Monday, April 20, 2020

Samsung Galaxy S20+ Review

(Zawgyi)

Samsung Galaxy S20+ : Where Repeated Refinements Wear Off


Impression တက္ၿပီး ဘာမွဆက္မေရးခ်င္၊ မလုပ္ခ်င္ျဖစ္တဲ့ဖုန္းေတြကို Review ေရးရတာ ေတာ္ေတာ္ေလးခက္ပါတယ္။ တေလာတုန္းက realme 6i ကေတာ့ Daily မသုံးျဖစ္ေပမယ့္ Samsung Galaxy S20+ ကိုေတာ့ SIM Card ပါထည့္ၿပီး Primary အေနနဲ႔ Daily ေတာ္ေတာ္ေလးကို သုံးျဖစ္ခဲ့တာပါ။ အရင္တုန္းက Galaxy Note 9 ၊ S10 ေတြလိုမ်ိဳးပဲ ဒီ S20+ ကလည္း Daily သုံးႏိုင္တဲ့ Android ဖုန္းတစ္လုံးျဖစ္ေနေတာ့…။

ဒါေပမယ့္ ဒီလိုမ်ိဳး သုံးေနၿပီးေတာ့ ေျပာစရာစကားေပ်ာက္တဲ့ဖုန္းေတြထဲမွာ Galaxy S20+ က ဒီႏွစ္ Flagship ဖုန္းေတြထဲမွာ ထိပ္ဆုံးကပါပါတယ္။ ဘာ Feature မွ Point Out ျပစရာမရွိတဲ့ Mid Range ဖုန္းတစ္လုံးလိုမ်ိဳး ေျပာစရာစကားေပ်ာက္ေနတာထက္ အကုန္ကလည္း အဆင္ေျပေနတယ္၊ သုံးရတာေကာင္းတဲ့အဆင့္ေရာက္ေနၿပီးေတာ့ ပိုေကာင္းသင့္တယ္ဆိုၿပီး လုံးဝအထြန္႔တက္တာမ်ိဳး၊ ဒါမွမဟုတ္ Stand Out ျဖစ္ေနတာမ်ိဳး မရွိတဲ့ Just a Great Android Flagship ဖုန္းျဖစ္ေနတာေၾကာင့္ဆိုရင္ ပိုမွန္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ေရးျဖစ္တယ္ရွိေအာင္ Galaxy S20+ ကို ျမင္တဲ့အျမင္တစ္ခ်ိဳ႕ကို ေျပာျဖစ္ပါတယ္။ တစ္ခုရွိတာက In-Depth နာမည္တပ္ထားေပမယ့္ Specs ေတြနဲ႔ တခ်ိဳ႕ Samsung Flagship ေတြရဲ႕ ပ်င္းစရာေကာင္းတဲ့ Feature ေတြကိုေတာ့ ေက်ာ္သြားျဖစ္ပါလိမ့္မယ္။

ကဲ… စၾကတာေပါ့။

Design



မွန္တယ္ – Galaxy S20+ ရဲ႕ Design က S10+ နဲ႔ယွဥ္မယ္ဆိုရင္ Camera Layout ကလြဲၿပီး လုံးဝထူးထူးျခားျခားေျပာင္းသြားတာမ်ိဳးမဟုတ္ဘူး။ ၿပီးေတာ့ S10+ ထက္ Improve ျဖစ္လာတယ္လို႔ ေျပာဖို႔က ဖုန္းေနာက္ေက်ာဘက္တစ္ခုကိုပဲ ၾကည့္မယ္ဆိုရင္ သိပ္မဟုတ္ေသးဘူးလို႔ေတာင္ ပိုေျပာလို႔ရပါတယ္။ Square Camera Design ကို ေထာင့္ပို႔လိုက္တာက Camera Bump က S20 Ultra ေလာက္မဟုတ္ဘူးဆိုေပမယ့္ စားပြဲမွာခ်ထားရင္ S10+ ေလာက္ Balanced မျဖစ္ေနတာကိုေတာ့ သိပ္မႀကိဳက္။

ဒါေပမယ့္ ကိုင္ရတဲ့ Feeling က 20:9 Display ေၾကာင့္ ပိုရွည္ေမ်ာေမ်ာျဖစ္သြားတယ္ – လက္တဖက္ထဲကိုင္ရတာပိုေကာင္းတယ္ – ဒါက လက္ေသးတဲ့သူတစ္ေယာက္ျဖစ္ေတာ့ သိသာတယ္။ 6.7″ Display ဖုန္းတစ္ခုေပမယ့္ လက္ထဲမွာ အရမ္းႀကီးေနတယ္လို႔ မခံစားရတာ၊ အရမ္းမေလးေနတာက အခ်ိန္ၾကာၾကာဖုန္းသုံးေနမယ္ဆိုရင္ အဆင္ေတာ္ေတာ္ေျပတယ္။ ေျပာရရင္ Cover မတပ္ပဲသုံးေနရင္ေတာင္ Insecure ျဖစ္တာမ်ိဳး ေတာ္ေတာ္ေလးနည္းတဲ့ဖုန္းပါ။

Loving those lines
ေနာက္ထပ္ႀကိဳက္တာက Volume Key ေတြမွာ Frame နဲ႔ Glass Merge လုပ္သြားတဲ့ Line ေတြ၊ ၿပီးေတာ့ လုံးဝနီးပါး Curved မျဖစ္ေတာ့တဲ့ Display ပါ – S20+ ကို ကိုင္ထားရတာ ပိုစိတ္ခ်ရတယ္၊ Video ေတြၾကည့္တဲ့အခ်ိန္မွာ ပိုသေဘာက်လာတယ္ဆိုတဲ့ ခံစားခ်က္က ဒီ Display ပုံစံေျပာင္းလိုက္တာေၾကာင့္လည္းပါပါတယ္။

က်န္တဲ့အပိုင္းဆိုရင္ Selfie Camera ကို ပိုၿပီး Wide ျဖစ္လာတာမ်ိဳးလည္းမဟုတ္သလို အလည္ထက္ အရင္ကလို ေထာင့္ပို႔ထားတာကို ပို Prefer ျဖစ္တယ္ဆိုတာကလြဲရင္ အရမ္းေတာ့ အျပစ္ရွာမရ – ေထာင့္မွာဆိုရင္ Ultrawide Secondary Sensor တစ္ခုပါ တပ္လို႔ရႏိုင္ဦးမလားေပါ့။

အေရာင္အေနနဲ႔ကေတာ့ သုံးျဖစ္တဲ့အေရာင္က Gray ျဖစ္ေနတယ္ – ေျပာရရင္ အျပာေရာင္ကိုပါ စမ္းျဖစ္တယ္၊ ပိုႀကိဳက္မယ္ထင္ေပမယ့္ တကယ္တမ္း Gray ကို ေတာ္ေတာ္ေလးသေဘာက်သြားတယ္ – အရင္တုန္းက OnePlus 5T လိုမ်ိဳးလည္းမဟုတ္၊ Bladerunner Style ျဖစ္ေနတယ္ပဲေျပာရမလား။ မြဲေျခာက္ေျခာက္နဲ႔ Interest အရမ္းလိုက္ရွာေနတယ္ Fancy Color မဟုတ္ေနသလို Boring Black လည္းမဟုတ္ေတာ့ တစ္မ်ိဳးဆန္းေနတယ္။

အဲ့ေတာ့ Design ပိုင္းမွာ Galaxy S20+ က အျပစ္ေျပာဖို႔ေတာ္ေတာ္ေလးကို ခက္တယ္ – ကိုင္ထားရတာကအစ အကုန္လုံးနီးပါးမွာ အဆင္ေျပတဲ့ Galaxy S Series ဖုန္းတစ္လုံးဆိုတာ သိသာတယ္။

ဒါေပမယ့္ – တကယ္လို႔ S20+ ကို မႏွစ္တုန္းက S10+ (အထူးသျဖင့္ Ceramic White) လိုဖုန္းနဲ႔ လုံးဝ Blind Test လုပ္ၿပီး ပိုႀကိဳက္တဲ့ Design ေ႐ြးပါဆိုရင္ေတာ့ S20+ ကို ေ႐ြးျဖစ္မယ့္ Chance ၊ S20+ က လုံးဝပိုေကာင္းတယ္ဆိုတဲ့ Chance က ေတာ္ေတာ္ေလးကိုနည္းမယ္ထင္တယ္။

အဲ့ေတာ့ သေဘာက်မိတဲ့ Display

ဒါမွမဟုတ္ Samsung Flagship တိုင္းရဲ႕ Winning Card.

ဒီ Display ပိုင္းမွာက ထုံးစံအတိုင္း Brightness ေတာ္ေတာ္ကိုေကာင္းတဲ့ 6.7″ Dynamic AMOLED Panel ၊ Color ပိုင္း မႏွစ္ကထက္ Side by Side ယွဥ္မွပိုသိသာတဲ့အထိ Natural ပိုျဖစ္လာတယ္၊ ၿပီးေတာ့ အခုနကေျပာသလို Curved မျဖစ္ေတာ့တာက ၾကည့္ရတဲ့ Experience မွာလည္း ပိုၿပီး ပုံမွန္ Curved ျဖစ္သြားေနၾကေထာင့္ေတြမွာ ပိုအဆင္ေျပလာတယ္။

But Quality က ေျပာရရင္ S20+ မွာ ေျပာေနစရာမလိုတဲ့ကိစၥတစ္ခုပါ – မႏွစ္က S10+ သုံးေနတာမ်ိဳးမဟုတ္ရင္ ေတာ္ေတာ္ကိုေကာင္းေနၿပီးသား Flagship Quality က ရွိၿပီးသား။ ဒါေပမယ့္လည္း တစ္ဖက္မွာ အမွီလိုက္ႏိုင္တဲ့ Display ေတြ – ေျပာရရင္ Mi CC9 Pro လိုဖုန္းေတြမွာရွိေနၿပီဆိုေတာ့ Samsung အေနနဲ႔ Display Quality ကို ဒီႏွစ္မွာေတာ့ ပိုေကာင္းေနေသးတယ္ဆိုေပမယ့္ ေနာက္ႏွစ္ေတြမွာ Winning Card အေနနဲ႔ဆက္သုံးႏိုင္ပါ့မလားဆိုတာကေတာ့ စိတ္ဝင္စားဖို႔ေကာင္းတယ္။

ဒီ S20+ မွာထူးျခားခ်က္အေနနဲ႔ 120Hz Refresh Rate Display ကို Support လုပ္တယ္။ ဒါေပမယ့္ Full HD Resolution မွာပဲ Support လုပ္ေနတာပါ။

အဲ့အခ်က္က ေတာ္ေတာ္ေလးကို အာ႐ုံစားတယ္ – ပုံမွန္ Facebook ၊ Twitter ၊ Instagram လိုမ်ိဳးသုံးေနတာမ်ိဳးဆိုရင္ 120Hz ကေန ရလာတဲ့ Refresh Rate က မတရားကို သိသာၿပီး 60Hz ျပန္မသြားခ်င္ေလာက္ေအာင္ျဖစ္ေနတယ္။ ဒါေပမယ့္ S20+ ကို Primary သုံးေနတာ ေျပာရရင္ Facebook သုံးဖို႔မွမဟုတ္တာဆိုၿပီး ျပန္ေျပာရမလိုျဖစ္ေနတာကတစ္ခု။

ဘာေၾကာင့္လဲဆိုရင္ အရင္ထဲက Samsung QHD+ Display ပါတဲ့ Flagship ဖုန္းေတြကို သုံးေနျဖစ္တာက အၿမဲၾကည့္ေနျဖစ္တဲ့ Netflix ၊ YouTube Video ေတြကို QHD နဲ႔ၾကည့္ခ်င္လို႔ပါ။ မွန္တယ္ – Laptop နဲ႔ယွဥ္ရင္ Screen Size ကေတာ့ ေသးေနတုန္းပဲ။ ဒါေပမယ့္ Color ပိုင္း၊ Brightness ပိုင္းသိသိသာသာပိုေကာင္းတာေရာ ေနာက္ၿပီး QHD Quality ကို အနီးကပ္ၾကည့္ရင္လည္း သေဘာက်ဖို႔ေကာင္းတာေတြေရာဆိုေတာ့ ဒီ 120Hz မလိုတဲ့ Video ၾကည့္တဲ့ Multimedia ကိစြေတြမွာ FHD Resolution နဲ႔ျဖစ္ေနတာႀကီးက ေတာ္ေတာ္ဆိုးတယ္။

အဲ့ေတာ့ QHD+ ေျပာင္းလိုက္ရတာပဲမဟုတ္ဘူးလားဆိုတဲ့ေမးခြန္းက ေမးခ်င္စရာပါ – ဒီေနရာက Galaxy S20+ ရဲ႕ အႀကီးဆုံးအားနည္းခ်က္ျဖစ္လာတယ္ဆိုရင္လည္း မမွားဘူး။ မွန္တယ္ – Facebook ကေန YouTube ဝင္ေနၿပီး QHD နဲ႔ ၾကည့္ခ်င္လို႔ Setting ေျပးသြားၿပီးေတာ့ QHD+ ေျပာင္းလို႔ရတယ္။ ဒါေပမယ့္ တစ္ခုရွိတာက ၾကည့္ေနတဲ့ YouTube App ကို ျပန္ထြက္ၿပီး ျပန္ဝင္ရမယ္။ ဒါက Screen Resolution ထက္ Refresh Rate ေၾကာင့္ျဖစ္ေနတာပိုျဖစ္ႏိုင္တယ္ – ဘာေၾကာင့္လဲဆိုေတာ့ ေျပာင္းျပန္အေနနဲ႔ Facebook App ထဲဝင္ၿပီး QHD+ ကေန FHD+ 120Hz ေျပာင္းလိုက္လည္း Resolution ေျပာင္းေပမယ့္ Facebook App ကို ျပန္ထြက္ၿပီး ျပန္မဝင္မခ်င္း Refresh Rate က 120Hz ကို မေျပာင္းသြားဘူး။

ဒီအခ်က္က မတရားဆိုးပါတယ္။ Samsung က ဒီ High Refresh Rate Game ကို ဝင္ခ်င္ေပမယ့္ Auto ထားႏိုင္ဖို႔ေနေနသာသာ Manual ေတာင္ တိုင္ပတ္ေနတာ အရင္တုန္းက Iris Scanner ေတြတိုင္ပတ္တဲ့အတိုင္းကို S20+ မွာႀကဳံေနရတာပါ။ မျဖစ္သင့္သလို ၾကားထဲမွာ QHD+ နဲ႔ 120Hz မရႏိုင္ေတာင္ Compromise အေနနဲ႔ 90Hz Option မရွိေနေတာ့ ဒါက ေတာ္ေတာ္ေလးကို ပိုလက္မခံႏိုင္စရာျဖစ္ေနတယ္။ ၾကည့္ေနတဲ့၊ ဖတ္ေနတဲ့ YouTube Video ဒါမွမဟုတ္ Facebook Post တစ္ခုကို ၾကားျဖတ္ App လုံးဝျပန္ထြက္ၿပီးမွ ဒီ Refresh Rate/Resolution ေျပာင္းလဲမႈကို သိႏိုင္ေနတာ ေတာ္ေတာ္ကိုအလုပ္မဟုတ္ဘူး။

Maybe ဒီလိုအတင္း Complain တက္ေနျဖစ္တာက S20+ မတိုင္ခင္ တူညီတဲ့ QHD+ Resolution မွာပဲ 60Hz နဲ႔ 90Hz ကို မတရားခုန္ဆင္း၊ ခုန္တက္ေနတဲ့ Pixel 4 XL သုံးျဖစ္တာေၾကာင့္လည္းျဖစ္ႏိုင္တယ္။ ဒါေပမယ့္ Pixel 4 XL က In-App အတြင္းမွာတင္ Subtle အျဖစ္ဆုံးေျပာင္းလဲေနေတာ့ ဒါက 60Hz ျဖစ္ေနတာလား၊ 90Hz ျဖစ္သြားတာလား ခန္႔မွန္းေနရတဲ့အခ်ိန္မွာ S20+ က လုံးဝ Software Implantation မႏိုင္ပဲ 120Hz ျဖစ္ၿပီးေရာ ဆိုၿပီး အတင္းထည့္တာနဲ႔သြားတူေနတယ္။

အဲ့ေတာ့ Galaxy S20+ ထက္ Display ကိုပဲ Samsung Flagship ဖုန္းျဖစ္ေနတာပဲ၊ ေကာင္းမွာပဲဆိုၿပီး စဥ္းစားေနရင္ ပို Refine လုပ္လာသင့္တဲ့ Note 20+ ကိုပဲ ေစာင့္တာပိုေကာင္းမယ္။ ဒါမွမဟုတ္ အဲ့ဒီအခ်ိန္မွာ S20+ ကို Software Update လုပ္လာမလားေတာ့ မေျပာတတ္။

ေနာက္ထပ္ အဓိက Factor တစ္ခုကို ဆက္သြားတာေပါ့။

Camera


Galaxy S20 Ultra ရွိေနတဲ့အခ်ိန္မွာ ေျပာရရင္ S20+ ရဲ႕ Camera က Refinement တစ္ခုဆိုတာထက္ ဘာမွမပိုပါဘူး။ ေျပာရရင္ Same Formula သုံးထားၿပီး Dual Aperture လို Gimmick ကို ျဖဳတ္ထားတဲ့ 12MP Primary Sensor အတြက္ကေတာ့ Refinement ဆိုတာ အသုံးသင့္ဆုံးစကားလုံးပါ။ Details ပိုေကာင္းလာတယ္၊ မ်က္ႏွာကို Soften လုပ္ေနတုန္းပဲ၊ Color နည္းနည္း Accurate ပိုျဖစ္လာတယ္၊ Dynamic Range က ေကာင္းတယ္ဆိုေပမယ့္ ထုံးစံအတိုင္း ပုံမွန္ထက္ပိုလင္းေနတယ္လို႔ ထင္ေနတုန္းပဲ။ ၿပီးေတာ့ S10 တုန္းက Night Mode ကို Bixby က Scene Recognition အစား သီးသန္႔ ပိုေကာင္းတဲ့ Mode တစ္ခုအေနနဲ႔ iPhone ေတြလို အခ်ိန္ ၁၀ စကၠန္႔ေလာက္ထိ႐ိုက္လို႔ရလာတယ္ – Quality ကေတာ့ Samsung အေနနဲ႔ ေတာ္ေတာ္ေလးကို Improve ျဖစ္လာတယ္ဆိုေပမယ့္ အရမ္းအားရတဲ့အဆင့္ေတာ့မေရာက္ေသး။


12MP Primary Sensor – Colors are Quite Good
ပိုႀကိဳက္မိလာတာက Ultrawide Camera ေတာ္ေတာ္ေလးကို ပိုၿပီးအဆင္ေျပလာတယ္ – Primary Sensor ထက္ေတာင္ သိသိသာသာ Bixby ကို ပိတ္ထားရင္ Over Saturated ျဖစ္ေနတာမ်ိဳး နည္းသြားတယ္။ Night Photo ေတြမွာေတာ့ ထုံးစံအတိုင္း ေကာင္းတယ္ေျပာဖို႔ခက္တုန္းပဲ။


မႀကိဳက္တာ နံပါတ္ပိုမ်ားရင္ၿပီးေရာ ဆိုတဲ့အေတြးကလြဲရင္ ဘာစိတ္ကူးနဲ႔ထည့္မွန္းမသိတဲ့ 64MP Primary မက်တက် Sensor – ျဖစ္ႏိုင္တာက 8K Video အတြက္သုံးတာဆိုတာကလြဲရင္ Crop လုပ္ခ်တဲ့ 3x Zoom ဓါတ္ပုံက 2x Optical Zoom ပါတဲ့ဖုန္းကို 3x Digital တိုးသုံးတာေလာက္ကို အဆင္မေျပ၊ ၿပီးေတာ့ 20x နဲ႔ 30x က 10x ကြာရမယ့္အစား တူတူနီးပါးျဖစ္ေနတာႀကီးက နားလည္ရခက္တယ္ :3

S20+ ျဖစ္ေနေတာ့ ToF DepthVision Camera ပါလာတယ္ – ဒီ AR Emoji ေတြ၊ Sticker ေတြကေတာ့ ထည့္မေျပာခ်င္ေပမယ့္ AR Measure လိုမ်ိဳး တိုင္းတာတဲ့ေနရာေတြမွာ ေတာ္ေတာ္ေလးကို ျမန္တယ္၊ ပိုတိက်တယ္ – အၿမဲတမ္းလိုတဲ့ Feature ေတာ့မဟုတ္ေပမယ့္ ဒီ DepthVision Sensor ပါလာတာက Pixel 3 မွာ Google Measure App ထည့္သုံးေနတာထက္ အမ်ားႀကီးပိုျမန္ၿပီး ပိုတိက်တယ္ဆိုတာကိုေတာ့ ျငင္းလို႔မရပါဘူး။


အဲ့ေတာ့ Maybe Samsung အတြက္ကေတာ့ ဒီ S20+ က ေနာက္ဆုံးေသာ 12MP Sensor ကို Refine လုပ္ထားတဲ့ဖုန္းျဖစ္လာႏိုင္ပါတယ္။ Dual Aperture ကို ျဖဳတ္လိုက္တာက ပို Consistent ျဖစ္ၿပီး Natural ဘက္ပိုသြားတဲ့ ဓါတ္ပုံေတြရလာတယ္၊ အထူးသျဖင့္ ပိုေကာင္းတဲ့ Night Mode ကို႐ိုက္လို႔ရတာက Flagship Level တစ္ခုအေနနဲ႔ရပ္တည္ႏိုင္တယ္။ တကယ္လို႔ Samsung ကေန မႏွစ္တုန္းက S10e လိုမ်ိဳး S20e ကို ဒီ Primary Sensor ၊ ဒီ Ultrawide Sensor ၂ လုံးထဲနဲ႔ Dual Camera နဲ႔ ထုတ္လာမယ္ဆိုရင္ အေကာင္းဆုံး Camera ပါတဲ့ Compact Flagship ဖုန္းလို႔ေတာင္ ေျပာမိဖို႔မ်ားတယ္။

12MP Primary Sensor

64MP Mode – 64MP Sensor
ဒါေပမယ့္ အခုေျပာေနတာ S20+ ဆိုေတာ့ 64MP Sensor က Primary Sensor ေကာင္းတာကို လိုက္ဖ်က္ေနတယ္ဆိုတာထက္ ေျပာစရာမရွိျဖစ္သြားတယ္။ နံပါတ္အရသာ ပိုႀကီးတယ္၊ Camera မွာလည္း 64MP Mode ဆိုၿပီးထည့္ထားေပမယ့္ File Size ႀကီးတာကလြဲရင္ ပုံမွန္ 12MP Primary Sensor ထက္ Details ၊ Dynamic Range ၊ Color ေတြအကုန္ပိုစုတ္ေနေတာ့ 8K လို Gimmick အတြက္နဲ႔ Telephoto အေယာင္ေဆာင္ Sensor အစုတ္ထည့္ေပးသလိုျဖစ္တာႀကီးကေတာ့ Camera ပိုင္းမွာ အဆိုးဆုံးအခ်က္တစ္ခုျဖစ္သြားတယ္။

ဒါနဲ႔ Single Take လို Feature ၾကေတာ့ Maybe သူငယ္ခ်င္းေတြနဲ႔အားတိုင္း႐ိုက္ျဖစ္ေနတာမဟုတ္ရင္ေတာ့ Gimmick ျဖစ္ဖို႔က ပိုၿပီး Chance မ်ားပါတယ္။

Video ပိုင္းကေတာ့ ေကာင္းတယ္၊ 8K လည္း႐ိုက္လို႔ရတယ္၊ Dynamic Range လည္း Android ဖုန္းေတြထဲမွာ ေတာ္ေတာ္ေကာင္းတယ္ဆိုေပမယ့္ ဖုန္းနဲ႔ Video ႐ိုက္မယ္ဆိုရင္ေတာ့ iPhone ကိုပဲေ႐ြးတာပိုမွန္ဦးမွာပါ။

ေနာက္ဆုံး Controversial အျဖစ္ဆုံးကိစၥ –

Performance

ဒီကိုဝင္တဲ့ဖုန္းေတြက Exynos 990 5G မပါတဲ့ Chipset ေတြကိုပဲသုံးထားတယ္။ ေျပာရရင္ Antutu Benchmark လိုမ်ိဳး Benchmark ေတြယွဥ္မ Run သလို ထည့္လည္းထည့္မသုံးေတာ့ က်ိန္းေသေျပာႏိုင္တာတစ္ခုက Exynos ျဖစ္ေနေပမယ့္ Daily သုံးလို႔အဆင္ေျပေနတယ္။ ေျပာရရင္ Game ပိုင္း၊ Web Browsing ၊ Camera ဒါေတြအကုန္လုံးနီးပါးမွာ Flagship ဖုန္းတစ္လုံးျဖစ္ေနဆဲပဲလို႔ ေျပာႏိုင္တဲ့ Performance တစ္ခုရွိေနတယ္။

တစ္ဖက္ကေျပာရင္ေတာ့ ဒါက Exynos 990 နဲ႔ SD865 S20+ ၂ လုံးကို ယွဥ္မသုံးျဖစ္တာေၾကာင့္ပိုျဖစ္ႏိုင္တယ္။ ၿပီးေတာ့ သုံးထားတဲ့ UI မတူတဲ့ SD865 ပါတဲ့ဖုန္းနဲ႔ၾကေတာ့လည္း တိုက္႐ိုက္မယွဥ္ျဖစ္၊ မယွဥ္သင့္တာေၾကာင့္လည္းျဖစ္လိမ့္မယ္။ ဒါေပမယ့္ က်ိန္းေသေျပာႏိုင္တာတစ္ခုက မႏွစ္တုန္းက S10+ ၊ Note 10 ဖုန္းေတြသုံးျဖစ္သလိုမ်ိဳးပဲ ဒီ S20+ မွာလည္း Performance ပိုင္းမွာ ဆိုးဆိုး႐ြား႐ြား ဒီေစ်းမွာ မျဖစ္သင့္တဲ့ Lag တာေတြ၊ Hang တာေတြမရွိေနဘူး။ အဲ့ေတာ့ က်ိန္းေသ Benchmark ယွဥ္ေနတာမ်ိဳး၊ Side by Side ယွဥ္တာမ်ိဳးကလြဲရင္ မသိႏိုင္တဲ့ကိစၥတစ္ခုဆိုတာ အမွန္ဆုံးဝန္ခံခ်က္ျဖစ္ပါလိမ့္မယ္။

Heat ကေတာ့ Mobile Data နဲ႔ GPS သုံးေနတာမ်ိဳး၊ ဒါမွမဟုတ္ Game ေတာ္ေတာ္ၾကာၾကာေဆာ့ေနတာမ်ိဳးဆိုရင္ေတာ့ နည္းနည္းသိသာလာတယ္။ ဒါေပမယ့္ မသုံးႏိုင္ေလာက္ေအာင္ဆိုးေနတာမ်ိဳးမဟုတ္ဘူး။ တစ္ခုရွိတာက QHD+ ထက္ 120Hz မွာ သိသိသာသာကို ပို Heat ရွိတယ္၊ Heat တက္တာလည္းပိုျမန္တယ္။

အဲ့ေတာ့ Maybe Snapdragon Version က ပိုသာလိမ့္မယ္… But We don’t really have a choice in this country?

Battery



Battery ပိုင္းကေတာ့ ေျပာရခက္တယ္ – S20+ မွာ အသုံးအမ်ားဆုံးက QHD+ 60Hz နဲ႔ပဲသုံးျဖစ္တာပိုမ်ားတယ္။ High Refresh Rate ကို Prefer ျဖစ္တယ္ဆိုေပမယ့္ Extra Resolution ကို အၿမဲတမ္းလိုလို ပိုသုံးျဖစ္ေနတာမ်ားတာေၾကာင့္ – ၿပီးေတာ့ Setting ထဲအၿမဲဝင္ေျပာင္းလိုက္၊ သုံးေနတဲ့ App ကို ျပန္ထြက္ၿပီး ျပန္ဝင္လိုက္မလုပ္ခ်င္တာေၾကာင့္။

အဲ့ေတာ့ QHD+ 60Hz မွာ OST က Average ၆ နာရီကေန ၇ နာရီဝန္းက်င္ေလာက္အထိရတယ္၊ ဒါေပမယ့္ FHD+ 120Hz မွာၾကေတာ့ ၆ နာရီ Average – တခါတေလ Wi-Fi အစား Mobile Data ကိုဆင္းမယ္ဆိုရင္ ၆ နာရီေအာက္အထိကို ေရာက္သြားတာမ်ိဳးရွိတယ္။ FHD+ 60Hz ကေတာ့ အဓိပၸါယ္မရွိတဲ့ Option ျဖစ္သြားၿပီ။

ေျပာရရင္ QHD+ မွာ S20+ ရဲ႕ 4500mAh Battery က အရင္တုန္းက Samsung S10+/Note 10 ဖုန္းေတြ FHD+ ဆင္းသုံးတာေလာက္ကို အသုံးခံလာတယ္။ အဲ့ေတာ့ ကိုယ္က Battery အားၾကာၾကာခံခ်င္ၿပီး Video ပဲၾကည့္ျဖစ္တာပိုမ်ားတယ္ဆိုရင္ေတာ့ QHD+ က ပိုေ႐ြးသင့္တဲ့ Option ျဖစ္လိမ့္မယ္။

အားသြင္းတာကေတာ့ Samsung ကေန 25W Charger မေပး – ဘာ Charger မွမေပးေတာ့ ပုံမွန္ 18W နဲ႔ကေတာ့ ၂ နာရီနီးပါးၾကာတယ္။ ဒါေပယ့္ 25W နဲ႔ဆိုရင္ေတာ့ ၁ နာရီ ၁၅ မိနစ္ေလာက္နဲ႔ အားျပည့္လိမ့္မယ္ (ဒါက ေနာက္မွအသိတစ္ေယာက္ဖုန္းနဲ႔စမ္းျဖစ္တာ)

Battery ပိုင္းကေတာ့ S20+ က အားရဖို႔ေကာင္းတယ္မဟုတ္ရင္ေတာင္ အရင္ Samsung ဖုန္းေတြ၊ အထူးသျဖင့္ Note 10 လိုဖုန္းကေနဆိုရင္ သိသိသာသာကို ပိုေကာင္းလာတယ္။ တစ္ရက္ေကာင္းေကာင္းသုံးလို႔ရလာတယ္။

Messed up Charging
တစ္ခုက USB-PD or 15W & Above အတြက္ Fast Charging ၊ 25W အတြက္ Super Fast Charging နဲ႔ Fast Wireless Charging ဆိုၿပီး Battery Option ကို ဘာက ဘာအတြက္ဆိုၿပီး မရွင္းျပထားပဲ Enable/Disable လုပ္ႏိုင္တဲ့ Option ထားတာကေတာ့ သိပ္မမိုက္။ ၿပီးေတာ့ Adaptive Battery ပုံစံ Usage Learning လုပ္တာ ၄၈ နာရီေလာက္ၾကာေပမယ့္ Learning လုပ္ၿပီးတဲ့အခ်ိန္ၾကေတာ့ ဘယ္ App က Battery စားေနတယ္ဆိုတာကလြဲရင္ ဘာမွ Adaptive Battery Saving မလုပ္ႏိုင္တာကိုလည္း အားမရ။

က်န္တာဘာရွိမလဲ….


အမွန္အတိုင္းေျပာရရင္ Speaker Quality ကို အားမရပါဘူး။ S10 တုန္းက ေတာ္ေတာ္ေလးေကာင္းခဲ့တယ္၊ အခု S20+ မွာလည္း ပိုေကာင္းလာတယ္ဆိုေပမယ့္ Mi 10 လိုဖုန္းမ်ိဳးနဲ႔ယွဥ္ရင္ အားမရတဲ့အဆင့္တစ္ခုကို ဆင္းတယ္။ Samsung အေနနဲ႔ Refine လုပ္႐ုံပဲဆိုေပမယ့္ ဒီထက္ပိုၿပီးေကာင္းလာသင့္တယ္လို႔ျမင္မိတယ္။

Software ကေတာ့ OneUI 2.1 က Android 10 Gesture ေတြျဖစ္လာတယ္ – Daily သုံးႏိုင္တဲ့ UI တစ္ခုဆိုေပမယ့္ Icon Design ေတြကိုေတာ့ အခုထက္ပို Subtle ျဖစ္လာသင့္တယ္လို႔ ျမင္မိ။ ဘာပဲျဖစ္ျဖစ္ သုံးျဖစ္တဲ့အခ်ိန္မွာေတာ့ Bugs ေတြ၊ ေႏွးသြားတာမ်ိဳးေတြမရွိဘူး သုံးရတာအဆင္ေျပတယ္။ Curved လည္းမျဖစ္ေတာ့တဲ့အခ်ိန္မွာ ျဖဳတ္သင့္ေနၿပီလို႔ေျပာရမယ့္ Edge Display ႀကီးကို ဆက္ထည့္ထားတာကိုေတာ့ သိပ္နားမလည္။

Software ပိုင္းမွာ OneUI ထက္ပိုၿပီး သိခ်င္မိတဲ့တစ္ခုက Samsung တစ္ေယာက္ Microsoft နဲ႔ Integration ဘယ္ေလာက္ထိရွိေနသလဲဆိုတာပါ။ ပုံမွန္ဖုန္းမွာ Your Phone App ရွိမွ Windows PC နဲ႔ ခ်ိတ္လို႔ရေပမယ့္ S20+ မွာ လုံးဝ System Noti Bar မွာကိုက Link to Windows ဆိုၿပီးပါေနတယ္။ ပုံမွန္ Your Phone ထက္ Feature ေတြလည္း ပိုလုပ္ႏိုင္တယ္ဆိုေပမယ့္ တကယ္လို႔ မသုံးခ်င္၊ မလိုခ်င္တဲ့သူရွိတယ္ဆိုရင္ ဒီ Feature က လုံးဝျဖဳတ္မရတဲ့ System Feature ႀကီးျဖစ္ေနတယ္။

ၿပီးေတာ့ Google Photos Auto Backup က ဒီ S20+ မွာ အရင္တုန္းက Samsung Flagship ေတြလို Background Sync က ေကာင္းေကာင္းအလုပ္မလုပ္ဘူး။ ၿပီးေတာ့ Default Gallery App မွာ OneDrive နဲ႔ခ်ိတ္ၿပီး Samsung Account ထဲမွာ Sync ေနတာကေန လုံးဝအကုန္လုံးကို OneDrive နဲ႔ Sync ဖို႔အထိ Connect လုပ္လို႔ရေနတယ္။ ဒါက တကယ္လို႔ OneDrive Sync မပါတဲ့ Samsung Mid Range ဖုန္းမွာဆိုရင္ဘယ္လိုျဖစ္သြားႏိုင္မလဲဆိုတာက နည္းနည္းေတြးစရာျဖစ္လာတယ္။ Microsoft ရဲ႕ Link to Windows/Your Phone ၊ MS 365 ေတြကိုသုံးေနတဲ့သူတစ္ေယာက္ျဖစ္ေနေပမယ့္ ဓါတ္ပုံေတြကို Sync ဖို႔က OneDrive App က သာမန္ Gallery App ေတြကိုေတာင္ မမွီေတာ့ ဒီ Samsung နဲ႔ Microsoft တို႔ Cooperation ႀကီးက ဘယ္ေလာက္အထိသြားမလဲဆိုတာကို ေတြးမိၿပီး သိပ္မႀကိဳက္သလို ျဖစ္မိလာတယ္။

Galaxy S20+ ဘက္ျပန္သြားရမယ္ဆိုရင္ In-display Fingerprint Sensor တိုးတက္မႈမရွိ၊ Haptics ကေတာ့ နည္းနည္းေလး မသိမသာပိုေကာင္းလာတယ္။ Headphone Audio ကေတာ့ USB-C Earphone မရွိေတာ့တဲ့အတြက္ နားမေထာင္ျဖစ္။

အဲ့ေတာ့ အဆုံးသတ္ၾကတာေပါ့။

Samsung Galaxy S20+ က S10 Series ကေန S20 Series ဆိုၿပီး ခုန္ေက်ာ္ခဲ့ေပမယ့္ တကယ္တမ္းၾကေတာ့ S7 ကေန S8 ၊ S8 ကေန S9 ကိုေရာက္လာသလိုမ်ိဳးပဲ S10+ ကေန ပိုေကာင္းသလား၊ ပိုဆိုးသလားမေသခ်ာတဲ့ Camera Design ေျပာင္းလဲမႈတစ္ခုနဲ႔ပဲ Refined လုပ္လာတဲ့ ထပ္တလဲလဲ Galaxy S Series ဖုန္းတစ္လုံးပါ။

Maybe Samsung အေနနဲ႔ ဒီထက္ပိုၿပီး Generation တစ္ခုမွာ Refined ဆိုတာထက္ Leap မလုပ္သင့္ဘူးလို႔ ယူဆတာလည္းျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ က်ိန္းေသတာတစ္ခုက Galaxy S20+ က ပ်င္းဖို႔အေကာင္းဆုံး သုံးရတာေကာင္းတဲ့ Flagship ဖုန္းဆိုတာကလြဲၿပီး ေျပာစရာစကားလည္းမရွိပါဘူး။ Display ၊ Camera ၊ Design ၊ Battery လိုမ်ိဳး Overall အကုန္လုံးၿခဳံၾကည့္ရင္ တျခားဖုန္းေတြထက္ေတာင္ ပိုေ႐ြးသင့္တဲ့ထဲပါတယ္ – ဒါေပမယ့္ တစ္ခုခ်င္းစီမွာ ပိုေကာင္းမလားလုပ္မိတဲ့ Feature အသစ္ေတြက Gimmick ေတြ၊ ပိုေကာင္းသင့္တဲ့အစား ပိုဆိုးတာေတြျဖစ္ေနတယ္။ ဒါေပမယ့္လည္း တစ္ဖက္မွာ Overall ဆိုတာႀကီးနဲ႔ ခ်ိန္ထိုးရင္ သူ႔ထက္ပိုေ႐ြးသင့္တဲ့ Flagship ဖုန္းဆိုတာက Brand နဲ႔ ရမယ့္ Warranty လို Extra Service ေတြ၊ Google Apps, Service အျပင္ Link to Windows လိုမ်ိဳး တကယ္ Windows Laptop တစ္လုံးနဲ႔အလုပ္လုပ္ေနတဲ့သူေတြအတြက္ အသုံးဝင္တဲ့ Feature ေတြ၊ Galaxy Buds+ ကစၿပီး Gear Smartwatch ၊ TV ကေန အသုံးအေဆာင္အကုန္လုံးအထိ ပစ္ဝင္လို႔ရတဲ့ Ecosystem တစ္ခု – ဒါေတြက Galaxy S20+ ကို မတန္ဘူးဆိုၿပီး ေျပာဖို႔ေတာ္ေတာ္ကို ခက္သြားတယ္။ Yes – Snapdragon မျဖစ္တာေတြ၊ 5G မပါတာေတြထည့္တြက္ရင္ေတာင္ပါ။

ဒါေပမယ့္ ဒီႏွစ္ Mi 10 Pro လိုမ်ိဳး၊ OnePlus 8 Pro လိုမ်ိဳးဖုန္းေတြရွိလာတယ္ – အထူးသျဖင့္ Samsung ရဲ႕ ေျပာေနၾက Overall တို႔၊ All-Rounder ဆိုတာေတြထက္ ဖုန္းအေနနဲ႔ ယွဥ္မယ္၊ Feature တစ္ခုခ်င္းအေနနဲ႔ ယွဥ္မယ္ဆိုရင္ ယွဥ္ႏိုင္တာထက္ ပိုသာလာတဲ့ဖုန္းေတြရွိလာတဲ့အခ်ိန္မွာ တကယ္ကို Samsung ကို ေနာက္ႏွစ္ Galaxy S21+ မွာ Refine ဆက္လုပ္ေနမယ္ဆိုရင္ေတာ့ ဆက္ၿပီးေတာင္ ၫႊန္းဖို႔ေတာ္ေတာ္ခက္သြားလိမ့္မယ္။ Samsung S Series ဖုန္းဆိုၿပီး တစ္ခုခုနဲ႔ ျပန္ၿပီး တျခားသူလိုက္မမွီေအာင္လုပ္ဖို႔က လိုအပ္ေနပါၿပီ။

So, that it is.
#TechGadgetMM


(Unicode)

Samsung Galaxy S20+ : Where Repeated Refinements Wear Off




Impression တက်ပြီး ဘာမှဆက်မရေးချင်၊ မလုပ်ချင်ဖြစ်တဲ့ဖုန်းတွေကို Review ရေးရတာ တော်တော်လေးခက်ပါတယ်။ တလောတုန်းက realme 6i ကတော့ Daily မသုံးဖြစ်ပေမယ့် Samsung Galaxy S20+ ကိုတော့ SIM Card ပါထည့်ပြီး Primary အနေနဲ့ Daily တော်တော်လေးကို သုံးဖြစ်ခဲ့တာပါ။ အရင်တုန်းက Galaxy Note 9 ၊ S10 တွေလိုမျိုးပဲ ဒီ S20+ ကလည်း Daily သုံးနိုင်တဲ့ Android ဖုန်းတစ်လုံးဖြစ်နေတော့…။

ဒါပေမယ့် ဒီလိုမျိုး သုံးနေပြီးတော့ ပြောစရာစကားပျောက်တဲ့ဖုန်းတွေထဲမှာ Galaxy S20+ က ဒီနှစ် Flagship ဖုန်းတွေထဲမှာ ထိပ်ဆုံးကပါပါတယ်။ ဘာ Feature မှ Point Out ပြစရာမရှိတဲ့ Mid Range ဖုန်းတစ်လုံးလိုမျိုး ပြောစရာစကားပျောက်နေတာထက် အကုန်ကလည်း အဆင်ပြေနေတယ်၊ သုံးရတာကောင်းတဲ့အဆင့်ရောက်နေပြီးတော့ ပိုကောင်းသင့်တယ်ဆိုပြီး လုံးဝအထွန့်တက်တာမျိုး၊ ဒါမှမဟုတ် Stand Out ဖြစ်နေတာမျိုး မရှိတဲ့ Just a Great Android Flagship ဖုန်းဖြစ်နေတာကြောင့်ဆိုရင် ပိုမှန်ပါတယ်။

ဘာပဲဖြစ်ဖြစ် ရေးဖြစ်တယ်ရှိအောင် Galaxy S20+ ကို မြင်တဲ့အမြင်တစ်ချို့ကို ပြောဖြစ်ပါတယ်။ တစ်ခုရှိတာက In-Depth နာမည်တပ်ထားပေမယ့် Specs တွေနဲ့ တချို့ Samsung Flagship တွေရဲ့ ပျင်းစရာကောင်းတဲ့ Feature တွေကိုတော့ ကျော်သွားဖြစ်ပါလိမ့်မယ်။

ကဲ… စကြတာပေါ့။

Design

မှန်တယ် – Galaxy S20+ ရဲ့ Design က S10+ နဲ့ယှဥ်မယ်ဆိုရင် Camera Layout ကလွဲပြီး လုံးဝထူးထူးခြားခြားပြောင်းသွားတာမျိုးမဟုတ်ဘူး။ ပြီးတော့ S10+ ထက် Improve ဖြစ်လာတယ်လို့ ပြောဖို့က ဖုန်းနောက်ကျောဘက်တစ်ခုကိုပဲ ကြည့်မယ်ဆိုရင် သိပ်မဟုတ်သေးဘူးလို့တောင် ပိုပြောလို့ရပါတယ်။ Square Camera Design ကို ထောင့်ပို့လိုက်တာက Camera Bump က S20 Ultra လောက်မဟုတ်ဘူးဆိုပေမယ့် စားပွဲမှာချထားရင် S10+ လောက် Balanced မဖြစ်နေတာကိုတော့ သိပ်မကြိုက်။

ဒါပေမယ့် ကိုင်ရတဲ့ Feeling က 20:9 Display ကြောင့် ပိုရှည်မျောမျောဖြစ်သွားတယ် – လက်တဖက်ထဲကိုင်ရတာပိုကောင်းတယ် – ဒါက လက်သေးတဲ့သူတစ်ယောက်ဖြစ်တော့ သိသာတယ်။ 6.7″ Display ဖုန်းတစ်ခုပေမယ့် လက်ထဲမှာ အရမ်းကြီးနေတယ်လို့ မခံစားရတာ၊ အရမ်းမလေးနေတာက အချိန်ကြာကြာဖုန်းသုံးနေမယ်ဆိုရင် အဆင်တော်တော်ပြေတယ်။ ပြောရရင် Cover မတပ်ပဲသုံးနေရင်တောင် Insecure ဖြစ်တာမျိုး တော်တော်လေးနည်းတဲ့ဖုန်းပါ။


နောက်ထပ်ကြိုက်တာက Volume Key တွေမှာ Frame နဲ့ Glass Merge လုပ်သွားတဲ့ Line တွေ၊ ပြီးတော့ လုံးဝနီးပါး Curved မဖြစ်တော့တဲ့ Display ပါ – S20+ ကို ကိုင်ထားရတာ ပိုစိတ်ချရတယ်၊ Video တွေကြည့်တဲ့အချိန်မှာ ပိုသဘောကျလာတယ်ဆိုတဲ့ ခံစားချက်က ဒီ Display ပုံစံပြောင်းလိုက်တာကြောင့်လည်းပါပါတယ်။

ကျန်တဲ့အပိုင်းဆိုရင် Selfie Camera ကို ပိုပြီး Wide ဖြစ်လာတာမျိုးလည်းမဟုတ်သလို အလည်ထက် အရင်ကလို ထောင့်ပို့ထားတာကို ပို Prefer ဖြစ်တယ်ဆိုတာကလွဲရင် အရမ်းတော့ အပြစ်ရှာမရ – ထောင့်မှာဆိုရင် Ultrawide Secondary Sensor တစ်ခုပါ တပ်လို့ရနိုင်ဦးမလားပေါ့။

အရောင်အနေနဲ့ကတော့ သုံးဖြစ်တဲ့အရောင်က Gray ဖြစ်နေတယ် – ပြောရရင် အပြာရောင်ကိုပါ စမ်းဖြစ်တယ်၊ ပိုကြိုက်မယ်ထင်ပေမယ့် တကယ်တမ်း Gray ကို တော်တော်လေးသဘောကျသွားတယ် – အရင်တုန်းက OnePlus 5T လိုမျိုးလည်းမဟုတ်၊ Bladerunner Style ဖြစ်နေတယ်ပဲပြောရမလား။ မွဲခြောက်ခြောက်နဲ့ Interest အရမ်းလိုက်ရှာနေတယ် Fancy Color မဟုတ်နေသလို Boring Black လည်းမဟုတ်တော့ တစ်မျိုးဆန်းနေတယ်။

အဲ့တော့ Design ပိုင်းမှာ Galaxy S20+ က အပြစ်ပြောဖို့တော်တော်လေးကို ခက်တယ် – ကိုင်ထားရတာကအစ အကုန်လုံးနီးပါးမှာ အဆင်ပြေတဲ့ Galaxy S Series ဖုန်းတစ်လုံးဆိုတာ သိသာတယ်။

ဒါပေမယ့် – တကယ်လို့ S20+ ကို မနှစ်တုန်းက S10+ (အထူးသဖြင့် Ceramic White) လိုဖုန်းနဲ့ လုံးဝ Blind Test လုပ်ပြီး ပိုကြိုက်တဲ့ Design ရွေးပါဆိုရင်တော့ S20+ ကို ရွေးဖြစ်မယ့် Chance ၊ S20+ က လုံးဝပိုကောင်းတယ်ဆိုတဲ့ Chance က တော်တော်လေးကိုနည်းမယ်ထင်တယ်။

အဲ့တော့ သဘောကျမိတဲ့ Display

ဒါမှမဟုတ် Samsung Flagship တိုင်းရဲ့ Winning Card.

ဒီ Display ပိုင်းမှာက ထုံးစံအတိုင်း Brightness တော်တော်ကိုကောင်းတဲ့ 6.7″ Dynamic AMOLED Panel ၊ Color ပိုင်း မနှစ်ကထက် Side by Side ယှဥ်မှပိုသိသာတဲ့အထိ Natural ပိုဖြစ်လာတယ်၊ ပြီးတော့ အခုနကပြောသလို Curved မဖြစ်တော့တာက ကြည့်ရတဲ့ Experience မှာလည်း ပိုပြီး ပုံမှန် Curved ဖြစ်သွားနေကြထောင့်တွေမှာ ပိုအဆင်ပြေလာတယ်။

But Quality က ပြောရရင် S20+ မှာ ပြောနေစရာမလိုတဲ့ကိစ္စတစ်ခုပါ – မနှစ်က S10+ သုံးနေတာမျိုးမဟုတ်ရင် တော်တော်ကိုကောင်းနေပြီးသား Flagship Quality က ရှိပြီးသား။ ဒါပေမယ့်လည်း တစ်ဖက်မှာ အမှီလိုက်နိုင်တဲ့ Display တွေ – ပြောရရင် Mi CC9 Pro လိုဖုန်းတွေမှာရှိနေပြီဆိုတော့ Samsung အနေနဲ့ Display Quality ကို ဒီနှစ်မှာတော့ ပိုကောင်းနေသေးတယ်ဆိုပေမယ့် နောက်နှစ်တွေမှာ Winning Card အနေနဲ့ဆက်သုံးနိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။

ဒီ S20+ မှာထူးခြားချက်အနေနဲ့ 120Hz Refresh Rate Display ကို Support လုပ်တယ်။ ဒါပေမယ့် Full HD Resolution မှာပဲ Support လုပ်နေတာပါ။

အဲ့အချက်က တော်တော်လေးကို အာရုံစားတယ် – ပုံမှန် Facebook ၊ Twitter ၊ Instagram လိုမျိုးသုံးနေတာမျိုးဆိုရင် 120Hz ကနေ ရလာတဲ့ Refresh Rate က မတရားကို သိသာပြီး 60Hz ပြန်မသွားချင်လောက်အောင်ဖြစ်နေတယ်။ ဒါပေမယ့် S20+ ကို Primary သုံးနေတာ ပြောရရင် Facebook သုံးဖို့မှမဟုတ်တာဆိုပြီး ပြန်ပြောရမလိုဖြစ်နေတာကတစ်ခု။

ဘာကြောင့်လဲဆိုရင် အရင်ထဲက Samsung QHD+ Display ပါတဲ့ Flagship ဖုန်းတွေကို သုံးနေဖြစ်တာက အမြဲကြည့်နေဖြစ်တဲ့ Netflix ၊ YouTube Video တွေကို QHD နဲ့ကြည့်ချင်လို့ပါ။ မှန်တယ် – Laptop နဲ့ယှဥ်ရင် Screen Size ကတော့ သေးနေတုန်းပဲ။ ဒါပေမယ့် Color ပိုင်း၊ Brightness ပိုင်းသိသိသာသာပိုကောင်းတာရော နောက်ပြီး QHD Quality ကို အနီးကပ်ကြည့်ရင်လည်း သဘောကျဖို့ကောင်းတာတွေရောဆိုတော့ ဒီ 120Hz မလိုတဲ့ Video ကြည့်တဲ့ Multimedia ကိစွတွေမှာ FHD Resolution နဲ့ဖြစ်နေတာကြီးက တော်တော်ဆိုးတယ်။

အဲ့တော့ QHD+ ပြောင်းလိုက်ရတာပဲမဟုတ်ဘူးလားဆိုတဲ့မေးခွန်းက မေးချင်စရာပါ – ဒီနေရာက Galaxy S20+ ရဲ့ အကြီးဆုံးအားနည်းချက်ဖြစ်လာတယ်ဆိုရင်လည်း မမှားဘူး။ မှန်တယ် – Facebook ကနေ YouTube ဝင်နေပြီး QHD နဲ့ ကြည့်ချင်လို့ Setting ပြေးသွားပြီးတော့ QHD+ ပြောင်းလို့ရတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကြည့်နေတဲ့ YouTube App ကို ပြန်ထွက်ပြီး ပြန်ဝင်ရမယ်။ ဒါက Screen Resolution ထက် Refresh Rate ကြောင့်ဖြစ်နေတာပိုဖြစ်နိုင်တယ် – ဘာကြောင့်လဲဆိုတော့ ပြောင်းပြန်အနေနဲ့ Facebook App ထဲဝင်ပြီး QHD+ ကနေ FHD+ 120Hz ပြောင်းလိုက်လည်း Resolution ပြောင်းပေမယ့် Facebook App ကို ပြန်ထွက်ပြီး ပြန်မဝင်မချင်း Refresh Rate က 120Hz ကို မပြောင်းသွားဘူး။

ဒီအချက်က မတရားဆိုးပါတယ်။ Samsung က ဒီ High Refresh Rate Game ကို ဝင်ချင်ပေမယ့် Auto ထားနိုင်ဖို့နေနေသာသာ Manual တောင် တိုင်ပတ်နေတာ အရင်တုန်းက Iris Scanner တွေတိုင်ပတ်တဲ့အတိုင်းကို S20+ မှာကြုံနေရတာပါ။ မဖြစ်သင့်သလို ကြားထဲမှာ QHD+ နဲ့ 120Hz မရနိုင်တောင် Compromise အနေနဲ့ 90Hz Option မရှိနေတော့ ဒါက တော်တော်လေးကို ပိုလက်မခံနိုင်စရာဖြစ်နေတယ်။ ကြည့်နေတဲ့၊ ဖတ်နေတဲ့ YouTube Video ဒါမှမဟုတ် Facebook Post တစ်ခုကို ကြားဖြတ် App လုံးဝပြန်ထွက်ပြီးမှ ဒီ Refresh Rate/Resolution ပြောင်းလဲမှုကို သိနိုင်နေတာ တော်တော်ကိုအလုပ်မဟုတ်ဘူး။

Maybe ဒီလိုအတင်း Complain တက်နေဖြစ်တာက S20+ မတိုင်ခင် တူညီတဲ့ QHD+ Resolution မှာပဲ 60Hz နဲ့ 90Hz ကို မတရားခုန်ဆင်း၊ ခုန်တက်နေတဲ့ Pixel 4 XL သုံးဖြစ်တာကြောင့်လည်းဖြစ်နိုင်တယ်။ ဒါပေမယ့် Pixel 4 XL က In-App အတွင်းမှာတင် Subtle အဖြစ်ဆုံးပြောင်းလဲနေတော့ ဒါက 60Hz ဖြစ်နေတာလား၊ 90Hz ဖြစ်သွားတာလား ခန့်မှန်းနေရတဲ့အချိန်မှာ S20+ က လုံးဝ Software Implantation မနိုင်ပဲ 120Hz ဖြစ်ပြီးရော ဆိုပြီး အတင်းထည့်တာနဲ့သွားတူနေတယ်။

အဲ့တော့ Galaxy S20+ ထက် Display ကိုပဲ Samsung Flagship ဖုန်းဖြစ်နေတာပဲ၊ ကောင်းမှာပဲဆိုပြီး စဥ်းစားနေရင် ပို Refine လုပ်လာသင့်တဲ့ Note 20+ ကိုပဲ စောင့်တာပိုကောင်းမယ်။ ဒါမှမဟုတ် အဲ့ဒီအချိန်မှာ S20+ ကို Software Update လုပ်လာမလားတော့ မပြောတတ်။

နောက်ထပ် အဓိက Factor တစ်ခုကို ဆက်သွားတာပေါ့။

Camera



Galaxy S20 Ultra ရှိနေတဲ့အချိန်မှာ ပြောရရင် S20+ ရဲ့ Camera က Refinement တစ်ခုဆိုတာထက် ဘာမှမပိုပါဘူး။ ပြောရရင် Same Formula သုံးထားပြီး Dual Aperture လို Gimmick ကို ဖြုတ်ထားတဲ့ 12MP Primary Sensor အတွက်ကတော့ Refinement ဆိုတာ အသုံးသင့်ဆုံးစကားလုံးပါ။ Details ပိုကောင်းလာတယ်၊ မျက်နှာကို Soften လုပ်နေတုန်းပဲ၊ Color နည်းနည်း Accurate ပိုဖြစ်လာတယ်၊ Dynamic Range က ကောင်းတယ်ဆိုပေမယ့် ထုံးစံအတိုင်း ပုံမှန်ထက်ပိုလင်းနေတယ်လို့ ထင်နေတုန်းပဲ။ ပြီးတော့ S10 တုန်းက Night Mode ကို Bixby က Scene Recognition အစား သီးသန့် ပိုကောင်းတဲ့ Mode တစ်ခုအနေနဲ့ iPhone တွေလို အချိန် ၁၀ စက္ကန့်လောက်ထိရိုက်လို့ရလာတယ် – Quality ကတော့ Samsung အနေနဲ့ တော်တော်လေးကို Improve ဖြစ်လာတယ်ဆိုပေမယ့် အရမ်းအားရတဲ့အဆင့်တော့မရောက်သေး။

12MP Primary Sensor – Colors are Quite Good
ပိုကြိုက်မိလာတာက Ultrawide Camera တော်တော်လေးကို ပိုပြီးအဆင်ပြေလာတယ် – Primary Sensor ထက်တောင် သိသိသာသာ Bixby ကို ပိတ်ထားရင် Over Saturated ဖြစ်နေတာမျိုး နည်းသွားတယ်။ Night Photo တွေမှာတော့ ထုံးစံအတိုင်း ကောင်းတယ်ပြောဖို့ခက်တုန်းပဲ။

 မကြိုက်တာ နံပါတ်ပိုများရင်ပြီးရော ဆိုတဲ့အတွေးကလွဲရင် ဘာစိတ်ကူးနဲ့ထည့်မှန်းမသိတဲ့ 64MP Primary မကျတကျ Sensor – ဖြစ်နိုင်တာက 8K Video အတွက်သုံးတာဆိုတာကလွဲရင် Crop လုပ်ချတဲ့ 3x Zoom ဓါတ်ပုံက 2x Optical Zoom ပါတဲ့ဖုန်းကို 3x Digital တိုးသုံးတာလောက်ကို အဆင်မပြေ၊ ပြီးတော့ 20x နဲ့ 30x က 10x ကွာရမယ့်အစား တူတူနီးပါးဖြစ်နေတာကြီးက နားလည်ရခက်တယ် :3

S20+ ဖြစ်နေတော့ ToF DepthVision Camera ပါလာတယ် – ဒီ AR Emoji တွေ၊ Sticker တွေကတော့ ထည့်မပြောချင်ပေမယ့် AR Measure လိုမျိုး တိုင်းတာတဲ့နေရာတွေမှာ တော်တော်လေးကို မြန်တယ်၊ ပိုတိကျတယ် – အမြဲတမ်းလိုတဲ့ Feature တော့မဟုတ်ပေမယ့် ဒီ DepthVision Sensor ပါလာတာက Pixel 3 မှာ Google Measure App ထည့်သုံးနေတာထက် အများကြီးပိုမြန်ပြီး ပိုတိကျတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

အဲ့တော့ Maybe Samsung အတွက်ကတော့ ဒီ S20+ က နောက်ဆုံးသော 12MP Sensor ကို Refine လုပ်ထားတဲ့ဖုန်းဖြစ်လာနိုင်ပါတယ်။ Dual Aperture ကို ဖြုတ်လိုက်တာက ပို Consistent ဖြစ်ပြီး Natural ဘက်ပိုသွားတဲ့ ဓါတ်ပုံတွေရလာတယ်၊ အထူးသဖြင့် ပိုကောင်းတဲ့ Night Mode ကိုရိုက်လို့ရတာက Flagship Level တစ်ခုအနေနဲ့ရပ်တည်နိုင်တယ်။ တကယ်လို့ Samsung ကနေ မနှစ်တုန်းက S10e လိုမျိုး S20e ကို ဒီ Primary Sensor ၊ ဒီ Ultrawide Sensor ၂ လုံးထဲနဲ့ Dual Camera နဲ့ ထုတ်လာမယ်ဆိုရင် အကောင်းဆုံး Camera ပါတဲ့ Compact Flagship ဖုန်းလို့တောင် ပြောမိဖို့များတယ်။

12MP Primary Sensor

64MP Mode – 64MP Sensor
ဒါပေမယ့် အခုပြောနေတာ S20+ ဆိုတော့ 64MP Sensor က Primary Sensor ကောင်းတာကို လိုက်ဖျက်နေတယ်ဆိုတာထက် ပြောစရာမရှိဖြစ်သွားတယ်။ နံပါတ်အရသာ ပိုကြီးတယ်၊ Camera မှာလည်း 64MP Mode ဆိုပြီးထည့်ထားပေမယ့် File Size ကြီးတာကလွဲရင် ပုံမှန် 12MP Primary Sensor ထက် Details ၊ Dynamic Range ၊ Color တွေအကုန်ပိုစုတ်နေတော့ 8K လို Gimmick အတွက်နဲ့ Telephoto အယောင်ဆောင် Sensor အစုတ်ထည့်ပေးသလိုဖြစ်တာကြီးကတော့ Camera ပိုင်းမှာ အဆိုးဆုံးအချက်တစ်ခုဖြစ်သွားတယ်။

ဒါနဲ့ Single Take လို Feature ကြတော့ Maybe သူငယ်ချင်းတွေနဲ့အားတိုင်းရိုက်ဖြစ်နေတာမဟုတ်ရင်တော့ Gimmick ဖြစ်ဖို့က ပိုပြီး Chance များပါတယ်။

Video ပိုင်းကတော့ ကောင်းတယ်၊ 8K လည်းရိုက်လို့ရတယ်၊ Dynamic Range လည်း Android ဖုန်းတွေထဲမှာ တော်တော်ကောင်းတယ်ဆိုပေမယ့် ဖုန်းနဲ့ Video ရိုက်မယ်ဆိုရင်တော့ iPhone ကိုပဲရွေးတာပိုမှန်ဦးမှာပါ။

နောက်ဆုံး Controversial အဖြစ်ဆုံးကိစ္စ – 

Performance

ဒီကိုဝင်တဲ့ဖုန်းတွေက Exynos 990 5G မပါတဲ့ Chipset တွေကိုပဲသုံးထားတယ်။ ပြောရရင် Antutu Benchmark လိုမျိုး Benchmark တွေယှဥ်မ Run သလို ထည့်လည်းထည့်မသုံးတော့ ကျိန်းသေပြောနိုင်တာတစ်ခုက Exynos ဖြစ်နေပေမယ့် Daily သုံးလို့အဆင်ပြေနေတယ်။ ပြောရရင် Game ပိုင်း၊ Web Browsing ၊ Camera ဒါတွေအကုန်လုံးနီးပါးမှာ Flagship ဖုန်းတစ်လုံးဖြစ်နေဆဲပဲလို့ ပြောနိုင်တဲ့ Performance တစ်ခုရှိနေတယ်။

တစ်ဖက်ကပြောရင်တော့ ဒါက Exynos 990 နဲ့ SD865 S20+ ၂ လုံးကို ယှဥ်မသုံးဖြစ်တာကြောင့်ပိုဖြစ်နိုင်တယ်။ ပြီးတော့ သုံးထားတဲ့ UI မတူတဲ့ SD865 ပါတဲ့ဖုန်းနဲ့ကြတော့လည်း တိုက်ရိုက်မယှဥ်ဖြစ်၊ မယှဥ်သင့်တာကြောင့်လည်းဖြစ်လိမ့်မယ်။ ဒါပေမယ့် ကျိန်းသေပြောနိုင်တာတစ်ခုက မနှစ်တုန်းက S10+ ၊ Note 10 ဖုန်းတွေသုံးဖြစ်သလိုမျိုးပဲ ဒီ S20+ မှာလည်း Performance ပိုင်းမှာ ဆိုးဆိုးရွားရွား ဒီစျေးမှာ မဖြစ်သင့်တဲ့ Lag တာတွေ၊ Hang တာတွေမရှိနေဘူး။ အဲ့တော့ ကျိန်းသေ Benchmark ယှဥ်နေတာမျိုး၊ Side by Side ယှဥ်တာမျိုးကလွဲရင် မသိနိုင်တဲ့ကိစ္စတစ်ခုဆိုတာ အမှန်ဆုံးဝန်ခံချက်ဖြစ်ပါလိမ့်မယ်။

Heat ကတော့ Mobile Data နဲ့ GPS သုံးနေတာမျိုး၊ ဒါမှမဟုတ် Game တော်တော်ကြာကြာဆော့နေတာမျိုးဆိုရင်တော့ နည်းနည်းသိသာလာတယ်။ ဒါပေမယ့် မသုံးနိုင်လောက်အောင်ဆိုးနေတာမျိုးမဟုတ်ဘူး။ တစ်ခုရှိတာက QHD+ ထက် 120Hz မှာ သိသိသာသာကို ပို Heat ရှိတယ်၊ Heat တက်တာလည်းပိုမြန်တယ်။

အဲ့တော့ Maybe Snapdragon Version က ပိုသာလိမ့်မယ်… But We don’t really have a choice in this country?

Battery

Battery ပိုင်းကတော့ ပြောရခက်တယ် – S20+ မှာ အသုံးအများဆုံးက QHD+ 60Hz နဲ့ပဲသုံးဖြစ်တာပိုများတယ်။ High Refresh Rate ကို Prefer ဖြစ်တယ်ဆိုပေမယ့် Extra Resolution ကို အမြဲတမ်းလိုလို ပိုသုံးဖြစ်နေတာများတာကြောင့် – ပြီးတော့ Setting ထဲအမြဲဝင်ပြောင်းလိုက်၊ သုံးနေတဲ့ App ကို ပြန်ထွက်ပြီး ပြန်ဝင်လိုက်မလုပ်ချင်တာကြောင့်။

အဲ့တော့ QHD+ 60Hz မှာ OST က Average ၆ နာရီကနေ ၇ နာရီဝန်းကျင်လောက်အထိရတယ်၊ ဒါပေမယ့် FHD+ 120Hz မှာကြတော့ ၆ နာရီ Average – တခါတလေ Wi-Fi အစား Mobile Data ကိုဆင်းမယ်ဆိုရင် ၆ နာရီအောက်အထိကို ရောက်သွားတာမျိုးရှိတယ်။ FHD+ 60Hz ကတော့ အဓိပ္ပါယ်မရှိတဲ့ Option ဖြစ်သွားပြီ။

ပြောရရင် QHD+ မှာ S20+ ရဲ့ 4500mAh Battery က အရင်တုန်းက Samsung S10+/Note 10 ဖုန်းတွေ FHD+ ဆင်းသုံးတာလောက်ကို အသုံးခံလာတယ်။ အဲ့တော့ ကိုယ်က Battery အားကြာကြာခံချင်ပြီး Video ပဲကြည့်ဖြစ်တာပိုများတယ်ဆိုရင်တော့ QHD+ က ပိုရွေးသင့်တဲ့ Option ဖြစ်လိမ့်မယ်။

အားသွင်းတာကတော့ Samsung ကနေ 25W Charger မပေး – ဘာ Charger မှမပေးတော့ ပုံမှန် 18W နဲ့ကတော့ ၂ နာရီနီးပါးကြာတယ်။ ဒါပေယ့် 25W နဲ့ဆိုရင်တော့ ၁ နာရီ ၁၅ မိနစ်လောက်နဲ့ အားပြည့်လိမ့်မယ် (ဒါက နောက်မှအသိတစ်ယောက်ဖုန်းနဲ့စမ်းဖြစ်တာ)

Battery ပိုင်းကတော့ S20+ က အားရဖို့ကောင်းတယ်မဟုတ်ရင်တောင် အရင် Samsung ဖုန်းတွေ၊ အထူးသဖြင့် Note 10 လိုဖုန်းကနေဆိုရင် သိသိသာသာကို ပိုကောင်းလာတယ်။ တစ်ရက်ကောင်းကောင်းသုံးလို့ရလာတယ်။

Messed up Charging
တစ်ခုက USB-PD or 15W & Above အတွက် Fast Charging ၊ 25W အတွက် Super Fast Charging နဲ့ Fast Wireless Charging ဆိုပြီး Battery Option ကို ဘာက ဘာအတွက်ဆိုပြီး မရှင်းပြထားပဲ Enable/Disable လုပ်နိုင်တဲ့ Option ထားတာကတော့ သိပ်မမိုက်။ ပြီးတော့ Adaptive Battery ပုံစံ Usage Learning လုပ်တာ ၄၈ နာရီလောက်ကြာပေမယ့် Learning လုပ်ပြီးတဲ့အချိန်ကြတော့ ဘယ် App က Battery စားနေတယ်ဆိုတာကလွဲရင် ဘာမှ Adaptive Battery Saving မလုပ်နိုင်တာကိုလည်း အားမရ။

ကျန်တာဘာရှိမလဲ….

အမှန်အတိုင်းပြောရရင် Speaker Quality ကို အားမရပါဘူး။ S10 တုန်းက တော်တော်လေးကောင်းခဲ့တယ်၊ အခု S20+ မှာလည်း ပိုကောင်းလာတယ်ဆိုပေမယ့် Mi 10 လိုဖုန်းမျိုးနဲ့ယှဥ်ရင် အားမရတဲ့အဆင့်တစ်ခုကို ဆင်းတယ်။ Samsung အနေနဲ့ Refine လုပ်ရုံပဲဆိုပေမယ့် ဒီထက်ပိုပြီးကောင်းလာသင့်တယ်လို့မြင်မိတယ်။

Software ကတော့ OneUI 2.1 က Android 10 Gesture တွေဖြစ်လာတယ် – Daily သုံးနိုင်တဲ့ UI တစ်ခုဆိုပေမယ့် Icon Design တွေကိုတော့ အခုထက်ပို Subtle ဖြစ်လာသင့်တယ်လို့ မြင်မိ။ ဘာပဲဖြစ်ဖြစ် သုံးဖြစ်တဲ့အချိန်မှာတော့ Bugs တွေ၊ နှေးသွားတာမျိုးတွေမရှိဘူး သုံးရတာအဆင်ပြေတယ်။ Curved လည်းမဖြစ်တော့တဲ့အချိန်မှာ ဖြုတ်သင့်နေပြီလို့ပြောရမယ့် Edge Display ကြီးကို ဆက်ထည့်ထားတာကိုတော့ သိပ်နားမလည်။


Software ပိုင်းမှာ OneUI ထက်ပိုပြီး သိချင်မိတဲ့တစ်ခုက Samsung တစ်ယောက် Microsoft နဲ့ Integration ဘယ်လောက်ထိရှိနေသလဲဆိုတာပါ။ ပုံမှန်ဖုန်းမှာ Your Phone App ရှိမှ Windows PC နဲ့ ချိတ်လို့ရပေမယ့် S20+ မှာ လုံးဝ System Noti Bar မှာကိုက Link to Windows ဆိုပြီးပါနေတယ်။ ပုံမှန် Your Phone ထက် Feature တွေလည်း ပိုလုပ်နိုင်တယ်ဆိုပေမယ့် တကယ်လို့ မသုံးချင်၊ မလိုချင်တဲ့သူရှိတယ်ဆိုရင် ဒီ Feature က လုံးဝဖြုတ်မရတဲ့ System Feature ကြီးဖြစ်နေတယ်။

ပြီးတော့ Google Photos Auto Backup က ဒီ S20+ မှာ အရင်တုန်းက Samsung Flagship တွေလို Background Sync က ကောင်းကောင်းအလုပ်မလုပ်ဘူး။ ပြီးတော့ Default Gallery App မှာ OneDrive နဲ့ချိတ်ပြီး Samsung Account ထဲမှာ Sync နေတာကနေ လုံးဝအကုန်လုံးကို OneDrive နဲ့ Sync ဖို့အထိ Connect လုပ်လို့ရနေတယ်။ ဒါက တကယ်လို့ OneDrive Sync မပါတဲ့ Samsung Mid Range ဖုန်းမှာဆိုရင်ဘယ်လိုဖြစ်သွားနိုင်မလဲဆိုတာက နည်းနည်းတွေးစရာဖြစ်လာတယ်။ Microsoft ရဲ့ Link to Windows/Your Phone ၊ MS 365 တွေကိုသုံးနေတဲ့သူတစ်ယောက်ဖြစ်နေပေမယ့် ဓါတ်ပုံတွေကို Sync ဖို့က OneDrive App က သာမန် Gallery App တွေကိုတောင် မမှီတော့ ဒီ Samsung နဲ့ Microsoft တို့ Cooperation ကြီးက ဘယ်လောက်အထိသွားမလဲဆိုတာကို တွေးမိပြီး သိပ်မကြိုက်သလို ဖြစ်မိလာတယ်။

Galaxy S20+ ဘက်ပြန်သွားရမယ်ဆိုရင် In-display Fingerprint Sensor တိုးတက်မှုမရှိ၊ Haptics ကတော့ နည်းနည်းလေး မသိမသာပိုကောင်းလာတယ်။ Headphone Audio ကတော့ USB-C Earphone မရှိတော့တဲ့အတွက် နားမထောင်ဖြစ်။


အဲ့တော့ အဆုံးသတ်ကြတာပေါ့။

Samsung Galaxy S20+ က S10 Series ကနေ S20 Series ဆိုပြီး ခုန်ကျော်ခဲ့ပေမယ့် တကယ်တမ်းကြတော့ S7 ကနေ S8 ၊ S8 ကနေ S9 ကိုရောက်လာသလိုမျိုးပဲ S10+ ကနေ ပိုကောင်းသလား၊ ပိုဆိုးသလားမသေချာတဲ့ Camera Design ပြောင်းလဲမှုတစ်ခုနဲ့ပဲ Refined လုပ်လာတဲ့ ထပ်တလဲလဲ Galaxy S Series ဖုန်းတစ်လုံးပါ။

Maybe Samsung အနေနဲ့ ဒီထက်ပိုပြီး Generation တစ်ခုမှာ Refined ဆိုတာထက် Leap မလုပ်သင့်ဘူးလို့ ယူဆတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျိန်းသေတာတစ်ခုက Galaxy S20+ က ပျင်းဖို့အကောင်းဆုံး သုံးရတာကောင်းတဲ့ Flagship ဖုန်းဆိုတာကလွဲပြီး ပြောစရာစကားလည်းမရှိပါဘူး။ Display ၊ Camera ၊ Design ၊ Battery လိုမျိုး Overall အကုန်လုံးခြုံကြည့်ရင် တခြားဖုန်းတွေထက်တောင် ပိုရွေးသင့်တဲ့ထဲပါတယ် – ဒါပေမယ့် တစ်ခုချင်းစီမှာ ပိုကောင်းမလားလုပ်မိတဲ့ Feature အသစ်တွေက Gimmick တွေ၊ ပိုကောင်းသင့်တဲ့အစား ပိုဆိုးတာတွေဖြစ်နေတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ Overall ဆိုတာကြီးနဲ့ ချိန်ထိုးရင် သူ့ထက်ပိုရွေးသင့်တဲ့ Flagship ဖုန်းဆိုတာက Brand နဲ့ ရမယ့် Warranty လို Extra Service တွေ၊ Google Apps, Service အပြင် Link to Windows လိုမျိုး တကယ် Windows Laptop တစ်လုံးနဲ့အလုပ်လုပ်နေတဲ့သူတွေအတွက် အသုံးဝင်တဲ့ Feature တွေ၊ Galaxy Buds+ ကစပြီး Gear Smartwatch ၊ TV ကနေ အသုံးအဆောင်အကုန်လုံးအထိ ပစ်ဝင်လို့ရတဲ့ Ecosystem တစ်ခု – ဒါတွေက Galaxy S20+ ကို မတန်ဘူးဆိုပြီး ပြောဖို့တော်တော်ကို ခက်သွားတယ်။ Yes – Snapdragon မဖြစ်တာတွေ၊ 5G မပါတာတွေထည့်တွက်ရင်တောင်ပါ။

ဒါပေမယ့် ဒီနှစ် Mi 10 Pro လိုမျိုး၊ OnePlus 8 Pro လိုမျိုးဖုန်းတွေရှိလာတယ် – အထူးသဖြင့် Samsung ရဲ့ ပြောနေကြ Overall တို့၊ All-Rounder ဆိုတာတွေထက် ဖုန်းအနေနဲ့ ယှဥ်မယ်၊ Feature တစ်ခုချင်းအနေနဲ့ ယှဥ်မယ်ဆိုရင် ယှဥ်နိုင်တာထက် ပိုသာလာတဲ့ဖုန်းတွေရှိလာတဲ့အချိန်မှာ တကယ်ကို Samsung ကို နောက်နှစ် Galaxy S21+ မှာ Refine ဆက်လုပ်နေမယ်ဆိုရင်တော့ ဆက်ပြီးတောင် ညွှန်းဖို့တော်တော်ခက်သွားလိမ့်မယ်။ Samsung S Series ဖုန်းဆိုပြီး တစ်ခုခုနဲ့ ပြန်ပြီး တခြားသူလိုက်မမှီအောင်လုပ်ဖို့က လိုအပ်နေပါပြီ။

So, that it is.


(မူလ ေရးသားတင္ဆက္ေသာ Tech Gadget Myanmar စာမ်က္ႏွာအား TechGadgetMM တြင္ လင့္ခ္ခ်ိတ္ထားတယ္ေနာ္)

No comments: