Sunday, May 24, 2020

"ကိုယ္ေပ်ာက္ လိင္မုဆိုးမ်ား"

"ကိုယ္ေပ်ာက္ လိင္မုဆိုးမ်ား"
(ဆန္းေဒးေဆာင္းပါး)


ကၽြန္ေတာ္တို့ က်င္လည္ေနရတဲ့ အခုေခတ္ႀကီးကို နားလည္ဖို့ လိုအပ္ပါတယ္။ ေခတ္ႀကီး အိုင္တီနည္းပညာ အရမ္းထြန္းကားၿပီး ကိစၥေတာ္ေတာ္မ်ားမ်ားဟာ အဲသည္အေပၚမွာ အေျချပဳလည္ပတ္ေနတာကို အထင္းသား ေတြ႕ျမင္နိုင္ပါတယ္။ လူမွုအသိုက္အဝန္းထဲမွာ အိုင္တီကို အေျချပဳၿပီး လည္ပတ္ေနတဲ့ လူမွုကြန္ယက္ဆိုတာဟာ အိုင္တီကို ပင္မအေျချပဳထားတယ္ဆိုတာလည္း ထင္ရွားပါတယ္။ ဒီေန႔ေခတ္ လက္ကိုင္ဖုန္းတစ္လုံးဟာ လူတစ္ေယာက္အတြက္ ေျပာဆိုဆက္သြယ္စရာ ကိရိယာတစ္ခုကေန အသက္ဇီဝိန္ကို ေႁခြပစ္နိုင္တဲ့ လက္နက္တစ္ခုအထိ အသြင္ေျပာင္းသြားနိုင္တယ္ဆိုတာ ေသခ်ာသိသင့္ပါတယ္။

လက္ကိုင္ဖုန္းတစ္ခုေပၚကေန မိမိေနအိမ္၊ ရပ္ကြက္၊ ၿမိဳ့၊ နိုင္ငံနဲ႔ ကမၻာ့ရပ္ဝန္းအသီးသီးကို အရွိန္ဟုန္ျမန္ျမန္နဲ႔ အတားအဆီးမဲ့ ျဖတ္သန္းခ်ိတ္ဆက္ေနနိုင္တာဟာ ေကာင္းက်ိဳးတစ္ခုကို ဖန္တီးေစနိုင္တဲ့ အခြင့္အေရးပါ။ နည္းပညာဟာ ေကာင္းက်ိဳးအတြက္ ရည္စူးေပမယ့္ နည္းပညာရဲ့စြမ္းအားေပၚကေန မသမာတဲ့ အက်င့္ဆိုး အက်င့္ယုတ္ရွိသူေတြ ဖန္တီးတဲ့ ကိစၥရပ္ေတြဟာ အႏၲရာယ္တစ္ခုလို ျဖစ္လာပါတယ္။ နည္းပညာရဲ့ စြမ္းအားကို အက်င့္ယုတ္ယုတ္ အသုံးခ်တာပါပဲ။ ဒါေၾကာင့္ နည္းပညာမွာ အလင္းအျခမ္းနဲ႔ အေမွာင္အျခမ္းဆိုတာ ရွိလာစျမဲပါ။

အသက္အရြယ္ ႏုနယ္တဲ့ စဥ္းစားဉာဏ္မျပည့္စုံနိုင္ေသးတဲ့ ကေလးငယ္ေတြ၊ အရြယ္ေရာက္စ ဆယ္ေက်ာ္သက္ေတြအတြက္ မိဘျဖစ္သူေတြ၊ ေဆြမ်ိဳးျဖစ္သူေတြ၊ အစ္ကိုႀကီး အမႀကီးျဖစ္သူေတြ၊ အုပ္ထိန္းသူျဖစ္သူေတြ မသိလိုက္နိုင္တဲ့ အႏၲရာယ္တစ္ခ်ိဳ့ဟာ လက္ကိုင္ဖုန္းေပၚကေန ျဖစ္ေပၚေလ့ ရွိပါတယ္။ နည္းပညာရဲ့ အေမွာင္အျခမ္းထဲက သမာသူေတြရဲ့ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္တာေတြ၊ အနိုင္က်င့္တာေတြ၊ ေစာ္ကားေႏွာက္ယွက္တာေတြ၊ ေသြးေဆာင္ျဖားေယာင္းတာေတြကို ခ်င့္ခ်ိန္ေျဖရွင္း ခုံခံကာကြယ္ဖို့ဆိုတာဟာ အသက္အရြယ္ ႏုနယ္တဲ့ စဥ္းစားဉာဏ္မျပည့္စုံနိုင္ေသးတဲ့ ကေလးငယ္ေတြ၊ အရြယ္ေရာက္စ ဆယ္ေက်ာ္သက္ေတြအဖို့ လုံေလာက္တဲ့ ဗဟုသုတ မရွိထားရင္ အရမ္းခက္ခဲပါတယ္။

အဲသည္ မသမာသူ လိင္မုဆိုးေတြဟာ သင့္ကေလးငယ္၊ သင့္တူ၊ သင့္တူမ၊ သင့္ညီငယ္၊ သင့္ညီမဆီကို ဝင္ေရာက္ေနတာဟာ လက္ကိုင္ဖုန္းကတဆင့္၊ အင္တာနက္ကတဆင့္၊ လူမွုကြန္ယက္ကတဆင့္ ဝင္ေရာက္ေနတာျဖစ္တဲ့အတြက္ သင့္ျမင္ကြင္းမွာ ေပ်ာက္ေနနိုင္ပါတယ္။ သင့္အိမ္တံခါးကို လုံျခဳံေအာင္ ပိတ္ထားၿပီး မိမိအိမ္ရဲ့ အခန္းထဲမွာ ကေလးငယ္/ဆယ္ေက်ာ္သက္ (သင့္ကေလးငယ္၊ သင့္တူ၊ သင့္တူမ၊ သင့္ညီငယ္၊ သင့္ညီမ)ကို ထားလိုက္႐ုံနဲ႔ လုံျခဳံသြားၿပီလို့ တြက္မယ္ဆိုရင္ေတာ့ အႀကီးအက်ယ္ မွားယြင္းသြားနိုင္ပါတယ္။ အင္တာနက္ အေျချပဳထားတဲ့ဆီကေနတဆင့္ ကေလးငယ္နဲ႔ ဆယ္ေက်ာ္သက္ေတြဆီကို လက္ကိုင္ဖုန္းကေန “ကိုယ္ေပ်ာက္လိင္မုဆိုး”ေတြဟာ အမဲလိုက္ေနသလိုမ်ိဳး ဝင္ေရာက္ေနနိုင္ပါေသးတယ္။

ဒါေတြကို ကာကြယ္ဖို့အတြက္ ကေလးငယ္ေတြနဲ႔ ဆယ္ေက်ာ္သက္ေတြကို အသက္အရြယ္နဲ႔ ထိုက္သင့္တဲ့ အသိပညာေတြ (လိင္ဆိုင္ရာအသိပညာအပါအဝင္) မလြဲမေသေပးဖို့ လိုပါတယ္။ သူတို့ရဲ့ လက္ကိုင္ဖုန္းေတြကို အတိုင္းအတာတစ္ခုအထိ ထိန္းခ်ဳပ္ဖို့ စစ္ေဆးဖို့ လိုပါတယ္။ အဲဒီအတြက္ အသုံးခ်နိုင္ဖြယ္ရွိတဲ့ နည္းပညာတစ္ခုကို မိတ္ဆက္ေပးပါ့မယ္။

အဲဒါကေတာ့ ဂူးဂဲလ္မိသားစုခ်ိတ္ဆက္မွုလို့ အမည္ရတဲ့ Google Family Link ဆိုတဲ့ အသုံးခ်ေဆာ့ဖ္ဝဲပါ။ ကေလးငယ္ရဲ့ လက္ကိုင္ဖုန္းသုံးစြဲခ်ိန္အတြက္ နာရီဘယ္ေလာက္ေပးမယ္ (အခ်ိန္နာရီေတြအမ်ားႀကီး မသုံးနိုင္ကန္႔သတ္တာမ်ိဳး)၊ ဘယ္အခ်ိန္နာရီကေန ဘယ္အခ်ိန္နာရီအတြင္းပဲ သုံးခြင့္ေပးမယ္ (ညဥ့္မနက္ေစေအာင္ထိန္းခ်ဳပ္တာမ်ိဳး)၊ ဘာေတြကို သုံးထားလဲ၊ တစ္ခုခ်င္းစီကို အခ်ိန္ဘယ္ေလာက္သုံးထားလဲ ဆိုတဲ့ စာရင္းကို သူ႔ဖုန္းကို သြားၾကည့္စရာမလိုဘဲ မိမိဖုန္းကေန ၾကည့္လို့ရတာမ်ိဳး၊ App တစ္ခုခုကို သူ႔ဖုန္းထဲ ထည့္သြင္းဖို့ လုပ္တဲ့အခါတိုင္း မိမိ Google အေကာင့္ဆီမွာ ခြင့္ျပဳခ်က္ေတာင္းတာ ေပၚလာတာမ်ိဳး၊ မိမိက Approve လုပ္မွ တစ္ဘက္က သူ႔စက္ထဲကို Google က သြင္းခြင့္ေပးတာမ်ိဳး။ ဒါေတြကို Google Family Link က ေဆာင္ရြက္ေပးပါတယ္။ သူ႔ရဲ့ ေဆာင္ပုဒ္ကေတာ့  Help your family create healthy digital habits လို့ ဆိုထားပါတယ္။ က်န္းမာသန္႔စင္ေကာင္းမြန္တဲ့ ဒစ္ဂ်စ္တယ္ဆိုင္ရာ အေလ့အက်င့္တည္ေဆာက္ျခင္းလို့ သုံးႏွုံးထားပါတယ္။ အန္းဒရိုက္လက္ကိုင္ဖုန္းေတြက Google ရဲ့ စနစ္နဲ႔မို့ အလြယ္တကူ ထည့္လို့ရနိုင္ပါတယ္။ အိုင္ဖုန္းေတြကေတာ့ ဒါကို အျပည့္အဝသုံးဖို့ ခက္နိုင္ပါတယ္။ အိုင္ဖုန္းေတြမွာလည္း သူ႔ရဲ့ parental controls (အုပ္ထိန္းသူ ထိန္းခ်ဳပ္မွု) ဆိုတာ ရွိပါတယ္။

အဲသည္လို ထိန္းခ်ဳပ္ေစာင့္ၾကည့္မွုေတြကို ဒစ္ဂ်စ္တယ္နည္းပညာအားျဖင့္ လုပ္ေဆာင္မွသာ ကိုယ္ေပ်ာက္လိင္မုဆိုးေတြ ဝင္ေရာက္မွုကို သိရွိကာကြယ္နိုင္မွာ ျဖစ္ပါတယ္။ ကုလသမဂၢ ပညာေရး၊ သိပၸံႏွင့္ ယဥ္ေက်းမွုအဖြဲ႕ (UNESCO) ကေန ကမၻာ့ နိုင္ငံအသီးသီးရဲ့ ပညာေရးစနစ္မွာ လိင္မွုဆိုင္ရာပညာေပးသင္ၾကားမွု ထည့္သြင္းဖို့ အႀကံျပဳထားၿပီး အဲသည္အတြက္ လမ္းညႊန္ခ်က္ (guideline) ေတြထဲမွာ အင္တာနက္ေပၚမွ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မွုမ်ားအပါအဝင္) လိင္ပိုင္းဆိုင္ရာ အနိုင္အထက္ျပဳမွုမ်ား၊ (အင္တာနက္ေပၚမွ လိင္ပိုင္းဆိုင္ရာ အနိုင္က်င့္မွုမ်ား အပါအဝင္) လိင္ပိုင္းဆိုင္ရာေစာ္ကားေႏွာင့္ယွက္မွုမ်ား၊ အနိုင္က်င့္မွုမ်ားကို ဥပမာမ်ားျဖင့္ ေဖာ္ျပနိုင္ေရး ဆိုတာေတြ ပါဝင္ပါတယ္။

မိတ္ေဆြတို့အေနနဲ႔နဲ႔ သင့္အိမ္တံခါးကို လုံျခဳံေအာင္ ပိတ္ထားၿပီး မိမိအိမ္ရဲ့ အခန္းထဲမွာ ကေလးငယ္/ဆယ္ေက်ာ္သက္ (သင့္ကေလးငယ္၊ သင့္တူ၊ သင့္တူမ၊ သင့္ညီငယ္၊ သင့္ညီမ)ကို ထားလိုက္႐ုံနဲ႔ လုံျခဳံသြားၿပီလို့ မွတ္ယူလိုက္တာမ်ိဳး မလုပ္ဘဲ သင့္ကေလးငယ္၊ သင့္တူ၊ သင့္တူမ၊ သင့္ညီငယ္၊ သင့္ညီမဆီကို လက္ကိုင္ဖုန္းကတဆင့္၊ အင္တာနက္ကတဆင့္၊ လူမွုကြန္ယက္ကတဆင့္ ဝင္ေရာက္ေနနိုင္တဲ့ ကိုယ္ေပ်ာက္လိင္မုဆိုးေတြကို ထိုက္သင့္သလို ကာကြယ္နိုင္ၾကပါေစ။

ေလးစားလ်က္

⬛️ကိုဂ်ိမ္းစ္
ဓာတ္ပုံ - Google Family Link မွ ထိန္းခ်ဳပ္ၾကည့္ရွုမွု နမူနာပုံတစ္ခု

(Unicode)

"ကိုယ်ပျောက် လိင်မုဆိုးများ"
(ဆန်းဒေးဆောင်းပါး)


ကျွန်တော်တို့ ကျင်လည်နေရတဲ့ အခုခေတ်ကြီးကို နားလည်ဖို့ လိုအပ်ပါတယ်။ ခေတ်ကြီး အိုင်တီနည်းပညာ အရမ်းထွန်းကားပြီး ကိစ္စတော်တော်များများဟာ အဲသည်အပေါ်မှာ အခြေပြုလည်ပတ်နေတာကို အထင်းသား တွေ့မြင်နိုင်ပါတယ်။ လူမှုအသိုက်အဝန်းထဲမှာ အိုင်တီကို အခြေပြုပြီး လည်ပတ်နေတဲ့ လူမှုကွန်ယက်ဆိုတာဟာ အိုင်တီကို ပင်မအခြေပြုထားတယ်ဆိုတာလည်း ထင်ရှားပါတယ်။ ဒီနေ့ခေတ် လက်ကိုင်ဖုန်းတစ်လုံးဟာ လူတစ်ယောက်အတွက် ပြောဆိုဆက်သွယ်စရာ ကိရိယာတစ်ခုကနေ အသက်ဇီဝိန်ကို ခြွေပစ်နိုင်တဲ့ လက်နက်တစ်ခုအထိ အသွင်ပြောင်းသွားနိုင်တယ်ဆိုတာ သေချာသိသင့်ပါတယ်။

လက်ကိုင်ဖုန်းတစ်ခုပေါ်ကနေ မိမိနေအိမ်၊ ရပ်ကွက်၊ မြို့၊ နိုင်ငံနဲ့ ကမ္ဘာ့ရပ်ဝန်းအသီးသီးကို အရှိန်ဟုန်မြန်မြန်နဲ့ အတားအဆီးမဲ့ ဖြတ်သန်းချိတ်ဆက်နေနိုင်တာဟာ ကောင်းကျိုးတစ်ခုကို ဖန်တီးစေနိုင်တဲ့ အခွင့်အရေးပါ။ နည်းပညာဟာ ကောင်းကျိုးအတွက် ရည်စူးပေမယ့် နည်းပညာရဲ့စွမ်းအားပေါ်ကနေ မသမာတဲ့ အကျင့်ဆိုး အကျင့်ယုတ်ရှိသူတွေ ဖန်တီးတဲ့ ကိစ္စရပ်တွေဟာ အန္တရာယ်တစ်ခုလို ဖြစ်လာပါတယ်။ နည်းပညာရဲ့ စွမ်းအားကို အကျင့်ယုတ်ယုတ် အသုံးချတာပါပဲ။ ဒါကြောင့် နည်းပညာမှာ အလင်းအခြမ်းနဲ့ အမှောင်အခြမ်းဆိုတာ ရှိလာစမြဲပါ။

အသက်အရွယ် နုနယ်တဲ့ စဉ်းစားဉာဏ်မပြည့်စုံနိုင်သေးတဲ့ ကလေးငယ်တွေ၊ အရွယ်ရောက်စ ဆယ်ကျော်သက်တွေအတွက် မိဘဖြစ်သူတွေ၊ ဆွေမျိုးဖြစ်သူတွေ၊ အစ်ကိုကြီး အမကြီးဖြစ်သူတွေ၊ အုပ်ထိန်းသူဖြစ်သူတွေ မသိလိုက်နိုင်တဲ့ အန္တရာယ်တစ်ချို့ဟာ လက်ကိုင်ဖုန်းပေါ်ကနေ ဖြစ်ပေါ်လေ့ ရှိပါတယ်။ နည်းပညာရဲ့ အမှောင်အခြမ်းထဲက သမာသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ၊ အနိုင်ကျင့်တာတွေ၊ စော်ကားနှောက်ယှက်တာတွေ၊ သွေးဆောင်ဖြားယောင်းတာတွေကို ချင့်ချိန်ဖြေရှင်း ခုံခံကာကွယ်ဖို့ဆိုတာဟာ အသက်အရွယ် နုနယ်တဲ့ စဉ်းစားဉာဏ်မပြည့်စုံနိုင်သေးတဲ့ ကလေးငယ်တွေ၊ အရွယ်ရောက်စ ဆယ်ကျော်သက်တွေအဖို့ လုံလောက်တဲ့ ဗဟုသုတ မရှိထားရင် အရမ်းခက်ခဲပါတယ်။

အဲသည် မသမာသူ လိင်မုဆိုးတွေဟာ သင့်ကလေးငယ်၊ သင့်တူ၊ သင့်တူမ၊ သင့်ညီငယ်၊ သင့်ညီမဆီကို ဝင်ရောက်နေတာဟာ လက်ကိုင်ဖုန်းကတဆင့်၊ အင်တာနက်ကတဆင့်၊ လူမှုကွန်ယက်ကတဆင့် ဝင်ရောက်နေတာဖြစ်တဲ့အတွက် သင့်မြင်ကွင်းမှာ ပျောက်နေနိုင်ပါတယ်။ သင့်အိမ်တံခါးကို လုံခြုံအောင် ပိတ်ထားပြီး မိမိအိမ်ရဲ့ အခန်းထဲမှာ ကလေးငယ်/ဆယ်ကျော်သက် (သင့်ကလေးငယ်၊ သင့်တူ၊ သင့်တူမ၊ သင့်ညီငယ်၊ သင့်ညီမ)ကို ထားလိုက်ရုံနဲ့ လုံခြုံသွားပြီလို့ တွက်မယ်ဆိုရင်တော့ အကြီးအကျယ် မှားယွင်းသွားနိုင်ပါတယ်။ အင်တာနက် အခြေပြုထားတဲ့ဆီကနေတဆင့် ကလေးငယ်နဲ့ ဆယ်ကျော်သက်တွေဆီကို လက်ကိုင်ဖုန်းကနေ “ကိုယ်ပျောက်လိင်မုဆိုး”တွေဟာ အမဲလိုက်နေသလိုမျိုး ဝင်ရောက်နေနိုင်ပါသေးတယ်။

ဒါတွေကို ကာကွယ်ဖို့အတွက် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို အသက်အရွယ်နဲ့ ထိုက်သင့်တဲ့ အသိပညာတွေ (လိင်ဆိုင်ရာအသိပညာအပါအဝင်) မလွဲမသေပေးဖို့ လိုပါတယ်။ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ဖို့ စစ်ဆေးဖို့ လိုပါတယ်။ အဲဒီအတွက် အသုံးချနိုင်ဖွယ်ရှိတဲ့ နည်းပညာတစ်ခုကို မိတ်ဆက်ပေးပါ့မယ်။

အဲဒါကတော့ ဂူးဂဲလ်မိသားစုချိတ်ဆက်မှုလို့ အမည်ရတဲ့ Google Family Link ဆိုတဲ့ အသုံးချဆော့ဖ်ဝဲပါ။ ကလေးငယ်ရဲ့ လက်ကိုင်ဖုန်းသုံးစွဲချိန်အတွက် နာရီဘယ်လောက်ပေးမယ် (အချိန်နာရီတွေအများကြီး မသုံးနိုင်ကန့်သတ်တာမျိုး)၊ ဘယ်အချိန်နာရီကနေ ဘယ်အချိန်နာရီအတွင်းပဲ သုံးခွင့်ပေးမယ် (ညဉ့်မနက်စေအောင်ထိန်းချုပ်တာမျိုး)၊ ဘာတွေကို သုံးထားလဲ၊ တစ်ခုချင်းစီကို အချိန်ဘယ်လောက်သုံးထားလဲ ဆိုတဲ့ စာရင်းကို သူ့ဖုန်းကို သွားကြည့်စရာမလိုဘဲ မိမိဖုန်းကနေ ကြည့်လို့ရတာမျိုး၊ App တစ်ခုခုကို သူ့ဖုန်းထဲ ထည့်သွင်းဖို့ လုပ်တဲ့အခါတိုင်း မိမိ Google အကောင့်ဆီမှာ ခွင့်ပြုချက်တောင်းတာ ပေါ်လာတာမျိုး၊ မိမိက Approve လုပ်မှ တစ်ဘက်က သူ့စက်ထဲကို Google က သွင်းခွင့်ပေးတာမျိုး။ ဒါတွေကို Google Family Link က ဆောင်ရွက်ပေးပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်ကတော့  Help your family create healthy digital habits လို့ ဆိုထားပါတယ်။ ကျန်းမာသန့်စင်ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အလေ့အကျင့်တည်ဆောက်ခြင်းလို့ သုံးနှုံးထားပါတယ်။ အန်းဒရိုက်လက်ကိုင်ဖုန်းတွေက Google ရဲ့ စနစ်နဲ့မို့ အလွယ်တကူ ထည့်လို့ရနိုင်ပါတယ်။ အိုင်ဖုန်းတွေကတော့ ဒါကို အပြည့်အဝသုံးဖို့ ခက်နိုင်ပါတယ်။ အိုင်ဖုန်းတွေမှာလည်း သူ့ရဲ့ parental controls (အုပ်ထိန်းသူ ထိန်းချုပ်မှု) ဆိုတာ ရှိပါတယ်။

အဲသည်လို ထိန်းချုပ်စောင့်ကြည့်မှုတွေကို ဒစ်ဂျစ်တယ်နည်းပညာအားဖြင့် လုပ်ဆောင်မှသာ ကိုယ်ပျောက်လိင်မုဆိုးတွေ ဝင်ရောက်မှုကို သိရှိကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကနေ ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ ပညာရေးစနစ်မှာ လိင်မှုဆိုင်ရာပညာပေးသင်ကြားမှု ထည့်သွင်းဖို့ အကြံပြုထားပြီး အဲသည်အတွက် လမ်းညွှန်ချက် (guideline) တွေထဲမှာ အင်တာနက်ပေါ်မှ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများအပါအဝင်) လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမှုများ၊ (အင်တာနက်ပေါ်မှ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ အပါအဝင်) လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုများ၊ အနိုင်ကျင့်မှုများကို ဥပမာများဖြင့် ဖော်ပြနိုင်ရေး ဆိုတာတွေ ပါဝင်ပါတယ်။

မိတ်ဆွေတို့အနေနဲ့နဲ့ သင့်အိမ်တံခါးကို လုံခြုံအောင် ပိတ်ထားပြီး မိမိအိမ်ရဲ့ အခန်းထဲမှာ ကလေးငယ်/ဆယ်ကျော်သက် (သင့်ကလေးငယ်၊ သင့်တူ၊ သင့်တူမ၊ သင့်ညီငယ်၊ သင့်ညီမ)ကို ထားလိုက်ရုံနဲ့ လုံခြုံသွားပြီလို့ မှတ်ယူလိုက်တာမျိုး မလုပ်ဘဲ သင့်ကလေးငယ်၊ သင့်တူ၊ သင့်တူမ၊ သင့်ညီငယ်၊ သင့်ညီမဆီကို လက်ကိုင်ဖုန်းကတဆင့်၊ အင်တာနက်ကတဆင့်၊ လူမှုကွန်ယက်ကတဆင့် ဝင်ရောက်နေနိုင်တဲ့ ကိုယ်ပျောက်လိင်မုဆိုးတွေကို ထိုက်သင့်သလို ကာကွယ်နိုင်ကြပါစေ။

လေးစားလျက်

⬛️ကိုဂျိမ်းစ်
ဓာတ်ပုံ - Google Family Link မှ ထိန်းချုပ်ကြည့်ရှုမှု နမူနာပုံတစ်ခု


No comments: