဲ့အစည်းက ထိန်းကောင်းရခက်လေပါပဲ။

ဒီနေရာမှာ တစ်ခုတင်ပြချင်တာက လူတော်တိုင်း လူကောင်းဖြစ်ပါ့မလားဆိုတာ ကိုလည်း တွေးဖို့လိုပါတယ်။တော်တယ် မကောင်းဘူး ၊ကောင်းတယ်မတော်ဘူး ဆိုတဲ့ စရိုက်ပုံစံကွဲပြားခြင်းကို တော့ ကွဲပြားစွာနားလည် လက်ခံထားဖို့လိုပါတယ်။

တော်တဲ့ လူတွေကို ထိန်းသိမ်းရတာခက်ပါတယ်၊တော်တဲ့ လူပိုများတဲ့ အဖွဲ့အစည်းမှာဆိုရင်တော့ ပိုပြီးထိန်းကျောင်းရခက်ခဲလာပါတယ်။ဒါကလည်း HR တွေအတွက် ခေါင်းခဲရတဲ့ ပြသာနာပါ။ တော်တဲ့ လူတွေကို ပျံသန်းခွင့်ပေးလိုက်ချင်ပေမဲ့ တစ်ခါတစ်လေ အစားထိုးရခက်ခဲတဲ့ သူတွေအတွက်ဆက်ပြီးထိန်းသိမ်းလိုက်ရတာမျိုးလည်း ရှိကြမှာပါ။

ရေရှည်မဟုတ်ရင်တောင်ကာလတစ်ခုအထိ ထိန်းသိမ်းလိုက်ခြင်းကလည်း အစားထိုးဖို့အတွက် အချိန်ကာလ တစ်ခုရသွားစေနိုင်တာမို့ ပါ။ အဓိက က တစ်ဦးမှီခို အားထားနေရတဲ့အဖွဲ့အစည်းတွေ ၊ လူတစ်စု အပေါ်မှာသာ အားကိုးရတဲ့ အခြေအနေတွေမှာဆို ရင် ပိုပြီး ရပ်တည်ရခက်ခဲရပါတယ် ။ လွယ်လွယ်ပြောရရင် secession  Planning ကောင်းကောင်းမရှိတဲ့အခါ သူတို့ ထွက်သွားရင် တိုင်ပတ်တာပါပဲ ။

  လူတစ်ယောက်ကို ထိန်းသိမ်းဖို့က သူရဲ့ လိုအပ်ချက် ၊လိုအင်ဆန္ဒ ဒါတွေကို အရင်ဆုံးသိရပါမယ်။ ဒါကြောင့် တစ်ဦးချင်းတစ်ယောက်ချင်းစီမှာ မတူညီတဲ့ လိုအပ်ချက် ၊လိုအင်ဆန္ဒတွေကို ကိုယ်က သိအောင်လေ့လာရပါမယ်၊အကြမ်းမျဉ်းပြောကြရရင်

Maslow's hierarchy of needs     တွေဖြစ်တဲ့

🔹physiological

🔹Safety

🔹Love and belonging

🔹Esteem

🔹Self-actualizationတွေ လောက် တော့
ခွဲခြားသိမြင်ထားရမှာ ဖြစ်ပါတယ်။

ဒီတော့  လိုချင်တာကို ဖော်ထုတ်နိုင်ပြီဆိုရင်  ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားလို့ ရလာနိုင်ပြီဖြစ်ပါတယ်။ကိုယ်က နောက်ဆုံးဆုံးဖြတ်ချက်ချ ရတဲ့ အနေအထားမဟုတ်ပဲ Top Management ကို ဆက်လက်တင်ပြရမယ်ဆိုရင်တော့ အဲ့ဒိဝန်ထမ်းရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ဆောင်ရွက်ခဲ့တဲ့ အောင်မြင်မှုအပိုင်းတွေကို အသေးစိတ်မှတ်တမ်းတင်ထားတဲ့ ကိုယ်ရေးမှတ်တမ်းမျိုးကို သေချာစွာ ထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။

နောက်ပြီးဝန်ထမ်းအချင်းချင်းရဲ့ သဘောထားမှတ်ချက်တွေနဲ့အတူတင်ပြထားနိုင်မှ အထက်လူကြီးတွေက အသိအမှတ်ပြုနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်တော့ ဒီဝန်ထမ်းက အရည်အချင်းရှိတဲ့သူတကယ်တော်တဲ့ လူဆိုတာ သေချာသွားပြီဆိုရင် သူ့ကိုထိန်းသိမ်းဖို့ ဆောင်ရွက်တဲ့အခါ ကိုယ့်အတွက် အထောက်အပံ့ ရရှိနိုင်မှာပါ။

ဝန်ထမ်းတစ်ယောက်အလုပ်ထွက်မယ်ဆိုရင် ကနဦး အရင်ဆုံးစဉ်းစားကြတာက လစာတိုးပေးဖို့ ၊ရာထူးတိုးပေးဖို့ပါပဲ။အခြေခံ အချက်အလက်အရတော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ဒါပေမဲ့ တိကျတဲ့ အဖြေလားဆိုတာတော့ မဟုတ်ပါဘူး။လူတိုင်းက လိုချင်တာချင်းမတူကြတဲ့ အခြေအနေမှာ ကိုယ်က သူတို့ကို ထိန်းသိမ်းနိုင်ဖို့ ပါးနပ်မှ ရပါလိမ့်မယ်။

တစ်ချို့က လစာကိုပိုလိုအပ်တယ်တစ်ချို့က နေရာ ၊တစ်ချို့က လုပ်ပိုင်ခွင့် ၊တစ်ချို့က ပျော်ရွင်ဖွယ် မိသားစုဆန်တဲ့ လုပ်ငန်းခွင် ၊တစ်ချို့ တစ်ချို့ တွေကြား မိတ်ဆွေကကော ဘာလိုချင်တာလဲ။ဘာတွေလုပ်ပေးနိုင်မယ်ထင်သလဲ ဆိုတာတော့ ကိုယ့်ဝန်ထမ်းအကြောင်း ကိုယ်က ပိုသိဖို့လိုပါတယ်။အခြေခံအချက်အလက်တွေဖြစ်တဲ့ လစာ၊ရာထူးကြောင့် ဆိုရင်တော့ အထက်က တင်ပြခဲ့သလို သူရဲ့ အရည်အချင်းမှတ်တမ်းနဲ့အတူသဘောထားမှတ်ချက်ပြုပြီး Top Managementကိုတင်ပေးကြည့်ပါ။

တကယ်လိုအပ်ကြောင်း အရည်အချင်းရှိသူဖြစ်ကြောင်း ယုံကြည်လက်ခံလာမယ်ဆိုရင်တော့ ကိစ္စက ပြတ်ပြီပေါ့၊အကယ်၍ မရခဲ့ဘူးဆိုရင်တောင် ကာလတစ်ခုအတွက် အာမခံချက်ပေးတာမျိုးကို တောင်းဆိုပြီး အဲ့ဝန်ထမ်းကို ပြန်လည် ရှင်းလင်းပေးပါ။ လက်မခံနိုင်ခဲ့ရင်တော့ သူ့ဘဝအတွက် လွတ်လပ်စွာပျံသန်းနိုင်ပါစေပေါ့။

ဆက်ပြီးတင်ပြချင်တာက ရာထူးလစာထက် ၊ပိုပြီးကြီးလေးတဲ့ တာဝန် လုပ်ငန်းတွေကိုဆောင်ရွက်ချင်တဲ့ ဝန်ထမ်းမျိုးတွေကိုထိန်းသိမ်းရာမှာတော့ သူတို့ တကယ်လုပ်ကိုင်နိုင်လားဆိုတာကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်။လူတိုင်းက အသေးအဖွဲလေးတွေမလုပ်ချင်ကြဘူး။လုပ်ငန်းမှာ အရေးပါအရာရောက်တဲ့ အပိုင်းတွေမှာပဲ ပိုပြီးစိတ်ဝင်စားတယ်။ဒါဆိုရင် ဒီအပိုင်းတွေကို တကယ်လုပ်ကိုင်ဆောင်ရွက်နိုင်ပြီလားဆိုတာကို ထည့်သွင်စဉ်းစားရမယ့် အခြေအနေဖြစ်လာပါပြီ။

သူ့ရဲ့ Skill ,Knowledge ,Attitude တွေ ဘယ်လောက်ထိတိုးတက်နေပြီလဲ ၊ ဒီအဆင့်တွေကို ကော တကယ်ဆောင်ရွက်နိုင်နေပြီလားဆိုတာကို ကနဦးစစ်ဆေးမှုတွေလုပ်ပါ။တကယ်တော်ရင်လုပ်နိုင်ရင် ပေးလုပ်လိုက်ပါ။အားလုံးမဟုတ်တောင် တစ်ချို့တစ်ဝက်ကို လွှဲအပ်လုပ်ကိုင်နိုင်ဖို့ စဉ်းစားပါ။နောက်ပြီး တကယ်လုပ်လာနိုင်ရင်လည်း ချီးမြှင့်မြှောက်စားမှုပြုပေးပါ။

အကယ်၍များ လုပ်သာ လုပ်ချင်စိတ်ရှိတယ်၊အရည်အချင်းက အဲလောက်ထိ မလုပ်နိုင်သေးဘူးဆိုရင်တော့ တွဲဖက်သင်ယူမှု ပြုလုပ်နိုင်သည့်အထိလက်တွဲခေါ်ယူနိုင်ပါတယ်။အတင်းဇွတ်လုပ်ဖို့ ချည်းပဲတောင်းဆိုနေရင်တော့ဆက်လက်ဆွဲခေါ်ထားဖို့ မသင့်ပါဘူး။

လုပ်ငန်းအဖွဲ့အစည်းတိုင်းကတော့တကယ်တော်တဲ့လူတွေကိုထိန်းသိမ်းထားချင်ကြပါတယ်။အဲလိုထိန်းသိမ်းနိုင်ဖို့လည်း အစီအမံတွေ ထားရှိကြတယ်။သင်တန်းပေးတတ်တာတွေ၊နိုင်ငံခြားခရီးစဉ်တွေ ၊ငွေကြေး ချေးဌားမှုတွေ ပြုလုပ်ပြီးထိန်းသိမ်းကြတာရှိသလို စာချုပ်စာတမ်းတွေနဲ့လည်း ကာလတစ်ခုအထိ ထိန်းချုပ်ထားတာ ရှိပါတယ်။ဘယ်လိုပဲထိန်းသိမ်းပါစေ ကိုယ့်အဖွဲ့အစည်းရဲ့ဓလေ့စရိုက်နဲ့ကိုက်ညီတဲ့နည်းလမ်းတွေကို အသုံးပြုကြတာများပါတယ်။

ဒီတော့ အခြေခံအချက်အလက်လေး တစ်ချို့ကိုပဲတင်ပြပါရစေ။

✔️သင့်လျော်စွာမြှင့်တင်ပေးဖို့လိုအပ်ပါတယ်

ဝန်ထမ်းတွေအနေနဲ့မျှော်လင့်ချက်ကိုယ်စီရှိကြမယ်။ကြိုးစားမှုအတိုင်းအတာကိုလိုက်ပြီးအချိန်အပိုင်းအခြားအလိုက် ရာထူး၊လစာလုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပေးမယ်ဆိုရင် တော်တဲ့လူတွေအနေနဲ့ ပြောင်းရွှေ့ဖို့ပြန်ပြီးစဉ်းစားပါလိမ့်မယ်။အချိန်ကာလကိုတော့သတိထားမိဖို့လိုပါတယ်။ကိုယ်က ဘယ်အချိန်မှာ ဒီလိုလုပ်ပေးဖို့လိုတာလည်းဆိုတာကို ကောင်းစွာနားလည်သဘောပေါက်ရင်တော့အကောင်းဆုံးပါ။

✔️စံနှုန်းများအထက်မှာ ပေးစေဖို့ လိုပါတယ်

ဒီအချက်က ငွေကြေးပိုင်းအရေးကြီးလာတဲ့အတွက် BOD တွေချမှတ်ပေးဖို့က အရေးကြီးပါတယ်။ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်၊ဥပမာယာဉ်မောင်းတစ်ယောက်လစာက (၂)သိန်းထားမယ်ဆိုပါစို့ Market Rate အရဒီလောက်တော့ရှိမယ်ဆိုရင် အနည်းငယ်ပိုစေဖို့ပြောတာပါ။ဒါပေမဲ့ ဆောင်ရွက်ဖို့ကြတော့ ငွေကြေးကုန်ကျမှုတွေရှိနေပြန်တော့ သေချာတော့ စဉ်းစားမှုပြုရပါလိမ့်မယ်။ လစာကောင်းတဲ့ အလုပ်ကို အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေက စုပြုံတိုးကြတာ သဘာဝကျပါတယ်။

✔️ပြန်လည်အသုံးချနိုင်အောင် ဆောင်ရွက်ပေးပါ

ကိုယ်က အရည်အချင်းရှိတဲ့ ဝန်ထမ်းဆီက ကိုယ့်လုပ်ငန်းအတွက် ဘာတွေရနိုင်မလဲ ၊သူ့ရဲ့ ဖြည့်သွင်းထားတဲ့ အရည်အချင်းတွေကို ရရှိအောင် ဆောင်ရွက်ပြီး ပြန်လည်အသုံးချခိုင်းဖို့လိုအပ်ပါတယ်။

✔️ဖန်တီးမှုနဲ့ တီထွင်ဆန်းသစ်မှုများကို အားပေအားမြှောက်ပြုပါ

အရည်အချင်းရှိတဲ့သူတွေက စိန်ခေါ်မှုအသစ်တွေ ၊တီထွင်ဆန်းသစ်မှုများကို လုပ်ဆောင်နိုင်ကြပါတယ်။ဒါကိုဖော်ထုတ်ပါ အားပေးပါ။ ဒီအားသာချက်က ကိုယ့်အဖွဲ့အစည်းဆီကို အကောင်းဆုံး တိုးတက်မှုတွေ ယူဆောင်လာနိုင်ပါတယ်။

✔️ဖော်ရွေရင်းနှီးသော ယှဉ်ပြိုင်မှုမျိုးကို အသုံးပြုပေးပါ

လုပ်ငန်းခွင်မှာ ဝန်ထမ်းအချင်းချင်းယှဉ်ပြိုင်လုပ်ဆောင်နိုင်မှုက အရေးကြီးပါတယ်။ဒါပေမဲ့ တစ်ခါတစ်လေမှာ အချင်းချင်းယှဉ်ပြိုင်မှုတွေကနေ မလိုမုန်းတီးစိတ်တွေ ၊အာဃာတ တရားတွေနဲ့အတူ အချင်းချင်းအဆင်မပြေမှုတွေဖြစ်ပေါ်စေပြီး အဖွဲ့အစည်းပါပြိုကွဲတက်ပါတယ်။ဒိတော့ ဖော်ရွေရင်းနှီးတဲ့ ယှဉ်ပြိုင်မှုပုံစံမျိုးကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

တကယ်တော့ လူတော်တွေကို ထိန်းသိမ်းဖို့ခက်ခဲပါတယ်။နေရာထိုင်ခင်း ၊လုပ်ခလစာ ၊ခံစားခွင့်တွေ ပေးရင်တောင်ကျန်းမာရေး ၊မိသားစု အရေး၊တစ်ခြားလူမှုရေးကိစ္စရပ်တွေကြောင့်လည်းကိုယ်ဆီက ထွက်ခွာသွားတက်ပါတယ်။ဒီတော့ ကိုယ်က ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို တော့ကိုယ်တိုင်ဆုံးဖြတ်စေချင်ပါတယ်။

ရေးသားသူ - ထိန်လင်းကျော်(HR)

(Zawgyi)

သင့္၀န္ထမ္းေကာင္းေတြ မဆုံးရွံးေစဖို့ ဘယ္လို လုပ္မလဲ ?

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️


Htain Lin Kyaw (HR)

လတ္တေလာ လုပ္ငန္းခြင္မွာ ၾကားေနရတာက အရည္အခ်င္းရွိတဲ့ ၀န္ထမ္းေတြ ၊တကယ္ေတာ္တဲ့သူေတြ ခဏခဏ ထြက္ၾကတယ္ဆိုတာပါပဲ ။

ဘာေၾကာင့္ပဲထြက္ထြက္ သူတို့ဆီမွာ ရွိေနတဲ့ အရည္အခ်င္းက အဖြဲ႕အစည္းေပၚ အမွန္တကယ္ အက်ိဳးျပဳနိုင္တယ္ ဆိုရင္ ကိုယ့္အတြက္ ဆုံးရွံးမွုေတာ့ရွိတာပါပဲ ။

သူေဌးေတြကေတာ့ လက္သုံးစကားစကားအေနနဲ႔ ငကန္းေသ ငေဆြ လာလိမ့္မယ္လို့ သုံးၾကတယ္။ ငေဆြေတြ  မ်ားေနရင္ ေတာ့ အဲ့အဖြဲ႕အစည္းကလည္း ေဆြေစာင္းေနယုံမွ တပါးဘာရွိမွာပါလဲ။

❗လုပ္ငန္းခြင္ထဲမွာ အေတာ္ဆုံးဝန္ထမ္းေတြ ရွိေနတာက ကိုယ့္အတြက္ အေကာင္းဆုံးအေျခအေနလို့ ယူဆပါသလား ?

❗ဒါမွမဟုတ္ယွဥ္ၿပိဳင္ဖက္ေတြထက္ သာလြန္တဲ့ အေနအထား တစ္ခု ရွိေနတယ္လို့ ထင္ျမင္မလား ?

တစ္ခါတစ္ေလ လူေတာ္ေတြကိုထိန္းခ်ဳပ္ရတာခက္ခဲပါတယ္။ ကိုယ့္အဖြဲ႕အစည္းက ႀကီးမားတဲ့အေနအထားမွာဆိုရင္ လူေတာ္ေတြ ပိုၿပီးလိုအပ္ပါတယ္။ပိုၿပီးလိုအပ္လို့ ပိုၿပီးရွိလာေလေလလူေတာ္ မ်ားတဲ့ အဖြဲ႕အစည္းက ထိန္းေကာင္းရခက္ေလပါပဲ။

ဒီေနရာမွာ တစ္ခုတင္ျပခ်င္တာက လူေတာ္တိုင္း လူေကာင္းျဖစ္ပါ့မလားဆိုတာ ကိုလည္း ေတြးဖို့လိုပါတယ္။ေတာ္တယ္ မေကာင္းဘူး ၊ေကာင္းတယ္မေတာ္ဘူး ဆိုတဲ့ စရိုက္ပုံစံကြဲျပားျခင္းကို ေတာ့ ကြဲျပားစြာနားလည္ လက္ခံထားဖို့လိုပါတယ္။

ေတာ္တဲ့ လူေတြကို ထိန္းသိမ္းရတာခက္ပါတယ္၊ေတာ္တဲ့ လူပိုမ်ားတဲ့ အဖြဲ႕အစည္းမွာဆိုရင္ေတာ့ ပိုၿပီးထိန္းေက်ာင္းရခက္ခဲလာပါတယ္။ဒါကလည္း HR ေတြအတြက္ ေခါင္းခဲရတဲ့ ျပသာနာပါ။ ေတာ္တဲ့ လူေတြကို ပ်ံသန္းခြင့္ေပးလိုက္ခ်င္ေပမဲ့ တစ္ခါတစ္ေလ အစားထိုးရခက္ခဲတဲ့ သူေတြအတြက္ဆက္ၿပီးထိန္းသိမ္းလိုက္ရတာမ်ိဳးလည္း ရွိၾကမွာပါ။

ေရရွည္မဟုတ္ရင္ေတာင္ကာလတစ္ခုအထိ ထိန္းသိမ္းလိုက္ျခင္းကလည္း အစားထိုးဖို့အတြက္ အခ်ိန္ကာလ တစ္ခုရသြားေစနိုင္တာမို့ ပါ။ အဓိက က တစ္ဦးမွီခို အားထားေနရတဲ့အဖြဲ႕အစည္းေတြ ၊ လူတစ္စု အေပၚမွာသာ အားကိုးရတဲ့ အေျခအေနေတြမွာဆို ရင္ ပိုၿပီး ရပ္တည္ရခက္ခဲရပါတယ္ ။ လြယ္လြယ္ေျပာရရင္ secession  Planning ေကာင္းေကာင္းမရွိတဲ့အခါ သူတို့ ထြက္သြားရင္ တိုင္ပတ္တာပါပဲ ။

  လူတစ္ေယာက္ကို ထိန္းသိမ္းဖို့က သူရဲ့ လိုအပ္ခ်က္ ၊လိုအင္ဆႏၵ ဒါေတြကို အရင္ဆုံးသိရပါမယ္။ ဒါေၾကာင့္ တစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီမွာ မတူညီတဲ့ လိုအပ္ခ်က္ ၊လိုအင္ဆႏၵေတြကို ကိုယ္က သိေအာင္ေလ့လာရပါမယ္၊အၾကမ္းမ်ဥ္းေျပာၾကရရင္

Maslow's hierarchy of needs     ေတြျဖစ္တဲ့

🔹physiological

🔹Safety

🔹Love and belonging

🔹Esteem

🔹Self-actualizationေတြ ေလာက္ ေတာ့
ခြဲျခားသိျမင္ထားရမွာ ျဖစ္ပါတယ္။

ဒီေတာ့  လိုခ်င္တာကို ေဖာ္ထုတ္နိုင္ၿပီဆိုရင္  ဘာဆက္လုပ္ရမလဲဆိုတာကို စဥ္းစားလို့ ရလာနိုင္ၿပီျဖစ္ပါတယ္။ကိုယ္က ေနာက္ဆုံးဆုံးျဖတ္ခ်က္ခ် ရတဲ့ အေနအထားမဟုတ္ပဲ Top Management ကို ဆက္လက္တင္ျပရမယ္ဆိုရင္ေတာ့ အဲ့ဒိဝန္ထမ္းရဲ့ စြမ္းေဆာင္ရည္ပိုင္းနဲ႔ ေဆာင္ရြက္ခဲ့တဲ့ ေအာင္ျမင္မွုအပိုင္းေတြကို အေသးစိတ္မွတ္တမ္းတင္ထားတဲ့ ကိုယ္ေရးမွတ္တမ္းမ်ိဳးကို ေသခ်ာစြာ ထိန္းသိမ္းထားနိုင္ဖို့လိုပါတယ္။

ေနာက္ၿပီးဝန္ထမ္းအခ်င္းခ်င္းရဲ့ သေဘာထားမွတ္ခ်က္ေတြနဲ႔အတူတင္ျပထားနိုင္မွ အထက္လူႀကီးေတြက အသိအမွတ္ျပဳနိုင္မွာျဖစ္ပါတယ္။ဒါဆိုရင္ေတာ့ ဒီဝန္ထမ္းက အရည္အခ်င္းရွိတဲ့သူတကယ္ေတာ္တဲ့ လူဆိုတာ ေသခ်ာသြားၿပီဆိုရင္ သူ႔ကိုထိန္းသိမ္းဖို့ ေဆာင္ရြက္တဲ့အခါ ကိုယ့္အတြက္ အေထာက္အပံ့ ရရွိနိုင္မွာပါ။

ဝန္ထမ္းတစ္ေယာက္အလုပ္ထြက္မယ္ဆိုရင္ ကနဦး အရင္ဆုံးစဥ္းစားၾကတာက လစာတိုးေပးဖို့ ၊ရာထူးတိုးေပးဖို့ပါပဲ။အေျခခံ အခ်က္အလက္အရေတာ့ မွန္ေကာင္းမွန္ပါလိမ့္မယ္။ဒါေပမဲ့ တိက်တဲ့ အေျဖလားဆိုတာေတာ့ မဟုတ္ပါဘူး။လူတိုင္းက လိုခ်င္တာခ်င္းမတူၾကတဲ့ အေျခအေနမွာ ကိုယ္က သူတို့ကို ထိန္းသိမ္းနိုင္ဖို့ ပါးနပ္မွ ရပါလိမ့္မယ္။

တစ္ခ်ိဳ့က လစာကိုပိုလိုအပ္တယ္တစ္ခ်ိဳ့က ေနရာ ၊တစ္ခ်ိဳ့က လုပ္ပိုင္ခြင့္ ၊တစ္ခ်ိဳ့က ေပ်ာ္ရြင္ဖြယ္ မိသားစုဆန္တဲ့ လုပ္ငန္းခြင္ ၊တစ္ခ်ိဳ့ တစ္ခ်ိဳ့ ေတြၾကား မိတ္ေဆြကေကာ ဘာလိုခ်င္တာလဲ။ဘာေတြလုပ္ေပးနိုင္မယ္ထင္သလဲ ဆိုတာေတာ့ ကိုယ့္ဝန္ထမ္းအေၾကာင္း ကိုယ္က ပိုသိဖို့လိုပါတယ္။အေျခခံအခ်က္အလက္ေတြျဖစ္တဲ့ လစာ၊ရာထူးေၾကာင့္ ဆိုရင္ေတာ့ အထက္က တင္ျပခဲ့သလို သူရဲ့ အရည္အခ်င္းမွတ္တမ္းနဲ႔အတူသေဘာထားမွတ္ခ်က္ျပဳၿပီး Top Managementကိုတင္ေပးၾကည့္ပါ။

တကယ္လိုအပ္ေၾကာင္း အရည္အခ်င္းရွိသူျဖစ္ေၾကာင္း ယုံၾကည္လက္ခံလာမယ္ဆိုရင္ေတာ့ ကိစၥက ျပတ္ၿပီေပါ့၊အကယ္၍ မရခဲ့ဘူးဆိုရင္ေတာင္ ကာလတစ္ခုအတြက္ အာမခံခ်က္ေပးတာမ်ိဳးကို ေတာင္းဆိုၿပီး အဲ့ဝန္ထမ္းကို ျပန္လည္ ရွင္းလင္းေပးပါ။ လက္မခံနိုင္ခဲ့ရင္ေတာ့ သူ႔ဘဝအတြက္ လြတ္လပ္စြာပ်ံသန္းနိုင္ပါေစေပါ့။

ဆက္ၿပီးတင္ျပခ်င္တာက ရာထူးလစာထက္ ၊ပိုၿပီးႀကီးေလးတဲ့ တာဝန္ လုပ္ငန္းေတြကိုေဆာင္ရြက္ခ်င္တဲ့ ဝန္ထမ္းမ်ိဳးေတြကိုထိန္းသိမ္းရာမွာေတာ့ သူတို့ တကယ္လုပ္ကိုင္နိုင္လားဆိုတာကို ထည့္သြင္းစဥ္းစားေစခ်င္ပါတယ္။လူတိုင္းက အေသးအဖြဲေလးေတြမလုပ္ခ်င္ၾကဘူး။လုပ္ငန္းမွာ အေရးပါအရာေရာက္တဲ့ အပိုင္းေတြမွာပဲ ပိုၿပီးစိတ္ဝင္စားတယ္။ဒါဆိုရင္ ဒီအပိုင္းေတြကို တကယ္လုပ္ကိုင္ေဆာင္ရြက္နိုင္ၿပီလားဆိုတာကို ထည့္သြင္စဥ္းစားရမယ့္ အေျခအေနျဖစ္လာပါၿပီ။

သူ႔ရဲ့ Skill ,Knowledge ,Attitude ေတြ ဘယ္ေလာက္ထိတိုးတက္ေနၿပီလဲ ၊ ဒီအဆင့္ေတြကို ေကာ တကယ္ေဆာင္ရြက္နိုင္ေနၿပီလားဆိုတာကို ကနဦးစစ္ေဆးမွုေတြလုပ္ပါ။တကယ္ေတာ္ရင္လုပ္နိုင္ရင္ ေပးလုပ္လိုက္ပါ။အားလုံးမဟုတ္ေတာင္ တစ္ခ်ိဳ့တစ္ဝက္ကို လႊဲအပ္လုပ္ကိုင္နိုင္ဖို့ စဥ္းစားပါ။ေနာက္ၿပီး တကယ္လုပ္လာနိုင္ရင္လည္း ခ်ီးျမႇင့္ေျမႇာက္စားမွုျပဳေပးပါ။

အကယ္၍မ်ား လုပ္သာ လုပ္ခ်င္စိတ္ရွိတယ္၊အရည္အခ်င္းက အဲေလာက္ထိ မလုပ္နိုင္ေသးဘူးဆိုရင္ေတာ့ တြဲဖက္သင္ယူမွု ျပဳလုပ္နိုင္သည့္အထိလက္တြဲေခၚယူနိုင္ပါတယ္။အတင္းဇြတ္လုပ္ဖို့ ခ်ည္းပဲေတာင္းဆိုေနရင္ေတာ့ဆက္လက္ဆြဲေခၚထားဖို့ မသင့္ပါဘူး။

လုပ္ငန္းအဖြဲ႕အစည္းတိုင္းကေတာ့တကယ္ေတာ္တဲ့လူေတြကိုထိန္းသိမ္းထားခ်င္ၾကပါတယ္။အဲလိုထိန္းသိမ္းနိုင္ဖို့လည္း အစီအမံေတြ ထားရွိၾကတယ္။သင္တန္းေပးတတ္တာေတြ၊နိုင္ငံျခားခရီးစဥ္ေတြ ၊ေငြေၾကး ေခ်းဌားမွုေတြ ျပဳလုပ္ၿပီးထိန္းသိမ္းၾကတာရွိသလို စာခ်ဳပ္စာတမ္းေတြနဲ႔လည္း ကာလတစ္ခုအထိ ထိန္းခ်ဳပ္ထားတာ ရွိပါတယ္။ဘယ္လိုပဲထိန္းသိမ္းပါေစ ကိုယ့္အဖြဲ႕အစည္းရဲ့ဓေလ့စရိုက္နဲ႔ကိုက္ညီတဲ့နည္းလမ္းေတြကို အသုံးျပဳၾကတာမ်ားပါတယ္။

ဒီေတာ့ အေျခခံအခ်က္အလက္ေလး တစ္ခ်ိဳ့ကိုပဲတင္ျပပါရေစ။

✔️သင့္ေလ်ာ္စြာျမႇင့္တင္ေပးဖို့လိုအပ္ပါတယ္

ဝန္ထမ္းေတြအေနနဲ႔ေမၽွာ္လင့္ခ်က္ကိုယ္စီရွိၾကမယ္။ႀကိဳးစားမွုအတိုင္းအတာကိုလိုက္ၿပီးအခ်ိန္အပိုင္းအျခားအလိုက္ ရာထူး၊လစာလုပ္ပိုင္ခြင့္ေတြ တိုးျမႇင့္ေပးမယ္ဆိုရင္ ေတာ္တဲ့လူေတြအေနနဲ႔ ေျပာင္းေရႊ႕ဖို့ျပန္ၿပီးစဥ္းစားပါလိမ့္မယ္။အခ်ိန္ကာလကိုေတာ့သတိထားမိဖို့လိုပါတယ္။ကိုယ္က ဘယ္အခ်ိန္မွာ ဒီလိုလုပ္ေပးဖို့လိုတာလည္းဆိုတာကို ေကာင္းစြာနားလည္သေဘာေပါက္ရင္ေတာ့အေကာင္းဆုံးပါ။

✔️စံႏွုန္းမ်ားအထက္မွာ ေပးေစဖို့ လိုပါတယ္

ဒီအခ်က္က ေငြေၾကးပိုင္းအေရးႀကီးလာတဲ့အတြက္ BOD ေတြခ်မွတ္ေပးဖို့က အေရးႀကီးပါတယ္။ျဖစ္ခ်င္မွလည္း ျဖစ္ပါလိမ့္မယ္၊ဥပမာယာဥ္ေမာင္းတစ္ေယာက္လစာက (၂)သိန္းထားမယ္ဆိုပါစို့ Market Rate အရဒီေလာက္ေတာ့ရွိမယ္ဆိုရင္ အနည္းငယ္ပိုေစဖို့ေျပာတာပါ။ဒါေပမဲ့ ေဆာင္ရြက္ဖို့ၾကေတာ့ ေငြေၾကးကုန္က်မွုေတြရွိေနျပန္ေတာ့ ေသခ်ာေတာ့ စဥ္းစားမွုျပဳရပါလိမ့္မယ္။ လစာေကာင္းတဲ့ အလုပ္ကို အရည္အခ်င္းရွိတဲ့ ဝန္ထမ္းေတြက စုျပဳံတိုးၾကတာ သဘာဝက်ပါတယ္။

✔️ျပန္လည္အသုံးခ်နိုင္ေအာင္ ေဆာင္ရြက္ေပးပါ

ကိုယ္က အရည္အခ်င္းရွိတဲ့ ဝန္ထမ္းဆီက ကိုယ့္လုပ္ငန္းအတြက္ ဘာေတြရနိုင္မလဲ ၊သူ႔ရဲ့ ျဖည့္သြင္းထားတဲ့ အရည္အခ်င္းေတြကို ရရွိေအာင္ ေဆာင္ရြက္ၿပီး ျပန္လည္အသုံးခ်ခိုင္းဖို့လိုအပ္ပါတယ္။

✔️ဖန္တီးမွုနဲ႔ တီထြင္ဆန္းသစ္မွုမ်ားကို အားေပအားေျမႇာက္ျပဳပါ

အရည္အခ်င္းရွိတဲ့သူေတြက စိန္ေခၚမွုအသစ္ေတြ ၊တီထြင္ဆန္းသစ္မွုမ်ားကို လုပ္ေဆာင္နိုင္ၾကပါတယ္။ဒါကိုေဖာ္ထုတ္ပါ အားေပးပါ။ ဒီအားသာခ်က္က ကိုယ့္အဖြဲ႕အစည္းဆီကို အေကာင္းဆုံး တိုးတက္မွုေတြ ယူေဆာင္လာနိုင္ပါတယ္။

✔️ေဖာ္ေရြရင္းႏွီးေသာ ယွဥ္ၿပိဳင္မွုမ်ိဳးကို အသုံးျပဳေပးပါ

လုပ္ငန္းခြင္မွာ ဝန္ထမ္းအခ်င္းခ်င္းယွဥ္ၿပိဳင္လုပ္ေဆာင္နိုင္မွုက အေရးႀကီးပါတယ္။ဒါေပမဲ့ တစ္ခါတစ္ေလမွာ အခ်င္းခ်င္းယွဥ္ၿပိဳင္မွုေတြကေန မလိုမုန္းတီးစိတ္ေတြ ၊အာဃာတ တရားေတြနဲ႔အတူ အခ်င္းခ်င္းအဆင္မေျပမွုေတြျဖစ္ေပၚေစၿပီး အဖြဲ႕အစည္းပါၿပိဳကြဲတက္ပါတယ္။ဒိေတာ့ ေဖာ္ေရြရင္းႏွီးတဲ့ ယွဥ္ၿပိဳင္မွုပုံစံမ်ိဳးကို ဖန္တီးေပးဖို့ လိုအပ္ပါတယ္။

တကယ္ေတာ့ လူေတာ္ေတြကို ထိန္းသိမ္းဖို့ခက္ခဲပါတယ္။ေနရာထိုင္ခင္း ၊လုပ္ခလစာ ၊ခံစားခြင့္ေတြ ေပးရင္ေတာင္က်န္းမာေရး ၊မိသားစု အေရး၊တစ္ျခားလူမွုေရးကိစၥရပ္ေတြေၾကာင့္လည္းကိုယ္ဆီက ထြက္ခြာသြားတက္ပါတယ္။ဒီေတာ့ ကိုယ္က ဘယ္လိုထိန္းသိမ္းရမလဲဆိုတာကို ေတာ့ကိုယ္တိုင္ဆုံးျဖတ္ေစခ်င္ပါတယ္။

ေရးသားသူ - ထိန္လင္းေက်ာ္(HR)

No comments: