Monday, April 27, 2020

Hitachi အိမ္သံုးလ်ွပ္စစ္ပစၥည္းေလးေတြကတစ္ဆင့္

(Zawgyi)


ေရခဲေသတၱာေရြးခ်ယ္ဝယ္ယူရန္အေကာင္းဆုံးနည္းလမ္းမ်ား ☜ 

 ေရခဲေသတၱာဝယ္ယူတဲ့အခါမွာ အဆင္ေျပသလိုဝယ္ယူတာမ်ိဳးထက္ ေသခ်ာမွန္မွန္ကန္ကန္ေရြးခ်ယ္ဝယ္ယူတတ္ျခင္းက ပိုမိုေကာင္းမြန္ၿပီးေရရွည္အဆင္ေျပနိုင္ပါတယ္ ☻
ဒါေၾကာင့္ ေရခဲေသတၱာေရြးခ်ယ္ဝယ္ယူရန္ အေကာင္းဆုံးနည္းလမ္းေလးေတြကို ေဝမၽွေပးလိုက္ပါတယ္ ✍

✨   ထည့္သိမ္းထားနိုင္တဲ့ပမာဏ

အိမ္မွာရွိတဲ့ မိသားစုဝင္အေရအတြက္၊ ေဈးဝယ္ထြက္တဲ့အ‌ႀကိမ္အေရအတြက္ေပၚမူတည္ၿပီး မွန္ကန္တဲ့အရြယ္အစားကို ေရြးခ်ယ္နိုင္ပါတယ္ ✔

တြက္နည္း ➪ မိသားစုဝင္အေရအတြက္ x 70 လီတာ၊ မရွိမျဖစ္ထားတဲ့ပစၥည္းပမာဏ(100 မွ 150 လီတာ) + ရွိသင့္တဲ့ေနရာလြတ္ပမာဏ (70 လီတာခန႔္)
ဥပမာ မိသားစုဝင္ႏွစ္ေယာက္ရွိပါက   2x70လီတာ + 100မွ150လီတာ + 70လီတာ = 360လီတာ
မိသားစုဝင္ငါးေယာက္ရွိပါက    5×70လီတာ + 100မွ150လီတာ + 70လီတာ = 570လီတာ စတဲ့တြက္နည္းအတိုင္းတြက္လို့ရပါတယ္ ✔

✨   အတိုင္းအတာ

ကိုယ္ထားခ်င္တဲ့ေရခဲေသတၱာေနရာကို တိုင္းတာေပးရမွာျဖစ္ပါတယ္။ တိုင္းသည့္အခါမွာ တံခါးဖြင့္သည့္အက်ယ္၊ ေဘးထြက္သည့္ေနရာ၊ ေလဝင္ေလထြက္အတြက္ ေဘးႏွစ္ဖက္ကို (၅)စင္တီမီတာနဲ႔ အေပၚနဲ႔အေနာက္ဖက္ျခမ္းကို( ၁၀)စင္တီမီတာေနရာလြတ္ထားေပးရမွာျဖစ္ပါတယ္ ✔

✨   သန႔္ရွင္းလတ္ဆတ္မွု

အပူခ်ိန္၊ေလနဲ႔စိုထိုင္းမွုေတြက အစားအစာတာရွည္ခံဖို့နဲ႔ သန႔္ရွင္းလတ္ဆတ္ဖို့ အေရးႀကီးဆုံးအခ်က္ေတြပဲျဖစ္ပါတယ္။ ေရခဲေသတၱာအတြင္း ေလလုံတဲ့စနစ္ကိုဖြဲ႕စည္းထားေပးျခင္းက အစိုဓာတ္ကိုထိန္းသိမ္းေပးျခင္း၊ ေရဓာတ္ခမ္းေျခာက္ျခင္းကို ကာကြယ္ေပးျခင္းနဲ႔ ေရခဲေသတၱာအတြင္း သိုေလွာင္ထားတဲ့အစားအေသာက္ေတြကို တာရွည္ခံေအာင္လုပ္ေပးျခင္းစတဲ့ ေဆာင္ရြက္ခ်က္ေတြကိုလုပ္ေဆာင္ေပးပါတယ္ ✔

(၂) အခုတခါမွာေတာ့ ‌ေရခဲေသတၱာအသုံးျပဳေနသူေတြအတြက္ ေရခဲေသတၱာကို လြယ္လြယ္ကူကူသန႔္ရွင္းေရးလုပ္နည္းအေၾကာင္းေလးတင္ျပေပးသြားမွာျဖစ္ပါတယ္။


မည္သည့္ပစၥည္းကိုမဆို စနစ္တက်အသုံးျပဳေပးသင့္သလို ပုံမွန္သန႔္ရွင္း‌ေရးလည္းလုပ္ေပးမွသာ ပစၥည္းရဲ႕လုပ္ေဆာင္ခ်က္ေတြက က်ဆင္းမသြားပဲ ၾကာရွည္အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။

ဒါေၾကာင့္ ေရခဲေသတၱာကို ဘယ္လိုသန႔္ရွင္းေရးလုပ္ရမလဲဆိုတာ လြယ္ကူရွင္းလင္းစြာေျပာျပေပးသြားမွာျဖစ္ပါတယ္။ ေရခဲေသတၱာကို သန႔္ရွင္းေရးလုပ္ေတာ့မယ္ဆိုရင္ ပထမဦးဆုံးလုပ္ရမွာကေတာ့

1. အျပင္ဖက္မ်က္ႏွာျပင္ကို စတင္သန႔္ရွင္းပါ
သန႔္ရွင္းႏူးညံ့တဲ့အဝတ္ကိုယူၿပီး ေရခဲေသတၱာအျပင္ဖက္မ်က္ႏွာျပင္ကိုအရင္ပြတ္တိုက္သန႔္ရွင္းေပးပါ။ ေရခဲေသတၱာမ်က္ႏွာျပင္မွာ ပြန္းရာျခစ္ရာေတြထင္ႏိုင္တာမို႔ တိုက္တဲ့အခါမွာ ႏူးညံ့တဲ့အရာေတြနဲ႔သာ ပြတ္တိုက္ေပးပါ။ ဖယ္ရွားသန႔္ရွင္းဖို႔သိပ္မလြယ္တဲ့ဖုန္အညစ္အေၾကးေတြကပ္မိေနပါက ေရမ်ားမ်ားနဲ႔ သို႔မဟုတ္ PHသန႔္စင္ဆပ္ျပာရည္ေတြကို အသုံးျပဳႏိုင္ပါတယ္။

2. လႊင့္ပစ္လိုက္ပါ
ရက္လြန္သြားတဲ့ အစားအေသာက္ေတြနဲ႔ မစားသုံးသင့္ေတာ့တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို စိတ္သန႔္သန႔္နဲ႔သာ လႊင့္ပစ္လိုက္ပါ။ မလိုအပ္တဲ့အရာေတြကို လႊင့္ပစ္လိုက္တာက ေနာက္ထပ္ ဝယ္လာတဲ့ ပစၥည္းအသစ္ေတြအတြက္ ေနရာပိုရသြားႏိုင္ပါတယ္။

3. အတြင္းဖက္ကိုျပင္ဆင္ပါ
ေရခဲေသတၱာထဲမွာ ယာယီသိမ္းဆည္းထားခ်င္တဲ့အစားအစာေတြကို အေအးဓာတ္ေပးထားလို႔ရပါတယ္။ သန႔္ရွင္းေရးလုပ္တဲ့အခါမွာလည္း ပလပ္ျဖဳတ္ထားေပးျခင္းျဖင့္ စြမ္းအင္ကိုေခြၽတာႏိုင္ပါတယ္။

4. သန႔္ရွင္းေရးလုပ္ေပးပါ
တံခါးလိုင္နာ၊ သစ္သီးထည့္တဲ့အံဆြဲေတြနဲ႔ ၾကက္ဉေတြတင္တဲ့ စင္ေတြကို သန႔္ရွင္း‌ေရးလုပ္တဲ့အခါ
ႏူးညံ့တဲ့အဝတ္ကိုေရ‌ေႏြး(ေႏြး႐ုံေလာက္သာ) ျဖင့္ဆြတ္ၿပီးအသုံးျပဳေပးပါ။ ျဖဳတ္တပ္လို႔ရတဲ့ တံခါးေဘာင္၊ စင္၊တန္းေတြကို ေလေအးနဲ႔အေျခာက္ခံေပးႏိုင္ပါတယ္။
❗ေၾကးခြၽတ္ေဆးရည္ေတြကို အသုံးျပဳလို႔မရပါ။

5. ေနရာတက်ျပန္လည္စီစဥ္ပါ
ပစၥည္းသက္တမ္းေပၚမူတည္ၿပီး စီေပးပါ။ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို ‌ေရခဲေသတၱာရဲ႕ အေႏြးဆုံးအပိုင္းျဖစ္တဲ့ အတြင္းဖက္တံခါးေဘာင္က စင္ေတြေပၚမွာ ထည့္ထားႏိုင္ပါတယ္။

(၃) ဒီေန႔မွာေတာ့ အဝတ္ေလၽွာ္စက္မ်ားကို ဘယ္လိုသန႔္ရွင္းေရးလုပ္ရလည္းဆိုတာ ေျပာျပေပးသြားပါမယ္ေနာ္


◾Auto Self Clean ပါဝင္ေသာ Hitachi အဝတ္ေလၽွာ္စက္မ်ား

Auto Self Clean ပါတဲ့ အဝတ္ေလၽွာ္စက္ေလးေတြ က အဝတ္ေလၽွာ္ေနတဲ့ အခ်ိန္အတြင္းမွာ ေရပိုက္မွက်လာတဲ့ေရသန႔္နဲ႔ အဝတ္ေလၽွာ္ကန္ရဲ့ အျပင္ဘက္မွ အညစ္အေၾကးေတြကို အဝတ္ေဆး(Rinse) ၿပီးတဲ့အခ်ိန္မွာ သန႔္ရွင္းေပးပါတယ္ရွင္ ။
ဒီခလုတ္ေလးကို ကန္သန႔္ရွင္းသြားေအာင္ အဝတ္ေလၽွာ္တဲ့အခါတိုင္းဖြင့္ထားေပးရပါမယ္ေနာ္ 💁

◾Auto Self Clean မပါေသာ Hitachi အဝတ္ေလၽွာ္စက္မ်ား (သို့မဟုတ္) အျခားေသာပုံမွန္ အဝတ္ေလၽွာ္စက္မ်ား

Auto Self Clean မပါတဲ့ အဝတ္ေလၽွာ္စက္ေတြမွာဆိုရင္ေတာ့ Tab Clean function ကို အဝတ္ေလၽွာ္ကန္ သန႔္ရွင္းေရးအတြက္ 2 လကေန 3 လၾကားတစ္ခါ ကန္ေဆးရည္ေလးနဲ႔ ပုံမွန္ေလးအသုံးျပဳေပးရပါတယ္ေနာ္ ။
မွို ၊ ပိုးမႊားေတြ ကင္းစင္သြားေအာင္ 150 ကေန 180 မိနစ္အထိ (ပရိုဂရမ္ထည့္သြင္းၿပီးသား ) လည္ပတ္ေပးရင္ ရပါၿပီရွင္ 💁

ဒါဆိုရင္ေတာ့ ဒီေန႔ေျပာျပေပးသြားတဲ့ နည္းေလးအတိုင္း လုပ္ၾကည့္ရင္း ကိုယ့္အိမ္မွာရွိတဲ့ အဝတ္ေလၽွာ္စက္ေတြကို cleaning လုပ္ၾကမယ္ေနာ္ 😄

မည္သည့္Microwave ကိုမဆို လြယ္လြယ္ကူကူေပါ့ေပါ့ပါးပါး သန႔္ရွင္းနည္းအေၾကာင္းေလးတင္ျပေပးလိုက္ပါတယ္ရွင့္။  စားၿပီးသား လိေမၼာ္ခြံေတြက အမွိုက္ပစ္ဖို့သက္သက္မဟုတ္ပဲ ဘယ္ေလာက္အသုံးဝင္တယ္ဆိုတာသိၿပီးၾကၿပီလားရွင့္။ လူႀကီးမင္းတို့အိမ္ေတြမွာ Microwave ကိုအသုံးျပဳေနပါက ခုေျပာျပမယ့္နည္းလမ္းေလးေတြကအသုံးဝင္မွာအေသအခ်ာပါပဲေနာ္။


မိုက္ခရိုေဝ့လၽွပ္စစ္မီးဖိုကို သန႔္ရွင္းေရးလုပ္ေတာ့မယ္ဆိုရင္
1. ပထမဦးဆုံး လိေမၼာ္သီးေလးေတြကို အခြံခြာပါ။
2. ၿပီးရင္ လိေမၼာ္သီးခြံကို ‌‌ေရအနည္းငယ္နဲ႔အတူ မိုက္ခရိုေဝ့ေပၚ ညင္သာစြာ ပြတ္တိုက္ေပးပါ။
3. စကၠန႔္၆၀ခန႔္အပူေပးပါ။
4. လိေမၼာ္သီးခြံေတြကိုဖယ္ရွားလိုက္ပါ။ ၿပီးရင္ အဝတ္သန႔္သန႔္နဲ႔သုတ္ေပးပါ။ ဒါဆိုရင္ေတာ့ သန႔္ရွင္းေတာက္ေျပာင္ေနတဲ့ Microwave ေလးျဖစ္သြားပါၿပီေနာ္။
အားလုံးပဲ ခုေျပာျပေပးလိုက္တဲ့အခ်က္ေတြအတိုင္း နည္းစနာယူၿပီးအသုံးျပဳရတာအဆင္ေျပပါေစရွင့္။ဒါ့အျပင္ ကၽြန္မတို့ Hitachi မွာလည္း  Microwave ေတြကို ေစ်းႏွုန္းအသင့္တင့္နဲ႔ ဝယ္ယူနိုင္ပါ¬ေၾကာင္းသတင္းေကာင္းပါးလိုက္ပါတယ္ရွင္။
#Hitachi
#Microwave_Cleaning_Tips

မိတ္ေဆြတို့အတြက္ မလိုအပ္ပဲေရမ်ားကိုအသုံးျပဳမိတာမ်ိဳးမျဖစ္ရေလေအာင္ မွတ္ရလြယ္ကူတဲ့ အခ်က္ေလး(5)ခ်က္နဲ႔ ေျပာျပေပးသြားပါမယ္ေနာ္ 👇


1. အဝတ္ေလၽွာ္စက္ကတဆင့္ မလိုအပ္ပဲေရမဆုံးရွုံးေအာင္ထိန္းသိမ္းၾကမယ္ ✨

အဝတ္ေလၽွာ္တဲ့ အခါမွာ အဝတ္နည္းနည္းေလးပဲရွိတဲ့အခ်ိန္ေလၽွာ္တာထက္ အဝတ္မ်ားတဲ့အခ်ိန္မွာတစ္ခါတည္းေလၽွာ္တာက ေရကိုပိုၿပီးေခၽြတာျဖစ္တယ္ဆိုတာသိၿပီးၾကၿပီလား ?
အဝတ္ေလၽွာ္စက္နဲ႔ အဝတ္အထည္ေတြေလၽွာ္တဲ့အခါမွာ ထည့္ရတဲ့ေရပမာဏက ကြာျခားမွုအမ်ားႀကီးမရွိတာေၾကာင့္ အဝတ္အထည္နဲနဲေလးနဲ႔ ေရကိုထပ္ခါထပ္ခါ ထည့္ၿပီးအသုံးျပဳေနတာထက္ အဝတ္အထည္ကိုမ်ားမ်ားစုထားၿပီး ေလၽွာ္ေပးရင္ မလိုလားအပ္ပဲေရေတြကို မသုံးမိေတာ့ တစ္ဖက္တစ္လမ္းကေနလည္းေရကိုေခၽြတာရာေရာက္တာေပါ့ေနာ္ ။

2. အဝတ္ေလၽွာ္စက္ေရြးခ်ယ္ရင္းနဲ႔လည္း မလိုအပ္ပဲေရမဆုံးရွုံးေအာင္ထိန္းသိမ္းၾကမယ္ ✨

အဝတ္ေလၽွာ္စက္ေတြမွာ အဝတ္ထည့္တဲ့ေနရာေလးေတြရွိၾကတယ္ေနာ္ လြယ္လြယ္ေျပာရရင္ေတာ့ အဝတ္ထည့္တံခါးေပါက္ေလးေပါ့ေနာ္ ။ အာ့လိုတံခါးေပါက္ေလးေတြက အဝတ္ေလၽွာ္စက္ရဲ့ အေပၚပိုင္းမွာပါတဲ့စက္(top loading washer)ေတြရွိသလို အေရွ႕ဘက္မ်က္ႏွာစာမွာလည္းပါတဲ့စက္(front loading washer)ေတြလည္းရွိပါတယ္။
ဒီလို အမ်ိဳးအစားႏွစ္ခုမွာ ႏွစ္ခုလုံးေကာင္းမြန္ေပမယ့္ front loading washer ေလးေတြကပိုၿပီးေရေခၽြတာေပးနိုင္ပါတယ္ေနာ္ ။ အေၾကာင္းအရင္းေလးကေတာ့ American media website တစ္ခုျဖစ္တဲ့ CNET မွ top loading စက္ေလးက ေရ67L သုံးစြဲရၿပီး front loading စက္ေလးကေတာ့ေရ 32L သာအသုံးျပဳနိုင္ေၾကာင္းကို စမ္းသပ္ျပသခဲ့လို့ပဲျဖစ္ပါတယ္ရွင္ ။ ဒါ့ေၾကာင့္ မလိုလားအပ္ပဲ ေရအသုံးမ်ားမွုကိုေလ်ာ့ခ်ရာမွာလည္း အဝတ္ေလၽွာ္စက္ကို ေရြးခ်ယ္ရင္းေလၽွာ့ခ်နိုင္ပါတယ္ရွင္ ။

3. ကိုယ့္အိမ္ထဲမွာျဖစ္ေပၚနိုင္တဲ့ ေရယိုေပါက္ေတြကို စစ္ေဆးရင္း မလိုအပ္ပဲ ေရမဆုံးရွုံးေအာင္ထိန္းသိမ္းၾကမယ္ ✨

အိမ္တိုင္းအိမ္တိုင္းမွာ ေရစက္ေလးေတြတစ္စက္တစ္စက္နဲ႔ ေရယိုေနတဲ့ေနရာေတြ ေရစိမ့္ထြက္ေနတဲ့ေနရာေတြရွိေနတတ္တာ သတိထားမိၾကမွာေပါ့ေနာ္ ။ အာ့လိုေရယိုစိမ့္မွုေတြကအမ်ားအားျဖင့္ ဘုံဘိုင္ေခါင္းနဲ႔သန႔္စင္ခန္းေတြမွာအျဖစ္မ်ားတတ္ၾကပါတယ္ ။ အာ့လိုျဖစ္လာတာနဲ႔အမၽွအိမ္တစ္အိမ္မွာတစ္ေန႔ကို 800L ေလာက္ေရဆုံးရွုံးမွုေတြျဖစ္ေပၚနိုင္ပါတယ္ ။ ဒါေၾကာင့္ မလိုလားအပ္ပဲေရေတြကိုမျဖဳန္းတီးမိေစဖို့ ေရယိုေပါက္ေတြ ေရစိမ့္ေပါက္ေတြကို စစ္ေဆးရင္းေခၽြတာၾကမယ္ေနာ္ ။

4. အပင္ေလးေတြအတြက္အသုံးျပဳရင္း မလိုအပ္ပဲ ေရမဆုံးရွုံးေအာင္ထိန္းသိမ္းၾကမယ္ ✨

အိမ္ေထာင္ရွင္မေလးေတြအေနနဲ႔ အသီးအႏွံေတြကိုေဆးေၾကာတဲ့အခ်ိန္မွာ ေဘစင္ ဒါမွမဟုတ္ ဇလုံ စတာမ်ိဳးကို အသီးအႏွံေတြေအာက္မွာ ခံထားရင္း ေရကိုေခၽြတာနိုင္တယ္ဆိုတာသိၿပီးၾကၿပီလား ?
လတ္ဆတ္တဲ့အသီးအႏွံေတြကို အသာအယာပြတ္ၿပီး ေဆးေၾကာတဲ့ အခါမွာ တစ္မိနစ္ကိုေရ 10L အထိအသုံးျပဳနိုင္ပါတယ္ ။ ဒီေနရာမွာဘယ္လိုေခၽြတာနိုင္လဲဆိုေတာ့ ေဆးေနတဲ့အသီးေတြကိုဇလုံနဲ႔ခံထားၿပီး အသီးေဆးၿပီးရရွိလာတဲ့ေရေတြကို ကိုယ့္အိမ္မွာစိုက္ထားတဲ့ အပင္ေလးေတြကိုေရေလာင္းေပးတဲ့ ေနရာမွာျပန္လည္အသုံးျပဳနိုင္ပါတယ္ရွင္ ။ အသီးေတြေဆးရာမွာ ဇလုံနဲ႔ေရကိုမခံထားဘူးဆိုရင္ေတာ့ တစ္မိနစ္ကို ေရ10Lဆုံးရွုံးေစနိုင္ပါတယ္ ။ အာ့လိုဇလုံေလးေတြခံၿပီးေရကိုျပန္လည္အသုံးျပဳေပးျခင္းက အပင္ေလးေတြအတြက္လည္း ေကာင္းမြန္သလို ေရကိုလည္းတစ္ဖက္တစ္လမ္းကေနေခၽြတာရာေရာက္တာေပါ့ေနာ္ ။

5. ေရေခၽြတာနိုင္တဲ့အဆင့္ျမင့္သတ္မွတ္ခ်က္ေတြပါရွိတဲ့ အဝတ္ေလၽွာ္စက္မ်ားကိုအသုံးျပဳရင္း မလိုအပ္ပဲ ေရမဆုံးရွုံးေအာင္ထိန္းသိမ္းၾကမယ္ ✨

 အဆင့္ျမင့္သတ္မွတ္ခ်က္ 3-ticks နဲ႔ 4-ticks ရဲ့ကြာဟခ်က္ဟာဆိုရင္ အဝတ္ေလၽွာ္စက္ေတြမွာ အဝတ္တစ္ခါေလၽွာ္ၿပီးတိုင္း ပုံမွန္ထက္ေရသုံးစြဲမွု 3L ပိုမိုသက္သာတာေၾကာင့္ မလိုအပ္ပဲေရဆုံးရွုံးေနမွုေတြအတြက္ ထိန္းသိမ္းရာလည္းေရာက္ပါတယ္ရွင္ ။

ခုsharingလုပ္ေပးခဲ့တဲ့အတိုင္းလုပ္မယ္ဆိုရင္ေတာ့ မလိုအပ္ပဲေရကိုမဆုံးရွုံးေအာင္ လြယ္လြယ္ကူကူထိန္းသိမ္းနိုင္ပါၿပီေနာ္ 😄

ေအာက္ပါ link ထဲသို့ဝင္ေရာက္ၿပီး Hitachi Products မ်ားကို အေသးစိတ္ေလ့လာနိုင္ပါတယ္ရွင္ 👇🏻

https://www.homeappliances.hitachi.com/mm/mm/index.html

#Hitachi

(Unicode)

☞ ရေခဲသေတ္တာရွေးချယ်ဝယ်ယူရန်အကောင်းဆုံးနည်းလမ်းများ ☜ 


 ရေခဲသေတ္တာဝယ်ယူတဲ့အခါမှာ အဆင်ပြေသလိုဝယ်ယူတာမျိုးထက် သေချာမှန်မှန်ကန်ကန်ရွေးချယ်ဝယ်ယူတတ်ခြင်းက ပိုမိုကောင်းမွန်ပြီးရေရှည်အဆင်ပြေနိုင်ပါတယ် ☻
ဒါကြောင့် ရေခဲသေတ္တာရွေးချယ်ဝယ်ယူရန် အကောင်းဆုံးနည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ် ✍

✨   ထည့်သိမ်းထားနိုင်တဲ့ပမာဏ

အိမ်မှာရှိတဲ့ မိသားစုဝင်အရေအတွက်၊ ဈေးဝယ်ထွက်တဲ့အ‌ကြိမ်အရေအတွက်ပေါ်မူတည်ပြီး မှန်ကန်တဲ့အရွယ်အစားကို ရွေးချယ်နိုင်ပါတယ် ✔

တွက်နည်း ➪ မိသားစုဝင်အရေအတွက် x 70 လီတာ၊ မရှိမဖြစ်ထားတဲ့ပစ္စည်းပမာဏ(100 မှ 150 လီတာ) + ရှိသင့်တဲ့နေရာလွတ်ပမာဏ (70 လီတာခန့်)
ဥပမာ မိသားစုဝင်နှစ်ယောက်ရှိပါက   2x70လီတာ + 100မှ150လီတာ + 70လီတာ = 360လီတာ
မိသားစုဝင်ငါးယောက်ရှိပါက    5×70လီတာ + 100မှ150လီတာ + 70လီတာ = 570လီတာ စတဲ့တွက်နည်းအတိုင်းတွက်လို့ရပါတယ် ✔

✨   အတိုင်းအတာ

ကိုယ်ထားချင်တဲ့ရေခဲသေတ္တာနေရာကို တိုင်းတာပေးရမှာဖြစ်ပါတယ်။ တိုင်းသည့်အခါမှာ တံခါးဖွင့်သည့်အကျယ်၊ ဘေးထွက်သည့်နေရာ၊ လေဝင်လေထွက်အတွက် ဘေးနှစ်ဖက်ကို (၅)စင်တီမီတာနဲ့ အပေါ်နဲ့အနောက်ဖက်ခြမ်းကို( ၁၀)စင်တီမီတာနေရာလွတ်ထားပေးရမှာဖြစ်ပါတယ် ✔

✨   သန့်ရှင်းလတ်ဆတ်မှု

အပူချိန်၊လေနဲ့စိုထိုင်းမှုတွေက အစားအစာတာရှည်ခံဖို့နဲ့ သန့်ရှင်းလတ်ဆတ်ဖို့ အရေးကြီးဆုံးအချက်တွေပဲဖြစ်ပါတယ်။ ရေခဲသေတ္တာအတွင်း လေလုံတဲ့စနစ်ကိုဖွဲ့စည်းထားပေးခြင်းက အစိုဓာတ်ကိုထိန်းသိမ်းပေးခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးခြင်းနဲ့ ရေခဲသေတ္တာအတွင်း သိုလှောင်ထားတဲ့အစားအသောက်တွေကို တာရှည်ခံအောင်လုပ်ပေးခြင်းစတဲ့ ဆောင်ရွက်ချက်တွေကိုလုပ်ဆောင်ပေးပါတယ် ✔

(၂) အခုတခါမှာတော့ ‌ရေခဲသေတ္တာအသုံးပြုနေသူတွေအတွက် ရေခဲသေတ္တာကို လွယ်လွယ်ကူကူသန့်ရှင်းရေးလုပ်နည်းအကြောင်းလေးတင်ပြပေးသွားမှာဖြစ်ပါတယ်။

မည်သည့်ပစ္စည်းကိုမဆို စနစ်တကျအသုံးပြုပေးသင့်သလို ပုံမှန်သန့်ရှင်း‌ရေးလည်းလုပ်ပေးမှသာ ပစ္စည်းရဲ့လုပ်ဆောင်ချက်တွေက ကျဆင်းမသွားပဲ ကြာရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ရေခဲသေတ္တာကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုတာ လွယ်ကူရှင်းလင်းစွာပြောပြပေးသွားမှာဖြစ်ပါတယ်။ ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် ပထမဦးဆုံးလုပ်ရမှာကတော့


1. အပြင်ဖက်မျက်နှာပြင်ကို စတင်သန့်ရှင်းပါ
သန့်ရှင်းနူးညံ့တဲ့အဝတ်ကိုယူပြီး ရေခဲသေတ္တာအပြင်ဖက်မျက်နှာပြင်ကိုအရင်ပွတ်တိုက်သန့်ရှင်းပေးပါ။ ရေခဲသေတ္တာမျက်နှာပြင်မှာ ပွန်းရာခြစ်ရာတွေထင်နိုင်တာမို့ တိုက်တဲ့အခါမှာ နူးညံ့တဲ့အရာတွေနဲ့သာ ပွတ်တိုက်ပေးပါ။ ဖယ်ရှားသန့်ရှင်းဖို့သိပ်မလွယ်တဲ့ဖုန်အညစ်အကြေးတွေကပ်မိနေပါက ရေများများနဲ့ သို့မဟုတ် PHသန့်စင်ဆပ်ပြာရည်တွေကို အသုံးပြုနိုင်ပါတယ်။

2. လွှင့်ပစ်လိုက်ပါ
ရက်လွန်သွားတဲ့ အစားအသောက်တွေနဲ့ မစားသုံးသင့်တော့တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စိတ်သန့်သန့်နဲ့သာ လွှင့်ပစ်လိုက်ပါ။ မလိုအပ်တဲ့အရာတွေကို လွှင့်ပစ်လိုက်တာက နောက်ထပ် ဝယ်လာတဲ့ ပစ္စည်းအသစ်တွေအတွက် နေရာပိုရသွားနိုင်ပါတယ်။

3. အတွင်းဖက်ကိုပြင်ဆင်ပါ
ရေခဲသေတ္တာထဲမှာ ယာယီသိမ်းဆည်းထားချင်တဲ့အစားအစာတွေကို အအေးဓာတ်ပေးထားလို့ရပါတယ်။ သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း ပလပ်ဖြုတ်ထားပေးခြင်းဖြင့် စွမ်းအင်ကိုချွေတာနိုင်ပါတယ်။

4. သန့်ရှင်းရေးလုပ်ပေးပါ
တံခါးလိုင်နာ၊ သစ်သီးထည့်တဲ့အံဆွဲတွေနဲ့ ကြက်ဉတွေတင်တဲ့ စင်တွေကို သန့်ရှင်း‌ရေးလုပ်တဲ့အခါ
နူးညံ့တဲ့အဝတ်ကိုရေ‌နွေး(နွေးရုံလောက်သာ) ဖြင့်ဆွတ်ပြီးအသုံးပြုပေးပါ။ ဖြုတ်တပ်လို့ရတဲ့ တံခါးဘောင်၊ စင်၊တန်းတွေကို လေအေးနဲ့အခြောက်ခံပေးနိုင်ပါတယ်။
❗ကြေးချွတ်ဆေးရည်တွေကို အသုံးပြုလို့မရပါ။

5. နေရာတကျပြန်လည်စီစဉ်ပါ
ပစ္စည်းသက်တမ်းပေါ်မူတည်ပြီး စီပေးပါ။ ဟင်းခတ်အမွှေးအကြိုင်တွေကို ‌ရေခဲသေတ္တာရဲ့ အနွေးဆုံးအပိုင်းဖြစ်တဲ့ အတွင်းဖက်တံခါးဘောင်က စင်တွေပေါ်မှာ ထည့်ထားနိုင်ပါတယ်။

(၃) ဒီနေ့မှာတော့ အဝတ်လျှော်စက်များကို ဘယ်လိုသန့်ရှင်းရေးလုပ်ရလည်းဆိုတာ ပြောပြပေးသွားပါမယ်နော်


◾Auto Self Clean ပါဝင်သော Hitachi အဝတ်လျှော်စက်များ

Auto Self Clean ပါတဲ့ အဝတ်လျှော်စက်လေးတွေ က အဝတ်လျှော်နေတဲ့ အချိန်အတွင်းမှာ ရေပိုက်မှကျလာတဲ့ရေသန့်နဲ့ အဝတ်လျှော်ကန်ရဲ့ အပြင်ဘက်မှ အညစ်အကြေးတွေကို အဝတ်ဆေး(Rinse) ပြီးတဲ့အချိန်မှာ သန့်ရှင်းပေးပါတယ်ရှင် ။
ဒီခလုတ်လေးကို ကန်သန့်ရှင်းသွားအောင် အဝတ်လျှော်တဲ့အခါတိုင်းဖွင့်ထားပေးရပါမယ်နော် 💁

◾Auto Self Clean မပါသော Hitachi အဝတ်လျှော်စက်များ (သို့မဟုတ်) အခြားသောပုံမှန် အဝတ်လျှော်စက်များ

Auto Self Clean မပါတဲ့ အဝတ်လျှော်စက်တွေမှာဆိုရင်တော့ Tab Clean function ကို အဝတ်လျှော်ကန် သန့်ရှင်းရေးအတွက် 2 လကနေ 3 လကြားတစ်ခါ ကန်ဆေးရည်လေးနဲ့ ပုံမှန်လေးအသုံးပြုပေးရပါတယ်နော် ။
မှို ၊ ပိုးမွှားတွေ ကင်းစင်သွားအောင် 150 ကနေ 180 မိနစ်အထိ (ပရိုဂရမ်ထည့်သွင်းပြီးသား ) လည်ပတ်ပေးရင် ရပါပြီရှင် 💁

ဒါဆိုရင်တော့ ဒီနေ့ပြောပြပေးသွားတဲ့ နည်းလေးအတိုင်း လုပ်ကြည့်ရင်း ကိုယ့်အိမ်မှာရှိတဲ့ အဝတ်လျှော်စက်တွေကို cleaning လုပ်ကြမယ်နော် 😄


မည်သည့်Microwave ကိုမဆို လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါး သန့်ရှင်းနည်းအကြောင်းလေးတင်ပြပေးလိုက်ပါတယ်ရှင့်။  စားပြီးသား လိမ္မော်ခွံတွေက အမှိုက်ပစ်ဖို့သက်သက်မဟုတ်ပဲ ဘယ်လောက်အသုံးဝင်တယ်ဆိုတာသိပြီးကြပြီလားရှင့်။ လူကြီးမင်းတို့အိမ်တွေမှာ Microwave ကိုအသုံးပြုနေပါက ခုပြောပြမယ့်နည်းလမ်းလေးတွေကအသုံးဝင်မှာအသေအချာပါပဲနော်။

မိုက်ခရိုဝေ့လျှပ်စစ်မီးဖိုကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင်
1. ပထမဦးဆုံး လိမ္မော်သီးလေးတွေကို အခွံခွာပါ။
2. ပြီးရင် လိမ္မော်သီးခွံကို ‌‌ရေအနည်းငယ်နဲ့အတူ မိုက်ခရိုဝေ့ပေါ် ညင်သာစွာ ပွတ်တိုက်ပေးပါ။
3. စက္ကန့်၆ဝခန့်အပူပေးပါ။
4. လိမ္မော်သီးခွံတွေကိုဖယ်ရှားလိုက်ပါ။ ပြီးရင် အဝတ်သန့်သန့်နဲ့သုတ်ပေးပါ။ ဒါဆိုရင်တော့ သန့်ရှင်းတောက်ပြောင်နေတဲ့ Microwave လေးဖြစ်သွားပါပြီနော်။
အားလုံးပဲ ခုပြောပြပေးလိုက်တဲ့အချက်တွေအတိုင်း နည်းစနာယူပြီးအသုံးပြုရတာအဆင်ပြေပါစေရှင့်။ဒါ့အပြင် ကျွန်မတို့ Hitachi မှာလည်း  Microwave တွေကို စျေးနှုန်းအသင့်တင့်နဲ့ ဝယ်ယူနိုင်ပါ¬ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်ရှင်။
#Hitachi
#Microwave_Cleaning_Tips

မိတ်ဆွေတို့အတွက် မလိုအပ်ပဲရေများကိုအသုံးပြုမိတာမျိုးမဖြစ်ရလေအောင် မှတ်ရလွယ်ကူတဲ့ အချက်လေး(5)ချက်နဲ့ ပြောပြပေးသွားပါမယ်နော် 👇

1. အဝတ်လျှော်စက်ကတဆင့် မလိုအပ်ပဲရေမဆုံးရှုံးအောင်ထိန်းသိမ်းကြမယ် ✨

အဝတ်လျှော်တဲ့ အခါမှာ အဝတ်နည်းနည်းလေးပဲရှိတဲ့အချိန်လျှော်တာထက် အဝတ်များတဲ့အချိန်မှာတစ်ခါတည်းလျှော်တာက ရေကိုပိုပြီးချွေတာဖြစ်တယ်ဆိုတာသိပြီးကြပြီလား ?
အဝတ်လျှော်စက်နဲ့ အဝတ်အထည်တွေလျှော်တဲ့အခါမှာ ထည့်ရတဲ့ရေပမာဏက ကွာခြားမှုအများကြီးမရှိတာကြောင့် အဝတ်အထည်နဲနဲလေးနဲ့ ရေကိုထပ်ခါထပ်ခါ ထည့်ပြီးအသုံးပြုနေတာထက် အဝတ်အထည်ကိုများများစုထားပြီး လျှော်ပေးရင် မလိုလားအပ်ပဲရေတွေကို မသုံးမိတော့ တစ်ဖက်တစ်လမ်းကနေလည်းရေကိုချွေတာရာရောက်တာပေါ့နော် ။

2. အဝတ်လျှော်စက်ရွေးချယ်ရင်းနဲ့လည်း မလိုအပ်ပဲရေမဆုံးရှုံးအောင်ထိန်းသိမ်းကြမယ် ✨

အဝတ်လျှော်စက်တွေမှာ အဝတ်ထည့်တဲ့နေရာလေးတွေရှိကြတယ်နော် လွယ်လွယ်ပြောရရင်တော့ အဝတ်ထည့်တံခါးပေါက်လေးပေါ့နော် ။ အာ့လိုတံခါးပေါက်လေးတွေက အဝတ်လျှော်စက်ရဲ့ အပေါ်ပိုင်းမှာပါတဲ့စက်(top loading washer)တွေရှိသလို အရှေ့ဘက်မျက်နှာစာမှာလည်းပါတဲ့စက်(front loading washer)တွေလည်းရှိပါတယ်။
ဒီလို အမျိုးအစားနှစ်ခုမှာ နှစ်ခုလုံးကောင်းမွန်ပေမယ့် front loading washer လေးတွေကပိုပြီးရေချွေတာပေးနိုင်ပါတယ်နော် ။ အကြောင်းအရင်းလေးကတော့ American media website တစ်ခုဖြစ်တဲ့ CNET မှ top loading စက်လေးက ရေ67L သုံးစွဲရပြီး front loading စက်လေးကတော့ရေ 32L သာအသုံးပြုနိုင်ကြောင်းကို စမ်းသပ်ပြသခဲ့လို့ပဲဖြစ်ပါတယ်ရှင် ။ ဒါ့ကြောင့် မလိုလားအပ်ပဲ ရေအသုံးများမှုကိုလျော့ချရာမှာလည်း အဝတ်လျှော်စက်ကို ရွေးချယ်ရင်းလျှော့ချနိုင်ပါတယ်ရှင် ။

3. ကိုယ့်အိမ်ထဲမှာဖြစ်ပေါ်နိုင်တဲ့ ရေယိုပေါက်တွေကို စစ်ဆေးရင်း မလိုအပ်ပဲ ရေမဆုံးရှုံးအောင်ထိန်းသိမ်းကြမယ် ✨

အိမ်တိုင်းအိမ်တိုင်းမှာ ရေစက်လေးတွေတစ်စက်တစ်စက်နဲ့ ရေယိုနေတဲ့နေရာတွေ ရေစိမ့်ထွက်နေတဲ့နေရာတွေရှိနေတတ်တာ သတိထားမိကြမှာပေါ့နော် ။ အာ့လိုရေယိုစိမ့်မှုတွေကအများအားဖြင့် ဘုံဘိုင်ခေါင်းနဲ့သန့်စင်ခန်းတွေမှာအဖြစ်များတတ်ကြပါတယ် ။ အာ့လိုဖြစ်လာတာနဲ့အမျှအိမ်တစ်အိမ်မှာတစ်နေ့ကို 800L လောက်ရေဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်ပါတယ် ။ ဒါကြောင့် မလိုလားအပ်ပဲရေတွေကိုမဖြုန်းတီးမိစေဖို့ ရေယိုပေါက်တွေ ရေစိမ့်ပေါက်တွေကို စစ်ဆေးရင်းချွေတာကြမယ်နော် ။

4. အပင်လေးတွေအတွက်အသုံးပြုရင်း မလိုအပ်ပဲ ရေမဆုံးရှုံးအောင်ထိန်းသိမ်းကြမယ် ✨

အိမ်ထောင်ရှင်မလေးတွေအနေနဲ့ အသီးအနှံတွေကိုဆေးကြောတဲ့အချိန်မှာ ဘေစင် ဒါမှမဟုတ် ဇလုံ စတာမျိုးကို အသီးအနှံတွေအောက်မှာ ခံထားရင်း ရေကိုချွေတာနိုင်တယ်ဆိုတာသိပြီးကြပြီလား ?
လတ်ဆတ်တဲ့အသီးအနှံတွေကို အသာအယာပွတ်ပြီး ဆေးကြောတဲ့ အခါမှာ တစ်မိနစ်ကိုရေ 10L အထိအသုံးပြုနိုင်ပါတယ် ။ ဒီနေရာမှာဘယ်လိုချွေတာနိုင်လဲဆိုတော့ ဆေးနေတဲ့အသီးတွေကိုဇလုံနဲ့ခံထားပြီး အသီးဆေးပြီးရရှိလာတဲ့ရေတွေကို ကိုယ့်အိမ်မှာစိုက်ထားတဲ့ အပင်လေးတွေကိုရေလောင်းပေးတဲ့ နေရာမှာပြန်လည်အသုံးပြုနိုင်ပါတယ်ရှင် ။ အသီးတွေဆေးရာမှာ ဇလုံနဲ့ရေကိုမခံထားဘူးဆိုရင်တော့ တစ်မိနစ်ကို ရေ10Lဆုံးရှုံးစေနိုင်ပါတယ် ။ အာ့လိုဇလုံလေးတွေခံပြီးရေကိုပြန်လည်အသုံးပြုပေးခြင်းက အပင်လေးတွေအတွက်လည်း ကောင်းမွန်သလို ရေကိုလည်းတစ်ဖက်တစ်လမ်းကနေချွေတာရာရောက်တာပေါ့နော် ။

5. ရေချွေတာနိုင်တဲ့အဆင့်မြင့်သတ်မှတ်ချက်တွေပါရှိတဲ့ အဝတ်လျှော်စက်များကိုအသုံးပြုရင်း မလိုအပ်ပဲ ရေမဆုံးရှုံးအောင်ထိန်းသိမ်းကြမယ် ✨

 အဆင့်မြင့်သတ်မှတ်ချက် 3-ticks နဲ့ 4-ticks ရဲ့ကွာဟချက်ဟာဆိုရင် အဝတ်လျှော်စက်တွေမှာ အဝတ်တစ်ခါလျှော်ပြီးတိုင်း ပုံမှန်ထက်ရေသုံးစွဲမှု 3L ပိုမိုသက်သာတာကြောင့် မလိုအပ်ပဲရေဆုံးရှုံးနေမှုတွေအတွက် ထိန်းသိမ်းရာလည်းရောက်ပါတယ်ရှင် ။

ခုsharingလုပ်ပေးခဲ့တဲ့အတိုင်းလုပ်မယ်ဆိုရင်တော့ မလိုအပ်ပဲရေကိုမဆုံးရှုံးအောင် လွယ်လွယ်ကူကူထိန်းသိမ်းနိုင်ပါပြီနော် 😄

အောက်ပါ link ထဲသို့ဝင်ရောက်ပြီး Hitachi Products များကို အသေးစိတ်လေ့လာနိုင်ပါတယ်ရှင် 👇🏻

https://www.homeappliances.hitachi.com/mm/mm/index.html

#Hitachi

No comments: