Saturday, April 25, 2020

အပူလြန္ကဲ သတိၿမဲဖို႔

အပူလြန္ကဲ သတိၿမဲဖို႔
▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲


ယခုလို ေႏြရာသီတြင္ အပူခ်ိန္ျပင္းထန္ျခင္းကို ႏွစ္စဥ္ႀကဳံေတြ႕ရတတ္သည္။ ျပင္ပအပူခ်ိန္ လြန္ကဲျခင္း ေၾကာင့္ က်န္းမာေရးထိခိုက္ႏိုင္သည္ကို လူတိုင္းသတိျပဳ သင့္သည္။

လူ၏ခႏၶာကိုယ္ ကလာပ္စည္းမ်ားသည္ သက္ဆိုင္ရာ လုပ္ငန္းတာဝန္မ်ားကို ထမ္းေဆာင္ရန္ ေကာင္းမြန္ ေသာ ဇီ၀ကမၼအေျခအေန (Optimal Physiological Status)ရွိဖို႔လိုသည္။ လုံေလာက္ေသာ အရည္ႏွင့္ ဓာတ္ ဆားမၽွေျခ (Fluid and Electrolyte Balance)၊ အခ်ဥ္ အခါးမွ်ေျခ (Acid Base Balance)စသည့္ အေျခအေနမ်ား လိုအပ္သည့္အျပင္ သင့္တင့္မၽွတေသာ အပူခ်ိန္ (Optimal Temperature)ရွိဖို႔လည္း အေရးႀကီးသည္။

လူ၏ဦးေႏွာက္ရွိ ဟိုက္ပိုသားလမတ္စ္ (Hypothalmus) တြင္ ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းခ်ဳပ္ေသာဗဟို ဌာန (Thermoregulation Center) ရွိသည္။ ထိုေနရာ တြင္ အပူခ်ိန္ကိုအာ႐ုံခံႏိုင္ေသာ နာ႔ဆဲလ္မ်ား (Thermo – sensitive neurons) ရွိ၍ လိုအပ္ေသာအခ်ိန္တြင္ ခႏၶာကိုယ္အႏွံ႔အျပားရွိ ေခၽြးဂလင္းမ်ား (Sweat Glands) ကို ေခၽြးထြက္ေစရန္ လႈံ႔ေဆာ္ေပးသည္။ ထို႔ျပင္ အေရျပားရွိ အပူခ်ိန္လက္ခံ နာ႔ဆဲလ္မ်ား (Thermoreceptor neurons)မ်ားမွ သတင္းပို႔ခ်က္မ်ားကိုလည္း အပူခ်ိန္းထိန္းခ်ဳပ္ ဗဟိုဌာနက လက္ခံသည္။ ခႏၶာကိုယ္ အပူလြန္ကဲလၽွင္ အပူဆုံး႐ႈံးေစေသာစနစ္ (Heat Loss Mechanism)ျဖင့္ ခႏၶာကိုယ္အပူေလ်ာ့ေစ၍အေအး လြန္ကဲလၽွင္ အပူရရွိေစေသာစနစ္ (Heat Gain Mechanism) ျဖင့္ ခႏၶာကိုယ္ကို ျပန္လည္ေႏြးေထြးလာ ေစသည္။ ဤနည္းျဖင့္ ကိုယ္ခႏၶာအပူခ်ိန္ကို ၉၇ ဒသမ ၅ ႏွင့္ ၉၉ ဒသမ ၅ ဒီဂရီဖာရင္ဟိုက္တြင္ထိန္းထားသည္။

ျပင္ပအပူခ်ိန္ (Environmental Temperature) ျမင့္တက္လာေသာအခါ အေရျပား အာ႐ုံခံနာ႔ဆဲလ္မ်ားမွ ဦးေႏွာက္ဗဟိုဌာနသို႔ သတင္းပို႔သျဖင့္ အေရျပားေအာက္ရွိေသြးေၾကာမ်ား က်ယ္လာၿပီး ေခၽြးထြက္ျခင္းကိုျဖစ္ေစသည္။ ထြက္လာေသာေခၽြးမ်ား အေငြ႕ပ်ံျခင္း(Evaporation)ျဖင့္ အေရျပားအပူခ်ိန္ကို ေလ်ာ့ေစသည္။ အေရျပားရွိ ေသြးျပန္ေၾကာမ်ားမွ ႏွလုံးသို႔ေရာက္ရွိၿပီး ထိုမွတစ္ဆင့္ ကိုယ္တြင္းအပူခ်ိန္ (Core Temperature) က်လာသည္။ ေခၽြးထြက္ျခင္းသည္ ပူေသာအခ်ိန္ ကိုယ္အပူခ်ိန္ကိုက်ေစေသာ အဓိကအေၾကာင္းရင္းျဖစ္သည္။ ကိုယ္အပူခ်ိန္ကို ေလ်ာ့ေစေသာ အျခားနည္းမ်ားမွာ အပူျဖာထြက္ျခင္း(Radiation)၊ အပူစီးထြက္ျခင္း (Convection)၊ အပူကူးေျပာင္းျခင္း (Conduction) တို႔ျဖင့္လည္း ခႏၶာကိုယ္အပူခ်ိန္က်ေစႏိုင္သည္။

အပူျဖာထြက္ျခင္းျဖစ္ရန္မွာ လက္ရွိခႏၶာကိုယ္ အပူခ်ိန္ထက္နည္းေသာေနရာ(ဥပမာ-အရိပ္ထဲ)တြင္ ခႏၶာကိုယ္မွ အပူမ်ားျဖာထြက္ျခင္းျဖစ္သည္။ အပူစီးထြက္ျခင္းဆိုသည္မွာ အေရျပားအေပၚ ကပ္လ်က္ ေလလႊာ သို႔မဟုတ္ ေရလႊာျဖတ္သန္းသြားေသာအခါ ကိုယ္ခႏၶာမွ အပူမ်ားကိုသယ္ေဆာင္သြားျခင္းျဖင့္ အပူေလ်ာ့ရျခင္း ျဖစ္သည္။ အပူကူးေျပာင္းျခင္းဆိုသည္မွာ ေအးေသာေလ သို႔မဟုတ္ ေရႏွင့္ တိုက္႐ိုက္ထိေတြ႕သျဖင့္ အပူမ်ား ကူးေျပာင္း၍ ကိုယ္ခႏၶာအပူေလ်ာ့ျခင္းျဖစ္သည္။ ေအးေသာေရႏွင့္ ထိေတြ႕ျခင္းသည္ ေလေအးႏွင့္ ထိေတြ႕ျခင္း ထက္ ၂၅ ဆ ပို၍ျမန္ျမန္ေအးသည္။

အပူလြန္ကဲမႈမ်ားကို ခႏၶာကိုယ္က အထက္ပါနည္းေလးနည္းျဖင့္ထိန္းၫွိ၍ က်န္းမာေရးထိခိုက္မႈမရွိေအာင္ လုပ္ေဆာင္ႏိုင္စြမ္းရွိေပသည္။ သို႔ေသာ္ျပင္ပ အပူခ်ိန္ အလြန္အမင္းျမင့္တက္ေသာအခါတြင္ လည္း ေကာင္း၊ ခႏၶာကိုယ္၏ အပူထိန္းသိမ္းသည့္စနစ္ အားနည္းသည့္အခါတြင္လည္းေကာင္း စိုးရိမ္ရသည့္ အေျခအေနမ်ား ျဖစ္ေပၚလာတတ္ပါသည္။ ယင္းတို႔မွာ (၁) အပူလြန္ ေျခကုန္လက္ပန္းက်ျခင္း (Heat Exhaustion) ႏွင့္ (၂) အပူေလျဖတ္ျခင္း (Heat Stroke) တို႔ျဖစ္ပါသည္။


Heat Exhaustion တြင္ ေခါင္းကိုက္ျခင္း၊ ေခါင္းမူးျခင္း၊ ကေယာင္ကတမ္းျဖစ္ျခင္း၊ ခံတြင္းပ်က္ျခင္း၊ ေနမေကာင္းဟုခံစားရျခင္း၊ ေခၽြးအဆမတန္ထြက္ျခင္း၊ အေရျပားေဖ်ာ့ေတာ့ ေစးထိုင္းေအးစက္ေနျခင္း၊ လက္ေမာင္း၊ ေျခေထာက္ႏွင့္ ဝမ္းဗိုက္တြင္ႂကြက္တက္ျခင္း၊ အသက္႐ႉျခင္းႏွင့္ ေသြးခုန္ႏႈန္းျမန္ျခင္း၊ ကိုယ္အပူခ်ိန္ ၃၈ ဒီဂရီစင္ဒီဂရိတ္ သို႔မဟုတ္ ယင္းႏွင့္ အထက္တြင္ရွိ ျခင္း၊ ေရအလြန္အမင္းငတ္ျခင္းတို႔ျဖစ္သည္။ ထိုလကၡဏာ မ်ားသည္ လူႀကီးႏွင့္ကေလးတြင္ တူေလ့ရွိေသာ္လည္း ကေလးမ်ားတြင္ အ႐ုပ္ႀကိဳးျပတ္သကဲ့သို႔ ျဖစ္ေနၿပီး အိပ္ငိုက္ေနမည္။ အထက္ပါလကၡဏာမ်ား ေပၚလာလၽွင္ ခႏၶာ ကိုယ္ကို အျမန္ဆုံးေအးေအာင္လုပ္ဖို႔ လိုပါသည္။

(၁)ေအးသည့္ေနရာကို အျမန္ဆုံးေ႐ႊ႕ပါ။

(၂) လဲေလ်ာင္းေစ၍ေျခေထာက္အနည္းငယ္ျမႇင့္ထားပါ။

(၃) ေရမ်ားမ်ားေသာက္ပါ။ အျခားေရျဖည့္ေပးေသာ ေဖ်ာ္ရည္မ်ားလည္းရပါသည္။

(၄)အေရျပားကိုေအးေအာင္လုပ္ပါ၊ ေရေအးျဖင့္ ဖ်န္းျခင္း၊ ေရပတ္တိုက္ျခင္းမ်ားျပဳလုပ္ၿပီး ပန္ကာေလခံပါ၊ ခ်ိဳင္းၾကားႏွင့္ လည္ပင္းတြင္ ေရပတ္တိုက္ျခင္းမ်ားလည္း အက်ိဳးရွိပါသည္။ အထက္ပါလုပ္ေဆာင္ခ်က္မ်ားကိုလုပ္လၽွင္ မိနစ္ ၃၀ အတြင္းျပန္ေကာင္းေလ့ရွိပါသည္။

အကယ္၍မိနစ္ ၃၀ ခန္႔ၾကာေသာ္လည္း မသက္သာလၽွင္၊ ကိုယ္ပူၿပီး ေျခာက္ေသြ႕ေနလၽွင္ ကိုယ္ပူေသာ္လည္း ေခၽြးမထြက္လၽွင္၊ ကိုယ္အပူခ်ိန္ ၄၀ ဒီဂရီစင္တီဂရိတ္(၁၀၄ ဒီဂရီဖာရင္ဟိုက္)ႏွင့္ အထက္ျဖစ္လၽွင္၊ အေရျပားနီရဲေျခာက္ေသြ႕၍ ပူေနလၽွင္၊ အသက္႐ႉတို၍ ျမန္ေနလၽွင္၊ ကေယာင္ကတမ္းျဖစ္လာလၽွင္ ဝက္႐ူးျပန္ သကဲ့သို႔တက္လၽွင္၊ သတိလစ္ေမ့ေျမာသြားလၽွင္ အပူေလျဖတ္သည့္ လကၡဏာမ်ားျဖစ္သျဖင့္ အလြန္စိုးရိမ္ရပါ သည္။ ေဆးအကူအညီ အျမန္ဆုံးရယူျခင္း (ဥပမာေဆး႐ုံကား ဖုန္းဆက္ေခၚျခင္း၊ ေတာ႐ြာျဖစ္လၽွင္ ေဆး ဝန္ထမ္း၊ က်န္းမာေရးဆရာမ၊ သူနာျပဳ၊ ဆရာဝန္ပင့္ျခင္း၊ ေခၚျခင္း)ေဆာင္႐ြက္၍ ေဆး႐ုံတင္ရပါမည္။

အပူေလျဖတ္ျခင္းျဖစ္ႏိုင္ေျခမ်ားေသာသူမ်ား

(၁) ေလေအးေပးစက္၊ ပန္ကာစသည္မရွိေသာ၊ ေလဝင္ေလထြက္မေကာင္းေသာ၊ ေလေကာင္း ေလသန္႔ မရေသာ အခန္းမ်ားတြင္ေနရသူမ်ား၊
(၂) ေရလုံေလာက္စြာ မေသာက္ရေသာသူမ်ား၊ နာတာရွည္ေရာဂါသည္မ်ား၊ အရက္အလြန္ အကၽြံေသာက္သူမ်ား။

(၃) အပူၫႊန္းကိန္း(Heat Index)ျမင့္ေသာေနရာ တြင္ ေနသူမ်ား။

အပူၫႊန္းကိန္းဆိုသည္မွာ ခံစားရေသာ အပူခ်ိန္ ႏွင့္ စိုထိုင္းဆကို အခ်ိဳးခ်တိုင္းတာေသာ တန္ဖိုး တစ္ခုျဖစ္သည္။ အပူၫႊန္းကိန္း ၆၀ ရာခိုင္ႏႈန္း အထက္ရွိေသာ ေနရာမ်ားတြင္ ေခၽြးငုပ္ေစသျဖင့္ ကိုယ္ခႏၶာက ကိုယ့္ဘာသာ ေအးေအာင္ မလုပ္ႏိုင္ေတာ့ပါ။ အပူၫႊန္းကိန္း ၉၀ ရာခိုင္ႏႈန္းအထက္ဆိုလၽွင္ (အထူးသျဖင့္ အပူလႈိင္းျဖတ္ေသာအခါ) အပူေၾကာင့္ျဖစ္ေသာ က်န္းမာေရး ခ်ိဳ႕ယြင္းမႈ(Heat – Related illness)ျဖစ္ပြားႏႈန္း အျမင့္ဆုံးျဖစ္ပါသည္။ အပူၫႊန္းကိန္းကို မိုးေလ၀သဌာနမွ အခါအားေလ်ာ္စြာ ထုတ္ျပန္၍ အမ်ားျပည္သူ သိရွိေအာင္ ေရဒီယို၊႐ုပ္ျမင္သံၾကားတို႔မွ ေၾကညာေပးသင့္ပါသည္။

(၄) ၿမိဳ႕ျပေနထိုင္သူမ်ား။

 ၿမိဳ႕ျပတြင္ ေလထုညစ္ညမ္းမႈႏွင့္ ေလထုစုပုံၿငိမ္သက္မႈ (Stagnant atmorspheric condition)ေၾကာင့္ အပူစုေဝးမႈအက်ိဳး (Heat Island Effect) ျဖစ္ေပၚေနတတ္ျခင္းသည္ အပူလြန္ေရာဂါမ်ားကိုျဖစ္ေစသည္။ ေန႔ဘက္တြင္ ကြန္ကရစ္ႏွင့္အုတ္မ်ားသည္ အပူကို စုပ္ယူထားၿပီး ညဘက္တြင္ အပူျပန္ထုတ္သျဖင့္ညဘက္အပူခ်ိန္ ျမင့္တက္မႈကိုလည္း ျဖစ္ေစသည္။

(၅) အသက္(၄)ႏွစ္ေအာက္ႏွင့္ အသက္(၆၅)ႏွစ္အထက္။

 ကေလးမ်ားတြင္ အပူထိန္းခ်ဳပ္စနစ္ ေကာင္းစြာမဖြံ႕ၿဖိဳးေသးသျဖင့္လည္းေကာင္း၊အသက္ (၆၅)ႏွစ္ အထက္တြင္ ခႏၶာကိုယ္အပူထိန္းခ်ဳပ္စနစ္ေဟာင္းႏြမ္း ခ်ိဳ႕ယြင္းေသာေၾကာင့္ လည္းေကာင္း အပူလြန္ေရာဂါျဖစ္ႏႈန္း ပိုျမင့္ပါသည္။

(၆) က်န္းမာေရးအေျခအေန။

 ႏွလုံး၊ အဆုတ္၊ ေက်ာက္ကပ္ေရာဂါရွိသူမ်ား၊ ၀လြန္းျခင္း၊ ပိန္လြန္းျခင္း၊ ေသြးတိုး၊ ဆီးခ်ိဳ၊ ေသြးခ်ိဳ၊ စိတ္ေရာဂါ၊ ဆစ္ကဲလ္ဆဲလ္ ေသြးနီဥ ေရာဂါ (Sickle cell Triat)၊ အရက္စြဲေရာဂါ၊ ေနေလာင္ျခင္းႏွင့္ အဖ်ားေရာဂါရွိသူမ်ားတြင္ လည္း အပူလြန္ေရာဂါျဖစ္ႏိုင္သည္။

(၇) ေဆးဝါးမ်ား။

 ဘာမီတြန္ကဲ့သို႔ေသာ ဓာတ္မတည့္ေရာဂါ ေပ်ာက္ေဆးမ်ား(Anti Histamines)၊ ပိန္ေဆးမ်ား၊ ဆီးေဆးမ်ား၊ အိပ္ေဆးစိတ္ၿငိမ္ေဆးမ်ား၊ စိတ္ႂကြေဆးမ်ား၊ ဝက္႐ူးျပန္ေရာဂါ ကုေဆးမ်ား၊ ႏွလုံးႏွင့္ ေသြးတိုးေရာဂါကုေဆးမ်ား၊ စိတ္ ေရာဂါကုေဆးမ်ား၊ မူးယစ္ေဆးမ်ား (ကိုကင္းႏွင့္ မက္အက္ဖီတမင္း) အနက္ အခ်ိဳ႕သည္ အပူလြန္ေရာဂါျဖစ္ႏႈန္းကို ျမင့္ေစသည္။

(၈) ကိုယ္လက္လႈပ္ရွားမႈ။

 အားကစားလုပ္ျခင္း၊ ေလ့က်င့္ခန္းလုပ္ျခင္း၊ ေနပူထဲလယ္ကြင္းထဲတြင္ ေတာင္သူလယ္သမား မ်ား လုပ္ငန္းလုပ္ျခင္း၊ အလုပ္ၾကမ္းသမားမ်ား၊ ထင္းေခြ ေတာတက္သူမ်ားသည္ အပူလြန္ကဲမႈ ဒဏ္ျဖစ္ရန္ အလားအလာမ်ားၾကသည္။

အပူဒဏ္မွကာကြယ္ျခင္း
ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ထိေရာက္သည္၊ ပူျပင္းေသာရာသီ/ေန႔၊ အပူၫႊန္းကိန္းျမင့္ေသာ အခ်ိန္မ်ားတြင္

(၁) ေရႏွင့္အရည္ သစ္သီးေဖ်ာ္ရည္ မ်ားမ်ားေသာက္ရမည္။ တစ္ေန႔လၽွင္ ေရဖန္ခြက္ ရွစ္ခြက္ အနည္းဆုံးေသာက္သင့္သည္။ ေရအျပင္ ဓာတ္ဆားေဖ်ာ္ရည္(ဥပမာသီးစုံဓာတ္ဆား၊ ဘီပီအိုင္ ဓာတ္ဆားစသည္မ်ား) မ်ားပါေသာက္သင့္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ေခၽြးထဲတြင္ေရသာမက ဆားဓာတ္မ်ားပါ ပါဝင္သျဖင့္ ေရသာမကဓာတ္ဆားမ်ားပါေသာက္ရျခင္းျဖစ္ သည္။ အကယ္၍ေခၽြးထြက္လြန္ျခင္းတြင္ ဓာတ္ဆားမ်ား ဆုံး႐ႈံးေသာအခါႂကြက္တက္ျခင္းမွသည္ ႏွလုံးရပ္ျခင္းအထိျဖစ္ႏိုင္သည္။

(၂) ေရခ်ိဳးရာတြင္ ကိုယ္ခႏၶာေအးေအာင္ ခ်ိဳးရမည္။အထူးသျဖင့္ အျပင္မထြက္မီ ေရကိုေအးေအာင္ခ်ိဳးထားမွအပူခ်ိန္လြန္ကဲျခင္းကို ကာကြယ္ႏိုင္မည္။

(၃)ေခ်ာင္ခ်ိ၍ေပါ့ပါးေသာ အေရာင္ေဖ်ာ့ေဖ်ာ့ အဝတ္မ်ားကို ဝတ္ရမည္။ အေရာင္ရင့္လၽွင္ အပူကိုစုပ္ယူမႈ ပို၍ အထူးသျဖင့္ အနက္ေရာင္၊ အမည္းေရာင္သည္ အပူစုပ္ယူမႈအမ်ားဆုံးျဖစ္၍ အျဖဴေရာင္သည္ အပူစုပ္ယူမႈ အနည္းဆုံးျဖစ္သည္။

(၄) နံနက္ ၁၁ နာရီမွ ညေန ၃ နာရီအတြင္း ေနအပူရွိန္ အျမင့္ဆုံးျဖစ္သျဖင့္ ထိုအခ်ိန္ျပင္ပမထြက္တာ အေကာင္းဆုံးျဖစ္သည္။

(၅) အရက္အလြန္အကၽြံမေသာက္ရ၊ အရက္သည္ ကယ္လိုရီျမင့္ေသာအရည္ျဖစ္၍ ကိုယ္ခႏၶာ အပူခ်ိန္ကို တက္ေစသည္။

(၆) ေလ့က်င့္ခန္းႏွင့္ ကိုယ္လက္လႈပ္ရွားမႈ၊ အလုပ္ၾကမ္းမ်ား ျပင္းျပင္းထန္ထန္မလုပ္သင့္၊ ကိုယ္လက္လႈပ္ရွားမႈျပဳေသာအခါ ႂကြက္သားမ်ားသည္ စြမ္းအင္လိုသည္။စြမ္းအင္ရရွိရန္ ေအာက္စီဂ်င္ႏွင့္အက္ဒီႏိုစင္းထ႐ိုင္ေဖာ့စဖိတ္(ATP) ကို ေပါင္းသည္။ ထိုသို႔ေပါင္းစပ္မႈတြင္ေဘးထြက္ပစၥည္းအေနႏွင့္ အပူထြက္ေပၚလာသည္။

(၇)ေရာဂါအခံရွိသူမ်ား၊ ကေလးႏွင့္ သက္ႀကီး႐ြယ္အိုမ်ား၊ မသန္စြမ္းမ်ားကိုေစာင့္ၾကည့္ ပါ။ ေရဓာတ္မခ်ိဳ႕တဲ့ေအာင္၊ အပူေလ်ာ့ေအာင္ ျပဳစုေစာင့္ေရွာက္ပါ။

(၈) အဝိုင္းပတ္/ေဘးကာႀကီးေသာ ဦးထုပ္၊ ခေမာက္၊ ထီးစသည္မ်ားေဆာင္းျခင္းျဖင့္ အပူဒဏ္သာမက၊ အနီ ေအာက္ေရာင္ျခည္၊ ခရမ္းလြန္ေရာင္ျခည္ႏွင့္ေနေလာင္ျခင္း (Sun burn) တို႔ကို ကာကြယ္ႏိုင္သည္။ ေလဝင္ ေလထြက္ေကာင္းေသာ ဦးထုပ္ဆိုလၽွင္ ပိုေကာင္းပါ သည္။

(၉) SPF 30 ႏွင့္အထက္ရွိေသာ ေနေရာင္ကာ လိမ္းေဆးကိုလိမ္းပါ။ (SPF=Sun Protection Factor)။

(၁၀) ဆီးကို စစ္ေဆးပါ၊ ဆီးအေရာင္ရင့္ေနလၽွင္ ေရဓာတ္ခ်ိဳ႕တဲ့ျခင္းကိုျပသည္။ ေရလုံေလာက္ေအာင္ ထပ္ေသာက္ျခင္းျဖင့္ ဆီးအေရာင္ေဖ်ာ့ေစသည္။

(၁၁) ကိုယ္အေလးခ်ိန္ ခ်ိန္ထားျခင္းျဖင့္ ေခၽြးထြက္ျခင္းေၾကာင့္ ဆုံး႐ႈံးရေသာေရပမာဏကို တြက္ခ်က္ႏိုင္သည္။

(၁၂) ကဖိန္းႏွင့္ အရက္ပါေသာ အရည္/ေဖ်ာ္ရည္မ်ားကိုလုံး၀မေသာက္ပါႏွင့္။ ယင္းတို႔သည္ ေရဓာတ္ဆုံး႐ႈံးမႈကိုျဖစ္ေစသျဖင့္ အပူဒဏ္ကို ပို၍ဆိုးေစပါသည္။

(၁၃) ဆားေဆးျပားမ်ား (Salt Tablets)ကို ဆရာဝန္မၫႊန္ၾကားဘဲ မေသာက္ပါႏွင့္။ ေရမ်ားမ်ား၊ သစ္သီးေဖ်ာ္ရည္မ်ား၊ ဓာတ္ဆားရည္မ်ားေသာက္ျခင္းသည္သာ အလြယ္ဆုံးႏွင့္ အႏၲရာယ္အကင္းဆုံးျဖစ္ပါသည္။

(၁၄) အလြန္ပူေသာအခ်ိန္တြင္ တခ်ိဳ႕လူမ်ားသည္ ေအးရင္ၿပီးေရာဆိုသည့္ သေဘာႏွင့္ ေရစိုအဝတ္မ်ားဝတ္ျခင္း၊ ေရစိုအခင္းမ်ားခင္း၍ အိပ္ျခင္း၊ ေရစိုအဝတ္မ်ားပတ္ပတ္လည္တြင္ လွန္းျခင္းမ်ား လုပ္ေလ့ရွိၾကသည္။ ဤအျပဳအမူမ်ားသည္ စိုထိုင္းဆ(Humidity)ကို ျမင့္မားေစ၍၊ ေခၽြးထြက္ျခင္း၊ အေငြ႕ပ်ံျခင္းတို႔ကိုေႏွာင့္ယွက္သျဖင့္ လူ႕ခႏၶာကိုယ္၏ သဘာ၀အရ ေအးေအာင္ လုပ္ေသာ ဇီ၀ကမၼျဖစ္စဥ္ ေႏွာင့္ေႏွးျခင္း၊ ရပ္တန္႔ျခင္း၊ ေခၽြးငုပ္ျခင္းကိုျဖစ္ေစသျဖင့္ ခဏတာေအးသည္ဟုထင္ရေသာ္လည္း ေရရွည္တြင္ ကိုယ္အပူခ်ိန္ျမင့္တက္၍အပူေလျဖတ္ကာ အသက္ေသဆုံးသည္အထိ ျဖစ္ႏိုင္၍ေရွာင္ၾကဥ္သင့္ပါသည္။

(၁၅)အလြန္ပူေသာအခ်ိန္တြင္ အရိပ္လည္းရ၊ ေနမရွိန္ေသာေနရာ၊ ေလတိုက္ေသာေနရာ၊ စိုထိုင္းဆနည္းေသာ ေနရာတြင္ ေခၽြးတစိုစိုႏွင့္ၿငိမ္သက္စြာေနမည္ဆိုလၽွင္ ကိုယ္အပူခ်ိန္က်၍ တျဖည္းျဖည္း ေအးႏိုင္ပါသည္။

(၁၆)ေလမတိုက္ပါက ယပ္ေတာင္၊ ပန္ကာ၊ ေလေအးေပးစက္မ်ား သုံးႏိုင္ပါသည္။

(၁၇) ေခၽြးစိုေနေသာ အဝတ္မ်ားကို ေျခာက္ေသြ႕ေသာ အဝတ္မ်ားႏွင့္ လဲေပးသင့္သည္။ စိုစြတ္ေနေသာ အဝတ္မ်ားသည္ ေခၽြးအေငြ႕ပ်ံျခင္းကိုတားဆီးသည္။

သို႔ျဖစ္ပါ၍ ယခုကဲ့သို႔ ပူျပင္းေသာေႏြရာသီတြင္ ျဖစ္ပြားတတ္ေသာ အပူလြန္ေရာဂါမ်ားမွကင္းေဝးေစရန္အတြက္ ေဖာ္ျပပါ ေဆာင္ရန္ေရွာင္ရန္မ်ားကို သတိမူလိုက္နာက်င့္သုံးျခင္းျဖင့္ ပူျပင္းေသာကာလကိုက်န္းက်န္းမာမာ ျဖတ္သန္းႏိုင္ၾကပါေစေၾကာင္း တိုက္တြန္းေရးသားလိုက္ရပါသည္။ ။

ေဒါက္တာ ေဇာ္ထြန္းလင္း (ေဆးပညာမဟာသိပၸံ)

(Unicode)

အပူလွန်ကဲ သတိမြဲဖို့
▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲


ယခုလို နွေရာသီတွင် အပူချိန်ပြင်းထန်ခြင်းကို နှစ်စဉ်ကြုံတွေ့ရတတ်သည်။ ပြင်ပအပူချိန် လွန်ကဲခြင်း ကြောင့် ကျန်းမာရေးထိခိုက်နိုင်သည်ကို လူတိုင်းသတိပြု သင့်သည်။

လူ၏ခန္ဓာကိုယ် ကလာပ်စည်းများသည် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် ကောင်းမွန် သော ဇီဝကမ္မအခြေအနေ (Optimal Physiological Status)ရှိဖို့လိုသည်။ လုံလောက်သော အရည်နှင့် ဓာတ် ဆားမျှခြေ (Fluid and Electrolyte Balance)၊ အချဉ် အခါးမျှခြေ (Acid Base Balance)စသည့် အခြေအနေများ လိုအပ်သည့်အပြင် သင့်တင့်မျှတသော အပူချိန် (Optimal Temperature)ရှိဖို့လည်း အရေးကြီးသည်။

လူ၏ဦးနှောက်ရှိ ဟိုက်ပိုသားလမတ်စ် (Hypothalmus) တွင် ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်သောဗဟို ဌာန (Thermoregulation Center) ရှိသည်။ ထိုနေရာ တွင် အပူချိန်ကိုအာရုံခံနိုင်သော နာ့ဆဲလ်များ (Thermo – sensitive neurons) ရှိ၍ လိုအပ်သောအချိန်တွင် ခန္ဓာကိုယ်အနှံ့အပြားရှိ ချွေးဂလင်းများ (Sweat Glands) ကို ချွေးထွက်စေရန် လှုံ့ဆော်ပေးသည်။ ထို့ပြင် အရေပြားရှိ အပူချိန်လက်ခံ နာ့ဆဲလ်များ (Thermoreceptor neurons)များမှ သတင်းပို့ချက်များကိုလည်း အပူချိန်းထိန်းချုပ် ဗဟိုဌာနက လက်ခံသည်။ ခန္ဓာကိုယ် အပူလွန်ကဲလျှင် အပူဆုံးရှုံးစေသောစနစ် (Heat Loss Mechanism)ဖြင့် ခန္ဓာကိုယ်အပူလျော့စေ၍အအေး လွန်ကဲလျှင် အပူရရှိစေသောစနစ် (Heat Gain Mechanism) ဖြင့် ခန္ဓာကိုယ်ကို ပြန်လည်နွေးထွေးလာ စေသည်။ ဤနည်းဖြင့် ကိုယ်ခန္ဓာအပူချိန်ကို ၉၇ ဒသမ ၅ နှင့် ၉၉ ဒသမ ၅ ဒီဂရီဖာရင်ဟိုက်တွင်ထိန်းထားသည်။

ပြင်ပအပူချိန် (Environmental Temperature) မြင့်တက်လာသောအခါ အရေပြား အာရုံခံနာ့ဆဲလ်များမှ ဦးနှောက်ဗဟိုဌာနသို့ သတင်းပို့သဖြင့် အရေပြားအောက်ရှိသွေးကြောများ ကျယ်လာပြီး ချွေးထွက်ခြင်းကိုဖြစ်စေသည်။ ထွက်လာသောချွေးများ အငွေ့ပျံခြင်း(Evaporation)ဖြင့် အရေပြားအပူချိန်ကို လျော့စေသည်။ အရေပြားရှိ သွေးပြန်ကြောများမှ နှလုံးသို့ရောက်ရှိပြီး ထိုမှတစ်ဆင့် ကိုယ်တွင်းအပူချိန် (Core Temperature) ကျလာသည်။ ချွေးထွက်ခြင်းသည် ပူသောအချိန် ကိုယ်အပူချိန်ကိုကျစေသော အဓိကအကြောင်းရင်းဖြစ်သည်။ ကိုယ်အပူချိန်ကို လျော့စေသော အခြားနည်းများမှာ အပူဖြာထွက်ခြင်း(Radiation)၊ အပူစီးထွက်ခြင်း (Convection)၊ အပူကူးပြောင်းခြင်း (Conduction) တို့ဖြင့်လည်း ခန္ဓာကိုယ်အပူချိန်ကျစေနိုင်သည်။

အပူဖြာထွက်ခြင်းဖြစ်ရန်မှာ လက်ရှိခန္ဓာကိုယ် အပူချိန်ထက်နည်းသောနေရာ(ဥပမာ-အရိပ်ထဲ)တွင် ခန္ဓာကိုယ်မှ အပူများဖြာထွက်ခြင်းဖြစ်သည်။ အပူစီးထွက်ခြင်းဆိုသည်မှာ အရေပြားအပေါ် ကပ်လျက် လေလွှာ သို့မဟုတ် ရေလွှာဖြတ်သန်းသွားသောအခါ ကိုယ်ခန္ဓာမှ အပူများကိုသယ်ဆောင်သွားခြင်းဖြင့် အပူလျော့ရခြင်း ဖြစ်သည်။ အပူကူးပြောင်းခြင်းဆိုသည်မှာ အေးသောလေ သို့မဟုတ် ရေနှင့် တိုက်ရိုက်ထိတွေ့သဖြင့် အပူများ ကူးပြောင်း၍ ကိုယ်ခန္ဓာအပူလျော့ခြင်းဖြစ်သည်။ အေးသောရေနှင့် ထိတွေ့ခြင်းသည် လေအေးနှင့် ထိတွေ့ခြင်း ထက် ၂၅ ဆ ပို၍မြန်မြန်အေးသည်။

အပူလွန်ကဲမှုများကို ခန္ဓာကိုယ်က အထက်ပါနည်းလေးနည်းဖြင့်ထိန်းညှိ၍ ကျန်းမာရေးထိခိုက်မှုမရှိအောင် လုပ်ဆောင်နိုင်စွမ်းရှိပေသည်။ သို့သော်ပြင်ပ အပူချိန် အလွန်အမင်းမြင့်တက်သောအခါတွင် လည်း ကောင်း၊ ခန္ဓာကိုယ်၏ အပူထိန်းသိမ်းသည့်စနစ် အားနည်းသည့်အခါတွင်လည်းကောင်း စိုးရိမ်ရသည့် အခြေအနေများ ဖြစ်ပေါ်လာတတ်ပါသည်။ ယင်းတို့မှာ (၁) အပူလွန် ခြေကုန်လက်ပန်းကျခြင်း (Heat Exhaustion) နှင့် (၂) အပူလေဖြတ်ခြင်း (Heat Stroke) တို့ဖြစ်ပါသည်။

Heat Exhaustion တွင် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ခံတွင်းပျက်ခြင်း၊ နေမကောင်းဟုခံစားရခြင်း၊ ချွေးအဆမတန်ထွက်ခြင်း၊ အရေပြားဖျော့တော့ စေးထိုင်းအေးစက်နေခြင်း၊ လက်မောင်း၊ ခြေထောက်နှင့် ဝမ်းဗိုက်တွင်ကြွက်တက်ခြင်း၊ အသက်ရှူခြင်းနှင့် သွေးခုန်နှုန်းမြန်ခြင်း၊ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်ဒီဂရိတ် သို့မဟုတ် ယင်းနှင့် အထက်တွင်ရှိ ခြင်း၊ ရေအလွန်အမင်းငတ်ခြင်းတို့ဖြစ်သည်။ ထိုလက္ခဏာ များသည် လူကြီးနှင့်ကလေးတွင် တူလေ့ရှိသော်လည်း ကလေးများတွင် အရုပ်ကြိုးပြတ်သကဲ့သို့ ဖြစ်နေပြီး အိပ်ငိုက်နေမည်။ အထက်ပါလက္ခဏာများ ပေါ်လာလျှင် ခန္ဓာ ကိုယ်ကို အမြန်ဆုံးအေးအောင်လုပ်ဖို့ လိုပါသည်။

(၁)အေးသည့်နေရာကို အမြန်ဆုံးရွှေ့ပါ။

(၂) လဲလျောင်းစေ၍ခြေထောက်အနည်းငယ်မြှင့်ထားပါ။

(၃) ရေများများသောက်ပါ။ အခြားရေဖြည့်ပေးသော ဖျော်ရည်များလည်းရပါသည်။

(၄)အရေပြားကိုအေးအောင်လုပ်ပါ၊ ရေအေးဖြင့် ဖျန်းခြင်း၊ ရေပတ်တိုက်ခြင်းများပြုလုပ်ပြီး ပန်ကာလေခံပါ၊ ချိုင်းကြားနှင့် လည်ပင်းတွင် ရေပတ်တိုက်ခြင်းများလည်း အကျိုးရှိပါသည်။ အထက်ပါလုပ်ဆောင်ချက်များကိုလုပ်လျှင် မိနစ် ၃၀ အတွင်းပြန်ကောင်းလေ့ရှိပါသည်။

အကယ်၍မိနစ် ၃၀ ခန့်ကြာသော်လည်း မသက်သာလျှင်၊ ကိုယ်ပူပြီး ခြောက်သွေ့နေလျှင် ကိုယ်ပူသော်လည်း ချွေးမထွက်လျှင်၊ ကိုယ်အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်(၁၀၄ ဒီဂရီဖာရင်ဟိုက်)နှင့် အထက်ဖြစ်လျှင်၊ အရေပြားနီရဲခြောက်သွေ့၍ ပူနေလျှင်၊ အသက်ရှူတို၍ မြန်နေလျှင်၊ ကယောင်ကတမ်းဖြစ်လာလျှင် ဝက်ရူးပြန် သကဲ့သို့တက်လျှင်၊ သတိလစ်မေ့မြောသွားလျှင် အပူလေဖြတ်သည့် လက္ခဏာများဖြစ်သဖြင့် အလွန်စိုးရိမ်ရပါ သည်။ ဆေးအကူအညီ အမြန်ဆုံးရယူခြင်း (ဥပမာဆေးရုံကား ဖုန်းဆက်ခေါ်ခြင်း၊ တောရွာဖြစ်လျှင် ဆေး ဝန်ထမ်း၊ ကျန်းမာရေးဆရာမ၊ သူနာပြု၊ ဆရာဝန်ပင့်ခြင်း၊ ခေါ်ခြင်း)ဆောင်ရွက်၍ ဆေးရုံတင်ရပါမည်။

အပူလေဖြတ်ခြင်းဖြစ်နိုင်ခြေများသောသူများ

(၁) လေအေးပေးစက်၊ ပန်ကာစသည်မရှိသော၊ လေဝင်လေထွက်မကောင်းသော၊ လေကောင်း လေသန့် မရသော အခန်းများတွင်နေရသူများ၊
(၂) ရေလုံလောက်စွာ မသောက်ရသောသူများ၊ နာတာရှည်ရောဂါသည်များ၊ အရက်အလွန် အကျွံသောက်သူများ။

(၃) အပူညွှန်းကိန်း(Heat Index)မြင့်သောနေရာ တွင် နေသူများ။

အပူညွှန်းကိန်းဆိုသည်မှာ ခံစားရသော အပူချိန် နှင့် စိုထိုင်းဆကို အချိုးချတိုင်းတာသော တန်ဖိုး တစ်ခုဖြစ်သည်။ အပူညွှန်းကိန်း ၆၀ ရာခိုင်နှုန်း အထက်ရှိသော နေရာများတွင် ချွေးငုပ်စေသဖြင့် ကိုယ်ခန္ဓာက ကိုယ့်ဘာသာ အေးအောင် မလုပ်နိုင်တော့ပါ။ အပူညွှန်းကိန်း ၉၀ ရာခိုင်နှုန်းအထက်ဆိုလျှင် (အထူးသဖြင့် အပူလှိုင်းဖြတ်သောအခါ) အပူကြောင့်ဖြစ်သော ကျန်းမာရေး ချို့ယွင်းမှု(Heat – Related illness)ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်ပါသည်။ အပူညွှန်းကိန်းကို မိုးလေဝသဌာနမှ အခါအားလျော်စွာ ထုတ်ပြန်၍ အများပြည်သူ သိရှိအောင် ရေဒီယို၊ရုပ်မြင်သံကြားတို့မှ ကြေညာပေးသင့်ပါသည်။

(၄) မြို့ပြနေထိုင်သူများ။

 မြို့ပြတွင် လေထုညစ်ညမ်းမှုနှင့် လေထုစုပုံငြိမ်သက်မှု (Stagnant atmorspheric condition)ကြောင့် အပူစုဝေးမှုအကျိုး (Heat Island Effect) ဖြစ်ပေါ်နေတတ်ခြင်းသည် အပူလွန်ရောဂါများကိုဖြစ်စေသည်။ နေ့ဘက်တွင် ကွန်ကရစ်နှင့်အုတ်များသည် အပူကို စုပ်ယူထားပြီး ညဘက်တွင် အပူပြန်ထုတ်သဖြင့်ညဘက်အပူချိန် မြင့်တက်မှုကိုလည်း ဖြစ်စေသည်။

(၅) အသက်(၄)နှစ်အောက်နှင့် အသက်(၆၅)နှစ်အထက်။

 ကလေးများတွင် အပူထိန်းချုပ်စနစ် ကောင်းစွာမဖွံ့ဖြိုးသေးသဖြင့်လည်းကောင်း၊အသက် (၆၅)နှစ် အထက်တွင် ခန္ဓာကိုယ်အပူထိန်းချုပ်စနစ်ဟောင်းနွမ်း ချို့ယွင်းသောကြောင့် လည်းကောင်း အပူလွန်ရောဂါဖြစ်နှုန်း ပိုမြင့်ပါသည်။

(၆) ကျန်းမာရေးအခြေအနေ။

 နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါရှိသူများ၊ ဝလွန်းခြင်း၊ ပိန်လွန်းခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို၊ စိတ်ရောဂါ၊ ဆစ်ကဲလ်ဆဲလ် သွေးနီဥ ရောဂါ (Sickle cell Triat)၊ အရက်စွဲရောဂါ၊ နေလောင်ခြင်းနှင့် အဖျားရောဂါရှိသူများတွင် လည်း အပူလွန်ရောဂါဖြစ်နိုင်သည်။

(၇) ဆေးဝါးများ။

 ဘာမီတွန်ကဲ့သို့သော ဓာတ်မတည့်ရောဂါ ပျောက်ဆေးများ(Anti Histamines)၊ ပိန်ဆေးများ၊ ဆီးဆေးများ၊ အိပ်ဆေးစိတ်ငြိမ်ဆေးများ၊ စိတ်ကြွဆေးများ၊ ဝက်ရူးပြန်ရောဂါ ကုဆေးများ၊ နှလုံးနှင့် သွေးတိုးရောဂါကုဆေးများ၊ စိတ် ရောဂါကုဆေးများ၊ မူးယစ်ဆေးများ (ကိုကင်းနှင့် မက်အက်ဖီတမင်း) အနက် အချို့သည် အပူလွန်ရောဂါဖြစ်နှုန်းကို မြင့်စေသည်။

(၈) ကိုယ်လက်လှုပ်ရှားမှု။

 အားကစားလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ နေပူထဲလယ်ကွင်းထဲတွင် တောင်သူလယ်သမား များ လုပ်ငန်းလုပ်ခြင်း၊ အလုပ်ကြမ်းသမားများ၊ ထင်းခွေ တောတက်သူများသည် အပူလွန်ကဲမှု ဒဏ်ဖြစ်ရန် အလားအလာများကြသည်။

အပူဒဏ်မှကာကွယ်ခြင်း
ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်၊ ပူပြင်းသောရာသီ/နေ့၊ အပူညွှန်းကိန်းမြင့်သော အချိန်များတွင်

(၁) ရေနှင့်အရည် သစ်သီးဖျော်ရည် များများသောက်ရမည်။ တစ်နေ့လျှင် ရေဖန်ခွက် ရှစ်ခွက် အနည်းဆုံးသောက်သင့်သည်။ ရေအပြင် ဓာတ်ဆားဖျော်ရည်(ဥပမာသီးစုံဓာတ်ဆား၊ ဘီပီအိုင် ဓာတ်ဆားစသည်များ) များပါသောက်သင့်သည်။ အဘယ့်ကြောင့်ဆိုသော် ချွေးထဲတွင်ရေသာမက ဆားဓာတ်များပါ ပါဝင်သဖြင့် ရေသာမကဓာတ်ဆားများပါသောက်ရခြင်းဖြစ် သည်။ အကယ်၍ချွေးထွက်လွန်ခြင်းတွင် ဓာတ်ဆားများ ဆုံးရှုံးသောအခါကြွက်တက်ခြင်းမှသည် နှလုံးရပ်ခြင်းအထိဖြစ်နိုင်သည်။

(၂) ရေချိုးရာတွင် ကိုယ်ခန္ဓာအေးအောင် ချိုးရမည်။အထူးသဖြင့် အပြင်မထွက်မီ ရေကိုအေးအောင်ချိုးထားမှအပူချိန်လွန်ကဲခြင်းကို ကာကွယ်နိုင်မည်။

(၃)ချောင်ချိ၍ပေါ့ပါးသော အရောင်ဖျော့ဖျော့ အဝတ်များကို ဝတ်ရမည်။ အရောင်ရင့်လျှင် အပူကိုစုပ်ယူမှု ပို၍ အထူးသဖြင့် အနက်ရောင်၊ အမည်းရောင်သည် အပူစုပ်ယူမှုအများဆုံးဖြစ်၍ အဖြူရောင်သည် အပူစုပ်ယူမှု အနည်းဆုံးဖြစ်သည်။

(၄) နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း နေအပူရှိန် အမြင့်ဆုံးဖြစ်သဖြင့် ထိုအချိန်ပြင်ပမထွက်တာ အကောင်းဆုံးဖြစ်သည်။

(၅) အရက်အလွန်အကျွံမသောက်ရ၊ အရက်သည် ကယ်လိုရီမြင့်သောအရည်ဖြစ်၍ ကိုယ်ခန္ဓာ အပူချိန်ကို တက်စေသည်။

(၆) လေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှု၊ အလုပ်ကြမ်းများ ပြင်းပြင်းထန်ထန်မလုပ်သင့်၊ ကိုယ်လက်လှုပ်ရှားမှုပြုသောအခါ ကြွက်သားများသည် စွမ်းအင်လိုသည်။စွမ်းအင်ရရှိရန် အောက်စီဂျင်နှင့်အက်ဒီနိုစင်းထရိုင်ဖော့စဖိတ်(ATP) ကို ပေါင်းသည်။ ထိုသို့ပေါင်းစပ်မှုတွင်ဘေးထွက်ပစ္စည်းအနေနှင့် အပူထွက်ပေါ်လာသည်။

(၇)ရောဂါအခံရှိသူများ၊ ကလေးနှင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများကိုစောင့်ကြည့် ပါ။ ရေဓာတ်မချို့တဲ့အောင်၊ အပူလျော့အောင် ပြုစုစောင့်ရှောက်ပါ။

(၈) အဝိုင်းပတ်/ဘေးကာကြီးသော ဦးထုပ်၊ ခမောက်၊ ထီးစသည်များဆောင်းခြင်းဖြင့် အပူဒဏ်သာမက၊ အနီ အောက်ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်နှင့်နေလောင်ခြင်း (Sun burn) တို့ကို ကာကွယ်နိုင်သည်။ လေဝင် လေထွက်ကောင်းသော ဦးထုပ်ဆိုလျှင် ပိုကောင်းပါ သည်။

(၉) SPF 30 နှင့်အထက်ရှိသော နေရောင်ကာ လိမ်းဆေးကိုလိမ်းပါ။ (SPF=Sun Protection Factor)။

(၁၀) ဆီးကို စစ်ဆေးပါ၊ ဆီးအရောင်ရင့်နေလျှင် ရေဓာတ်ချို့တဲ့ခြင်းကိုပြသည်။ ရေလုံလောက်အောင် ထပ်သောက်ခြင်းဖြင့် ဆီးအရောင်ဖျော့စေသည်။

(၁၁) ကိုယ်အလေးချိန် ချိန်ထားခြင်းဖြင့် ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးရသောရေပမာဏကို တွက်ချက်နိုင်သည်။

(၁၂) ကဖိန်းနှင့် အရက်ပါသော အရည်/ဖျော်ရည်များကိုလုံးဝမသောက်ပါနှင့်။ ယင်းတို့သည် ရေဓာတ်ဆုံးရှုံးမှုကိုဖြစ်စေသဖြင့် အပူဒဏ်ကို ပို၍ဆိုးစေပါသည်။

(၁၃) ဆားဆေးပြားများ (Salt Tablets)ကို ဆရာဝန်မညွှန်ကြားဘဲ မသောက်ပါနှင့်။ ရေများများ၊ သစ်သီးဖျော်ရည်များ၊ ဓာတ်ဆားရည်များသောက်ခြင်းသည်သာ အလွယ်ဆုံးနှင့် အန္တရာယ်အကင်းဆုံးဖြစ်ပါသည်။

(၁၄) အလွန်ပူသောအချိန်တွင် တချို့လူများသည် အေးရင်ပြီးရောဆိုသည့် သဘောနှင့် ရေစိုအဝတ်များဝတ်ခြင်း၊ ရေစိုအခင်းများခင်း၍ အိပ်ခြင်း၊ ရေစိုအဝတ်များပတ်ပတ်လည်တွင် လှန်းခြင်းများ လုပ်လေ့ရှိကြသည်။ ဤအပြုအမူများသည် စိုထိုင်းဆ(Humidity)ကို မြင့်မားစေ၍၊ ချွေးထွက်ခြင်း၊ အငွေ့ပျံခြင်းတို့ကိုနှောင့်ယှက်သဖြင့် လူ့ခန္ဓာကိုယ်၏ သဘာဝအရ အေးအောင် လုပ်သော ဇီဝကမ္မဖြစ်စဉ် နှောင့်နှေးခြင်း၊ ရပ်တန့်ခြင်း၊ ချွေးငုပ်ခြင်းကိုဖြစ်စေသဖြင့် ခဏတာအေးသည်ဟုထင်ရသော်လည်း ရေရှည်တွင် ကိုယ်အပူချိန်မြင့်တက်၍အပူလေဖြတ်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်၍ရှောင်ကြဉ်သင့်ပါသည်။

(၁၅)အလွန်ပူသောအချိန်တွင် အရိပ်လည်းရ၊ နေမရှိန်သောနေရာ၊ လေတိုက်သောနေရာ၊ စိုထိုင်းဆနည်းသော နေရာတွင် ချွေးတစိုစိုနှင့်ငြိမ်သက်စွာနေမည်ဆိုလျှင် ကိုယ်အပူချိန်ကျ၍ တဖြည်းဖြည်း အေးနိုင်ပါသည်။

(၁၆)လေမတိုက်ပါက ယပ်တောင်၊ ပန်ကာ၊ လေအေးပေးစက်များ သုံးနိုင်ပါသည်။

(၁၇) ချွေးစိုနေသော အဝတ်များကို ခြောက်သွေ့သော အဝတ်များနှင့် လဲပေးသင့်သည်။ စိုစွတ်နေသော အဝတ်များသည် ချွေးအငွေ့ပျံခြင်းကိုတားဆီးသည်။

သို့ဖြစ်ပါ၍ ယခုကဲ့သို့ ပူပြင်းသောနွေရာသီတွင် ဖြစ်ပွားတတ်သော အပူလွန်ရောဂါများမှကင်းဝေးစေရန်အတွက် ဖော်ပြပါ ဆောင်ရန်ရှောင်ရန်များကို သတိမူလိုက်နာကျင့်သုံးခြင်းဖြင့် ပူပြင်းသောကာလကိုကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

ဒေါက်တာ ဇော်ထွန်းလင်း (ဆေးပညာမဟာသိပ္ပံ)

No comments: