Wednesday, April 29, 2020

Sapiosexual

Sapiosexual

ဒီစကားလုံးက “သမီးတွေကို ပြောပြပေးပါ” ဟောပြောပွဲမှာ အန်တီဂျူး ပြောလို့ စသိခဲ့တဲ့ စကားလေး။ အဓိပ္ပါယ်ကတော့ Sapio ဆိုတာ ဉာဏ်ရည်ထက်တာ၊ Sexual ဆိုတာက ဆွဲဆောင်မှု ရှိတာ။ ပြောရရင် Intelligence is Sexy ပေါ့။ ရုပ်ချောတာ၊ ဘော်ဒီလှတာ၊ ချမ်းသာတာတွေထက် အဲ့လို ဉာဏ်ထက်တာကို ပိုပြီး သဘောကျတဲ့သူတွေကို Sapiosexual လို့ ခေါ်တယ်။

Pew Research Center ရဲ့ စိတ်ဝင်စားစရာ စစ်တမ်းတစ်ခု ဖတ်ဖူးတယ်။ Gender နဲ့ ပတ်သက်လို့ အမေရိကန်လူထုရဲ့ အမြင်ကို မေးထားတာ။ အဲဒီမှာ စိတ်ဝင်စားစရာ အချက်တွေ အများကြီးထဲကမှ တစ်ခုကို ပြောပြချင်တယ်။ ယောက်ျားတစ်ယောက်ဆီက ဘယ်လိုအချက်တွေကို တန်ဖိုးထားသလဲ၊ မိန်းမတစ်ယောက်ဆီကနေရော ဘယ်လိုအချက်မျိုးတွေ လိုချင်သလဲ မေးတဲ့အခါ ထွက်လာတဲ့ ရလဒ်ပါ။

ယောကျာ်းတွေဆီကနေ လိုချင်တဲ့ ထိပ်ဆုံး ၃ ချက်က

၁။ ရိုးသားမှု၊ တည်ကြည်မှု (Honesty/ Morality)
၂၊ အောင်မြင်မှု၊ ငွေကြေးပြည့်စုံမှု (Professional/ Financial success)
၃။ ရည်မှန်းချက်ကြီးခြင်း၊ ခေါင်းဆောင်နိုင်ခြင်း (Ambition/ Leadership) တို့ဖြစ်ပြီး

မိန်းမတွေဆီကတော့

၁။ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိဖို့ (Physical attractiveness)
၂။ ကိုယ်ချင်းစာတရား၊ ပြုစုပျိုးထောင်နိုင်ခြင်း၊ ကြင်နာတတ်ခြင်း (Empathy/ Nurturing/ Kindness)
၃။ ဉာဏ်ရည်ဉာဏ်သွေး (Intelligence) တို့ ဖြစ်ပါတယ်။

ပြောရရင် ကျွန်တော်တို့ဆီကနဲ့ သိပ်မကွာလှဘူး။ အမျိုးသမီးတွေအတွက် အမျိုးသားတစ်ယောက်ဆီက ရိုးသားတာ၊ သစ္စာရှိတာ (ခေတ်စကားနဲ့ ပြောရင် ခြံမခုန်တာ) အလိုချင်ဆုံး။ နောက် အရည်အချင်းရှိတယ်၊ ပိုက်ဆံချမ်းသာတယ်၊ အောင်မြင်တယ်၊ ဦးဆောင်နိုင်တယ် ဆိုတာတွေကို လိုချင်ကြတယ်။ ရုပ်ရည်တို့၊ ခန္ဓာကိုယ်အချိုးအစား၊ အလှအပတို့က ဒီလောက် မဟုတ်ဘူး။

အမျိုးသားတွေကျ အမျိုးသမီးဆို ရုပ်လှတာ၊ ငယ်ရွယ်တာ၊ အသားအရည်၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်အဆင်ပြေတာကို မက်တယ်။ နောက် သူတို့အပေါ် နားလည်ပေးတာ၊ အိမ်မှုကိစ္စနိုင်တာ၊ လိုအပ်သမျှ ဖြည့်ဆည်းပေးတာ၊ ကလေးတွေအတွက် မိခင်ကောင်း ဖြစ်တာတွေကို ပိုလိုချင်ကြတယ်။

အဲဒီမှာ စိတ်ဝင်စားစရာကောင်းတာက Intelligence ပဲ။ အောင်မြင်မှ၊ ပိုက်ဆံရှိမှ၊ ဦးဆောင်နိုင်မှုတော့ မဟုတ်ပေမဲ့ ဉာဏ်ရည်မြင့်တာကိုတော့ လိုချင်ကြသတဲ့။

တစ်ခါကလည်း ကျွန်တော့်ပေ့ချ်ကတဆင့် ညီမလေးတစ်ယောက် လာတိုင်ပင်ဖူးတယ်။ သူ့ရည်းစားက သူ့ကို အသုံးမကျလို့ လို့ ပြောပြီး ဖြတ်သွားပါတယ်တဲ့။ အဲ့ဒါ ဘယ်လိုဆက်လုပ်ရမလဲတဲ့။ အကြံပေးရတော့ ခက်သား။ ဒါမျိုးက မိန်းကလေးအချင်းချင်းဆိုရင်တော့ နင့်ကို တမင်အကြောင်းပြပြီး ဖြတ်တာလို့ ပြောမှာပေါ့။ တကယ်လည်း ဟုတ်ကောင်းဟုတ်နိုင်ပေမဲ့ ခုလိုမျိုး Sapiosexual ဖြစ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပြန်တယ်။

အဲ့လို Sapiosexual တွေဟာ ရုပ်ချောတာ၊ အပျိုစစ်တာ၊ ပိုက်ဆံရှိတာတွေထက် ထက်မြက်တာ၊ တော်တာ၊ အရည်အချင်းရှိတာကို ပိုသဘောကျကြတယ်။ Date ကြမယ်ဆိုလည်း အပြန်အလှန် စကားပြောလို့ကောင်းတာ၊ အမြင်ကျယ်တာ၊ ဖလှယ်စရာ အတွေ့အကြုံတွေ ရှိနေတာကို ပိုမက်ကြတယ်။ စာအုပ်တွေအကြောင်း ပြောမယ်၊ ကမ္ဘာကြီးအကြောင်း ဆွေးနွေးမယ်၊ သူ့အလုပ် ကိုယ့်အလုပ်အကြောင်းတွေ ဝေမျှကြမယ်။ တုံးတာ၊ ပိန်းတာ၊ ပျင်းတာတွေကို ဘယ်လိုမှ ခံနိုင်ရည် မရှိကြဘူး။

တကယ်တမ်း တွေးကြည့်ရင်လည်း ကိုယ့်လက်တွဲဖော်မှာ Intelligence ရှိဖို့ဟာ သိပ်အရေးကြီးတယ်။

စဉ်းစားကြည့်၊ ကိုယ်က ကျောင်းသား။ စာတွေကြိုးစားမယ်၊ နိုင်ငံခြားကျောင်းဆက်တက်ဖို့တွေ ရည်မှန်းချက် ကြီးကြီးထားမယ်။ အဲ့မှာ ကိုယ်ကြိုက်မိလိုက်တဲ့ ရည်းစားက စာမလုပ်ချင်၊ ရည်မှန်းချက်က မရှိ၊ တော်ကြာနေ ဟိုဟာစားချင်လို့ ပူဆာပြန်၊ တော်ကြာနေ လာတွေ့ခိုင်း၊ တော်ကြာနေ စိတ်ကောက် လုပ်နေကြည့်၊ ကိုယ် ဘယ်လိုမှ စာမကျက်နိုင်ဘူး။ ကြာလေကြာလေ စိတ်ပျက်လာလေပဲ။

နောက်ပြီး ကျွန်တော့်အမြင်အရ အလွန်အကျွံ သဝန်တို၊ ပြဿနာရှာသူတွေကို ကြည့်လိုက်ရင်လည်း အများစုက အလုပ်မရှိတာ၊ ပညာအားနည်းတာ သတိထားမိတယ်။ တကယ်တော့ ဂျေဝင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု အားနည်းသူတွေမှာ အဖြစ်များတယ်။ အဲ့လို Self-esteem ပျောက်နေတဲ့အခါ မြင်မြင်သမျှက သဝန်တိုချင်စရာချည်း ဖြစ်နေတယ်။ ကိုယ့်ရည်းစား၊ ကိုယ့်ယောက်ျား မျက်နှာပျက်ရမလား ဘာညာ မစဉ်းစားတော့ဘူး။

ကိုယ်က သိပ်ချမ်းသာတဲ့ လုပ်ငန်းရှင်၊ ချောတဲ့၊ လှတဲ့ မိန်းကလေးကို လက်ထပ်လိုက်တယ်၊ သူ့လက်ကိုတွဲပြီး ပွဲတွေတက်တယ်။ စမြင်မြင်ချင်းတော့ ဟာ လိုက်ဖက်လိုက်တာ နေနဲ့လ ရွှေနဲ့မြပေါ့။ နောက် စားပွဲမှာထိုင်ပြီး စကားတွေလည်း ပြောကြရော။ ပေါက်တတ်ကရတွေပြော၊ နိုင်ငံခြားသားဆို ရယ်ပဲပြနေရ၊ ဒါဆိုလည်း ကြာရင် စိတ်ပျက်စရာ ဖြစ်လာမှာပဲ။ နောက်ပိုင်း ပွဲလမ်းသဘင်ဆို ခေါ်မလာတော့ဘူး ဆိုတာမျိုးတွေ ဖြစ်လာလိမ့်မယ်။

ကလေးရသွားရင်လည်း အဲဒီလိုပဲ။ အပြင်အလုပ်လုပ်ရလို့ မဟုတ်၊ မိခင်နို့ကို ၆ လတိုက်လည်း ရနိုင်ပါရက်နဲ့ ၃-၄ လလောက်ကတည်းက ရေတွေတိုက်၊ ထမင်းတွေကျွေး၊ ဆိုလိုတာက အသိပညာ အားနည်းတာပေါ့။ နောက်ပိုင်း ပြုစုပျိုးထောင်တဲ့အခါမှာလည်း ပြဿနာတွေ ရှိလာလိမ့်မယ်။

နောက်ဆုံး အကြောင်းကြောင်းကြောင့် အဆင်မပြေလို့ ကွဲကြရင်တောင် ဖေ့စ်ဘွတ်ပေါ်တင်ပြီး အရှက်ခွဲတာတွေ မလုပ်ဘူး။ ကျွန်တော့်ပတ်ဝန်းကျင်မှာ မြင်ဖူးတယ်။ ရိုးရိုးတောင်မဟုတ်၊ ယောက်ျားက ဖောက်ပြန်လို့ ကွဲရတာ။ အဲဒါကိုတောင် အသာတကြည်ပဲ ဒီအခြေအနေကို ကိုင်တွယ်သွားတဲ့ အမျိုးသမီးတွေ အများကြီး။ ဖေ့စ်ဘွတ်ပေါ် လူသိရှင်ကြား ဖြစ်ဖို့ မပြောနဲ့။ ရင်းနှီးသူတွေတောင် မသိလိုက်ကြဘူး။ ကလေးတွေမှာလည်း အဖေနဲ့အမေသာ ကွဲသွားတယ်၊ အေးအေးဆေးဆေးပဲ။ တစ်နည်းအားဖြင့်တော့ စိတ်ခံစားချက်ကို ရှေ့တန်းမတင်ဘူး။ လူကြီးလူကောင်းဆန်တယ်။ EQ မြင့်တယ်ပေါ့။ အဲ့လိုမိခင်မျိုးတွေ တွေ့ရတဲ့အခါ အတော်လေး သဘောကျရတယ်။

အမျိုးသမီးတွေကတော့ နဂိုကတည်းကိုက အသုံးမကျတဲ့ ယောက်ျားဆို စိတ်ဝင်စားမှု နည်းကြတယ်။ ဒါပေမဲ့ တချို့လည်း ရှိပါတယ်။ ရုပ်ချောချော၊ တော်ကီကောင်းကောင်း ကောင်လေးတွေကို သဘောကျမိတာမျိုး၊ မတ်မတ်ကပဲ မောင်လေးဘဝကို အသစ်ပြန်လည်ဖန်ဆင်းပေးမယ် ဆိုတာမျိုးတွေပေါ့။ အဲ့လိုဇာတ်လမ်းတွေဆိုလည်း ကြည့်ကြည့်ပါ။ အများစုက ပြိုကွဲသွားကြတာများတယ်။ ဘာလို့ဆို အဲ့လို ပညာမတတ်လို့၊ ပိန်းလို့ လူပုံအလယ် အရှက်ကွဲ၊ မျက်နှာပျက်ရတာကြီးက တစ်ခါက နှစ်ခါ သည်းခံဖို့ဆိုတာ မလွယ်လို့ပဲ။ ဉာဏ်ရည်က အားနည်းတဲ့အတွက် တွေးပုံခေါ်ပုံကိုက အစ ကိုယ်နဲ့ မတူဘူး။ ကိုယ့်အသိုင်းအဝိုင်းထဲလည်း သူက မဝင်ဆံ့သလို၊ သူ့အသိုင်းအဝိုင်းမှာလည်း ကိုယ်က နေလို့မပျော်။

ပြောချင်တာကတော့ ဉာဏ်ရည်မြင့်တဲ့ လက်တွဲဖော်ဟာ ဘယ်လောက်အရေးကြီးသလဲ ဆိုတာပါပဲ။ နောက်ပြီး လှတာနဲ့ Personality ကောင်းတာနဲ့က မတူပါဘူး။ လူက ဉာဏ်ရည်မြင့်တယ်၊ ပညာတတ်တယ်၊ အလုပ်အကိုင်၊ အရည်အချင်းရှိတယ်ဆိုရင် ရုပ်က ဒီလောက်မလှတောင် Personality တက်လာတာပဲ။ ရုပ်ရည်တို့၊ ခန္ဓာကိုယ် အလှအပတို့ဆိုတာကလည်း ငယ်ဂုဏ်နဲ့လည်း ဆိုင်သေးတာကိုး။ ပညာကတော့ ပျက်စီးယိုယွင်းမလွယ်ဘူးလေ။

ယောက်ျားတွေ သဘောကျတာ ခံရဖို့ ဉာဏ်ကောင်းအောင် လုပ်ပါ၊ ပညာကြိုးစားပါလို့ ပြောနေတာတော့ မဟုတ်ဘူး။ (အဲ့လိုထင်မိတယ်ဆိုလည်း ကိုယ်ဟာ Sapiosexual တွေနဲ့ အဆင်မပြေလောက်ဘူးလို့ သိထားပေးပါ) အဓိက ရည်ရွယ်တာက လူငယ်တွေ ကိုယ့်ဘဝကိုယ် တည်ဆောက်တဲ့အခါ ဘယ်ဟာကို ဦးစားပေး ဖွံ့ဖြိုးအောင်လုပ်ရမယ်ဆိုတာ သိဖို့ရယ်၊ ယောကျာ်းပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် Sapiosexual ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ကိုယ့်လက်တွဲဖော် ရွေးချယ်တဲ့အခါ Intelligence ကို အရေးကြီးအချက်တစ်ချက်အနေနဲ့ ထည့်စဉ်းစားကြဖို့ရယ်ပါ။

Ref:
1) On Gender Differences, No consensus on nature vs nurture – Pew Research Center
2) 12 signs you are a sapiosexual – January Nelson

ဒေါက်တာ ဖြိုးသီဟ
၁၈.၉.၂၀၁၉

(Zawgyi) 

Sapiosexual

ဒီစကားလုံးက “သမီးေတြကို ေျပာျပေပးပါ” ေဟာေျပာပြဲမွာ အန္တီဂ်ဴး ေျပာလို႔ စသိခဲ့တဲ့ စကားေလး။ အဓိပၸါယ္ကေတာ့ Sapio ဆိုတာ ဉာဏ္ရည္ထက္တာ၊ Sexual ဆိုတာက ဆြဲေဆာင္မႈ ရွိတာ။ ေျပာရရင္ Intelligence is Sexy ေပါ့။ ႐ုပ္ေခ်ာတာ၊ ေဘာ္ဒီလွတာ၊ ခ်မ္းသာတာေတြထက္ အဲ့လို ဉာဏ္ထက္တာကို ပိုၿပီး သေဘာက်တဲ့သူေတြကို Sapiosexual လို႔ ေခၚတယ္။

Pew Research Center ရဲ႕ စိတ္ဝင္စားစရာ စစ္တမ္းတစ္ခု ဖတ္ဖူးတယ္။ Gender နဲ႔ ပတ္သက္လို႔ အေမရိကန္လူထုရဲ႕ အျမင္ကို ေမးထားတာ။ အဲဒီမွာ စိတ္ဝင္စားစရာ အခ်က္ေတြ အမ်ားႀကီးထဲကမွ တစ္ခုကို ေျပာျပခ်င္တယ္။ ေယာက္်ားတစ္ေယာက္ဆီက ဘယ္လိုအခ်က္ေတြကို တန္ဖိုးထားသလဲ၊ မိန္းမတစ္ေယာက္ဆီကေနေရာ ဘယ္လိုအခ်က္မ်ိဳးေတြ လိုခ်င္သလဲ ေမးတဲ့အခါ ထြက္လာတဲ့ ရလဒ္ပါ။

ေယာက်ာ္းေတြဆီကေန လိုခ်င္တဲ့ ထိပ္ဆုံး ၃ ခ်က္က

၁။ ႐ိုးသားမႈ၊ တည္ၾကည္မႈ (Honesty/ Morality)
၂၊ ေအာင္ျမင္မႈ၊ ေငြေၾကးျပည့္စုံမႈ (Professional/ Financial success)
၃။ ရည္မွန္းခ်က္ႀကီးျခင္း၊ ေခါင္းေဆာင္ႏိုင္ျခင္း (Ambition/ Leadership) တို႔ျဖစ္ၿပီး

မိန္းမေတြဆီကေတာ့

၁။ ႐ုပ္ပိုင္းဆိုင္ရာ ဆြဲေဆာင္မႈရွိဖို႔ (Physical attractiveness)
၂။ ကိုယ္ခ်င္းစာတရား၊ ျပဳစုပ်ိဳးေထာင္ႏိုင္ျခင္း၊ ၾကင္နာတတ္ျခင္း (Empathy/ Nurturing/ Kindness)
၃။ ဉာဏ္ရည္ဉာဏ္ေသြး (Intelligence) တို႔ ျဖစ္ပါတယ္။

ေျပာရရင္ ကြၽန္ေတာ္တို႔ဆီကနဲ႔ သိပ္မကြာလွဘူး။ အမ်ိဳးသမီးေတြအတြက္ အမ်ိဳးသားတစ္ေယာက္ဆီက ႐ိုးသားတာ၊ သစၥာရွိတာ (ေခတ္စကားနဲ႔ ေျပာရင္ ၿခံမခုန္တာ) အလိုခ်င္ဆုံး။ ေနာက္ အရည္အခ်င္းရွိတယ္၊ ပိုက္ဆံခ်မ္းသာတယ္၊ ေအာင္ျမင္တယ္၊ ဦးေဆာင္ႏိုင္တယ္ ဆိုတာေတြကို လိုခ်င္ၾကတယ္။ ႐ုပ္ရည္တို႔၊ ခႏၶာကိုယ္အခ်ိဳးအစား၊ အလွအပတို႔က ဒီေလာက္ မဟုတ္ဘူး။

အမ်ိဳးသားေတြက် အမ်ိဳးသမီးဆို ႐ုပ္လွတာ၊ ငယ္႐ြယ္တာ၊ အသားအရည္၊ ခႏၶာကိုယ္အခ်ိဳးအစား ေျပျပစ္အဆင္ေျပတာကို မက္တယ္။ ေနာက္ သူတို႔အေပၚ နားလည္ေပးတာ၊ အိမ္မႈကိစၥႏိုင္တာ၊ လိုအပ္သမွ် ျဖည့္ဆည္းေပးတာ၊ ကေလးေတြအတြက္ မိခင္ေကာင္း ျဖစ္တာေတြကို ပိုလိုခ်င္ၾကတယ္။

အဲဒီမွာ စိတ္ဝင္စားစရာေကာင္းတာက Intelligence ပဲ။ ေအာင္ျမင္မွ၊ ပိုက္ဆံရွိမွ၊ ဦးေဆာင္ႏိုင္မႈေတာ့ မဟုတ္ေပမဲ့ ဉာဏ္ရည္ျမင့္တာကိုေတာ့ လိုခ်င္ၾကသတဲ့။

တစ္ခါကလည္း ကြၽန္ေတာ့္ေပ့ခ်္ကတဆင့္ ညီမေလးတစ္ေယာက္ လာတိုင္ပင္ဖူးတယ္။ သူ႔ရည္းစားက သူ႔ကို အသုံးမက်လို႔ လို႔ ေျပာၿပီး ျဖတ္သြားပါတယ္တဲ့။ အဲ့ဒါ ဘယ္လိုဆက္လုပ္ရမလဲတဲ့။ အႀကံေပးရေတာ့ ခက္သား။ ဒါမ်ိဳးက မိန္းကေလးအခ်င္းခ်င္းဆိုရင္ေတာ့ နင့္ကို တမင္အေၾကာင္းျပၿပီး ျဖတ္တာလို႔ ေျပာမွာေပါ့။ တကယ္လည္း ဟုတ္ေကာင္းဟုတ္ႏိုင္ေပမဲ့ ခုလိုမ်ိဳး Sapiosexual ျဖစ္ေနတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ျပန္တယ္။

အဲ့လို Sapiosexual ေတြဟာ ႐ုပ္ေခ်ာတာ၊ အပ်ိဳစစ္တာ၊ ပိုက္ဆံရွိတာေတြထက္ ထက္ျမက္တာ၊ ေတာ္တာ၊ အရည္အခ်င္းရွိတာကို ပိုသေဘာက်ၾကတယ္။ Date ၾကမယ္ဆိုလည္း အျပန္အလွန္ စကားေျပာလို႔ေကာင္းတာ၊ အျမင္က်ယ္တာ၊ ဖလွယ္စရာ အေတြ႕အႀကဳံေတြ ရွိေနတာကို ပိုမက္ၾကတယ္။ စာအုပ္ေတြအေၾကာင္း ေျပာမယ္၊ ကမာၻႀကီးအေၾကာင္း ေဆြးေႏြးမယ္၊ သူ႔အလုပ္ ကိုယ့္အလုပ္အေၾကာင္းေတြ ေဝမွ်ၾကမယ္။ တုံးတာ၊ ပိန္းတာ၊ ပ်င္းတာေတြကို ဘယ္လိုမွ ခံႏိုင္ရည္ မရွိၾကဘူး။

တကယ္တမ္း ေတြးၾကည့္ရင္လည္း ကိုယ့္လက္တြဲေဖာ္မွာ Intelligence ရွိဖို႔ဟာ သိပ္အေရးႀကီးတယ္။

စဥ္းစားၾကည့္၊ ကိုယ္က ေက်ာင္းသား။ စာေတြႀကိဳးစားမယ္၊ ႏိုင္ငံျခားေက်ာင္းဆက္တက္ဖို႔ေတြ ရည္မွန္းခ်က္ ႀကီးႀကီးထားမယ္။ အဲ့မွာ ကိုယ္ႀကိဳက္မိလိုက္တဲ့ ရည္းစားက စာမလုပ္ခ်င္၊ ရည္မွန္းခ်က္က မရွိ၊ ေတာ္ၾကာေန ဟိုဟာစားခ်င္လို႔ ပူဆာျပန္၊ ေတာ္ၾကာေန လာေတြ႕ခိုင္း၊ ေတာ္ၾကာေန စိတ္ေကာက္ လုပ္ေနၾကည့္၊ ကိုယ္ ဘယ္လိုမွ စာမက်က္ႏိုင္ဘူး။ ၾကာေလၾကာေလ စိတ္ပ်က္လာေလပဲ။

ေနာက္ၿပီး ကြၽန္ေတာ့္အျမင္အရ အလြန္အကြၽံ သဝန္တို၊ ျပႆနာရွာသူေတြကို ၾကည့္လိုက္ရင္လည္း အမ်ားစုက အလုပ္မရွိတာ၊ ပညာအားနည္းတာ သတိထားမိတယ္။ တကယ္ေတာ့ ေဂ်ဝင္တယ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္ ေလးစားမႈ အားနည္းသူေတြမွာ အျဖစ္မ်ားတယ္။ အဲ့လို Self-esteem ေပ်ာက္ေနတဲ့အခါ ျမင္ျမင္သမွ်က သဝန္တိုခ်င္စရာခ်ည္း ျဖစ္ေနတယ္။ ကိုယ့္ရည္းစား၊ ကိုယ့္ေယာက္်ား မ်က္ႏွာပ်က္ရမလား ဘာညာ မစဥ္းစားေတာ့ဘူး။

ကိုယ္က သိပ္ခ်မ္းသာတဲ့ လုပ္ငန္းရွင္၊ ေခ်ာတဲ့၊ လွတဲ့ မိန္းကေလးကို လက္ထပ္လိုက္တယ္၊ သူ႔လက္ကိုတြဲၿပီး ပြဲေတြတက္တယ္။ စျမင္ျမင္ခ်င္းေတာ့ ဟာ လိုက္ဖက္လိုက္တာ ေနနဲ႔လ ေ႐ႊနဲ႔ျမေပါ့။ ေနာက္ စားပြဲမွာထိုင္ၿပီး စကားေတြလည္း ေျပာၾကေရာ။ ေပါက္တတ္ကရေတြေျပာ၊ ႏိုင္ငံျခားသားဆို ရယ္ပဲျပေနရ၊ ဒါဆိုလည္း ၾကာရင္ စိတ္ပ်က္စရာ ျဖစ္လာမွာပဲ။ ေနာက္ပိုင္း ပြဲလမ္းသဘင္ဆို ေခၚမလာေတာ့ဘူး ဆိုတာမ်ိဳးေတြ ျဖစ္လာလိမ့္မယ္။

ကေလးရသြားရင္လည္း အဲဒီလိုပဲ။ အျပင္အလုပ္လုပ္ရလို႔ မဟုတ္၊ မိခင္ႏို႔ကို ၆ လတိုက္လည္း ရႏိုင္ပါရက္နဲ႔ ၃-၄ လေလာက္ကတည္းက ေရေတြတိုက္၊ ထမင္းေတြေကြၽး၊ ဆိုလိုတာက အသိပညာ အားနည္းတာေပါ့။ ေနာက္ပိုင္း ျပဳစုပ်ိဳးေထာင္တဲ့အခါမွာလည္း ျပႆနာေတြ ရွိလာလိမ့္မယ္။

ေနာက္ဆုံး အေၾကာင္းေၾကာင္းေၾကာင့္ အဆင္မေျပလို႔ ကြဲၾကရင္ေတာင္ ေဖ့စ္ဘြတ္ေပၚတင္ၿပီး အရွက္ခြဲတာေတြ မလုပ္ဘူး။ ကြၽန္ေတာ့္ပတ္ဝန္းက်င္မွာ ျမင္ဖူးတယ္။ ႐ိုး႐ိုးေတာင္မဟုတ္၊ ေယာက္်ားက ေဖာက္ျပန္လို႔ ကြဲရတာ။ အဲဒါကိုေတာင္ အသာတၾကည္ပဲ ဒီအေျခအေနကို ကိုင္တြယ္သြားတဲ့ အမ်ိဳးသမီးေတြ အမ်ားႀကီး။ ေဖ့စ္ဘြတ္ေပၚ လူသိရွင္ၾကား ျဖစ္ဖို႔ မေျပာနဲ႔။ ရင္းႏွီးသူေတြေတာင္ မသိလိုက္ၾကဘူး။ ကေလးေတြမွာလည္း အေဖနဲ႔အေမသာ ကြဲသြားတယ္၊ ေအးေအးေဆးေဆးပဲ။ တစ္နည္းအားျဖင့္ေတာ့ စိတ္ခံစားခ်က္ကို ေရွ႕တန္းမတင္ဘူး။ လူႀကီးလူေကာင္းဆန္တယ္။ EQ ျမင့္တယ္ေပါ့။ အဲ့လိုမိခင္မ်ိဳးေတြ ေတြ႕ရတဲ့အခါ အေတာ္ေလး သေဘာက်ရတယ္။

အမ်ိဳးသမီးေတြကေတာ့ နဂိုကတည္းကိုက အသုံးမက်တဲ့ ေယာက္်ားဆို စိတ္ဝင္စားမႈ နည္းၾကတယ္။ ဒါေပမဲ့ တခ်ိဳ႕လည္း ရွိပါတယ္။ ႐ုပ္ေခ်ာေခ်ာ၊ ေတာ္ကီေကာင္းေကာင္း ေကာင္ေလးေတြကို သေဘာက်မိတာမ်ိဳး၊ မတ္မတ္ကပဲ ေမာင္ေလးဘဝကို အသစ္ျပန္လည္ဖန္ဆင္းေပးမယ္ ဆိုတာမ်ိဳးေတြေပါ့။ အဲ့လိုဇာတ္လမ္းေတြဆိုလည္း ၾကည့္ၾကည့္ပါ။ အမ်ားစုက ၿပိဳကြဲသြားၾကတာမ်ားတယ္။ ဘာလို႔ဆို အဲ့လို ပညာမတတ္လို႔၊ ပိန္းလို႔ လူပုံအလယ္ အရွက္ကြဲ၊ မ်က္ႏွာပ်က္ရတာႀကီးက တစ္ခါက ႏွစ္ခါ သည္းခံဖို႔ဆိုတာ မလြယ္လို႔ပဲ။ ဉာဏ္ရည္က အားနည္းတဲ့အတြက္ ေတြးပုံေခၚပုံကိုက အစ ကိုယ္နဲ႔ မတူဘူး။ ကိုယ့္အသိုင္းအဝိုင္းထဲလည္း သူက မဝင္ဆံ့သလို၊ သူ႔အသိုင္းအဝိုင္းမွာလည္း ကိုယ္က ေနလို႔မေပ်ာ္။

ေျပာခ်င္တာကေတာ့ ဉာဏ္ရည္ျမင့္တဲ့ လက္တြဲေဖာ္ဟာ ဘယ္ေလာက္အေရးႀကီးသလဲ ဆိုတာပါပဲ။ ေနာက္ၿပီး လွတာနဲ႔ Personality ေကာင္းတာနဲ႔က မတူပါဘူး။ လူက ဉာဏ္ရည္ျမင့္တယ္၊ ပညာတတ္တယ္၊ အလုပ္အကိုင္၊ အရည္အခ်င္းရွိတယ္ဆိုရင္ ႐ုပ္က ဒီေလာက္မလွေတာင္ Personality တက္လာတာပဲ။ ႐ုပ္ရည္တို႔၊ ခႏၶာကိုယ္ အလွအပတို႔ဆိုတာကလည္း ငယ္ဂုဏ္နဲ႔လည္း ဆိုင္ေသးတာကိုး။ ပညာကေတာ့ ပ်က္စီးယိုယြင္းမလြယ္ဘူးေလ။

ေယာက္်ားေတြ သေဘာက်တာ ခံရဖို႔ ဉာဏ္ေကာင္းေအာင္ လုပ္ပါ၊ ပညာႀကိဳးစားပါလို႔ ေျပာေနတာေတာ့ မဟုတ္ဘူး။ (အဲ့လိုထင္မိတယ္ဆိုလည္း ကိုယ္ဟာ Sapiosexual ေတြနဲ႔ အဆင္မေျပေလာက္ဘူးလို႔ သိထားေပးပါ) အဓိက ရည္႐ြယ္တာက လူငယ္ေတြ ကိုယ့္ဘဝကိုယ္ တည္ေဆာက္တဲ့အခါ ဘယ္ဟာကို ဦးစားေပး ဖြံ႕ၿဖိဳးေအာင္လုပ္ရမယ္ဆိုတာ သိဖို႔ရယ္၊ ေယာက်ာ္းပဲျဖစ္ျဖစ္၊ မိန္းမပဲျဖစ္ျဖစ္ Sapiosexual ျဖစ္သည္ျဖစ္ေစ၊ မျဖစ္သည္ျဖစ္ေစ၊ ကိုယ့္လက္တြဲေဖာ္ ေ႐ြးခ်ယ္တဲ့အခါ Intelligence ကို အေရးႀကီးအခ်က္တစ္ခ်က္အေနနဲ႔ ထည့္စဥ္းစားၾကဖို႔ရယ္ပါ။

Ref:
1) On Gender Differences, No consensus on nature vs nurture – Pew Research Center
2) 12 signs you are a sapiosexual – January Nelson

ေဒါက္တာ ၿဖိဳးသီဟ
၁၈.၉.၂၀၁၉

No comments: